အခန်း ၂။ အိုက်ယိုး ငါ့ရဲ့ သနားဖို့ကောင်းတဲ့မြေးလေး။
ဒီရုတ်တရက်ဆန်တဲ့စာသားကြောင့် ပတ်လည်က ရပ်နေတဲ့လူတွေအားလုံး ကြောင်ကုန်ကြတော့သည်။
လီရှက အရင် အသိဝင်လာကာ ဘွားဘွားကြီးက သရဲနဲ့တွေ့လိုက်ရလို့ စိတ်လွတ်သွားပြီလို့ ခံစားမိလိုက်ရသည်။
ဒေါက်တာက ခနလောက်နေမှ အသိဝင်လာပြီး ချက်ချင်းပင်။ “ဘွားဘွားကြီးက အဆင်ပြေပါတယ် ဘာပြဿနာမှမရှိပါဘူး ရက်အနည်းငယ်လောက်နားလိုက်ရင်သက်သာသွားမှာပါ”
ဒေါက်တာက ဘွားဘွားကြီးရဲ့ဒေါသကို သိတာမို့ ကြာကြာမနေရဲဘဲ ပြောသင့်တာ ပြောပြီးတာနဲ့ ထွက်သွားတော့သည်။
စာကြောင်းတစ်ကြောင်းလောက် အော်ရတာကို နင်မုန့် တစ်ကိုယ်လုံး အားမရှိတော့သလိုပင်။
အားကုန်သွားပြီမို့ မျက်လုံးပြန်မှေးကာ အိပ်ရာပေါ် ကျောပြန်မှီလိုက်သည်။ ခေါင်းဆန့်ကာ ထိုကောင်မလေးနှစ်ယောက်က ဘယ်လိုပုံစံလဲဆိုတာ သေချာကြည့်လိုက်သည်။
လီရှက ခေါင်းအုံးတစ်လုံးယူပြီး သူ့ကို နည်းနည်းလောက် ထိုင်လို့ရအောင် နောက်မှာထားပေးလိုက်သည်။
ဆေးရုံကုတင်မှာ ထိုင်ရတာ ပျင်းတုန်းက အွန်လိုင်းက ဟာသဗီဒီယိုတွေကို ကြည့်ရတာ သဘောကျသည်။ လှပတဲ့ သူနာပြုညီအစ်မတွေက သူ့ကို ဂရုစိုက်ပေးပြီးတော့ သူမကို စာအုပ်တွေဖတ်ဖို့လည်း ခေါ်သွားပေးသလို ဝတ္ထုတွေကောပါသည်။
သူမ မကူးပြောင်းလာခင် နောက်ဆုံးဖတ်လာတဲ့ ဝတ္ထုကဆို မော်ဒန်ဝတ္ထုတစ်ခုဖြစ်ပြီး ချမ်းသာတဲ့မိသားစုက တာဘိုကို ဝယ်ပြီး အင်တာနက်ကို ရှာတွေ့ခဲ့တဲ့အကြောင်းပင်။ ဒါပေမဲ့ ဝတ္တုနာမည်က ကျင်းကျန်းရဲ့အဆင့်နဲ့ မကိုက်ညီပေမဲ့ သူမက သိချင်လာလို့ဖတ်ခဲ့သည်။
အခုကျ သူမ ဒီဝတ္ထုထဲ ရောက်လာခဲ့သည်။
ဖုန်းရွှေသဘာဝလွန် ဝတ္ထုနာမည်က ‘ချမ်းသာတဲ့ သရဲသခင်လေး’ တဲ့
ကျင်းကျန်း ဝက်ဆိုဒ်က တခြားဝက်ဆိုဒ်တွေနဲ့မတူပင်။ သူတို့မှာက အမျိုးသမီးဇာတ်ဆောင်တွေက စီအီးအိုနဲ့ ကိုယ်ဝန်ရှိလို့ထွက်ပြေးသွားတဲ့ အချစ်ဝတ္ထုတွေနည်းတာမို့ နင်မုန့်က ဖတ်ရတာ ကြိုက်လေသည်။
အဲဒီ ‘ချမ်းသာတဲ့ သရဲသခင်လေး’ ဆိုတဲ့ ဝတ္ထုက ဘာလို့နာမည်ကြီးလဲဆို ကောင်းမွန်တဲ့ အမျိုးသားဇာတ်ဆောင် ကာရိုက်တာက ရှားပြီးတော့ အမျိုးအစားကလည်း ပုံမှန်အတိုင်းမဟုတ်တဲ့ ဖုန်းရွှေသဘာဝလွန် အမျိုးအစားမို့ပင်။
“ဒီစာရေးဆရာအရေးအသားက တအားကောင်းတာပဲ ဘာလို့ ငါ ဒီလို ဝတ္ထုမျိုးမရေးနိုင်ရတာလဲ”
“အမျိုးသားဇာတ်ဆောင်က တက်ကြွပြီး လူယဥ်ကျေးလေး…. အဲဒါက အရမ်းမရက်စက်လွန်းဘူးလား”
သူမ အစပိုင်းဖတ်တုန်းက ဝတ္ထုက အခန်းဆက် ထုတ်ဝေနေဆဲပင်။ စာရေးဆရာကတောင် ဖြူစင်တဲ့အမျိုးသမီးဇာတ်ဆောင် ကြာပန်းဖြူလေး ပါမယ်လို့ ပြောထားသေးသည် ဒါပေမဲ့ ရက်စက်တဲ့ အမျိုးသားဇာတ်ဆောင် ရှီချီကသာလျှင် စာဖတ်သူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ဒီနှစ်တွေမှာ ဒီလို ရက်စက်ပြီး ကြောက်ဖို့ကောင်းတဲ့ အမျိုးသားဇာတ်ဆောင်ဆိုတာ တအားကို တွေ့ရခဲသည်။ ပြီးတော့ သိပ်တောင်မကြာဘဲ ရွှေရောင်အဆင့်လောက်ထိ ထိုးတက်ကုန်တာကြီး အထူးသဖြင့် ဗီအိုင်ပီ အပိုင်းတွေကပေါ့
ဝတ္ထုအောက်က မှတ်ချက်တွေကလည်း အကုန် အကောင်းမြင် မှတ်ချက်တွေဖြစ်ပြီး စာဖတ်သူတွေက အမျိုးသားဇာတ်ဆောင်ကို ချစ်ကြောင်းတွေပြောပြထားကြလေသည်။
ရှီမိသားစု ဝတ္ထုက ပေကျင်းက နှစ်တစ်ရာလောက် သက်တမ်းရှိပြီဖြစ်တဲ့ နာမည်ကြီး မိသားစုပင်။ မြင့်မြတ်တဲ့ဖုန်းရွှေ မိသားစု လို့လည်း နာမည်ကြီးသည်။
နောက်ဆုံးရာစုနှစ် အစပိုင်းထိ မိသားစုက တည်ရှိခဲ့သလို သူတို့ ပင်မအိမ်ကိုလည်း အဲချိန်က စဆောက်နေပြီပင်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ဖရိုဖရဲအခြေအနေ ဖြစ်ပေါ်လာတော့ရှီမိသားစုရဲ့ ပါဝါရှိတဲ့သူတွေက မုန်တိုင်းဒဏ်ကို ကြံကြံခံပြီး မှန်ကန်တဲ့လူတွေဘက်မှာရပ်တည်ခဲ့သည်။
စင်ဒရဲလားလို ပုံပြင်မျိုးက ယုံဖို့ခက်ခဲပေမဲ့ ဒီအမျိုးသမီးကြီးကတော့ စံပြဥပမာပင်။
ဒီအမျိုးသမီးကြီးက သာမန် ငါးဖမ်းအမျိုးသမီးပင်။ စစ်ပွဲအတွင်းမှာ သူက သူမအမေနဲ့ အခွဲခံရပြီးတော့ ရှီမိသားစုထဲကလူနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့သည်။ နောက်ပိုင်း သူမက ချမ်းသာတဲ့မိသားစုထဲ လက်ထပ်နိုင်ခဲ့ရုံတင် မဟုတ်ဘူး။ သူမ ခင်ပွန်းက မယားငယ်တောင် မထားခဲ့ပေ။
တကယ့်ကို ထူးဆန်းလေသည်။
နင်မုန့် ဒါကို စဖတ်တုန်းက သူမအားကျခဲ့သည်။
ရှီမိသားစုထဲ လက်ထပ်ပြီးတော့ အဘွားအိုက ကလေးလေးယောက်ကိုတောင် မွေးပေးခဲ့သည်။ ပြီးတော့ အကုန်လုံးက သားတွေချည်းပင်။ ရှီမိသားစုက ယောက္ခမက အဲချိန်က သားတွေကို သမီးမိန်းကလေးထက်တောင် ပိုပြီး တန်းဖိုးထားတာမို့ သားတွေအများကြီး မွေးပေးတဲ့အတွက် သူမကို ရတနာလို ဆက်ဆံခဲ့ပြီး အကောင်းမွန်ဆုံးအရာတွေကို ပေးခဲ့သည်။
ဒါပေမဲ့နောင်တ ရစရာ ကိစ္စဆိုတာတော့ အမြဲရှိနေလေသည်။ ဒုတိယသားက မွေးပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့သည်။ ဒီဖြစ်ရပ်က အဘွားအိုကို တော်တော်ကြာ ဝမ်းနည်းစေပြီး ပြန်ကောင်းဖို့ ၇နှစ်လောက် အချိန်ယူခဲ့ရသည်။ နောက်ပိုင်း သားနှစ်ယောက် ထပ်ရောက်လာတော့မှ အဆင်ပြေခဲ့လေသည်။
ဒါပေမဲ့ ကျန်တဲ့သားတွေ ကြီးပြင်းလာတော့ ပြဿနာတွေ စရောက်လာတော့သည်။ တတိယသားက တိုင်းတပါးက နွယ်ခြား ပြည့်တန်ဆာမိန်းကလေးတစ်ယောက် အတွက်နဲ့ မိသားစုနဲ့ အဆက်အသွယ် ဖြတ်သွားခဲ့သလိုဘယ်တော့မှလည်းပြန်မလာခဲ့ဘဲ သူ့ဆီကလည်း ဘာသတင်းမှ မကြားရတော့ပေ။
၈နှစ်ကြာတော့ ရှီမိသားစုရှေ့ကို မျက်လုံးအစိမ်းရောင်နဲ့ ကောင်လေးတစ်ယောက် ရောက်လာခဲ့သည်။ သူက ရှီမိသားစုက ကလေးဆိုတာ အတည်ပြုပြီးတော့ အကျိုးဆက်ကတော့ ရှီမိသားစု သစ်ပင်မှာ ရှီချီ ရဲ့နာမည်ကို ရေးသားလိုက်တော့သည်။
ပြီးတော့ ဒီလူက အမျိုးသားဇာတ်ဆောင်ပင်။
အပေါ်က ဝတ္ထုရဲ့ နောက်ခံသက်သက်ပင်။ ‘ချမ်းသာတဲ့သရဲသခင်လေး’က ရှီချီ ရှီမိသားစုကို ပြန်လာပြီး ၁၅ နှစ်ကြာမှသာ စတင်ခဲ့လေသည်။
၁၅ နှစ်အတွင်းမှာ ရှီမိသားစု တစ်ခုလုံးက ရှီချီလက်ထဲ ကျဆင်းခဲ့သည်။ ဘယ်သူကမှ သူ့စကားကို ဆန့်ကျင်ပြီး မသွားရဲတဲ့ထိပင်။
လူတိုင်း သူ့နည်းလမ်းတွေက ရက်စက်တယ်ဆိုတာကို သိကြသည်။
တည်ငြိမ်တယ် သွေးတစ်စက်တောင်မကျဘဲ လူသတ်နိုင်ပြီးတော့ သူ့လက်ထဲမှာပဲ သရဲတွေထောင်ချီ တိုက်ထုတ်ခဲ့သည်။
–ပြီးတော့ နင်မုန့်ရဲ့လက်ရှိ အနေအထားက ရှီချီ အဘွားအနေနဲ့ပင်။
ရှီချီက သူ့အမေဆီက လှပမှုတွေကို အမွေရထားသည်။
မျက်နှာသွင်ပြင်တွေက အစိတ်အပိုင်းတိုင်းက လက်ရာမြောက်လောက်အောင် လှပသည်။ သူ့ရဲ့ အစိမ်းရောင်မျက်လုံးတွေက သူ့ရဲ့ဆံပင်အနက်ရောင်နဲ့ ပေါင်းစပ်လိုက်တော့ သစ်တောထဲက ထွက်လာတဲ့ ဝိညာဥ်တစ်ကောင်လိုပင်။
ပြီးတော့ အဲသွင်ပြင်ကလည်း အတိအကျကို အဘွားအို သဘောမကျစေတဲ့အချက်ပင်။
အစက အဘွားအို ရှီချီကို မမြင်ခင်က သူမ သားငယ်ရဲ့ကလေးမို့လို့ သူမကိုယ်တိုင်ပျိုးထောင်ပေးမယ်လို့ တွေးထားပေမဲ့ ဒီကလေးကို မြင်လိုက်ချိန်မှာတော့ သူမ ချက်ချင်း စိတ်ပြောင်းသွားခဲ့သည်။
ရှီချီက သူ့အဖေရဲ့ သွင်ပြင်ကို နည်းနည်းလေးမှ နည်းနည်းလေးသာ အမွေရထားသည်။ ဆိုတော့ အစကနေ အဆုံးထိ အဘွားအိုက အမြဲတမ်း သူမသားကို လုယူသွားတဲ့ နိုင်ငံခြားအမျိုးသမီးကိုပဲ ပြန်မြင်ယောင်နေတော့သည်။ သူမသား သေဆုံးတာကိုတောင် မမြင်ခဲ့ရသလို ဒီမြေးလေးဆီကနေ ဘာကိုမှ မေးမြန်းလို့မရခဲ့ပေ။
ရှီမိသားစုက မြင့်မြတ်တဲ့ဖုန်းရွှေမိသားစု ဖြစ်ရတဲ့အကြောင်းအရင်းကသူတို့ရဲ့ အမွေဆက်ခံသူတိုင်း ယင်ယန်မျက်လုံးတွေ ပိုင်ဆိုင်တာမို့ပင်။
ဖုန်းရွှေကို လေ့လာရသလောက် ယင်ယန်မျက်လုံး ပိုင်ဆိုင်တယ်ဆိုတာ တောင်ပံပေါက်နေတဲ့ကျားလိုပင်။
ရှီချီ စရောက်ခါစက ဒီယင်ယန်မျက်လုံးတွေ မရှိသေးတာမို့ လူတွေကသူ့ကို ရှီမိသားစုဝင်အဖြစ် မယုံကြည်ကြပေမဲ့ စစ်ဆေးချက်ရလဒ်အရ သူက ရှီမိသားစု ကလေးဆိုတာ သေချာသည်။
ရှီမိသားစုဝင်တွေက သူ့ကို အဖတ်မလုပ်တာမို့ ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရတဲ့ တခြားမြေးနှစ်ယောက်နဲ့ မြေးမတစ်ယောက်က တစ်ထပ်အိမ်ကလေးကို မကြာခဏ လာတတ်ပြီး သူ့ကို အနိုင်ကျင့် ရိုက်နှက်တတ်ကြသည်။
အဘွားအိုကလည်း သတိမထားမိခဲ့ သူ့ကိုမြင်ရင်လည်း အဘွားအိုက မနှစ်မြို့သလို အမူအရာ လုပ်တတ်သည်။ အစေခံတွေကလည်း သူ့ကို အဲဒါကြောင့် သိပ်ဂရုမစိုက်ကြတော့ပေ။ ရှုထောင့်မျိုးစုံကနေ သူက လျစ်လျုရှုခံခဲ့ရသည်။
အကြိမ်ရေများလာတော့ ရှီချီ စိတ်ထဲ ခက်ထန်လာတော့သည်။
ရှီချီ ပင်မအိမ်ကို ပြန်သွားတာမို့ တအားတော့ အချိန်မကြာခဲ့ချေ။
အဲကစပြီး သူ့ရင်ထဲမှာ အဘွားပေါ်ရှိနေတဲ့ အမြင်က မကောင်းဆိုးဝါးအဘွားပင်။ ကံဆိုးချင်တော့ သူ ရှီမိသားစုကို အပိုင်မရသေးခင်မှာပဲ အဘွားအိုက ကွယ်လွန်သွားခဲ့သည်။
သူမ အတွက်တော့ ရှီချီက သူမကို တစ်ခါလေးတောင် ‘အဘွား’လို့မခေါ်ခဲ့ပင်။
ဝတ္ထုထဲမှာ စာရေးဆရာက ရိုးရှင်းတဲ့ စကားလုံးတွေကိုသာ သုံးပြီး အဘွားအို သူမမြေးကို တခြားမြေးနှစ်ယောက်နဲ့မြေးမ အနိုင်ကျင့် ခွင့်ပြုထားတာကို ဖော်ပြထားလေသည်။
နင်မုန့် စဖတ်တုန်းက တအားဒေါသထွက်ခဲ့ရသည်။
အခုကျ သူမ ကိုယ်တိုင် အဘွားအိုဖြစ်လာတော့ အခြေအနေက လုံးဝကို မတူတော့ချေ။
အဘွားအိုက ဒီတစ်ခါ ကိုမာဝင်သွားတာက ဘာလို့လဲဆိုတော့ သူမ အကြီးဆုံးသားနဲ့ ရှီချီနဲ့ ပက်သက်ပြီး ရန်ဖြစ်ကြလို့ဖြစ်သည်။ ဒါပေမဲ့ သူမ မထင်ထားတာက သူမ ဒေါသထွက်နေချိန် အပြန်လမ်းမှာ သရဲတစ်ကောင်နဲ့ တွေ့ပြီး လန့်သွားကာ သူမဝိညာဥ်က နောက်ပိုင်း ကောင်းကင်ဘုံကို ရောက်သွားရမယ် ဆိုလေသည်။
လက်ရှိ ရှီချီကိုရဖို့ ကြိုးစားနေတဲ့အဘွားအိုက တစ်ထပ်အိမ်ကလေးမှာပဲ နေနေသည်။
အစက သူမကိုယ်က အိမ်မှာပဲ နေရမှာပင်။ ဒီတစ်ခါ တအားဒေါသထွက်သွားသလို သတင်းတွေ အကြာကြီး မကြားခဲ့ရတဲ့ သူမသား ကွယ်လွန်သွားပြီ ဆိုတာကလည်း သူမ တစ်ခါတည်းနဲ့ လက်ခံလိုက်ဖို့ရာ ခက်ခဲလွန်းသည်။ ဆိုတော့ စိတ်ပိုင်းဆိုင်ရာကော ကိုယ်ပါ ထိခိုက်သွားပြီး နလန်ထူဖို့ ကြာသွားလေသည်။
အဲတုန်းက သူမ တတိယသား အကြောင်းကြားပြီး စိတ်တိုခဲ့ပေမဲ့ နောက်ပိုင်း သတင်းမကြားရတော့ သူမ နောင်တတွေရခဲ့သည်။ ဒါပေမဲ့ သူမ ခေါင်းမာစွာနဲ့ ဘာမှထုတ်မပြောခဲ့ အခု သူမ သားသေသွားပြီး မြေးလေးတစ်ယောက်သာထားခဲ့တော့ သူ့မြေးလေးကို ရှီမိသားစုမှာနေစေချင်ခဲ့သည်။
အဘွားအိုရဲ့ နောက်ဆုံးမှတ်ဉာဏ်က ရှီချီ ၁၇ နှစ်မှာ ရပ်တန့်သွားလေသည်။
ဘာလို့လဲဆိုတော့ သူက ရှီချီကို ၁၇ နှစ်လို့ မှတ်ယူခဲ့လို့ပင်။
နင်မုန့်က အခု သူမ ကိုယ်ကို ယူထားတော့ သူမ တအားလွန်သရုပ်ဆောင်လို့ မရဘူးဆိုတာ သိသည်။ ဘာလို့လဲဆိုတော့ တစ်ခုခုမှားသွားရင် သူမဓာတ်ခွဲခန်းထဲ အပို့ခံလိုက်ရမှာဖြစ်သည်။
ရှီချီကို တအားကြင်ကြင်နာနာဆက်ဆံရင် နောင်ကျ သူ သူမကို ဘာမှမလုပ်လောက်ဘူးမလား။
ပြီးတော့ ဝတ္ထုဖော်ပြချက်အရဆို သူမက ထိုအချိန်ကို ကျော်နိုင်မှာလည်း မဟုတ်ဘူးလေ။
ဆိုတော့ သူမ ခုထိ ပျော်လို့ရသေးသည်။ ဘာမှမဖြစ်ပျက်သေးခင် သူမ ရောက်လာတာမို့ ဇာတ်လမ်းလားရာကို သူမ ပြောင်းလဲလို့ရသည်။
တွေးကြည့်ပြီးတော့ နင်မုန့် စိတ်အေးသွားတော့သည်။
ပြီးတော့ ရှီမိသားစုက မိသားစုကြီးဖြစ်သည်။ ပြီးတော့ ကျန်တဲ့သားနှစ်ယောက်ကလည်း အဘွားအိုဖြစ်ချင်သလို လုပ်ပေးမဲ့သူတွေမို့ ကလေးတွေကို ကိုင်တွယ်ရတာ ခက်ခဲမည်ဟုမထင်ပေ။
ပြောတော့မှ သူမ ၁၇ နှစ်ထိ မှတ်မိနေအောင်လို့ သူ့ကို ၁၇ လို့ပဲ ဆက်ခေါ်နေရမည်။ အနည်းဆုံး သူတို့ကြား အကွာအဝေးကို နီးကပ်စေတာပေါ့။
စနစ်အသံက ပေါ်ထွက်လာကာ “ဘာလို့လဲဆိုတော့ မင်းရဲ့အိမ်က သရဲတစ္ဆေတွေ ဝင်လာလို့မရအောင် လုပ်ထားလို့ပဲ မင်း ဒီမှာပဲနေလို့ ရမယ်”
တကယ်လည်း ဒါက အကြောင်းအရင်းတစ်ခုပင်။ တခြားအကြောင်းအရင်းကတော့ ရှီချီရဲ့ ဖျက်ဆီးမှုအောက်မှာ အချိန်နဲ့နေရာက အမြန်ပြိုကွဲသွားမှာပဲ အခြေအနေတွေလည်း ပြောင်းလဲသွားမှာ ဖြစ်သည်။
နင်မုန့် အရေးကြီးတဲ့အချက်ကို မေ့တော့မလို့ဖြစ်သွားသည်။
ဒါက ဖုန်းရွှေကော သဘာဝလွန် အမျိုးအစားပါ ပါတဲ့ ဝတ္ထုဖြစ်သည်။
ဖုန်းရွှေအကြောင်းတော့ သူမ သိပ်မသိပေမဲ့ သဘာဝလွန်ကိုတော့ ရင်းနှီးသည်။
‘ချမ်းသာတဲ့ သရဲသခင်လေး’ ဆိုတဲ့ ဝတ္ထုက ရှီချီရဲ့ ဖုန်းရွှေကို ချိုးဖျက်ပြီး နတ်ဆိုးတွေကို သုတ်သင်က သူလိုချင်တဲ့ အဆုံးသတ်ကို ရရှိတာ ဖြစ်သည်။
နင်မုန့် အိပ်ရာမှာ တော်တော်ကြာမှီနေကာ အချက်အလက်တွေကို သေချာစစ်ဆေးလို့နေသည်။
ဝတ္ထုက အဘွားအိုရဲ့ကာရိုက်တာကို သေချာအသေးစိတ် မဖော်ပြထားပေမဲ့ ထူးခြားချက်တစ်ခုက သူမက ပျော့ညံ့တဲ့သူတစ်ယောက်ဆိုလေသည်။ သူမသားနှစ်ယောက်ထက်လည်း ခိုင်မာတဲ့အာဏာရှိပေမဲ့ သူမအသက်အရွယ်ကြောင့် သူမက စိတ်ပြောင်းလဲ မြန်တဲ့သူ ဖြစ်တာက သဘာဝပင်။
စနစ်က ရေရွတ်သည်။ “ရှီချီက ခုမှ ငယ်ငယ်လေးရှိသေးတယ်အနိုင်ကျင့်ခံရတဲ့ ခါးသီးမှုကို မကြုံရရင် နောင်ကျ သူရူးသွပ်နေမှာ မဟုတ်ဘူး”
နင်မုန့် ခေါင်းညိတ်ပြလိုက်သည်။
ရှီချီက ငယ်ငယ်လေးရှိသေးတာ သူ့ကို သေချာပျိုးထောင်ပေးနိုင်ရင် လမ်းမှားကိုရောက်မှာ မဟုတ်ဘူး။ နောင်ကျလာမဲ့ သရဲထောင်ချီအတွက်တော့ နောက်မှစဥ်းစားတာပေါ့လေ။
ဒီလိုတွေးလိုက်မှသာ သူမ စိတ်သက်သာရာရသွားတော့သည်။
လီရှ အဘွားအို စိတ်အေးသွားတဲ့ထိ စောင့်နေခဲ့သည်။
သူမက လီချွင်ကို တိုးတိုးတိတ်တိတ် ဆင်းလာပြီး အဘွားအိုကို တိုက်ရန် ဆန်ပြုတ်ယူလာခိုင်းလိုက်သည်။
ပင်မအိမ်က ရယ်မောသံတွေနဲ့ဖြစ်ကာ တစ်ထပ်အိမ်ကတော့ မတူညီချေ။ ဘာလို့လဲဆိုတော့ အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးက တူတူနေကြသလို သူတို့ မိန်းမတွေကလည်း ပြိုင်ဆိုင်ရတာ ကြိုက်ကြတာကြောင့်ပင်။ ဆိုတော့ ပင်မအိမ်က အမြဲတက်ကြွနေတာ။
လီချွင်က ရှီမိသားစုရဲ့ ရှုပ်ထွေးပွေလီတဲ့ဆက်ဆံရေးတွေကို စိတ်မဝင်စားပေ သူမက သူမလုပ်ရမဲ့အရာကိုသာ ကျေပွန်စွာလုပ်သည်။
သူမက လေးလေးစားစားနဲ့ “သခင်လေး ဘွားဘွားကြီး ခုတင် နိုးလာပါပြီ” လို့ အသိပေးလိုက်သည်။
တဖက်က ရှီရှန်းကျင်းက တည်ငြိမ်စွာပြန်ဖြေလာခဲ့သည်။
လီရှ အသေးစိတ်ပြန်ပြောပြကာ အဘွားအို စိတ်အဆင်ပြေနေတယ်လို့တောင် ပြောလိုက်သေးသည်။
“သေချာဂရုစိုက်ထားလိုက်” ရှီရှန်းကျင်းက ပြောပြီး ဖုန်းချလိုက်တော့သည်။
ဘေးမှာချိတ်ထားတဲ့ သူ့ကုတ်ကိုယူကာ သွားတော့မလို့ ပြင်လိုက်စဉ် ဧည့်ခန်းမှာထိုင်နေတဲ့ အမျိုးသားက ဆက်မထိုင်နိုင်တော့ဘဲ အမြန်ထကာ “သခင်လေး ဒီကလောင်နတ်သမီးရဲ့ ကိစ္စက…”
ရှီရှန်းကျင်း ရပ်ကာ “ကလောင်နတ်သမီးကို စိတ်ပူမနေနဲ့ ခင်ဗျားသမီး အခန်းတံခါးမှာချိတ်ဖို့ မှန်ဝိုင်းတစ်ခုသာ ထားထားလိုက် အပြင်ကို မျက်နှာမူထားတဲ့ တံခါးပေါ်မှာချိတ်”
ထိုလူက အမြန်ခေါင်းညိတ်ကာ “ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ”
သူ့သမီးအဆောင်က ကောင်မလေး ၃ ယောက် ဆိုးဆိုးဝါးဝါးသေဆုံးပုံတွေကို မြင်ယောင်လိုက်ရင်း သူ့ရင်ထဲ တုန်ယင်သွားတော့သည်။
အဲကလောင်နတ်သမီးကို ဖယ်ရှားနိုင်မယ်ဆို သူဘာမဆိုလုပ်မှာပင်။
–
လီရှနဲ့လီချွင်က ပစ္စည်းတွေသိမ်းဆည်းပြီးရုံရှိသေး သခင်လေးက အပေါ်တက်လာတာမြင်တာနဲ့ ချက်ချင်းဘေးကို ရပ်ကာ စောင့်လိုက်ကြသည်။
တံခါးဖွင့်ပြီးတော့ ရှီရှန်းကျင်းက အိပ်ရာကို ကြည့်လိုက်သည်။ အဘွားအိုက အေးချမ်းစွာ အိပ်မောကျလို့နေသည်။
မျက်ခုံးမြင့်ကာ ရှေ့ကို တိုးလာခဲ့သည်။
သိပ်မကြာလိုက် အိပ်ရာပေါ်က အဘွားအိုက နိုးလာပေမဲ့ မနိုးချင်ယောင်ဆောင်လိုက်သည်။
ရှီရှန်းကျင်းက ရင်ထဲ သက်ပြင်းချကာ “အမေ ကိုယ့်ကိုကိုယ် နှိပ်စက်မနေပါနဲ့တော့ ကျွန်တော် ကလေးကို ပြန်ခေါ်သွားမယ်။ ဒါကိုအမေ့ကိုယ်က ခံနိုင်မှာမဟုတ်ဘူး”
နင်မုန့် ဒါကို ကြားတာနဲ့ချက်ချင်း မျက်လုံးဖွင့်လိုက်တော့သည်။
စနစ် “အဘွားအို ကာရိုက်တာက တအားရိုင်းပြီးတော့ ကျိုးကြောင်းမဆီလျော်ဘူး ဒါပေမဲ့ မင်း အကြီးဆုံးသားကတော့ သားသမီးဝတ်ကျေတယ်”
နင်မုန့် သူမမှတ်ဉာဏ်ထဲက အဘွားအို သွင်ပြင်အတိုင်း ယုံကြည်ချက်ရှိစွာ “၁၇ ကို ပြန်ခေါ်သွား”
သူမက စတင်ကာ “ငါ့သနားစရာမြေးလေးက နာမည်တောင် သေချာမရှိဘူး မျိုးရိုးနာမည်ကလည်း ရှီတောင်မဟုတ်…”
ရှီရှန်း ခနလောက်ရပ်ပြီးမှ “အမေ သူ့နာမည်က ရှီချီလေ”
အဘွားအို မျက်လုံးမှိတ်ကာ မကြားချင်ယောင်ဆောင်ပြီး ဆက်ကာ “အိုက်ယိုး ငါ့မြေးလေး…. အခု မင်းအဖေမရှိတော့ မင်းကို ဂရုစိုက်မဲ့သူ ဘယ်သူမှမရှိတော့ဘူး”
သူမ အမူအရာကိုမြင်တော့ ရှီရှန်းကျင်း ဆက်ရှင်းပြမနေတော့
အဘွားအိုက ကလေးနာမည်ကို နံပါတ် ၁၇ လို့ အထင်မှားနေလေသည်။ ဒါပေမဲ့ ဒါက ကလေးဘဝမှာ ရုပ်ဆိုးဆိုးနာမည်တွေ ပေးတာထက်စာရင် တော်သေးသည်။
ရှီမိသားစုက သူတို့ရဲ့အချက်အလက်ပေါ် မူတည်ပြီး နာမည်ရွေးချယ်ပေးလေသည်။
ပြီးတော့ ရှီချီက ချီက မကောင်းတာမျိုးလည်းမဟုတ်
စာရေးဆရာမှာ ပြောစရာရှိနေပါတယ်
ရှီချီက အဓိကဇာတ်ဆောင်ပါ။
ကလေးပြုစုပျိုးထောင်ရေးက စတင်ပါပြီ
နောက်တစ်ခါထပ်ပြီး အလေးအနက်ပြောပါရစေ – ပထမဆုံး ကူးပြောင်းမှုမှာ မိသားစုချစ်ခြင်းသာ ရှိမှာပါ