FY အခန်း ၇၁

အခန်း (၇၁)

ကျောင်းတွင်းဓလေ့ ပြောင်းခြင်း

“စားသောက်တဲ့အခါ မင်းတို့တွေ အရမ်းကို နီးကပ်ဖို့ လိုအပ်တာလား ”

စည်းကမ်းထိန်းသိမ်းရေးမှူးလီးက အော်လိုက်သည်။

“ကျွန်တော်တို့ အတူတူ ထိုင်စားနေတာကို ချိန်းတွေ့နေတယ်လို့ ဆိုလိုတာလား၊ ဘယ်သူက ပြောတာလဲ၊ မင်းလား ဒါမှမဟုတ် ကျောင်းအုပ်လား၊ အမျိုးသမီး သူစိမ်းတွေနဲ့ နီးနီးကပ်ကပ် မင်း ဘယ်တုန်းကမှ မရပ်ဖူးဘူးလား၊ အဲ့ဒါက မင်း အချိန်တိုင်း ဒိတ်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား ”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

“ဟားဟား ဟားဟား ဟားဟား ”

ကျောင်းသားများအားလုံး၏ ရယ်သံများက တဟုန်တိုး တက်လာသည်။ အထူးသဖြင့် သူတို့၏ စည်းကမ်းထိန်းသိမ်းရေးမှူးလီး၏မျက်နှာက ဒေါသကြောင့် အနီရောင်သို့ ပြောင်းလဲသွားသည့်အခါတွင် ဖြစ်သည်။

“မင်းက ငါ့ကို ဒီလို ပြောရဲတယ်လား၊ မင်းရဲ့ အတန်းပိုင်ဆရာက ဘယ်သူလဲ၊ ငါ မင်းကို မှင်နီအတားခံရအောင် လုပ်ပြပေးမယ် ”

“ဘာပဲဖြစ်ဖြစ် လီနရေ မင်း စားပြီးပြီလား၊ ပြီးရင် စာကြည့်တိုက်ကို သွားရအောင် ”

ဖုန်းယွီ၏ မပြောင်းလဲသည့် သဘောထားက စည်းကမ်းထိန်းသိမ်းရေးမှူးလီးကို နောက်ထပ် ဒေါသထွက်သွားစေသည်။ သူက တဖန် ဖုန်းယွီ၏လက်မောင်းကို ပြန်ဆွဲထားချင်သည်။ သို့သော် ဖုန်းယွီက သူ့လက်ကို အစောက အဆွဲမခံဘဲ တွန်းချခဲ့သည်ကို သတိပြုမိသွားသည်။ ထိုအရာက သူ့ကို အံ့အားသင့်သွားစေသည်။ ထို့ကြောင့် သူက လီန၏ လက်မောင်းကို ကိုင်လိုက်သည်။

“အား… ”

လီနက နာကျင်မှုကြောင့် အော်လိုက်သည်။

“ဖြောင်း ”

ဖုန်းယွီက စည်းကမ်းထိန်းသိမ်းရေးမှူးလီး၏လက်ကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။

“ဘာဖြစ်လို့ ကျောင်းသူတစ်ယောက်ရဲ့လက်မောင်းကို ဆွဲကိုင်ရတာလဲ၊ မင်း အရင်က ပြောသလိုဆိုရင် မင်းက မိန်းကလေးကို ကိုယ်ထိလက်ရောက် စော်ကားတယ်လို့ ငါ ထည့်ပြောရမှာလား ”

ဖုန်းယွီက မေးလိုက်သည်။ ကျောင်းသားများက ပိုပိုပြီး ဝိုင်းလာကြသည်။ အစပိုင်းက သူတို့က ထမင်းကို ပြီးအောင်သာ စားနေကြသည်။ သို့သော် ယခုတွင် သူတို့စားတာကို ရပ်လိုက်ပြီးနောက် အခင်းဖြစ်ပွားသည်ကို ကြည့်ရန်အတွက် လူများ အုံလာကြသည်။ တရားနည်းလမ်းကျသည့် ပထမနှစ်ကျောင်းသားနှင့် မကောင်းဆိုးဝါးစည်းကမ်းထိန်းသိမ်းရေးမှူးလီးတို့ကြား တိုက်ပွဲဖြစ်သည်။ အလွန်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်း၏။

အနောက်ပိုင်းတွင် ဖုန်းယွီကို ကျယ်ကျယ်လောင်လောင်ဖြင့် အားပေးနေကြသည်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့ကို စည်းကမ်းထိန်းသိမ်းရေးမှူးလီးက မမြင်ရပေ။ အကြောင်းမှာ သူတို့ရှေ့တွင် ပရိတ်သတ်များစွာရှိနေ၍ ဖြစ်သည်။ ထိုကျောင်းများက စည်းကမ်းထိန်းသိမ်းရေးမှူးလီးနှင့် ပတ်သတ်ပြီး မကျေမနပ်ဖြစ်ကြသော်ငြား သူတို့က ထုတ်ဖော်မပြောရဲပေ။ နောက်ဆုံးတွင် စည်းကမ်းထိန်းသိမ်းရေးမှူးလီးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနကို အာခံရဲသည့်သူတစ်ယောက် ပေါ်ထွက်လာသည်။ သူတို့က ဖုန်းယွီကို မချီးကျူးဘဲ ဘယ်လိုနေနိုင်မည်နည်း။

ဖုန်းယွီက လီနလက်ကို ကိုင်ပြီး လူအုပ်ထဲမှ ထွက်သွားတော့သည်။ ထွက်သွားသည့်လမ်းတွင် သူက ဝမ်တုန်းကျွမ်းကို မျက်တောင်တစ်ခတ် ခတ်ပြလိုက်ပြီး သူက နားလည်သွားသည်။ ထို့နောက် ဝမ်တုန်းကျွမ်းက အခြားကျောင်းသားများကို စည်းကမ်းထိန်းသိမ်းရေးမှူးလီး၏ လမ်းကြောင်းကို ပိတ်ရန်အတွက် လှုံ့ဆော်ပေးလိုက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ထိုအကြောင်းအရာက အကြီးအကျယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“မင်းတို့နှစ်ယောက်က ချိန်းတွေ့နေလား ”

အတန်းပိုင်ဆရာက မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။ ထိုကျောင်းသားနှစ်ယောက်ကား ဒုတိယကျောင်းအုပ်က သူ့ကို အထူးဂရုစိုက်ရန် ညွှန်ကြားထားသည့် ကျောင်းသားများ ဖြစ်သည်။ အဘယ့်ကြောင့် စည်းကမ်းထိန်းသိမ်းရေးမှူးလီးနှင့် ပဋိပက္ခဖြစ်ပွားရသနည်း။

“ဟုတ်ပါတယ် ”

“မဟုတ်ပါဘူး ”

ဖုန်းယွီနှင့် လီနက တစ်ချိန်ထဲတွင် မတူညီသည့်အဖြေ နှစ်မျိုးကို ပေးလိုက်သည်။

လီနက ဖုန်းယွီကို ထိတ်လန့်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ဖုန်းယွီနှင့် သူမ၏ ဆက်ဆံရေးက ပုံမှန်သူငယ်ချင်းထက်တော့ ပိုသည်။ သို့သော် သူတို့က စည်းမကျော်ရသေးတာ သို့မဟုတ် အနည်းဆုံးတော့ သူတို့က အချစ်ရေးကိစ္စများကို ထုတ်ဖော်မပြောရသေးခြင်းသာ ဖြစ်သည်။

သို့သော် ဖုန်းယွီက ယခုတွင် ပြောလိုက်သည်။ ပြီးနောက် ပြောလိုက်သည်က အတန်းပိုင်ဆရာ၏ရှေ့တွင် ဖြစ်သည်။

“မဟုတ်ဘူးဆရာ၊ ကျွန်မတို့တွေက ချိန်းတွေ့နေတာ တကယ်မဟုတ်ပါဘူး ”

လီနက မုန်လာဥနီကဲ့သို့ နီမြန်းနေသော မျက်နှာဖြင့် ငြင်းဆိုလိုက်သည်။

ဖုန်းယွီက သက်ပြင်းချလိုက်သည်။ ယင်းမိန်းကလေးကို သေချာပေါက် သင်ရမည် ဖြစ်သည်။

“ကောင်းပြီ၊ ဆရာ ကျွန်တော်တို့ ချိန်းမတွေ့ပါဘူး ”

အတန်းပိုင်ဆရာက ဖုန်းယွီကို ကြည့်ရင်း ပြောစရာမဲ့သွားသည်။ ဖုန်းယွီ၏သွင်ပြင်နှင့် လေသံအရ သူတို့ချိန်းတွေ့နေပြီ မဟုတ်ဆိုတာ ဘယ်သူက ယုံနိုင်မည်နည်း။

ထိုကျောင်းသားနှစ်ယောက်အတွက် အခြားကျောင်းသားများက စိုးရိမ်ပူပန်မှုကို ရပ်တန့်၍ ရပေမည်။ ဘင်းမြို့တော်၏ အကောင်းဆုံးအထက်တန်းကျောင်းကို ဝင်ရောက်နိုင်ခြင်းဖြစ်ပြီး ထိုကျောင်းက တစ်နိုင်ငံလုံးတွင် A အဆင့်ရှိသည့် အထက်တန်းကျောင်းဖြစ်သည်။ သူတို့က တက္ကသိုလ်ကောင်းကောင်းတက်ရန်အတွက် သူတို့၏လေ့လာမှုကို အာရုံမစိုက်ပါက သူတို့သည် သက်မွေးပညာကျောင်းများရှိ ကျောင်းသားများနှင့် မည်မျှကွာခြားတော့မည်နည်း။

တက္ကသိုလ်ပြီးနောက် သူတို့က အကောင်းဆုံးကျောင်းသားများဖြစ်ပြီး သူတို့က အလုပ်ကောင်းကောင်းများ ရကြပေမည်။ ထိုအချိန်မှ သူတို့သည် အခြေတကျဖြစ်မည်မဟုတ်လား။ အဘယ့်ကြောင့် အထက်တန်းကျောင်းတွင် ချိန်းတွေ့နေကြသနည်း။

“မင်းတို့နှစ်ယောက်စလုံး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းစာတစ်စောင် ရေး၊ ငါ စည်းကမ်းထိန်းသိမ်းရေးမှူးလီးကို ပြောထားမယ်၊ မင်းတို့ နှစ်ယောက်စလုံး သူ့ကို တောင်းပန်ရမယ်၊ အဲ့ဒီအခါ ဒီကိစ္စကို ဒီတိုင်းထားပေးမယ် ”

အတန်းပိုင်ဆရာက ပြောလိုက်သည်။

“ကျွန်တော်တို့တွေ စာကို ရေးနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေ မတောင်းပန်နိုင်ဘူး ”

ဖုန်းယွီက ပြောလိုက်သည်။ မည်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေးမှူးလီးက လီန၏လက်မောင်းကို ဆွဲကိုင်ရသနည်း။ ပြီးနောက် သူက ထိုအရာကို ဒေါသထွက်နေဆဲ ဖြစ်သည်။ သူက တောင်းပန်လိမ့်မည် မဟုတ်ပေ။

အတန်းပိုင်ဆရာက ဖုန်းယွီကို အချိန်အကြာကြီး နားချ၏။ သို့သော် ဖုန်းယွီက တောင်းပန်ရန်အတွက် တပြားသားမှ မလျော့ပေ။ နောက်ဆုံးတွင် သူက ကျောင်းဆိုင်းငံ့ခံလိုက်ရသည်။ သူ အလျော့ပေးသည့်အချိန်မှ ကျောင်းပြန်တက်နိုင်မည် ဖြစ်သည်။

ဖုန်းယွီက ပီတိဖြာနေ၏။ ယင်းအဓိပ္ပာယ်ကား သူသာ တစ်လအလျော့မပေးပါက သူ ကျောင်းကို တစ်လ မသွားရမည် မဟုတ်ပါလော။

မည်သို့ပင် ဖြစ်စေကာမူ သူ၏ရည်ရွယ်ချက်က တက္ကသိုလ်တွင် အတွေးအခေါ်ပညာများနှင့် စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်များကို သင်ယူရန် ဖြစ်သည်။ ယခုသင်ကြားနေရသည့် ဘာသာရပ်များကို သူက ပြန်ပြီး နွှေးရန်လိုပြီး အတန်းတစ်လပျက်ခြင်းက ကွာခြားချက် သိပ်ရှိမည် မဟုတ်ပေ။

သို့သော် အတန်းပိုင်ဆရာက ရုံးခန်းထဲမှ ထွက်သွားပြီးနောက် လီနက မျက်ရည်များ ဒလဟော ကျလာသည်။ မူကြိုမှ စပြီး ယနေ့အချိန်တိုင်အောင် သူက မည်သည့်အချိန်ကမှ ဆိုင်းငံ့ခံရခြင်း မရှိပေ။ သူမ၏အတန်းဖော်များက သူမကို လှောင်ရယ်ကြပြီး သူမ၏မိဘများသာ ထိုအကြောင်း သိသွားခဲ့ပါက သူမကို စိတ်ပျက်သွားမည် ဖြစ်၏။

“အာ… မင်းဘာလို့ ငိုနေရတာလဲ၊ ရက်နည်းနည်းလောက်ပဲ ဆိုင်းငံ့ခံရတာလေ၊ ဘယ်လောက်တောင် ကောင်းလဲ၊ ဘာပဲဖြစ်ဖြစ် အခုသင်ရိုးက အရမ်းမခက်သေးဘူး၊ ငါတို့ကိုယ်တိုင် စာတွေကို ဖတ်လို့ရတယ်၊ ကောင်းပြီ၊ ကောင်းပြီ၊ ငါတစ်ခုခု စဉ်းစားလိုက်မယ်၊ မနက်ဖန်ကျရင် ကိစ္စတွေ အကုန်လုံး အဆင်ပြေသွားလိမ့်မယ် ”

ဖုန်းယွီက ပြောလိုက်သည်။ လီနက ဖုန်းယွီကို မျက်ဝန်းထဲတွင် မျက်ရည်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“နင် ဘာလုပ်နိုင်မှာ မလို့လဲ၊ နင် သေချာပေါက် စည်းကမ်းထိန်းသိမ်းရေးမှူးလီးကို တောင်းပန်မှာမှ မဟုတ်တာ ”

လီနက လက်ရှိတွင် အကြပ်ရိုက်နေသည်။ တစ်ဖက်တွင် သူမက အတန်းပြန်တက်ချင်ပြီး အပြစ်ပေးမခံရချင်ပေ။ သို့သော် အခြားတစ်ဖက်တွင် သူမက ဖုန်းယွီကို ဦးညွတ်ပြီး တောင်းပန်မည့်အရေးကိုလည်း မလိုလားပေ။ ဖုန်းယွီက အလွန်ကို မာနရှိသည့် သူဖြစ်ကြောင်း သူမသိသည်။

“ငါ့ယောက်ဖနဲ့ ဒုကျောင်းအုပ်က သူငယ်ချင်းကောင်းတွေ၊ ငါ ဒုကျောင်းအုပ်စွန်းကို သွားပြောခိုင်းလိုက်မယ် ”

“တကယ်လား ”

“ငါ နင့်ကို ဘယ်တုန်းက လိမ်ဖူးတာ ရှိခဲ့ဖူးလို့လဲ၊ မငိုနဲ့တော့၊ နင်က ကြောင်လေးတစ်ကောင်နဲ့ တူနေပြီ ”

ဖုန်းယွီက လက်ကိုင်ပုဝါကို ထုတ်ပြီး လီန၏မျက်ရည်များကို သုတ်ပေးလိုက်တော့သည်။

“ခစ် ခစ် ”

လီနက တခစ်ခစ်ရယ်လိုက်ပြီးနောက် ပြောလိုက်သည်။

“နင်ကမှ ကြောင် ”

တဖန် လီရှစ်ချင်က ဒုကျောင်းအုပ်စွန်းရုံးခန်းကို ထပ်လာပြန်သည်။ ပြီးနောက် ဒုကျောင်းအုပ်စွန်းက သူ့ကို နွေးထွေးစွာ ကြိုဆိုသည်။

“မစ္စတာလီ ကျောင်းနဲ့ ကျောင်းသားတွေဖို့ မင်းရဲ့ထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ရော ဘာအတွက်ကြောင့် ရောက်လာတာပါလိမ့် ”

ဒုကျောင်းအုပ်စွန်းက သိချင်စိတ်ပြင်းပြနေသည်။ ဘက်စကက်ဘောကွင်းအသစ် တည်ဆောက်ခြင်းက မပြီးသေးသည်လား။ လီရှစ်ချင်က တစ်ခုခုကို လှူမည့်အတွက်လား။ ထိုအရာက ကောင်းပေမည်။ သူက ဖုန်းယွီ ကျောင်းမှ ဆိုင်းငံ့ခံရသည်ကို မသိသေးပေ။

“ဒုကျောင်းအုပ်စွန်း ကျွန်တော့်ရဲ့ညီလေးက ဆိုင်းငံ့ခံထားရတယ်၊ ကျွန်တော် ဘာဖြစ်လို့လဲဆိုတာ သိချင်မိပါရဲ့ ”

လီရှစ်ချင်က ပြောလိုက်သည်။

“မင်းရဲ့ညီလေးက ဆိုင်းငံ့ခံရတာလား၊ ငါ ဘာကြောင့် ဒီကိစ္စကို သတိမထားမိတာပါလိမ့်၊ ကိစ္စမရှိပါဘူး၊ စိတ်မပူပါနဲ့၊ ငါအတန်းပိုင်ဆရာကို ခေါ်ပြီးတော့ မေးကြည့်လိုက်မယ် ”

ဖုန်းယွီ၏ အတန်းပိုင်ဆရာက ဒုကျောင်းအုပ်စွန်း၏ရုံးခန်းတွင် ပေါ်လာပြီး လီရှစ်ချင်ကို ကိစ္စအလုံးစုံပြောလိုက်သည်။ သူက ပြစ်ဒဏ်အတွက် စီရင်ချက်ချမှတ်တာ မမှားဟု ခံစားမိသည်။ ဆရာနှင့် ပွင့်ပွင့်လင်းလင်းပြောဆိုပြီးနောက် ပြစ်ဒဏ်က မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းစာနှင့် ဆရာကို တောင်းပန်ရန်သာ ဖြစ်သည်။ ယင်းကဲ့သို့ အပြစ်ပေးမှုက မှားယွင်းသည်လား။

လီရှစ်ချင်က တင်ပျင်ခွေချိတ်လိုက်ပြီး ပြောလိုက်၏။

“ဒုကျောင်းအုပ်စွန်း ကျွန်တော့်အထင်တော့ ဒီနေရာမှာ တောင်းပန်ဖို့ မလိုဘူးလို့ ထင်တယ်၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းစာနဲ့တင် လုံလောက်ပါပြီ၊ သူက ချိန်းတွေ့တာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား၊ ကျွန်တော် မိုး၊ နှင်း၊ လေပန်ကာ အစုံတစ်ရာကို လှူဒါန်းချင်ပါတယ်၊ နွေရာသီကုန်ဆုံးဖို့အတွက် တစ်လလောက်ကျန်သေးတယ်လို့ ကျွန်တော်တွေးမိလို့ ”

ဒုကျောင်းအုပ်စွန်းက ရယ်ကာပြောလိုက်သည်။

“မစ္စတာလီ ကျုပ်လည်း မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းစာက လုံလောက်ပြီလို့ ထင်တယ်၊ စည်းကမ်းထိန်းသိမ်းရေးမှူးလီးက မှားနေတာပဲ ဖြစ်ရမယ်၊ ကျောင်းသားနဲ့ ကျောင်းသူ နေ့လည်စာအတူတူစားနေတာကို ချိန်းတွေ့တယ်လို့ သူက စွပ်စွဲလို့မှ မရနိုင်တာ၊ အဲ့တာတွေက ဖြူစင်တဲ့ သူငယ်ချင်းအချစ်ပဲလေ ”

နောက်တစ်နေ့တွင် ဖုန်းယွီနှင့် လီနက ဘာမှမဖြစ်သလို အတန်းကို ပြန်တက်ကြသည်။ သူတို့က မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းစာအတွက် အလုံးတစ်ရာသာရေးပြီး သူတို့ ပြန်လည်ဆန်းစစ်ခြင်းအကြောင်းက ထိုနေ့က ကန်တင်းအတွင်း ဖြုန်းတီးခဲ့သည့် အစားအသောက်အကြောင်းဖြစ်၏။

စည်းကမ်းထိန်းသိမ်းရေးမှူးလီးက ထိုစာများကို ဖတ်ပြီးနောက် သူက အပိုင်းပိုင်းအစစ ဖြဲလိုက်သည်။ သို့သော် စည်းကမ်းထိန်းသိမ်းရေးမှူးချုပ်က သူ့အား တစ်စုံတစ်ခုပြောလိုက်ပြီးနောက် သူ ဒေါသပြန်လျော့ရ၏။

ဒုကျောင်းအုပ်စွန်းပြောသည်က ကျောင်းသားများကို ဆူငေါက်တာက ဖြစ်သင့်သည်အရာပင် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ကျောင်းသားနှင့် ကျောင်းသူ သူငယ်ချင်းဖြစ်ခွင့်ကို သေချာပေါက် ခွင့်ပြုပေးရမည်နည်း။ သူက တင်းတင်းကြပ်ကြပ်နှင့် ပြုလုပ်ရန် မလိုအပ်ပေ။ စည်းကမ်းထိန်းသိမ်းရေးမှူးလီးက မကျေနပ်။ သို့သော် သူက သူ့အထက်အရာရှိက ပြောသည်ကို မလွန်ဆန်နိုင်ပေ။ သူက ကျန်ရှိသည့်ကိစ္စများကို ဘာမှမဖြစ်သလို ထားရန် ဖြစ်သည်။ မကြာမီတွင် သူက ကျောင်း၏ဓလေ့က ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည်။ အရင်က အတန်းပြီးသည့်နောက် ကျောင်းသား၊ ကျောင်းသူများ အတူသွားလာသည်က အလွန်ကို ရှားသည်။ သို့သော် ယခုတွင် ကျောင်းသား၊ ကျောင်းသူများက လှုပ်ရှားမှုများတွင် အတူတူပါဝင်နေကြသည်။

အစားစားသည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူများက အတူတကွထိုင်ပြီး ပျော်ရွှင်စွာ စကားစမြည်ပြောရင်း စားကြသည်။ မနက်ခင်းနှင့် ညနေခင်းများတွင် ကျောင်းသား၊ ကျောင်းသူများက ကျောင်းမြက်ခင်းပြင်ပေါ်တွင် အတူတကွ လမ်းလျှောက်ကြသည်။ ထိုကျောင်းသားများကို သူမေးခွန်းမေးသည့်အချိန်တိုင်း သူတို့က စည်းကမ်းထိန်းသိမ်းရေးမှူးလီးအား သူငယ်ချင်းသာဖြစ်ကြောင်း ပြန်ပြောသည်။ အဆုံးတွင် စည်းကမ်းထိန်းသိမ်းရေးမှူးလီးက ကျောင်းသားများကို ဖမ်းတာကို လက်လျော့လိုက်သည်။ အလုပ်ကြိုးစားလုပ်သော်ငြား ရလာဒ်က ထွက်မလာခဲ့ပေ။ နောက်ပိုင်းတွင် သူက ကျောင်းသားများ ချိန်းတွေ့သည်ကို လက်လျော့ပေးလိုက်သည်။ ကျောင်းသား၊ ကျောင်းသူ အနည်းငယ်က သမီးရည်းစားများ ဖြစ်သွားကြသည်။ ပြီးနောက် ထိုစုံတွဲများက သူတို့၏စာပေလေ့လာမှုတွင် အချင်းချင်း အားပေးကူညီကြပြီးနောက် တက္ကသိုလ်များကို ဝင်နိုင်ခဲ့သည်။ သူတို့၏ရမှတ်များက ပိုတောင်မြင့်လာသည်။

သေချာသည်မှာ သူက နောက်မှ သိလိုက်ခြင်း ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးမှူးလီးကို ဖုန်းယွီ အာခံသည့်နေ့ကို အချို့သောသူများက လွတ်လပ်ရေးနေ့ဟု သတ်မှတ်လိုက်ကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုအရာက ကျောင်းတော်တွင် ဒဏ္ဍာရီတစ်ပုဒ်လို တွင်ခဲ့သည်။ သို့သော် အမျိုးအစားကတော့ အမျိုးမျိုးဖြစ်နေသည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset