DBFFL အပိုင်း ၄၇

အပိုင်း (၄၇)

သူ၏ ဂရုမထားဟန်အပြုအမူကို မြင်လိုက်ရသောအခါ ချန်မင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၍ စိတ်ရှည်စွာဖြင့် မေးလိုက်လေသည်။ “ငါက မင်း အချိုပွဲတွေကို မကြိုက်ဘူးလို့ ထင်နေတာ။ မနေ့ကလေးတင် ထုတ်လွှင့်လိုက်တဲ့ ‘ဘဝရဲ့ အနားယူအပန်းဖြေချိန်’ အစီအစဉ်မှာ ကျောင်းမီနီက မင်းအတွက်လုပ်ပေးတဲ့ ကိတ်မုန့်ကို ငြင်းလိုက်တယ်မဟုတ်လား…”

မှန်သည်။ ထိုအရာသည် အဓိကအချက် ဖြစ်လေသည်။

အစားအသောက် စားပြသူတစ်ဦး၏ ဗီဒီယိုကို ပြန်လည်မျှဝေခြင်းသည် မကောင်းသောကိစ္စ မဟုတ်ပေ။

သို့သော် ထိုမျှဝေလိုက်သောကိစ္စသည် ကိတ်မုန့်ဖြစ်နေခြင်းမှာတော့ ကောင်းသည့်ကိစ္စမဟုတ်တော့ပေ။

ထိုအရာသည် စော်ကားလိုက်သော အပြုအမူပင် ဖြစ်လေသည်။

ထိုအစီအစဉ်ထဲတွင် သံမဏိလူသားသည် ကျောင်းမီနီကို ငြင်းပယ်လိုက်၍ သူသည် ကိတ်မုန့်၊ ချောကလက်၊ ဘီစကစ်မုန့်များကို မကြိုက်ကြောင်းပါ ပြောဆိုလိုက်လေသည်။

ထို့ကြောင့် လူတိုင်းသည် ဟော်စစ်က အချိုပွဲများကို မနှစ်သက်သူဟူ၍သာ ထင်သွားကြလေသည်။

ဘာတွေများ ဖြစ်ကုန်တာလဲ။

ချန်မင်သည် အလွန်အမင်း စိတ်တိုသွားသောကြောင့် တစ်စုံတစ်ယောက်ကိုသာ ရိုက်ပစ်လိုက်ချင်တော့သည်။

“သြော်… ငါက သူမ လုပ်ထားတဲ့ ကိတ်မုန့်ကို မကြိုက်တာပါ…”။ ဟော်စစ်သည် သူ၏ နှုတ်ခမ်းများ စုလိုက်ရင်း မသတီစွာဖြင့် ပြန်ပြောလိုက်လေသည်။

ထိုသို့ တဲ့တိုးပြောလိုက်သော စကားလုံးများကြောင့် ချန်မင်သည် ဆွံ့အသွားလေတော့သည်။

ထိုအဖြေသည် အဆင်ပြေလှသည်။ သေချာသည်က ထိုကဲ့သို့ တည့်တည့်ပြောလိုက်သောကြောင့် အဓိက အကြောင်းအရာသည် လမ်းလွဲသွားခြင်း မရှိတော့ပေ။

“ဟော်စစ်… နောက်တစ်ခါဆိုရင် ငါ့ကို အရင်မေးပါလား။ မင်း အခုလို ဆက်လုပ်နေမယ်ဆိုရင် ငါတို့ အလုပ်တာဝန်တွေ အရမ်း များသွားလိမ့်မယ်ကွ…”

နောက်ပိုင်းတွင် အများနှင့် ပြောဆိုဆက်ဆံရမည့်အကြောင်းကို တွေးမိလိုက်သောအခါ သူ၏ ဆံပင်များသည် ကျွတ်သွားသည်ဟုတောင် ခံစားရလေသည်။

ဟော်စစ်၏ လက်ထောက်တစ်ဦး ဖြစ်လာချိန်တွင် သူသည် အသက် ၄၀ နီးပါးသာ ရှိနေသေးသော်လည်း သူသည် ထိပ်ပြောင်နေပြီဖြစ်သည်။

“ငါတို့ မင်းရဲ့ ဝိန်းပေါ်အကောင့်ထဲကို ခဏဝင်ကြည့်ပြီး မင်းရဲ့အကောင့်က ခိုးယူခံလိုက်ရတာပါလို့ ရေးလိုက်မယ်။ ငါ့ကို ဒုက္ခများအောင် ဆက်မလုပ်နဲ့တော့…”

ချန်မင်သည် ထိုစကားများကို ပြောလိုက်ပြီးသောအခါတွင် ဟော်စစ်သည် သူ၏ဖုန်းကို ချထားလိုက်တော့သည်။

သူသည် သူ၏လက်ထောက်ကို မော့ကြည့်လိုက်လေ၍ တည်ငြိမ်စွာဖြင့်ပင် မေးလိုက်လေသည်။ “ကံစမ်းမဲဖောက်မဲ့ အချိန်အထိ ခဏစောင့်လိုက်ပါဦးမယ်။ ပြီးမှ ဆက်ပြောကြတာပေါ့…”

သူတို့နှစ်ဦးသည် ဆွေးနွေးနေကြစဉ်တွင်ပင် ဟော်စစ်၏ ကိတ်မုန့်ကံစမ်းမဲအကြောင်းကို မျှဝေထားသော အကြောင်းသည် အင်တာနက်တစ်ခွင်တွင် ပျံ့နှံ့လျက် ရှိနေလေသည်။

မူလတွင် ထိုအစားအသောက် တင်ဆက်သူ၏ ‘ရှချီချီ’ ဆိုသည့် ဝိန်းပေါ်အကောင့်ကို နှစ်သက် စောင့်ကြည့်သူများမှာ အနည်းငယ်သာရှိသော်လည်း ယခုတွင်မူ နှစ်သက်သူပေါင်း ၈၀၀၀ ကျော်အထိပင် ရှိနေပြီ ဖြစ်သည်။

မှတ်ချက်ပေးသူများနှင့် ပြန်လည်မျှဝေသူများသည်လည်း ၁၀၀၀၀ ပင် ရှိနေလေပြီ။

ဟော်စစ်သည် ထိုတင်ဆက်သူ၏ ဗီဒီယိုကို မျှဝေလိုက်ပြီးနောက် တစ်နာရီခန့်အကြာတွင် ထိုကဲ့သို့ များပြားသွားခြင်း ဖြစ်လေသည်။

ထိုအရာက ဟော်စစ်၏ နာမည်ကျော်ကြားခြင်းကြောင့်သာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ဦးသည် ဟော်စစ်နှင့် အနည်းငယ်မျှသာ အဆက်အစပ်ရှိနေမည်ဆိုလျှင် သူတို့သည် လူသိများသွားမည်သာ ဖြစ်လေသည်။

[ငါတို့စစ်စစ်ရဲ့ ဝိန်းပေါ်အကောင့်က ခိုးယူခံလိုက်ရတာမလား။ စစ်စစ်က အချိုပွဲတွေ မကြိုက်ဘူးလေ။]

[အကောင့် အခိုးခံလိုက်ရတာပါ။ သူက သံမဏိလူသားလေ။ မိန်းမငယ်လေးတွေကြိုက်တဲ့ ကိတ်မုန့်ကို သူက ဘာလို့ကြိုက်ရမှာလဲ။ ပြီးတော့ အရောင်ကလည်း ပန်းရောင်ကြီး…]

[တကယ်လို့သာ အကောင့်က ခိုးယူခံလိုက်ရတာ မဟုတ်ရင် သူ့ကို ကိုယ်နိုင်အချိုပွဲလုပ်ပေးတဲ့ ကျောင်းမီနီအတွက် စိတ်မကောင်းဖြစ်မိတယ်…]

[*သေလောက်အောင် ရယ်မောနေရင်းဖြင့် ပြောလေသည်* ငါတို့အစ်ကိုက အချိုပွဲကို ကြိုက်တာလား ကျောင်းမီနီလုပ်ပေးတဲ့ အချိုပွဲကို ကြိုက်တာလား… အဲဒီနှစ်ခုရဲ့ကြားထဲမှာ ဆက်နွယ်မှုတစ်ခုခု ရှိနေတာလား။ အရူးတွေ… အစ်ကိုက ကျောင်းမီနီကို သဘောမကျတာကို တွေ့နေရတာပဲလေ။ ရိုက်ကူးရေးအဖွဲတွေကိုလည်း စုံတွဲအစီအစဉ် မဖန်တီးတော့ဖို့ တောင်းပန်ပါတယ်ဟယ်…]

အချိန်မိနစ်များသည် တရွေ့ရွေ့ကုန်ဆုံးလာရင်း တစ်နာရီပင် ကြာမြင့်သွားပြီ ဖြစ်သည်။

သို့သော်လည်း ဟော်စစ်ဘက်မှ ဖြေရှင်းချက် တစ်စုံတစ်ရာကို မထုတ်ပေးလာသေးသောကြောင့် ထိုဗီဒီယိုကို ဟော်စစ်ကိုယ်နိုင် မျှဝေလိုက်ခြင်း ဟုတ်မဟုတ်ကို အများက ပိုမို၍ သိချင်လာကြတော့သည်။

ထို့ကြောင့် ဟော်စစ်၏ပရိသတ်များနှင့် ကျောင်းမီနီ၏ ပရိတ်သတ်များသည် စတင်၍ အငြင်းပွားလာကြတော့သည်။

[ငါတို့ရဲ့ နီနီအတွက် စိတ်မကောင်းလိုက်တာဟာ။ ဟော်စစ် ခွေးကောင်…]

[ဟားဟား… ငါတို့လည်း အစီအစဉ်မှာ ၂၄ နာရီကြာအောင် ကျောင်းမီနီရဲ့ စိတ်အနှောင့်အယှက်ပေးနေတာကို ခံနေရတဲ့ အစ်ကိုစစ်အတွက် စိတ်မကောင်းဖြစ်မိတယ်…]

[ဘယ်လိုဖြစ်ပြီး အစားအသောက် စားပြတဲ့သူရဲ့ကိတ်မုန့်က. ငါတို့နီနီရဲ့ ကိတ်မုန့်ထက် အရသာပိုရှိမှာလည်း။ ဟော်စစ်ကတော့ တကယ်ကို ကန်းနေတာပဲ…]

[ငါတော့ သဘောမတူပါဘူး။ ဒီကိစ္စကို ကြည့်လိုက်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် စားသောက်ပြသူရဲ့ ကိတ်မုန့်က ကျောင်းမီနီရဲ့ ကိတ်မုန့်ကို အသာလေး အနိုင်ယူနိုင်တယ်။ ဟုတ်ပြီလား… ကိုယ့်မင်းသမီးကို မျက်နှာသာပေးမနေနဲ့…]

[XX Net… လာကြည့်ဦး…]
[XX petals… လာကြည့်ပါဦး…]

ဟော်စစ်၏ ပရိတ်သတ်များနှင့် ကျောင်းမီနီ၏ ပရိသတ်များကြားတွင် နာမည်မကြီးသေးသော အစားအသောက် တင်ဆက်ပြသူ အသစ်လေး ရှချီချီသည် လူပြောများလျက် ရှိနေတော့သည်။

ထိုအချိန်တွင် ဟော်စစ်သည်တော့ ဒေါသထွက်လျက် ရှိနေလေသည်။ အဘယ်ကြောင့်ဆိုသော် လူအရမ်းများနေသောကြောင့် ဖြစ်လေသည်။ အစပိုင်းတွင် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းကြသူများမှာ အယောက် ၄၀ ခန့်သာ ရှိနေသေးသည်။ သို့သော် ယခုတွင် ကံစမ်းသူပေါင်း ၈၀၀၀၀ ကျော်မှ ကောမန့်ပေးထား ကြလေသည်။ ထိုအခါ မဲပေါက်ရန် အခွင့်အရေး နည်းသွားပြီ ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် တစ်ခါမျှပင် မဲမပေါက်ဖူးလေသော အနုပညာရှင်လေးသည် ပေါက်မဲနံပါတ်ကို မရရှိခဲ့ပေ။

A Moonlight Clan သို့မဟုတ် ယွဲ့ကွောင်းကျူ ဆိုသည်မှာ အထူးသဖြင့် များပြားလှသောလူငယ်အုပ်စုကို ဆိုလိုခြင်းဖြစ်၍ ထိုသူများသည် လမကုန်ခင်တွင် သူတို့၏ လစာများကို အကုန်အစင် သုံးဖြုန်းပစ်သူများ ဖြစ်လေသည်။

Card Slaves ဆိုသည်မှာ သူတို့၏ အကြွေးဝယ်ကဒ်ကို အသုံးပြုပြီးနောက် ပြန်မဆပ်နိုင်ကြတော့သူများ ဖြစ်လေသည်။

သံမဏိလူသား တစ်နည်းအားဖြင့် ဖြောင့်မတ်မှန်ကန်သူ။ သူသည် အမျိုးသမီးများအပေါ်တွင် စာနာထောက်ထားမှု မရှိသူ သို့သော် သူသည် လူမျိုးကြီးဝါဒဆန်သော အချို့သော အမျိုးသား အနုပညာရှင်များကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ကောင်းသူတစ်ဦးတော့ မဟုတ်ပေ။ သူသည် ရှေးရိုးဆန်ခြင်းလည်း ဖြစ်နေနိုင်သည်။

(ထိုစကားလုံးသည် လိင်တူ နှစ်သက်ခြင်းဟူ၍ မဆိုလိုပေ။)

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset