DBFFL အပိုင်း ၄၈

အပိုင်း (၄၈)

နေ့လယ်စာ ခဏစားပြီးနောက်တွင် အန်းရှသည် သူမအကြောင်း လူသိများနေသည်ကို သိရှိလိုက်ရတော့သည်။

သူမသည် အချိန်အနည်းငယ်သာ အနားယူလိုက်ပြီး ဥယျာဉ်ထဲသို့သွား၍ မိဘများနှင့်အတူ အပင်များ စိုက်ပျိုးနေခြင်းဖြစ်သည်။ ထို့နောက် သူမသည် ညနေပိုင်း စားသောက်ရန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်ပြီးနောက် အင်တာနက်ဖွင့်လိုက်လေသည်။ ပြီးနောက် သူမသည် မိနစ်အနည်းငယ်ခန့် ဖုန်း စက်လေးနေသည်ကို သိလိုက်ရသဖြင့် တုန်လှုပ်သွားလေသည်။

ထို့နောက် သူမသည် ဝိန်းပေါ်အကောင့်ထဲသို့ ဝင်ရောက်လိုက်သောအခါ မူလက လူပေါင်း ၁၀၀ ကျော်မျှသာ စောင့်ကြည့်နှစ်သက်မှုရှိနေသော သူမ၏ အကောင့်သည် ယခုအချိန်တွင် စောင့်ကြည့်သူ ခြောက်သောင်းကျော်ပင် ရှိနေပြီဖြစ်သည်။

ဝိန်းပေါ်က တစ်ခုခု ချို့ယွင်းနေတာများလား။

အန်းရှသည် အစပိုင်းတွင် ထိုကဲ့သို့ တွေးမိလိုက်သည်။ နောက်ပိုင်းတွင် သူမ၏ အကောင့်ထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်သောအခါ သူမသည် စိတ်ရှုပ်ထွေးသွားလေတော့သည်။

ဟော်စစ်။ ကျောင်းမီနီ။

အဲဒါက ဘာတွေများလဲ…။

အန်းရှသည် ထိုနာမည်များကို ပဟေဠိဆန်စွာဖြင့် စိုက်ကြည့်နေမိပြီး နောက်ဆုံးတွင် ထိုသူနှစ်ဦး၏ အမည်များကို မှတ်မိသွားလေသည်။

ထိုသူနှစ်ဦးသည် ‘ဘဝ၏ အနားယူ အပန်းဖြေချိန်’ အစီအစဉ်တွင် ပါဝင်သူများ မဟုတ်လား။

သူမသည် အခုတလောတွင် အလုပ်များလျက်ရှိသောကြောင့် ရသစုံအစီအစဉ်များကို မကြည့်ရှုဖြစ်ပေ။

သူမသည် ကောမန့်များကို ဖတ်ရှုကြည့်လိုက်သောအခါ အနည်းငယ် တွေဝေမိသွားတော့သည်။

ဟော်စစ်ကဲ့သို့ အလွန်နာမည်ကြီးလှသော အနုပညာရှင်သည် အဘယ်ကြောင့်များ သူမ၏အကောင့်ကို စောင့်ကြည့်နှစ်သက်နေရသနည်း။

အန်းရှသည် မျက်တောင်တစ်ချက် ခပ်လိုက်ရင်း သူမလည်း အဖြေမရှာနိုင်တော့ပေ။ ထို့ကြောင့် သူမသည် ထိုကိစ္စကို ခေါင်းထဲပင် မထည့်ထားတော့ပေ။

မည်သို့ပင်ဆိုဆို ထိုအကြောင်းအရာသည် ထိုကိစ္စကြီးတစ်ခုမဟုတ်ပေ။ သူမ၏ ဗီဒီယိုကို ပြန်လည် မျှဝေထားခြင်း သက်သက်သာ ဖြစ်လေသည်။

အန်းရှသည် မူလတုန်းက သူမ၏ လက်တလော စိတ်ဝင်စားမှုများကို ပြုလုပ်၍ အပန်းဖြေလိုသောကြောင့် ရှချီချီ ဟူသော အကောင့်ကို ဖွင့်လိုက်ခြင်းဖြစ်သည်။

ထိုအရာများသည် သူမအနေဖြင့် နာမည်ကြီးလို၍ မဟုတ်ပေ။ သူမသည် အချက်အပြုတ်စွမ်းရည်များ၊ အရသာရှိလှသော စားစရာများနှင့် သူမ၏ ဘဝအကြောင်းကို အများဆီသို့ မျှဝေခဲ့လိုခြင်းသာ ဖြစ်သည်။

ထို့ကြောင့် အန်းရှသည် သူမ၏အကောင့်ကို စောင့်ကြည့်သူများမှာ ခြောက်သောင်းကျော် ရှိနေခြင်းကို တွေ့မြင်လိုက်ပြီးချိန်တွင်လည်း အလွန် စိတ်လှုပ်ရှားမှုတော့ မဖြစ်ခဲ့ပေ။

သူမသည် ဝိန်းပေါ်စနစ်ဖြင့် အလိုလျောက်ရွေးထုတ်ပေးသော ကံထူးသူ ဆယ်ဦးကို ကြည့်လိုက်ပြီးနောက် ထိုသူများထံသို့ စာတိုများပို့လိုက်တာ စိတ်အေးအေးဖြင့်ပင် အကောင့်မှထွက်လိုက်လေသည်။ ထို့နောက် ဖုန်းကို ဘေးတွင်ချထားလိုက်၍ ညစာပြင်ဆင်ရန် ထွက်ခဲ့လေသည်။

သူမဖန်တီးထားသော ဗီဒီယိုများမှာ မနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် သူမ၏ မိသားစုအတွက် နေ့လယ် လက်ဖက်ရည်ဖျော်ပေးခြင်းများကို အခြေခံထားခြင်း ဖြစ်လေသည်။

ထို့ကြောင့် သူမသည် ဗီဒီယိုများကို ဝီရိယရှိရှိဖြင့် ကြိုးစားဖန်တီးထားခြင်း ဖြစ်လေသည်။

သမီးဖြစ်သူသည် သူမ၏ဖုန်းကို ကောက်ယူလိုက်၍ မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားသည်ကို တွေ့မြင်လိုက်ရသောအခါ အမျိုးသမီးအန်းသည် ပြုံးရယ်၍ မေးလိုက်လေသည်။ “ရှရှ… သမီး ဗီဒီယိုရိုက်ဖို့ ပြင်နေတာဆိုရင် အမေလည်း ကူညီပေးလို့ ရပါတယ်…”

ယခုအချိန်တွင် သူမ၏ တစ်မိသားစုလုံးသည် သူမသည် လက်တလောတွင် ဟင်းချက်ပြသည့် ဗီဒီယိုများကို ရိုက်ကူးခြင်းကို စွဲလမ်းနေပြီဟု သိထားကြလေသည်။

သို့သော် သူတို့၏ ကလေးမလေးသည် အမှန်တကယ်ကိုပင် အစားအသောက် ဖန်တီးပြသနေသူ ဖြစ်နေကြောင်းကိုတော့ မသိသေးပေ။

“ကိစ္စမရှိပါဘူး အမေ… အဖေ့ကိုသာ သွားကူပေးလိုက်ပါ။ သမီးဘာသာ ရိုက်ကူးလိုက်ပါ့မယ်…”

အမျိုးသမီးအန်း ထွက်ခွာသွားသောအခါ အန်းရှသည် အာဟာရနှင့် ပြည့်စုံလှသော ညစာကို ချက်ပြုတ်၍ ဗီဒီယိုမှတ်တမ်းတင်နေတော့သည်။

ညစာ အဆင်သင့် ဖြစ်သွားသောအခါ ဗီဒီယိုလည်း ရိုက်ကူး ပြီးစီးသွားပြီ ဖြစ်သည်။

ညစာ စားသောက်ပြီးသောအခါ အန်းရှသည် ပျော်ရွှင်စွာဖြင့် ဗီဒီယိုများကို တည်းဖြတ်နေလေတော့သည်။

သူမသည် တည်းဖြတ်ပြီးနောက် ဗီဒီယိုများကိုတင်ရန် ဝိန်းပေါ်အကောင့်သို့ ဝင်လိုက်သောအခါ သူမအကောင့်အောက်တွင် ပေးထားကြသော ကောမန့်များမှာ ပုံစံပြောင်းသွားသည်ကို တွေ့ရှိလိုက်ရတော့သည်။

မူလတွင် ထိုကောမန့်များမှာ သူမနှင့် နာမည်ကြီးအနုပညာရှင် ဟော်စစ်၏ ကြားမှ ဆက်နွယ်မှုများအကြောင်းကို ဆွေးနွေးနေကြခြင်းသာ ဖြစ်လေသည်။

နာရီအနည်းငယ် အတွင်းမှာပင် ထိုကောမန့်များ၏ ဦးတည်ရာသည် ပြောင်းလဲသွားတော့သည်…

[ဟားဟားဟား… ဟော်စစ်ရဲ့ အကောင့်က ခိုးယူခံလိုက်ရတယ်ဆိုတာ ငါသိသားပဲ…]

[ငါတော့ ရယ်နေရပြီ။ သူခိုးက ဘာတွေများ တွေးနေတာလဲ။ ဘာဖြစ်လို့ ဟော်စစ်ရဲ့အကောင့်ကို ခိုးယူပြီး ပန်းရောင် ချယ်ရီကိတ်မုန့်ကို နာမည်ကြီးသွားအောင် လုပ်လိုက်ရတာလဲ…]

[ဟားဟားဟား… တကယ်တော့ ငါလည်းသူ့လိုပဲ အချိုပွဲတွေ၊ ပန်းရောင် အပြင်အဆင်တွေကို သဘောကျတယ်…]

[ငါ့ရဲ့ ခန့်မှန်းချက် သီအိုရီအတွက် အရင်ဆုံးတောင်ပန်ချင်ပါတယ်… အကောင့်ခိုးယူတဲ့သူက ဒီနာမည်မရှိတဲ့သူရဲ့ ဝိန်းပေါ်ကို ရွေးချယ်လိုက်ရတာက တမင် ကြိုတင်ကြံစည်ထားတာ မဖြစ်နိုင်ဘူးလား။ တကယ်ဆိုရင် အဲဒီတင်ဆက်သူအနေနဲ့ အကျိုးအမြတ် အများကြီးရသွားတယ်လေ။ သူမကို အရင်က စောင့်ကြည့်သူတွေက ၁၀၀ ကနေ အခုဆိုရင် ခြောက်သောင်းကျော်သွားပြီလေ…]

[ငါ့ရဲ့ ထင်မြင်ချက်အတွက် ကြိုပြီး တောင်းပန်ပါတယ်နော်…]

အန်းရှသည် ထိုကောမန့်များကို ဖတ်လိုက်ပြီးနောက် စိတ်ထဲတွင် မေးခွန်းပေါင်းများစွာနှင့် ပြည့်နှက်သွားတော့သည်။

ဘာကြောင့် သူမနှင့်ဆက်စက်နေသော ကိစ္စများကြောင့် ဟော်စစ်၏ အကောင့်သည် ခိုးယူခံလိုက်ရသနည်း။ သူမသည် ထိုသူကို သိပင် မသိချေ။

သို့သော် အန်းရှသည် စိတ်သဘောထား ကြီးသူတစ်ယောက် ဖြစ်လေသောကြောင့် ထိုအငြင်းပွားဖွယ်ရာ ကောမန့်များကို ဆက်၍ မဖတ်တော့ချေ။

သူမသည် သူစိမ်းများပို့ထားသော စာတိုများကိုပင် ဖွင့်၍ မဖတ်ချေ။

သူမသည် အခြားကိစ္စများကို ဂရုမစိုက်လေဘဲ ဟင်းချက်နည်း ဗီဒီယိုများကိုသာ တိတ်တဆိတ် ဆက်၍ တင်နေလေတော့သည်။

ဗီဒီယိုများကို တင်ပြီးသည့်နောက်တွင် အင်တာနက်စွဲလမ်းနေသော ကလေးမလေးသည် သူမကို ဆွဲဆောင်နိုင်လိုက်သော နောက်ဆုံးထွက်ရှိထားသော ဂိမ်းများကို ကစားနေတော့သည်။

သူမသည် ယခင်က တစ်ခါမျှပင် မကစားဘူးသော ဂိမ်းများကို ဆော့နေရင်းဖြင့် ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။

ဂိမ်းများ ဆော့ကစားရင်းဖြင့် ပျော်မွေ့လျက်ရှိနေသော အင်တာနက် စွဲလမ်းနေသူ မိန်းမငယ်လေးသည် သူမအနေဖြင့် လျစ်လျူရှုလိုက်သော အနုပညာရှင်၏ ဝမ်းနည်းပက်လက်ဖြစ်နေခြင်းကိုပင် မသိလိုက်ပေ။

ဝိန်းပေါ်မှ မရေမတွက်နိုင်အောင် များပြားလှသော ကောမန့်များထဲမှ V ဆိုသူ၏ စာတိုကို ရရှိလိုက်လေသည်။

[ဟော်စစ် V: ရှချီချီ ငါက မင်းကို ကြော်ငြာပေးပြီး လူသိများအောင် လုပ်ပေးခဲ့တယ်။ အဲဒီအတွက် တန်ရာတန်ကြေးတော့ ပေးရမယ်။ အဲဒါက မင်းဒီနေ့ ပြုလုပ်ပြလိုက်တဲ့ ကိတ်မုန့်ကို ငါ့ဆီ ပို့ပေးရမယ်…]

သို့သော် အန်းရှသည် သူမဆီသို့ရောက်ရှိလာသော စာတိုများအားလုံးကို လျစ်လျူရှုထားသောကြောင့် ရွှေရောင်စာလုံးဖြင့် ရေးထားသော V ဆိုသူ၏ စာတိုကိုလည်း မမြင်လိုက်ချေ။

[V: ဝိန်းပေါ်မှ အတည်ပြုထားတဲ့ အကောင့်…]

“ဟော်စစ်… မင်းဘာတွေလုပ်နေတာလဲ။ မင်း တစ်ယောက်ယောက်ဆီက သတင်းစောင့်နေတာလား…” ချန်မင်က မေးလိုက်လေသည်။

သူ၏ အနုပညာရှင်သည် စတူဒီယိုအခန်းတွင် ထိုင်၍ အနားယူနေခြင်း ဖြစ်သည်။ သူသည် ခဏတိုင်းလိုလို သူ၏ဖုန်းကို ထုတ်၍ ကြည့်နေသောကြောင့် ဖြစ်သည်။

“အစ်ကိုချန်… ကျွန်တော့်ရဲ့ဖုန်း ပျက်စီးသွားတာလားလို့ စစ်ဆေးကြည့်ပေးပါဦး။ ဝိန်းပေါ်ကနေ ဘာဖြစ်လို့ စာတိုပြန်မရတာလဲ မသိဘူး…”။ ဟော်စစ်သည် စိတ်ရှုပ်ထွေးမှူများဖြင့် ပြည့်နှက်နေပြီး မျက်မှောင်ပင် ကြုတ်ထားလေသည်။

“ဟင်… ဟော်စစ်… မင်း မေ့နေတာလား။ သူစိမ်းတွေဆီကနေ စာတိုမရောက်လာအောင် ပိတ်ထားတာ မဟုတ်ဘူးလား…”

“ဒါပေမဲ့… ကျွန်တော် ပြန်ဖွင့်လိုက်တာ…”

အစားအသောက် တင်ဆက်သူထံမှ စာတိုရရှိနိုင်ရန် ဖြစ်လေသည်။

ဟော်စစ်သည် စိတ်ထဲတွင်သာ တီးတိုးပြောဆိုနေလေသည်။

“မင်း ပြန်ဖွင့်လိုက်တာလား။ ဒါဆိုရင် ဘာဖြစ်လို့များလဲ။ ငါ့ကို ပြပါဦး…”

ဟော်စစ်သည် လျင်မြန်စွာဖြင့် သူ၏ဖုန်းကို ပေးလိုက်လေသည်။

ချန်မင်သည် တစ်ခဏမျှကြာအောင် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် တစ်စုံတစ်ရာ မူမမှန်မှုကို မတွေ့ခဲ့ရချေ။

“မပျက်စီးပါဘူး… မင်း တစ်ယောက်ယောက်ဆီက စာကို မျှော်နေတာလား…”

“မဖြစ်နိုင်ပါဘူး… တစ်ခုခု ချို့ယွင်းနေပါတယ်..” ဟော်စစ်သည် ချန်မင်ကို မယုံကြည်စွာဖြင့် ကြည့်လိုက်လေသည်။

“တကယ်ကို မပျက်စီးပါဘူးဆို။ ခဏလေး… ငါ ရှောင်ရှင်းကို မင်းဆီကို စာတိုပို့ခိုင်းလိုက်မယ်။ အဲဒါဆိုရင် တစ်ခုခုမှားနေလား သိရတာပေါ့…”

ချန်မင်ပြောသကဲ့သို့ပင် ဟော်စစ်၏အကောင့်သည် ချို့ယွင်းမှု တစ်စုံတစ်ရာမရှိပေ။

ရှောင်ရှင်း၏စာတိုကို မြင်လိုက်ရသောအခါ ဟော်စစ်သည် အတွေးများသွားရလေသည်။

ရှချီသည် အဘယ်ကြောင့်များ သူ့ကို စာမပြန်ရလေသနည်း။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset