ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၂၁
“လှိုဏ်ဂူက ကျောက်တောင်ပေါ်မှာပါ”
ဝူထျဲကျူး လမ်းလျှောက်နေလျှက် အားလုံးအား မိတ်ဆက်ပေးလာ၏။ ” တောင်က ကျောက်သားနဲ့မလို့ ယန်ရွှမ် လို့ခေါ်တာပါ ဟုန်ယန်ရွာက တောင်တွေပတ်လည်ဝိုင်းထားလို့ ရွာကို တောင်နားမှာ တည်ထားရတာပါ၊ တောင်အလည်ဆိုရင် ရောက်ပါပြီ ”
လုယုံရီမှ ” တောင်တွေ အကုန်လုံးက ကျောက်တောင်တွေပဲလား ”
ဝူထျဲကျူး ” အာ့တာကြောင့် အားလုံးခြုံပြီး ယန်ရွှမ်လို့ ခေါ်တာပါ ”
တောင်သည် မက်စောက်ပြီး ဂူသို့မရောက်ခင် နာရီဝက်မျှ သွားရ၏။ အားလုံး အိမ်များအား ကြည့်ပြီးနောက် ရိုးရှင်းသည်ဟာ ထင်ခဲ့သော်လည်း ဂူထက် အိမ်ကမှ ပိုသာသေး၏။ ဂူအဝင်ဝ၌ လိုက်ကာလေး ကာပေးထားပြီး လိုက်ကာဟုသာဆိုရသည် အိပ်ရာခင်းသာဖြစ်ပြီး ဖွင့်၍ ဝင်သွားလျှင် ကျောက်သားအိပ်ရာမှလွဲ၍ ကျန်တာ မရှိပေ။
လုယုံရီ ” ချင်းယောင် တကယ်ပဲ ဒီမှာနေချင်တာလား ”
” ဟုတ်တယ် ”
ကုန်းချင်းယောင်အတွက် ထိုနေရာသည် အဆင်ပြေလေသည်။ ကျောက်တုံးများ၌ စွမ်းအင်အချို့ပင် ရှိနေပုံပေါ်သည်။
ယုချူးရွှယ်မှ ” အားလုံး အိမ်လဲ ရွေးပြီးကြပြီဆိုတော့ နေ့လည်စာ ဘာစားကြမလဲ ဆုံးဖြတ်ကြရအောင် ”
တောင်တက်လမ်းသည် လမ်းလျှာက်ရခက်ပြီး ကျောက်တုံးများပင် ရှိနေတတ်သေး၏။ မိုးသာရွာပါက ပိုချောမည်ဖြစ်ပြီး ကုန်းချင်းယောင် မည်သို့ နေပါမည်နည်း။
တောင်တက်နေစဉ် ယုချူးရွှယ်သည် ပြုတ်ကျမည်စိုး၍ အပင်များနှင့် ကျောက်တုံးများအား ကိုင်၍ တက်လာခဲ့သည်ဖြစ်ပြီး ကုန်းချင်းယောင်မှာ လွတ်လွတ်လပ်လပ်သာ လမ်းလျှောက်နေမှန်း သတိမထားမိသည်မှာ သဘာဝကျပေသည်။
” ကောင်းပြီလေ ”
ကုန်းချင်းယောင် တောင်လည်း တက်ထားရပြီး သစ်သီးရိုင်းအနည်းငယ်သာ စားထားရ၍ ဗိုက်ဆာလာသောကြောင့် သဘောတူလာ၏။
ရသစုံရှိုး၏ စည်းကမ်းများကို သိထား၍ ဝူထျဲကျူးမှ ” ကျွန်တော်တို့မှာ အိုးတွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေတော့ ရှိပါတယ် ”
ယုရှင်းယွီနှင့် အခြားသူများမှ ” ကျေးဇူးတင်ပါတယ် ”
ဝူထျဲကျူး ” အားမနာပါနဲ့ ”
အားလုံး မြစ်တခုကိုတွေ့၍ ဘေးနား၌ မီးဖိုလိုက်ကြသည်။ အရင်အတွေ့အကြုံအရ လူတိုင်း ယခုအခါ၌ ပိုကျွမ်းကျင်လာကြသည်။ ရွာသားများမှ သူတို့၌ စားစရာမရှိသည်ကိုတွေ့၍ အိမ်များမှ စားစရာများ ယူလာပေးကြ၏။
” အကိုကြီး ဒါညီမတို့ အိမ်က ကြက်ကဥတဲ့ ကြက်ဥ အရသာရှိတယ် ”
ယုရှင်းယွီ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ကြက်ဥအား ယူလိုက်ကာ ” ကျေးဇူးတင်ပါတယ် ”
” မမ ဒါ ကျွန်တော်တို့ စိုက်တဲ့ အသီးအရွက်တွေပါ ”
ယုချူးရွှယ်လည်း ယူလိုက်ပြီး ” ကျေးဇူးပါကလေး ”
အချိန်ခဏအတွင်း သူတို့ရှေ့၌ ပစ္စည်းများ စုပုံလာလေသည်။
အားလုံးမှ ” လုံလောက်ပါပြီ၊ ကျေးဇူးပါ ” ဟု သာပြောနေရလေသည်။
ရွာသားများမှ ပစ္စည်းများ ပို့ပေးလာကြ၍ သူမတို့ တောထဲသွားပြီး စားစရာ မရှာရတော့သည်ကိုတွေ့၍ ယုချူးရွှယ်မှ ” ပြောစရာရှိလို့ပါ၊ ဒီမှာပစ္စည်းတွေ ဒီလောက်များနေတာ ဘာလို့ ကိုယ်ပိုင်ဟင်းချက်မစားကြတာလဲ ”
ကော်ယွမ်ခိုင်မှ ချက်ချင်း သဘောတူလာ၏။ ” ကောင်းပြီလေ ”
မဟုတ်လျှင် ဟင်းချက်တတ်သူများသာ အချိန်ပို ရိုက်ကူးခံရပြီး ကြည့်ရှူ့သူများ၏ မျက်စိထဲ ရောက်သွားနိုင်ပေသည်။
အားလုံး ဘာမှထပ်မပြောလာ၍ ယုချူးရွှယ် ကြက်သွန်မိတ်နှင့် ပစ္စည်းအချို့အား ကောက်ယူလိုက်ပြီး ” အာ့တာဆို ဒီပါဝင်ကစ္စည်းတွေကို ကျွန်မ ယူလိုက်မယ် ”
21 02
ယုချူးရွှယ် ကြက်သွန်မိတ်များမှ ပန်းပွင့်များကိုဖယ်၍ လက်ဖြင့် ဆိပ်လိုက်ကာ ” အားလုံးပဲ ကျွန်မပြောပြပါ့မယ်၊ ကြက်သွန်မိတ်က စားကောင်းတဲ့ဟာပါ၊ ကြော်စားရင် အကောင်းဆုံးပါပဲ ”
ယုချူးရွှယ် ကြက်သွန်မိတ်ပန်းများကို ဆိပ်လိုက်ပြီးနောက် အိုးယူကာ မီးဖိုပေါ်တည်လိုက်ပြီး ကြက်သွန်မိတ်ပန်းများအား ထည့်လိုက်၏။ ယုချူးရွှယ် ကြက်သွန်မိတ် ပန်းကြော်များကို ပန်းကန်ထဲထည့်၍ ကိုင်ထားလျှက် ” ယိုရှင်းယွီ နင်ရော ဘာလုပ်နေတာလဲ ”
ယိုရှင်းယွီ ဘယ်လိုဟင်းချက်ရမှန်း မသိသဖြင့် ” ဒီလိုဘာပဲ တခုခုပေါ့ ” ဟုသာ ပြန်ပြောလာ၏။
ယုချူးရွှယ်မှ ” အာ့တာဆိုရင် ချက်ကူမယ်လေ ”
သူမ ကြက်ဥနှင့် ခရမ်းချဉ်သီးအား ယူလိုက်၏။
ယုချူးရွှယ် အိုးတလုံးယူ၍ ရေထည့်ကာ မီးဖို၌ ဆူအောင်တည်လိုက်ပြီး ခရမ်းချဉ်သီးများကို ထည့်လိုက်၏။ ” ကြည့် ခရမ်းချဉ်သီးကို ပြုတ်လိုက်ရင် အခွံခွာရလွယ်တယ်၊ ခရမ်းချဉ်သီးအခွံမှာ ပိုးသတ်ဆေးတွေပါတတ်လို့ အရင်ဆုံး အခွံခွာရမယ် ”
သူမ တိုက်ရိုက်ထုတ်လွှင့်မှု့၌ ပြသနိုင်ရန် ရှိုးပွဲ မစခင် လေ့ကျင့်ထားသည်ပင်။
သို့ပေမယ့် နားထောင်နေသော ရွာသားများမှ ” ငါတို့ ခရမ်းချဉ်သီးတွေကို ပိုးသတ်ဆေးမဖြန်းမထားပါဘူး ”
ယုချူးရွှယ် ရှက်ရွံ၍ မျက်နှာနီသွားပြီးမှ ” ဟုန်ယန်ရွာက သစ်သီးတွေက သဘာဝအတိုင်း ကောင်းပြီးသားပါ ကျွန်မ ကြည့်ရှူ့သူတွေကို ဘယ်လိုလုပ်ရလဲ သင်ပေးနေတာပါ ”
သို့ပေမယ့် ကြည့်ရှူ့သူများသည် သူမပြောသည်ကို လက်မခံပေ။
[ ဘယ်သူက နင်သင်ပေးတာ လိုလို့လဲ]
[၂၃၃၃၃၃၃၃၃၃ ငါဆို အထက်တန်းထဲက ခရမ်းချဉ်သီးအခွံခွာတတ်ပြီးသား]
[ ဒီကလေးမက အရမ်းရိုးသားတာလား၊ ကိုယ့်ကိုယ်ကို မရှက်ခွဲနေတာလား ]
ယုချူရွှယ် ကြက်ဥ ခရမ်းချဉ်သီးမွှေကြော် ကြော်ပြီးနောက် ကော်ယွမ်ခိုင်သည် ဟင်းရွက်ကြော်ပြီးသွားကာ လုယုံရီသည်လည်း ငါးနှပ်လုပ်ပြီးသွားလေသည်။
ယုချူးရွှယ် ” ကုန်းချင်းယောင် နင်ဘာလုပ်မှာလဲ ”
အားလုံး ပါတင်ပစ္စည်းများ ရွေးသော်လည်း ကုန်းချင်းယောင်သာ မရွေး၍ သူမ ကုန်းချင်းယောင် ဘာလုပ်မည်ကို ကြည့်ချင်နေ၏။
ကုန်းချင်းယောင် မြစ်ထဲရှိ ကျောက်တုံးအားကောက်ကာ မီးဖိုပေါ်တင်လိုက်ပြီး ယုချူးရွှယ် ဖယ်ထားသော ကြက်သွန်မိတ်များကို ယူ၍ ဆေးလိုက်၏။ ထို့နောင် ကျောက်တုံးပေါ်၌ ဆီအနည်းငယ် သုတ်ကာ ကြက်သွန်မိတ်များကို ကင်လိုက်ပြီး ဟင်းခပ်အမွှေးအကြိုက် ဖြူးလိုက်ပြီးနောက် အနံမှာ လှိုင်တက်လာတော့သည်။
ကြည့်နေသော ကလေးတစ်ယောက်မှ ” အမေ ကျောက်တုံးကိုရော စားလို့ရလား ”
ဘေး၌ ရှိသည့် အမေမှ ” ကျောက်တုံးကိုတော့ စားလို့မရဘူးလေ၊ ဒီမမက ကျောက်တုံးကို ဟင်းချက်ဖို့ သုံးတာ ”
” အရမ်းအရသာရှိမယ့် ပုံပဲ ”
ခဏမျှအကြာ ကြက်သွန်မိတ်များ အသင့်ဖြစ်သောအခါ ကုန်းချင်းယောင် ပန်းကန်ထဲသို့ ထည့်လိုက်၏။
ယုချူးရွှယ် အဆင်မပြေသလို ပြုမူနေပြီး အားလုံးစားဖို့အဆင်သင့်မဖြစ်ခင် သူမသည် ဟင်းထည့်ထားသော ပန်းကန်တစ်လုံးကိုကိုင်ပြီး ကင်မရာသမားအား ကမ်းပေးလျှက် “ကျွန်မကိုဒီလို ဓာတ်ပုံလှလှလေး ရိုက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ အလုပ်ကြိုးစားခဲ့ပါတယ် ”
ရေတပ်သည် သူမလုပ်ရက်ကို မြင်သည်နှင့် စခရင်ပေါ်၌ ယုချူးရွှယ် အကြောင်းများသာ ပြည့်နှက်သွား၏။
ယိုရှင်းယွီနှင့် အခြားသူများလည် ကင်မရာသမားများကို ကိုစီ ဟင်းခွဲ ပေးလိုက်ကြ၏။ အားလုံး စားသောက်ပြီးနောက် ယုချူးရွှယ်မှ ” ရွာသားတွေက နေ့လည်က အစားအစာတွေပေးထားပေမယ့် ကျွန်မတို့မှာ ဘာမှ ပြန်ပေးစရာမရှိဘူး၊ ရွာသားတွေစီသွားပြီး ဘာကူညီရမလဲလို့ သွားမေးကြမလား ”
ကော်ယွမ်ခိုင်မှ ချက်ချင်း ” သဘောတူပါတယ် ”
တခြားသူများလည်း ကန့်ကွက်မလာပေ။
21 03
သို့ပေမယ့် ရွာသားတိုင်း အကူအညီမလိုဘူးဟုသာ ပြောကြ၍ ယိုရှင်းယွီ ရွာလက်ထောက်အား သွားရှာလိုက်ရသည်။ ဝူထျဲကျူးမှ ” အဘွားချမ်ရဲ့ အိမ်မှာ အလုပ်လုပ်ပေးမယ့်သူမရှိဘူး အာ့ဒီ့ကို သွားမေးကြရအောင် ”
ကလေးတစ်ယောက်မှ ကြားသောအခါ သူတို့အ ရှေ့၌ လမ်းပြပေးပြီး အားလုံး သူ့နောက်မှသာ လိုက်နေကြသည်။
ယုချူးရွှယ်မှ လမ်းပြနေသော ကောင်လေးအား ” နာမည်ဘယ်လိုခေါ်လဲ ကလေး ”
ကောင်လေးမှ ” နာမည်က ကုံကန်းပါ၊ ရွာရဲ့ အနောက်မြောက်ဘက်မှာ နေတာပါ ”
ယုချူးရွှယ် ကောင်လေးနှင့် လမ်းလျှောက်ရင်း စကားပြောနေလိုက်၏။ အခြားရွာသားများသည်လည်း ထိုအအခြေအနေကို အခွင့်ကောင်းယူ၍ အဘွားချမ်အိမ်၏ အခြေအနေအား ဧည့်သည်၅ယောက်ကို ရှင်းပြပေးလာ၏။
အစောပိုင်းနှစ်များတွင် အဖွားချမ်၏ကလေးများသည် အပြင်ထွက်၍ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုစဉ် လင်မယား ၂ယောက် သေသွားကြပြီး သမီးငယ်လေးသာ ကျန်ရစ်ခဲ့သည်။ ယခုတော့ အဖွားချမ် သည် မြေးငယ်လေးနှင့် နှစ်ယောက်တည်း နေထိုင်နေ၏။ အဖွားသည် အသက် ၇၀ ကျော်ပြီဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်သည် ကျန်းမာနေဆဲဖြစ်သည်။ လူတွေအားလုံး ရောက်သွားသည့်အခါ၌ အဖွားသည် ကိုယ်ပိုင်ကန်ထဲက ရေကို ခပ်ယူပြီး မြေးမလေးသည် ပြောင်းဖူးပြုတ်ရည် ပန်းကန်လုံးတစ်ဝက်ပါသည့် ပြောင်လက်နေသော ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ထားတယ်။
ကုန်းချင်းယောင် ဤမျှ ဖွံ့ဖြိုးတိုးတက်သောနေရာတွင် ဤမျှဆင်းရဲသည့်နေရာ ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ မနေနိုင်ဘဲ အနည်းငယ် ဝမ်းနည်းလာ၏။ လုယုံရီသည် အဖွား၏ ရေပုံးကို ယူဖို့ ရှေ့ကို လှမ်းလာပြီး ” ကျွန်တော် လုပ်ပေးမယ် ”
ယိုရှင်းယွီမှ အမြန် ” ကျွန်တော် ထင်းကောက်ပေမယ် ”
ကော်ယွမ်ခိုင်မှ ချက်ချင်း ” အာ့တာဆို ကျွန်တော် နံရံက ဖုန်တွေ ရှင်းပေးမယ် ”
ယုချူးရွှယ် တခုခုလုပ်ပေးရန် ကြည့်နေရင်း အလုပ်များနေကာ ကုန်းချင်းယောင်မှ မိန်းကလေးအရှေ့သို့ သွားလိုက်၏။ ကလေးငယ်သည် သူမ လာသည်ကို မြင်သည်နှင့် ” မမ ညီမလေး နာမည်က ရှောင်းမီပါ ”
ကုန်းချင်းယောင် သူမအရှေ့၌ ထိုင်ချလိုက်ပြီး ရှောင်းမီ ဆံပင်အား ပွတ်သပ်ပေးလိုက်၏။
ရှောင်းမီ ပြောင်းဖူးများ ချေ၍ ပြုတ်ထားသည်ကို မြှောက်ပြလိုက်ပြီး ” မမရော သောက်ချင်လား ” ဟု မေးလာ၏။
ပြောင်းဖူးအား ထိုသို့ချေ၍ ပြုတ်ထားသည်မှာ မိသားစု၏ အကောင်းဆုံး စားစရာပင်။
ကုန်းချင်းယောင် ” မမ မဆာသေးဘူး၊ ညီမလေးပဲ စားလိုက် ”
ရှောင်းမီ ခေါင်းညိမ့်၍ ကမ္ဘာပေါ်၌ အကောင်းဆုံး အစားအစာကဲ့သို့ တလုပ်သောက်လိုက်၏။
” မမက မြို့ကြီးကလို့ကြားတယ် ဟုတ်လား ” ရှောင်းမီ ကုန်းချင်းယောင်အား ကြည့်လိုက်၏။
ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်ပြီး ” ဟုတ်တယ် ”
ရှောင်းမီ ” မြို့ကြီးဆိုတာ ကောင်းရဲ့လား ”
ကုန်းချင်းယောင် ခဏမျှ တွေးလိုက်ပြီး လေးနက်စွာနှင့် ” မကောင်းဘူး ”
” ဒါပေမယ့် အမေနဲ့ အဖေက မြို့ကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး ”
အလုပ်ရှုပ်နေသော အဘွားချမ်သည် ထိုစကားအား ကြားပြီး ရှောင်းမီအား စိတ်ရှုပ်ထွေးသလို ကြည့်လာ၏။ ယခုအချိန်အထိ သူမ မိဘများ သေသွားသည်ကို မြေးမလေးအား မပြောပြရသေးပေ။
ကုန်းချင်းယောင် အနောက်သို့သို့ လှမ်းကြည့်လိုက်ပြီး ” မင်း မိဘတွေက မင်းကို စောင့်ရှောက်ပေးနေမှာပါ ”
ရှောင်းမီမှ အနည်းငယ် ပျော်သွားပြီး ” တကယ်လား ”
ကုန်းချင်းယောင် ” ဟုတ်တယ်၊ မမက မလိမ်တတ်ဘူး ”
ယုချူးရွှယ် သူမပြောသည်ကို ကြားသောအခါ လှောင်သလိုကြည့်၍ ရယ်လာ၏။ သူမသာ ကုန်းချင်းယောင်ကဲ့သို့ ကြည့်နိုင်လျှင် တစ္ဆေ၂ယောက်အား မြင်ရမည်ပင်။
21 04
ရှောင်းမီမှ ” မမက ဘာကြိုက်တတ်လဲ ”
ကုန်းချင်းယောင် ” ရုပ်လွန်ပညာ ”
ကြည့်ရှူ့သူများ သူမအဖြေကြောင့် ထပ်မံပေါက်ကွဲလာကြသည်။
[ ကုန်းချင်းယောင်က တကယ့်ကို ဆရာသခင်ပဲလို့ ခံစားရတယ် ]
[ ငါ သူမကို အများကြီး ကြိုက်ပါတယ်၊ ဒါပေမယ့် ကံကြမ္မာဟောတာ၊ ရုပ်လွန်ပညာတွေချည်းပြောနေတော့ ပျင်းလာပြီ၊ အာ့တော့ စိတ်ပြောင်းတော့မယ် ]
[ ဖန်တွေတောင် ပြောင်းကုန်ပြီ ဒါက ဘယ်ခေတ်မလို့လဲ ရုပ်လွန်ပညာကို ကြိုက်နေသေးတာ၊ မူးများ မူးနေတာလား]
[ တကယ့်ကို စိတ်ရှုပ်စရာပဲ ဒီရသစုံရှိုးက စိတ်ဒုက္ခပေးနေတာပဲ ]
…
မောင်လီချမ်း သည် လိုင်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုသူ ဦးရေ ၅သိန်းကိုပင် ကျော်လွန်သွားခဲ့ပြီး ကွန်မန့်များသည် အမြင့်ဆုံးရောက်လာခဲ့ကြောင်း သိရသည်။ အကြောင်းရင်းမှာ ကုန်းချင်းယောင်သည် ရုပ်လွန်ပညာအား နှစ်သက်သည်ဟု ပြောသောကြောင့်ဖြစ်သည်။ ကွန်မန့်တွင် အများစုသည် လှောင်ရယ်ကြသည်သာ ဖြစ်သော်လည်း၊ နာမည်ကြီး အများအပြားလည်း အရယ်ခံကြသည် မဟုတ်ပါလား။ ဒါက ကောင်းတာလား ဆိုးတာလား။
ထိုသို့စဉ်းစားလိုက်ပြီး မောင်လီချမ်း စခရင်ရှိ ကုန်းချင်းယောင်အား တောက်ပသော မျက်လုံးနှင့် ကြည့်လိုက်၏။
ရှောင်းမီ ” ရုပ်လွန်ပညာဆိုတာ ဘာလဲ ”
ကုန်းချင်းယောင် ” ပြောရမှာ ရှည်ပါတယ် ”
ကြည့်ရှူ့သူများ ထပ်၍ဆွေးနွေးလာကြ၏။
[ ကြည့်ပါဦး သူမက တကယ်နားမလည်လို့ ပြောရမှာရှည်တယ်လို့ ပြောတာလို့ ပြောရဲတယ်]
[ တော်လိုက်စမ်းပါ ကလေးမေးတာကိုတောင် သူမ မဖြေနိုင်ဘူးလေ ]
[ ဇာတ်ညွှန်းက ဖော်ထုတ်ခံလိုက်ရပြီ သူမ ဘယ်လိုလုပ်မလဲ ငါ ကြည့်ဦးမယ် ]
ကုန်းချင်းယောင် အဝေးကို လှမ်းကြည့်ကာ အလွန်သိမ်မွေ့သော အသံဖြင့် “ပြောရလျှင် Xuan ဆိုတဲ့ စကားလုံးက လွန်ခဲ့သော အနှစ်နှစ်ထောင်ခန့်က Laoziလာဇီမှ ဆင်းသက်လာပါတာ…”
ရှောင်းမီ ဘာပြောနေမှန်းနားမလည်ပေမယ့် မမသည် သူမအား စကားကို ကောင်းစွာ ပြောပေးနေ၍ သေချာအာရုံစိုက် နားထောင်နေ၏။
အက္ခရာ၈လုံးအကြောင်း ပြောပြီးနောက် ကုန်းချင်းယောင် ထိုက်ယန်အကြောင်း ပြောနေစဉ် ရှောင်းမီသည် နားထောင်နေရာမှ ” ဝိုး…ထိုက်ယန်က အရမ်း ခွန်အားကြီးတာပဲ တခြား ဘာရှိသေးလဲ ”
” ကောင်းကင် မျက်လုံးအပြင် တခြားသာတွေရောရှိသေးတယ် ညာဏ်ပညာ၊ဓမ္မနဲ့ ဗုဒ္ဓဆိုပြီးလည်း ရှိတယ် ”
ကုန်းချင်းယောင် မျက်လုံး၅လုံးအား အကြမ်းဖျင်း ရှင်းပြလိုက်၏။
ဘယ်အချိန်၌ ရောက်နေသည်မသိ ကုံကန်းသည် ဘေး၌ ထိုင်နေပြီး လုယုံရီသည်လည်း သူတို့အနောက်၌ ရပ်နေလေသည်။ ကုန်းချင်းယောင် စကားပြော ပြီးသွားသောအခါ ရှောင်းမီ ရုတ်တရပ် ဘေး၌ လူအများကြီး ရပ်နေမှန်း တွေ့လိုက်ရ၏။
ကုန်းချင်းယောင် ရုပ်လွန်ပညာအား ရှင်းပြခိုက် တီဗီစခရင်၌ ခဏမျှ ဗလာဖြစ်သွားပြီး သူမ ပြောပြီးသည်နှင့် ကွန်မန့်များ ချက်ချင်း တက်လာတော့၏။
[ သေစမ်း သမိုင်းမှာ အမြန်ဆုံး မျက်နှာ ဖြတ်ရိုက်တာပဲ၊ ငါ အခုပဲ ရုပ်လွန်ပညာကို နားမလည်ဘူးလို့ ပြောခဲ့တာကို ပါး အရိုက်ခံလိုက်ရပြီ ]
[ စိတ်လိုလက်ရ အရိုက်ခံလိုက်ပါတယ်]
[ ပန်ကာ ပြန်ဖွင့်လို့ရပြီ အခုပဲ ကြားလိုက်ရပြီး နားထောင်ကောင်းလို့ ဆက်နားထောင်နေတာ ]
( ပန်ကာ ပြန်ဖွင့်ပြီ- ပရိသတ်နဲ့ ပန်ကာက အင်္ဂလိမ်မှာ အသံထွက် ဆင်တူလို့ ပရိသတ်ပြန်ဖြစ်ပြီလို့ ပြောချင်တာပါ )
[ ငါလည်း ပန်ကာပြန်ဖွင့်ပြီ ကုန်းချင်းယောင် အသံက အေးသက်ပေမယ့် ရုပ်လွန်ပညာအကြောင်း ပြောတဲ့အခါ ဗလာဖြစ်သလို ခံစားလိုက်ရပြီး ငါ တော်တော် ဆွဲဆောင်ခံလိုက်ရတယ် ]
[ ဘယ်လို ကြွားရမှန်းမသိပေမယ့်၊ ကောင်းတာလေးတွေတော့ ပြောတတ်သားပဲ]
[ ကျိုးရင်က နားလည်ရ ခက်ခဲတယ်လို့ ထင်ထားတာ ကုန်းချင်းယောင် ရှင်းပြတာ နားထောင်ပြီးတော့ ရမ်နဲ့ တု ချန်နယ် ၂ခုကို ဖွင့်ထားမိသလို နားလည်သွားတယ် ]
…
ယုချူးရွှယ် သတိပြန်ဝင်လာ၏။ သူမ တကယ်နားထောင်ချင်၍ နားထောင်မိသည်မှာ မဟုတ်ကြောင်းကို ကျိန်ပြောရဲပါသည်။
※※※※※※※※※※※※※※※※※※※※
ယုချူးရွှယ် : ကျွန်မ ကျိန်ပါတယ် ကုန်းချင်းယောင်က ဝိညာဉ်စွမ်းအားကို အသုံးပြုထားတာနေမှာ
ကုန်းချင်းယောင် ယုချူးရွှယ်အား ကြည့်လာ၏။
ယုချူးရွှယ် : နင်ဘာကို ဆိုလိုချင်တာလဲ
ယိုရှင်းယွီ : ဟိုက စိတ်ထဲတောင် မထားဘူး