FY အခန်း ၇၂

အခန်း (၇၂)

မူးပြီး ကြောင်မနေနဲ့

သူတို့က ဖုန်းယွီနှင့် လီန၏ဆက်ဆံရေးကို သူ့အစ်မ ဖုန်းတန့်ယင်းကို ဝှက်ထားရန် ကြိုးပမ်းသော်ငြား သူက သိရှိသွားခဲ့သည်။ ဖုန်းတန့်ယင်းက ဖုန်းယွီ၏ကားသော့ကို သိမ်းယူပြီး လီရှစ်ချင်ကို ဖုန်းယီအား ကားမောင်းမပို့ရန် အမိန့်ပေးလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ ကျောင်းနှင့် အိမ်က ဆယ်မိနစ်သာ လမ်းလျှောက်ရသည်။ ထိုအရာက ဖုန်းယွီအတွက် သူမ၏ပြစ်ဒဏ်ပင် ဖြစ်သည်။ ထိုကဲ့သို့ ငယ်ရွယ်သည့်အချိန်တွင် ရည်းစားထားပြီး စာမကြိုးစားရန် သူ့ကို ဘယ်သူက ပြောခဲ့ပါလိမ့်။

ဖုန်းယွီက ကားနှင့် နေသားကျနေပြီ ဖြစ်ပြီး ကျောင်းကို ဆယ်မိနစ် လမ်းလျှောက်စေခြင်းက သူ့အား အသေသတ်ခြင်းပင် ဖြစ်သည်။ ဝမ်တုန့်ကျွမ်းက သူ့အတွက် နည်းလမ်းတစ်ခု စဉ်းစားပေးသည်။ သူတို့နှစ်ယောက်သားက Forever အမှတ်တံဆိပ် စက်ဘီးနှစ်စီးကို ဝယ်လိုက်၏။ တစ်စုံတစ်ယောက်က အရင်က ပြောသည်က ‘လမ်းလျှောက်သလို စက်ဘီးစီးခြင်းကိုလည်း မင်း သင်ယူသင့်သည်၊ ဆယ်စုနှစ်ပေါင်းများစွာ စက်ဘီးမစီးဘဲ နေရင်တောင် မင်းမှာ စက်ဘီးရှိသည်နှင့် စီးနိုင်ပြီ ဖြစ်သည် ’

ယခုတွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိကက စက်ဘီးဖြစ်သည်။ Forever အမှတ်တံဆိပ်က နာမည်အကြီးဆုံးဖြစ်သည်။ ထိုက်ဟွ ကုန်သွယ်ရေးရှိ ဝန်ထမ်းများအားလုံးက Forever အမှတ်တံဆိပ်စက်ဘီးကို စီးကြပြီး သူတို့က Forever အမှတ်တံဆိပ်ကို စီးရသည့်အတွက် ဂုဏ်ယူနေကြ၏။

ဖုန်းယွီက သူ၏ကျောပိုးအိတ်ကို ကောက်ယူပြီး Warrior အမှတ်တံဆိပ် ရှူးဖိနပ်၊ ဂျင်းဘောင်းဘီ၊ တီရှပ်နှင့် လျှာထိုးဦးထုပ်တို့ကို ဝတ်ဆင်၏။ ထိုအရာများက အဓိက ကုန်ပဒေသာဆိုင်ကြီးတွင်သာ ရောင်းချခြင်း ဖြစ်သည်။ ရှန်ဟိုင်းအမှတ်တံဆိပ် လက်ပတ်နာရီကို သူ၏ဘယ်ဘက်လက်တွင် ပတ်ထားသည်။ သူ စက်ဘီးဖြင့် ကျောင်းကို သွားရင်း သီချင်းတကျော့ကျော့ဖြင့် အော်ဆိုနေတော့သည်။

လူအများစုက အလုပ် သို့မဟုတ် ကျောင်းတွင် စက်ဘီးစီး၍သာ သွားကြသည်။ သူတို့က စက်ဘီးဘဲလ်ကို တီးကာ နှုတ်ဆက်သမှု ပြုကြသည်။ ဖုန်းယွီလည်း ထိုသို့ ခံစားရသည်။ ယခု ရာသီဥတုတွင် ကျောင်းကို စက်ဘီးဖြင့် သွားခြင်းက ဆိုးရွားသည့် အကြံမဟုတ်ပေ။ လှပသည့် မြင်ကွင်းက တစ်စုံတစ်ယောက်၏ ပေါ်ပေါက်လာမှုကြောင့် ပျက်စီးသွားသည်။ လှပသည့် ပန်းချီကားချပ်ပေါ်တွင် မင်စက်ထူထူနက်နက်ဖြင့် အနံ့မကောင်းသည့်အရာက လှပသည့် ပန်းချီပေါ်သို့ ကျသွားသည်နှင့် တူပေ၏။

“မင်းဘာလို့ ဒီလောက်ထိ နှေးနှေးစီးနေရတာလဲ၊ ငါတို့တွေ နောက်ကျနေပြီ၊ မင်း ဒီပေါက်စီကို စားဦးမှာလား၊ မစားရင် ငါစားလိုက်တော့မယ် ” သူ့ပါးစပ်တွင် ပေါက်စီတစ်လုံးရှိနေသေးပြီး ဝမ်တုန့်ကျွမ်းက ဖုန်းယွီ၏ပေါက်စီကို ကောက်ယူလိုက်ပြီး သူ့နောက်ကျောကို တစ်ချက်ရိုက်လိုက်သည်။

“မင်းရဲ့ မသန့်တဲ့လက်နဲ့ ငါ့ရှပ်အင်္ကျီကို ထပ်သုတ်ပြန်ပြီ ” ဝမ်တုန့်ကျွမ်းက ခပ်ကြမ်းကြမ်းနင်းကာ ဖုန်းယွီကို ကျော်သွားသည်။ ပြီးနောက် ဖုန်းယွီသည်လည်း အမီလိုက်တော့သည်။ သူတို့ လမ်းကြောင်းတစ်လျှောက်တွင် အော်ရယ်သံများ ကျန်ရစ်နေခဲ့၏။

စက်ဘီးထားသည့်နေရာတွင် အချို့သော ကျောင်းသားများက သူတို့ကို လက်ညိုးထိုးကြသည်။ ဝမ်တုန့်ကျွမ်းက အလွန်ဂုဏ်ယူပြီး သူတို့အား စူပါစတားတစ်ယောက်ပမာ လက်ပြန်ပြလိုက်သည်။ ဖုန်းယွီက ခေါင်းယမ်းပြီးနောက် ဝမ်တုန့်ကျွမ်းကို အခန်းထဲသို့ ဆွဲခေါ်သွားသည်။ ကျောင်းတွင်းဆောင်မနေရခြင်းက အားသာချက်လည်း ရှိပေသည်။ အနည်းဆုံးတော့ သူတို့က မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန် အတန်းများကို တက်ရောက်ရန် မလိုပေ။ ပြီးနောက် သူတို့က တစ်နာရီနောက်ကျပြီးမှ ထ၍ ရသည်။ စာသင်ခန်းထဲတွင် ကျောင်းသားအများစုက သမ်းနေကြပြီး အခြားသူများက သမ်းပြီး အိပ်ပျော်နေတော့သည်။ သို့သော် ဆရာအတန်းထဲကို ဝင်လာသည်နှင့် ကျောင်းသားအားလုံးက မတ်မတ်ထရပ်လိုက်ပြီး သူတို့က စာ စတင်ရန် အာရုံစိုက်ရတော့သည်။

အတန်းပြီးသည့်နောက် ဖုန်းယွီက လီနဆီ လျှောက်သွားပြီး သူ့ဘေးတွင် ထိုင်ကာ ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ကျောင်းပိတ်ရက်ရောက်ပြီ၊ ကျောင်းချိန်ပြီးသွားရင် ကန်တင်းကို မသွားဘဲနဲ့ အပြင်ကို သွားပြီး ဘာဘီကျူးစားကြမယ်၊ ပြီးရင် ယဉ်ကျေးမှုနန်းတော်မှာ ရုပ်ရှင်ကြည့်ရအောင် ”

“ငါ့မှာ ညပိုင်းကိုယ်ပိုင်စာကြည့်ချိန် ရှိသေးတယ်၊ တက်ရဦးမယ်လေ ”

“အတန်းတစ်ချိန်ပျက်တာနဲ့ ကိုယ်ပိုင်စာကြည့်ချိန်ပျက်တယ်လို့ ဘယ်သူမှ မပြောဘူးလေ၊ ဟုတ်တယ်မလား ”

ဖုန်းယွီက လီနအတွက် ဆုံးဖြတ်ချက်ချလိုက်သည်။

ဖုန်းယွီက သူ၏ခုံကို ပြင်ထားပြီးနောက် လီန၏ထိုင်ခုံဖော် ဖက်တီးလေးက သူ့ကို လာပြောသည်။

“သူက ရုပ်ရှင်ကြည့်ဖို့ နင့်ကို ဒီည ခေါ်သွားမလို့လား၊ ငါ နင့်ကို အရမ်းအားကျတာပဲ၊ ဘာကြောင့် ငါ့ကို တစ်ယောက်မှ အပြင်ထွက်ဖို့ လာမမေးကြတာလဲ ”

“နင် ငါတို့နဲ့အတူတူလိုက်ချင်လား ”

“တကယ်လား၊ အဲ့တာ အတည်လို့ မှတ်ယူလိုက်ပြီ၊ ငါတို့တွေ ဒီနေ့သွားကြမယ်ဟေ့ ” ဖက်တီးမလေးက ဖိတ်ခေါ်ချက်ကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။ လီနက မင်သက်သွားသည်။ သူမက ဒီတိုင်း ယဉ်ကျေးမှုဖြင့် မေးလိုက်ခြင်းသာ ဖြစ်ပြီး ဖက်တီးမလေးက သူမ၏ဖိတ်ခေါ်မှုကို လက်ခံလိမ့်မည်ဟု မျှော်လင့်မထားပေ။

ကန်တင်းတွင် နေ့လည်စာစားခိုက် လီနက ဖုန်းယွီကို သူ၏ထိုင်ခုံဖော်သည်လည်း ယနေ့ညတွင် လိုက်ချင်သည်ဖြစ်ကြောင်း ပြောသည်။ ဖုန်းယွီက ဝမ်တုန့်ကျွမ်းဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် မကောင်းဆိုးဝါးအပြုံးတစ်ပွင့် ပေါ်လာ၏။

“ဘာလဲ၊ မင်းက ငါ့ကို အဲ့ဒီဖက်တီးမနဲ့ စက်ဘီးအတူတူစီးခိုင်းမလို့လား၊ ငါ့ရဲ့တာယာတွေက ပျက်စီးကုန်တော့မှာပဲ ”

ဖုန်းယွီက ဝမ်တုန့်ကျွမ်း၏လည်ပင်းကို ဖက်လိုက်ပြီးနောက် ပြောလိုက်သည်။ “ငါတို့တွေက ညီအစ်ကိုတွေ မဟုတ်ဘူးလား၊ ငါ့ရဲ့စက်ဘီးက လူနှစ်ယောက်တင်လို့ မရဘူး၊ ဘာပဲဖြစ်ဖြစ် မင်းလည်း ဒီည ဘာမှလုပ်စရာမှ မရှိတာ၊ မင်း နောက်တစ်တန်းက မိန်းကလေးတစ်ယောက်ကို မျက်စိကျနေတာမလား ”

“ဘာပဲဖြစ်နေဖြစ်နေ ငါ သူ့ကို ငါ့ရဲ့စက်ဘီးပေါ် မတင်နိုင်ဘူး၊ တခြားကျောင်းသားတွေသာ မြင်သွားခဲ့ရင် ငါနောက်တန်းက ကောင်မလေးချောချောကို ဘယ်လိုလုပ် လိုက်နိုင်တော့မှာလဲ ” ဖက်တီးမလေး၏ ရုပ်ရည်သွင်ပြင်က မဆိုးပေ။ သူမက စာတွင်လည်း တော်ပြီး အရပ်လည်းမပု။ သူမ၏ သွင်ပြင်လက္ခဏာကလည်း အတော်အသင့်ရှိသည်။ သူမ၏ မျက်နှာသွင်ပြင်က … ပါးနှစ်ဖက်ကို ဖျစ်ညှစ်လျှင်တောင် သူမက ပိုပြီး ချစ်ဖွယ်ကောင်းသည်။

“နောက်ပိုင်းကျရင် ငါ မင်းကို လှည့်ကွက်အချို့ သင်ပေးမယ်၊ မင်း နောက်တစ်ခါတွေ့ရင် အဲ့ဒီကောင်မလေးကို သေချာပေါက် မေးလို့ရပြီ ”

“မင်းသေချာရဲ့လား ”

ဖုန်းယွီက သူ့ကို စော်ကားလိုက်သည်ဟု ခံစားလိုက်ရပြီး အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။ “ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ ”

“တစ်၊ နှစ်၊ ကောင်းကောင်းထိုင်ထားနော် ”

ဖက်တီးမလေးက ဝမ်တုန့်ကျွမ်း၏စက်ဘီး နောက်ခုံတွင် ထိုင်နေသည်။ ဝမ်တုန့်ကျွမ်းက ခြေနင်းတောင် မနင်းနိုင်သလို ခံစားနေရ၏။ သူက စတင်နင်းရန်အတွက် ဖုန်းယွီ၏နောက်မှ တွန်းပေးခြင်းကို သေချာပေါက် လိုပေသည်။

လီနသည် ဖုန်းယွီ၏စက်ဘီး နောက်တွင် ထိုင်နေပြီး ဖုန်းယွီသည် ခြေထောက်တစ်ဖက်က မြေကြီးနှင့်ထိထားပြီး ကျန်တစ်ဖက်က ခြေနင်းပေါ်တွင် တင်ထားသည်။ ခပ်ကြမ်းကြမ်းဖြင့် ခြေနင်းကို နင်းလိုက်သည်နှင့် တစ်ခါထဲ ထွက်သွားသည်။ သူက ဖြည်းဖြည်းနှင့် မှန်မှန် ဝမ်တုန့်ကျွမ်း၏နောက်တွင် လိုက်နေ၏။

လီနက အင်္ကျီရှည် ဝတ်ဆင်ထားပြီး စက်ဘီးနောက်တွင် တစ်ဖက်လွှဲထိုင်ထားကာ သူမလက်များက ဖုန်းယွီ၏ကိုယ်ကို ဖက်ထားသည်။ သူမက ခေါင်းကို ငုံ့ထားပြီး ချိုသာသော အပြုံးဖြင့် ပြုံးနေလေ၏။

သူတို့လေးယောက် ယဉ်ကျေးမှုနန်းတော်၏ ဝင်ပေါက်သို့ ရောက်သွားသည်။ ထိုနေရာတွင် ဂျက်ကီချန်း၊ စန်မော့ဟောင်နှင့် ယွမ်းပေါင်တို့ အဓိက သရုပ်ဆောင်ထားသည့် ဟောင်ကောင်ရုပ်ရှင်ပိုစတာတစ်ခု ရှိသည်။ ယဉ်ကျေးမှုနန်းတော်က နယ်မြို့များရှိ ရုပ်ရှင်များထက် ပိုကောင်းသည်။ ထိုရုပ်ရှင်ရုံများက ပျင်းစရာကောင်းသည့် ပြည်တွင်းရုပ်ရှင်များသာ ဖြစ်ကြသည်။

အချိန်ကို ကြည့်လိုက်သည့်အချိန်တွင် နောက်ထပ်ပြရန်က ဆယ်မိနစ်သာ လိုတော့သည်။ ဖုန်းယွီနှင့် ကျန်သည့်သူများက ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ အကင်စားရန် စီစဉ်လိုက်သည်။

ယင်းရုပ်ရှင်က ဟာသအက်ရှင် ရုပ်ရှင် ဖြစ်သည်။ သူတို့လေးယောက်သားက အလွန်ကြိုက်နှစ်သက်ကြသည်။ ရုပ်ရှင်ပြီးနောက် ရုပ်ရှင်ရုံဘေးရှိ လမ်းဘေးဆိုင်များဆီ သွားကြသည်။

အသားကင်ဆယ်ချောင်းအတွက် တစ်ယွမ်ဖြစ်သည်။ ဖုန်းယွီက အချောင်းငါးဆယ်ကို တွန့်ဆုတ်ခြင်းမရှိ မှာယူလိုက်သည်။ သူက အခြားသော အကင်များကိုလည်း မှာယူလိုက်၏။ ဝမ်တုန်းကျွမ်းနှင့် ဖက်တီးမလေး၏ စားနှုန်းနှင့်ဆိုလျှင် ဖုန်းယွီသာ နည်းနည်းလေးမှာပါက သူ့အတွက် စားစရာကျန်တော့မည်မဟုတ်ပေ။

အနာဂတ်နှင့် မတူဘဲ ရွေးချယ်ရန် အကင်အမျိုးအစားက အနည်းငယ်သာ ရှိသည်။ ကိုရီးယားအသားကင်များ မရှိပေ။ ထိုနေရာတွင်ရှိသည်က အာလူးဖုတ်၊ မြေပဲပြုတ်နှင့် အချိုပွဲအဖြစ် ပဲနို့သာ ရှိသည်။ သို့သော် ထိုအရာများက ဖုန်းယွီနှင့် ကျန်သည့်သူများအတွက် လုံလောက်ပေ၏။

သူတို့စားပွဲဘေးနားတွင် ချာတိတ်လေးများက လီနကို ကြည့်နေသည်။ လီနက ရှည်လျားသည့်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ လှပသောမျက်နှာကြောင့် ထိုချာတိတ်လေးများက မကောင်းသည့်အကြံများ ရှိနေကြသည်။

သူတို့ထဲမှ တစ်ယောက်က လီနဆီသို့ ဘီယာခွက်တစ်ခွက်ဖြင့် လမ်းလျှောက်လာသည်။

“ဟေ့ ကောင်မလေး၊ ငါနဲ့တူတူသောက်ရအောင်၊ နောက်ကျရင် ငါမင်းကို ပျော်စရာကောင်းတဲ့နေရာတစ်ခုကို ခေါ်သွားပေးမယ်၊ မင်း ဘိလယက်ကို အရင်က ကြားဖူးလား၊ ငါ့ရဲ့နောက်မှာ ဘိလိယက်ရုံရှိတယ်၊ ပြီးတော့ အဲ့ဒီမှာ စားပွဲနှစ်ပွဲလည်း ရှိတယ် ”

ဝမ်တုန့်ကျွမ်းနှင့် ဖုန်းယွီက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး ထိုချာတိတ်ကို ပြောလိုက်သည်။

“သွားပြီး မင်းရဲ့အစားကိုသာ စားလိုက်၊ မစားဘူးဆိုရင်လည်း ရပ်လိုက်တော့၊ မူးပြီးတော့ ကြောင်မနေနဲ့ ”

“အိုး ဘာတွေလဲ၊ ဒီကလေးနှစ်ယောက်က ငါ့ကို တိုက်ခိုက်ချင်တာတဲ့၊ ဘေးမှာ သွားနေစမ်းပါ၊ ငါ့ကို လာမရှုပ်နဲ့၊ ငါ ဒီကောင်မလေးချောချောလေးနဲ့ သောက်ရုံပဲ၊ မဟုတ်ဘူးဆိုရင်တော့ ငါ မင်းတို့ကို သတ်ပစ်မှာ ”

အခြားသော ကလေကချေသုံးယောက်က ထပြီး ဖုန်းယွီဆီသို့ လမ်းလျှောက်လာသည်။ ဖုန်းယွီစကားပြောတာ မဆုံးသေးခင် သူတို့တွေက ဖုန်းယွီကို စတင်ထိုးလိုက်ကြသည်။

“ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့၊ မတိုက်ခိုက်ကြနဲ့ ”

လီနက မျက်ရည်ကျမလို ဖြစ်သွားသည်။ ထိုလူသုံးယောက်နှင့် မပတ်သတ်သင့်ပေ။ ဖုန်းယွီက ချက်ချင်းပင် လီနကို သူ့နောက်သို့ ပို့လိုက်ပြီး သူက ကလေကချေလူလေးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီမှာ လူတွေ အများကြီးရှိနေတာ၊ ဘယ်သူက ကလေကချေကောင်လဲ၊ လာပြီး သက်သေပြလိုက်၊ သွားစမ်းပါ၊ ငါက မင်းတို့နဲ့ ဘာမှမဖြစ်ချင်လို့ ဒီတိုင်းနေနေတာနော်၊ ငါ့ရဲ့ယောက်ဖက ခြေကျိုးဝမ့်နဲ့ အလုပ်လုပ်နေတာ ”

ဟန်ဆောင်ပြောရလျှင် ထိုအပြုအမူက ကြောက်မက်ဖွယ်ကောင်းသည်။ ဖုန်းယွီက ထိုစကားများကို ပြောလိုက်သည့်အခါ သူ၏လေသံက မကောင်းဆိုးဝါးတစ်ကောင်က ထိုလူငယ်များကို စကားပြောနေသည့်အလားပင်။

စာရေးဆရာ၏မှတ်စု။ ။ ထိုခေတ်အခါက စက်ဘီးများက အဓိကသယ်သူပို့ဆောင်ရေးဖြစ်ပြီး တရုတ်ပြည်က စက်ဘီးခေတ်ဖြစ်သည်။ Warrior အမှတ်တံဆိပ် ရှူးဖိနပ်များနှင့် ရှန်ဟိုင်းအမှတ်တံဆိပ်နာရီများက ထိုခေတ်အခါက ဖက်ရှင်အကျဆုံး အမှတ်တံဆိပ်များ ဖြစ်သည်။ ယဉ်ကျေးမှုနန်းတော်က ရုပ်ရှင်များကို ပြသပြီး ကျောင်းခန်းမများမရှိသည့် အချို့သော ကျောင်းများက သူတို့၏ပွဲများကို ယဉ်ကျေးမှုနန်းတော်တွင် ပြုလုပ်ကြသည်။

ဘာသာပြန်ဆရာ၏မှတ်စု။ ။ ကျွန်ုပ်တွင် ဖက်တီးကလေးဟုသုံးခြင်းသည် မည်သည့်လူတစ်ဦးတစ်ယောက်ကိုမှ စော်ကားခြင်းမဟုတ်ပေ။

_____________________________________________

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset