အပိုင်း (၅၀)
အန်းသုန်သည် စိုးရိမ်စွာဖြင့်ပင် ထိုအဆင့်အတန်းမြင့်လှသော ကားလေးကို မောင်းလာလေသည်။ မနက်ခင်း အစောပိုင်းပင် ဖြစ်လင့်ကစား လမ်းတစ်လျှောက်တွင် သူသည် အများ၏ အာရုံဖမ်းစားခြင်းကို ရရှိနေလျက် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီသို့ ရောက်ရှိလာခဲ့တော့သည်။
ထိုအချိန်တွင် သူ့အနေဖြင့် အလွန်ကံကောင်းသော အချက်မှာ သူသည် အလုပ်သို့ အနည်းငယ် နောက်ကျ၍ ထွက်လာခဲ့သောကြောင့် ဖြစ်လေသည်။
ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီတွင် အစစ်အဆေးခံယူရန် အချိန်ပင် ကျော်လွန်သွားပြီ ဖြစ်လေသည်။
ထို့ကြောင့် အန်းသုန်သည် ကုမ္ပဏီ၏ နံဘေးတွင်ရှိသော ကားပါကင်သို့ ဝင်ရောက်လိုက်သောအခါ ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် ပက်ပင်းတိုးမိခြင်း မရှိတော့ပေ။
ကားပါကင် ထိုးပြီးချိန်တွင်တော့ သူ့ညီမက ရွေးချယ်ပေးထားသော နက်ကတိုင်ကို စိတ်မသက်စွာဖြင့် စည်းလိုက်ရင်း ကုမ္ပဏီသို့ လျှောက်သွားလိုက်တော့သည်။
ရှုန်းထျန်းသည် ကြီးမားလှသော ကုမ္ပဏီတစ်ခုတော့ မဟုတ်ပေ။ သို့သော် မြေဧရိယာမှာတော့ မကျဉ်းလှပေ။
မြို့ထဲတွင်တော့ အဆင့်အတန်း မြင့်မားနေသေးသည်။
ရှုန်းထျန်း၏ မြေပိုင်ရှင်သည် ဟိတ်ဟန်များလှသူတစ်ဦး ဖြစ်လေသည်။ ရှုန်းထျန်းသည် လုပ်ငန်းအဆင်မပြေ ဖြစ်ခဲ့လျှင်တောင် ကုန်သွယ်ရေး အဆောက်အအုံထဲရှိ ထိုကုမ္ပဏီကို ဆက်လက် ငှားရမ်း ဖွင့်လှစ်ထားမည် ဖြစ်သည်။ ထိုအခါ နှစ်စဉ်ငှားရမ်းကြေးသည်ပင် များစွာ ရရှိလိမ့်မည် ဖြစ်သည်။
ဓာတ်လှေကားစီးလာ၍ ကုမ္ပဏီထဲသို့ ဝင်လိုက်သောအခါ အရှေ့ဘက် စားပွဲတွင် ရှိနေကာ သူနှင့်ရင်းနီးနေပုံရသော မိန်းမငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။
“ဟင်.. အစ်ကိုသုန်… ရှင် ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ…”
သူမသည် အံ့သြသွားလျက် စိတ်ထဲတွင် ရေရွတ်နေမိလေသည်။ ‘အန်းသုန်က ထွက်စာတင်လိုက်ပြီ မဟုတ်ဘူးလား။ ဒါဆိုရင် သူဘာဖြစ်လို့ ကုမ္ပဏီကို ရုတ်တရက် ရောက်လာရတာလဲ…’
‘ဖြစ်နိုင်တာက…’
သူမ၏ မျက်ဝန်းအကြည့်များသည် ပြောင်းလဲလို့သွားသည်။ စွဲဆောင်မှုရှိသော ဝတ်စုံကို ဆင်မြန်းထားလေသော အန်းသုန်ကို တွေ့မြင်လိုက်ရသောအခါ သူမ၏ ထင်မြင်ချက်များကို အတည်ပြုလိုက်လေသည်။
“အစ်ကိုသုန်… ကျွန်မ ရှင်တွေးနေတာတွေကို နားလည်ပါတယ်။ ဒါပေမဲ့ ခံစားချက်တွေကလည်း ရပ်ဆိုင်းသွားပြီလေ။ အဲဒါတွေအားလုံး ပြီးဆုံးသွားပြီ။ သိပ်ပြီးတော့လည်း စိတ်ရှုပ်ထွေး မနေပါနဲ့တော့…”
အန်းသုန်သည် စိတ်လှုပ်ရှားလျင်ပင် ရှိနေသေးသောကြောင့် သူမကိုပင် နှုတ်မဆက်နိုင်သေးဘဲ မှင်သက်နေမိလေသည်။
သူသည် အရှေ့စားပွဲတွင်ရှိနေသော မိန်းကလေးကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည်နေမိလေသည်။ “မင်း ဘာတွေ ပြောနေတာလဲ…”
ဘယ်ခံစားချက်တွေက ပြီးဆုံးသွားတာလဲ။ ဘာကို စိတ်ရှုပ်ထွေးရမှာလဲ။
“အာ အစ်ကိုသုန် ဒီနေ့ ကုမ္ပဏီကို ရာဝမ်လာမယ်ဆိုတာကို မသိဘူးလား…”
ထိုမိန်းကလေးသည် အန်းသုန်မှာ အမှန်တကယ် မသိလေးသလား ဟန်ဆောင်နေခြင်းပေလားဟု သိချင်နေမိသည်။
သို့သော် သူ၏ ပင်ကိုယ်စရိုက်အရ အမှန်တကယ် မသိခြင်း ဖြစ်မည်ဟု တွေးမိလိုက်လေသည်။
“ဝမ်ဝမ်လား… သူဒီနေ့ ကုမ္ပဏီကို လာမှာလား…”
ဝမ်ဝမ်သည် သူ့ကို လာတွေ့ခြင်းပေလား။
အန်းသုန်၏ နှလုံးသားထဲတွင် ရှုပ်ထွေးနေသော ခံစားချက်အချို့ဖြင့် ပြည့်နှက်နေလေသည်။
သူတို့နှစ်ဦး ပြတ်ဆဲသွားသည်မှာ တစ်လကျော်မျှပင် ရှိသေးလေသည်။ သို့သော် နှနှစ်ကြာ အတူတကွ ရှိနေပြီးနောက်တွင် တစ်ဦးသည်သာ မေ့မရသေးဘဲ ဖြစ်နေလေသည်။
အရှေ့စားပွဲမှ မိန်းကလေးသည် အန်းသုန်ကို စာနာစွာဖြင့်ကြည့်နေပြီး လေသံလေးဖြင့် ပြောလိုက်လေသည်။ “အစ်ကိုသုန်… ရှင် ပြန်လိုက်ရင်ကောင်းမယ်။ အခုလို ကုမ္ပဏီကို ရောက်လာတာက မကောင်းဘူးလေ…”
သူမသည် ထိုကဲ့သို့ ပြောနေရင်းဖြင့် ရုံးခန်းဆီသို့ ကုမ္ပဏီ၏ ကြည်လင်နေသော မှန်တံခါးမှတစ်ဆင့် ခဏခဏ ကြည့်နေလေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ အန်းသုန်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ ပြည့်နှက်သွားတော့သည်။
သူသည် သူ၏ခြေအစုံကို ကြွလိုက်၍ ကုမ္ပဏီ၏ ကြည်လင်လှသော မှန်တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ပင်မရုံးခန်း တည်နေရာဆီသို့ လျှောက်သွားလိုက်တော့သည်။
သူသည် ထိုမိန်းကလေး၏ စကားလုံးများကို လုံးဝလျစ်လျူရှုထားလိုက်၍ တစ်လှမ်းခြင်း လျှောက်လှမ်းလာခဲ့လေသည်။
သူသည် လုပ်ဖော်ကိုင်ဖက်ဟောင်းများကို တွေ့ခဲ့ရပြီး သူတွေးတောနေမိသော မိန်းကလေးကိုလည်း မြင်တွေ့လိက်ရသောအခါ အရှေ့စားပွဲမှ ထိုမိန်းကလေးပြောခဲ့သော စကားလုံးများကို သဘောပေါက်သွားတော့သည်။
“ဟီးဟီး… ငါနဲ့ ဝမ်ဝမ်ရဲ့ လက်ထပ်ပွဲကို မြို့ထဲက ‘မလမ်နီယမ်’ ဟိုတယ်မှာ နောက်လ ကျင်းပတော့မှာလေ။ အဲဒီအခါကျရင် မင်းတို့အားလုံး လာခဲ့ရမယ်နော်…”
“အစ်ကိုရှုန်း… ခင်ဗျားရဲ့ လက်ထပ်ပွဲကို ကျွန်တော်တို့ လာရမှာပေါ့…”
“အစ်ကိုရှုန်း… ခင်ဗျားက တကယ်ကို ချမ်းသာတာပဲ။ ကျွန်တော် သိထားတာကတော့ အဲဒီဟိုတယ်က အရမ်းကိုဈေးကြီးတယ်တဲ့…”
“အစ်ကိုရှုန်း… ခယ်မလေးက အရမ်းကို လှပတာပဲနော်…”
“အစ်ကိုရှုန်း…”
အန်းသုန်သည် သူအနေဖြင့် ပထမဦးဆုံးရက်အဖြစ် ကုမ္ပဏီသို့ လာရောက်သောနေ့တွင် ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားမိခဲ့ချေ။
သူ၏ ရည်းစားဟောင်းသည် သူ၏ အထက်လူကြီးနဲ့တဲ့လား…။
သူတို့နှစ်ဦး ပြတ်ဆဲခဲ့သည်မှာ နှစ်လခန့်ပင် ရှိသေးသည် ဖြစ်သည်။
အခုအချိန်တွင် သူ၏စိတ်ထဲတွင် ဗလာဖြစ်နေသကဲ့သို့ ခံစားနေရသေးပြီး နှလုံးသားထဲတွင်လည်း ခါးသက်မှုများနှင့် ပြည့်လို့နေသေးသည်။
ယခင်တုန်းကတော့ သူသည် ကုမ္ပဏီအခြေကျလာ၍ ပိုက်ဆံစုဆောင်းပြီးသည်နှင့် ဟယ်ရာဝမ်ဆီသို့သွား၍ စကားပြောဆိုရန် တွေးတောထားလေသည်။
သို့သော် ယခုကဲ့သို့ တွေ့မြင်လိုက်ရသောအခါ သူတစ်ဦးတည်းသာ စိတ်အားထက်သန်နေခြင်း ဖြစ်ကြောင်းကို နားလည်သွားတော့သည်။
အန်းသုန်သည် ခါးသီးမှုဖြင့် နှုတ်ခမ်းကို တင်းတင်းစုထားလိုက်လေသည်။ သူသည် စိတ်မသက်မသာ ခံစားနေရသောကြောင့် ထွက်ခွာသွားချင်နေတော့သည်။
သူသည် ထွက်ခွာသွားရန် ပြင်နေချိန်တွင် လုပ်ဖော်ကိုင်ဖက်ဟောင်းများသည် သူ့ကို မြင်တွေ့သွားကြတော့သည်။
“သုန်ကျစ်…”
“အစ်ကိုသုန်…”
လုပ်ဖော်ကိုင်ဖက်ဟောင်းများသည် အန်းသုန်ကို အံ့သြစွာဖြင့် ကြည့်နေပြီးနောက် မန်နေဂျာရှုန်းနှင့် ဟယ်ရာဝမ်ကိုလည်း ကြည့်နေကြရင်းဖြင့် မျက်နှာပူသကဲ့သို့ပင် ခံစားနေကြရတော့သည်။
မန်းနေဂျာရှုန်းသည် သူ၏မျက်နှာပေါ်တွင် ရှက်ရွံ့နေခြင်းလည်း လုံးဝမရှိပေ။ ထိုအစား သူ၏ ဝမ်းဗိုက်ကြီးကို ဂုဏ်ယူစွာဖြင့်ကိုင်ထားရင်း အန်းသုန်ကိုပင် ပြုံးပြနေလေသည်။
“သြော် အန်းသုန်… မင်းလည်း ငါနဲ့ဝမ်ဝမ် လက်ထပ်တော့မဲ့ အကြောင်းကို သိသွားပြီပေါ့။ အဲဒါကြောင့် ပွဲတတ်ခွင့်ရဖို့ လာတောင်းဆိုတာလား…”
မန်နေဂျာရှုန်း၏ ပျက်ရယ်ပြုလျက်ရှိသော စကားများကို ကြားလိုက်ရသောအခါ အန်းသုန်သည် ဟယ်ရာဝမ်ကို တိတ်တဆိတ် ကြည်မိလိုက်တော့သည်။
မူလတွင် အနည်းငယ် တုန်လှုပ်နေဟန်ရှိသော ဟယ်ရာဝမ်ကို အန်းသုန်က ကြည့်လိုက်လေသောအခါ ပို၍ပင် ပျာယာခပ်သွားတော့သည်။
သူမသည် မန်နေဂျာရှုန်း၏ လက်ကို ကြောင်အမ်းစွာဖြင့်ကိုင်လိုက်ရင်း သူမသည် ကောလိပ်သွားတော့မည့်အကြောင်းကို ပြောလိုက်လေသည်။
ထိုသို့ ရင်းနှီးဟန်ဆောင်နေသော အပြုအမူကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်၏ မျက်ဝန်းထဲတွင် ရယ်ချင်မိသွားတော့သည်။
“ဟားဟား… ဝမ်ဝမ် မင်းယောက်ျားက ချမ်းသာတဲ့သူပါကွ။ အခုမင်းက ငါနဲ့လက်ထပ်တော့မှာဆိုတော့ နောင်အနာဂတ်မှာ မင်းက ငါ့ရဲ့ အချိန်ပြည့် ဇနီးမယားဖြစ်သွားတော့မှာ။ အဲဒါကြောင့် မင်းအိမ်မှာပဲ ကလေးတွေမွေးရင်း စိတ်အေးအေးချမ်းချမ်းနဲ့ နေလို့ရပြီ…”
မန်နေဂျာရှုန်းသည် တုံ့ဆိုင်းမှုမရှိဘဲ ဝယ်ရာဝမ်၏ လက်ကို သူ့လက်မောင်းကို ချိတ်စေလိုက်၍ ပျော်ရွှင်စွာ ရယ်မောနေတော့သည်။
သူသည် အန်းသုန်၏ ပိုမို၍ ကြည့်ရဆိုးလာသော မျက်နှာကို မြင်လိုက်ရသောအခါ ပို၍ပင် ပျော်ရွှင်နေလေသည်။
“ဝမ်ဝမ်… သူက လက်တွဲဖော်ကောင်း မဟုတ်ဘူး။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့လား…”
အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးတွင် အန်းသုန်သည် သူ၏ ရည်စားဟောင်းဖြစ်သူကို မန်နေဂျာရှုန်းကဲ့သို့သော လူမျိုးနှင့် အတူယှဉ်တွဲ၍ မမြင်ချင်တော့ပေ။
သူသည် ကြင်နာစွာဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း သူမကတော့ ကြင်နာမှု ပြန်လည်မပေးခဲ့ချေ။
သူမသည် သူ့ကို ပြင်းပြင်း ထန်ထန် ပြန်ပြောလိုက်လေသည်။ “အန်းသုန်… ကျွန်မတို့က ဇာတ်လမ်းပြီးသွားပြီလို့ ဟိုးအရင်ကတည်းက ကျွန်မပြောခဲ့ပြီးပြီ။ နောင်အနာဂတ်မှာလည်း ကျွန်မကို လာပြီး မနှောင့်ယှက်ပါနဲ့တော့။ ရှင် ဘာဖြစ်လို့ ကျွန်မကို အမြဲ နှောင့်ယှက်နေရတာလဲ…”
ဟယ်ရာဝမ်သည် အန်းသုန်ကို မသာမယာဖြစ်နေသော မျက်နှာပေးဖြင့် ကြည့်လိုက်လေသည်။ သူမ၏ စကားများသည် တစ်စုံတစ်ရာ မှားယွင်းနေသလိုပင်။
အန်းသုန်သည် ဆိုးရွားသော ရည်းစားဟောင်းတစ်ဦးဖြစ်နေ၍ သူမကို လိုက်လံနှောင့်ယှက်နေသကဲ့သို့ သူမ သဘောထားနေသည်။
“ငါမင်းကို ဘယ်တုန်းကများ နှောင့်ယှက်နေလို့လဲ…”
ဝယ်ရာဝမ်ကို မျက်နှာချင်းဆိုင်လိုက်ရင်း အန်းသုန်သည် သူ့အနေဖြင့် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
“ရှင်ကျွန်မကိူ မနှောင့်ယှက်ဘူးဆိုရင် ဒီနေ့ဘာဖြစ်လို့ ဒီနေရာကို ရောက်လာရတာလဲ…”
ဟယ်ရာဝမ်သည် သူမ၏နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ကိုက်လိုက်ရင်း သူမ၏ မျက်ဝန်းထဲတွင်လည်း မုန်းတီးမှုများဖြင့် ဖုံးလွှမ်းနေလေသည်။
“ဟုတ်တယ် အန်းသုန်… ငါရဲ့ဇနီးလောင်းကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့။ ယောက်ျား ပီသစမ်းပါ…”။ မန်နေဂျာရှုန်းသည် ဟယ်ရာဝမ်၏ အပြုအမူများကို လုံးဝ ကျေနပ်နေလေတော့သည်။
ဟယ်ရာဝမ်သည် အန်းသုန်ကို ချစ်မြတ်နိုးခဲ့ဖူးခြင်းကြောင့် မသက်မသာဖြစ်နေသော ခံစားချက်များသည် ပျောက်ကွယ်သွားလေတော့သည်။
“ငါဒီကိုလာတာက မင်းကို နှောင့်ယှက်ဖို့ မဟုတ်ဘူး။ အလုပ်လုပ်ဖို့ လာတာ…”
ထိုအချိန်တွင် အန်းသုန်သည် ရည်းစားဟောင်းဖြစ်သူကို စွန့်လွှတ်ထားလိုက်ပြီ ဖြစ်သည်။
သူ၏မိဘများနှင့် ညီမငယ်ပြောသော စကားများမှာ မှန်ကန်လေသည်။ သူသည် ထိုကဲ့သို့သော မိန်းမတစ်ယောက်အတွက် ဝမ်းနည်းနေရန် မသင့်တော်ပေ။
“အလုပ်လုပ်ဖို့လာတာ။ မင်းကို လွန့်ခဲ့တဲ့ နှစ်လက အလုပ်ထုတ်လိုက်ပြီးလေ။ ဘာကို အလုပ်လုပ်ဖို့ လာတာလဲ…”
မန်နေဂျာရှုန်းသည် အန်းသုန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်လေသည်။
“ရှောင်ရွှီ… အခုချက်ချင်း လုံခြုံရေးကို ခေါ်လိုက်ပြီးတော့ ကုမ္ပဏီကိုရောက်နေတဲ့ ဒီနှောင့်ယှက်နေတဲ့ကောင်ကို မောင်းထုတ်ခိုင်းလိုက်စမ်းကွာ…”။
“ဟုတ်ကဲ့… ဟုတ်ကဲ့ပါ မန်နေဂျာရှုန်း…”
မည်သူမျှ အန်းသုန်အတွက် ဝင်မပြောရဲကြချေ။ သူတို့သည် မန်နေဂျာရှုန်းက အန်းသုန်ကို မောင်းထုတ်နေခြင်းကိုသာ ငြိမ်၍ ကြည့်နေကြလေသည်။
ထိုစဉ် ဝတ်ကောင်းစားလှ ဝတ်ဆင်ထား၍ သားရည်ဖိနပ်ကို စီးထားသော အမျိုးသားတစ်ဦးသည် တံခါးဝမှတစ်ဆင့် ဝင်ရောက်လာခဲ့လေသည်။
ထိုသူ ဝင်ရောက်လာသောအခါ ကုမ္ပဏီ၏ အနေအထားသည်လည်း ပြောင်းလဲသွားတော့သည်။
မန်နေဂျာရှုန်းသည် ထိုသူထံသို့ စိတ်အားထက်သန်စွာဖြင့် လမ်းလျှောက်သွားလေတော့သည်။
“ဟဲလို… ဥက္ကဋ္ဌသု…”
ထို ဝင်ရောက်လာသူမှာ အန်းရှက လစာမြင့်မားစွာဖြင့် ငှားရမ်းခေါ်ယူထားသော မန်နေဂျာပင် ဖြစ်လေသည်။
ရှုန်ထျန်း အိမ်ခြံမြေကုမ္ပဏီမှ သူများသည် သုရန်မှာ ကုမ္ပဏီနှင့် ဘာမျှမသက်ဆိုင်လေဘဲ မန်နေဂျာရှုန်းခေါ်ယူလိုက်သော လုံခြုံရေးများ၏ အဝေးကို နှင်ထုတ်ခြင်းခံလိုက်ရသော အန်းသုန်သည်သာ ကုမ္ပဏီနှင့် ပတ်သက်ကြောင်းကို မသိရှိကြပေ။
သုရန်သည် သူတို့အတွက် အကြီးအကဲအသစ်ဖြစ်လေသည်။
ထို့နောက် လူတိုင်းသည် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြ၍ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
မည်သူ့ကိုမျှ ဂရုထားဟန်မရှိသော သုရန်သည် အန်းသုန်ဆီသို့ လျှောက်သွား၍ ချိုသာစွာ ပြောလိုက်လေသည်။ “ဥက္ကဋ္ဌအန်း ခင်ဗျား နောက်ဆုံးတော့ အလုပ်လုပ်ဖို့ ရောက်လာပြီပေါ့…”
လူတိုင်းသည် သူတို့အနေဖြင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုသာ ထင်လိုက်လေသည်။
မန်းနေဂျာရှုန်းနှင့် ဟယ်ရာဝမ်တို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။