DBFFL အပိုင်း ၂၁

21 01
အခန်း ၂၁

အန်းရှသည် သူမ၏ အပြင်ပန်းသွင်ပြင် ပြောင်းလဲသွားမှုအပေါ်တွင် ဂရုစိုက်တတ်သူတစ်ယောက် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် သူမသည် ဂရုစိုက်ရန် အပျင်းထူနေသောကြောင့်ဖြစ်သည်။ သူမ၏ ရွှေလက်ချောင်းလေးကို အားကိုးနေခြင်း ဖြစ်သောကြောင့်လည်း သူမသည် သူမ၏ အသားအရည်ကို ထိန်းသိမ်းရန် စိတ်မဝင်စားချေ။

ရေချိုးပြီးချိန်တိုင်းတွင်လည်း သူမ၏ အသားအရည်အတွက် တိုနာနှင့် အလှကုန်တစ်ခုခုမျှကိုသာ သုံးစွဲလေ့ရှိသည်။

သူမသည် အပြင်ထွက်သောအခါတွင်လည်း မျက်နှာကို သန့်ရှင်းရန်သာ လုပ်ဆောင်ပြီး မိတ်ကပ်လည်း လိမ်းလေ့မရှိပါ။

နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ သူမသည် မှန်ကြည့်ရခြင်းကို မနှစ်သက်ခြင်းဖြစ်သည်။ ထို့ကြောင့် အသားအရည် ထိန်းသိမ်းရန်ကိုလည်း ဂရုမထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သူမသည် မိတ်ကပ်လည်း မလိမ်းသောကြောင့် မှန်လည်း ကြည့်ရန် မလိုသလိုပင်။

ထို့အပြင် အန်းရှ၏ ရုပ်ဆင်းသွင်ပြင်သည် တစ်နေ့ထက်တစ်နေ့ ဖြည်းဖြည်းချင်း ပြောင်းလဲလို့လာသည်။ အန်းရှသည် အပြင်ပန်းသွင်ပြင်ကို ဂရုမစိုက်လေဘဲ သူမ၏ ကျန်းမာရေး အခြေအနေကိုသာ ဂရုထားနေသောကြောင့် တစ်လကုန်ဆုံးသွားချိန်တွင် ထိုပြောင်းလဲမှုကို လုံးဝ သတိပင် မထားမိခဲ့ပါ။ သူမ၏ အစွမ်းထက်လှသော ရွှေလက်ချောင်းကြောင့် သူမ၏ ခန္ဓာကိုယ်သည် အများကြီး ပြောင်းလဲသွားလေသည်။

သူမသည် ဤခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာချိန်တုန်းက မူလပိုင်ရှင်၏ ဤခန္ဓာကိုယ်သည် ဂရုတစိုက်ဖြင့် ပြုစုပျိုးထောင်ပေးမှုကို လိုအပ်နေသော
ပြစ်ချက်ကလေးများဖြင့် ပွင့်လန်းနေသော ပန်းကလေး တစ်ပွင့်ကဲ့သို့ ဖြစ်နေသည်ဆိုလျှင် လက်ရှိ အန်းရှသည် ရင်သပ်ရှုမောဖွယ် လှပလို့နေပြီး အပြည့်အဝ ပွင့်လန်းလျက်ရှိနေသော ပန်းကလေး တစ်ပွင့်ကဲ့သို့သာ ဖြစ်နေလေတော့သည်။

အမှန်တကယ်တော့ အန်းရှ၏ အပြင်ပန်း ရုပ်ဆင်းသွင်ပြင်သည် များစွာ ပြောင်းလဲသွားခြင်း မရှိခဲ့ပါ။

သူမသည် ခန္ဓာကိုယ် ပြောင်းလဲသွားပြီးနောက်တွင် သူမ၏ ဤခန္ဓာကိုယ်ကို ဂရုတစိုက် ထိန်းသိမ်းနေခဲ့သောကြောင့်သာ ဖြစ်သည်။

မူလပိုင်ရှင်အနေဖြင့် အမျိုးသားဇာတ်ဆောင်သည် ပိန်သွယ်သော မိန်းကလေးကိုသာ နှစ်သက်ခြင်းဖြစ်သည်ကို သိသွားသောအခါတွင် အပြင်းအထန် ဝိတ်ချခဲ့သောကြောင့် သူမသည် ထိုနှစ်များအတွင်းတွင် ပေါင်ချိန် ၉၀ သာ ရှိခဲ့လေသည်။ ထို့ကြောင့် မူလပိုင်ရှင်သည် အလှပြင်ဆိုင်သို့သွား၍ သူမ၏ အသားအရည်ကို ပြုပြင်ထိန်းသိမ်းမည်ဆိုလျှင်တောင် သူမ၏ စယးသောက်နေထိုင်မှုပုံစံကြောင့် အပြစ်အနာအဆာများ ရှိနေဦးမည် ဖြစ်သည်။

နေရာအနှံ့သို့ သွားရောက်လည်ပတ်နေသော အန်းရှမှာတော့ ကိုယ်အလေးချိန်လျှော့ချရန် စိတ်ကူးမရှိချေ။ သူမ နှစ်သက်သော အစားအသောက်များကို စိတ်တိုင်းကျ စားသောက်လို့နေပြီး သူမ စားသောက်လိုက်သော အစားအစာများတွင်လည်း အာဟာရဓာတ်များပါဝင်နေသကဲ့သို့ အလှအပအတွက်လည်း အကျိုးပြုစေမည် ဖြစ်သည်။

အသက်အရွယ် အိုးမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊ အသားအရည်ကို ဖြူဝင်းလာစေရန် အားပေးခြင်း၊ တင်းတိပ်များကို ဖယ်ရှားပေးခြင်း၊ အာဟာရဖြစ်စေသော ဓာတ်များ စသည်ဖြင့် ထိုအရာများသည် သူမအတွက်တော့ မလိုအပ်လှပါ။

အန်းရှ အနှစ်သက်ဆုံးသော အချိုပွဲများတွင် အမြင်အာရုံကို မြင့်မားစေသော အစားအသောက်များအပြင် ဆံပင်နှင့် ရင်သားအတွက် လိုအပ်သော အာဟာရဓာတ်များကို မြှင့်တင်ပေးလေသည်။ သူမ၏ လက်ရှိခန္ဓာကိုယ်မှာ ခေါင်းအစ ခြေအဆုံး လှပလို့နေပြီး နူးညံံ့ချောမွတ်နေကာ အပြစ်အနာအဆာမရှိ ပြီးပြည့်စုံနေသည် ဖြစ်သည်။

အထူးသဖြင့် သူမ၏ အသားအရည်သည် နှင်းပွင့်လေးများထက်ပင် တောက်ပြောင်နေလေတော့သည်။
21 02
ဤကဲ့သို့ နူးညံ့ပြေပြစ်၍ တောက်ပနေသော အသားအရည်ဖြင့်သာဆိုလျှင် သာမာန် အပြင်ပန်းသွင်ပြင်ရှိနေစေဦးတော့ အလှအပလေး တစ်ဦးသာ ဖြစ်နေဦးမည် ဖြစ်သည်။ ထို့အပြင် အန်းရှသည် အလွန်ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်နေသေးသည်။ ထိုကဲ့သို့သာ မဟုတ်လျှင် သူမသည် ကျောင်း၏ ပန်းဘုရင်မ ဘွဲ့ထူးကိုပင် လေးနှစ်ဆက်တိုက် ရလိမ့်မည်တောင်မဟုတ်ပါ။

အရေးအပါဆုံးသော အချက်တစ်ခုမှာ အန်းရှ၏ ပင်ကိုယ်စရိုက်သည် မူလပိုင်ရှင်နှင့် လွန်စွာ ကွဲပြားခြားနားနေလေသည်။

ငါးနှစ်တာမျှကြာအောင် ဆင်းရဲဒုက္ခများ ခံစားခဲ့ရပြီးသည့်နောက်တွင် မူလပိုင်ရှင်၏ စိတ်ပျက်ဝမ်းနည်းဖွယ်ရာ ထိုင်းမှိုင်းနေသော အငွေ့အသက်များသည် အနည်းငယ် လျော့ပါးသွားတော့သည်။

အန်းရှသည် အသက် ၁၈ နှစ်မျှသာ ရှိသေးသည်။ သူမ ယခင်ရှင်သန်ခဲ့ရာ ဘဝတွင် သူမသည် ငယ်ရွယ်နုပျိုနေသည်သာမက သူမ၏ ဘဝအတွက်လည်း မျှော်လင့်ချက်များဖြင့် ပြည့်ဝနေသူဖြစ်လေသည်။ သူမ၏ တစ်ကိုယ်လုံးတွင်လည်း ရိုးရှင်း၍ အပြစ်ကင်းစင်မှု ရိုးသားမှုများဖြင့် ပြည့်နက်နေလေသည်။ သူမ၏ အရှိန်အဝါသည်လည်း မြင်လိုက်ရသူတိုင်းအဖို့ နွေးထွေးစေတော့သည်။

သူမ၏ မှတ်ပုံတင် ကဒ်ပြားမှ သူမ၏ အသက်ကို ၂၆ နှစ်ဟုသာ မဖော်ပြထားလျှင် လုံခြုံရေးဝန်ထမ်းသည် ဤကဲ့သို့ ချောမောလှပလှသော မိန်းမငယ်လေးသည် အသက် ၂၆ နှစ် ဖြစ်နေလိမ့်မည်ဟု ယုံကြည်နိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် လုံခြုံရေးဝန်ထမ်းသည် အန်းရှကို မျက်နှာတွင် ခွဲစိပ်ပြုပြင်မှု ပြုလုပ်ထားသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

“မိန်းကလေး…မင်း မကြာသေးခင်က မျက်နှာကို ခွဲစိပ်ပြုပြင်မှု လုပ်ထားသေးလား”။

လုံခြုံရေးဝန်ထမ်းကို မေးခွန်းကို ကြားသိလိုက်ရသောအခါ အန်းရှသည် စိတ်ရှုပ်ထွေးမှုကြောင့် မျက်တောင်တစ်ချက်ခပ်လိုက်မိပြီး လျင်မြန်စွာဖြင့် သူမ၏ ခေါင်းကိုခါယမ်းလိုက်သည်။

“ခွဲစိပ်ပြုပြင်တာလား…မဟုတ်ဘူး…မပြုပြင် ထားပါဘူး”။

ထိုကဲ့သို့ ပြောလိုက်ရင်းဖြင့် အန်းရှသည် သူမ မျက်နှာ ခွဲစိပ်ပြုပြင်မှု မလုပ်ထားကြောင့်ကို သက်သေပြရန် မျက်နှာကို အားတက်သရော ပွတ်လိုက်ပြီး သူမ၏ နှာခေါင်းကိုလည်း ဝက်နှာခေါင်းကဲ့သို့ လက်ဖြင့် မြှင့်တင်ပြလိုက်သည်။ သူမ၏ ထိုကဲ့သို့ ရိုးရိုးသားသား ပြုလုပ်လိုက်ခြင်းသည် တကယ်ကို ချစ်စဖွယ် ကောင်းနေတော့သည်။

“ဟားဟား…”

အန်းရှ၏ သဘာဝအတိုင်းလှပ၍ ချစ်စဖွယ် အသွင်အပြင်ကို တွေ့လိုက်ရသောအခါ လုံခြုံရေးဝန်ထမ်းသည် အသံထွက်၍ပင် ရယ်မိလိုက်တော့သည်။

ထို့နောက် အန်းရှ၏ ရိုးရှင်း၍ အပြစ်ကင်းစင်သော မျက်လုံးများကို ကြည့်လိုက်ပြီးနောက် ထိုဝန်ထမ်းက ချောင်းတစ်ချက်ဟန့်၍ ပြောလေသည်။ “မိန်းကလေးအန်း…မင်း နောင်တစ်ချိန်မှာ ပိုပြီး အဆင်ပြေသွားအောင် မင်းရဲ့ မှတ်ပုံတင်ထဲက ဓာတ်ပုံကို ပြောင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်”။

“ဟုတ်ကဲ့…ကောင်းပါပြီ…ကျွန်မ ဓာတ်ပုံပြောင်းထည့်ဖို့ မှတ်ထားလိုက်ပါမယ်…ကျေးဇူးပါ”။

ထိုကိစ္စပြီးသွားသည့်နောက်တွင် အန်းရှသည် လုံခြုံရေးစစ်ဆေးမှုကို အဆင်ပြေပြေပြီးစီးသွားပြီး ခရီးဆက်ရန် လေယာဉ်ပေါ်သို့ ရောက်ရှိသွားလေသည်။

သို့သော် ထိုဖြစ်စဉ်ကို မှတ်တမ်းယူထားခဲ့သည်ကိုတော့ သူမ မသိခဲ့ပါ။

“အဲဒီ မိန်းမငယ်လေးက ချောလိုက်တာနော်။ သူက မင်းသမီး မဟုတ်ဘူးလား..”။

“ဒီလောက် အသားအရည်ကောင်းတဲ့ သူမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးသေးဘူး။ တောက်ပြောင်နေတာပဲနော်”။
21 03
“ဟားဟားဟား ဒီမိန်းမငယ်လေးရဲ့ အပြုအမူလေးကလည်း ချစ်စရာလေးနော်”။

“ငါ ဒီအလှတရားလေးကို လူတိုင်းသိအောင် မျှဝေရမယ်။ ငါ့ သူငယ်ချင်းတွေအားလုံး မြင်ရအောင် ပို့စ်တင်လိုက်မယ်”။

အန်းရှသည် သူမအနေဖြင့် မျက်နှာ ခွဲစိပ်ပြုပြင်မှု မပြုလုပ်ထားကြောင်း သက်သေပြလိုက်ပုံကို သူမပင် မသိလိုက်ရဘဲ ဗီဒီယိုမှတ်တမ်း အယူခံလိုက်ရသည်သာမကဘဲ ထိုအကြောင်းသည် ပျံ့နှံ့၍ပင်သွားလေတော့သည်။

ထိုဗီဒီယိုကို မျှဝေလိုက်သူသည် ထိုကိစ္စသည် ဤမျှလောက် လူကြိုက်များသွား၍ အင်တာနက်ပေါ်တွင်ပင် ပျံ့နှံ့သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ။

အန်းရှသည် သူမ၏အိမ်သို့ လေယာဉ်ဖြင့် ပြန်သွားစဉ်အတောအတွင်း “ဤမိန်းကလေးသည် မျက်နှာ ခွဲစိပ်ပြုပြင်မှု မလုပ်ထားတာကို ငါသိတယ်” ဆိုသော ခေါင်းစဉ်ဖြင့် ထိုဗီဒီယိုသည် အင်တာနက်ပေါ်တွင် တိတ်တဆိတ် ပျံ့နှံ့နေလေသည်။

ထိုဗီဒီယိုကို တင်လိုက်သော အကောင့်သည် ကြော်ငြာများတင်သော အကောင့်မဟုတ်သည်က တစ်ကြောင်း ကြည်လင်ပြတ်သားမှု သိပ်မရှိဘဲ လျှပ်တစ်ပျက်ရိုက်ချက် ဖြစ်နေသည်က တစ်ကြောင်းဖြစ်သောကြောင့် လွန်စွာပျံ့နှံ့မှုတော့ မရှိသော်လည်း အင်တာနက် အသုံးပြုသူများကြားတွင်တော့ အာရုံစိုက်စရာ တစ်ခု ဖြစ်နေလေသည်။

သုံးနာရီကြာအောင် လေယာဉ်စီးပြီးနောက် နောက်ထပ် သုံးနာရီမျှကြာအောင် ဘတ်စ်ကားစီးလာပြီးသည့်နောက်တွင် အန်းရှသည် မူလပိုင်ရှင်၏ ဇာတိဖြစ်သည့် ရှဟယ်မြို့သို့ ရောက်ရှိသွားတော့သည်။

အန်းရှသည် အငှားကားပေါ်မှ ဆင်းလိုက်ရင်း ကားဆရာဦးလေးကြီး၏ ကူညီပေးမှုဖြင့် သူမ၏ အိတ်ကြီးကိုသယ်၍ အဆောက်အအုံတစ်ခု၏ တံခါးဝသို့ သွားလိုက်လေသည်။

မူလပိုင်ရှင်၏ မိဘများနေထိုင်ရာ အဆောက်အအုံသည် အလွန်ကို အိုဟောင်းနေပြီ ဖြစ်ပြီး အချို့အခန်းအိမ်များဆိုလျှင် ဓာတ်လှေကားပင်မရှိပါ။

မူလပိုင်ရှင်၏ မိသားစုသည် ငါးထပ်မြောက်တွင် နေထိုင်ကြသည်။ ပို၍ဆိုးရွားသောအချက်မှာ အန်းရှသည် ထိုမိသားစုအတွက် လက်ဆောင်ပစ္စည်းများစွာ ဝယ်ယူခဲ့ခြင်းပင် ဖြစ်လေသည်။

သူမသည် ကြင်နာတတ်သူတစ်ဦးဖြစ်ပြီး မိသားစုဝင်များရှေ့တွင်လည်း အထင်အမြင်ကောင်း ရချင်နေခဲ့သည်။ သို့သော်လည်း…

အန်းရှသည် သူမသယ်ဆောင်လာသော ပစ္စည်းများကိုကြည့်လိုက် များပြားမြင့်မားလှသော လှေကားထစ်များကို ကြည့်လိုက်ဖြင့် ခေါင်းပင် ကိုက်လာတော့သည်။

“ကလေးမလေး…မင်း အဲဒီလောက် အထုတ်အပိုးတွေအများကြီးကို သယ်သွားနိုင်မှာ မဟုတ်ဘူး။ မင်းအိမ်က ဘယ်အထပ်မှာလဲ။ ငါ ကူသယ်ပေးရမလား”။

“ရပါတယ်…ဦးလေး၊ ကျွန်မရဲ့မိသားစုကိုပဲ လှမ်းခေါ်ပြီး သယ်ခိုင်းလိုက်ပါ့မယ်”။

ကားဆရာသည် ငယ်ရွယ်သူတစ်ဦး မဟုတ်လေသောကြောင့် အန်းရှသည် ပစ္စည်းများကို သယ်ဆောင်ခိုင်းရန် အားနာသောကြောင့် ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်လေသည်။ သို့သော်လည်း အန်းရုံ၏ ပြောပြချက်အရ ထိုအိမ်တွင် မူလပိုင်ရှင်၏မိဘများသာ နေထိုင်ကြသည် ဖြစ်လေသည်။

ထို့ကြောင့် သူမအနေဖြင့် ထိုမိဘများကို အောက်ထပ်သို့ ဆင်းလာစေကာ အိတ်သယ်ခိုင်းဖို့ရာ မသင့်တော်လှပါ။

သူမသည် စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် အသံတစ်သံကို ကြားလိုက်ရလေသည်။ “အန်းရှလား…မင်းက လောင်အန်းမိသားစုက ရှရှမဟုတ်လား”။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset