DBFFL အပိုင်း ၂၇

27 01
အခန်း ၂၇

အန်းမိသားစုသည် ရိုးသားဖြောင့်မတ်၍ ကြင်နာတတ်ကြသည်။

သူတို့တွင် သားသမီး လေးဦးရှိလေသည်။

ပထမကလေးသည် အန်းရုံ၊ ဒုတိယသည် အန်းသုံ၊ တတိယမြောက်သည် အန်းရှနှင့် အငယ်ဆုံးမှာ အန်းချိုးဖြစ်လေသည်။

အန်းရှမှလွဲ၍ ကျန်သောကလေးသုံးယောက်သည် အမေဖြစ်သူ၏ လှပချောမောသော ရုပ်ရည်ကို အမွေမရရှိလေဘဲ အဖေဖြစ်သူ၏ ရိုးသားဖြောင့်မတ်မှုကိုသာ ပိုင်ဆိုင်ထားကြလေသည်။

ထိုအရာက အန်းရှသည် မိသားစုဝင်များ၏ အမြတ်နိုးရဆုံးသော အကြောင်းတစ်ခုပင်။

အငိုသန်သောကလေးသည် သကြားလုံး ပိုရသကဲ့သို့ပင် ဖြစ်သည်။

မူလပိုင်ရှင်သည် ငယ်ရွယ်စဉ်ကတည်းက ထက်မြတ်၍ လူများကို စိတ်ကျေနပ်မှုရအောင် မည်သို့စွမ်းဆောင်ရမည်ကို သိနားလည်သည်။

ထို့ကြောင့် အန်းမိသားစုကို သိသူတိုင်းသည် အန်းရှကို ထက်မြတ်ပြီး ချောမောသော ကလေးအဖြစ် သဘောကျ နှစ်သက်ကြလေသည်။

အန်းမိသားစုမှ ကျန်သောကလေး သုံးယောက်သည် မိဘများထံမှ ကောင်းမွန်သော ကိုယ်ကျင့်တရားကို အမွေရရှိထားကြသည်။ သူတို့သည် မနာလိုဝန်တိုခြင်း အလျင်းမရှိကြ။ ဆန့်ကျင်ဘက်အားဖြင့် မူလပိုင်ရှင်၏ အကျိုးအတွက်သာ အရာအားလုံး ဖြည့်ဆည်းပေးခဲ့ကြလေသည်။

နှစ်ပေါင်းများစွာအတွင်း မိသားစုဝင်များသည် မူလပိုင်ရှင်အတွက် ဖြည့်ဆည်းပေးရခြင်းတွင် အသားကျလျက်ရှိနေကြပြီး သူမ၏ အတွေးဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာဆောင်ရွက်ကြသူများ ဖြစ်သွားလေသည်။ ထိုအကြောင်းကြောင့်ပင် မူလပိုင်ရှင် ထောက်ပံ့ပေးသော ငွေကြေးများကို ထိတောင်မထိခဲ့ကြပေ။ ထိုမိသားစုဝင် ငါးဦးစလုံးသည် လောဘမကြီးကြပေ။

ထို့အပြင် မူလပိုင်ရှင် လစဉ်ပို့ပေးသော ငွေကြေးများသည် များပြားလွန်းသောကြောင့် သူတို့သည် ထိုမြောက်များလှစွာသော ငွေကြေးများကို မသုံးမစွဲရဲ ဖြစ်နေခဲ့ကြသည်။ သူတို့သည် ထိုငွေများမှာ သူမ၏ငွေများ ဖြစ်လေသောကြောင့် နောင်အနာဂတ်တွင် သူမတစ်စုံတစ်ရာ အခက်အခဲနှင့် ကြုံတွေ့နိုင်သည်ဟု တွေးမိ၍ သူမအတွက်သာ စုဆောင်းပေးထားရန် ကြံရွယ်ခဲ့ကြသည်။

သူတို့မိသားစုသည် နေထိုင်ရေး ခက်ခဲကြလေသည်။ သားအကြီးဖြစ်သူသည် သတို့သမီးတင်တောင်းရန်နှင် အိမ်ဝယ်ရန် ငွေကြေးလိုအပ်လေသည်။ သားအငယ်သည် ကျောင်းတတ်နေတုန်းပင် ဖြစ်သည်။ သို့သော်လည်း မိဘများသည် မူလပိုင်ရှင် ပို့ပေးသော ထိုငွေအမြောက်အများကို ထိရန်ပင် မတွေးတော့ဖူးခဲ့ပေ။

“အဲဒါ သမီးရဲ့ပိုက်ဆံတွေပဲလေ။ အမေနဲ့ သမီးအဖေက သမီးအတွက်ပဲ စုပေးထားတာ”

သံသယဝင်နေပုံရသော အန်းရှကိုတွေ့လိုက်ရသဖြင့် သူမ အမေက ပြောလာသည်။ “ဟုတ်တယ် ရှရှ၊ သမီးပို့ပေးလိုက်တဲ့ ပိုက်ဆံတွေကို အမေတို့ တစ်ပြားတစ်ချပ်မှ မသုံးခဲ့ဘူး။ ဘဏ်မှာပဲ တစ်ချိန်လုံး စုထားတော့ အတိုးတွေလည်း အများကြီးရတယ်။ ဒီပိုက်ဆံတွေနဲ့ဆိုရင် အနာဂတ်မှာ သမီးကွာရှင်းလိုက်ရလဲ အမေတို့ စိတ်ပူစရာ မလိုတော့ဘူးလေ”

အန်းမိသားစုမှ ကျန်သော သားသမီးသုံးယောက်သည် အန်းရှက အဖေနှင့် အမေကို လစဉ်ငွေကြေးအများအပြား ထောက်ပံံ့သည်ဟူ၍သာ သိထားကြခြင်းဖြစ်သည်။ လစဉ်မည်မျှ ပို့ပေးသည်ကိုတော့ မသိကြပါ။ များပြားလှသော ပမာဏဖြစ်မည်ဟူ၍သာ သိထားကြခြင်း ဖြစ်လေသည်။

အန်းချောင်ရှုန်းသည် သူ့သမီးဖြစ်သူက သူတို့ကို လစဉ်လတိုင်း ယွမ်တစ်သိန်း ပို့ပေးသည်ကို သိလေသည်။

ထိုငါးနှစ်တာကာလအတွင်း လစဉ်လတိုင်း ပို့ပေးလေသော ပိုက်ဆံများနှင့် အတိုးများကိုပါ ပေါင်းလိုက်မည်ဆိုလျှင် ယွမ်ခြောက်သန်းကျော်ခန့် ရှိနေတော့မည်ဖြစ်သည်။

ယွမ်ခြောက်သန်းဆိုသည့် ပမာဏသည် ဤမြို့ငယ်လေးထဲတွင် သူတို့၏ သမီးဖြစ်သူအတွက် ခြံဝန်းလေးပါဝင်သည့် စံအိမ်ကြီး နှစ်လုံးကို ဝယ်ယူနိုင်လောက်အောင် လုံလောက်သည့် ငွေကြေးပင်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် သမီးဖြစ်သူ၏ ကွာရှင်းခြင်းသတင်းကို ကြားလိုက်ရသောအခါ သူတို့၏စိတ်ထဲတွင် ပူလောင်သွားကြသော်လည်း သမီးဖြစ်သူအတွက် စုဆောင်းပေးထားသော ယွမ်ခြောက်သန်းကြောင့်ပင် တစ်ဖန် စိတ်အေးသွားခဲ့ကြသည်သာ ဖြစ်သည်။
27 02
သူတို့သည် ထိုအကြောင်းကို တွေးမိလိုက်လေတိုင်း ထိုအချိန်က သူတို့ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် မှန်ကန်သွားကြောင်း တွေးမိလေတော့သည်။

သို့မဟုတ်လျှင်လည်း သူတို့၏သားသမီးများကို ငွေကြေးများစွာ စုဆောင်းခိုင်းမိမည် ဖြစ်လေသည်။

မိဘများ၏ ပျော်ရွှင်နေကြပြီး ဂုဏ်ယူလျက်ရှိနေကြပုံကို တွေ့မြင်လိုက်ရသောအခါ အန်းရှ၏နှလုံးသားတွင် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။ သူတို့၏ ဖြူဖွေးလျက်ရှိသော ဆံပင်များနှင့် အရေးအကြောင်းများသည် သူမကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်။

“အဲဒါက သမီး အဖေတို့အတွက် ပို့ပေးလိုက်တဲ့ ပိုက်ဆံတွေလေ။ ဘာဖြစ်လို့ သမီးအတွက် စုပေးထားရတာလဲ။ သမီးက ချမ်းချမ်းသာသာ နေထိုင်နေရတာပါ။ သမီးအတွက် ပိုက်ဆံ စုထားပေးစရာ မလိုပါဘူး။

အန်းရှသည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားခြင်းကြောင့် နှာတစ်ချက် ရှုပ်လိုက်သည်။

မူလပိုင်ရှင်သည် အတော်ကလေး မှားယွင်းခဲ့သည်ပင်…

မူလပိုင်ရှင်သည် လစဉ် ယွမ်တစ်သိန်း ပို့ပေးခြင်းအားဖြင့် မိသားစုကို လေးစားရာ ရောက်သည်ဟု ထွေးထင်ခဲ့လေသည်။

သို့သော်လည်း သူမမိသားစု၏ စိတ်နေသဘောထားကို သူမ မသိနားမလည်လေရော့သလား။

သူမကို တစ်လောကလုံးတွင် အချစ်မြတ်နိုးကြဆုံးဖြစ်လေသော မိဘများအပေါ်တွင် လက်မြှောက် အရှုံးပေးလိုက်တော့သည်။

“ငတုံးမလေး…သမီးဖေနဲ့ငါက ကောင်းကောင်းမွန်မွန် နေထိုင် စားသောက်နိုင်ပါတယ်။ ငါတို့ လုံးဝ ငွေပြတ်တယ်လို့လဲ မရှိပါဘူး”

“ဟုတ်တယ်…ရှရှ၊ အဖေတို့ရဲ့ မနက်စာဆိုင်လေးကလည်း ရောင်းကောင်းပါတယ်။ အခုဆို သမီးအစ်ကိုကို အိမ်ဝယ်ပေးဖို့လည်း ပိုက်ဆံ လုံလုံလောက်လောက် စုမိသွားပြီ”။ သူတို့သည် ပျော်ရွှင်စွာ ပြောပြနေကြလေသည်။

သူတို့၏ သမီးဖြစ်သူအတွင် ယွမ်ခြောက်သန်း စုဆောင်းမိထားပြီး သူတို့၏ သားဖြစ်သူအတွက် အိမ်ဝယ်ရန်လည်း လုံလောက်နေပြီ ဖြစ်သောကြောင့် မိဘများသည် ပျော်ရွှင်နေကြလေသည်။

အန်းရှသည် မျက်ဝန်းများထဲတွင် ချစ်ခြင်းမေတ္တာများ ရွှန်းလဲ့လျက် ပြုံးရယ်နေကြသော အမေနှင့် အဖေဖြစ်သူတို့ကို တွေ့မြင်လိုက်ရလျှင် နောက်ထပ် မငိုဘဲနှင့် မနေနိုင်တော့ပြီ။

သူမသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များမှတဆင့် မနက်စာဆိုင်အကြောင်းကို သိထားလေသည်။ မတော်တဆမှုကြောင့် အန်းရှအဖေသည် ကျန်းမာရေးဆိုးဝါးသွားသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆက်လက်၍ မလုပ်ကိုင်နိုင်တော့ချေ။

နောက်ဆုံးတွင်တော့ သူမ၏ ဦးလေးဖြစ်သူ ကော်ဟွားသည် ဇနီးဖြစ်သူ ကန့်ကွက်နေသည့်ကြားမှပင် မနက်စာဆိုင်ဖွင့်လှစ်နိုင်ရန် ယွမ်တစ်သောင်း ပေးခဲ့လေသည်။

အန်းမိသားစုသည် မိသားစုရပ်တည်နိုင်ရန်နှင့် အကြွေးများကိုဆပ်နိုင်ရန် ထိုမနက်စာဆိုင်ကလေးကိုပင် မှီခိုနေရလေသည်။

မူလပိုင်ရှင်၏ မှတ်ဉာဏ်များမှတဆင့် သိလိုက်ရသည်က အန်းမိသားစုသည် ထိုမနက်စာဆိုင်ကလေးကို ပင်ပင်ပန်းပန်းနှင့် ကြိုးစား၍ လုပ်ကိုင်နေကြခြင်း ဖြစ်လေသည်။

မနက်တိုင်းတွင် ထိုလင်မယားသည် အရုဏ်မတက်ခင် ဖွင့်ကြရပြီး နေ့လယ်အထိ တောက်လျှောက် အလုပ်များလေသည်။

နေ့လယ်ရောက်သောအခါ နေ့လယ်စာကို စားသောက်ကြပြီး အနည်းငယ် အနားယူကြလေသည်။

ထို့နောက် ညရောက်သောအခါတွင် တစ်ဖန် ဆိုင်ဖွင့်ကြရလေသည်။

ဝင်ငွေ ပိုမိုရရှိကြစေရန် ညလယ်ပိုင်းတွင်လည်း အဆာပြေစာများ ရောင်းချကြလေသည်။
27 03
သူတို့သည် တစ်နေ့တွင် ငါးနာရီပြည့်အောင်ပင် မအိပ်ကြရပေ။

ထို့ကြောင့် သူတို့သည် ယခုကဲ့သို့ အိုမင်းရင့်ရော်ပုံပေါက်နေကြသည်သာ ဖြစ်လေသည်။

“အမေ…အဖေ သမီး တောင်းပန်ပါတယ်”

အန်းရှသည် သူမ ပြန်ရောက်လာသည့် အချိန်ကတည်းကပင် ‘တောင်းပန်ပါတယ်’ ဆိုသော စကားလုံးကိုသာ ပြောနေခဲ့သည်ဖြစ်သည်။

ထိုသနားစဖွယ် လင်မယားကို တောင်းပန်သည့် စကားမှလွှဲ၍ ပြောစရာစကားပင် မရှိတော့ပေ။

အန်းရှ၏ နှလုံးသားထဲတွင် ထိုမိဘများသည် သနားစဖွယ် ကောင်းလှသည်။

သူတို့သည် မူလပိုင်ရှင်အတွက် လွန်စွာတွေးပေးကြပြီး အလွန်လည်း ချစ်မြတ်နိုးကြသည်။

သို့သော်လည်း မူလပိုင်ရှင်သည် လူတစ်ယောက်အတွက်နှင့် သူတို့ကို စွန့်ပယ်ခဲ့သည်။

အကယ်၍ သူမသည်သာ မူလပိုင်ရှင်အဖြစ် ခန္ဓာကိုယ် မပြောင်းလဲသွားခဲ့လျှင် ထိုမိဘများသည် သူတို့၏ သမီးဖြစ်သူ၏ အိမ်ပြန်အလာကို ဆက်လက်၍ စောင့်မျှော်နေကြမည်ဖြစ်ပြီး သူမအတွက်လည်း ပိုက်ဆံ ဆက်စုနေကြဦးမည် ဖြစ်လေသည်။

နောက်ဆုံးတွင် သူတို့သည် မူလပိုင်ရှင် ဆုံးပါးသွားသောအခါမှ သူတို့၏ သမီးဖြစ်သူသည် ယခင်က မည်မျှ ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်ကို သိသွားကြမည်သာဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းလှသည့် အဖြစ်ပင်။

ကံကောင်းသည်က…သူမရောက်ရှိလာပြီး မူလပိုင်ရှင် ဖြစ်သွားခြင်းပင်။

သူမသည် မူလပိုင်ရှင်၏ ကိုယ်စား အမှားများအတွက် ပေးဆပ်မည်ဖြစ်ပြီး ထိုမိသားစုကို ပျော်ရွှင်စေရန်လည်း တတ်နိုင်သမျှ အားလုံးကို ပြုလုပ်ပေးတော့မည် ဖြစ်သည်။

“ကလေးရယ်…ဘာလို့ ထပ်ငိုနေတာလဲ။ အဲဒီအကြောင်းတွေကို ဆက်မပြောဘဲ နေရအောင်။ အတိတ်က အတိတ်ပဲလေ။ အားလုံး ပြီးသွားပါပြီ”

“ဟုတ်တယ် ညီမလေး၊ မသယငိုပါနဲ့တော့၊ အမေနဲ့ အဖေက ညီမလေးကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး”

တစ်ခဏမျှငိုပြီးသည့်နောက်တွင် အန်းရှသည် မျက်ရည်များသုတ်လိုက်ပြီး တည်ငြိမ်လာတော့သည်။ အမေ အဖေ မနက်စာဆိုင်ကို ပိတ်လိုက်တော့။ နောက်ဆိုရင် သမီး လုပ်ကျွေးပါ့မယ်”။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset