ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၂၂
ရှောင်းမီမှ ” ကျေးဇူးပါနော်၊ မမက အများကြီးသိတာပဲ နောက်ပိုင်းမှာ ယီအကြောင်းကို ညီမလေး သေချာလေ့လာမှာပါ ”
ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်ပြီး ” ကောင်းပါပြီ ”
သူမ ယင်းနှင့် ယန်အကြောင်းအား လူများအား သိပ်မပြောပြတတ်ပေမယ့် ယနေ့ ရှောင်းမီသည် လိမ္မာသလို တိုက်ရိုက်ထုတ်လွှင့်မှု့အား ကြည့်ရှူ့နေသောသူများအား ယခုအခွင့်အရေးကို အသုံးချကာ ရုပ်လွန်ပညာအကြောင်း သိစေချင်၍ စကားများများပြောခြင်းပင်။ အဘွားချမ် စိတ်အေးသွား၏။ သူ့မြေးမလေးသည် စကားသိပ်မပြောတတ်ပေ။ ပုံမှန်ဆိုလျှင် တနေ့လုံးနေလို့ စကားတစ်လုံးတောင် ထုတ်မပြောတတ်ဘဲ ယနေ့မှ စကားများများ ပြောနေသည့်အတွက်လည်း အံ့ဩနေ၏။
နောက်ကျလာသောအခါ လူတိုင်းညစာ ပြင်ဆင်ရန် လုပ်ကြတော့သည်။ သူမတို့ အဘွားချမ်အိမ်၌သာ စုဝေးနေကြပြီး ကုန်းချင်းယောင်မှ အဘွားနားသို့ တိုးကပ်၍ တီးတိုး ” ရှောင်းမီကို ဒီနေ့တော့ ရေနဲ့ဝေးဝေးမှာနေခိုင်း ရှောင်းမီရဲ့ မျက်နှာကို ကြည့်ရတဲ့အခါ ဒီနေ့ ရေခိုက်မှာကို တွေ့ရတယ် ”
ယခုလေးတင် ကုန်းချင်းယောင်မှ ရုပ်လွန်ပညာအကြောင်း သင်ကြားပေးခဲ့ပြီး အဘွားချမ်မှလည်း ကြားခဲ့ရလေသည်။ သူမ ကုန်ချင်းယောင် အမှန်ပြောနေသည်ဟု ခံစားရပြီး စိတ်ထဲ၌ မှတ်ထားလိုက်၏။
ကုန်းချင်းယောင်သည် မိုက်ခ်ပါတပ်ထား၍ ကြည့်ရှူ့သူများသည်လည်း သူမ အသံအား ကြားနေရ၏။
[ ဟား …ဟား…ဟား… ငါတို့ ကျားယောင်က ဆရာသခင်အဖြစ်ပြောင်းသွားပြန်ပြီ ]
[ မင်းအိမ်ကို လူတွေ ရေလာပတ်ကြမှ အပြစ်မတင်နဲ့နော်၊ ကုန်းချင်းယောင်က လူတွေကို မြန်မြန်ဆန်ဆန် စည်းရုံးတတ်တာပဲ]
[ ၂၃၃၃၃၃၃၃ သေချာကို ရေတွက်နေဦးမှာ ကုန်းချင်းယောင် စကားပြောလို့ ပြီးတဲ့အချိန်ကနေစပြီး ]
…
ညစာပြုလုပ်နေစဉ် ကျုံးရှင်းရင်လည်း ရောက်လာလေသည်။ အချိန်အတန်ကြာ နားလိုက်ပြီးနောက် သူမပို၍ နေလို့ကောင်းလာ၏။ ကျုံးရှင်းရင် နေမကောင်းသေးသည်ကို စဉ်းစားမိပြီး မည်သူမှ သူမအား ဘာမှ မခိုင်းကြပေ။
ပြောရလျှင် ကျန်လူ ၅ယောက်သာ ဟင်းချက်လိုက်ကြခြင်းပင်။ ညစာကျက်ပြီးနောက် ယိုရှင်းယွီနှင့် တခြားသူများ အဘွားချမ်တို့ မိသားစုများနှင့် ခွဲဝေစားရန် လုပ်လိုက်၏။ အားလုံး အိမ်ထဲသို့ရောက်လာသောအခါ ရှောင်းမီသည် ပြောင်းဖူးပြုတ်ရည်အား သောက်နေသည်ကို တွေ့လိုက်ရသည်။
ကော်ယွမ်ခိုင်မှ ချက်ချင်း ” ငါ သွားလိုက်မယ် ”
ဟင်းများချက်ပြီးသည့်နောက် သူ ရှောင်းမီအိမ်သို့ ပေးရန် ပြေးထွက်သွားတော့၏။
ညစာစားပြီးနောက် လူတိုင်း အနားယူလိုက်ကြ၏။ ကုန်းချင်းယောင် ကောင်းကင်အား စိုက်ကြည့်လိုက်ပြီး တီးတိုး ” မိုးကြီးရွာတော့မယ် ”
ယုချူးရွှယ်လည်း ကောင်းကင်သို့ ကြည့်လာပြီး ” ဒါပေမယ့် လသာနေတုန်းပဲလေ ”
သူမစကားပြောပြီး မည်သူမှ မတုန့်ပြန်၍ လှည့်ကြည့်လိုကါသောအခါ ကုန်းချင်းယောင်မှာ တော်တော် ဝေးဝေးသို့ ရောက်နေလေပြီ။
ယုချူးရွှယ် စိတ်ထံ၌ ကုန်းချင်းယောင်အား အကြိမ်ထောင်သောင်းချီ ကျိန်ဆဲနေပြီး အော်ဟစ်လာ၏။ ” ချင်းယောင် နင် မိုးရွာမယ်ပြောပေမယ့် ငါကတော့ မရွာလောက်ဘူးထင်တယ် ”
ထို့နောက် သူမ ကျုံးရှင်းရင်အား ကြည့်လိုက်ပြီး ” ဟေး… ရှင်းရင် ချင်းယောင်က ဒီနေ့ မိုးရွာမယ်ပြောတယ် နင်ရော ရွာမယ်ထင်လား ”
ကျုံးရှင်းရင်မှ ကောင်းကင်အား ငေးလိုက်ပြီး ” မရွာလောက်ဘူးနော်၊ လက အရမ်းသာနေတယ် ”
” ဟုတ်တယ်နော် ” ယုချူးရွှယ် ရေရွှတ်လိုက်ပြီး ဘေးရှိ ယိုရှင်းယွီနှင့် တခြားသူများကို ကြည့်လိုက်ကာ ” ရှင်တို့ရော ဘယ်လိုထင်လဲ ”
ယိုရှင်းယွီ စဉ်းစားရကျပ်သွားပြီး ယုချူးရွှယ်မှ ကုန်းချင်းယောင် မိုးရွာမည်ဟုပြောကြောင်း ထပ်ပြောပြလိုက်၏။
ယိုရှင်းယွီ ကောင်းကင်အား ကြည့်လိုက်၏။ သူလည်း မိုးရွာမည်မထင်သော်လည်း ကုန်းချင်းယောင် ပြောသည်မှာ မှန်နိုင်သည်ဟု ခံစားရ၍ ဘာမှထပ်မပြောတော့ပေ။ ဘေးရှိ ကော်ယွမ်ခိုင်မှ ” ဟုတ်ပြီလေ၊ မရွာလောက်ဘူး ထင်တာပဲ ”
ယုချူးရွှယ်မှ ” ယုံရီ နင်ရောဘယ်လိုထင်လဲ ”
လုယုံရီ စိတ်ရင်းအတိုင်း ပြောလာ၏။ ” ငါတော့ ချင်းယောင်ကို ယုံတယ် ”
22 02
ယုချူးရွှယ် အပြင်၌ထုတ် ရယ်မိတော့မလိုပင်။ သူမ အကြိမ်ပေါင်းများစွာ ထိုအကြောင်း ပြန်ပြောရသည်မှာ ကြည့်ရှူ့သူများအား ကုန်းချင်းယောင်သည် လူလိမ်အကြီးစားမှန်း သိရှိစေရန်ပင်။ သေချာပေါက် ကြည့်ရှူ့သူများ ထပ်၍ ဆွေးနွေးလာကြ၏။
[ မိုးရွာမယ်လို့ ထင်ကြလား ]
[ ဟုန်ယန်ရွာရှိတဲ့ မြို့က မိုးလေဝသခန့်မှန်းတာကို အခုပဲ ကြည့်ခဲ့တာ မိုးမရွာနိုင်ဘူးတဲ့ ]
[ ဟား…ဟား… ထုတ်လှုပ်မှု့အသင်းက အာ့တာကို ဘယ်လိုလုပ်ပေးတတ်မှာလဲ ]
[ မဟုတ်ဘူး မဟုတ်ဘူး ကုန်းချင်းယောင်က သူ့ကိုယ်သူ ဆရာသခင်လို့ ထင်နေပြီး ကြိုတင်ဟောသွားတာပဲ၊ သေချာပေါက် ကြည်လင်နေတာကို သူမက ကိုယ့်မျက်နှာကိုယ် ရိုက်ချင်နေတာလား ]
[ အစကတော့ ရှောင်းမီကို ရေနဲ့ ဒုက္ခတွေ့မယ်လို့ ပြောထားတော့ သူမ လျှောက်ပြောတယ်ပဲထင်တာ၊ အဆုံးမှာတောင် ရာသီဥတုအကြောင်းကို ထပ်ပြောနေတုန်းပဲ ]
[ ဒီနေ့ ငါက ဖြတ်သွားရင်း ဖန်ဖြစ်သွားသူပဲ၊ အခုတော့ ဖန်ကနေ ဒီအတိုင်း ဖြတ်သွားတဲ့သူ ပြန်ဖြစ်သွားပြီ ]
[ ကုန်းချင်းယောင် ဒီလိုပြုမူရတာ မပင်ပန်းဘူးလား ]
…
ရွာအပြင်မှ စောင့်ကြည့်နေသော မောင်လီချမ်းမှ ခေါင်းမော့ကာ ထိုင်နေသော အိုက်ရှောင်းယွင်ကို ကြည့်လိုက်ပြီး ” မိုးရွာမယ်ထင်လား ”
အိုက်ရှောင်းယွက်မှ ပြန်ပင်မကြည့်ဘဲ ” အင်း… ”
မောင်လီချမ်း :…
အာ့ဒီ့ သက်တောင့်သက်သာရှိတဲ့ အမူအရာက ဘာသဘောလဲ။
ကုန်းချင်းယောင် သူမပြောခဲ့သည့်အတွက် အဖြစ်အပျက် များစွာဖြစ်လာသည်ကို မသိလိုက်ပေ။ သူမသည် သိလျှင်တောင် ဂရုမစိုက်မည်မဟုတ်ပေ။ သူမ လှိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် လုချမ်ချမ် ထွက်လာပြီး ဂူ၏ညာဘက်အပေါ်ထောင့်ကို ညွှန်ပြပြီး “နင် ဘာတွေလုပ်နေလဲဆိုတာ တခြားသူတွေမမြင်နိုင်အောင် ကင်မရာကို ဖုံးထားလိုက်ပါ့လား ”
မဟုတ်လျှင် ကုမ်းချင်းယောင်မှ သံပြားအား ထုတ်ယူလိုက်လျှင် ကြည့်ရှူ့သူများ အံ့ဩကုန်နိုင်ကြလေသည်။
ရိုက်ကူးနေစဉ် နေရာထိုင်ခင်းများသည် ပုံသေသာရှိနေသောကြောင့် အခန်းတိုင်းတွင် ကင်မရာကိုလည်း နေရာတခုတည်း၌သာ တပ်ထားသည်။ ကုန်းချင်းယောင် ခေါင်းအုံးစွပ်ကို တိုက်ရိုက်ချွတ်လိုက်ပြီး ကင်မရာပေါ်သို့ ဖုံးအုပ်လိုက်၏။ အသံမကြားရစေရန်အတွက် ကင်မရာရှိ အသံအား ပိတ်လိုက်၏။
ကင်မရာအား ဖုံးပြီးနောက် ကုန်းချင်းယောင် ဂူထဲမှ ကျောက်တုံးအား ထိလိုက်၏။ မနက်၌ ကျောက်တုံးတွင် ရှိနေသော စွမ်းအင်အား သူမခံစားရနိုင်သည် ။ သူမ သေချာ ထိကြည့်လိုက်သောအခါ အရှိန်အဝါတင် ဟုတ်မနေပေ။ ကုန်းချင်းယောင် ဝိညာဉ်စုဝေးအဆောင် နှင့် အအေးဓာတ်ကို အသုံးပြုလိုက်သည်။ တစ်ဖက်တွင် သံပြားသည် လုချမ်ချမ်အား အတွင်းပိုင်းသို့ ခေါ်ဆောင်သွားလေသည်။ ညနေခင်းတွင် ကုန်းချင်းယောင် အမြန် လေ့ကျင့်နေလေသည်။
ဂူအပြင်ဘက်၌ ဘယ်အချိန်၌ ရွာနေမှန်းမသိသော မိုးသည် တဖြည်းဖြည်း ပိုသည်းလာပြီး အံ့ဩစရာကောင်းစွာ မိုးကြီးလာတော့သည်။ ထိုသည်ကိုတွေ့သည်နှင့် ကုန်းချင်းယောင်၏ ကင်မရာသမားသည် ပျော်သွားပြီး အပြင်ထွက်ကာ ရိုက်ကူးတော့၏။ ကြည့်ရှူ့သူများသည်လည်း မအိပ်ကျသေး၍ မိုးရွာနေသည်အား မြင်လိုက်ကြရသည်။
ယုချူးရွှယ် ကျောက်သားမာသော အိပ်ရာ၌ အိပ်နေရ၍ မသက်မသာဖြစ်နေစဉ် အပြင်ဘက်မှ အသံအား ကြားလိုက်ရ၏။ သူမ အမြန် ထရပ်ပြီး ပြတင်းပေါက် နားသို့ သွားလိုက်ပြီး ကြည့်လိုက်၏။ ဒါမိုးရွာနေတာ မဟုတ်ဘူးလား။
လုယုံရီ မိုးရွာသံအား အပြင်မှ ကြားရချိန်၌ အိပ်ပျော်လုဆဲဆဲ ဖြစ်နေလေပြီ။
ဂူအပြင်ဘက်၌ ကုန်းချင်းယောင် အမြန် နက်နဲသိမ်မွေ့သော စွမ်းအင်အား လည်ပတ်စေနေလေသည်။ သာမန်မျက်စိနှင့်ပင် မြင်နိုင်သော ဝိညာဉ်စွမ်းအင်များမှာ လည်ပတ်နေပြီးနောက် ကုန်းချင်းယောင် ကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
22 03
ကုန်းချင်းယောင် ချီတတိယအဆင့်အား ရောက်ရှိနေလေပြီး ထိုးဖောက်သွားနိုင်သွား၏။ သူမ မျက်လုံးမှိတ်ပြီး စွမ်းအင်များကို ခံစားကြည့်လိုက်သောအခါ ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။ ကုန်းချင်းယောင် နောက်ထပ် အဆင့်တခုသာရောက်လျှင် သူမ ပျံနိုင်နေပြီမှန်း သိလိုက်ရ၏။ သို့ပေမယ့် အခုတော့ လေထဲ၌ မပျံနိုင်သေးလျှင်တောင် သာမန်လူများထက် လှုပ်ရှားရသည်မှာ မြန်လာလေပြီ။
” ထွက်လာခဲ့ ”
သူမ လေ့ကျင့်နေစဉ် တစ္ဆေနှစ်ယောက်သည် အနောက်၌ ရောက်နေကြောင်း သတိပြုမိလိုက်၏။ ထိုတစ္ဆေများသည် သူမမှ မဖိတ်ခေါ်၍ အထဲသို့ ဝင်မလာဘဲ တံခါး၌သာ ရပ်နေခြင်းပင်။ သူမ ချီအဆင့်၃ရောက်ပြီးမှသာ ဘာဖြစ်မှန်း မေးမြန်းချင်၍ ခေါ်လိုက်ခြင်းပင်။
တစ္ဆေ၂ယောက်သည် လေထဲမှ ပျံလာပြီး သူမ ရှောင်းမီအိမ်၌ တွေ့ခဲ့ရသော လင်မယားစုံတွဲဖြစ်နေသည်။
သူတို့သည် အစောကမှသာ လာခဲ့ခြင်းဖြစ်ပြီး မကောင်းဆိုးဝါးဝိညာဉ်အား သတိပြုမိကာ မဝင်ရဲဘဲ သူမ ခွင့်ပြုချက်ရမှသာဝင်လာရခြင်းပင်။ ရှောင်းမီ အမေမှ ” ဆရာသခင် သမီးလေးကို ကယ်ပေးပါ ”
နေ့လည်၌ ကုန်းချင်းယောင်မှ သူမတို့အား မြင်နိုင်သည်ဟု ရှောင်းယီအမေမှ သိနေခဲ့၏။ သူမ သမီးလေး တခုခုဖြစ်သွားနိုင်သည် ဆိုသည့်အတွက် ကုန်းချင်းယောင်အား အကူအညီတောင်းချင် နေကြခြင်းပင်။
ကုန်းချင်းယောင် ရှောင်းမီမှာ ရေဒုက္ခတွေ့နိုင်သည်ဟု သိသွားပြီး အဘွားချမ်ကိုပင် ရေနား အကပ်မခံရန် မှာခဲ့သေး၏။
” ဘာဖြစ်လို့လဲ ”
ရှောင်းမီ အမေမှ ငိုယို၍ ” ဒီနေ့ မိုးကြီးပြီး အိမ်က ရေမြှုပ်မလိုဖြစ်နေပြီး ရှောင်းမီက အိမ်ထဲမှာပဲ ရှိသေးတယ် ”
လုချမ်ချမ် ဝဲပျံထွက်လာကာ ” ဘုရားရေ မိုးက ရွာမြှုပ်အောင် ရွာတော့မှာလား ”
ကုန်းချင်းယောင် ” ငါဘာလို့ ဒီလို သတိမထားမိဘဲ အမှားမျိုးလုပ်မိတာပါလိမ့် ”
ရှောင်းမီသည် ရေဒုက္ခတွေ့နိုင်ပြီး ဟုန်ယန်ရွာသည် ယနေ့ရေကြီးမည်ပင်။ သူမ ဘာလို့ ထို၂ချက်ကို မဆက်စပ်မိရတာလဲ။
ကုန်းချင်းယောင် အမြန် တောင်အောက်သို့ ဆင်းပြေးသွားပြီး ” လုချမ်ချမ် ရွာလက်ထောက်ကို အမြန် အိမ်မက်သွားပေးလိုက် ”
လုချမ်ချမ် ခေါင်းညိမ့်၍ ရွာသူကြီးရှိသည့်နေရာသို့ အမြန်သွားတော့၏။
ကုန်းချင်းယောင် ရှောင်းမီ အိမ်အား အရင်သွားလိုက်ပြီး အိမ်ရှေ့၌ ရေများ ပြည့်လျှံနေသည်ကို တွေ့လိုက်ရ၏။ ရှောင်းမီသည် အိမ်ထဲ၌ ရေပြည့်နေ၍ တံခါးမဖွင့်နိုင်ပေ။ အဘွားချင်သည် တံခါးအား ဆွဲပါသော်လည်း အားသန်သော ရေစီးနောက်သို့ ပါသွားတော့၏။
ကုန်းချင်းယောင် အဘွားချမ်အား အမြန် ဖမ်းဆွဲလိုက်ပြီး ” ရှောင်းမီ ရှိနေလား ”
” ရှိတယ် မမ ”
ရှောင်းမီမှ ငိုယိုနေလျှင် ” မမ ညီမ သေရတော့မှာလား ”
ကုန်းချင်းယောင် ” အဓိပ္ပါယ်မရှိတာတွေ ညီမလေးရဲ့ မျက်နှာက ချမ်းသာပြီး ကြွယ်ဝမှု့တွေနဲ့ ပြည့်နှက်နေတာ၊ နေ့ရက်ကောင်းတွေက ရောက်လာတော့မှာ၊ မမပြောတာ နားထောင် တံခါးနဲ့ ဝေးဝေးမှာနေ ”
ခဏမျှအကြာ ရှောင်းမီမှ ” မမ ညီမ တံခါးနဲ့ အတတ်နိုင်ဆုံး အဝေးမှာ ရပ်နေပြီ ”
ကုန်းချင်းယောင် တံခါးအား ခြေဖြင့် ကန်ဖွင့်လိုက်၏။ အဘွားချမ် သူမ ဖွင့်စဉ်က ဘယ်လောက်ဖွင့် ဖွင့်မရသော တံခါးသည် ခဏ၌ ပွင့်သွားသည်ကို မြင်ရ၍ အံ့ဩသွား၏။ တံခါးပွင့်သည်နှင့် ကုန်းချင်းယောင် အိမ်ထဲသို့ ဝင်သွားပြီး ရှောင်းမီအား တဖက်မှ သယ်ပြီး အဘွားချမ်အား တဖက်မှ သယ်ကာ ထွက်လာတော့သည်။
” အဘွား ရှောင်းမီကို ခေါ်ပြီး တောင်ပေါ်ကို တက်သွားလိုက် ”
အဘွားချမ် ချက်ချင်း မြေးမလေးကို ချီ၍ တောက်ထိပ်သို့ တက်သွားတော့၏။ ထိုအချိန်သည် ညအိပ်ချိန်ဖြစ်ပေမယ့် မိုးရေထဲ၌ ရုန်းကန်နေသည်များလည်း တွေ့ရ၏။ ဥပမာဆိုရလျှင် ကင်မရာသမားများသည် ဖျင်တဲထဲသို့ ရေဝင်လာသည်မှန်း သိသည်နှင့် တခုခုမှားနေမှန်းသိကာ ပစ္စည်းများကို သယ်၍ တောင်ပေါ်သို့ တက်ပြေးတော့သည်။
22 04
ဝူထျဲကျူးနှင့် ဝမ့်တရှန်တို့ အိမ်မက်ကြောင့် နိုးလာပြီး မိုးရွာနေသည်ကို ကြည့်လိုက်ကြပြီးနောက် ချက်ချင်း မိသားစုဝင်များကိုနှိုးက။ တောင်ခါးပန်း၌ ရွာသားများကို ခေါ်၍ စုစည်းစေလိုက်၏။ ထို့ပြင် လုချမ်ချမ်သည်လည်း တွေ့သမျှ လူတိုင်းကို အမြန်ထရန် အိမ်မက်ထဲ၌ လိုက်နှိုးနေလေသည်။
ကုန်းချင်းယောင် ရှောင်းမီအိမ်မှ ထွက်လာပြီးနောက် အနီးဆုံးရှိ တဲအိမ်အားသွားကာ တံခါးခေါက်၍ လူများကို တောင်ပေါ်သို့ အမြန်ပြေးရန် ပြောတော့သည်။ ရွာသားများလည်း သူ့ထက်ငါ ပြေးလွှားလျှက် တခြားသူများကို ခေါ်၍ ထွက်သွားကြတော့သည်။
လုချမ်ချမ် ကုန်းချင်းယောင်နားသို့ ဝဲပျံလာပြီး ” အားလုံးကို နှိုးပြီးသွားပြီ ”
” ကောင်းပြီ ”
ကုန်းချင်းယောင် သူမ အနောက်ရှိ မိုးအား ကြည့်လိုက်သောအခါ ပို၍ ပို၍သည်းလာလေပြီ။
ဝူထျဲကျူးနှင့် ဝမ့်တရှန်တို့ ကုန်းချင်းယောင် အမြန်လမ်းလျှောက်နေသည်ကိုတွေ့သောအခါ ” မိန်းကလေး အမြန် တောင်ပေါ်ကို တက်ခဲ့ပါတော့ ”
သူတို့၂ယောက် သူမအား မြင်သောအခါ ဘာရယ်ကြောင့်မသိ စိတ်လှုပ်ရှားလာလေသည်။
” ကောင်းပါပြီ ”
လူစု၏ နောင်ဆုံး၌ သူမတို့၃ယောက် အတူတူ ဂူရှိရာနေရာအထိ လမ်းလျှောက်လာကြ၏။ ဝူထျဲကျူးနှင့် ဝမ့်တရှန်တို့ လူစုခွဲ၍ လူရေနေကြပြီးနောက် ” အားလုံး ရောက်လာပြီလား ”
ဝမ့်တရှန်မှ ” ကုံကန်း နဲ့ သူ့အမေတော့ ပါမလာသေးဘူး ”
ကုံကန်းသည် အဘွားချမ်အိမ် သွားရာ၌ လမ်းပြခဲ့သော ကလေးလေးပင်။ လုချမ်ချမ် ထိတ်ဘန့်သွား၏။ သူမ အိမ်တိုင်း သွားပြီးသွားပြီဟု ထင်သော်လည်း တအိမ်ကျန်ခဲ့မည်ဟု မထင်ထားပေ။
ကုန်းချင်းယောင် ” သူတို့အိမ်က ဘယ်မှာလဲ ”
ဝူထျဲကျူးမှ ” ရွာအနောက်မြောက်ဘက်မှာ ”
ကုံကန်းတို့ မိသားစုသည် ရွာနှင့် ဝေးသောနေရာ၌ နေကြပြီး ထိုပုံစံအတိုင်းသာဆိုလျှင် တမိသားစုလုံး ရေနှစ်နေလောက်ပြီပင် ဖြစ်နိုင်လောက်သည်။
” အာ့တာဆို ဘယ်လိုလုပ်ကြမလဲ ”
ရွာသားများမှ စိတ်ပူပန်လာသော်လည်း သူတို့ ရေဘယ်လိုကူးရမှန်း မသိပေ။ သူတို့ သိလျှင်တောင် ထိုမျှကြာသည်အထိ လူ၂ယောက်အား သယ်ကာ မကူးနိုင်ကြပေ။
ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့လည်း ကြောက်ရွှံ့နေလေသည်။ သူမတို့ ဤမျှကြီးမားသော ရေကြီးမှု့နှင့် ရင်ဆိုင်ရလျှင် ဒီမှာပဲ သေကြရတော့မှာလား။
ရေထဲ၌ ကလေးတစ်ယောက် သေသွားမည်ကို တွေးမိပြီး လူတိုင်း စိတ်မသက်မသာ ခံစားလိုက်ရ၏။ လုယုံရီမှ လက်သီးအား တင်းကြပ်စွာ ဆုပ်ထားလိုက်၏။ သူ ရေကူးတတ်ပေမယ့် ရွာအနောက်မြောက်အထိအား ည၌ ကူးသွားနိုင်လျှင်တောင် ကုံကန်းတို့အား မည်သို့ရှာရမှန်း သူ မသိပေ။
ရွာသားများ ရင်တတ်မအေး စိတ်ပူပန်နေကြလေသည်။ ကုံကန်း၏ မိသားစုသည် ရှောင်းမီနှင့် အခြေအနေတူသော်လည်း သူ့တွင် အမေရှိသေး၍ အလုပ်လုပ်နိုင်သူ ရှိနေသေးသည်။
ထိုစဉ် ဝူထျဲကူးမှ ” မိန်းကလေးချင်းယောင် ” ဟု အော်သံအား လူတိုင်းကြားလိုက်ရသည်။