ERSY အခန်း ၂၂၁

အခန်း ၂၂၁ ။ အဇဋာဧကရာဇ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း

ဒီတစ်ခေါက် ယိချင်းရဲ့ ဝဋ်ကြွေးချေမှုက ရုတ်တရက်ရောက်လာခဲ့တာ။ သူ့ဘာသာတောင် သတိမထားမိလိုက်ဘူး။ ဒီနှစ်ပိုင်းမှာ ကိစ္စတွေအများကြီး ဖြစ်ပွားခဲ့တယ် – ကောင်းကင်သန့်စင်နာရီကို ခွဲခဲ့မိတယ်၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ် တိုက်ခိုက်ခဲ့ပြီး ဂိုဏ်းတွေကြားက တိုက်ပွဲထဲမှာလည်း ဝင်ပါခဲ့တယ်။ တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့လို့ ကူယွဲ့တောင် သူ့ဘာသာ အမတဧကရာဇ်ဖြစ်လာဖို့ နီးစပ်လာပြီဆိုတာ ခံစားနိုင်တယ်။ ဒါကြောင့် cheat ဖြစ်တဲ့ ယိချင်း တက်လှမ်းဖို့ကြုံရတာ အံ့ဩစရာတော့ မဟုတ်သင့်ဘူး။

ဘာကြောင့်မှန်းမသိ ယိချင်းရဲ့ ဝဋ်ကြွေးချေခြင်းက အတော်လေးကို ကြာညောင်းနေခဲ့တယ်။ မိုးကြိုးတွေဆက်တိုက် ပစ်ပြီး တစ်ချက်ချင်းစီက ကမ္ဘာမြေကြီးကိုအက်ကွဲစေတော့မတတ်ပဲ။

ဝဋ်ကြွေးချေခြင်းက ပုံမှန်ဆို လေးငါးရက်ထက် ပိုမကြာပေမဲ့ ဒီတစ်ခေါက်ကတော့ လဝက်နီးပါး ကြာခဲ့တယ်။ ကူယွဲ့က ကောင်းကင်ယံက လျှပ်စီးလက်နေ‌တာတွေကို လှမ်းကြည့်ပြီး ရင်ထဲ မသိုးမသန့် ခံစားလိုက်ရတယ်။ မိုးကြိုးဝဋ်ကြွေးချေခြင်းအပြီးမှာ မျက်စိကျိန်းစရာ အလင်းတန်း၃၆ချက် လိုက်တယ်။ သူတို့က ရဲရဲတောက်အနီရောင်ဖြစ်ရမှာဆိုပေမဲ့ ဘာလို့ ခရမ်းရောင် သွေဖည်မီးလျှံမိုးကြိုးတွေ ဖြစ်နေလဲ နားမလည်နိုင်ဘူး။ သူတို့က ကောင်းကင်ယံတစ်ခုလုံးကို ထိန်လင်းစေတာ ခရမ်းရောင် ဖြစ်တဲ့အထိပဲ။ စုစုပေါင်း ၆ရက်၆ည ကြာသွားခဲ့တယ်။

ကူယွဲ့ ထိတ်လန့်သွားပြီး cheat ကို တိတ်တ်တ်လေးကြည့်နေမိတယ်။ ဒီဝဋ်ကြွေးချေမှုပြင်းအားအရ ယိချင်းက ခိုင်ခိုင်မာမာ ရပ်နေပြီး သူ့ကိုဘာပဲပစ်လာပစ်လာ ဒဏ်ရာမရတာ ထူးဆန်းဖို့ကောင်းတယ်။

တစ်လအကြာ။

ကောင်းကင်က ကြည်လင်ပြီး တိမ်တွေက ကင်းစင်သွားပြီ။ ယိချင်း ပြန်ရောက်လာတယ်။ သူ့ဓမ္မဝတ်ရုံမှာ အပေါက်တွေ၊ မီးကျွမ်းရာတွေရှိနေပြီး ဆံပင်က ပုံမှန်ထက်ရှုပ်ပွနေတယ်။ သူ့ကြည့်ရတာ ရှုပ်ပွနေပေမဲ့ ပုံမှန်ထက် အများကြီးပိုပျော်နေသလိုပဲ။ သူ့ကိုယ်ကို ဝိုင်းထားတဲ့ မသေမျိုးချီကလည်း အဆပေါင်းများစွာ ပိုပေါကြွယ်လာခဲ့တယ်။ ကူယွဲ့ အဇဋာဧကရာဇ်တစ်ယောက်ရဲ့ ဖိအားက သူ့အပေါ် ဖိနှိပ်နေသလိုမျိုး ခံစားလိုက်ရတယ်။

ခဏ။

အဇဋာဧကရာဇ်တစ်ယောက်ရဲ့ဖိအားလား။

ကူယွဲ့ ။ ။ “…” မေ-ိုး

“ရှန်းရင်”

“ဟမ်”

“ငါ မင်းနဲ့အခုပဲ ဘဝအကြောင်း စကားပြောကြမယ်၊ ခုချက်ချင်း ဒီအချိန်ပဲ”

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

________

ယိချင်းက အောင်အောင်မြင်မြင် အဇဋာဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီး ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ် ဖြစ်လာခဲ့တယ်။ ဝူတိဂိုဏ်းရဲ့ စီမံခန့်ခွဲရေးနှင့်လူသားအရင်းအမြစ် ဒါရိုက်တာအနေနဲ့ ကူယွဲ့ တာဝန်ဝတ္တရားတွေအားလုံးကို တွန်းထုတ်နေတာ ရပ်လိုက်တော့တယ်။ ချက်ချင်းပဲ ကောင်းကင်အလွန်မှကောင်းကင်များဆီ တစ်ဂိုဏ်းလုံး ရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားအဇဋာဧကရာဇ်တွေ အရင်က နားကြားလွဲတာလားလို့တောင် ထင်မိသွားစေခဲ့တယ်။

ကူယွဲ့က သူတို့အခြေအနေကို မျက်ဆန်လှန်လိုက်ပြီး ပေသီးတွက်ခုံကို ဆက်တွက်နေတယ်။ အဓိပ္ပာယ်မရှိလိုက်တာ – ဝူတိဂိုဏ်းရဲ့ ခန်းဆောင်တွေက အရင်တိုက်ပွဲကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားပြီ။ သူတို့ ရွေးစရာ မရှိတော့ဘဲ နေဖို့တခြားနေရာ ရှာရတော့တယ်။ အနောက်ဥယျာဉ်ထဲ တစ်ခုတည်းသော တန်ဖိုးရှိတဲ့ဆေးပင်တွေအများစုကလည်း လန်ဟွား ဖန်တီးခဲ့ရတဲ့ နတ်ဆိုးအင်းကွက်ကြောင့် သေကုန်ကြပြီ။

အဲဒါကြောင့် တပည့်တွေက သူတို့ပိုင်ဆိုင်မှုတွေအားလုံးကို ချက်ချင်းထုပ်ပိုးရတော့တာပေါ့။ သူတို့ အနောက်ဆောင်က အမတသွေးကြောကို ထုပ်ပိုးဖို့ပဲကျန်တော့တယ်။ ဝူတိဂိုဏ်းက ထုပ်ပိုးပြီး ပြောင်းရွှေ့တဲ့နေရာမှာ အရမ်းကို လျင်မြန်တဲ့ပုံပဲ။ သူတို့ရှိသမျှအားလုံးကို ထုပ်ပိုးပြီး နေရပ်အပြင်ထွက်ဖို့ နာရီဝက်ပဲ ကြာလိုက်တယ်။

အဆင်ပြေဖို့အတွက် ကူယွဲ့က လန်ဟွားကို ပေါ်ပင်လယ်ဆီ တန်းရောက်စေမဲ့ ခရီးသွားအစီအရင်တစ်ခု စီရင်ခွင့်ပြုလိုက်တယ်။ သူ အဲဒါကို လန်ဟွားရဲ့ နေထိုင်စားသောက်စရိတ်အနေနဲ့ သတ်မှတ်မှာ။

W( ̄_ ̄)W

မျက်စိတစ်မှိတ်အတွင်း တပည့်တွေအားလုံး ပေါ်ပင်လယ်ရဲ့ ကောင်းကင်နန်းတော်တံခါး‌ဝ ရှေ့ရောက်လာခဲ့တယ်။

အဇဋာဧကရာဇ်ကို ကြိုရမယ်လို့ စောနကမှ သတင်းလက်ခံရရှိတဲ့ အမတအ‌စောင့် ။ ။ “…”

“နှုတ်ဆက်… ဂါဝရပြုပါတယ် အဇဋာဧကရာဇ်” တံခါးစောင့်က ‌စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက် နောက်ဆုံးတော့ တုံ့ပြန်ပြီး လက်သီးဆုပ်ကာ ယိချင်းကိုဂါဝရပြုလိုက်တယ်။

“အင်း” အဇဋာဧကရာဇ်ဆိုတဲ့ ယိချင်းက ခေါင်းညိတ်လိုက်တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် ဟင်းချက်ဖို့ပဲ တာဝန်ရှိတာ။

တခြားတစ်ဖက်မှာတော့ ကူယွဲ့က ဟိုဟိုဒီဒီကြည့်ပြီးမျက်မှောင်ကြုတ်လိုက်တယ်။

“တခြားအမတအစောင့်တွေ ဘယ်မှာလဲ၊ ဒီကောင်းကင်နန်းတော်ထဲ ဘာလို့ မင်းတစ်ယောက်ပဲ ရှိနေရတာလဲ”

ယိချင်း ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းခဲ့တဲ့ လအတွင်း ကူယွဲ့ ပေါ်ပင်လယ်ထဲက ကောင်းကင်နန်းတော်မှာ ရှိတဲ့ အစောင့်တွေအကြောင်း လေ့လာမှုတချို့လုပ်ခဲ့တယ်။ သူ့လေ့လာချက်အရ နေ့တိုင်း ကောင်းကင်နန်းတော်ရဲ့ တံခါးတွေကို စောင့်ကြပ်နေတဲ့ စိတ်တန်ခိုးအမတ အနည်းဆုံး ခြောက်ယောက်ရှိသင့်တယ်။

ဧကရာဇ်တွေက သူတို့ သဘောတူညီချက် ရုပ်သိမ်းသွားမှာစိုးလို့ ယိချင်းက ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်အနေနဲ့ တာဝန်ယူမှာဖြစ်ကြောင်း ကြေညာပြီးပြီ။ လွန်ခဲ့တဲ့၁နာရီက ကူယွဲ့လည်း သူတို့လာတော့မယ်ဆိုတဲ့အကြောင်း စီမံရေးအမတအရာရှိကို အသိပေးထားတယ်။ တကယ်လို့ သူတို့စောရင်တောင် အစောင့်တစ်ယောက်ပဲ ကောင်းကင်တံခါးကို စောင့်ကြပ်နေတာတော့ မဖြစ်နိုင်ဘူး။

“အယ်…” တံခါးအစောင့်က ဖြူဖပ်ဖြူရော်ဖြစ်လာတယ်။ ထူးဆန်းတဲ့ခံစားချက်တစ်မျိုး မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့‌တယ်။ သူ့အသက်အတွက်သူ ဆင်ခြေမစဉ်းစားနိုင်တော့ဘူး။

ကူယွဲ့က အမူအရာပျက်ယွင်းပြီး သူ့ဧကရာဇ်ငယ်ဖိအားကို တိုးမြှင့်လိုက်တယ်။

“ကောင်းကင်နန်းတော်ကို စောင့်ကြပ်နေသင့်တဲ့ အမတအစောင့်တွေ ဘယ်မှာလဲ”

တံခါးအစောင့်က ပိုပြီးတောင် ဖြူဖပ်ဖြူရော် ဖြစ်လာတယ်။ သူ့ခြေထောက်တွေ ပျော့ခွေလာပြီး စကားစပြောဖို့ လုပ်ပေမဲ့ ဖော်ရွေတဲ့အသံတစ်သံက သူ့နောက်ကနေ ထွက်လာတယ်။

“ပေါင်ဟွေ့ အဇဋာဧကရာဇ်အသစ်ကို ကြိုဆိုဖို့ ပျက်ကွက်မိပါတယ်၊ အဇဋာဧကရာဇ်ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

လူတစ်ယောက်က ရုတ်တရက်ပျံသန်းလာပြီး ကောင်းကင်တံခါးရှေ့ဆင်းသက်လာတယ်။ သူက အဆင့်မြင့်အမတဖြစ်ပြီး အမတအစောင့်ဝတ်စုံကို ဝတ်ထားကာ စပ်ဖြီးဖြီး။ သူက တောင်းပန်နေပေမဲ့ အားနာတဲ့လေသံ လုံးဝမပေါ်၊ သူက ယိချင်းကို မဆိုစလောက် ဂါဝရပြုပြီး ပိုပြီးတောင် စပ်ဖြီးဖြီး လုပ်လာတယ်။

“အဇဋာဧကရာဇ်က အနည်းဆုံး တစ်လကျော်ကြာမှ ရောက်လာမယ်ထင်နေတာ၊ ဒီကို ဒီလောက်အစောကြီး ရောက်လာမယ်မထင်ခဲ့ဘူး၊ ပေါင်ဟွေ့ လုံးဝမပြင်ဆင်ထားမိတာ တောင်းပန်ပါတယ် တောင်းပန်ပါတယ်”

သူက အတင်းအကျပ် နွေးထွေးအောင် လုပ်နေတဲ့ပုံစံနဲ့ ရှေ့တက်လာပြီး ထပ်တလဲလဲ တောင်းပန်နေတယ်။ ဧည့်ခံသူအဖြစ် ပြုမူပြီး သူကပြောလာတယ်။

“အစေခံက အခု အဇဋာဧကရာဇ်ကို ကောင်းကင်နန်းတော်ဝန်းကျင် ခေါ်ဆောင်ပေးသွားပါ့မယ်”

အခု ကူယွဲ့အပြင် ယိချင်းပါ မျက်မှောင်ကြုတ်မိနေပြီ။ ဘာကြောင့်မှန်းမသိ ဒီအခြေအနေက ဘာလွဲနေလဲဆိုတာ သူတို့ထောက်မပြနိုင်ဘူးဖြစ်နေတယ်။

“မင်းက ကောင်းကင်နန်းတော်ရဲ့ စီမံရေးအမတအစောင့်လား”

“ဟုတ်ပါတယ်” အဲလူကတောက်ပစွာ ပြုံးတယ်။

“တခြားသူတွေရော ဘယ်မှာလဲ”

“အယ်…” ပေါင်ဟွေ့က ဘယ်ကစရမှန်းမသိလို့ နာကျင်နေတဲ့ အမူအရာနဲ့။ တစ်ခဏအကြာ သူက သက်ပြင်းချတယ်။

“ဟိုက် အသင်တို့မသိလို့ပါ၊ အခု နတ်ဆိုးဘုံပေါ်လာပြီး အနားအရမ်းကပ်လာတယ်လေ၊ ကျွန်တော်တို့က အဇဋာဧကရာဇ်ကျီချန်ကို ဆုံးရှုံးလိုက်ခါစ၊ အမတအစောင့်တွေအားလုံး သွေးပျက်ကုန်ကြတာ၊ သူတို့က သာမန်နေ့တွေဆို အမတနန်းတော်ထဲ မနေရဲကြတော့ဘူး၊ အဇဋာဧကရာဇ်အသစ်ကလည်း အစောကြီး ရောက်လာတယ်လေ၊ ကျွန်တော် ကျန်တဲ့လူတွေကို စုစည်းဖို့… အချိန်မရှိတော့တာပါ”

“အဲလိုလား” ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ နောက်တော့ သူ့အမူအရာက အေးစက်သွားတယ်။ ဒီအကြောင်းရင်းက အရမ်းကို… သင့်တော်လွန်းနေသလိုပဲ

ပေါင်ဟွေ့အပြုံးက ရွံ့တွံ့တွံ့ဖြစ်သွားပေမဲ့ ကူယွဲ့နဲ့ အကြည့်ချင်းမဆုံအောင် ရှောင်လေတယ်။ သူက သူတို့ရှေ့လျှောက်သွားပြီး ပြောတယ်။

“အဇဋာဧကရာဇ်အသစ်၊ ကျေးဇူးပြုပြီး ဒီလမ်းကြွပါ”

ကူယွဲ့ဆက်ပြီး ဖိမနေတော့ဘူး။ သူ ယိချင်းကို ခေါင်းညိတ်ပြပြီး ကျန်တဲ့အုပ်စုကို ကောင်းကင်နန်းတော်ထဲ ‌ဦး‌ဆောင်လာခဲ့တယ်။

သူတို့တွေ တစ်မိနစ်တောင်မပျံရသေး ပေါင်ဟွေ့က ရုတ်တရက်ရပ်ပြီး သူတို့ရှေ့က တိမ်တိုက်တွေထဲ ရပ်တည်နေတဲ့ အထင်ကြီးစရာ နန်းဆောင်တစ်ခုကို ညွှန်ပြတယ်။

“အဇဋာဧကရာဇ်အသစ်၊ ဒါက နန်းတော်ရဲ့ ပင်မအဆောင်ပါ၊ အဇဋာဧကရာဇ်ကျီချန်က သူ့အစည်းအဝေးတွေကို အမြဲအဲမှာကျင်းပတာပါ”

သူက စကားပြောပြီးတာနဲ့ သူတို့ထဲက တစ်ယောက်ယောက်တုံ့ပြန်မှာကို မစောင့်ဘဲ အနောက်က နောက်ခန်းမတစ်ဆောင်ဆီ ပျံသန်းသွားလေတယ်။ ကြည့်ရတာ သူတို့ကို နန်းဆောင်ခန်းမထဲခေါ်သွားဖို့ လုံးဝ ရည်ရွယ်ချက်မရှိတဲ့ပုံပဲ။ ဒါက သူ သူတို့ကို တခြားနန်းဆောင်တွေဆီ လိုက်ပြတော့လည်း အဲလိုပဲဆက်ဖြစ်နေတယ်။

“အဇဋာဧကရာဇ် ဒါက ဇီကွမ်းနန်းဆောင်ပါ၊ ပေါ်ပင်လယ်ရဲ့ ဧကရာဇ်အသီး‌သီးက ဒီကိုလာစုဝေးကြပါတယ်၊ ဒီနေ့ ဧကရာဇ်တွေက မလာနိုင်တာ နှမျောစရာပါပဲ၊ ကျေးဇူးပြုပြီး သူတို့ကို အပြစ်မတင်ပါနဲ့ အဇဋာဧကရာဇ်”

“အဇဋာဧကရာဇ်၊ ဒါက ယွီရှန်းရုံးတော်ပါ၊ ဒါက ကျွန်တော်တို့ အမတဆေးပင်တွေ စိုက်တဲ့နေရာပါ၊ ဒီရုံးတော်ကို စောင့်ရှောက်တဲ့ အမတအစောင့်တွေက ဒီနေ့ ဒီနေရာမှာမရှိတာမို့ ကျွန်တော်တို့ လောလောဆယ် ဝင်သွားလို့မရပါဘူး၊ အဇဋာဧကရာဇ် အနာဂတ်မှာ အားတဲ့အချိန်ကျ ဒီကိုထပ်လာလို့ရပါတယ်”

“အဇဋာဧကရာဇ် ဒါက…”

ပေါင်ဟွေ့က သူတို့အုပ်စုကို နေရာ‌တစ်ဝိုက် အပြည့်လိုက်ပြပြီး တစ်ခန်းစီကို အကျဉ်းချုပ် မိတ်ဆက်ပေမဲ့ တစ်နေချင်းစီကို ဝင်ခွင့်မပြုတဲ့ အကြောင်းရင်းလည်းရှိနေတယ်။ ငတုံးတောင် အမတအစောင့်က ယိချင်းကို အဇဋာဧကရာဇ်အသစ်အဖြစ် လက်ခံရတာ မကျေမနပ်ဖြစ်နေမှန်း ပြောနိုင်တယ်။ ဒါပေမဲ့ သူက မျက်နှာမှာတစ်ချိန်လုံး အပြုံးတုဆင်မြန်းထားတာက မသိရင် သူတို့အပေါ် ထောက်ထားနေတဲ့အတိုင်း။ ဒါက ကူယွဲ့တို့တွေကို အတော်လေးစိတ်ရှုပ်စေတယ်။

ယွီဟုန်နဲ့ တခြားတပည့်တွေ အကြိမ်တချို့မှာ အမတအစောင့်နဲ့ ရန်ဖြစ်လုနီးပါးဖြစ်ခဲ့ပေမဲ့ ကူယွဲ့ တားလိုက်တယ်။ အဲဒါက သူတို့နောက်ဆုံးဖြစ်တဲ့ အတွင်းဘက်အကျဆုံးခန်းဆောင်ဆီ မရောက်ခင်ထိပဲ။

“ဒါက ရတနာရှာဖွေမျှော်စင်ပါ၊ ဒါက ပေါ်ပင်လယ်ရဲ့ ရတနာသိုက်ဖြစ်ပါတယ် – ပေါ်ပင်လယ်နန်းတော်ရဲ့ အရေးကြီးဆုံးနေရာပေါ့၊ အမတသွေးကြောတွေအားလုံးကို ဒီမှာသိမ်းဆည်းထားပါတယ်၊ အဇဋာဧကရာဇ်ကျီချန်က မျှော်စင်အပြင်မှာ ကိုယ်တိုင်အင်းကွက်ချခဲ့တာမို့ အဇဋာဧကရာဇ်အသစ်ရဲ့ လုံခြုံရေးအတွက် အခု ရတနာသိုက်ထဲ မဝင်တာကောင်းပါတယ်”

သူ အုပ်စုကို ခေါ်သွားတော့ဖို့ရှိသေး တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ကူယွဲ့က ရုတ်တရက် လက်ဆန့်ထုတ်ပြီး သူ့ကို တားလေတယ်။

“အမတရောင်းရင်း၊ ခင်ဗျားမှားနေပြီ” ကူယွဲ့ ပြုံးလိုက်တယ်။

“ဒါက အရေးကြီးတဲ့နေရာပဲ – အဇဋာဧကရာဇ်က နောက်ဆုတ်နေပြီး မဝင်ဘဲ နေလို့မရဘူးလေ၊ ဟုတ်တယ်မလား” ကူယွဲ့တစ်ဖက်လှည့်ပြီး ခေါ်လိုက်တယ်။

“ယိချင်း”

နောက်အခိုက်အတန့်မှာတင် အလင်းတန်းဖြူလုံးကြီးက ယိချင်းလက်ဖဝါးထဲ ပေါ်လာတယ်။ သူ ဒါကို လုပ်ဖို့စောင့်နေတာကြာလှပြီ။ အမတဓားတစ်ချောင်း သူ့လက်ထဲပေါ်လာခဲ့တယ်။

“ခဏ” ပေါင်ဟွေ့အမူအရာက ပြောင်းလဲသွားတယ်။ သူက သူတို့ကို တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။

ယိချင်း လက်ကိုမြှောက်လိုက်တော့ ဓားချီတွေက အရှိန်ပြင်းပြင်းနဲ့ထွက်သွားပြီး ခန်းမဆောင်ကို ဝိုင်းထားတဲ့ အင်းကွက်ကိုတိုက်ခိုက်လိုက်တယ်။ ပေါက်ကွဲသံကျယ်ကြီးပေါ်လာပြီး အင်းကွက်က အပိုင်းပိုင်း ပျက်စီးသွားလေရဲ့။ အမတနန်းစင်ဆီ တံခါးတွေ ပွင့်သွားခဲ့တယ်။

“အသင်… အသင်…” ပေါင်ဟွေ့ သူ့မျက်လုံးတောင် သူ မယုံနိုင်။ တစ်ချိန်လုံး ပူးပေါင်းလွန်းခဲ့တာမို့ သူတို့ အင်းကွက်ကို တုံ့ဆိုင်းမှုမရှိ ဖျက်ဆီးပစ်လိမ့်မယ်လို့ သူမစဉ်းစားမိခဲ့ဘူး။

“အမတအစောင့်” ကူယွဲ့က ‌အမတအစောင့်ပြုံးနေခဲ့တုန်းကထက်တောင် အားရပါးရပြုံးတော့တယ်။ စကားတစ်လုံးချင်းစီကို သူက ဂရုတစိုက်ဖိရွတ်လိုက်တယ်။

“ဒီတစ်ချိန်လုံး အမတအစောင့်တွေက အလုပ်များရင်များ မဟုတ်ရင် အလုပ်ဖြုတ်ခံရတယ်လို့ မင်းပြောနေတာ၊ စီမံရေးအမတအစောင့်အနေနဲ့ တခြားအမတအစောင့်တွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်၊ တခြားတစ်ယောက်ကို တာဝန်ပေးသင့်တယ်ထင်တာပဲ”

“…”

“ယွီဟုန် ဒီအမတအစောင့်ကို ကောင်းကင်အလွန်မှကောင်းကင်များကနေ ထုတ်လိုက်”

“ဟုတ်ကဲ့”

ဟမ့် သူ နှစ်ဘဝတောင် နေလာတာ။ ကူယွဲ့က သူ့အာဏာကို ထုတ်သုံးဖို့လိုတယ်လို့ ခံစား‌ရအောင် လုပ်တဲ့သူနဲ့ တွေ့ခဲ့ရတာ အတော်ကိုကြာညောင်းခဲ့ပြီ။ အရမ်းကိုကောင်းတယ် ပေါ်ပင်လယ်က ဒီအမတအစောင့်က သူ့ကိုယ်ထဲက စီအီးအိုစိတ်ကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့တာပဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset