MMMQ အပိုင်း ၂၆

အပိုင်း ၂၆

ကုန်းချင်းယောင် ကျန့်သဲရီ၏ အတွေးကိုသိ၍ လူကောင်းမှန်းမြင်သာသောကြောင့် သဘောတူလိုက်၏။

အဆုံး၌ ကျောက်စိမ်းများအား ယွမ်၃သိန်းခွဲနှင့် ရောင်းလိုက်ရ၏။ အစ၌ ကျန့်သဲရီမှ ၃သိန်း၄သောင်းနှင့်ဝယ်ရန် စီစဉ်ထားသော်လည်း ပထမဆုံးမို့ ဈေးပိုပေးခြင်းပင်။

ကုန်းချင်းယောင်မှ ဝန်ထမ်းများအား ကျောက်များပေးလိုက်ပြီးနောက် ကျန့်သဲရီမှ ” မိန်းကလေးနာမည်က ဘာပါလဲ ”

” ကုန်းချင်းယောင် ”

ကျန့်သဲရီမှ လိပ်စာကတ်ထုတ်ပေးလိုက်ကာ ” မိန်းကလေးကုန်းကိုး ကျွန်တော်က ကျန့်မင်သဲရီပါ ‌အနာဂတ်မှာလိုအပ်ရင် ဆက်သွယ်လို့ရပါတယ် ”

ကုန်းချင်းယောင် လိပ်စာကတ်အား ယူလိုက်၏။

ကျန့်သဲရီ ကားတစ်စီး စီစဉ်ပေးပြီး ကုန်းချင်းယောင်အား ကားဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ ပိုင်လန်စတိုးသည် မည်သူမဆို လာကြည့်နိုင်၍ ဖောက်သည်များ၏ အရည်အသွေးမှာလည်း မညီမျှပေ။ ယခုပင် ကုန်းချင်းယောင်သည် မလွဲမသွေဆုံးရှုံးသွားရမည့် ကျောက်စိမ်းကောင်း ၃ခုကို တွေ့ရှိသွားလေပြီ။ ကုန်းချင်းယောင် ပြန်စရာ ကားမရှိတာကြောင့် ကျန့်သဲရီ၏ အစီအစဉ်ကိုသာ လက်ခံလိုက်ရသည်။

ဆိုင်မှထွက်လာပြီးနောက် ကုန်းချင်းယောင် ယွမ်၁သိန်းမြတ်လာကာ ကျောက်စိမ်းတုံးများလည်း ပါလာသေးသည်။

ညစာစားရန် အိမ်သို့ပြန်လာပြီးနောက် ကုန်းချင်းယောင် အနှစ်တစ်ထောင် အေးစက်သော သံပြားကို ထုတ်လိုက်၏။ ဤအချိန်အတွင်း သန့်စင်ထားသော သံပြားသည် မူလအသွင်အပြင် မရှိတော့ပေ လျန်ယဲ့ဟုန့်သာ ဒီမှာရှိနေလျှင်တောင် ထိုပစ္စည်းသည် သူ့ဆိုင်မှဆိုသည်ကို ဘယ်တော့မှ မှတ်မိမှာမဟုတ်‌ပေ။ ယနေ့ အေးစက်သော သံပြား၏ ကိုယ်ထည်သည် ငွေဖြူရောင်ဖြစ်နေကာ ဂရုတစိုက်ကြည့်လျှင် အလွန်လှပသော အပြာရောင်အလင်းတန်းလေး အပေါ်တွင် ရှိနေသေးသည်ကို တွေ့ရပါမည်။

ကုန်းချင်းယောင် စိတ်စွမ်းအင်အား ညာလက်သို့ပို့လွှတ်လိုက်ပြီး အေးစက်သော သံပြားအား တည်ဆောက်တော့၏။

၃ရက်ကြာပြီးနောက် သူမ သံပြားအား အောက်ချလိုင်ပြီး အကြောဆန့်လိုက်၏။ သံပြားသည် ယခုဓားတိုတစ်ချောင်းဖြစ်သွားပြီး ဓားအိမ်ပါ ပါနေလျှင် ပိုကြည့်ကောင်းပေလိမ့်မည်။

လုချမ်ချမ် လှုပ်ရှားသံကြောင့် လက်စွပ်ထဲမှ ထွက်လာကာ ” ဝိုး… ဘယ်လိုလုပ်လိုက်တာလဲ ”

ကုန်းချင်းယောင် လုချမ်ချမ်အား စိုက်ကြည့်လိုက်၏။ ယခုရက်ပိုင်အတွင်း မမျှော်လင့်ဘဲ တစ္ဆေတာအိုပထမအဆင့်အား သူမ ဖြတ်ကျော်လိုက်နိုင်လေပြီ။

” ဂုဏ်ပြုပါတယ် ”

ထိုသည်ကိုကြား၍ လုချမ်ချမ်၏ မျက်နှာသည် ထိန်းမနိုင်သိမ်းမနိုင် ပျော်ရွှင်လာပြီး “ကျေးဇူးတင်ပါတယ်”

တစ္ဆေပထမအဆင့်သို့ရောက်သောအခါ သူမသည် နေရောင်အောက်တွင် အချိန်အတိုင်းအတာတစ်ခုအထိ လမ်းလျှောက်နိုင်နေလေပြီ။ ထိုသည်မှာ သူမအတွက် အလွန်ကောင်းမွန်ကာ အံ့အားသင့်စရာဖြစ်နေ၏။ လုချမ်ချမ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လေ့ကျင့်ရေးမှာ လစ်ဟနေခဲ့ပြီ ကုန်းချင်းယောင်သည် အလုပ်များနေသဖြင့် အိမ်ပြန်ရောက်ပြီးသည့်နောက်တောင်မှ သူမအား မနှောင့်ယှက်ဘဲ လက်စွပ်ထဲတွင် ငြိမ်နေခြင်းပင်။

မှော်ကိရိယာများကို သန့်စင်နေစဉ် ကုန်းချင်းယောင်၏ လေ့ကျင့်မှု့သည်လည်း မြှင့်တင်ထားပြီးဖြစ်သော်လည်း ပဉ္စမအဆင့် ချီအား ကျော်ဖြတ်ရန် အကွာအဝေးတစ်ခု၌သာ ရှိနေသေးသည်။ လေ့ကျင့်မှု့သည် ပိုခက်ခဲပေမယ့် ကုန်းချင်းယောင်မှ ယခု ထပ်၍‌လေ့ကျင့်နေလိုက်၏။ ဒါ့ထက် ယခုခန္ဓာကိုယ်သည် မူလကတည်းက ဝိညာဉ်စွမ်းအင်များရှိပြီး ပြုစုပျိုးထောင်ရသည်မှာ အရင်ကထက် ပိုမြန်လေသည်။

ကုန်းချင်းယောင် ဖုန်းအား ဘေးသို့ဖယ်လိုက်ပြီး အားမရှိ၍ အားသွင်းလိုက်ပြီးနောက် ရေချိုးပြီး အဝတ်များလဲလိုက်၏။

အဝတ်များလျှော်ပြီးနောက် ဖုန်းခေါ်ထားသည်များကို တွေ့လိုက်ရ၏။ အများဆုံးခေါ်ထားသူမှာ ရှောင်းယွင်ဖြစ်၍ သူမ ပြန်ခေါ်လိုက်၏
26 02
အိုက်ရှောင်းယွင် ချက်ချင်းဖုန်းကိုင်ကာ ” ချင်းယောင် နင်လား၊ ဒီ၃ရက်လုံး နင့်ကို ဆက်သွယ်မရလို့ ငါရဲခေါ်တော့မလို့၊ နင့်ကို ပျောက်သွားပြီးတောင်ထင်တာ ”

သူမက တကယ်အားကြီးတာကို သိနေတာတောင် အိုက်ရှောင်းယွင်က ရဲခေါ်ပေးဖို့ လုပ်နေတယ်လား။

ထိုသုံးရက်အတွင်း ကုန်းချင်းယောင် နှစ်တစ်ထောင် အေးစက်သော သံပြားအား သန့်စင်ရန် ပြုလုပ်ခဲ့ပြီး သူမ၏ ပြင်ပကိစ္စများကို ဂရုမစိုက်မိပေ။ ထို့အပြင် ဖုန်းကိုလည်း အသံပိတ်ထားခဲ့ကြောင်း ယခုမှ သိရ၏။ သူမ ဖုန်းခေါ်လျှင် ဖုန်းမြည်သံကို ကုန်းချင်းယောင်မှ မည်သို့ကြားမည်လဲ။

အိုက်ရှောင်းယွင် ” နင့်ကိုရှာဖို့ အိမ်ကို သွားခဲ့‌သေးတယ်၊ မီးပွင့်နေပေမယ့် ဘယ်သူမှမရှိသလိုပဲ အတွင်းထဲမှာ လှုပ်ရှားမှုမရှိဘူးလေ၊ ငါ အရင်က တွေ့နေကျ ကော်ဇောအောက်မှာ သော့ကိုမတွေ့တော့လို့ မဝင်ခဲ့ရဘူး”

ကုန်းချင်းယောင်သည် မူလကိုယ်မဟုတ်၍ အမူအကျင့်များလည်း မတူတော့၍ အရင်နေကာ၌ သော့မသိမ်းမိခြင်းပေ။

” ဘာဖြစ်လို့လဲ ”

အိုက်ရှောင်းယွင် အလုပ်အား ချက်ခြင်းပြန်စဉ်းစားပြီး “ဟုတ်တယ် လုအာကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရမှာလေ၊ အဲဒီနေ့က ကုမ္ပဏီကို ပြန်ရောက်ပြီးနောက် အာ့ကိစ္စကို အပြီးသတ်ခဲ့ပါတာ၊ မနက်ဖြန်မှာ ရိုက်ကူးဖို့ စလုပ်ဖို့ စီစဉ်ထားတယ်၊ အစက ဒီနေ့အထိ ဆက်သွယ်လို့ မရသေးလို့ ရိုက်မယ့်ရက်ကို ရွှေ့ချင်တယ်လို့ တွေးနေတုန်းပဲရှိသေးတယ် နင်က ဖုန်းဆက်မယ်လို့ မမျှော်လင့်ထားဘူး၊ ဘယ်လိုလဲ မနက်ဖြန်ရိုက်မှာလား” ကုန်းချင်းယောင် အရင်တုန်းက ဓာတ်ပုံရိုက်ဖူးပေမယ့် အိုက်ရှောင်းယွင်၏ အသံက အနည်းငယ် စိတ်လှုပ်ရှားနေကြောင်း ပေါ်လွင်နေ၏။ ကြော်ငြာပေမယ့် ဒီတစ်ခါမှာ မတူပေ။ ဤတစ်ကြိမ်တွင် ကြော်ငြာအား ကုမ္ပဏီမှ စ၍ ကုန်းချင်းယောင်ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းပင်။

ကုန်းချင်းယောင် ” ဟုတ်ပြီလေ ”

” ကောင်းပြီလေ အာ့တာဆို မနက်အစောလာကြိုမယ် ”

ယခုရက်ပိုင်းထဲ၌ ကြားရသောသတင်းကောင်းဖြစ်၍ထင့် အိုက်ရှောင်းယွင် အသံမှာ ကြည်နေ၏

ကုန်းချင်းယောင် ဖုန်းချပြီးနောက် အိတ်ကပ်ထဲထည့်မည်အပြု လုချမ်ချမ်မှ ” ဆရာသခင် ဝီ့ပေါ်က အချက်ပြနေတယ် ”

ကုန်းချင်းယောင်၏ ဝီ့ပေါ်တွင် မက်ဆေ့ချ်သတိပေးချက်များကို ဖွင့်ထားသောကြောင့် စာဝင်ပါက စာဝင်ကြောင်း ပြသ‌နေမည်ဖြစ်သည်။ လုချမ်ချမ်သည် တစ္ဆေတာအို၏ ပထမအဆင့်အား ဖြတ်ကျော်သွားသော်လည်း အရာဝတ္တုများကို မကိုင်နိုင်သေးသောကြောင့် ကုန်းချင်းယောင်၏ လက်ကိုင်ဖုန်းအား မကိုင်နိုင်၊ မထိန်းချုပ်နိုင်သေးပေ။

ကုန်းချင်းယောသ် ဝီ့ပေါ် ကိုဖွင့်ပြီး မှတ်ချက်အချို့အား ကျော်ခဲ့လိုက်ရသည်။ အဓိက အကြောင်းအရင်းမှာ သူမ ဝီ့ပေါ်၌ မက်ဆေ့ချ်များ ဝင်နေသည်မှာ ပေါက်ကွဲမတတ်ဖြစ်‌နေပြီးအားလုံးနီးပါးကို ချိုမြိန်မှု့အလွန်မှ ပေးပို့ခဲ့ခြင်းပင်။

“ချိုမြိန်မှု့အလွန်: ဆရာသခင် ရှိနေရဲ့လား?”

“ချိုမြိန်မှု့အလွန်: ဆရာသခင် ရည်းစား၂ခါ ထားဖူးတယ်ဆိုတာကလွဲပြီး ကျန်‌တာတွေ မြင်သေးလားလို့ မေးချင်လို့ပါ ”

“ချိုမြိန်မှု့အလွန်: ဆရာသခင် အရင်က ကျွန်တော်မှားပါတယ် ”

“ချိုမြိန်မှု့အလွန်: ဆရာသခင် အခု အနူးအညွှတ် တောင်းပန်ချင်လို့ပါ ”

” ချိုမြိန်မှု့အလွန်: ဆရာသခင် မက်မွန်ပွင့်ခြင်း ဘေးဒုက္ခက ဘယ်လောက်ကြာမှာလဲ ”

“ချိုမြိန်မှု့အလွန်: ဆရာသခင် ရှိနေသေးလား ကျွန်တော် အကူအညီလိုလို့ပါ ”

လုချမ်ချမ် ဘေးမှကြည့်ကာ ဝမ်းသာနေပြီး ” ဆရာသခင် အာ့တုန်းက တခုခုကို တွေ့သွားလို့လား ”

ကုန်းချင်းယောင် ” ဒီလူက ရည်းစား ၂ခါထာဖူးတယ်၊ ပထမက မိန်းကလေးနဲ့ ဒုတိယအခေါက်က ယောင်္ကျားလေးနဲ့ မက်မွန်ပွင့်ခြင်း ဘေးဒုက္ခက အာ့ယောင်္ကျားလေးရဲ့ ရည်းစားပဲ ”
26 03
ယောင်္ကျားလေး၊ မိန်းကလေး။ လုချမ်ချမ် ခဏမျှမှ ကြောင်သွားပြီးမှ ” သူက လိင်နှစ်ခုလုံးကို တိမ်းညွှတ်သူလား ”

လိင်နှစ်ခုလုံးကို တိမ်းညွှတ်သူ။ အာ့တာက ရှင်းလင်းချက်ကောင်းပဲ။ ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။

လုချမ်ချမ် ” သူက အခု သူ့ကောင်လေးရဲ့ ကောင်မလေးက တိုက်ခိုက်လိုက်တာကြောင့် အကူအညီလိုနေတာထင်တယ် ”

ကုန်းချင်းယောင် မက်ဆေ့ခ်ျထဲသို့ ဝင်လိုက်ပြီး
“ကုန်းချင်းယောင် : မင်းရဲ့ မက်မွတ်ပွင့်ဘေးဒုက္ခကို မဖြေရှင်းဘူးဆိုရင် ၃ရက်အတွင်း မက်မွန်ပွင့်ခြင်း အတိဒုက္ခဖြစ်သွားပြီး ပိုဆိုးလာလိမ့်မယ် ”

လုချမ်ချမ်မှ ” မက်မွန်ပွင့်ခြင်းဘေးဒုက္ခနဲ့ မက်မွန်ပွင့်ခြင်း အတိဒုက္ခက ဘာကွာလို့လဲ”

ကုန်းချင်းယောင် ” ပြဿနာကသေးရင် ဖြေရှင်းရလွယ်ပြီး ပြဿနာကြီးလာရင် အသက်အန္တရာယ်ပါဖြစ်နိုင်တယ် ”

လုချမ်ချမ် သက်ပြင်းချလိုက်ကာ ” အာ့တာက ပြင်းထန်တာပဲ ”

ကွန်ပြူတာရှေ့ရှိ ချိုမြိန်မှု့အလွန်သည် ရက်အနည်းငယ်အကြာတွင် ကုန်းချင်းယောင် သူ့အား စာဖြေလာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏ ပျက်ယွင်းနေသော မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များပေါ်လာ၏။ ကုန်းချင်းယောင်ပို့ထားသော မက်မွန်ပွင့်ခြင်း ဘေးဒုက္ခအကြောင်းအား မြင်ပြီးနောက် သူ အေးစက်သွားသလိုခံစားရ၏။

“ချိုမြိန်မှု့အလွန် : ဆရာသခင် ကျေးဇူးပြုပြီး အကြံပေးပါဦး ”

ယခုအချိန်၌ ကျောက်ကွမ်းဝေ့သည် အလွန်ရိုးသားနေ၏။

“ကုန်းချင်းယောင် : ခေါင်းလောင်းကို ဖြည်ဖို့ဆို ခေါင်းလောင်းကို ချည်ရဦးမယ်လေ ”

ကျောက်ကွမ်းဝေ့ ဤသည်ကို နားလည်နိုင်သော်လည်း ထိုကိစ္စကို မည်သို့ဖြေရှင်းမည်နည်း။ ဒီရက်တွေအတွင်း စားသောက်သည်မှလွဲ၍ အိပ်ဆောင်အပြင်သို့ မထွက်ရဲတော့ဘူးဘဲ အိပ်ဆောင်တွင်တောင်မှ သူအိပ်ရာဝင်လျှင် အခန်းဖော်များအား မမြင်စေရန် လိုက်ကာထူထူဖြင့် ကာထားသည်။ သူ့အခန်းဖော်များထံမှ ထူးဆန်းသည့်အကြည့်နှင့် ကြည့်မည်ကိုလည်း ကြောက်နေရသေး၏။

သူအတန်ကြာစဉ်းစားလိုက်ပြီး…

“ချိုမြိန်မှု့အလွန် : ဆရာသခင် လာပြီး ကူညီပေးလို့ရမလား ?”

သူထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း “ချိုမြိန်မှု့အလွန် : ဆရာသခင် စိတ်မပူပါနဲ့ သေချာပေါက် ခြေကြွခပေးမှာပါ ”

ကံကြမ္မာဟောသည်မှာ အလကားဆိုပေမယ့် ထိုကိစ္စကတော့ မတူညီပေ။

ကုန်းချင်းယောင် လက်တလောအားနေ၍ သဘောတူလိုက်သည်။

ကျောက်ကွမ်းဝေ့ ဟိုဘက်မှ သဘောတူလာသည်ကိုမြင်၍ စိတ်အေးသွား၏။

“ချိုမြိန်မှု့အလွန်: ဆရာသခင် ကျွန်တော်က မြို့တော်ရဲ့ ‌အ‌ရှေ့မြောက်ဘက်က ကျောင်းမှာပါ ကျောင်းနာမည်က Cပါ ဖုန်းနံပါတ်က ၁၈၂၃၃၂၁၃၂၁၃ပါ ”

တဖက်လူမှ စကားပြောပုံသည် ကွဲခြားသွားသော်လည်း ကုန်းချင်း‌ယောင် ဘာအမူအရာမှမပြဘဲ လိပ်စာအား ကြည့်ကာ ကားတား၍ ထွက်လာတော့၏။

ကျောက်ကွမ်းဝေ့ တဖက်မှ မတုံ့ပြန်လာ၍ စိတ်ပူလာတော့သည်။ သူ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး နံရံကိုသာ ငေးကြည့်နေမိသည်။ တက္ကသိုလ်မတက်ခင်၌ ဟန်ချိုးယွမ်ဆိုသူနှင့် မတွေ့ခင်အထိ သူ့ကိုယ်သူ အဖြောင့်ဟုသာ ထင်ထားခြင်းပင်။

ရိုးရိုးသားသား ပြောရလျှင် ပထမအကြိမ် ဆုံတွေ့စဉ်က မည်သို့မည်ပုံဖြစ်သည်ကိုပင် သူ မမှတ်မိတော့ပါ။ အတန်းတက်စဉ် တစ်ရက်၌ သူ အိပ်နေမိ၍ နိုးလာသော် အတန်းပြီးသွားပြီဖြစ်ပြီး အတန်းဖော်များအားလုံး ပြန်သွားကြကာ စာသင်ခန်းထဲမှာ သူတို့ နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ သူ့ခေါင်းအား လူတစ်ယောက်မှ ပွတ်သပ်လာသောအခါ အဖြောင့်တစ်ယောက်အနေနှင့် ထိုလုပ်ရပ်အား ရွံရှာသင့်ပေမယ့် သူ မော့ကြည့်လိုက်သောအခါ ဟန်ချိုးယွမ်အား မြင်လိုက်ရပြီး သူ့ကိုယ်သူပင် နားမလည်နိုင်အောင် စိတ်လှုပ်ရှားသွားသည်။

နောက်ပိုင်းတွင် ဟန်ချိုးယွမ်သည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ချဉ်းကပ်လာသောအခါ ကျောက်ကွမ်းဝေ့ ပြိုလဲကျသွားတော့၏။ ကျောက်ကွမ်းဝေ့သည် ယခင်၌ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ဖူးကြောင်း ဟန်ချိုးယွမ်အား ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီး ဟန်ချိုးယွမ်မှ သူ့အား နှစ်သိမ့်ပြီး အရေးမကြီးပါဘူးဟု ပြောပေးခဲ့သည်။

ကျောင်း၌ လိင်တူချစ်သူများအား အသိအမှတ်မပြုကြ၍ သူတို့နှစ်ဦးဟာ တိတ်တဆိတ်သာ ချစ်ကြိုက်ကြဖို့ ညှိနှိုင်းလိုက်တော့၏။ ကျောက်ကွမ်းဝေ့၏ အခန်းဖော်တောင်မှ ဒီကိစ္စကို မသိခဲ့သလို သူ့မှာ ရည်းစားမရှိဘူးဟုသာ ထင်ခဲ့‌သည်။ ကျောက်ကွမ်းဝေ့ ဟန်ချိုးယွမ်ထံ၌ ချစ်သူရှိလာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့‌ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်၌ သူ့ရည်းစားမှ သူ့ထံချဉ်းကပ်ပြီး သရဲတစ်ကောင်လို အော်လာသောအခါ ကျောက်ကွမ်းဝေ့ အံ့အားသင့်သွားရသည်။
26 04
အစပိုင်းတွင် ကျောက်ကွမ်းဝေ့၏ အခန်းဖော်က သူ့အား ကူညီ၍ စကားကူပြောပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကောင်းကွမ်းဝေ့သည် ခေါင်းငုံ့ကာ စကားမပြောသည်ကို မြင်‌၍ အမှန်ကို သိသွားခဲ့ပြီး ထိုအခန်းဖော်သည် သူ့အား ယနေ့အထိ လျစ်လျူရှုနေဆဲပင်။

ရယ်စရာကောင်းသည်မှာ သူသည် ခွေးတစ်ကောင်လို ကြိမ်းမောင်းခံရသော်လည်း ထိုသည်ကို သူ ပြန်မချေပနိုင်ပေ။ ထိုကောင်မလေးမှ ဟန်ချိုးယွမ်သည် ထိုမိန်းကလေးနှင့် လွန်ခဲ့သောနှစ်လမှစ၍ အတူရှိခဲ့ကြောင်း သိခဲ့ရသည်။

“နင်က အငယ်အနှောင်းပဲဆိုတာကို သိလား”

မိန်းကလေးပြောသည့်စကားသည် ကျောက်ကွမ်းဝေ့၏စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ သူမ၏ စကားများသည် C ကျောင်းတစ်ခုလုံးတွင် ပျံ့နှံ့သွားပုံရကာ သူသွားလေရာ၌ တစ်စုံတစ်ယောက်မှ သူ့အား အတင်းပြောနေတတ်၏။ ထိုကောင်မလေးသည်လည်း သူ့ရှေ့၌ ရံဖန်ရံခါ ပေါ်လာတတ်ပြီး သူနဲ့ ဟန်ချိုးယွမ် ကြားက ကိစ္စများကို ပြောဆိုနေတတ်သည်။

” ချိုးယွမ်က နင့်ကို ကြိုက်တယ်လို့ ထင်နေတာလား၊ ချိုးယွမ်က နင်နဲ့ အကြောင်းတွေ ငါ့ကို အကုန်ပြောပြပြီးပြီ”

ထို့အပြင် သူ့အား နာကျင်စေသော စကားမှာ ” ဟချိုးယွမ်က နင်နဲ့ နေမယ်လို့ထင်လို့လား၊ သူက နင်ပေးတဲ့ ပိုက်ဆံနဲ့ ငါ့ကိုတောင် ပြန်ထောက်ပံ့သေးတာ ”

ပထမတွင် ဟန်ချိုးယွမ်သည် အတူရှိစဉ် သူကသာ ပိုက်ဆံရှင်းနေပြီး အချိန်အတော်ကြာပြီးနောက် နှစ်ယောက်သား လည်ပတ်ကြသောအခါ ကျောက်ကွမ်းဝေ့ကသာ ပိုက်ဆံရှင်းရတော့သည်။ ကျောက်ကွမ်းဝေ့သည် ကျောင်းသားတစ်ဦးဖြစ်သော်လည်း ‌အရင်ထဲ၌ ကျောင်းပိတ်ရက်များတွင် ငွေများစွာ သုံးစွဲတတ်၍ သူ့အတွက် ပြဿနာမရှိခဲ့ပေ။

မကြာသေးမီကပင် ဟန်ချိုးယွမ်သည် သူ့အား မသိမသာတမျိုး သိသိသာသာတမျိုး ပိုက်ဆံချေးရန် တောင်းဆိုလာပြီး ကျောက်ကွမ်းဝေ့သည် ကောင်းမွန်သောမိသားစုနောက်ခံရှိသောကြောင့် ဟန်ချိုးယွမ်အား ချေးထားသောငွေများကို ဘယ်သောအခါမှ ပြန်မတောင်းခဲ့‌ပေ။ ထိုနေ့၌ ထိုကောင်မလေးသာ သူ့အား မပြောပြဖြစ်ခဲ့လျှင် လုံးဝသတိမထားမိမည်မဟုတ်ပေ။ ဆိုလိုတာသည်မှာ ဒီဆက်ဆံ‌ရေး၌ ဟန်ချိုးယွမ်မှ သူ့အား အစမှ အဆုံးအထိ ငွေထုတ်စက်တစ်ခုအနေနှင့်သာ အသုံးချခဲ့သည်ပင်။

သူကတော့ ထိုနှစ်ယောက်အား ထောက်ပံပေးနေမိသည်။ ထိုသို့စဉ်းစားနေစဉ် သူ နာကျင်လာပြီး ရုတ်တရပ်ဖုန်းမြည်လာ၍ သူ ကောက်ကိုင်လိုက်ကာ အမြန်ထထိုင်လိုက်ပြီး ” ဟယ်လို ”

တဖက်မှ အေးစက်သောအသံနှင့် ” ငါ ချင်းယောင်ပါ၊ ငါ ကျောင်းဂိတ်ပေါက်ကို ရောက်နေပြီ ”

” အာ့တာဆို ချက်ချင်းလာခဲ့ပါ့မယ် ”

ကျေက်ကွမ်းဝေ့ ဖုန်းကိုင်ထားပြီး အနည်းငယ် မိန်းမောနေမိသည် ဆရာသခင်သည် မိန်းကလေးဖြစ်ပြီး အသံမှာ ငယ်သေးသည့်ပုံပင်။ သို့ပေမယ့် ဖုန်းထဲမှ ကြားရသည်ကိုတောင် သူ့အား အေးစက်သွားစေသည်။ သူအမြန် အခန်းမှထွက်ကာ ကျောင်းအနောက်ဂိတ်သို့ ပြေးသွားတော့၏။

ကုန်းချင်းယောင် ကျောင်းတော်အား ယခုမှမြင်ဖူးပြီး သက်တောင့်သက်သာ ခံစားလိုက်ရကာ တုန်လှုပ်နေသော လေထုအားမြင်ရ၍ သူမ မပြုံးစဖူး ပြုံးလိုက်မိသည်။

လုချမ်ချမ် လက်စွပ်ထဲမှ ထွက်လာပြီး ” Cကျောင်းတော်က ကြီးလိုက်ကာ ကျောင်းဝန်းကလဲ တကယ်လှတာပဲ၊ စာအုပ်အနံကိုတောင် ရနေသေးတယ် ”

လူတယောက်နှင့် တစ္ဆေတစ်ယောက် ကျောင်းဝင်းထဲသို့ လှမ်းကြည့်လိုက်သေ။အခါ ကောင်လေးတယောက် ပြေးလာတာ တွေ့လိုက်ရ၏။ ထိုကောင်လေးသည် ပျော်ပျော်နေတတ်သည့် လူမျိုးဖြစ်ပေမယ့် မကြာသေးမီက ပြဿနာဖြစ်ခဲ့သည့်အတွက် ရက်အနည်းငယ်ကြာအောင် ရေမချိုး၍ ဆံပင်များပင် ဖွာလန်ကျဲနေ၏။ အင်္ကျီများမှာ မကြေနေသော်လည်း အထက်အောက် မလိုက်ဖက်နေပေ။

လုချမ်ချမ် ပြုံးလိုက်ပြီး ” အင်္ကျီအဖြူကို အနီရောင်အောက်ခံနဲ့ တွဲဝတ်တာကို အခုမှ မြင်ဖူးတာပဲ ”

ကျောက်ကွမ်းဝေ့ ကုန်းချင်းယောင်ထံသို့ ရောက်လာပြီး အပြင်ထွက်၍ ဟိုဟိုဒီဒီကြည့်ပြီးနောက် ကျောင်းဝန်းထဲသို့ ပြန်ဝင်သွားတော့၏။

လုချမ်ချမ် ထိုင်ချပြီး ရယ်နေကာ ” ဟား…ဟား… သူအရမ်း တုံးလွန်းလို့ ငါ ရယ်သေတော့မယ် ”
26 05
ကုန်းချင်းယောင် သူ့အား ကြည့်လိုက်ပြီး ” ချိုမြိန်မှု့အလွန်လား ”

” ဟမ်…”

ကျောက်ကွမ်းဝေ့ ချက်ချင်း သတိကပ်သွားပြီး ” နင်က ကုန်းချင်းယောင် ”

” ဟုတ်တယ် ”

ကျောက်ကွမ်းဝေ့ ကြောင်အသွား၏။ သူက တကယ်ပဲ ဆရာသခင်လား။

ကုန်းချင်းယောင် ” သွားကြစို့ ”

” သွားမယ် ဘယ်ကိုလဲ ”

သူ အခုထိ အံ့ဩနေရာမှ ပြန်မတုံ့ပြန်နိုင်သေးပေ။

ကုန်းချင်းယောင် တွက်ချက်ပြီးနောက် သူ၏ ကောင်လေးသည် ကျောင်းအနောက်ဖက်၌ ရှိနေမှန်း မြင်လိုက်ရ၏။

ကျောက်ကွမ်းဝေ့ ကုန်းချင်းယောင်၏ နောက်သို့လိုက်သွားပြီး သူ၏ စိတ်ကူးထဲရှိ ပုံရိပ်နှင့် အပြင်လူမှာ ကွာဟချက်က အရမ်းကြီးနေမှန်း စဉ်းစားနေ၏။ ခဏကြာအထိ သူ ဘာပြန်ပြောရမှန်းကို မသိတော့ဘဲ ကုန်းချင်းယောင်၏ အနောက်သို့သာ တိတ်တိတ်လေး လျှောက်သွားခဲ့‌တော့၏။ သူမက တကယ်ပဲ ပြဿနာကို ဖြေရှင်းပေးနိုင်ပါ့မလား။ သူ လမ်းတစ်လျှောက်တွင် ထိုသို့စဉ်းစားနေပြီး ဘေးရှိ လူအုပ်မှ ကွက်ကြည့် ကွက်ကြည့်လုပ်နေသည်ကိုပင် စိတ်ထဲမထားနိုင်တော့ပေ။

ကုန်းချင်းယောင် ထိုသည်ကိုမြင်၍ ကျောက်ကွမ်းဝေ့နှင့် သူ့ကောင်လေး၏ ကောင်မလေးအကြောင်းအား တကျောင်းလုံး သိနေလောက်ပြီမှန်း သိသွား၏။

၁၀မိနစ်မျှအကြာ လူအုပ်ထဲမှ ” ကျောက်ကွမ်းဝေ့ နင်မျက်နှာ ပြရဲသေးတယ်လား ”

ကျောက်ကွမ်းဝေ့ သူမအား မြင်သည်နှင့် ကုန်းချင်းယောင် အနောက်သို့ ဝင်ပုန်းလိုက်၏။ ထိုနှစ်များအတွင်း သူ မိန်းကလေးတစ်ယောက်မှ ပစ်မှတ်ထားခံရမှန်း မထင်ထားချေ။

ကုန်းချင်းယောင် ” အိုး… ဘာကိစ္စလဲ ”

ဟန်ချိုးယွမ်၏ လက်ရှိရည်းစား ရွမ်‌ကျောက်သည် ကုန်းချင်းယောင်အား မြင်၍ ” ဟဲ့ ကျောက်ကွမ်းဝေ့ နင် မိန်းကလေးနောက်မှာ ပုန်းနေတာလား ”

ဘေးမှလူများအားလုံး ရယ်လာကြပြီး ရွမ်‌ကျောက်သည် သူမအား ကြည့်ကာ ” နင်က ကျောက်ကွမ်းဝေ့ရဲ့ ကိုယ်လုပ်တော်လား၊ အာ့တော့ဘာလဲ ယောင်္ကျားတွေကို ကြိုက်တဲ့သူက အငယ်ထားသေးတယ်လား ”

လူအုပ်သည် ပြန်၍ တီးတိုးပြောလာကြပြီး ကျောက်ကွမ်းဝေ့ မျက်နှာနီရဲလာပြီး ပြန်မချေပနိုင်ပေ။

ကုန်းချင်းယောင် ” နင်လဲ အတူတူပဲ မဟုတ်ဘူးလား ”

လူအုပ်သည် တိတ်ဆိတ်သွားတော့၏။ သူမ ဘာကို ပြောချင်တာလဲ။

ရွမ်‌ကျောက်မှ ” နင် ဘာအဓိပ္ပါယ်လဲ ”

ကုန်းချင်းယောင် သူမ ပြောသည်ကို ပြန်နင်း၍ ” နင်က ယောင်္ကျားတွေကို ကြိုက်တဲ့သူရဲ့ အငယ်အနှောင်း မဟုတ်ဘူးလား ”

ရွမ်‌ကျောက် နောက်ဆုတ်မိသွားပြီး သူမလည်း ထိုသို့ပေမယ့် မဟုတ်ဘူး မဟုတ်သေးဘူး ” ဘာလဲ နင်က ငါ့ကို အငယ်အနှောင်းလို့ ပြောချင်တာလား ”

ကုန်းချင်းယောင် ” ဟိုအတန်းဖော်က ဒီမှာမလား ”

ရွမ်‌ကျောက်နှင့် ကျောက်ကွမ်းဝေ့ လူအုပ်ထဲသို့ ကြည့်လိုက်သောအခါ ဟန်ချိုးယွမ် နောက်ဆုံး၌ ရှိနေသည်ကိုမြင်ပြီး ရွမ်‌ကျောက်မှ ” ချိုးယွမ်လာဦး၊ ဒီမိန်းမက ဘာပြောနေတာလဲ ”

ကျောက်ကွမ်းဝေ့လည်း ဟန်ချိုးယွမ်အား ကြည့်လိုက်သည်။ ဤသည်မှာ ပြဿနာတတ်အပြီး သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံမှု့ပင်။ ထိုအချိန်အတွင်း သူ ဟန်ချိုးယွမ်အား အကြိမ်ပေါင်းများစွာ ဖုန်းခေါ်သော်လည်း ဖုန်းပိတ်ထားသည်ဖြစ်စေ မည်သူကမှ ဖြေကြားခြင်းမရှိသည်တို့သာ ‌ကြုံခဲ့ရ၏။ သူ အိပ်ဆောင်ရှိ ကြိုးဖုန်းကိုလည်း ဖုန်းခေါ်ခဲ့ပေမယ့် ဟန်ချိုးယွမ်သည် သူ့ အသံအား ကြားသည်နှင့် ချက်ချင်း ဖုန်းချလိုက်၏။

သူလည်း ဟန်ချိုးယန်အား သွားရှာချင်ပေမယ့် မလုပ်ရဲကာ သူ မရှာနိုင်ခင် ရွမ်‌ကျောက်မှ အမြဲတားခဲ့သည်ပင်။

ဟန်ချိုးယွမ်၏ အမူအရာသည် ဂဏာမငြိမ်ဖြစ်လာပြီး ကျောင်းသို့ လူလာကြိုစဉ် ထိုသို့ သူ့အား ရှာတွေ့သွားမည်မှန်း မထင်ထားပေ။
26 06
ဟန်ကျိုးယွမ်မှ ဘာ‌မှပြောမလာ၍ ရွမ်‌ကျောက် အော်ဟစ်လိုက်ကာ ” ဒီမိန်းမက ရှင့်ရဲ့ ကောင်မလားလို့ ”

ကုန်းချင်းယောင် သက်ပြင်းချလိုက်၏။ သူမအား ကူညီချင်ပေမယ့် ဒီမိန်းကလေးရဲ့ IQမှာ တော်တော် နိမ့်နေသည်ပင်။

ကျိုးယွမ် ချက်ချင်း ငြင်းလိုက်ကာ ” မဟုတ်ဘူး ”

ရွမ်‌ကျောက် ” အာ့တာဆို ငါက အငယ်အနှောင်းဆိုတာ ဘာပြောလျင်တာလဲ ”

ကောင်မလေးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး ” နင်က အငယ်မဟုတ်ဘူး ဟန်ချိုးယွမ် နင်က တကယ့်ကို အံ့သြစရာကောင်းတာပဲ၊ ငါနဲ့ လအနည်းငယ်ပဲ ဝေးနေရတာကို ငါ့အတွက် ဂျူနီယာ‌‌တွေတောင် ရှာပေးနေပြီ ” ထိုမိန်းကလေးသည် ဖြူစင်ပြီး ချစ်စရာကောင်းနေ၍ လူတိုင်း၏ အမြင်သည် ပြောင်းလဲသွားကာ ရွမ်‌ကျောက်သည် သူခိုးလူပြန်ဟစ်နေသည်ဟုသာ မြင်သွားကြ၏။

ဟန်ကျိုးယွမ် သူမအား မြင်သည်နှင့် ထိတ်လန့်သွားကာ ” မဟုတ်ဘူး၊ ပင်းရွှယ် ကိုယ်ရှင်းပြတာ နားထောင်ပါဦး ”

ချိုက်ပင်းရွှယ် လှောင်ရယ်လိုက်ကာ ” နင်က ဘာပြောချင်သေးတာလဲ ”

ဟန်ကျိူးယွမ် သူမ တခြားဖက်သို့လှည့်၍ ထွက်သွားမည်အပြု ” အားလုံး မင်းအတွက်လုပ်ခဲ့တာ ” ဟု အော်ဟစ်လိုက်၏။

“ငါ့အတွက်နဲ့ နောက်ရည်းစားထားရတယ်လို့ ပြောချင်တာလား ” ချိုက်ပင်းရွှယ် မျက်နှာသည် ဟန်ချိုးယွမ်အား သနားလိုစိတ်တစက်မှ မရှိဘဲ တည်နေ၏။

ဟန်ကျိုးယွမ်မှ ” မင်း မိသားစုက ငွေလိုနေပြီး ‌ကျောက်ကွမ်းဝေ့နဲ့ ရွှယ်ကျောက်မှာက ပိုက်ဆံရှိလို့ ပိုက်ဆံရဖို့ လုပ်ခဲ့တာပါ ”

ဘေးရှိလူအားလုံး ငြိမ်သက်သွားကြ‌တော့သည်။ ကျောက်ကွမ်းဝေ့ ထိုသို့ဖြစ်ပျက်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရွှယ်ကျောက်မှ သူ့အား ပြောခဲ့စဉ်က အနည်းငယ်သာ သံသယဝင်ခဲ့ပေမယ့် ယခု ဟန်ကျိုးယွမ်သည် ငွေအတွက်ကြောင့် သူအား ချည်းကပ်ခဲ့သည်ဟု ကိုယ်တိုင်ကိုယ်ကျ ပြောလာလေပြီ။ ပို၍အရေးကြီးသည်မှာ ရွှယ်ကျောက်လည်း သူ့လိုဖြစ်ကာ ဟန်ကျိုးယွမ်ထံမှ လှည့်စားခံခဲ့ရလေသည်။

ရွှယ်ကျောက် ချက်ချင်းပင် မျက်ရည်များ ကျလာတော့သည်။ ဒီလိုကိုး။ ပိုက်ဆံအတွက်နဲ့ ကျောက်ကွမ်းဝေ့အား ချည်းကပ်ရသည်ဟု ဟန်ကျိုးယွမ် လိမ်ညာပြောဆိုခဲ့သည်ကို သူမ ယုံခဲ့မိ၏။ သူမသည် ပိုက်ဆံမလုံလောက်သည့်သူ မဟုတ်သည်ကို ဘာကြောင့် ကျောက်ကွမ်းဝေ့ရဲ့ပိုက်ဆံကို လိုရမှာလဲ။

ချိုက်ပင်းရွှယ် သူပြောသည်အား ကြားသောအခါ ပိုစိတ်ပျက်သွားပြီး ” ငါ နင့်ကို အာ့လို ပိုက်ဆံမျိုးပေးပါလို့ တောင်းဆိုခဲ့လို့လား ဟန်ကျိုးယွမ် လမ်းခွဲကြရအောင် ”

ချိုက်ပင်းရွှယ် ထွက်သွားသော် ရွှယ်ကျောက်မှ ဟန်ကျိုးယွမ်အား ပါးရိုက်လိုက်ပြီး ” နင့်ကို ကြိုက်ခဲ့တာ ငါ ကန်းနေလို့ပဲ ”

ရွှယ်ကျောက် ထွက်မသွားခင်မှာ ကျောက်ကွမ်းဝေ့အား ကြည့်လိုက်ပေမယ့် ဘာမှ မပြောတော့ပေ။ ကျောက်ကွမ်းဝေ့ ဟန်ချိုးယွမ်အား တိတ်တဆိတ် ကြည့်ပြီးနောက် အကြည့်ပြန်လွှဲလိုက်သည်။ တက်ကြွစွာ ကြည့်ရှုနေသော လူအုပ်ကြီးသည် စိတ်လှုပ်ရှားစရာမရှိတော့ဟု ခံစားရပြီးနောက် လူစုခွဲသွားကြသည်။

လုချမ်ချမ် ထိုဇာတ်လမ်းကို ကြည့်ပြီးနောက် “ဘုရားရေ၊ အဲဒါက ဘာလဲဟ၊ လူနှစ်ယောက်ကို ဆက်တိုက် လိမ်ညာခဲ့တဲ့ လူယုတ်မာက တကယ်တော့ သူ့ရဲ့ ချစ်သူကောင်မလေးအတွက်ပေါ့”

ကုန်းချင်းယောင် စိုက်ကြည့်လိုက်ပြီး ” ပြန်လာခဲ့ ”

လုချမ်ချမ်သည် နေရောင်အောက်၌ နေတာကြာပြီးဖြစ်၍ လက်စွပ်ထဲသို့ ပြန်ဝင်လိုက်တော့သည်။

လုချမ်ချန် ပြန်မဝင်ခင် ” အာ့တာဆို နောက်ထပ် ဘာဆက်လုပ်မှာလဲ ”

ကုန်းချင်းယောင် ” အဝါရောင်စက္ကူဝယ်ရမယ် “.

” အိုး… ”

လုချမ်ချမ် တုံ့ဆိုင်းစွာ လက်စွပ်ထဲသို့ ပြန်ဝင်လိုက်၏။ နေ့၌ အချိန်ကြာကြာနေနိုင်ရန် သူမပို လေ့ကျင့်ရမည်ပင်။

ကုန်ချင်းယောင် လုချမ်ချမ်အား လက်စွပ်ထဲထည့်ပြီးကာမှ ကျောက်ကွမ်းဝေ့ အသိပြန်ဝင်လာချိန် သူ့ရှေ့၌ သူမ မရှိတော့ချေ။
26 07
Cကျောင်းတော်မှ ထွက်ခွာပြီးနောက် ကုန်းချင်းယောင် နေရာများစွာ ဆက်တိုက် ပြေးလွှားခဲ့သော်လည်း ကျေနပ်စရာ အရည်အသွေးနှင့် အဝါရောင် စက္ကူနှင့် သစ်ကြံပိုးခေါက်အား မဝယ်နိုင်ခဲ့ပေ။ နောက်ဆုံး၌ အရည်အသွေး အနည်းငယ်သာရှိသည်တို့ကိုသာ ဝယ်ခဲ့လိုက်ရသည် ။ မြို့တော်ရှိ အဝါရောင်စာရွက်များသည် မြို့ငယ်လေးများထပ် အရည်အသွေးပို၍ နိမ့်ကျမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

အိမ်ပြန်ပြီးနောက် သူမ စက္ကူအဝါနှင့် သစ်ကြံပိုးခေါက်အား စားပွဲ၌ တင်လိုက်စဉ် လုချမ်ချမ်ထွက်လာကာ ” ဘာလို့ ဒီလိုအများကြီးဝယ်လာတာလဲ ”

ကုန်းချင်းယောင် ” အရည်အသွေးက မကောင်းဘူး၊ နေရာများများကို သွားကြည့်ပေမယ့် မြိုတော်က စက္ကူဝါတွေက တခြားနေရာတွေထပ် အခြေအနေပိုဆိုးနေတယ် ”

လုချမ်ချမ် ” အာ့တာဆို လိုင်းပေါ်ကဝယ်လေ ”

ကုန်းချင်းယောင် စဉ်းစားမရတော့ဘဲ ” လိုင်းပေါ်က ”

လုချမ်ချမ် စိတ်လှုပ်ရှားလာပြီး ” လာခဲ့ သင်ပေးမယ်…”

နာရီဝက်အကြာတွင် ကုန်းချင်းယောင် ထောင်ပေါင် မည်သို့ အလုပ်လုပ်သည်ကို သိရှိလာခဲ့‌တော့၏။ အင်တာနက်ပေါ်တွင် ပစ္စည်းတို့အား အရည်အသွေးကြည့်ပြီး အမှန်၊ အမှား ခွဲခြားရန်မှာ မဖြစ်နိုင်‌ပေ။ သူမ စတိုးဆိုင်ဝယ်မှသာ မည်သည့်ပစ္စည်းသည် အရည်အသွေးကောင်းသည် ဝယ်ရမည်ဆိုသည်ကို တွေ့ရမည်ပင်။

” ပြီးရင် နေ့ချင်းပြီး ပစ္စည်း လာပို့ပေးတာကို လက်ခံဖို့ စောင့်နေရုံပဲ” အမျိုးသမီးတစ်ဦးအနေဖြင့် ပစ္စည်းများအား အိမ်တိုင်ရာအောက် ပို့ဆောင်လာပေးသည်ကို လက်ခံရသည့်အချိန်သည် အပျော်ဆုံးအချိန်ဖြစ်ပြီး လုချမ်ချမ်လည်း ထိုသို့ပင်။

သူမ မတူညီသော အဝါရောင်စက္ကူ များစွာအား ဝယ်ပြီးချိန်၌ ကျောက်ကွမ်းဝေ့မှ ဝီ့ပေါ်မှတဆင့် သူမအား ယွမ် ၁သောင်းလွှဲပေးလာ၏။

“ချိုမြိန်မှု့အလွန် : ဆရာသခင်ကို ကျေးဇူးတင်ပါတယ်၊ အာ့တာတွေကို ဘယ်လိုသိတာလဲဆိုတာ မေးလို့ရမလား ?”

သွားရာလမ်းတစ်‌လျှောက်တွင် သူမ ဟန်ချိုးယွမ် ၏ တည်နေရာအား တွက်ချက်ခဲ့သော်လည်း ကျောက်ကွမ်းဝေ့အား မြင်လိုက်ရသောအခါတွင် သူမ၏ ကောင်းကင်မျက်လုံး ပွင့်လာတော့သည်။ သူမ ဟန်ကျိုးယွမ် နှင့် ချိုက်ပင်းရွှယ်အား ကောင်းကင်မျက်လုံးဖြင့် မြင်လိုက်ရပြီး ထိုမှတဆင့် မြင်ကွင်းများ ထပ်မြင်လိုက်ရခြင်းပင်။ သူမ ကျောက်ကွမ်းဝေ့ ငွေလွှဲသည်ကို လက်ခံခဲ့သည်။

ဝီ့ပေါ်မှ ချက်ချင်း စာထပ်ဝင်လာသည်မှာ “ချိုမြိန်မှု့အလွန်: ဆရာသခင် ဂေးဖြစ်နေရတာက ဆိုးတယ်လို့ထင်လား ?”

“ကုန်း‌ချင်းယောင် : အာ့တာက ပြဿနာမဟုတ်ပါဘူး အချင်းချင်း ရိုးရိုးသားသား ချစ်ခင်ရင်ရပါပြီ ”

ထို့နောက် သူမ ဝီ့ပေါ် ပေါ်၌ နားကြပ်နှင့် ပက်စတ်သော ကြော်ငြာအချို့အကြောင်းရှာလိုက်ပြီး သေချာလေ့လာကာ အိပ်ယာဝင်သွားတော့သည်။

နောက်နေ့၌ ‌အိုက်ရှောင်းယွင် အစောကြီးရောက်လာကာ ” ဒီနေ့က လုအာကုမ္ပဏီမှာ ရိုက်ကူးရမယ့်နေ့ပဲ ”

ကုန်းချင်းယောင် ” သိပြီ ”

“မကြာသေးခင်က နှစ်တွေမှာ လုအာ ကုမ္ပဏီရဲ့ စီးပွားရေးက မကောင်းပေမယ့်လည်း တည်‌ထောင်ထားတဲ့ ကုမ္ပဏီကတော့ ခမ်းနားနေဆဲပဲ ” အိုက်ရှောင်းယွင် လုအာကုမ္ပဏီအကြောင်းအား ကားထဲမှာ ရှင်းပြပြီးနေသည်မှာ သူမ ထိုကုမ္ပဏီအား မရွေးချယ်ရန် စည်းရုံးစဉ်ကလိုပင်။ ကြော်ငြာ၏ ရိုက်ကွင်းသည် မိုင်ထောင်ချီဝေးလေသည်။

လုအာကုမ္ပဏီအကြောင်းအား ရှင်းပြပြီးနောက်၊ အိုက်ရှောင်းယွင် အခြားအရာတစ်ခုအား ရုတ်တရက် တွေးလိုက်ပြီး “စကားမစပ် ဝူကျန့်ကျိုး ကို မှတ်မိသေးလား”

သူမ မမှတ်မိမှာကို ကြောက်လို့ အိုက်ရှောင်းယွင်မှ ထပ်လောင်း၍ ” သူက အဲ့ဒီ့နေ့က တောင်ဝင်ကြယ်ဟိုတယ်ရဲ့ အခန်းထဲက လူတစ်ယောက်လေ ”

ကုန်းချင်းယောင် လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ဝူကျန့်ကျိုးတွင် ဘေးဥပါဒ်တစ်ခု တွေ့ကြံရမည်ဟု သူမတွက်ချက်ထားပေးခဲ့ပြီး သူမ ပြောခဲ့သလိုဖြစ်လာသည်ပင်။

သေချာပေါက် အနားရှိ အိုက်ရှောင်းယွင်မှ ” ဘာဖြစ်သွားလဲ မသိဘူး၊ သူ့ကို ကုမ္ပဏီက ထုတ်ပယ်လိုက်တယ် သူက ဒုဥက္ကဌကိုတောင်မှပဲ၊ သူ့ရဲ့ အပေါင်းအပါတွေလည်း အလုပ်ထုတ်ခံလိုက်ရတယ်” ပြောနေစဉ် အိုက်ရှောင်းယွင်မှ အလွန်ပျော်နေလေသည်။ လူတွေကို ဒုက္ခပေးရမယ်လို့ ဘယ်သူက ပြောလို့လဲ။
26 08
အိုက်ရှောင်းယွင် အတွေးလွန်နေစဉ် ကားမှာ လုအာကုမ္ပဏီသို့ ရောက်သွားသည်။ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာလမ့်‌ဟောက် သည် တံခါးဝတွင် စောင့်နေကာ အိုက်ရှောင်းယွင်နှင့် ကုန်းချင်းယောင် လာနေတာကိုမြင်၍ “ဒါက မိန်းကလေး ကုန်း ဖြစ်မယ်ထင်တယ် ၊ကြိုဆိုပါတယ် ”

အိုက်ရှောင်းယွင် လုအာ ကုမ္ပဏီမှ မန်နေဂျာတစ်ဦးအား လူကိုယ်တိုင်လာရောက် နှုတ်ဆက်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ အနည်းငယ် ဝမ်းသာသွားကာ ” နာမည်ကို ကြားဖူးတာကြာပါပြီ မန်နေဂျာလမ့် ”

မန်နေဂျာလမ့်မှ ” စတူဒီယိုထဲကို သွားကြရအောင် ”

” ကောင်းပါပြီ ”

အိုက်ရှောင်းယွင်နှင့် ကုန်းချင်းယောင်တို့ မန်နေဂျာလမ့်‌ဟောက်နောက်မှ လိုက်သွားတော့သည်။

လမ့်‌ဟောက် ပတ်၀န်းကျင်ရှိ ဝန်ထမ်းများသည် အရမ်းအံ့သြသွားကြပြီး “မန်နေဂျာလမ့်၊ ဒီကုန်းချင်းယောင်က သိပ်လဲ မကျော်ကြားသလို လူသိမများပါဘူး၊ ဘာလို့ သူ့ကို အရမ်းယဉ်ကျေး‌နေရတာလဲ”

သူတို့၏ ကုမ္ပဏီသည် အခြေအနေ မကောင်းလျှင်တောင်မှ နာမည်မရှိသော ကြယ်ပွင့်တစ်ယောက်ကို ဒီလိုမျိုး ဆက်ဆံဖို့ မလိုပါဘူး။ နာမည်ကြီး တော်တော်များများကတောင် သူတို့ရဲ့ ကုမ္ပဏီနဲ့ ကြော်ငြာရိုက်ကူးဖို့ ကြိုးစားနေကြသေးတာကို။

လမ့်‌ဟောက် ” အခုကုမ္ပဏီရဲ့ အခြေအနေက ဒီလိုဖြစ်နေချိန်မှာတောင်မှ မိန်းကလေးကုန်းက ကြော်ငြာပေးဖို့ ရွေးချယ်ခဲ့တာပဲ၊ အာ့တာကြောင့်မလို့ သူ့အပေါ်လေးစားပေးရမယ် ”

ကုန်းချင်းယောင် လုအာကုမ္ပဏီအား ကြော်ငြာပေးရန် ရွေးလိုက်သည်ကို ဘုတ်အဖွဲ့ဝင်များလည်း သိပေသည်။

ဝန်ထမ်းများမှ မကျေနပ်သော်လည် လမ့်‌ဟောက်သည် ပြုံးနေပြီး ဘာမှ ဆက်ပြောမလာပေ။

လုအာကုမ္ပဏီသည် ကြီးမားသော်လည်း စီးပွားရေး ကျဆင်းမှု့ကြောင့် ဝန်ထမ်းများ နည်းနေပြီး ခြောက်ကပ်နေလေသည်။

အားလုံး ဓာတ်လှေကားထဲသို့ ၀င်ပြီး မကြာခင်မှာပဲ ရိုက်ကူးရေးနေရာသို့ ရောက်သွားကြတော့၏။ ခန်းမသည် ကျယ်ပြီး မီးရောင်နှင့် တခြားအရာများ အကုန်အဆင်သင့်ဖြစ်နေလေပြီ။ အိုက်ရှောင်းယွင်မှ ဟိုဟိုဒီဒီကြည့်ရင်း “ဒီနေ့ ရိုက်ဖို့က ချင်းယောင် တစ်ယောက်တည်းအတွက်လား”

လမ့်ဟောက် ခေါင်းညိမ့်ပြကာ ” ဒီနေ့က headsetအတွက်ပဲ ရိုက်ကူးမှာပါ ”

ဤကဲ့သို့ ဆက်ဆံပုံမျိုးသည် ပထမတန်းစားကြယ်ပွင့်များအတွက်သာ ရနိုင်သော်သည့်အတွက် အိုက်ရှောင်းယွင် ချင်းယောင်အတွက် အလွန်ပျော်ရွှင်သွားသည်။ လမ့်ဟောက်မှ သူတို့အား အဝတ်လဲခန်းထဲ ခေါ်သွားပြီးနောက် တခြားဝန်ထမ်းများမှ ချက်ချင်း နှုတ်ဆက်လာပြီး “မင်္ဂလာပါ မိန်းကလေးကုန်း ဒါတွေက ဒီနေ့ ဓာတ်ပုံရိုက်ကူး‌ရေးမှာ ဝတ်ရမယ့် အဝတ်အစားတွေပါ အရင် မိတ်ကပ်ပြင်ကြမလား ”

လမ့်ဟောက် အိုက်ရှောင်းယွင်အား အပြင်သို့ ခေါ်ထုတ်သွား၏။

မိတ်ကပ်ပညာရှင်မှ ကုန်းချင်းယောင်အား စတင်ယေ၍ မိတ်ကပ်လိမ်းပေးလိုက်၏။ ဒီကြယ်ပွင့်လေးဟာ လူသိမများပေမယ့် အသားအရေအလွန်ကောင်းနေပြီး မိနစ်လေးဆယ်အတွင်းမှာပင် မိတ်ကပ်လိမ်းလို့ ပြီးသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိပေ။ ” ရှင့်ရဲ့ အသားအရေက အခြေခံကောင်းတယ်၊ ဒါကြောင့်ပဲ မြန်မြန်ပြီးသွားရတာ ”

ပုံမှန်အားဖြင့် မိတ်ကပ်လိမ်းရန် အနည်းဆုံး တစ်နာရီခန့် အချိန်ယူရသော်လည်း ကုန်းချင်းယောင်သည် အလွန်ကောင်းမွန်သော အသားအရေရှိပြီး မိတ်ကပ်လိမ်းရသည်မှာ အလွန်လျင်မြန်စွာ ပြီးသွားတော့၏။ အစ၌ မိတ်ကပ်ပညာရှင်မှ ကုန်းချင်းယောင်၏ဆံပင်အား လှိုင်းတွန့်ကြီးကောက်ရန် လုပ်ချင်သော်လည်း ဖြောင့်ဆင်းသော ဆံပင်ရှည်သည် သူမ မိတ်ကပ်နှင့် ပိုသင့်လျော်ပုံပေါ်ကြောင်း တွေ့လိုက်ရသည်။

ကုန်းချင်းယောင် မှန်ထဲသို့ ကြည့်လိုက်၏။ မိတ်ကပ်သည် သိပ်မထူ၍ လက်ခံနိုင်စရာ အနေအထားပင်။

မိတ်ကပ်ပညာရှင်မှ ” ရိုက်ကူးရေးမှာ ဝတ်ရမယ့် အဝတ်အစားတွေက ဒီမှာ ဘာကိုရွေးချင်ပါသလဲ ”

ကုန်းချင်းယောင် အနီနှင့် ခရမ်းရောင်အဝတ်အစားများအား ဘေးဖယ်လိုက်ပြီး အဖြူရောင်ဝတ်စုံအား ရွေးယူလိုက်ကာ အဝတ်လဲခန်းထဲသို့ ဝင်သွားတော့၏။ သူမ ပြန်ထွက်လာသောအခါ မိတ်ကပ်ပညာရှင်သည် မျက်လုံးများမှာ အထက်အောက် အပြန်အလှန်ကြည့်ပြီး‌နောက် ” ဒီတစုံပဲ ”
26 09
ကုန်းချင်းယောင်ထံမှ ထွက်လာပြီးသောအခါ လမ့်ဟောက်နှင့် အိုက်ရှောင်းယွင်တို့ ကြော်ငြာရိုက်ကူးရေး ဒါရိုက်တာနှင့် စကားစမြည်ပြောနေကြကာ ကုန်းချင်းယောင် ထွက်လာသည်ကိုတွေ့သည်နှင့် အားလုံး အံ့သြသွားတော့၏။ မီးရှူးမီးပန်းများကြားမှ ထွက်ပေါ်လာသော နတ်သမီးကဲ့သို့ သူမ၏ ဖြူဖွေးသောအင်္ကျီမှာ လေထဲ၌ လွင့်ပျံနေလေသည်။

လမ့်ဟောက် အရမ်း ဝမ်းသာသွားရသည် ။ ဒီကြော်ငြာမှာ လူကြိုက်များမည်ဟု သူ အာမခံရဲသွား၏။

လမ့်ဟောက် “မိန်းကလေးကုန်း ဒါက ကျွန်တော်တို့ ဒီနေ့ ရိုက်ကူးရမယ့် နားကြပ်ပါ၊ ကြည့်ကြည့်ပါဦး ”

ကုန်းချင်းယောင်သည် လုအာနားကြပ် ကြော်ငြာကို ယခင်ကတည်းက ဖတ်ထားပြီးနှင့်ပြီး ကြော်ငြာထဲ၌ စကားအများကြီး ပြောစရာမလို‌ပေ။ ပုံမှန်အတိုင်း တစ်နေရာတည်း၌ ထိုင်နေပြီး နားကြပ်တပ်ရုံမျှသာ။ ကုန်းချင်းယောင် အဖြူရောင် နားကြပ်ကို ရွေး၍ တပ်လိုက်သည်။

ဒါရိုက်တာမှ ချက်ချင်း ” ကင်မရာအသင့်ဖြစ်ပြီ ”

ကုန်းချင်းရေး သည် ရိုက်ကူး‌ရေးကွင်းဆီသို့ သွားလိုက်၏။ ဇာတ်ညွှန်းအရဆိုလျှင် သူမ ယခုအချိန်တွင် ပျော်ရွှင်နေမှု့ကို ပြသသင့်ပေသည်။ သူမ မနေ့ည၌ နားကြပ်ကြော်ငြာတော်တော်များများကို လေ့လာခဲ့ပေမယ့် ယခု တကယ့် ရိုက်ကူးရေးအချိန်မှာတော့ ကိုယ်ဟန်မှာ အနည်းငယ် တောင့်တင်းနေတော့၏။ နေရာ၌ အချိန်အတော်ကြာအောင် မတ်တပ်ရပ်‌နေပြီးနောက် ဒါရိုက်တာမှ ” ကတ်” ဟုအော်လာတော့သည်။

ဒါရိုက်တာမှ သူမထံ ရောက်လာပြီး ” ရိုက်ကူးနေတဲ့အချိန်မှာ နားကြပ်တပ်ရတာကို ကြိုက်တဲ့ပုံပေါ်အောင် ကြိုးစားရမယ်လေ ”

ကုန်းချင်းယောင် သူမ ပျော်နေသည်ဟု ဟန်ဆောင်ချင်ပါသော်လည်း သူမ မလုပ်နိုင်သည်သာ။

ကုန်းချင်းယောင် ပြန်မတုံ့ပြန်သည်ကိုတွေ့၍ ဒါရိုက်တာမှ ” ဒါဆို ဘယ်လိုသီချင်းမျိုး နားထောင်ရတာ ကြိုက်လဲ၊ နားကြပ်က သီချင်းသံကြားနေရသလို စိတ်ကူးကြည့်လိုက်ပါ၊ စမ်းကြည့်ပါဦး၊ အရမ်းပျော်ဖို့ကောင်းသလိုမျိုးလေ “

ကုန်ချင်းယောင် သံစဉ်များ နားမထောင်သည်မှာကြာ၍ စိတ်ကူးထဲ၌ ပုံ‌မဖော်နိုင်ပေ။ သူမ ခေါင်းသာ ရမ်းပြလိုက်တော့သည်။

ဒါရိုက်တာမှ ဇာတ်ညွှန်းစာအုပ်အာ ဆွဲယူလိုက်ပြီး နေရာကို ဟိုဟိုဒီု လှန်လှောလိုက်သည်။ အစ၌ ကုန်းချင်းယောင်သည် ပါရမီပါလောက်သည်ဟု ထင်ခဲ့သော်လည်း ကြော်ငြာများ ရိုက်ကူးရန် မဖြစ်နိုင်ပေ။ ခဏကြာ၌ ဒါရိုက်တာလက်ထဲရှိ ဇာတ်ညွှန်းစာအုပ်မှာ သူ့ဘယ်ဘက်လက်ပေါ်သို့ ကျသွားပြီး “ဟုတ်တယ်”

ဒါရိုက်တာက ကုန်းချင်းယောင် ဆီကို လျှောက်သွားပြီး “ဒီနည်းနဲ့ပဲ မင်း အခု အရမ်း သက်တောင့်သက်သာရှိတယ်ဆိုတဲ့ အနေအထား ရောက်နေတာပဲ၊ ဒီနေရာက မင်းကို အရမ်းပျော်စေတယ်လို့ တွေးကြည့်လိုက်ပါလား၊ ဥပမာ မင်း ပန်းတွေ ဝိုင်းနေတယ့် ပန်းခင်းရဲ့ အလယ်မှာထိုင်နေသလိုမျိုးလေ ”

ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။ သူမအား သက်တောင့်သက်သာ ရှိစေသောအရာရှိလေသည်။

ကုန်းချင်းယောင် ခေါင်းညိတ်သည်ကိုမြင်၍ ဒါရိုက်တာ ကင်မရာကိုင်ရန် ဝမ်းသာအားရနှင့် နောက်ပြန်ဆုတ်သွားတော့၏။ သူ လှည့်ကြည့်လိုက်‌သောအခါ ကုန်းချင်းယောင်မှာ မျက်လုံးမှိတ်ပြီး ခြေထောက်တွေ တင်ပျဉ်ခွေလျက် မြေပြင်ပေါ်၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ဒါက တရားအားထိုင်နေတာ မဟုတ်ဘူးလား။

ဒါရိုက်တာက ကတ်ဟု ထပ်ပြောမည့်ဆဲဆဲတွင် ကုန်းချင်းယောင်၏ မျက်နှာအမူအရာအား ရုတ်တရက်မြင်လိုက်ရ၍ လက်အား လမ်းတစ်ဝက်လောက်ဆန့်ပြီးနောက် ရပ်လိုက်ပြီး အံ့သြနေလျှက် ” မြန်မြန်လုပ်ကြ၊ ကင်မရာက နေရာယူကြတော့ ရိုက်ကူးရေးစတော့”

ကုန်းချင်းယောင် နေရာတွင်ပင် တည်တည်ငြိမ်ငြိမ် ထိုင်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်ပျော်စရာကောင်းနေပုံရပြီး ၎င်းကိုကြည့်ရုံဖြင့် လူတိုင်းကို အလွန်စိတ်အေးလက်အေး ဖြစ်သွားစေလေသည်။

ခဏမျှအကြာ ဒါရိုက်တာ၏ မျက်လုံးထဲ၌ ပျော်ရွှက်မှု့များ ပြည်ြနေလျှက် ” ကတ် ” ဟု ပြောလာတော့သည်။

မူရင်းကြော်ငြာဒီဇိုင်းတွင် “Deer ear headphonesမှာ သင့်အား အကောင်းဆုံး အသံအရည်အသွေး အတွေ့အကြုံကို ပေးသည်” ဟူသော ဇာတ်ညွှန်းတစ်ခုလည်း ပါရှိနေသည်။ ရိုက်ကူးပြီးနောက် ကုန်းချင်းယောင်မှ ဘာစကားမှပြောမနေလျှင်တောင် ဒီဗီဒီယိုအား ရိုက်ကူးထားသည့် ဒါရိုက်တာမှာ ထိုဇာတ်ညွှန်းနှင့်အတူ ပုံဖော်နိုင်နေတုန်းပင်။ သူမပုံသည် ဇာတ်ညွှန်း၏ အနှစ်သာရကို ဖော်ပြနေလေသည်။
26 10
လမ့်ဟောက်မှ ” အဝတ်အစား လဲခိုင်းဖို့ လိုနေသေးလား ”

အစ၌ အဝတ်အစားများစွာ စီစဉ်ထားပေမယ့် ကုန်းချင်ယောင်မှာ အဖြူရောင်တစ်စုံထဲကိုသာ ဝတ်ခဲ့ခြင်းပင်။

ဒါရိုက်တာမှ လက်ယမ်းပြလာကာ ” မလိုဘူး ”

ထိုအဝတ်အစားနှင့်သာ လုံလောက်နေပြီ ကြော်ငြာသည် သေချာပေါက် ထူးခြားမည်မှန်း သူယုံကြည်လေသည်။

အိုက်ရှောင်းယွင် ” အာ့တာဆို ရိုက်ကူးလို့ပြီးပြီလား ”

ဒါရိုက်တာမှ စိတ်လှုပ်ရှားနေလျှက် ” ပြီးပြီ နောက်ပိုင်း ထုတ်လှုပ်မှု့အသင်းရဲ့ လက်ရာကို စောင့်မျှော်နေပါ့မယ် ”

ကုန်းချင်းယောင်မှ ထပ်ရိုက်ကူးစရာ မလိုတော့သည်ကို တွေ့၍ အဝတ်လဲရန် အဝတ်လဲခန်းသို့ ထွက်သွားတော့သည်။ အိုက်ရှောင်းယွင် တုံ့ပြန်ရန် နှေးကွေးနေဆဲပင်။ မကြာသေးခင်ကမှ ရိုက်ကူးခဲ့တာကို အခုပြီးပြီတဲ့လား။ ကုန်းချင်းယောင်သည် ကြော်ငြာမရိုက်ရသည်မှာကြာပြီဖြစ်၍ ရိုက်ကူးရန် အနည်းဆုံး တစ်ရက်မျှ ကြာမည်ဟု သူမ ထင်ခဲ့လေသည်။

ကုန်းချင်းယောင် အဝတ်လဲပြီး ထွက်လာသည်အထိ အိုက်ရှောင်းယွင်မှာ ပြန်မတုံ့ပြန်သေးဘဲ ” ဒါဆို ဓာတ်ပုံရိုက်ကူးတာကို မှတ်တမ်းတင်စရာမလိုတော့ဘူးလား ”

” မလိုတော့ဘူး ”

ဓာတ်ပုံဆရာသည် ကိုယ်ပိုင်ကင်မရာအားယူ၍ ကောင်းမွန်သော ဓာတ်ပုံများစွာအား ကူးယူထားပြီးဖြစ်၍ အားလုံးသည် ပိုစတာပင် ထုတ်လို့ရသည်အထိ ကောင်းနေလေသည်။

ကုန်းချင်းယောင်နှင့် အတူ လိုက်ပါလာသော ဝန်ထမ်းတွေက ပထမ၌ သူမ၏အပြုအမူအား မကျေနပ်သောလည်း သူမမှ ကြော်ငြာတစ်ခုအား အမြန် ရိုက်ကူးပြီးသွားသည်ကို တွေ့လိုက်ရသည့်အခါမှာတောဘ သူ့စိတ်ထဲမှ လေးစားသော အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။ အရည်အချင်းရှိတဲ့ ဒီလူလိုက ပုံမှန်အတိုင်း အေးစက်စက်နိုင်တာပဲဖြစ်ရမယ်။

လမ့်ဟောက်လည်း အနည်းငယ်ပျော်နေလေသည်။ လုအာနားကြပ်ကြော်ငြာအတွက် မော်ဒယ်အဖြစ် ကုန်းချင်းယောင်အား ရွေးချယ်လိုက်သောအခါ သူမ၏ ယခင်က ရိုက်ကူးခဲ့သော ကြော်ငြာအချက်အလက်များကို ရှာဖွေကြည့်လိုက်ရာ လက်တွေ့ရှိုးတစ်ခုကိုလည်း ကြည့်ရှုခဲ့ရသည်။ ပုံမှန်အားဖြင့် သူမသည် ရိုက်ကူးရန် အနည်းဆုံး တစ်ရက်ခွဲလောက် အချိန်ယူရလိမ့်မယ်ဟု သူ ထင်ခဲ့လိုက်သည်။ ရိုက်ကူးနေစဉ်ပင် ရလဒ်သည် အလယ်အလတ်သာဟု ထင်ထားခဲ့ပြီး ဒီလောက်မြန်မြန်ပြီးသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ဓာတ်ပုံ အရည်အသွေးသည်လည်း ကောင်းမွန်နေလေသည်။

အိုက်ရှောင်းယွင်မှ ပျော်ရွှင်စွာ ” သွားကြစို့ ငါ ညစာလိုက်ကျွေးမယ် ”

နောက်ဆုံးအကြိမ်၌ သူမ ထမင်းလိုက်ကျွေးရန် ကုန်းချင်းယောင်အား အကြွေးတင်ထား၍ ယနေ့ အခွင့်သာတုန်း ခေါ်လိုက်ခြင်းပင်။

လမ့်ဟောက်သည်လည်း အနားရောက်လာပြီး ” မိန်းကလေးကုန်းနဲ့ အေးဂျင့်အိုက်တို့ နေ့လယ် အားလားလို့ သိချင်လို့ပါ ”

အိုက်ရှောင်းယွင် ” မန်နေဂျာလမ့် တခုခုရှိသေးလို့လား ”

လမ့်ဟောက်မှ ” ရိုက်ကူးရေးက ဒီလောက်မြန်မြန်ပြီသွားမယ်မှန်း မထင်ထားဘူး၊ အာ့တာကြောင့် လက်ဖက်ရည်သောက်ရင်းနဲ့ တခြားလုပ်စရာ ကိစ္စလေးတွေ ဆွေးနွေးချင်လို့ပါ ”

အိုက်ရှောင်းယွင် ကုန်းချင်းယောင်အားကြည့်လိုက်သောအခါ ငြင်းသည့်အရိပ်အယောင်မပြလာ၍ ” အာ့တာဆိုလဲ လိုက်ခဲ့ပါ့မယ် ”

လမ့်ဟောက်မှ လုအာကုမ္ပဏီအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်အား ကြိုတင်ဘိုကင်ယူထားလိုက်သည်။ ဆိုင်ပတ်ဝန်းကျင်သည် ကေ င်းမွန်ပြီး အလွန်တိတ်ဆိတ်၏။ သူမတို့ သုံးယောက်သီးသန့်ခန်းထဲ၌ ထိုင်နေကြစဉ် လမ့်ဟောက်မှ မီနူးကတ်ကို ယူလိုက်ပြီး “မင်းတို့ နှစ်ယောက်လုံး မှာချင်တာ ရှိသေးလား” ဟု မေးလာ၏။

ကုန်းချင်းယောင်၌ ဘာမစားသည်ဟု မရှိသလို အိုက်ရှောင်းယွင်သည်လည်း အကုန်စားသည်မို့ လမ့်ဟောက်မှ စားသောက်ဆိုင်၏ အဓိကမီနူးထဲမှ စားစရာ တချို့အာ မှာယူလိုက်တော့သည်။

ထို့နောက် သူ စားပွဲထိုးအား မီနူးကတ်ကို ပြန်ပေးလိုက်ပြီး ” မိန်းကလေးကုန်း၊ မကြာခင်မှာ တခြားကြေငြာတွေ ရိုက်ကူးစရာ ရှိသေးလား”
26 11
အမှန်တော့ လမ့်ဟောက်သည် ထိုမေးခွန်းအား ပေါ့ပေါ့ပါးပါးသာ မေးလိုက်ခြင်းဖြစ်ပြီး တခြား နာမည်ကြီး ကြယ်ပွင့်တွေမှာ ထိုသို့မေးခွန်းများကို ကြောငြာအနည်းငယ် ရှိသည်ဟု ဖြေလေ့ရှိကြလေသည်။ ‌ ကြော်ငြာရိုက်ကူးစရာရှိသည်ဆိုသည်မှာ သူတို့ နာမည်ကြီးသည်ဟု ယူဆနိုင်၍ ခိုသို့ဖြေတတ်ကြခြင်းပင်။

ကုန်းချင်းယောင်သည် မည်သောအခါမှ မလိမ်တတ်၍ တိုက်ရိုက်သာ ” မရှိပါဘူး ” ဟု ဖြေလိုက်၏။

ဘေး၌ထိုင်နေသော အိုက်ရှောင်းယွင်သည်လည်း သူမအား မတားဘဲ “ချင်းယောင်က ရသစုံရှိုးတစ်ခုကို ရိုက်ကူးရမှာဖြစ်လို့ ရုပ်ရှင်နဲ့ တီဗီမှာပြတဲ့ရှိုးပွဲတွေလိုမျိုးတွေမှာ ပါဝင်ရမှာက အဆင်မပြေသေးလို့ပါ “

လမ့်ဟောက် ခေါင်းညိမ့်လိုက်၏။ သူ့ရှေ့ရှိ ကုန်းချင်းယောင်မှာ အမှန်ပြောနေသည်ဟုသာ သူခံစားလိုက်ရ၏။

“ကျွန်တော်တို့ ဒီကြော်ငြာကို နောက်လ 1 ရက်နေ့မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ် ”

တကယ်တော့ လမ့်ဟောက် ထိုကိစ္စအား ကုန်းချင်းယောင်ကို ပြောပြစရာမလိုအပ်‌ပေ။ ထိုအချိန်၌ သူ ကုန်းချင်းယောင်အား အနည်းငယ် အံ့အားသင့်သွားစေချင်၍ ပြောလိုက်ခြင်းသာ။ နောက်ဆုံးတွင် ကြော်ငြာသည် ခန့်မှန်းချိန်ထက် ပိုစော၍ ထုတ်လွှင့်ဖြစ်လေသည်။

မထင်မှတ်ဘဲ ဤစကားကိုကြားပြီးနောက်တောင်မှ ကုန်းချင်းယောင်သည် လုံးဝအံ့သြသွားပုံမပေါ်‌ပေ။ သူမ ဘယ်လက်အား ဆန့်တန်းလိုက်ပြီး လက်ချောင်းများကို ထိကပ်လိုက်ပြီးနောက် ခေါင်းခါလိုက်ကာ “နောက်လရဲ့ ပထမနေ့ဟာ ကောင်းတဲ့နေ့မဟုတ်ဘူး”

လမ့်ဟောက်: နေ့ကောင်းမဟုတ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ။

ကုန်းချင်းယောင် ဆက်ပြီး တွက်ချက်နေပြီးနောက် ” နောက်လရဲ့ ၅ရက်နေ့က ရက်ကောင်းပဲ၊ အာ့နေ့မှာ ထုတ်လုပ်ဖို့က ပိုသင့်တော်တယ် ”

လမ့်ဟောက် ခဏမျှကြာပြီးမှ ” မိန်းကလေးကုန်းက ကံကြမ္မာဟောတာကို စိတ်ဝင်စားတာလား ”

ကုန်းချင်းယောင် ” စိတ်ဝင်စားတာမဟုတ်ပါဘူးထ ကျွန်မက အာ့နယ်ပယ်မှာ တော်တာပါ ”

စီးပွားရေးလောကတွင် လူများသည် ကံကြမ္မာဟောသည်ကို အလွန်ယုံကြည်ပြီး လမ့်ဟောက်သည်လည်း ထိုနည်းတူပင်။ သူ ကုန်းချင်းယောင်အား ကြည့်လိုက်သောအခါ သူမ ပြောသည်ကို ယုံရပါ့မလားဆိုသည်ကို သေချာမသိနိုင်ပေ။ အရင်တုန်းက ကြော်ငြာမလွှင့်ခင် ရက်ကောင်းရက်မြတ်အား တွက်ချက်ရန် ဆရာသခင်များအား ရှာတွေ့ခဲ့ပေမယ့် တိကျသောရလဒ်ရမလာ၍ ထိုအကြံကို စွန့်လွှတ်လိုက်ကြရခြင်းပင်။

ကုန်းချင်းယောင် လမ့်ဟောက် အမူအရာကို မြင်လိုက်သည်နှင့် သူမအား မယုံဘူးဆိုသည်ကို သိသွားပြီး ” ရှင့်ရဲ့အမေက ဆယ်နှစ်အရွယ်မှာ ဆုံးသွားပြီး ရှင့်ရဲ့အဖေက ဆယ့်ငါးနှစ်မှာ ဆုံးသွားခဲ့တယ်၊ ရှင့်မှာ ညီလေးတစ်ယောက်ရှိတယ်၊ သုံးခါ ချစ်ခဲ့ဖူးပေမယ့် ရှင့် အိမ်ထောင်ပြုရမှာကတော့ နောက်သုံးနှစ်လောက်ကြာမှပါ၊ အလုပ်အကိုင်ကံကတော့ ချောချောမွေ့မွေ့ဖြစ်နေပေမယ့် အသက်သုံးဆယ်မှာ အဆင်မပြေမှုတွေ ကြုံခဲ့ရလိမ့်မယ်၊ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ကူညီပေမယ့် ကောင်းမွန်တဲ့တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်”

လမ့်ဟောက် အံ့အားသင့်သွားရသည်။ သူ့မိဘတွေမရှိတော့သည်ကို သိတဲ့သူတိုင်းနီးပါး သိကြပေမယ့် ဘယ်နှစ်နှစ်၌ ဆုံးသည်ဆိုသည်ကို အတိအကျမသိကြဘူး။ သူနှင့် သူ့ညီလေးကြားက ဆက်ဆံရေးသည် အမြဲတမ်းကောင်းမမွန်ခဲ့ပေမယ့် မကြာသေးမီကပင် သဘောထားကွဲလွဲမှုများ ရှိနေသည်ကို ပြင်ပလူများကမှ မသိကြပေ။ အချစ်ရေးများနှင့် ပတ်သက်လျှင် သူပိုလို့တောင် လျှို့ဝှက်ထား‌သေးသည်။ အသက် 30 အရွယ်တွင် သူ လုအာကုမ္ပဏီ၏ ဥက္ကဌနှင့် တွေ့ဆုံခဲ့ရပြီး ဤသည်မှာ လုအာကုမ္ပဏီ ဆုတ်ယုတ်လာရသည်ဆိုရင်တော်မှ သူ ထိုနေရာ၌ ဆက်နေရန် ရွေးချယ်ခဲ့ခြင်း အကြောင်းအရင်းပင်။

လမ့်ဟောက် မတ်မတ်ထိုင်လိုက်ပြီး ” မိန်းကလေးကုန်း ဘာကိုမြင်လိုက်ရလို့ပါလဲ ”

” ရှင့်ရဲ့ ကုမ္ပဏီက ဖုန်းရွှေရောင်စဉ်တွေကို ထူထောင်ထားပေမယ့်၊ အာ့ဒီ့အခင်းအကျင်းက ၂၀နှစ်တောင် ကြာပြီမလို့ ရောက်စဉ်တော်တော်များများဟာ ပျက်စီးနှင့်နေပြီ၊ ပြောရမယ်ဆိုရင် ဖုန်းရွှေရောင်စဉ်က ပျက်စီးသွားခဲ့ပြီ ”

အိုက်ရှောင်းယွင် ကြောင်အသွား၏။ ကုမ္ပဏီရဲ့ ဖုန်းရွှေရောင်စဉ်က ပျက်စီးတတ်တယ်လား။

အရင်ကသာ ကုန်းချင်းယောင်မှ သူ့အကြောင်းသူ ပြောလျှင်တောင်မှ လမ့်ဟောက် ငြိမ်ငြိမ်လေးထိုင်နေနိုင်ပေမယ့် ယခုတခါသည် ကုမ္ပဏီ၏ဖုန်းရွှေ အခင်းအကျင်းအကြောင်းဖြစ်နေ၍ သူ ဆက်မထိုင်နိုင်တော့‌ပေ။ ကုမ္ပဏီမှ ဖုန်းရွှေရောင်စဉ်အား ခင်းကျင်းထားပေမယ့် အစီအရင်မှာ ကျရှုံးခဲ့သည်။
26 12
အထက်ပိုင်းလူကြီးများသာ ထိုကိစ္စကို သိကြပြီး ယနေ့သူလည်း မတော်တဆ သိရှိသွားမည်ဟု မထင်ထားပေ။ ကုန်းချင်းယောင်သည် ကြော်ငြာရိုက်ကူးရုံနှင့် ဖုန်းရွှေအစီအရင်အား တွေ့သွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

လမ့်ဟောက် အံ့ဩသွားပြီး ခဏအကြာတွင် ” ထိုင်နှင့်ပါဦး ကျွန်တော် သန့်စင်ခန်းသွားချင်လို့ပါ ”

သန့်စင်ခန်းသွားမည်ဆိုသည်မှာ အယောင်ပြဖြစ်ပြီး ဥက္ကအား ဆက်သွယ်ရန် အကြောင်းပြချင်ရှာခြင်းပင်။

သေချာပေါက် အိုက်ရှောင်းယွင်နှင့် ကုန်းချင်းယောင်မှာ နားလည်သော်လည်း သူ့အား မဖော်ထုတ်လိုက်ပေ။

၁၀မိနစ်မျှအကြာ လမ့်ဟောက်သည် ပုံမှန်အမူအရာနှင့် ပြန်လာတော့သည်။

ထို့နောက် ဟင်းပွဲများ တပွဲပြီး တပွဲရောက်လာပြီးနောက် သုံးယောက်သား ဘာမှမဖြစ်ခဲ့သလို ပျော်ရွှင်စွာ စားသောက်လိုက်ကြ၏။ စားနေစဉ် လမ့်ဟောက်မှ ကုန်းချင်းယောင်အား သေချာဂရုစိုက်နေလေသည်။

စားသောက်ပြီးနောက် လမ့်ဟောက်မှ ” မိန်းကလေးကုန်း ကျွန်တော်တို့ရဲ့ ဥက္ကဌကို အစောနကအကြောင်းကို ပြောပြလိုက်ပါပြီ၊ အခု ဥက္ကဌက မိန်းကလေးကို တွေ့ချင်နေပါတယ်၊ အဆင်ပြေပါ့မလား “

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset