DBFFL အပိုင်း ၃၄

အပိုင်း (၃၄)

“ညီမလေးက ဘယ်လိုအိမ်မျိုးကို လိုချင်တာလဲ။ အစ်ကိုက မြို့ပေါ်မှာ အလုပ်လုပ်နေတာဆိုပေမဲ့ အစ်ကိုတို့နယ်မှာရှိတဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းကို အားလုံးနီးပါးသိတယ်။ ညီမလေးကြိုက်တဲ့ အိမ်ပုံစံမျိုးကို ပြောပြလေ။ အစ်ကို ရှာထားပေးမယ်”

“ညီမကြိုက်တာက…စိမ်းစိမ်းစိုစို ပတ်ဝန်းကျင်မျိုးကို သဘောကျတာ။ လေကောင်းလေသန့်ရတဲ့ သဘာဝ ပတ်ဝန်းကျင်မျိုးကို လိုချင်တာ။ အရေးအကြီးဆုံးကတော့ လူကြီးတွေနဲ့ သင့်တော်မဲ့ နေရာမျိုးပေါ့”

အန်းရှ၏ တောင်းဆိုမှုများကို နားထောင်ပြီးနောက်တွင် အန်းသုန်သည် အကြောင်းတစ်စုံတစ်ခုကြောင့် ကုမ္ပဏီ၏ ဆောက်လက်စ မပြီးပြတ်သေးသော အဆောက်အအုံများအကြောင်းကို စိတ်ထဲတွင် တွေးမိသွားလေသည်။

သူ၏ညီမ လိုချင်နေသော ပတ်ဝန်းကျင်မျိုးကို သူ သိထားလေသည်။

တိုက်ဆိုင်စွာဖြင့် ထိုဝန်းကျင်ရှိသော အိမ်မျိုးသည် သူတို့မြို့၏ အစွန်အဖျားတွင် တည်ရှိနေလေသည်။

တစ်ခုတည်းသော မကောင်းသည့်အချက်မှာ ထိုအိမ်ဝန်းကျင်တွင် အဆောက်အအုံနှင့် လူနေအိမ် သိပ်မရှိသေးခြင်း ဖြစ်သလို ထိုဒေသသို့ လည်ပတ်သွားလာရန်လည်း အဆင်မပြေသေးချေ။

အရေးကြီးသော အကြောင်းတစ်ချက်မှာ ထိုကုမ္ပဏီသည် ဒေဝါလီခံတော့မည်ဖြစ်ပြီး ဆောက်လုပ်၍လည်း မပြီးသေးသောကြောင့် ဝယ်ယူရန် မဖြစ်နိုင်သေးချေ။

ထို့ကြောင့် ထိုအဆောက်အအုံကို သူ၏ အိမ်ရှာဖွေခြင်း အစီအစဉ်ထဲတွင် မထည့်သွင်းတော့ချေ။

“ညီမလေး…နေ့လယ်ပိုင်းအားရင် အိမ်ရှာဖို့ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီတစ်ခုကို အစ်ကို ခေါ်သွားပေးမယ်”

အန်းရှသည် မျက်လုံးများ ဝင်းလက်သွားလေသည်။

“ကောင်းတယ်…ကောင်းတယ်….အမေ၊ အဖေ၊ အစ်မ…နေ့လယ်ကျရင် အိမ်ကြည့်ဖို့ သွားကြမယ်လေ”

သို့သော်လည်း အန်းရုံသည် အလုပ်သွားရမည်ဖြစ်ပြီး မိဘများသည်လည်း သူတို့၏ ပိတ်ခါးနီဆဲဆဲဖြစ်သော မနက်စာဆိုင်သို့ သွားရမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်နေသော အစ်ကိုဖြစ်သူမှလွဲ၍ သူမနှင့်အတူ အိမ်သွားရှာပေးနိုင်သူ တစ်ယောက်မှ မရှိတော့ချေ။

နောက်ဆုံးတွင်တော့ အန်းရှနှင့် အန်းသုန်သာ အတူထွက်လာခဲ့လေသည်။

ရှဟယ်မြို့သည် မြို့ငယ်လေး တစ်မြို့သာဖြစ်၍ အလွန်လည်း ခေါင်လှပေသည်။

ထို့ကြောင့် စံအိမ်ကြီးများသည်လည်း သိပ်မရှိလှပေ။

အန်းရှသည် စံအိမ်ကြီးများကို တာဝန်ယူထားသော အိမ်ခြံမြေကုမ္ပဏီမှပြသည့် အိမ်ကြီးများကိုလည်း သစ်ပင်များမရှိသော ပတ်ဝန်းကျင် အနေအထားနှင့် အခန်းပုံစံများကြောင့် သဘောမတွေ့လှပါ။ အိမ်ခြံမြေကုမ္ပဏီ နှစ်ခုသုံးခုဆီသို့ သွားရောက်ရှာဖွေပြီးနောက်တွင် အန်းရှသည် တစ်အိမ်မျှ သဘောမကျချေ။

အန်းရှသည် ရည်မှန်းချက်ကြီးလေသည်။ အန်းသုံသည် သူ၏ညီမဖြစ်သူသည် မြို့တော်ကြီးတွင် နေခဲ့လေသောကြောင့်ဟု သဘောပေါက်လေသည်။

ထို့ကြောင့် သူသည် ညီမလေးကို မည်သည့်နေရာသို့ပင် ခေါ်သွားရမှန်း မသိဖြစ်နေတော့သည်။

သူသည် ကြိုးစား၍ ဆက်လက်ရှာဖွေပြီးနောက်တွင် မည်သည့်နေရာမှ ရရှိခဲ့မှန်းမသိသည့် လက်ကမ်းစာစောင်ကို ကိုင်ဆောင်ထားသည့် အန်းရှကို တွေ့လိုက်ရလေသည်။

[လင်ရှန်း ပျယ်ယွမ်၊ သစ်တောများဝန်းရံထား၍ ကျေးငှက်၊ ပန်းမန်များ ရေကန်များဖြင့် သဘာဝပတ်ဝန်းကျင် ဥယျာဉ်တွင်တည်ရှိသည့် တန်ဖိုးရှိလှသော စံအိမ်ကြီး]

“အစ်ကိုကြီး…ကျွန်မ ဒီအိမ်ကို သဘောကျတယ်။ ဒီပတ်ဝန်းကျင်က အိမ်ကိုလိုချင်တယ်”။ အန်းရှသည် အန်းသုန်ကို ဝင်းလက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၍ ပျော်ရွှင်စွာ ပြောလိုက်တော့သည်။

အန်းသုန်သည် အန်းရှကို ဆွဲဆောင်နိုင်သော အိမ်အကြောင်းကို သိချင်မိသွားတော့သည်။

သူသည် အန်းရှထံမှ လက်ကမ်းစာစောင်ကိုယူ၍ ထိုအဆောက်အအုံ၏ အမည်ကို ဖတ်လိုက်သောအခါ ဆွံအမိသွားလေတော့သည်။

“လင်ရှန်း ပျယ်ယွမ်”

ဒါက မပြီးစီးသေးသော အဆောက်အအုံမဟုတ်လား…

သူမသည် ထိုလက်ကမ်းစာစောင်ကို မည်သည့်နေရာမှ ရခဲ့သည်ကို သူမသိချေ။ ရှဟယ် တစ်မြို့လုံးသည် လင်ရှန်းပျယ်ယွမ် အဆောက်အအုံသည် ပျက်စီးယိုယွင်းနေသော အဆောက်အအုံတစ်ခု ဖြစ်ကြောင်း မသိကြချေ။

အိမ်ဈေးနှုန်းသည် နှစ်ထောင်အထိ ထိုးကျသွားလျင်တောင် မည်သူမျှ ထိုဆောက်လက်စ အဆောက်အအုံကို ဝယ်ကြမည် မဟုတ်ချေ။

“အစ်ကိုကြီး ဒီအိမ်မျိုးက ကျွန်မ မျှော်မှန်းထားတဲ့ အိမ်ပုံစံမျိုးပဲ။ အိမ်တစ်လုံးက ပန်းခြံလေးလည်းပါပြီး ရေကန်လေးကိုလည်း မျက်နှာမူထားတော့ အရမ်းကောင်းတာပဲ။ ကျွန်မတို့ အဲဒီလိုနေရာမျိုးမှာသာ နေရမယ်ဆိုရင် ဘဝကြီးက အရမ်းကို သက်တောင့်သက်သာ ရှိမှာပဲနော်”

သူသည် ခေါင်းကိုသာ ခါးရမ်းပြလိုက်လေသည်။

“ညီမလေး…အဲဒီနေရာက အိမ်ကို ဝယ်လို့မရဘူး”

“ဟင်…ဘာဖြစ်လို့လဲ”

“ဘာကြောင့်လဲဆိုတော့ အဲဒါက ဆောက်လက်စ အဆောက်အအုံကြီးလေ”

“ဟင်…ဆောက်လက်စဆိုတာ ဘာကိုဆိုလိုတာလဲ”

သူသည် ကောင်းမွန်မှုမရှိသော အဆောက်အအုံဖြစ်ကြောင်း ရှင်းပြပြီးနောက်တွင် သူမသည် ဂရုမစိုက်ဟန် ဖြစ်နေလေသောကြောင့် အံ့သြသွားရလေသည်။

“ကိစ္စမရှိပါဘူး။ အစ်ကိုတို့ကုမ္ပဏီက အိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘူးဆိုပေမဲ့ ကျွန်မမှာ ပိုက်ဆံရှိတယ်လေ။ ကျွန်မ အဲဒီအတွက် ပိုက်ဆံပေးလိုက်မှာပေါ့”။ အန်းရှ၏ မျက်လုံးများသည် ဝင်းလက်နေတော့သည်။

ဟုတ်တယ်။ သူမနေထိုင်မည့် စံအိမ်ကို သူမကိုယ်တိုင် ဆောက်လုပ်မည်ဆိုလျှင် ပို၍ကောင်းမွန်ပေမည်။

သူမသည် စဉ်းစားကြည့်လေလေ သူမကိုယ်သူမ ဉာဏ်ကောင်းသည်ဟု ထင်မိလေလေ ဖြစ်နေတော့သည်။

“ညီမလေး…”။ မင်း နားမလည်နိုင်ပါဘူး။

အန်းရှသည် အန်းသုန်ကို စကားဖြတ်ပြောလိုက်လေသည်။ “အစ်ကို…ကျွန်မ ဒီအဆောက်အအုံကို ကြိုက်တယ်။ အစ်ကိုတို့ကုမ္ပဏီက ဆက်ပြီးဆောက်လုပ်ဖို့ ပိုက်ဆံမရှိဘူးဆိုရင် ကျွန်မတို့ ဝယ်လိုက်ကြမယ်လေ။ အစ်ကို…ကျွန်မ တကယ်ပြောနေတာပါ”

အန်းရှ၏ ရိုးသားသော စကားလုံးများကို ကြားလိုက်ရသောအခါ အန်းသုန်သည် ခေါင်းကိုက်သွားတော့သည်။

အဆောက်အအုံတစ်ခုလုံးကို ဝယ်ယူမည်တဲ့လား။ ထိုအဆောက်အအုံသည် မပြီးစီးသေးလျှင်တောင်မှလား။ ထိုအဆောက်အအုံကို ဝယ်ယူပြီးလျှင် မည်ကဲ့သို့ ဆက်လုပ်မည်နည်း…

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူမကို ထပ်မံ၍ ရှင်းပြလေတော့သည်။

သို့သော် သူ့အနေဖြင့် မည်မျှပင် ရှင်းပြနေစေကာမူ သူမသည် လင်ရှန်းပျယ်ယွမ်ကိုသာ သဘောကျနေတော့သည်။

နောက်ဆုံးတွင်တော့ သူသည် ဈေးအလွန်များသောကြောင့် သူမအနေဖြင့် ဝယ်ယူရန် မတတ်နိုင်လောက်သောကြောင့်ဟုသာ ပြောလိုက်လေတော့သည်။

သို့သော်လည်း ပိုက်ဆံဖြင့် ဖြေရှင်း၍ရသောကိစ္စကို ပြဿနာဟုပင် မမှတ်ယူနိုင်ပါ။

အန်းရှသည် သူမ၏ ငွေကြေးပိုင်ဆိုင်မှုများကို ပြသလေသည်။

သူမသည် သူမပိုင်ဆိုင်သော အိမ်ခြံမြေများ၊ အစုရှယ်ယာများနှင့် ငွေကြေးများကိုပါ ထည့်တွက်ထားခြင်း ဖြစ်လေသည်။

အန်းရှ၏ အမူအယာများသည် ချစ်စဖွယ်ကောင်းနေသော်လည်း အန်းသုန်သည် ခေါင်းကိုက်နေပြန်တော့သည်။

“အစ်ကိုကြီး…အစ်ကိုကြီး…ကျွန်မတို့ ဒီအဆောက်အအုံကို ကိုယ်တိုင် ဆောက်လုပ်ကြမယ်လေ။ အဲဒါဆိုရင် ကျွန်မတို့မိသားစုရဲ့ ကိုယ်ပိုင် အဆောက်အအုံဖြစ်လာမှာ ဘယ်လောက်တောင် ကောင်းလိုက်မလဲ”။ အန်းရှသည် အန်းသုန်၏ လက်မောင်းကို ဆုပ်ကိုင်ထားရင်း အသံချိုချိုလေးဖြင့် ပြောနေလေတော့သည်။ သူမသည် ရှက်သွေးဖျာလျက် ရှက်နေပြန်လေသည်။

အန်းရှ၏ ရှက်ကိုးရှက်ကန်း အမူအယာလေးကြောင့် အန်းသုန်၏ နှလုံးသားသည် ပျော့ပြောင်းသွားရတော့သည်။ ထိုဆောက်လက်စ အဆောက်အအုံကို ဝယ်ယူ၍ မရနိုင်မှန်း သိလျက်နှင့်ပင် သူသည် လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။

အမှန်တကယ်တော့ ထိုအဆောက်အအုံ၏ တည်နေရာသည် ယိုယွင်းလျက်ရှိနေပြီး ထိုအနီးအနားပတ်ဝန်းကျင်တွင်လည်း ကျောင်း၊ ဆေးရုံများ မရှိကြချေ။

သို့သော် ရှုခင်းများမှာတော့ ကောင်းမွန်လှပြီး နာမည်ကြီး သဘာဝရှုခင်းတစ်ခုဖြစ်သည့် လျိုရှန်းရေကန်နှင့်လည်း သိပ်မဝေးလှပေ။ အငြိမ်းစားဘဝဖြင့် နေထိုင်မည်ဆိုလျှင် အလွန်ကောင်းမွန်လှသော ဝန်းကျင်ဒေသဖြစ်လေသည်။

ထို့အပြင် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီသည် ထိုမြေနေရာကို ဖွံဖြိုးတိုးတတ်မှုအတွက် ဝယ်ယူခဲ့ခြင်း မဟုတ်ချေ။

စီမံခန်ခွဲမှု လျော့ရဲခြင်းကြောင့် ဆက်လက်၍ မဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒါ့အပြင် ထိုဝန်းကျင်ဒေသတွင် ကျောင်းမရှိသော်လည်း အလားအလာရှိသော နေရာတစ်ခုပင် ဖြစ်သည်။

“ဒါပေမဲ့…ညီမလေး၊ အဆောက်အအုံ နေရာတစ်ခုလုံးကို ဝယ်ချင်တိုင်း ဝယ်လို့မရဘူးလေ”

အန်းသုန်သည် ထိုကဲ့သို့ ပြောလိုက်သောအခါ အန်းရှသည် စိတ်ပျက်သွား၍ ခေါင်းလေးငုံ့လိုက်လေတော့သည်။

သူမသည် မိဘများအတွက် အိမ်လေးတစ်လုံး ဝယ်ပေးချင်ရုံမျှသာ။ ဘာကြောင့်များ အဲဒီလောက် ခက်ခဲနေရသနည်း။ သူမသည် ငွေကြေးမြောက်များစွာ ရှိနေသော်လည်း မသုံးနိုင် မဖြုန်းနိုင် ဖြစ်နေလေသည်။

အန်းရှ၏ အမူအယာကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်သည် အနည်းငယ် ရယ်ချင်မိသွားသလို စိတ်မချမ်းမသာလည်း ဖြစ်သွားလေသည်။ သူသည် သူမ၏ ခေါင်းလေးကို ပုတ်ပေးချင်မိတော့သည်။

သို့သော်လည်း အန်းသုန်သည် သူမ၏လက်ကို ကိုင်လိုက်ရန် ပြင်လိုက်ချိန်တွင် ဖုန်းဝင်လာလေသည်။

သူသည် ဖုန်းကို ထုတ်လိုက်၍ ခေါ်ယူသူကို ကြည့်လိုက်မိသောအခါ သူ၏ မျက်နှာပေါ်တွင် စိတ်ချမ်းသာသွားသော အမူအယာနှင့် ဖုံးလွှမ်းသွားတော့သည်။

ထို့နောက် သူသည် အန်းရှ၏ ဦးခေါင်းကို ဖွဖွကလေး ပုတ်လိုက်၍ သူ့အနေဖြင့် ဖုန်းပြောရန် ထောင့်တစ်နေရာကို သွားမည်ဟု အရိပ်အကဲ ပြလိုက်လေသည်။

“ဟေး…ဝမ်ဝမ်”။

Telegram မှာ အပိုင်း ၁၄၄အထိ ရောက်ပါပြီနော်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset