RENH အပိုင်း ၁

အခန်း ၁။ အဘွားတစ်ယောက်ရဲ့ ကိုယ်ထဲကူးပြောင်းခြင်း။

အဘွားအိုတစ်ယောက်ဖြစ်လာခြင်းရဲ့ခံစားချက်က ဘယ်လိုလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ဒီမေးခွန်းကို နင်မုန့် သေချာပေါက် လုံးဝဖြေနိုင်မှာ ဖြစ်သည်။

အမှန်တရားက သိပ်ကို ဆိုးဝါးလွန်းသည်။ ဒီအမှန်တရားကို သူမ လက်ခံဖို့ ကြိုးစားကာ လက်ကို ပြတင်းပေါက်အပြင်က လာနေတဲ့ အလင်းရောင်ဆီ ဆန့်ထုတ်လိုက်မိသည်။

အရေပြားတွေ တွန့်ကာ ရှုံ့တွနေပြီးတော့ လျော့ရဲရဲ အသားအရေ။

သူမ တံတွေးမျိုချကာ အိပ်ရာပေါ်မှာရှိနေတဲ့ တခြားလက်တဖက်နဲ့ ထိုလက်ကို ထိကြည့်လိုက်မိသည်။ လက်နှစ်ဖက်လုံး တူတူထားလိုက်တော့ ပိုတောင် သိသာလာသည်။

သူမ သွေးလေခြောက်ချားနေတာ မဟုတ်ပေ။ ဒီခံစားချက်ကြီးက တကယ့်ကို ဆောင်းဦးက သစ်ပင်။အိုကြီးလို ဖြစ်သည်။

သူမဖျားပြီး ဆေးရုံအကြာကြီး တင်ထားတုန်းကတောင် သူမ အသားအရေက ကောင်းမွန်နေဆဲ ဖြစ်သည်။ လူတွေအများကြီးက သူမရဲ့ ဖြူဝင်းပြီး အိစက်ချောမွေ့နေတဲ့ အသားအရေကို မနာလိုဖြစ်ခဲ့ကြတာ ဖြစ်သည်။

သူမက နေရောင်မထိရလို့ သူမ အသားအရေက ဆိုးဝါးသွားတယ် ဆိုရင်တောင် မိန်းမငယ်လေးတစ်ယောက်ရဲ့ အသားအရေ ဖြစ်သင့်သေးတာလေ။ ဘာလို့အရေပြားတွေ လျော့ရဲပြီး တွန့်ကုန်တာလဲ။

ဘာလို့ သူမ အသားအရေက သက်ကြီးရွယ်အိုကြီးလို ဖြစ်သွားတာလဲ။

သူမ အခြေအနေ တစ်ခုခု လွဲနေတယ်ဆိုတာ သဘောပေါက်မိတော့ နင်မုန့် ချက်ချင်းအိပ်ရာပေါ်က ထဖို့လုပ်လိုက်သည်။ အဆုံးကျ တော်တော်ကြာ ရုန်းကန်ပြီးတဲ့နောက်တော့ သူမ နည်းနည်းလေး လှုပ်နိုင်လာသည်။

သူမကြည့်ရတာ အဘွားအိုကြီး ဖြစ်သွားသလိုပင်။

လွန်ခဲ့တဲ့ မိနစ်တချို့ကို ပြန်သွားရမယ်ဆိုရင် တော့ပ် ဆေးရုံတွင်

“အိပ်ရာနံပါတ် ၁၂ နင်မုန့်”

ဒေါက်တာက သူမ အခြေနေကို ကြည့်ပြီး “သူမကို ရင်ခွဲရုံပို့လို့ရပြီ”

နင်မုန့်လေထဲမှာမျောနေကာ သူနာပြုက သူမကိုယ်လေးကို ရင်ခွဲရုံကို တွန်းပို့ကာ သူမ ကိုယ်လေးကို အဝတ်ဖြူနဲ့အုပ်ထားတာကို ကြည့်နေမိသည်။

မကြာလိုက် သူမ သိမြင်နေရတာတွေ ပျောက်ကွယ်သွားတော့သည်။

အချိန်တွေ ဘယ်လောက်ကုန်သွားမှန်းမသိ သူမ နေရာသေးသေးလေးထဲ ပြွတ်သိပ်နေသလို ခံစားရကာ နေရာက မှောင်မဲနေပြီး သူမကို လှုပ်မရအောင်လုပ်နေသည့်နှယ်။

တိတ်ဆိတ်မှုက ကြီးစိုးနေကာ ခနနေတော့ အသံသေးသေးလေးတစ်ခု ပေါ်လာကာ တဖြည်းဖြည်း ကျယ်လာသလို စာကြောင်းတစ်ကြောင်းကို ကြားလိုက်ရတော့သည်။

“ဘွားဘွားကြီး နိုးလာပြီလား”

“ဘွားဘွားကြီး မနိုးသေးဘူး နားပါစေ”

“ဆရာဝန်ပြောတာ ဘွားဘွားကြီးက အသက်ကြီးနေပြီမို့ စိတ်တအားလှုပ်ရှားလို့ မရဘူးတဲ့ ဆိုတော့ ငါတို့ ခုကစပြီး သတိထားမှဖြစ်မယ်”

စကားများများ ပြောလိုက်တယ်လို့ ဆိုရပေမဲ့ ထိုအသံက ကျယ်လောင်ပြီး စူးရှမနေ လူတစ်ယောက် သေချာရှင်းရှင်းလင်းလင်း ကြားရဖို့ လုံလောက်ရုံသာ။

သိပ်မကြာလိုက် အသံတွေပျောက်သွားကာ တိတ်ဆိတ်မှုကို တဖန်ပြန်ခံစားလိုက်ရသည်။

နင်မုန့် အမှောင်ထုထဲကနေ အသိပြန်ဝင်လာကာ မျက်လုံးတွေ ဖွင့်လိုက်သည်။

သူမရှေ့ကို လိုက်ကာက တဆင့်တိုးဝင်လာတဲ့ အလင်းရောင်လေးရယ် သူမ ခေါင်းထိပ်ကို အံဩတကြီး ကြည့်လိုက်မိသည်။ မျက်တောင်ခတ်ကာ သူမ မြင်ကွင်းတွေ အနည်းငယ် ဝေဝါးနေတာကို သတိထားလိုက်မိသည်။

သူမ ဇွန်ဘီးဖြစ်လာတာလား။ ရင်ခွဲရုံကနေ ထလာပြီးတော့လေ။

ဖြစ်နိုင်ခြေတွေကို အမြန် တွေးဆမိကာ သူမ အသားအရေပေါ် ကြက်သီးတွေထလာရတော့တဲ့ထိ အလောင်းကောင်တွေနဲ့ ဝန်းရံထားပြီး အထဲမှာ တစ်ယောက်တည်းပိတ်ခံထားရတဲ့ ဇွန်ဘီးဝတ္ထုတွေ စိတ်ထဲ ဝင်ရောက်လာတော့သည်။

မကြာလိုက် သူမ တစ်ခုကို သတိထားလိုက်မိသည်။

မြင်ကွင်းဝေဝါး နေတာကလွဲလို့ သူမ ဒီအခန်းက လှပနေတာကို ခံစားမိသည်။ သူမ အောက်က အိပ်ရာကလည်း တအားကိုမှ အိစက်နေတာ နှာခေါင်းထိပ်ကို ခပ်ဖွဖွရနံ့လေးတစ်ခုက လာကျီစယ်လို့ နေသည်။

တော်တော်ကြာ ပုံစံတစ်မျိုးတည်း လှဲလျောင်းထားတော့ သူမ ကိုယ်လေးတောင့်နေကာ နင်မုန့် လှည့်လိုက်ဖို့ ကြိုးစားပေမဲ့ တော်တော်ကြာတဲ့ထိ လှုပ်မရ

ပြတင်းပေါက်လိုက်ကာတွေလှုပ်ခတ်လာပြီး အလင်းရောင်လေးတိုးဝင်လာတော့ အားနည်းနေပေမဲ့ သူမ ရှေ့ကလက်ကို မြင်နိုင်ရအောင် သူမ ဆန့်ထုတ်ကြည့်လိုက်မိသည်။

ပြီးတော့ ထိုလက်က အရေးအကြောင်းတွေ ပြည့်နေသည်။

“ဟူး”

နင်မုန့် အသက်ရှု ထုတ် လုပ်ပြီး နောက်ဆုံးတော့ အဘွားအိုတစ်ယောက်ရဲ့ အရေပြားတွေဆိုတဲ့ အမှန်တရားကို သူမ လက်ခံစပြုလာပြီ ဖြစ်သည်။

ထိုအချိန်မှာပဲသူမ ခေါင်းထဲကနေ အသံတစ်သံကို ကြားလိုက်ရတော့သည်။ “ဟဲလို နင်မုန့်… ငါက မင်းရဲ့စနစ်ပါ” သူ့ရဲ့ရောက်ရှိလာမှုက တကယ့်ကို ရုတ်တရက်ဆန်လှသည်။

နင်မုန့် ခေါင်းကြည်လင်ခါစလေးရှိသေး တစ်ဖန်ပြန် မူးနောက်သွားရပြန်သည်။

သရဲတစ်ကောင်ပေါ်လာပြီ။

အဘွားအိုတစ်ယောက်အဖြစ် ပြောင်းတာထားဦး ထူးဆန်းတဲ့အသံ သူမ ခေါင်းထဲပေါ်လာတာ မပြောနဲ့ဦး သူမ အခုက အိပ်မက်မက်နေတာလား တကယ်ကြီး တစ်ခုခု ဖြစ်နေတာလား။

ထိုအသံက သူမကိုထပ်ပြီး သတိပေးလာပြန်သည်။ “မင်းခေါင်းထဲမှာ မင်းငါ့ကို စကားပြောလို့ရတယ်…”

သူမ ခံစားချက်တွေကို ပြန်ထိန်းချုပ်ကာ “နင်ကဘယ်သူလဲ”

“ငါက ကျင်းကျန်း ကူးပြောင်းရေးအုပ်စုက စနစ်တစ်ခုပါ…မင်းရဲ့နဂို ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ ကံတရားထက်အရင် စောပြီးသေဆုံးသွားတာမို့ မင်းရဲ့စိတ်ဝိညာဉ်ကို ထည့်ဖို့ အလျင်လိုနေခဲ့တာ ပြီးတော့ သင့်တော်တယ်လို့ထင်ရတဲ့ ကိုယ်ကလည်း တစ်ခုတည်းရှိတော့တာမို့….”

ကျန်တာတွေကတော့ နင်မုန့်တွေးကြည့်လို့ရပြီ။

သူမ ဝတ္ထုတွေဖတ်တာမို့ စနစ်ကဘာလဲဆိုတာသူမ သိသည်။ ဒါပေမဲ့ သူမဆီ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့တော့ အမှန်ကို တစ်ခါမှ စိတ်မကူးမိခဲ့ပေ။

စနစ်က နည်းနည်း ရင်တုန်နေမိသည်။ လူသစ်ပဲရှိသေးတာမို့ တိုင်ကြားခံရရင် ပြန်လည်အသုံးပြုခြင်းထဲကို ပစ်သွင်းခံလိုက်ရမှာလေ ဒီလိုအခွင့်ရေးမျိုးရဖို့ဆိုတာ မလွယ်ပေ။

နင်မုန့် ခနလောက်တိတ်နေပြီးမှ အေးစက်စွာမေးလိုက်သည်။ “ငါ့ကိုရှာတာ ဘာရည်ရွယ်ချက်နဲ့လဲ”

“မင်းမှာ စင်ကြယ်တဲ့အကျင့်သီလရှိပြီးတော့ အရင်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာမို့ ဒီဘဝမှာမင်းက ပျော်ရွှင်မှုကို ခံစားရမှာကို မတော်တဆမှုတစ်ခုက စီစဉ်ထားသလိုမဖြစ်ဘဲ မင်းအသက်ကို စောယူသွားတယ် ပြီးတော့ ဒါက ငါတို့ ကူးပြောင်းရေးအုပ်စု ကိုင်တွယ်နိုင်တာမျိုးမဟုတ်…” စနစ်က အမြန် အရင်က ဖြစ်ရပ်တွေကို ပြောပြလေသည်။

ဖောက်ထွင်းမြင်နိုင်တဲ့ မျက်နှာပြင်တစ်ခု သူမရှေ့ပေါ်လာကာ ထိုမျက်နှာပြင်မှာ သူမ ပုံလေးကို သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားထဲကလို ပြထားသည်။ အဲဒါက သူမ တစ်ဘဝလုံးကို စတင်ပြသလာတော့သည်။

ဘေးလူအနေနဲ့ ကြည့်ရတော့ ခံစားချက်က အသစ်လိုပင်။

ကောလိပ်ကျောင်းသူ အရွယ် ကိုယ်လေးကနေ အသက် ၆၀အရွယ် အဘွားကိုယ်ထဲ ကူးပြောင်းလာကာ သံသယဝင်စရာမရှိတော့။

နင်မုန့် စနစ်ပြန်ပေါ်လာတဲ့ထိ အိပ်ရာပေါ်လှဲကာ တွေးနေမိသည်။

အဲဒါက ရှက်ရွံ့စွာ မေးလာသည်။ “မင်းငါ့ကို အမှတ်ပေးလို့ရမလား”

နင်မုန့် ၁၀ မှတ်ကို ဖိလိုက်တော့ မျက်နှာပြင်က လှိုင်းထသလို ဖြစ်ပြီး ချက်ချင်းပျောက်သွားတာကို မြင်လိုက်ရတော့သည်။

တံခါးက ရုတ်တရက် ပွင့်လာတော့သည်။

သူမ ချက်ချင်း အိပ်ပျော်နေတဲ့ မျက်နှာထား ပြန်လုပ်လိုက်သလို ခြေသံတွေကလည်း သူမ အိပ်ရာဘေးမှာ ရပ်သွားပြီး ပြတင်းပေါက်ဆီ ရောက်သွားတော့သည်။

ပြတင်းပေါက်လိုက်ကာတွေ ဆွဲခံလိုက်ရတာကို ကြားလိုက်သလို သူမ ခိုးကြည့်လိုက်တော့ အခန်းတစ်ခုလုံး တောက်ပတဲ့အလင်းရောင်နဲ့ ပြည့်နေတာကို မြင်လိုက်ရသည်။

အိပ်ရာဘေးကနေ သိပ်မလှမ်းမကမ်းမှာ ရပ်နေတဲ့ ကောင်မလေးက လက်ရှိ သူမကို ကျောပေးထားကာ သူမ မမြင်နိုင်တဲ့တစ်ခုခုကို ကိုင်တွယ်နေပြီးတော့ သူမ လှုပ်ရှားမှုတိုင်းကလည်း သိမ်မွေ့မှုတွေအပြည့်..။

နင်မုန့် တိတ်တိတ်လေးခိုးကြည့်နေမိသည်။

တံခါးက ဂရုတစိုက်နဲ့ ပွင့်လာကာ ပန်းစည်းကိုင်ထားတဲ့ ကောင်လေးသေးသေးလေးတစ်ယောက် ဝင်လာခဲ့သည်။ လူနှစ်ယောက်လည်း ဘေးချင်းယှဉ်ရပ်လို့

နွေဖြစ်တာကြောင့် ပေကျင်းနေက တအားကို ပူကျစ်နေကာ လေကလည်း ခြောက်သွေ့ခြင်းတွေကိုသာ သယ်ဆောင်လာလို့နေသည်။ ပြတင်းပေါက်ကနေ အကိုင်းအခက်တစ်ခုက တိုးဝင်လာပြီး သူ့ကိုယ်ထည်မှာ အဖြူရောင်ပန်းပွင့်လေးတွေ အလှဆင်ထားသလိုပင်။

“ဟေ့ အဲပန်းတွေကိုမထိနဲ့ သခင်ကြီးက သူ့နေရာကနေ ရွေ့အောင်မလုပ်ဖို့ပြောထားတယ်လေ”

“အို့ ငါမေ့တော့မလို့ဒါတွေက လတ်ဆတ်သေးတယ် ရေပဲလဲပေးရမှာ”

အိုးအိမ်အပင်တွေကို အခန်းထဲ ထားခွင့်မပြုပေမဲ့ သူတို့ တခြားအပင်တွေတော့ ထားရမှာမို့ ဆည်ရေပေးခြင်းနဲ့ ပန်းတွေကို စီစဉ်ရသည်။

လီချွင် ပြတင်းပေါက် အပြင်ကို ကြည့်ကာ သက်ပြင်းချပြီး ခေါင်းငုံ့ကာ ဂရုတစိုက်နဲ့ ပန်းအိုးထဲကရေတွေကို လဲလိုက်တော့သည်။

ဘွားဘွားကြီးက ငါးဖမ်းသမားမိသားစုကနေ လာပြီးတော့ သူမ အိမ်မှာနေသားကျနေပြီပင်။ လက်ထပ်ပြီးတော့ သူမက အိမ်ကြီးကို ပြောင်းလာပေမဲ့ အဆင်ပြေပုံမရ မရေမတွက်နိုင်တဲ့ တောင်းဆိုမှုတွေပြီးတော့ ရှီမိသားစုရဲ့ အကြီးဆုံးအမွေဆက်ခံသူသခင်လေးက သူမကို တစ်ထပ်တိုက်သစ်ကလေး ဆောက်ပေးခဲ့သည်။

ဒီတစ်ထပ်တိုက်ကလေးက ဗီလာတွေနဲ့ ယှဉ်လို့မရပေမဲ့ အတွင်းပိုင်းကတော့ လစ်ဟာနေတာမျိုး မရှိသလို အသေးစိတ်စီစဉ်ထားပြီး မြင့်မြတ်တဲ့အငွေ့အသက်တွေ ပြည့်နေ၏။

ဘယ်အချိန် ဘွားဘွားကြီး နိုးမလဲမသိပေမဲ့ သခင်လေးက သူမ ဆက်ပြီး ငိုက်မျဉ်းနေမယ်ဆို အပြစ်တင်မှာကိုတော့ သိသည်။

လီချွင် တွေးမိကာ ပန်းတွေစီရင်း ငိုင်နေတော့သည်။

လီရှ သူမ အလုပ်တွေ ပြီးသွားတော့ အသံသေးသေးလေးနဲ့ သူမ နားကပ်ကာ “လီချွင် နင်ပြောကြည့် ဘွားဘွားကြီး ဘယ်ချိန်နိုးမယ်ထင်လဲ။ ကလေးတစ်ယောက်နဲ့ ပက်သက်ပြီး သခင်လေးနဲ့ငြင်းခုန်တာ တန်လို့လား”

လီရှက အိပ်ရာကို ကြည့်ပြီး ဂရုမစိုက်သလို “တတိယသခင်လေး ထွက်သွားတုန်းက ဘွားဘွားကြီးက ဘာမှမပြောပေမဲ့ စိတ်ထဲမှာတော့ နောင်တရနေမှာ သေချာတယ် အခု တတိယသခင်လေး သေသွားပြီဆိုတဲ့ သတင်းလည်းကြားရော သူ့မြေးကို အိမ်ခေါ်လာချင်တာ သဘာဝပဲလေ တကယ်လို့ တတိယသခင်လေး သွေးသားကြောင့်သာ မဟုတ်ဘူးဆို ဘွားဘွားကြီးကို ချော့နေစရာတောင် မလိုဘူး”

တတိယသခင်လေးက ဘွားဘွားကြီးရဲ့သားပင်။

သူမက စကားတွေကို ပေါ့ပေ့ါတန်တန်ပြောနေပေမဲ့ လီချွင်က ဒါက အကြောင်းအရင်းလို့ မခံစားရ။

တတိယသခင်လေးကိစ္စက နည်းနည်းလေး စုံစမ်းလိုက်တာနဲ့ အကုန်ဖော်ထုတ်နိုင်မှာပင်။ ဘာလို့လဲဆိုတော့ ဒီကိစ္စက လွန်ခဲ့တဲ့ ၈နှစ်က ထွက်ခဲ့တဲ့သတင်းနဲ့ အခုသတင်းနဲ့လုံးဝ တခြားစီဖြစ်နေလို့ ဖြစ်သည်။

လွန်ခဲ့တဲ့ ရက်တချို့က ကလေးတစ်ယောက်က ပင်မအိမ်ကြီးမှာ ပေါ်လာခဲ့သည်။ သူက ၇နှစ် ၈နှစ်လောက်ပဲ ရှိသေးတဲ့ပုံပေါ်သလို တတိယသခင်လေးရဲ့ပစ္စည်းတွေကို ကိုင်ထားသည်။ လူတွေက သူက တတိယသခင်လေးနဲ့ တူတယ်လို့ ပြောကြသလို သူ့ကလေးလည်း ဖြစ်နိုင်တယ်လို့ ပြောကြသည်။

ဒါပေမဲ့ အကြီးဆုံးသခင်လေး ရည်ရွယ်ချက်ကတော့ မသေမချာဖြစ်သည်။ သူက ထိုကောင်လေးနေဖို့ အခန်းသေးသေးလေးတစ်ခု ရှင်းလင်းခိုင်းလိုက်သည်။

လီရှက အမှတ်တမဲ့ ပြောလာတော့သည်။ “အကြီးဆုံးသခင်လေးက ဘွားဘွားကြီးကို လာတိုက်ခိုက်တဲ့ သရဲကို ကိုင်တွယ်ပြီးပြီပဲ”

သတင်းတွေအရတော့ ဘွားဘွားကြီးက ကလေးကို ဒီတစ်ထပ်အိမ်ကလေးကို ခေါ်လာချင်ပေမဲ့ အကြီးဆုံးသခင်လေးက သဘောမတူပေ။ ဘွားဘွားကြီးက အရင်ဆုံးတစ်ချက် အခြေအနေ သွားကြည့်ပေမဲ့ အဆုံးကျ တစ္ဆေရိုင်းတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရသည်။

“တစ္ဆေ ဘယ်ကများ ရောက်လာတာပါလိမ့်” လီချွင်က ရေရွတ်လာသည်။

ရှီမိသားစုက မြင့်မြတ်တဲ့ ဖုန်းရွှေမိသားစု တစ်ခုဖြစ်ပြီးတေ့ာ သရဲတစ္ဆေတွေက တချို့ကိစ္စတွေအတွက်အသုံးပြုဖို့ ပင်မအိမ်မှာသာထားလေသည်။ တဖက်ကကြည့်ရင် ဘွားဘွားကြီးနေထိုင်တဲ့တထပ်အိမ်က အအေးချမ်းဆုံးနေရာပင်။

ဘွားဘွားကြီးနဲ့တွေ့တဲ့ တစ္ဆေရိုင်းက ဒီနေရာထိ တကယ့်ကိုလာရဲလေသည်။

လူနှစ်ယောက်က အိပ်ရာပေါ်က နိုးပြီးလှဲနေတဲ့လူကို တကယ့်ကိုသတိမထားမိကြလေသည်။

နင်မုန့်က ခုနကတည်းက သူတို့အတင်းပြောတာကို နားထောင်နေကာ တချို့စကားတွေကိုသာ ဖမ်းမိလိုက်သည်။ သူတို့ဆီက တိကျတဲ့သတင်းအချက်လက်ကိုရတော့ သူမ ဒီအခြေအနေကြီးကို ရင်းနှီးနေသလိုပဲလို့ စိုးရိမ်စွာ တွေးမိလိုက်သည်။

စနစ်ကို သူမမေးလိုက်သည်။ “သူတို့ဘာတွေ ပြောနေကြတာလဲ”

စနစ်က ပြန်ပြောသည်။ “သူတို့က မင်းကိုယ်က သရဲတစ်ကောင်နဲ့တွေ့ပြီး ထိခိုက်သွားတဲ့အကြောင်း ပြောနေကြတာ”

နင်မုန့် တစ်ခါထပ်ပြီး တုန်လှုပ်သွားမိပြန်တော့သည်။ သူမသရဲတွေကို အကြောက်ဆုံးဖြစ်သည်။ ချက်ချင်း စောင်နဲ့ကိုယ်ကို ကာလိုက်မိသည်အထိပင်။

နွေဖြစ်သလို ပြင်းထန်တဲ့နေရောင်ကို အပြင်ကနေ မြင်နေရသည်။ ဒါပေမဲ့ အခန်းကတော့ အလွန်အမင်းကိုမှ အေးစက်နေသည်။ လေအေးပေးစက်က အအေးမဟုတ်သလို သူမအခန်းရဲ့ဘယ်နေရာမှာမှလည်း လေအေးပေးစက်ကို မမြင်ရပေ။

စောင်တစ်ထည်နဲ့ကာထားတာတောင် သူမ ပူတာကော ချွေးကိုပါ မခံစားမိပေ။ ထိုအစား ဒါက ပိုတောင် သက်သောင့်သက်သာ ရှိနေသလိုမျိုး။

ဒါ ဘယ်လိုအဆင့်မြင့်နည်းပညာမျိုးလဲ။

နင်မုန့်က ထပ်ကာ “အချက်အလက်တည်ဆောက်မှု”

“အင်း ဒီအခန်းထဲမှာ စတုရန်းအရာတွေ အများကြီးရှိပြီး လေးထောင့်တွေက စက်ဝိုင်းတွေထက် ပိုသင့်တော်တယ်ဆိုတဲ့ ဆိုရိုးလည်း ရှိတယ်လေ ပြီးတော့ ဗီရိုပေါ်က အပင်တွေက တကယ်တန်း ယင်ယန် ညီမျှမှုကို ထုတ်လုပ်ပေးပြီးတော့ ဆောင်းရာသီမှာ နွေးထွေးစေပြီး နွေရာသီမှာအေးမြမှုကို ပေးတယ်လေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တာမျိုးပေါ့”

စနစ်က စပြောပြီဆိုတာနဲ့ မရပ်တော့ပေ။ “ဖုန်းရွှေမှာရှိတဲ့ တည်ဆောက်မှု တော်တော်များများက ပြင်ပက အရာတွေ သုံးတယ်လေ အချိန် နေရာ လူနဲ့ စီမံမှုတွေက လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ အကျိုးသက်ရောက်မှုတွေ ပေါ်လာစေတယ် ဒီတည်ဆောက်မှုက သာမန်ပဲ အသုံးပြုမှုကလည်း သင့်လျော်တယ် ဒီနေရာကို အလှဆင်ထားတဲ့ ဖုန်းရွှေမာစတာ တော်တယ်ပြောရမယ်”

နင်မုန့် ရုတ်တရက်မေးလိုက်မိသည်။ “နင်က ဖုန်းရွှေစနစ်လား”

စနစ်က ရှက်ရွံ့စွာ “ငါက တိတ်တိတ်လေး နည်းနည်းပဲ သင်ယူထားတာ….”

နင်မုန့် “….”

သူမ နိုးနေပြီဆိုတာကို သူတို့မသိသေးတာကို အခွင့်ကောင်းယူကာ သူမ စောင်အောက်ကနေ လက်ဆန့်လိုက်မိသည်။

ခေါင်းကနေ ခြေဖျားအထိ အခြားရှင်းပြချက်တွေ အားလုံးကို လွှင့်ပစ်ရမည်ဖြစ်ပြီး ဒါက တကယ့်ကို အလေးချိန် နည်းနည်းလေးပဲရှိတဲ့ အဘွားတစ်ယောက်ရဲ့ခန္ဓာကိုယ်ပင်။

စနစ်ပြောတာအမှန်ပင်။ သူမ အိမ်မက်မက်နေတာမဟုတ်။

အိပ်ရာထဲက လှုပ်ရှားမှုလေးကို ကြားလိုက်တာနဲ့ကောင်မလေးနှစ်ယောက်လှည့်ကြည့်လာခဲ့ကြသည်။

လီရှက “ဘွားဘွားကြီး လီရှကိုခြောက်ဖို့ အိပ်ချင်ယောင်ဆောင်နေတာလား။ လီချွင်က ခုလေးတင် စားဖို့ စားစရာပြင်နေတာ ဘာလို့ထပြီး တစ်ချက်လောက် မကြည့်တာလဲ”

ပြောပြီးတော့ အဘွားအိုက မျက်လုံးမဖွင့်ပေမဲ့ မျက်တောင်တွေ လှုပ်နေတာမြင်ပြီး လီရှ ရယ်ချင်စရာကောင်းသည်ဟု ခံစားလာရသည်။

နင်မုန့်လည်း မျက်လုံးဖွင့်ချင်ပေမဲ့ သူမ ဖုံးထားတာတွေ ပေါ်သွားမှာ ကြောက်နေမိသည်။ စနစ်က သူမနဲ့တူတူရှိပေမဲ့ သူမမဟုတ်ဘူးဆိုတာ သိသွားရင် ဘယ်လိုလုပ်မလဲဆိုပြီး ကြောက်နေမိလေသည်။

ခဏလေး။ ဒီကောင်မလေးတွေက သူတို့ကို သူတို့ လီချွင်နဲ့ လီရှ လို့ခေါ်လိုက်တာလား။

မျက်တောင်မဖွင့်ဘဲ ထိုလူနှစ်ယောက်အကြောင်းကို သူမ သေချာတွေးကြည့်နေမိသည်။

စနစ်က သူမ အသိစိတ်ကို အနားပေးထားတာကြောင့် စိတ်ထဲ မတည်မငြိမ် ဖြစ်နေတာကို ခံစားမိတော့ မှတ်ဉာဏ်တွေ မကူးပြောင်းပေးရသေးတာကို သတိရကာ “ခဏလေး မှတ်ဉာဏ်တွေ အခု ပို့ပေးနေ….”

ဖောက်ထွင်းမြင်ရတဲ့ မျက်နှာပြင်တစ်ခု ပြန်ပေါ်လာသလို မျက်နှာပြင်ကလည်း ပြောင်းလဲသွားတော့သည်။

နင်မုန့်လည်း နစ်မြုပ်သွားတော့သည်။

လီရှနဲ့လီချွင်က နဂို စနောက်နေကြပေမဲ့ ဘွားဘွားကြီးက ရူးသလိုမျိုး ဖြစ်နေတာ မြင်တော့ သူတို့ ကြောက်လာကြတော့သည်။

အမြန် အိပ်ရာဘေးက ဘဲလ်ကိုတီးကာ ဆရာဝန်ကို လှမ်းခေါ်တော့သည်။

ဆရာဝန်ကလည်း ဒီဘက်မှာ ရက်အနည်းငယ် ကြာကြာနေနေတာမို့ ချက်ချင်း ရောက်လာကာ စစ်ဆေးလိုက်သည်။ “ဘွားဘွားကြီး ပိုကောင်းလာရမှာပါ မင်းတို့ဒီရက်တွေ အစားအသောက်တွေ သေချာပို့ပေးတယ်မလား”

“ဒေါက်တာ ညွှန်ကြားထားသလိုပါပဲ ခုနလေးတင် ကောင်းနေပြီးတော့ ရုတ်တရက် ဒီလိုဖြစ်သွားတာပါ” လီချွင်ကလည်း ပျာသွားကာ “ဒေါက်တာ ဘွားဘွားကြီးလက်ရှိပုံစံက ရူးနေသလိုမျိုး…”

ဘွားဘွားကြီး ရုတ်တရက် တစ္ဆေရိုင်းနဲ့ တွေ့မယ်လို့ ဘယ်သူကထင်မှာလဲ။

နင်မုန့် ခုလေးတင် မှတ်ဉာဏ်တွေ ရလိုက်ပြီး ထိုစကားကို ကြားတော့ ချက်ချင်း “ငါ မရူးဘူးဟဲ့”

သူမက အဘွားအိုကြီးရဲ့ကိုယ်ထဲ ကူးပြောင်းလာတာနဲ့တင် လုံလောက်နေပြီ ထင်နေတာ ဖုန်းရွှေသဘာဝလွန်ပုံပြင်ထဲကိုပါ ကူးပြောင်းလာမယ် မထင်ထားမိဘူး။

ပြီးတော့ အမျိုးသားဇာတ်ဆောင်ရဲ့… အဘွား။

သူမက အိုနေတာတင်မဟုတ်ဘူး။ စိတ်ထားကလည်း ကောင်းမနေဘူး။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset