DBFFL အပိုင်း ၃၇

အပိုင်း (၃၇)

အိုး! သူက ထက်မြတ်လိုက်တာ။ သူမ၏ အစ်ကိုသည် တစ်လောကလုံးတွင် အတော်ဆုံး အစ်ကိုကြီး တစ်ယောက်ဖြစ်သည်။

“မင်း အလုပ်ပြုတ်သွားလည်း ကိစ္စမရှိပါဘူး။  မင်းလည်း အခု အိမ်ပြန်ရောက်လာပြီဆိုတော့ ဒီမြို့လေးထဲမှာပဲ အလုပ်ရှာပေါ့။ အဲဒါဆိုရင် မင်းရဲ့ အစ်မနဲ့ ညီမကိုလည်း စောင့်ရှောက်ပေးလို့ ရပြီ”

အမျိုးသမီးအန်းသည် သူမသားသည် ထိုကဲ့သို့ ကောင်းမွန်လှသော အလုပ်ကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းနေမိသည်။ သို့သော်လည်း သူမ၏ သမီးငယ်လေးသည် အိမ်ပြန်ရောက်လာ၍ သူတို့နှင့် အတူနေထိုင်တော့မည်ကိုလည်း စဉ်းစားမိသွားပြန်လေသည်။

မိသားစုဝင်များ အတူတကွရှိနေခြင်းသည် ကောင်းမွန်သောကိစ္စ ဖြစ်လေသည်။

နောင်အနာဂတ်တွင် သူမသည် အန်းသုန်ကိုလည်း မြို့တွင်းတွင်ပဲ နေထိုင်ခိုင်းတော့မည် ဖြစ်သည်။

သို့သော် အန်းရှသည် သဘောမတူခဲ့ပေ။

မြို့တွင်း၌ပဲ နေထိုင်လျှင် အန်းသုန်အတွက် မကောင်းနိုင်သောကြောင့် ဖြစ်လေသည်။

ထိုအချိန်မှစ၍ အန်းရှသည် သူမအစ်ကိုအတွက် အလုပ်အသစ်တစ်ခုကို အစားပြန်လည် ရှာဖွေပေးရန် စတင် စဉ်းစားလေတော့သည်။

အိမ်အပြန်လမ်းတွင်တော့ သူမသည် အမေဖြစ်သူကို အန်းသုန်သည် မည်သည့်အလုပ်ကို စိတ်ဝင်စား၍ မည်သည့်အလုပ်၌ ကျွမ်းကျင်သည်ကို မေးမြန်းခိုင်းရန် အပူကပ်လေတော့သည်။

သူမသည် အစ်ကိုဖြစ်သူကို ကောင်းမွန်သော အလုပ်အသစ်တစ်ခု ရရှိနိုင်ရန် ကူညီရှာဖွေပေးရန် ကြံရွယ်နေတော့သည်။

အန်းသုန်သည် အထက်တန်းတတိယနှစ်တွင် အလုပ်လုပ်ရန် ကျောင်းထွက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် မိဘများသည် သားဖြစ်သူအနေဖြင့် မည်သည့်အရာကို စိတ်ဝင်စား၍ မည်သည့်ကိစ္စ၌ ကျွမ်းကျင်သည်ကို တကယ်ပင် မသိကြပေ။

သူတို့သိကြသည့် အကြောင်းမှာ သားဖြစ်သူသည် အိမ်ခြံမြေကုမ္ပဏီတွင် အိမ်ရောင်းရသည့်ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ရခြင်းကိုသာ ဖြစ်သည်။ သူသည် အလုပ်ကြိုးစား၍ တော်လေသောကြောင့် အကြိမ်ပေါင်းများစွာ လစာလည်း တိုးမြင့်ရရှိခဲ့လေသည်။

နောက်ဆုံးတွင်တော့ အန်းရှသည် အိမ်ပြန်ရောက်၍ သူမအစ်ကိုကို မေးလိုက်တော့သည်။

“ညီမလေး…ဘာလို့ ဒါတွေမေးနေရတာလဲ။ အစ်ကို ကိုယ့်ဘာသာ အလုပ်ရှာနိုင်ပါတယ်”

“အစ်ကိုကြီး… အစ်ကိုက ကျွန်မကြောင့် အလုပ်ပြုတ်သွားရတာလေ။ အဲဒီတော့ အစ်ကိုကို အလုပ်ပြန်ရှာပေးရမှာပေါ့”

အန်းရှ၏ တည်ကြည်လေးနက်သော အမူအယာကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်က ပြောလေသည်။ “ညီမလေး… မှားနေပြီနော်။ အစ်ကို အလုပ်ထွက်လိုက်ရတာက ညီမလေးကြောင့် မဟုတ်ဘူး”

“ကျွန်မကို မလိမ်နဲ့။ အစ်ကို ညီမကို အပြစ်ရှိသလို ခံစားရမှာစိုးလို့ မဟုတ်လား။ ဒါပေမဲ့ အစ်ကိုကြီး ကျွန်မ တကယ်ကို အပြစ်ရှိသလို ခံစားနေရတယ်။ အဲဒါကို သည်းမခံနိုင်ဘူး။ ကျွန်မက အိမ်ပြန်ရောက်လာပြီး အစ်ကို့ကို အလုပ်ပြုတ်အောင် လုပ်လိုက်မိတယ်”

အန်းရှသည် သူမကိုယ်သူမ အသုံးမကျဘူးဟု ခံစားနေရသည်။ သူမ၏ လက်ထဲတွင် ငွေကြေးမြောက်များစွာ ရှိနေသော်လည်း မိသားစုအတွက် အိမ်တစ်လုံးတောင် မဝယ်ပေးနိုင်ချေ။ အစ်ကိုဖြစ်သူသည်လည်း သူမအတွက်နှင့် အလုပ်ပြုတ်သွားလေသောကြောင့် သူမကိုယ်သူမ အသုံးမကျလှဟု ခံစားလိုက်ရတော့သည်။

သူမသည် တွေးမိလေလေ ဝမ်းနည်းမိလေလေ ဖြစ်နေတော့သည်။

အန်းသုန်သည် ငိုတော့မလိုဖြစ်နေသော အန်းရှကို မြင်လိုက်ရသောအခါ သူအလုပ်ထွက်ခဲ့ရသည့် အကြောင်းအရင်းကို ​ပြောပြလိုက်တော့သည်။

မန်နေဂျာရှုန်းသည် သူ့ကို အလုပ်ထွက်စေရန် တွန်းအားပေးနေခြင်းဖြင့် အခက်တွေ့နေသူဖြစ်သည်။ သူသည် ညီမဖြစ်သူကို စိတ်သက်သာရာ ရစေချင်သောကြောင့် အသေးစိတ် အကြောင်းအရာများကို ပြောပြလိုက်လေသည်။

သို့သော် အစ်ကိုဖြစ်သူသည် ထွက်စာတင်ရခြင်း၏ အကြောင်းအရင်းကို ပြောပြပြီးသောအခါ အန်းရှ၏ ဝမ်းနည်းပူဆွေးမှုများနှင့် အပြစ်ခံစားနေရသည့် အမူအယာသည် ပြောင်းလဲသွားလေသည်။

“အစ်ကိုကြီး… အစ်ကို ပြောတာတွေက တကယ့် အမှန်တရားတွေလား”

သူမသည် ဦးခေါင်းကို မတ်လိုက်ကာ သူမ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လို့နေပြီး အန်းသုန်ကိုလည်း သူမ၏ တောက်ပနေသော မျက်လုံးအစုံဖြင့် ကြည့်လိုက်လေသည်။

“ဟင်… အင်း ဟုတ်တယ်လေ” အန်းသုန်သည် အနည်းငယ် စိတ်မသက်မသာဖြစ်စွာဖြင့် ခေါင်းညိမ့်ပြလိုက်တော့သည်။

“အစ်ကိုကြီး… ကျွန်မ အစ်ကို့ကို အလုပ် အသစ်တစ်ခု ကူရှာပေးမယ်” အန်းရှသည် နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြီးနောက် ရယ်မောလိုက်လေတော့သည်။

“ဟင်… ညီမလေး မင်း ဘာတွေပြောနေတာလဲ။ ဘာကို အလုပ်အသစ်လဲ”

အန်းရှ၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်နေမှုကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်သည် တွေဝေလို့သွားပြီး သူညီမဖြစ်သူ၏ ပျော်ရွှင်သွားရခြင်းအကြောင်းကို လုံးဝပင် နားမလည်နိုင်တော့ချေ။

“အစ်ကိုကြီး… အစ်ကို့ရဲ့ လက်ရှိအလုပ်ကို သဘောကျတယ်မလား။ အစ်ကိုရဲ့ အရင်ကုမ္ပဏီကို သဘောကျလား”

အန်းသုန်သည် ညီမဖြစ်သူမှာ အဘယ်ကြောင့် ထိုကဲ့သို့ မေးမြန်းသည်ကို မသိသော်လည်း အမှန်အတိုင်း ဖြေလိုက်လေသည်။ “သဘောကျတာပေါ့။ အဲဒီမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတော့ အိမ်တွေလည်း ရောင်းနိုင်သွားပြီလေ…”

သူသည် သူနှစ်သက်သော အလုပ်အကြောင်းကို မျက်လုံးများ ဝင်းပလျက် ပြောပြနေလေတော့သည်။

အန်းရှသည် ပျော်ရွှင်စွာဖြင့် လက်ခုပ်ထတီးလိုက်လေသည်။ “အစ်ကိုကြီး ကျွန်မ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ ရှုန်းထျန်း အိမ်​ခြံမြေကုမ္ပဏီကို ဝယ်ချင်တယ်”

ဟမ်! သူမအစ်ကိုကို ဘယ်လိုတောင် ဒုက္ခပေးရဲရသနည်း။ အစ်ကိုဖြစ်သူ၏ ဒေါသများကို ပြန်လည်ပေးဆပ်ပေးရန် သူမကူညီပေးရမည်လေ။

ဟုတ်တာပေါ့! စံအိမ်ကို အပြီးသတ် ဆောက်လုပ်နိုင်ရန် ထိုအဆောက်အအုံဝန်းကို သူမ ဝယ်ယူရရှိနိုင်မှ ဖြစ်လေမည်။

ဟီးဟီးဟီး! ငှက်သုံးကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်မိလိုက်သလိုပင်။ သူမသည် ဉာဏ်ကောင်းလွန်းလှသည်။

Telegram မှာ အပိုင်း ၁၅၁အထိ ရောက်ပါပြီနော်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset