DBFFL အပိုင်း ၃၅

အပိုင်း (၃၅)

သူ့ကို ဖုန်းခေါ်ဆိုသူသည် သူ၏ ချစ်သူ ဟယ်ရာဝမ်ပင်ဖြစ်သည်။

“အန်းသုန်…ကျွန်မအခု ဒီကိစ္စကို သေသေချာချာ စဉ်းစားပြီးသွားပြီ။ ကျွန်မတို့…လမ်းခွဲကြရအောင်”

ဤအချိန်ကာလ အတောအတွင်းတွင် ဟယ်ရာဝမ်သည် သူ၏ ဖုန်းများနှင့် စာတိုများကို တုံ့ပြန်ဖြေကြားခြင်း မရှိလေသောကြောင့် သူ့အနေဖြင့် ခန့်မှန်းမိပြီးသား ဖြစ်သည်။

သူသည် အဖြေကို သူ၏နားဖြင့် ကြားသိလိုက်ရသောအခါ နှလုံးသားထဲတွင် နာကျင်မိနေတုန်းဖြစ်သည်။

သူသည် သူ့ကိုယ်သူ မျှော်မှန်းထားသလောက် မသန်မာသေးကြောင်း သိလိုက်ရသည်။

“မင်းရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ စိတ်ကူးမရှိတော့ဘူးလား” အန်းသုန်သည် အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ညင်သာစွာ မေးလိုက်လေတော့သည်။

သူသည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေလျက် ​အခြေအနေ မကောင်းမွန်ကြောင်းကို သိရှိလေသည်။ သူမသည် ပိုမိုကောင်းမွန်မှုနှင့်သာ ထိုက်တန်လေသည်။

သို့သော်လည်း သူသည် သူမအပေါ်တွင် ခံစားချက်ရှိနေသေးသောကြောင့် ယခုကဲ့သို့ အလွယ်တကူ လက်မလျှော့လိုက်ချင်ပေ။

“ဝမ်ဝမ်…ကိုယ်အခု အလုပ်ရှာနေပါတယ်။ ကုမ္ပဏီတော်တော်များများကလည်း စိတ်ဝင်စားကြတယ်။ ကိုယ်က လစာကိုတော့ အာမ မခံနိုင်သေးပေးမဲ့ အိမ်ကိုတော့…” အိမ်အတွက်တော့ အာမခံပေးနိုင်ပါတယ်။

အန်းသုန်သည် သူ့ချစ်သူနှင့် ပထမဦးဆုံးအကြိမ် အပေးအယူပြုလုပ်သည့် အနေဖြင့် အိမ်ဝယ်ယူရန်အတွက်တော့ သူ့မိဘများ၏ ငွေကိုအသုံးပြုရန် ခေါင်းမာမာနှင့် ငြင်းဆိုမိနေတုန်းပင်။

ကံမကောင်းချင်တော့ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်အပေါ်တွင် ခံစားချက်များကို ရုတ်သိမ်းရန် ဆုံးဖြတ်ပြီးသောအခါ ထိုသူအနေဖြင့် မည်သည့်စကားလုံးမျိုးကိုသာ ပြောသည်ဖြစ်စေ အသုံးမဝင်တော့ချေ။

“အန်းသုန်…ကျွန်မ တောင်းပန်ပါတယ်။ ကောင်းကောင်းမွန်မွန် နေထိုင်သွားကြရအောင်”

“ကောင်းပါပြီ၊ တောင်းပန်ပါတယ်။ ကိုယ် စိတ်လွတ်သွားတယ်။ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်”

သူသည် နှုတ်ခမ်းများကို ခါးသီးစွာဖြင့် တင်းတင်းစေ့ပိတ်ထားပြီး ဖုန်းကိုလက်နှင့် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလေသည်။ သူ၏လက်ခုံပေါ်မှ ထင်းနေသော အကြောများသည် သူ၏ စိတ်မတည်ငြိမ်မှုကို ဖော်ထုတ် ပြသနေသကဲ့သို့ပင်။

ဖုန်းချလိုက်ပြီးသည့်နောက် အချိန်အတော်ကြာအောင်ပင် သူသည် အဆင်မပြေသေးချေ။

သူသည် ဟယ်ရာဝမ်နှင့် နှနှစ်၊ သုံးနှစ်ကြာအောင် အတူတကွရှိနေခဲ့ပြီး တစ်ဦးနှင့်တစ်ဦးလည်း လွန်စွာ ချစ်မြတ်နိုးကြလေသည်။

သူသည် သူမဟာ သူ့ဇနီးဖြစ်လာမည်ဖြစ်ပြီး လက်ထပ်ဖြစ်ကြလိမ့်မည်ဟု တွေးထင်မိခဲ့လေသည်။

သို့သော် သူ မထင်ထားခဲ့သည်က သူတို့သည် သစ်သီးတစ်လုံးကို မှန်ကန်စွာ ပြုစုပျိုးထောင်ခဲ့သော်လည်း ယခုကဲ့သို့ ပျက်သုန်းသွားမည်ကိုပင်။

“အစ်ကိုကြီး…အဆင်ပြေရဲ့လား”။ သူ၏အစ်ကို ဖုန်းပြောနေစဉ်တွင် စိတ်ရှည်လက်ရှည် စောင့်ပေးနေသောအန်းရှသည် အစ်ကိုဖြစ်သူ၏ မှင်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသောအခါ စိုးရိမ်စွာဖြင့် သူ့ထံသို့ လျှောက်လာလေတော့သည်။

“အာ…အဆင်ပြေပါတယ်။ အစ်ကို အဆင်ပြေပါတယ်”

အသိစိတ်ပြန်ကပ်သွားပြီးနောက် အန်းသုန်သည် သူမကို စိုးရိမ်လျက်ရှိသော အန်းရှကို ကြည့်လိုက်လေသည်။ သူသည် ပြုံးပြလိုက်ကာ တည်ငြိမ်ချင်ယောင် ဆောင်နေလိုက်သည်။ သို့သော် သူ၏ နီစွေးလျက်ရှိသော မျက်လုံးများသည်တော့ ထိုအရာနှင့် ဆန့်ကျင်လျက်ပင်။

“ဒါပေမဲ့…အစ်ကိုကြီး၊ အစ်ကို့ကို ကြည့်ရတာ ဝမ်းနည်းနေပုံပဲ”။ ဝမ်းနည်းနေရုံပင်မဟုတ်။ သူ့အစ်ကိုမှာ ငိုချင်နေပုံပင်ရသည်။

အန်းရှသည် သူ၏ မျက်နှာအနေအထားကြောင့် နောက်ထပ်ပြောမည့် စကားလုံးများကို ဆက်မပြောနိုင်ခဲ့ချေ။

ယောက်ျားတစ်ယောက်အတွက်တော့ သူတို့ငိုနေသည်ကို အခြားသူတစ်ယောက်က မြင်တွေ့မိမည်ဆိုလျှင် ရှက်ဖွယ်ကောင်းလေသည်။

“အစ်ကို ပင်ပန်းနေလို့ပါ။ ဒီနေ့တော့ အိမ်ပြန်ကြတာပေါ့”

အပြန်လမ်းတစ်လျှောက်တွင်တော့ အန်းရှသည် သူမ၏အစ်ကိုကို တိတ်တဆိတ် ခိုးကြည့်မိလျက် သူမအစ်ကို ကြုံတွေ့လိုက်ရသော အကြောင်းအရာကို သိချင်နေမိတော့သည်။

သူမသည် သူမအစ်ကိုနှင့် စကားပြောနေသူကို မသိလိုက်ရသောကြောင့် အနည်းငယ် နောင်တရမိလေသည်။

ထိုအကြောင်းကို အန်းရှသည် ကြာကြာ မစဉ်းစားလိုက်ရပါ။ သူမသည် အန်းသုန်နှင့် အိမ်ပြန်ရောက်သွားသောအခါ အဖြစ်အပျက်များကို သိသွားလေတော့သည်။

“ရှောင်သုန်…မင်း ဝမ်ဝမ်နဲ့ လမ်းခွဲလိုက်တာလား”

သူတို့သည် အိမ်ထဲသို့ ဝင်လိုက်သောအခါ ဧည့်ခန်းထဲတွင် ထိုင်နေကြသော မိဘများသည် အန်းသုန်ကို ကြည့်နေလေသည်။

ဘာများလဲ။ သူမအစ်ကိုနှင့် အခုလေးတင် ဖုန်းဆက်နေသူက သူ့ရဲ့ချစ်သူလား။

သူမသည် သူမအစ်ကိုအတွက် စိတ်ဆင်းရဲမှုကို အနည်းငယ် ခံစားလိုက်ရတော့သည်။

ထို့ကြောင့်သူသည် ဖုန်းဆက်ပြီးနောက်တွင် စိတ်မသက်မသာ ဖြစ်သွားပုံရပြီး ဝမ်းနည်းနေခြင်း ဖြစ်လေသည်။

သို့သော်လည်း မိဘများသည် မည်သို့ သိသွားကြလေသနည်း။ သူတို့သည် လမ်းခွဲပြီး မကြာခင်မှာပင် သိသွားကြလေသည်။

“အမေ၊ အဖေ၊ ကျွန်တော့်ကိုသာ အပြစ်တင်ရမှာပါ။ ကျွန်တော့် အမှားပါ။ ဝမ်ဝမ်အတွက် မကောင်းပေးနိုင်လို့ ကျွန်​တော့်အမှားပါပဲ”

အန်းသုန်သည် သူ၏မိဘများ သိသွားပြီဖြစ်လေသောကြောင့် လမ်းခွဲခြင်းကို မဖုံးကွယ်ထားတော့ဘဲ အပြစ်သာ ခံယူလိုက်တော့သည်။ သူ၏မိဘများသည် သူ့ချစ်သူကို သဘောကျကြ၍ သူတို့လက်ထပ်သည်ကိုလည်း တွေ့မြင်နေချင်ခဲ့ကြသည် ဖြစ်သည်။

သို့သော်လည်း သူသည် မိဘများကို စိတ်ပျက်စေမိခဲ့ပြီ ဖြစ်သည်။

သို့သော် သူ မထင်မှတ်ထားခဲ့မိသည်က သူ့မိဘများသည် သူ့အနေဖြင့် လမ်းခွဲလိုက်လေသောကြောင့် အလွန်အမင်း ပျော်ရွှင်နေကြသည်ကိုပင်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset