အပိုင်း (၄၉)
ထိုကဲ့သို့သာဆိုလျှင် သူသည် ထိုအရသာရှိလှသော ကိတ်မုန့်ကို မည်သို့ စားရတော့မည်နည်း။
ထိုကိစ္စသည် ပြဿနာတစ်ခု ဖြစ်လေသည်။
…
“အစ်ကိုဒီနေ့ ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို အလုပ်လုပ်ဖို့ သွားမှာမလား…”
မနက်ပိုင်းတွင် အန်းရှသည် နှင်းဆီကိတ်ပြုလုပ်ရန် ဥယျာဉ်ထဲမှ နှင်းဆီပွင့်ဖက်များကို ခူးယူလိုက်ပြီးနောက် အခြားသော အရန်ဟင်းပွဲများကိုလည်း ပြင်ဆင်လိုက်လေသည်။ အိမ်သားများ အားလုံးအတွက် ပဲနို့ကို ပြင်ဆင်ပြီးနောက်တွင် အန်းလင်မယား၏ နံဘေးတွင် ဝင်ထိုင်လိုက်လေသည်။
လင်းမယားနှစ်ဦးသည် လိမ္မာရေးခြားရှိပြီး သားသမီးဝတ္တရားကျေပွန်လှသော သမီးဖြစ်သူကိုကြည့်၍ သူတို့၏ သမီးလေးသည် ချစ်စဖွယ်ကောင်းလှသည်ဟု တွေးတောနေမိတော့သည်။
သူတို့သည် အန်းရှ၏ ပြုစုပေးနေမှုများကို စိတ်မသက်မသာဖြစ်မိသော်လည်း သူမသည် အလွန်ခေါင်းမာလှသူ ဖြစ်လေသည်။
သူမသည် တစ်စုံတစ်ရာအပေါ်တွင် ယုံကြည်မှုရှိနေသောအခါ သူမကို အခြားအရာများနှင့် ဆွဲဆောင်လျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။
ကလေးမလေးသည် သူတို့အတွက် ဟင်းလျာများ ချက်ပြုတ်ပေးရခြင်းကို အမှန်တကယ်နှစ်သက်၍ သူမ၏ အချက်အပြုတ်စွမ်းရည်သည်လည်း သူတို့ထက်ပင် ကျွမ်းကျင်ကြောင်းကို သိနိုင်လေသည်။
ထို့ကြောင့် သူတို့သည် သူမ၏ ချက်ပြုတ်ကျွေးမွေးလိုမှုကို မနှောင့်ယှက်တော့ချေ။
အန်းချောင်ရှုန်းသည် ပဲနို့ကို တစ်ငုံသောက်လိုက်ပြီးနောက် သူ၏သားကို ကြည့်၍ မေးလိုက်လေသည်။ “ဟုတ်သားပဲ အန်းသုန်… ဒီနေ့ မင်းညီမရဲ့ ကုမ္ပဏီကို အလုပ်လုပ်ဖို့ သွားမှာမလား။ မင်း စောစောသွားသင့်တယ်ကွ။ အဲဒါမှ မင်းညီမရဲ့ကုမ္ပဏီကို ကောင်းကောင်း ဂရုစိုက်ပေးလို့ရမှာ…”
သူသည် သားဖြစ်သူ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်သော်လည်း သူ့အနေဖြင့် ကြောက်ရွံ့မှုတစ်ခု ရှိနေလေသည်။ ထိုကိစ္စမှာ သူ့သားသည် အိမ်ထောင်ပြုလိုက်၍ သူ၏မိန်းမသည် သူ့သမီး၏ကုမ္ပဏီကို မည်ကဲ့သို့ တွေးတောမည်ကိုပင် ဖြစ်သည်။
ထို့ကြောင့် သူသည် ကုမ္ပဏီကိုအကြောင်းကို ပြောဆိုလိုက်တိုင်း အန်းရှ၏ ကုမ္ပဏီဟုသာ ထည့်သွင်းပြောဆိုခြင်းဖြင့် သားဖြစ်သူ၏ အတွေးထဲသို့ ရိုက်သွင်းနေခဲ့ခြင်း ဖြစ်လေသည်။
“ဟုတ်ကဲ့… ကျွန်တော်လည်း သင်ယူချင်ပါတယ်။ ကျွန်တော်က ငယ်လည်း မငယ်တော့ဘူးလေ။ အခုမှ ကောလိပ်တတ်ပြီး သင်ယူမယ်ဆိုရင် ကျွန်တော့်အတွက် မသင့်တော်တော့ဘူး။ အဲဒါကြောင့် အစ်ကိုသုပြောတာကို နားထောင်ပြီး ကုမ္ပဏီကိုသွားပြီး သူ့ဆီကနေသင်ယူဖို့ ဆုံးဖြတ်လိုက်ပြီ…”
အမှန်တကယ်တွင် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ယူလိုက်ခြင်းမှာ မကြာသေးပေ။
သို့သော်လည်း ထိုအချိန်တွင် အန်းသုန်သည် ကုမ္ပဏီသို့မသွားဘဲ ကောလိပ်သို့သာ သွားရောက်ချင်ခြင်းဖြစ်သည်။
သူတွေးမိသည်မှာ ကောလိပ်သို့ ခဏသွား၍ ပညာသင်ယူမည်ဖြစ်ပြီး နောက်မှ ကုမ္ပဏီသို့ အစီရင်ခံမည် ဟူ၍ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် သူ၏ အတွေးအခေါ်များသည် လက်တွေ့မဆန်ကြောင်းကို နားလည် သဘောပေါက်သွားတော့သည်။
နောက်ဆုံးတွင်တော့ အန်းသုန်သည် ကုမ္ပဏီသို့သွား၍ သုရန်ဆီမှ သင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
သုရန်သည် ကုမ္ပဏီတွင် စီမံခန့်ခွဲပေးရန် မြို့ပေါ်မှ အန်းရှဖိတ်ခေါ်ထားသောသူ ဖြစ်လေသည်။
အန်းရှသည် အန်းသုန်ကို ပြုံး၍ကြည့်လိုက်ကာ လေးလေးနက်နက် ပြောလိုက်တော့သည်။ “အစ်ကိုကြီး… အစ်ကို အားလုံးကို နားလည်သွားမှာပါ…”
“အစ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွနိမ ယုံကြည်တယ်…”
အန်းသုန်သည် သူမ၏ အားပေးမှုများကြောင့် စိတ်လှုပ်ရှားသွားရတော့သည်။
သူသည် ကုမ္ပဏီကို သူ့အတွက်ကြောင့်သာ ဝယ်ယူလိုက်ခြင်း မဟုတ်ကြောင်းကို အန်းရှထံမှ မရေမတွက်နိုင်အောင် ကြားဖူးထားသော်လည်း သူ၏ စိတ်ထဲတွင်တော့ အန်းရှသည် ထိုရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို သူ့အတွက်သာ ဝယ်ယူပေးခြင်း ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်မိနေတော့သည်။
ထို့ကြောင့် သူသည် ညီမဖြစ်သူကို ပိုမို၍ အချစ်ပိုလာခဲ့ပြီး သူမအပေါ်တွင်ထားရှိသော ခံစားချက်များသည်လည်း လေးနက်လာခဲ့တော့သည်။
သူသည် ညီမဖြစ်သူအတွက် ပိုမို၍ အလုပ်ကြိုးစားချင်လာတော့သည်။
“ညီမလေး… စိတ်မပူပါနဲ့။ အစ်ကိုက ညီမလေးကို ကူညီပြီး ကုမ္ပဏီကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီးတော့ ညီမလေး အများကြီးသုံးလို့ရအောင် ပိုက်ဆံတွေကိုလည်း အများကြီး ရှာပေးမယ်နော်…”
နွေးထွေးလှသော မနက်စာကို စားသောက်ပြီးနောက်တွင် အန်းသုန်သည် ကုမ္ပဏီသို့သွားရန် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်လိုက်လေသည်။
လူတစ်ယောက်၏ စရိုက်လက္ခဏာသည် အဝတ်အစားပေါ်တွင် မူတည်နေပြီး မြင်းတစ်ကောင်သည် သူ၏အပေါ်တွင်ရှိသော ကုန်းနှီးအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
ယခင်ကတော့ အန်းသုန်သည် ရုပ်ရည် ချောမောခံ့ညားလှသူဖြစ်သည်။ သို့သော် ယခုတွင် သူသည် မိမိကိုယ်ကို ဝတ်စားဆင်ယင်ရန် ငွေကြေးမရှိလေသောကြောင့် သူ၏ ရုပ်ဆင်းသွင်ပြင်သည်လည်း တစ်ဝတ်ခန့်မျှ မှေးမှိန်နေတော့သည်။
သူသည် ကြည့်ကောင်းလှသော အသွင်အပြင်ရှိသည့် ရိုးသားသော လူငယ်တစ်ယောက် ဖြစ်လေသည်။
သူသည် အန်းရှပြင်ဆင်ပေးထားသော ဈေးကြီးလှသည့် ဝတ်စုံကို ဝတ်ဆင်ထားလျက် ဆံပင်ကိုလည်း ညှပ်ထားသောကြောင့် သူ၏ ပုံစံသည် ခမ်းနားကြီးကျယ်နေလေတော့သည်။
“အမေ၊ အဖေ၊ ညီမလေး… ကျွန်တော် အလုပ်သွားတော့မယ်နော်…”
ထိုသို့ပြောလိုက်ရင်းဖြင့် သူသည် လျှပ်စစ် စက်ဘီးလေးကို အသုံးပြု၍ မှတ်တိုင်သို့ အရင်ဦးဆုံးသွားမည် ဖြစ်သည်။ ထို့နောက် ကုမ္ပဏီသို့ အငှားကားဖြင့် သွားရောက်မည် ဖြစ်လေသည်။
အန်းရှသည် ပြုံးလိုက်၍ သူ၏လက်မောင်းကို ဆွဲလိုက်ရင်း ပြောလေသည်။ “အစ်ကိုကြီး… အစ်ကိုရဲ့ ကုမ္ပဏီကိုသွားတဲ့ ပထမဦးဆုံးနေ့အတွက် ကျွန်မ လက်ဆောင်တစ်ခု စီစဉ်ထားတယ်…”။
အန်းရှ၏အသံ ပျောက်ကွယ်သွားပြီးနောက်တွင် သူသည် ခြံထဲတွင်ရှိနေသော ပြိုင်ကား အနီရောင်လေးကို တွေ့လိုက်ရလေသည်။
ထိုကားကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်သည် ဆွံ့အမိသွားတော့သည်။
သူသည် ကား၏ အမျိုးအစားကို မသိရှိရသော်လည်း ထိုကား၏ ဈေးသည် မြင့်လွန်းလှသည် ဆိုသည်ကိုတော့ ခန့်မှန်းသိရှိနိုင်လေသည်။
“အစ်ကို… ကြိုက်ရဲ့လား…”
အန်းရှသည် သူမ၏ အစ်ကိုဖြစ်သူကို ပြုံး၍ ကြည့်လိုက်ရင်း စိတ်ထဲတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေလေတော့သည်။
သူမသည် မူလပိုင်ရှင်၏ ပြိုင်ကားများထဲမှ တစ်စီးကို ဂရုတစိုက်ဖြင့် ရွေးထုတ်ထားခြင်း ဖြစ်လေသည်။
“အာ… ဒီကားက အစ်ကို့အတွက် သိပ်မသင့်တော်ဘူးနော်…”
ထိုကားသည် တောက်ပြောင်လှပနေသည်။ ထိုကားသည် ထူးခြား ပေါ်လွင်လှလေသည်။ ထို့ကြောင့် သူသည် အဆင့်ပို၍နိမ့်သော လျှပ်စစ် စက်ဘီလေးကိုသာ ပို၍ သဘောကျလှပေသည်။
ထိုကြောင့် သူသည် လက်ဆောင်ကို ဝန်ထုတ်ဝန်ပိုး ဖြစ်နေလေသည်။
“အစ်ကို… အစ်ကို့ ယာဉ်မောင်းလိုင်စင် ရထားတာကို ကျွန်မသိပါတယ်။ အဲဒီတော့ ဒီကားကို မောင်းလိုက်မယ်ဆိုရင် အစ်ကို့အတွက် သင့်တော်တဲ့ စတင်မှုဖြစ်သွားမှာ…”
အန်းရှ၏ စကားလုံးများသည် အမှန်တကယ်ကို အလုပ်ဖြစ်သွားလေသည်။
သူသည် ထိုပြိုင်ဘက်ကင်းလှသော အနီရောင် ပြိုင်ကားလေးနှင့် ကုမ္ပဏီသို့ သွားမည်ဆိုရင် အန်းသုန်အတွက် အမှန်တကယ်ကိုပင် အစကောင်း ဖြစ်သွားမည် ဖြစ်လေသည်။
ဝမ်းနည်းစရာ ကောင်းသည့်အချက်မှာ သူသည် သူ၏ ရည်းစားဟောင်းနှင့် အမှတ်မထင် ပြန်တွေ့လိုက်ရခြင်း ဖြစ်လေသည်။
သူတို့သည် ရှင်းရှင်းလင်းလင်း ပြတ်သွားကြပြီဖြစ်၍ မတွေ့မမြင်ခဲ့ရသည်မှာလည်း နှစ်လခန့် ကြာမြင့်သွားပြီ ဖြစ်သည်။
“နာကျင်စရာ ကောင်းလိုက်တာ…”
‘လူတစ်ယောက်၏ စရိုက်လက္ခဏာသည် အဝတ်အစားပေါ်တွင် မူတည်နေပြီး မြင်းတစ်ကောင်သည် သူ၏အပေါ်တွင်ရှိသော ကုန်းနှီးအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်’ ဟူသော အဓိပ္ပာယ်မှာ လူတစ်ဦး ဝတ်ဆင်ထားသော အဝတ်အစားသည် သူ၏ လှပသော အသွင်အပြင်ကို လွှမ်းမိုးထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။