DBFFL အပိုင်း ၂၆

26 01

အခန်း ၂၆

အန်းရှသည် ကလေးတစ်ယောက် မိခင် ဖြစ်နေပြီဆိုသော်လည်း မိန်းမငယ်လေး တစ်ဦးကဲ့သို့ နုပျိုနေလေသည်။

ထို့အပြင် သူ၏ညီမဖြစ်သူသည် သူမ တွေးထင်ထားသည်နှင့် ကွဲပြားနေလေသည်။

သူမ၏ ညီမလေးသည် ကွာရှင်းထားသောကြောင့် မျက်နှာပင် ချောင်ကျနေလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း ယခုပုံစံသည်…

သူမ၏ ညီမဖြစ်သူ၏ မျက်နှာမှာ မျက်တွင်းကျခြင်းမရှိသလို ဝမ်းနည်း ပူဆွေးနေသော အရိပ်အယောင်ကိုပင် မတွေ့မြင်ရပါ။

“အစ်မ…”

အန်းရှသည် အန်းရုံကို ကြည့်လိုက်၍ အနည်းငယ်လည်း စိတ်လှုပ်ရှားနေလေသည်။

အန်းရှသည် စိတ်ကိုဖြေလျှော့ပြီးနောက် မူလပိုင်ရှင်၏ မိသားစုကို သူမ၏ ကိုယ်ပိုင်မိသားစုကဲ့သို့ ပြုမူနေထိုင်ရန် ဆုံးဖြတ်ပြီးသော အခါတွင် ထိုမိသားစုဝင်များကို တွေ့ဆုံနိုင်ရန် မျှော်လင့်နေမိတော့သည်။

သူမ၏ မှတ်ဉာဏ်ထဲနှင့် လက်တွေ့ဘဝမှ အန်းရုံသည် များစွာကွာခြားခြင်းတော့ မရှိပါ။ သူမသည် လှပ၍ နူးညံ့သိမ်မွေ့ပုံရသည်။ သို့သော်လည်း သူမသည် ယခင်ကထက် ပို၍ ရင့်ရော်သွားပုံရပြီး ပင်ကိုယ်စရိုက်မှာလည်း ကွဲပြားသွားသည်။

အန်းရှနှင့် အရင်းနှီးဆုံးသော သူမှာလည်း ထိုအစ်မကြီး အန်းရုံပင်ဖြစ်သည်။

မူလပိုင်ရှင်သည် သူ၏မိဘများကို နှစ်ပေါင်းများစွာ အဆက်အသွယ် မပြုလုပ်ခဲ့သော်လည်း အန်းရုံနှင့်တော့ ရံဖန်ရံခါ အဆက်အသွယ်ပြုလုပ်ခဲ့သည်။

အန်းရုံသည်သာ အန်းရှကို ဇွဲရှိရှိ ဆက်သွယ်ခဲ့ခြင်း ဖြစ်လေသည်။

“အစ်မ…”

အန်းရုံသည် ငါးနှစ်ဆိုသည့် အချိန်ကာလကြောင့် အန်းရှအပေါ်တွင် အနေကွာဝေးသောကြောင့် စိမ်းသက်မှုကို ခံစားခဲ့ရသော်လည်း အန်းရှ၏ မျက်ဝန်းများ လင်းလက်ကာ သူမကိုခေါ်လိုက်သော အသံချိုချိုလေးကြောင့် သူတို့၏ ငယ်ဘဝကိုပင် အမှတ်ရသွားလေတော့သည်။ သူမခံစားနေခဲ့ရသော စိမ်းသက်မှုများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

ထို့အပြင် ညီအစ်မနှစ်ဦးသည် အမြဲအတူတကွ ရှိနေကြသောကြောင့် လွန်စွာ ချစ်မြတ်နိုးကြသည်။

“အစ်မ…အစ်မ ဘာကြိုက်တတ်လဲ ညီမ မသိလို့ အဝတ်အစားတွေနဲ့ အိတ်တွေပဲ ဝယ်လာခဲ့လိုက်တယ်”။

ထိုကဲ့သို့ ပြောလိုက်ရင်း သူမဝယ်လာခဲ့သော လက်ဆောင်များကို မိသားစုဝင်များထံသို့ ပျော်ရွှင်စွာ ပေးနေချင်တော့သည်။

သို့သော် အမေဖြစ်သူ၏ ပြင်းပြင်းထန်ထန် ချောင်းဟန့်လိုက်ခြင်းကို ကြားလိုက်ရတော့သည်။

“ရှရှ…စကားလမ်းကြောင်း မလွှဲနဲ့”

တည်ကြည်လေးနက်နေသော မျက်နှာထားနှင့် အမေနှင့် အဖေဖြစ်သူကို တွေ့လိုက်ရသောအခါ မျက်နှာစူတူတူဖြင့် ပြောလက်စအကြောင်းအရာကို ဆက်ပြောလိုက်ရတော့သည်။

အန်းရှသည် အန်းမိသားစုကို စိတ်မပူစေလိုသောကြောင့် ထိုနှစ်များအတွင်း မူလပိုင်ရှင် တွေ့ကြုံခံစားခဲ့ရသော ဒုက္ခများအကြောင်းကို အသေးစိတ် မပြောပြဖြစ်ခဲ့ပေ။ သူမလက်ထပ်ခဲ့သောသူသည် သူမကို မချစ်သော်လည်း သူမကို ငွေကြေးအရသော်လည်းကောင်း အခြား ဆိုးဆိုးဝါးဝါး မဆက်ဆံကြောင်းကိုသာ ပြောပြခဲ့လေသည်။

သူမသည် မဆိုးရွားကြောင်းကို ပြောပြနေသော်လည်း အန်းမိသားစုသည် သူမပြောသကဲ့သို့ သူမဘဝသည် ထိုနှစ်များအတွင်း မလွယ်ကူကြောင်းကို ရိပ်မိနေကြလေသည်။

26 02

“သမီးသူ့ကို အဲဒီလိုမျိုးကြီး ဆက် မချည်နှောင်ထားချင်တော့ဘူးလေ။ အဲဒါကြောင့် ကွာရှင်းပေးဖို့ တောင်းဆိုလိုက်တာ။ သူက တကယ်တော့ လူကောင်းတစ်ယောက်ပါ။ သမီးတို့ကွာရှင်းလိုက်တော့ သူက ငွေကြေးတွေအများကြီးကို ခွဲဝေပေးခဲ့တယ်။ အဲဒါကြောင့် သမီးကွာရှင်းလိုက်တာကို စိတ်မပူကြပါနဲ့ သမီး လုံးဝ ဝမ်းမနည်းပါဘူး”။

သူတို့သည် သူမအတွက် စိတ်ပူနေကြသည်ကို တွေ့မြင်လိုက်သောအခါ အန်းရှသည် ရှက်ကိုးရှက်ကန်းဖြင့် ရယ်ပြလိုက်တော့သည်။

“တကယ်ပြောတာပါ။ သမီး အမှန်တကယ် ကွာရှင်းလိုက်ပြီး အိမ်ကို ပြန်လာတာပါ။ အမေတို့ကိုမြင်လိုက်ရတော့ သမီး အရမ်းပျော်တာပဲ”။

မူလတုန်းကတော့ သူမသည် မူလပိုင်ရှင်၏မိဘများကို တာဝန်တစ်ရပ်အနေဖြင့် စောင့်ရှောက်ပေးရန် လာခဲ့ခြင်းဖြစ်သော်လည်း အန်းမိသားစုကို တွေ့လိုက်ရသောအခါတွင် ထိုကဲ့သို့ အံ့သြဖွယ်ကောင်းမွန်လှသော မိသားစုနှင့် တွေဆုံစေခဲ့သော မူလပိုင်ရှင်ကို ကျေးဇူးပင် တင်နေမိတော့သည်။

သူမသည် ပျော်ရွှင်စွာ ပြုံးရယ်နေပြီး သူမ၏ စိတ်ထဲမှ စိုးရိမ်စိတ်များသည်လည်း အနည်းငယ် ပျောက်ကွယ်သွားလေတော့သည်။

“အဲဒီလူက သမီးကို မချစ်ဘူးဆိုရင် ကွာရှင်းလိုက်တာ ကောင်းတယ်”

“ဟုတ်တယ်…ငါတို့ ညီမလေးက အရမ်းလိမ္မာရေးခြားရှိတာကို သူပဲ နစ်နာတာပေါ့။ နောင်အနာဂတ်မှာ ငါတို့ညီမလေးက လူကောင်းနဲ့ပဲဆုံမှာ”

“သမီး…နောင်အနာဂတ်မှာ အဖေ သမီးအနားမှာပဲ ရှိနေမှာ။ သမီးကို ဘယ်သူမှ အနိုင်ကျင့်လို့ မရစေရဘူး”

အန်းမိသားစု၏ ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရသောအခါ သူမ၏နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး ပျော်ရွှင်သွားတော့သည်။

သူမ၏စိတ်ကူးထဲတွင်တော့ သူမ၏ အစွမ်းများကို အသုံးပြု၍ သူတို့၏ခန္ဓာကိုယ်နှင့် ဘဝများကို မည်သို့တိုးတတ်ကောင်းမွန်အောင် ပြုလုပ်ပေးရမည်နည်းဟု တွေတောနေမိတော့သည်။

သို့သော်လည်း သူမသည် ထူးဆန်းသောအတွေးတစ်ခုကို ရုတ်တရက် တွေးမိလိုက်လေသည်။

“ဒါနဲ့ သမီး အမေတို့ကို လတိုင်း ပိုက်ဆံတွေ လွှဲပေးလိုက်တယ်လေ။ ဘာဖြစ်လို့ အခုလိုပုံစံတွေ ဖြစ်နေရတာလဲ”

မူလပိုင်ရှင်သည် အန်းမိသားစု၏ ဘဏ်ကဒ်ထဲသို့ လစဉ် ယွမ်တစ်သိန်း လွှဲပေးနေကျဖြစ်သည်။

တစ်လလျှင် ယွမ်တစ်သိန်းဆိုသည့် ပမာဏသည် လုံလောက်သော ငွေပမာဏဖြစ်လေသည်။

သို့သော် အန်းမိသားစုသည် အရှက်ရစဖွယ်ကောင်းသော အနေအထားမျိုးသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေလေသည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset