FY အခန်း 77

အခန်း ၇၇

နာမည်ကြီး လယ်ယာသုံး စက်ပစ္စည်းများ အပိုင်း(၁)

ထိုက်ဟွကုန်သွယ်ရေးကုမ္ပဏီ၏ account တွင် ယွမ်ဆယ်သန်းနီးပါး ရှိပြီဖြစ်ပြီး ကီရီလန်ကို၏ ရူဘယ်တစ်သန်း ပေးချေငွေ မပါသေးပေ။ နောက်တစ်သုတ် တစ်ပတ်ရစ်ကားများက နိုဝင်ဘာလတွင် ရောက်မည်ဖြစ်သည်။ ရှေးဦးစွာ ဖုန်းယွီသည် လယ်ယာသုံး စက်ပစ္စည်းများအတွက်ကို ဆိုဗီယက်ပြည်ထောင်စုမှ တင်သွင်းရန် ဆုံးဖြတ်လိုက်သည်။

ဆောင်းဦးရိတ်သိမ်းမှုက စတင်ပြီ ဖြစ်သည်။ ထိုအချိန်က လယ်ယာသုံးစက်ပစ္စည်းများ ထိခိုက်ပျက်စီးသည့်အချိန် ဖြစ်သည်။ ယခုတွင် သူက ယင်းစက်ပစ္စည်းများ သို့မဟုတ် အပိုပစ္စည်းများကို တင်သွင်းရင်တောင် သူ ရောင်းချရန်အတွက် စိတ်ပူပန်ရန် မလိုပေ။

လယ်ယာသုံးစက်ပစ္စည်းများနှင့် အပိုပစ္စည်းများ၏ အရောင်းရဆုံးအချိန်က နွေဦးစိုက်ပျိုးချိန်နှင့် ဆောင်းဦးရိတ်သိမ်းချိန်တွင် ဖြစ်သည်။ ဖုန်းယွီက လယ်ယာသုံးစက်ပစ္စည်းများနှင့် အပိုပစ္စည်းများ၏ အရေအတွက်နှင့် အမျိုးအစားကို စာရင်းလုပ်ပြီး ကီရီလန်ကိုဆီသို့ ပို့လိုက်သည်။ သူ့ကို ကီရီလန်ကိုက စျေးခေါ်ခွင့် ပေးစေလိုသည်။

နောက်တစ်နေ့တွင် လီရှစ်ချင်သည် စာတိုက်ရုံးမှ ကြေးနန်းတစ်စောင် ရခဲ့သည်။ ကီရီလန်ကိုက စက်ပစ္စည်းအမျိုးအစားများနှင့် အစိတ်အပိုင်းများ၏ စျေးနှုန်းများကို ပို့ပေးခြင်း ဖြစ်သည်။

ဖုန်းယွီသည် တွက်ချက်မှုအချို ပြုလုပ်ခဲ့သည်။ ကီရီလန်ကို၏ သယ်ယူပို့ဆောင်ရေးစရိတ်၊ အခွန်အခများနှင့် ကုန်ကျငွေကို နှုတ်ပြီးနောက် အမြတ်က သိပ်များများမကျန်ပေ။ အချို့သော ပစ္စည်းများအတွက် အမြတ်မကျန်တာတောင် ရှိသည်။

ဤကုန်သွယ်မှု လုပ်ကိုင်သူများသည် အရှုံးပေါ်နေသော်ငြား ယင်းထုတ်ကုန်များကို တင်သွင်းဆဲပင် ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ကုန်ပစ္စည်းအမျိုးအစားများများအား လိုချင်၍ ဖြစ်သည်။ သို့သော် ဖုန်းယွီက ကွဲပြားသည်။ သူက ယင်းစီးပွားရေးကို ကာလရှည်ကြာ မလုပ်ချင်ပေ။ သူသည် ယခုနှစ်တွင် ပိုက်ဆံအများအပြား ရှာချင်ရုံသာ ဖြစ်သည်။

“အစ်ကိုလီ ဒီစာရင်းကို အစ်ကိုကီဆီကို ပို့ပြီး သူ့ကို ဒီပစ္စည်းတွေကို မြန်နိုင်သမျှ မြန်မြန်ပို့ပေးဖို့ ပြောပေးပါ၊ ပြီးတော့ ချီကန်းနဲ့ ကျန်တဲ့သူတွေကို ဖုန်းခေါ်ပြီး ထွန်စက်နဲ့ သီးနှံရိတ်သိမ်းစက်ရဲ့ စျေးကွက်အကြောင်းကို မေးခိုင်းလိုက်ပါ၊ ကျွန်တော်တို့တွေ ဒီတစ်သုတ် ပစ္စည်းတွေကို နောက်နှစ်အစောပိုင်းအထိ ရောင်းရလိမ့်မယ် ”

“ကောင်းပြီ၊ ဒီကိစ္စကို ငါ့ဆီလွှဲလိုက်တော့ နောက်ကျနေပြီ မင်းမအိပ်သေးဘူးလား ”

ဖုန်းယွီက လီရှစ်ချင်နှင့် သူ၏အစ်မကို ကြည့်လိုက်သည်။ သူတို့၏ မင်္ဂလာရက်သတ်မှတ်ပြီးဖြစ်ရာ နောက်တစ်နှစ်၏ တရုတ်နှစ်သစ်ကူးတွင် ဖြစ်သည်။ ယခုတွင် သူတို့တွေက အတူတကွ နေပြီ ဖြစ်သည်။

သူတို့က ဤတိုက်ခန်းကို ဝယ်စဉ်အခါက ဖုန်းယွီသည် တိုက်ခန်းများကို ပိုဝယ်ချင်ခဲ့သည်။ သို့သော် သူ့မိဘများက ခွင့်မပြုခဲ့ပေ။ ယခုတွင် အခန်းလုံလုံလောက်လောက်မရှိပေ။ ပြီးနောက် သူ့အစ်မသည် လီရှစ်ချင်နှင့် နေသည်။

ငယ်ရွယ်တဲ့စုံတွဲတွေက အချို့သော ပျော်ရွှင်ဖွယ်အခိုက်အတန့်တွေကို မလုပ်ကြဘူးလား။ ဖုန်းယွီက အရင်တုန်းကတော့ မသေချာပေ။ သို့သော် ယနေ့တွင် လီရှစ်ချင်က ဖုန်းယွီကို သွားအိပ်ဖို့မေးသည်။ ယင်းအဓိပ္ပာယ်ကို ထပ်ရှင်းပြရန် မလိုအပ်ပေလော။

ဖုန်းယွီက လီရှစ်ချင်ကို လေးနက်သည့်အကြည့်ဖြင့် ကြည့်ကာ

“အစ်ကိုလီ အစ်ကိုတို့နှစ်ယောက် မင်္ဂလာမဆောင်ရသေးခင် ကျွန်တော့်ရဲ့အစ်မ ကိုယ်ဝန်ရလို့ကတော့ ကျွန်တော့်ရဲ့အဖေက အစ်မကိုတော့ ရိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သူ မင်းနဲ့စကားပြောတဲ့အခါကျရင် ပြောင်းချောသေနတ်တော့ သေချာပေါက် ယူလာလိမ့်မယ် ”

“မင်း ဘာပြောလိုက်တာလဲ၊ သွား သွား သွား၊ မြန်မြန်အိပ်တော့ ”

….

ကီရီလန်ကိုသည် မြန်မြန်ပို့ဆောင်လိုက်သည်။ ဆိုဗီယက်ပြည်ထောင်စုတွင် ထိုသို့သော လယ်ယာသုံးစက်ပစ္စည်းများနှင့် အပိုပစ္စည်းများ အဆင်သင့်ရှိသည်။ ကီရီလန်ကိုက ဖုန်းယွီလိုချင်သည့် ပစ္စည်းအရေအတွက်အတိုင်း ရအောင်လုပ်နိုင်ပြီးနောက် ဖုန်းယွီဆီသို့ ပို့ပေးလိုက်သည်။

ကီရီလန်ကိုက သူ့ဘဝတွင် ယင်းအခိုက်အတန့်အတွက် အလွန်ပျော်ရွှင်နေသည်။ ကောင်းမွန်သည့်ဝိုင်၊ မိန်းမနှင့် သူ၏ဓနအင်အားက နေ့တိုင်းတိုးတက်လာသည်။ သူ၏ဂုဏ်သတင်းက ဒုတိယမျိုးဆက်ကြားနှင့် စီးပွားရေးရပ်ဝန်းတွင် မြင့်တက်လာ၏။ အကြောင်းမှာ သူ့လက်ထဲတွင် နာမည်ကျော်တရုတ်ထုတ်ကုန်များ ရှိသည့်အတွက်ပင်။

သို့သော် ယင်းစီးပွားရေးက ပူးပေါင်းစီးပွားရေးဖြစ်ပြီး သူသည် ရှယ်ယာရှင်တစ်ယောက်သာ ဖြစ်သည်။ သူက ယင်းစီးပွားရေးကို သူကိုယ်တိုင်သာ လုပ်ချင်သော်လည်း သူ၏မိတ်ဖက်များတွင် ကြီးမားသည့်နောက်ခံရှိပြီး သူတို့ကို မဖယ်ရှားနိုင်ပေ။ ပြီးနောက် သူကိုယ်တိုင်လုပ်ပါက ပိုစွန့်စားရမည် ဖြစ်သည်။

“ငါ ဒီကို အရင်ရောက်တာ၊ ငါ့ကို အရင်ပေးရမယ် ”

“ချီးပဲ၊ ငါ ဒီမှာ မနေ့ညထဲက စောင့်နေတာ၊ ငါအရင် ရသင့်တာပေါ့ ”

“သွားစမ်းပါ၊ ငါက စာချုပ်မှာ ပထမဦးဆုံးလက်မှတ်ထိုးထားတာ၊ ဒါကြောင့် ငါ အရင် ရရမှာပေါ့ ”

လယ်ယာသုံးစက်ပစ္စည်းကုန်သည်အများစုသည် မီးရထားကုန်ထုတ်ဌာနတွင် ပြည့်ကျပ်နေသည်။ သူတို့က သူတို့၏ယာဉ်များပေါ်တွင် စက်ပစ္စည်းများကို ပထမဆုံး တင်ချင်နေကြသည်။ သူတို့စောစောတင်နိုင်လေ၊ သူတို့စျေးကွက်ကို ပိုစောစောရလေ ဖြစ်မည်ဖြစ်သည်။ သူတို့က စျေးကွက် ခွဲမပေးချင်ကြပေ။ ပြီးနောက် သူတို့သည် ထိုထုတ်ကုန်ပစ္စည်းများကို အခြားသူပိုင်နက်တွင် ရောင်းချရန်လည်း စီစဉ်ထားသည်။ သူတို့နှင့် မြို့တော်အတူတူထဲ ဖြစ်ရင်တောင် ဖြစ်သည်။ မြန်မြန်ရလေ၊ ပိုက်ဆံများများရလေ ဖြစ်သည်။

“အော်တာတွေ ရပ်လိုက်တော့၊ ဒီစာချုပ်ကို လက်မှတ်ထိုးတုန်းက ငါတို့တွေ မင်းတို့ကို ဘာပြောခဲ့သလဲ၊ ပိုက်ဆံအရင်ရှင်းတဲ့သူ ပစ္စည်းအရင်ရမယ်၊ ပိုက်ဆံနောက်မှပေးရင်တော့ ပစ္စည်းနောက်မှရမယ်၊ မစ္စတာရွှီ ခင်ဗျား ဘာလို့ပြေးလာတာလဲ၊ ခင်ဗျားရဲ့ကုန်တင်ကားက ဒီမှာမရောက်သေးဘူးလား ”

ထိုလူများ အငြင်းပွားနေတာကို ကြည့်ရင်း လီရှစ်ချင်သည် ရွေးချယ်စရာမရှိ ထရပ်ကာ အမိန့်ပေးလိုက်ရသည်။ ကံကောင်းသည်မှာ ထိုက်ဟွကုန်သွယ်ရေးက အခြားကုမ္ပဏီများနှင့် ကွဲပြားပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူဌေးမှအစ ဝန်ထမ်းအဆုံး လူတိုင်းက အထက်စီးဆန်ကြ၏။

ထိုလူများက အထက်စီးဆန်တာကို တတ်နိုင်ကြသည်။ အကြောင်းမှာ နာမည်ကျော်ကြားသည့် စက်ပစ္စည်းများကို သူတို့က ရောင်းချသည်။ ပြီးနောက် လူတိုင်းက သူတို့ကို ဝယ်ယူရန်အတွက် ရုတ်တရက် ပြေးလာဝယ်ခြင်း ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုမှ ကောင်းမွန်သည့် အရည်အသွေးရှိသည့် လယ်ယာသုံးစက်ပစ္စည်းများ၊ အပိုပစ္စည်းများတောင် ပိုပြီး အကြမ်းခံကာ ပြည်တွင်းထုတ်များထက် ပိုကောင်းမွန်သည်။

လီရှစ်ချင်က သူတို့ကို အော်ပြီးနောက် ထိုလူများက သူတို့၏ ထရပ်ကားများကို ငွေပေးချေမှု အချိန်အတိုင်း တင်ကြသည်။ သူတို့ထဲမှ အဆင်မပြေဆုံးသူမှာ မစ္စတာလျို ဖြစ်သည်။ သူသည် ဒုတိယအကြိမ်မြောက်ငွေချေခဲ့သော်လည်း သူက ထရပ်ကားတစ်စီးမှ မတွေ့ခဲ့ပေ။

ထရပ်ကားတွေကို မလိုအပ်သည့်အခါ ယင်းထရပ်ကားတွေကို နေရာတိုင်းမှာ တွေ့နိုင်သည်။ သို့သော် ထရပ်ကားလိုအပ်သည့်အခါတွင်တော့ ယင်းထရပ်ကားများကို မည်သည့်နေရာမှာမှ မတွေ့ရတော့ပေ။

တတိယလူက စတင်ပစ္စည်းသွင်းသည့်အချိန်တွင် သူ့ကားက မရောက်လာသေးပေ။ ရွေးချယ်စရာမရှိဘဲ သူငှားခဲ့သည့်ထရပ်ကားသည် အခြားသောနေရာသို့ ပြန်သွားပြီဖြစ်ပြီး အခြားနေရာတွင်လည်း ကုန်တင်၍ မပြီးသေးတာ ဖြစ်နိုင်သည်။

ကျောင်းပြီးနောက် ဖုန်းယွီသည် ရထားကုန်တင်ရုံဌာနသို့ သွားခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းမှု အားလုံးနီးပါးပြီးသည်ကို မြင်ခဲ့သည်။

“အစ်ကိုလီ ဘာတွေဖြစ်ခဲ့တာလဲ ”

လီရှစ်ချင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ရှောင်ယွီ ငါတို့တွေ အကုန်ရောင်းရပြီ၊ ဒီပစ္စည်းတွေ အကုန်လုံးက အရမ်းနာမည်ကြီးတာပဲ၊ ကုမ္ပဏီရဲ့ ဘဏ် အကောင့် ထဲမှာ ပိုက်ဆံတွေ ကြိုချေပြီးပြီ၊ ယွမ်လေးသန်းကျော်တောင် ရတယ် ”

လီရှစ်ချင်က သူ့ပါးစပ်ကို အုပ်ထားပြီး နောက်ဆုံးစကားကို ဖုန်းယွီဆီ တိုးတိုးလေးပြောလိုက်သည်။

ယခုအခေါက် ပစ္စည်းများ၏စျေးနှုန်းကို ဖုန်းယွီက သတ်မှတ်တာ ဖြစ်သည်။ သို့သော် လီရှစ်ချင်သည် စာချုပ်ချုပ်ဆိုပြီး ငွေစုဆောင်းရသည့်သူ ဖြစ်သည်။ ယမန်နေ့က လီရှစ်ချင်သည် အလွန်အလုပ်ရှုပ်ပြီး အိမ်ကို ပြန်သည့်အခါ တိတ်ဆိတ်နေသည်ကို ဖုန်းယွီ ကောင်းကောင်းသိသည်။ သူသည် သူ့ကို ယမန်နေ့က မေးရန်တောင် အချိန်မရှိခဲ့ပေ။ သူက ရထားကုန်ဌာနသို့ ရောက်သည့်အခါ အရာအားလုံးရောင်းကုန်ပြီ ဖြစ်သဖြင့် မင်သက်နေသည်။

ထိုလူငယ်တွေက တကယ် တစ်ခုခုပင် ဖြစ်သည်။ သူတို့က အရောင်းဖုန်းခေါ်ဆိုမှုများ လုပ်သည့်အခါတွင်တောင် သူတို့အလုပ် မလစ်ဟင်းပေ။ ဒီလအတွက် သူတို့ကို အပိုဆုကြေး ပေးကိုပေးရမည်။ ပြီးတော့ သူတို့ အလုပ်ကြိုးစားခြင်းက ဘာမှမဖြစ်လာမှာ မဟုတ်ဆိုသည့်အချက်ကိုလည်း အတိပေးမည်ဖြစ်သည်။ ထိုနည်းဖြင့် သူတို့က ကုမ္ပဏီအတွက် ပိုအလုပ်ကြိုးစားကြမည် ဖြစ်သည်။

နောက်ပိုင်းတွင် သူ့ဝန်ထမ်းများသည် စက်ပစ္စည်းစက်ရုံမှ စက်ပစ္စည်းအရောင်းကိုယ်စားလှယ်များစာရင်း ကိုင်လာသည်ကို ဖုန်းယွီတွေ့ရှိသွားသည်။ သူတို့က ဘင်းမြို့တော်ထဲ အတွင်း၊ အပြင်ရှိ အခြားသောစက်ရုံများမှ ဖောက်သည်များစာရင်းတောင် ယူလာသည်။ သူတို့တွေက ယင်းဖောက်သည်များဆီသို့ ထိုစာရင်းထဲကအတိုင်း သွားသည်။ သူတို့အတွက် အချိန်ကို မဖြုန်းတီးရာ ရောက်သည်။ သူတို့ မသွားရသေးသည့် ဖောက်သည် အများအပြားလည်း ရှိနေဆဲ ဖြစ်သည်။ စာရင်းထဲရှိ လူများအားလုံးဆီသွားပါက လူတိုင်းအတွက် ပစ္စည်းလောက်မည် မဟုတ်ပေ။

ထိုခေတ်အခါက ဝယ်ယူသူများအနေဖြင့် ပြည်ပမှ တင်သွင်းသည့် ထုတ်ကုန်များက ပိုကောင်းသည်ဟု မြင်ကြသည်။ ဆိုဗီယက်ပြည်ထောင်စုဆိုလျှင် အကောင်းဆုံးပင် ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုက ကြီးမားသည့်စက်မှုနိုင်ငံကြီးဖြစ်ပြီး တရုတ်က ထွန်စက်နှင့် ရိတ်သိမ်းစက်များကို ဆိုဗီယက်ပြည်ထောင်စုမှ တုပထုတ်သည်။ ထိုဆိုဗီယက်ပြည်ထောင်စုမှ ထုတ်ကုန်များသည် ပြည်တွင်းထုတ်ကုန်များထက် ပိုကောင်းပြီး စျေးလည်း နည်းသည်။ ရောင်းချသူများအနေဖြင့် ယင်းကဲ့သို့ အခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။

ဖုန်းယွီက ယင်းပစ္စည်းများ အလွန်လူကြိုက်များမည်ဟု လုံးဝမမျှော်လင့်ထားပေ။ ထို့အတွက် သူက ရှေးရိုးဆန်ဆန်ဖြင့် ယွမ်သုံးသန်းတန်ဖိုးရှိ ပစ္စည်းများကိုသာ မှာယူခဲ့ပုံပေါ်သည်။ သူက ချက်ချင်းပင် ကီရီလန်ကိုကို ဖုန်းဆက်ပြီး နောက်ထပ်တစ်သုတ်ကို မြန်မြန်ပို့ပေးရန် မေးလိုက်သည်။ ထိုအရာများမှ အမြတ်သုံးဆယ်ရာခိုင်နှုန်း ရပေသည်။

ကီရီလန်ကိုက ဖုန်းယွီ၏ ဖုန်းခေါ်ဆိုမှုကို ဖြေကြားရင်း ပြုံးလိုက်သည်။

“ဒီပစ္စည်းတွေ မလောက်ဘူးဆိုတာ ငါ သိတာပေါ့၊ ငါ မင်းကို တောင်းတဲ့စျေးနှုန်းကို သတိမပြုမိတာလား၊ ဒီစျေးနှုန်းတောင် မင်း ဆိုဗီယက်ပြည်ထောင်စုမှာ ရမှာမဟုတ်ဘူး၊ ငါ မင်းအတွက် ရူဘယ်တစ်သန်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားပြီးပြီ၊ စိတ်ချလိုက်၊ ဒီတစ်သုတ်က ဘင်းမြို့တော်ကို တစ်ပတ်အတွင်း သေချာပေါက် ရောက်လိမ့်မယ် ”

ယင်းပစ္စည်းများသည် အချို့သော စက်ရုံများတွင် မရောင်းဘဲ ကျန်ရှိနေသည့် ပစ္စည်းများ ဖြစ်ပေသည်။ ယင်းစက်ရုံရှိ ခေါင်းဆောင်များက စိုးရိမ်နေပြီး ယင်းကုန်ပစ္စည်းများကို မည်သို့လုပ်ရမလဲ ရှာကြံနေသည်။ ကီရီလန်ကိုသည်လည်း အရှက်မရှိပေ။ သူက စက်ရုံခေါင်းဆောင်များဆီ ချဉ်းကပ်ပြီး သူတို့ကို ဆိုဗီယက်စစ်တပ်အနေဖြင့် သူတို့၏ မိတ်ဖက်ဖြစ်သည့် တရုတ်ကို ထောက်ပံ့ပေးချင်သည်ဟု ပြောသည်။ သူက အနီရောင်ချိတ်တံဆိပ်နှင့် စစ်ဘက်ဆိုင်ရာ စာတန်းကိုတောင် ရသည်။ အဆုံးတွင် သူက တရုတ်ထုတ်ကုန်များကို အလှဲအလှယ်အနေဖြင့် ကမ်းလှမ်းလိုက်ပြီး ယင်းထုတ်ကုန်များက မစို့မပို့ပမာဏဖြစ်သည်။ စုစုပေါင်းအနေဖြင့် သူသည် အရာအားလုံးအတွက် ရူဘယ်သုံးသိန်းခန့်သာ ဖြုန်းခဲ့သည်။

ယင်းပိုက်ဆံများအားလုံးက ကီရီလန်ကို၏ဟာ ဖြစ်သည်။ ယခု အပေးအယူတွင် သူက သူ၏မိတ်ဖက်များကို ချန်ထားခဲ့သည်။ သူသည် သူကိုယ်တိုင် အရောင်းလမ်းကြောင်းကို တည်ဆောက်နေသည်။ သူတစ်ယောက်ထဲသာ အလုပ်လုပ်ဆုံးဖြစ်ပြီး သူသာလျှင် ပိုက်ဆံပိုရသင့်သည် မဟုတ်ပါလော။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset