DBFFL အပိုင်း ၃၆

အပိုင်း (၃၆)

“မင်း လမ်းခွဲလိုက်ပြီဆိုတော့ ကောင်းတာပေါ့”

“လက်ထပ်ပြီးမှ ကွာရှင်းလိုက်တာထက်စာရင်တော့ ပိုကောင်းတာပေါ့”

အန်းသုန်သည် မိဘများ၏ တုံ့ပြန်မှုကို တွေ့မြင်လိုက်ရသောအခါ နေရာတွင်ပင် မှင်သက်မိနေတော့သည်။

သူ၏မိဘများသည် သူ့ချစ်သူကို သဘောကျနေကြသည် မဟုတ်လား။

ဟယ်ရာဝမ်ကို အိမ်သို့ ပထမဦးဆုံး ခေါ်လာချိန်တွင် သူ၏မိဘများသည် အလွန်ပင် ပျော်ရွှင်နေခဲ့ကြသည်။

သူတို့သည် မိသားစု ဆုံညီတွေ့ဆုံပွဲကိုပင် ခမ်းခမ်းနားနား ဆင်နွှဲခဲ့ကြသေးသည်။

သို့သော် ယခုမှာ…

“အဖေ၊ အမေ…အမေတို့က ဟယ်ရာဝမ်ကို သဘောကျကြတယ် မဟုတ်ဘူးလား” အန်းသုန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။

သူ့မိဘများ၏ တုံ့ပြန်ဖြေကြားမှုက အနည်းငယ် ထူးဆန်းနေလေသည်။

“ရှောင်သုန်…အမေနဲ့ အဖေတို့က မင်းကို ပြောမပြချင်ခဲ့ဘူး။ မင်း အဲဒီမိန်းမအတွက်နဲ့ ခံစားနေရမှာကို မကြည့်ရက်လို့ အမေတို့က မပြောပြခဲ့တာ”

ထို့သို့ပြောလိုက်ပြီးနောက် မိဘများသည် အန်းသုန်ကို သူတို့သိထားသော အကြောင်းများကို ပြောပြလေတော့သည်။

အမှန်တကယ်တော့ မိဘများသည် ဟယ်ရာဝမ်ကို သဘောကျခဲ့ကြသည်။ သူမသည် ချောမောလှပ၍ နူးညံ့သိမ်မွေ့လေသည်။ သူမသည် မြို့ပေါ်တွင်နေထိုင်၍ သူမ၏မိသားစုသည် သူတို့ထက် ချမ်းသာကြလေသည်။

သူတို့၏သားသည် ကောလိပ်မတတ်ဖူးချေ။ ထို့ကြောင့် ဤကဲ့သို့သော အနေအထားရှိသည့် မိန်းကလေးနှင့် တွေ့ဆုံရခြင်းသည် ကောင်းမွန်သည့် ကိစ္စတစ်ရပ်ဖြစ်လေသည်။

ထို့ကြောင့် မှားယွင်းစွာဖြင့် သူတို့သည် အနာဂတ် ချွေးမလေးအပေါ်တွင် များစွာကြင်နာခဲ့ကြလေသည်။

ထိုမိန်းကလေး၏ မိသားစုသည် ပြဿနာရှာကြ၍ သူတို့ကိုလည်း ဈေးကြီးသော လက်ဆောင်များ ပေးခိုင်းကာ အိမ်ဝယ်ရန်အတွက် ငွေကြေးများကိုလည်း တောင်းခံကြစေကာမူ သူ့မိဘများသည် သဘောတူ လက်ခံခဲ့ကြသည်။

သို့သော်လည်း သူတို့သည် ယနေ့အချိန်အထိ အမျိုးသမီးအန်း၏ အစ်မဖြစ်သူ အန်တီလျိုလင်ထံမှ ကောလာဟလအချို့ကို ကြားသိထားကြလေသည်။

လျိုလင်၏ ခင်ပွန်းဖြစ်သူ ရွှီရိုချောင်သည် မြို့ပေါ်တွင် စတိုးဆိုင်လုပ်ငန်းအချို့ကို ပိုင်ဆိုင်ထားသောကြောင့် ချမ်းသာသော အမျိုးသမီးဖြစ်သူ အန်းရှလောက်တော့ မချမ်းသာလှသော်လည်း ဤမြို့ငယ်လေးထဲတွင်တော့ လွန်စွာ အာဏာကြီးမားလေသည်။

လျိုလင်၏ အမျိုးသားမိသားစုသည် မြို့ထဲတွင် ဆွေမျိုးအချို့လည်း ရှိနေလေသောကြောင့် အကြောင်းအရာပေါင်းများစွာကို သိရှိလေသည်။

တစ်နေ့တွင် သူတို့သည် လျိုလင်ထံမှ ဟယ်ရာဝမ်အကြောင်းကို ကြားသိလိုက်ရလေသည်။

ထိုအကြောင်းအရာတို့သည် ထိုလင်မယားဖြစ်သူကို အံ့သြမှင်တက်သွားစေခဲ့သည်။

မိဘများသည် သူတို့၏ နူးညံ့သိမ်မွေ့၍ ကောင်းမွန်လှသော အနာဂတ်ချွေးမလေးသည် ဝင်ငွေအများအပြားရရှိနေသော ပြည့်တန်ဆာအဖြစ် သိရှိသွားကြလေတော့သည်။

ပြီးနောက် သူတို့၏ သားသည်လည်း ထိုအမျိုးသမီး၏ ဖောက်သည် ဖြစ်နေသည်ဟု ကောလာဟလ ကြားရပြန်လေသည်။

သူတို့သည် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သေသေချာချာ နားလည်နေကြသော်လည်း စိတ်ရှုပ်ထွေးနေကြဆဲပင်။

သူတို့သည် ဟယ်ရာဝမ်ကို ထိုကဲ့သို့သော လူစားမျိုး ဖြစ်နေလိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေကြလေသည်။ တစ်နည်းအားဖြင့် သူတို့သည် ထိုကိစ္စကို မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိနိုင်တော့ချေ။

သူတို့နှစ်ဦးစလုံးသည် စိတ်ထားကောင်းမွန်သူများ ဖြစ်လေသောကြောင့် သူတို့၏ သားဖြစ်သူသည် ဟယ်ရာဝမ်ကို လွန်စွာချစ်မြတ်နိုး၍ လက်ထပ်ရန်ပင် ပြင်ဆင်နေလေသောကြောင့် ထိုလင်မယားသည် သူတို့၏သားကို မည်ကဲ့သို့ ပြောရမည်ကိုပင် မသိ ဖြစ်နေလေခဲ့သည်။

ဟယ်ရာဝမ်သည် သူတို့၏ သားဖြစ်သူကို အမှန်တကယ်သာ ချစ်မြတ်နိုးမည်ဆိုလျှင် သူမကိုယ်သူမ ပြောင်းလဲနိုင်လောက်မည်ဟု ထိုလင်မယားသည် မရေမရာဖြင့် မျှော်လင့်မိခဲ့လေသည်။

သို့သော်လည်း သူတို့၏ နှလုံးသားထဲတွင် လိုလိုလားလားရှိနေသော ကိစ္စတစ်ခုမှာ လက်ထပ်ရန် ရည်ရွယ်နေသော သားဖြစ်သူကို ဝမ်းမနည်းစေချင်ကြခြင်း ဖြစ်လေသည်။

ထို့ကြောင့် သူတို့သည် စိတ်ကို ချုပ်ထိန်းလိုက်ကြလေသည်။

သူတို့သည် ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရဆဲ ဖြစ်နေကြလေသည်။

ထို့နောက် ဟယ်ရာဝမ်၏မိဘများသည် သူတို့ကိုဖုန်းဆက်လာ၍ သူတို့၏သားဖြစ်သူကို ဟယ်ရာဝမ်ကို မနှောင့်ယှက်ရန် သတိပေးပြောဆိုလေသည်။

ထိုကိစ္စသည် သူတို့ကို စိတ်ရှုပ်ထွေးသွားစေလေသည်။ ဖုန်းချပြီးသွားသည့် နောက်မှ သူတို့သည် အသိစိတ်ပြန်ကပ်သွား၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြလေတော့သည်။

“အဲဒီတော့…သား သူမက လမ်းခွဲချင်တယ်ဆိုရင် လက်လွှတ်ပေးလိုက်”

“အမေ၊ အဖေ…အမေတို့ ပြောတဲ့အတိုင်းဆိုရင် ဝမ်ဝမ်…ဝမ်ဝမ်က…” အန်းသုန်သည် သူ့မိဘများကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိလျက် နောက်ထပ် စကားလုံးများကို ဆက်၍ ပြောမထွက်တော့ချေ။

“မဖြစ်နိုင်ဘူး၊ ဝမ်ဝမ်က မိန်းမကောင်းလေး တစ်ယောက်ပါ”

အန်းသုန်သည် သူ့ချစ်သူအကြောင်းကို တွေးမိနေတော့သည်။ တကယ်တော့ ရည်းစားဟောင်းဖြစ်လေသည်။

အန်းရှသည် အစ်ကိုကြီးဖြစ်သူ၏ စိတ်ဆင်းရဲနေကာ ကြောင်စီစီဖြစ်နေပုံကို ကြည့်လိုက်သောအခါ သူသည် သူမ ထင်ထားမိသကဲ့သို့ ထက်မြတ်လှသူမဟုတ်ကြောင်း တွေးမိလေတော့သည်။

“အန်းသုန်..အဖေတို့ ဘယ်တုန်းကများ မင်းကို လိမ်ပြောဖူးလို့လဲ”

အန်းချောင်ရှုန်းသည် အန်းသုန်၏ပုခုံးကို ဖွဖွကလေး ပုတ်လိုက်ရင်း ပြောသည်။ “သား…ဝမ်းမနည်းပါနဲ့။ ဒါက ကောင်းတဲ့ ကိစ္စပဲလေ”

အချိန်တစ်ခဏမျှကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် အန်းသုန်သည် သူ့ချစ်သူမှာ အချိန်အတော်ကြာထိတိုင်အောင် ပြည့်တန်ဆာ ဖြစ်နေခဲ့ဆိုသည့် အချက်ကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။

“အစ်ကိုကြီး…အစ်ကိုက ရုပ်လည်းချောတယ်။ တော်လည်းတော်တယ်။ အစ်ကိုက နောင်အနာဂတ်မှာ မိန်းမကောင်းလေးနဲ့ တွေ့မှာပါ”

သူမသည် အစ်ကိုဖြစ်သူကို နှစ်သိမ့်ပေးရန် ရှေ့သို့ တိုးလာခဲ့လေသည်။ သူမသည် စိတ်ထဲတွင် ကျေးဇူးတင်နေမိတော့သည်။ ကံကောင်းချင်တော့ ထိုမိန်းမသည် သူမအစ်ကိုနှင့် ပြတ်စဲခဲ့သောကြောင့် ဖြစ်လေသည်။

ထိုသို့သာမဟုတ်လျှင် တုံးအလှသော သူမအစ်ကိုသည် ဆက်လက်၍ လှည့်စားခံနေရမည်သာ ဖြစ်သည်။

အန်းသုန်သည် မိသားစုကို စိတ်မပူစေလိုသောကြောင့် ခေါင်းညိမ့်ပြ၍ ပြောလိုက်လေသည်။ “ကောင်းပါပြီ အဖေ၊ အမေ၊ ညီမလေး။ ဝမ်ဝမ်က ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ ကျွန်တော်တို့ ပြတ်သွားကြပြီပဲ။ ကိစ္စမရှိတော့ပါဘူး”

ဟယ်ရာဝမ်သည် ပြည့်တန်ဆာဖြစ်နေလျင်တောင် သူသည် သူ့ရည်းစားဟောင်းကို ဂုဏ်သိက္ခာကျဆင်းစေမည့် စကားလုံးများကို မပြောချင်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမနှင့်အတူရှိနေခဲ့ရ၍ သူသည် အလွန်ပျော်ရွှင်ခဲ့ရလေသည်။

အန်းရှသည် အနည်းငယ်စိတ်ပျက်နေပုံရ၍ လေးနက်စွာပြောနေသော သူမအစ်ကိုကိုကြည့်၍ ပြောလိုက်လေသည်။ “အစ်ကိုက လောကကြီးမှာရှိတဲ့ အကောင်းမွန်ဆုံး မိန်းကလေးနဲ့ပဲ ထိုက်တန်တယ်”

အန်းရှသည် သူမကိုလွန်စွာ ချစ်မြတ်နိုးကြသော အန်းမိသားစုနှင့် ရက်အနည်းငယ်ကြာအောင် အတူတကွရှိနေပြီး သူတို့နှင့် နေထိုင်ရသည်ကိုလည်း အသားကျလာပြီးနောက်တွင် သူမ၏ မိသားစုအရင်းကဲ့သို့သာ မှတ်ယူထားလိုက်တော့သည်။

အန်းရှသည် သူမ၏ ဆွေမျိုးများအပေါ်တွင်လည်း လွန်စွာ ကာကွယ်ပေးတတ်သူ ဖြစ်လေသည်။

အန်းမိသားစုသည်လည်း အန်းရှ၏ စိတ်သဘောထားအတိုင်း လိုက်နာြပုမူကြလေသည်။

အန်းရှသည် ထိုမိသားစုနှင့် ငါးနှစ်ကြာအောင် မတွေ့မြင်ခဲ့ရသည် ဖြစ်သည့်အလျောက် သူတို့တွင် အခက်အခဲ ပြဿနာများလည်း ရှိနိုင်မည် ဖြစ်သည်။

များစွာပြောင်းလဲသွားသော အန်းရှကို တွေ့မြင်လိုက်ရသောအခါ သူမကို မြင်တွေ့ရသည်နှင့်ပင် သူတို့သည် လွန်စွာ ချစ်ခင် မြတ်နိုးမှုကို ခံစားနေကြရတော့သည်။ သူတို့၏ အခက်အခဲများသည် ဘာမျှမပြောပလောက်တော့ချေ။

ထို့ကြောင်ပင် သူတို့သည် ပိုမို၍ ရင်းနှီးလာကြတော့သည်။

ညစာ စားသောက်ပြီးလေသောအခါ အမျိုးသမီးအန်းသည် အန်းရှကို လမ်းလျှောက်ထွက်ရန် အတူခေါ်သွား၍ သူမ၏ နှလုံးသားကို ဆွဲဆောင့်ခံရသကဲ့သို့ ခံစားရစေမည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။ “ပြောရဦးမယ်။ သမီးအစ်ကိုက ဟိုမိန်းကလေးနဲ့ လမ်းခွဲဖြစ်သွားတာက သမီးကို ကျေးဇူးတင်ရမယ်”

“ဘယ်လို”

သူမသည် အမျိုးသမီးအန်းကို တွေဝေစွာကြည့်လိုက်မိသည်။ ထိုကိစ္စသည် သူမနှင့် မည်ကဲ့သို့ ပတ်သက်နေရသနည်း။ သူမသည် ခရေစေ့တွင်းကျ အကြောင်းစုံကို သိလိုက်ရသောအခါ ဝမ်းနည်းမှုကို မြိုသိပ်ထားမှုကြောင့် နှာခေါင်းပင် ယားလာပြန်တော့သည်။

သူမ၏အစ်ကိုကြီးသည် သူမကို အိမ်ပြန်လာ၍ တွေ့ချင်သောကြောင့် အလုပ်ထွက်စာပါ တင်လိုက်ရသည့် အကြောင်းပင် ဖြစ်လေတော့သည်။

Telegram မှာ အပိုင်း ၁၄၉အထိ ရောက်ပါပြီနော်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset