FY အခန်း ၆၅

အခန်း ၆၅

အရေးကြီးကိစ္စ

လျန်ချင်က ဖုန်းယွီ၏ ကြောက်လန့်တကြား သွင်ပြင်ကို မြင်ရသည့်အခါ အထင်အမြင်သေးကာ ပြက်ရယ်ပြုလိုက်သည်။

“ငါ မင်းကို စုန့်လောင်စီကို သတ်ခိုင်းမယ်လို့ တွေးနေတာလား။ မင်းရဲ့ ကြောက်လန့်နေတဲ့ ပုံနဲ့ဆို ငါမင်းကို သေနပ် ပေးရင်တောင် မင်း ပစ်ရဲမှာ မဟုတ်ဘူး။ စုန့်လောင်စီကို သတ်ဖို့အတွက် ကျွမ်းကျင်တဲ့ လူသတ်သမားကို ရှာဖို့ ပြောနေတာ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ လူသတ်သမားတွေက ဈေးမပေါဘူး”

လျန်ချင်က ပြောလိုက်၏။

ဖုန်းယွီက စိတ်သက်သာရ ရသွား၏။ စုန့်လောင်စီကို သူကိုယ်တိုင် မသတ်ရတမျှ မည်သည့် အရာမဆို လုပ်မည်ပင်။ သို့သော် ထိုလူများက တကယ်ကို ဉပဒေမဲ့သူများ ဖြစ်ကြ၏။

အစပိုင်းတွင် သူက ထိုကိစ္စအတွက် ဂိုဏ်းနှစ်ဂိုဏ်း ပေါက်ကွဲစေဖို့အတွက် ဖြစ်စေချင်ခဲ့သည်။ ပိုကြီးလေ ပိုကောင်းသည်ပင်။ ဖုန်းယွီက ကိစ္စများ ပိုဆိုးအောင် လုပ်သည့် နည်းလမ်းကိုတောင် စဉ်းစားနေ၏။ ထိုအရာက ပြည်နယ် အစိုးရက ယင်းကိစ္စအတွက် မှတ်တမ်းထား မည်ဖြစ်၏။ အကြီးအကဲက ထိုအရာကို အတိပြလိုက်သည်နှင့် ထိုဂိုဏ်းနှစ်ဂိုဏ်းအနေနှင့် လွတ်မြောက်ရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ပေ။

ပြီးနောက် ထိုဂိုဏ်းနှစ်ဂိုဏ်း အဖွဲ့ဝင်များက သစ္စာဖောက်မည် ဖြစ်ကာ သူတို့ကို ကယ်တင်ရန် အစ်ကိုကေထံ တွင်လည်း ထိုကိစ္စ ဖြစ်ပွားမည်ပင်။ ထိုအရာ ဖြစ်ပွားပါက ဘင်းမြို့တော်က ငြိမ်းချမ်းသည့် နေ့ရက်များကို ပြန်ရောက်မည် ဖြစ်ပေ၏။

သို့သော် ယခုတွင် သူက သူ့ထိန်းချုပ်မှုထက် ကျော်လွန်သွားပြီးကို တွေ့ရှိလိုက်ရသည်။ ထိုလူများက အချင်းချင်း သတ်ကြမည်ပင်။ သူတို့က သူ့ကို ထိုအကြောင်း ပြောလိုက်ပါက ဖုန်းယွီသည် မဟန်ဆောင်နိုင်တော့ပေ။

“ချိုင်းထောက်သခင် ကျွန်တော် ဘာမှ မကြားဘူးနော်။ ဒါပေမဲ့ ကျွန်တော် ဒီအမွေးနံ့သာပေါင်းအိုလေးက တော်တော် ကောင်းတဲ့ ပုံပဲ။ ရှေးကျပြီး တန်ဖိုးကြီးတဲ့ ပုံပဲ။ ဘာကြောင့် ကျွန်တော့်ကို မရောင်းနိုင်ရတာလဲ။ ကျွန်တောင် ယွမ် ၃၀၀,၀၀၀ပေးမယ်လေ”

ဖုန်းယွီက ပြောလိုက်၏။ ယခုတွင် ဖုန်းယွီက ထိုကိစ္စမှ ရုန်းထွက်ရန် စဉ်းစားနေပြီ ဖြစ်သည်။ သူက ဘေးမှသာ စောင့်ကြည့်ချင်၏။

ခြေကျိုးဝမ့်က ပူဇော်စားပွဲပေါ်တွင် တင်ထားသည့် ကွမ်ယွီရုပ်တုရှေ့ရှိ သေးငယ်သည့် အမွှေးနံ့သာပေါင်းအိုးကို ကြည့်လိုက်သည်။ အမွေးနံ့သာပေါင်းဆိုးကို သူ့လူတစ်ယောက်က ပေးထားတာ ဖြစ်၏။ သူက ထိုအရာ၏ တန်ဖိုးကို တွက်ချက်ကြည့်ရာ ယွမ်၁၀ သို့ ၂၀ပင် ဖြစ်သည်။

“မင်း ကြိုက်တယ်ဆိုရင်တော့ ငါမင်းကို ရောင်းပေးရမှာပေါ့။ လျန်ချင် တစ်ယောက်ယောက်ကို ဒါသန့်ရှင်းခိုင်းလိုက်”

“ချိုင်းထောက်သခင် ကျွန်တော် မနက်ဖြန်မှ ပိုက်ဆံပေးမယ်နော်။ ကျွန်တော် ဘာဆို ဘာမှ မသိဘူးနော်”

ဖုန်းယွီက ပြောလိုက်သည်။ သူက ထိုကိစ္စတွင် လုံးဝ ပါဝင်သည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း လုပ်လိုက်သည်။

ခြေကျိုးဝမ့်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ငါတို့တွေ ပုံမှန် ကုန်ရောင်းကုန်ဝယ်ပဲ”

ဘဏ်တွင် ဖုန်းယွီက ယွမ် ၃၀၀,၀၀၀ထုတ်ရန် မန်နေဂျာကျူးကို ရှာလိုက်၏။ မန်နေဂျာကျူးကြောင့်သာ ငွေထုတ်ယူခြင်းက မြန်မြန်ဆန်ဆန် ပြီးသွားခဲ့သည်။ သူ့ရုံးကို ပြန်ပြီးနောက် အမွှေးနံသာအိုးကို ထောင့်တစ်ထောင့်တွင် ထားပြီးနောက် သူ့ခုံတွင် ထိုင်လိုက်၏။ သူက သူတို့ အားလုံးအား တစ်ပြိုင်နက်တည်း ရှင်းထုတ်နိုင်မည့် နည်းလမ်းကို စတင် စဉ်းစားတော့၏။

အဓိကမှာ သက်သေရရန် ဖြစ်သည်။ သက်သေမရှိဘဲ ထိုလူများက လွတ်နေဆဲပင်။ သို့သော် ထိုခေတ်အခါက အိပ်ဆောင် ဗီဒီယိုကင်မရာက အလွန်ကြီးမားကာ ကင်မရာများသည်လည်း အတူတူပင်။ ထိုအရာများကို သယ်ယူခြင်းက အလွန် ပေါ်လွင်နေပြီး ထိုအရာကို လုပ်ဖို့အတွက် မည်သူမျှ လုပ်ရဲမည် မဟုတ်ပေ။ သူက ထောင့်တစ်ထောင့်တွင် ကွယ်ပြီး ပုံများကို ရိုက်ရင်တောင်မှ သူက သက်သေအတွက် အသုံးဝင်သည့် အရာများ ရမည် မဟုတ်ပေ။

ဖုန်းယွီက ထိုအုပ်စုနှစ်စု သေသည်အထိ တိုက်ခိုက်ရန်သာ ဆုတောင်းနိုင်ရုံသာ ရှိသည်။ သူတို့ သေနပ်များကို သုံးလေ ပိုကောင်းလေ ဖြစ်သည်။ ပြီးနောက် အရာရှိများက ထို အမဲလိုက် ရိုင်ဖယ်သေနပ်များကို သိမ်းယူနိုင်သည့် ဉပဒေ စောစော ပြဌာန်းနိုင်မည်ပင် ဖြစ်၏။

ထိုခေတ်တွင် ပြန်လည်မွေးဖွားခြင်းကာ အနာဂတ်ထက် ပိုက်ဆံရှာရတာ ပိုလွယ်၏။ သို့သော် ပိုပြီး အန္တရာယ်များသည်။ အထူးသဖြင့် သေနပ်များပင်။ သူ့အိမ်တွင်တောင် ပြောင်းချောသေနပ် ရှိသည်။ ထိုခေတ်အခါက သေနပ် ထိန်းချုပ်ရေး ဉပဒေများက မည်မျှ လျော့ရဲမှန်း တွေးဆကြည့်နိုင်၏။

ရှေးဟောင်းအကျိုးအပဲ အမွှေးနံ့သာအိုးကို ယွမ် ၃၀၀,၀၀၀ဖြင့် ရောင်းခဲ့တာ ဖြစ်သည်။ ချိုင်းထောက်သခင်က ဖုန်းယွီ၏ စိတ်ဓာတ်ကို အလွန်ကျေနပ်နေ၏။ ယွမ် ၃၀၀,၀၀၀က သူ့နောက်လိုက်များအတွက် လျော်ကြေးငွေ ပေးအပ်ရန် လုံလောက်ပေ၏။ ကျွမ်းကျင်လူသတ်သမားကို ငှားရန်အတွက် ငွေကို အရင်ကတည်းက ပြင်ဆင်ပြီးသား ဖြစ်သည်။

ဘင်းမြို့တော်တွင် တောင်ပိုင်းသား ခုနှစ်ယောက် ရှိသည်။ သူတို့၏ ခေါင်းဆောင်က အနောက်တိုင်း ပေါက်စီ ဖြစ်သည်။ သူက အနောက်တိုင်းပေါင်မုန့်ကို အဆာသွပ်စားရတာကို နှစ်ချိုက်၍ ဖြစ်ပြီး သူ့မျိုးရိုးနာမည်ကား ယန် ဖြစ်ကာ (အနောက်ဟု အသံထွက်နှင့်လည်း အတူတူပင် ဖြစ်သည်။ ထို့အတွက် သူ့နာမည်က အနောက်တိုင်းပေါက်စီ ဖြစ်သွားခြင်း ဖြစ်သည်။

ဘင်းမြို့တော်တွင် အနောက်တိုင်းပေါက်ဆီ၏ အကျော်ကြားဆုံး တိုက်ပွဲမှာ သူက သေနပ် တစ်လက်ဖြင့် နောက်လိုက် ဆယ်ရောက် ရှေ့မှာ ကာထားသည့် ချမ်းသာပြီး အင်အားကြီးသည့် သူဌေးတစ်ယောက်ကို သတ်ခဲ့ခြင်း ဖြစ်သည်။

သူက စီးပွားရေး မလုပ်။ ကာကွယ်ရေး စရိတ်များလည်း မတောင်းပေ။ သူက သူ့ အခြား ညီအစ်ကို ခြောက်ယောက်နှင့် အတူ ပြန်ပေးမှုများ၊ ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းနှင့် လက်စားချေ သတ်ဖြတ်ခြင်းများကို လုပ်၏။ နှစ်နှစ်တောင် မကြာသေးခင် သူက နာမည်ဆိုးဖြင့် ကျော်ကြားလာကာ မြေအောက်လောက၏ စတုတ္ထမြောက် သူဌေးဟု အမည်တပ်ခံခဲ့ရသည်။

ထိုလူများက ပိုင်နက်များကို ပိုင်ဆိုင်ခြင်း သို့မဟုတ် အခြားပိုင်နက်များကို တိုက်ခိုက်ခြင်းများလည်း မပြုလုပ်ပေ။ သူတို့ကို ဉပဒေမဲ့သူများအဖြစ်သာ စဉ်းစားရန်သာ လိုသည်။ စုန့်လောင်စီ၊ ခြေကျိုးဝမ့်နှင့် အစ်ကိုကေက သူတို့ကို သိမ်းသွင်းချင်သော်လည်း အနောက်တိုင်းပေါက်စီက အခြားသူများနှင့် အလုပ်လုပ်ရမည်ကို စိတ်မဝင်စားပေ။

သူတို့တွေ လူခုနှစ်ယောက်သာ ရှိသည်ဟု တွေးနိုင်သော်လည်း သူတို့ကို မည်သူမျှ မသုတ်သင်ရဲပေ။ အကြောင်းမှာ သူတို့တွင် လက်နက်များ ရှိကာ ဉပဒေမဲ့များ ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်သာ လွတ်မြောက်သွားပါက သူတို့ကို ဖယ်ရှားရန် ကြိုးပမ်းသူက အန္တရာယ်နှင့် ကြုံတွေ့ရမည်ပင်။

ယခုအချိန်တွင် ခြေကျိုးဝမ့်က အနောက်တိုင်း ပေါက်စီနှင့် သူ့လူများကို ငှားရမ်းချင်၏။ အကယ်၍ သူတို့ ခုနှစ်ယောက်သာ စုန့်လောင်စီကို တိုက်ခိုက်လျှင် စုန့်လောင်စီ မသေလျှင်တောင် တိုက်ခိုက်မှုကြောင့် ပြင်းထက်သည့် သက်ရောက်မှု ရှိမည်ပင်။ ထိုအရာ ဖြစ်ပါက ခြေကျိုးဝမ့်က စုန့်လောင်စီ၏ ပိုင်နက်ကို ဝါးမျိုရန် အခွင့်အရေး ရလာမည် ဖြစ်ကာ လုံကျန်းပြည်နယ်၏ မြေအောက်လောက၏ ခေါင်းဆောင် ဖြစ်လာမည်ပင်။

ခြေကျိုးဝမ့်က ယခုအစီအစဉ်ကို ယခင်ကတည်းက တွေးပြီး ဖြစ်သည်။ သူက ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလျှင်တောင် သူ ဘာမှ မဟုတ်သလို ဟန်ဆောင်နိုင်သည်။ စစ်ဆေးရန်အတွက် ရက်အနည်းငယ်သာ စောင့်ကြည့်ခံရမည် ဖြစ်သည်။ သို့သော် သူက အနောက်တိုင်းပေါက်စီက ယခု အရေးကို စိတ်ဝင်စားမည်ဟု မမျှော်လင့်ထားပေ။

အနောက်တိုင်း ပေါက်စီက ရမ်းကားသော်လည်း သူက ဦးနှောက် မရှိသူ မဟုတ်ပေ။ စုန့်လောင်စီတွင် လူများစွာ ရှိသည့်အတွက် လွယ်လွယ်ကူကူနှင့် သတ်နိုင်မည် မဟုတ်ပေ။ သူက စုန့်လောင်စီကို သတ်နိုင်ခဲ့လျှင်တောင် သူ့ညီအစ်ကိုများကတောင် ယင်းအစီအစဉ်တွင် ကိုယ်စားသေပေးမည်ပင် ဖြစ်သည်။

ခြေကျိုးဝမ့်က ယခု ကိစ္စအတွက် ပေးရမည့် လက်ခံနိုင်သည့် ငွေပမာဏကို ကမ်းလှမ်း၏။ သို့သော် အနောက်တိုင်း ပေါက်စီက ငွေပြက်လက်သည့်သူ မဟုတ်ပေ။ ထပ်ပြောရပါက သူက တစ်ယောက်ယောက်ကို သူတစ်ယောက်တည်း သတ်တာ ဖြစ်သည်။ ကောလဟာလများအရ သူတို့အားလုံးက လူတွေကို သတ်ပြီးအခြားသူများကို ကြောက်ရွံ့အောင် လုပ်သည်ပင်။ သို့သော်လည်း မကြာခဏ သူတို့ကို လူတွေကို ရိုက်နှက်၏။

အနောက်တိုင်းပေါက်ဆီက ထိုအလုပ်ကို လက်မခံပါက ခြေကျိုးဝမ့်က ကူညီရာမဲ့ ဖြစ်သွားမည့်ပင်။ လျန်ချင်၏ ခေါင်းဆောင်မှု အောက်အတွင်းရှိ သူ့လူများက စုန့်လောင်စီနှင့် ပဋိပက္ခ ဖြစ်ရန်က ပြဿနာ မရှိပေ။ သို့သော် စုန့်လောင်စီကို သတ်ဖြတ်ရန် လျန်ချင်မှ လွဲ၍ ကျန်သည့်သူများ မလုပ်ရဲပေ။

လျန်ချင် သူ့ထံမှ ထွက်သွားလျှင် သူ့တွင် အသုံးဝင်သည့် သူများ ကျန်တော့မည် မဟုတ်ပေ။ သူက စုန့်လောင်စီကို သတ်လျှင်တောင် အစ်ကိုကေနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ အစ်ကိုကေက လောင်းစကားစီးပွားရေး လုပ်သည် ဖြစ်ကာ ငွေတိုးချေးစားလည်း လုပ်သေးသည်။ သူတို့ အကြွေးများ ပြန်မဆပ်နိုင်ပါက အဆောက်အဦးများကို သိမ်းယူတာ ဖြစ်သည်။ သူက တကယ်ကို ဉပဒေမဲ့သည့် လူ ဖြစ်သည်။

လျန်ချင်က ခြေကျိုးဝမ့်ကို သတိပေးလိုက်၏။ အနောက်တိုင်း ပေါက်စီများက စုန့်လောင်စီကို မသတ်ရဲပေ အကြောင်းမှာ သူက သူ့ကို သတ်ပြီး လွတ်မြောက်ရန် အခွင့်အရေး မရှိသည်ဟု ခံစားရမိ၍ ဖြစ်၏။ အကယ်၍ စုန့်ရှောင်ဖုန်းကို သတ်ဖို့ အနောက်တိုင်း ပေါက်စီကို ပြောရင်ကော။

စုန့်ရှောင်ဖုန်းက စုန့်လောင်စီ၏ ပျော့ကွက် ဖြစ်၏။ စု့န်ရှောင်ဖုန်း သေသည်နှင့် စုန့်လောင်စီပေါ် သေချာပေါက် သက်ရောက်မည်ပင် ကောင်းကောင်းရပ်တည်နိုင်တော့မည် မဟုတ်ပေ။ ထိုအရာ ဖြစ်ပွားပါက သူက အမှားများစွာ ပြုလုပ်ပေမည် ထပ်ပြောရလျှင် သူ၏ ညာလက်ရုံး လီကွမ်းကျန်းက လက်ရှိတွင် ဒဏ်ရာ အပြင်းအထန် ရထားသည်။ ထို့အတွက် ထိုအရာက စုန့်လောင်စီကို သတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။

အသေအချာပင် အနောက်တိုင်း ပေါက်စီက စုန့်ရှောင်ဖုန်း၏ အသက်အတွက် ယွမ် ၃၀၀,၀၀၀ဟု ကြားသည့်အခါ သူက တွန့်ဆုတ်သွားသည်။ စုန့်လောင်စီက စွန့်စားရသည့် ပစ်မှတ်ဖြစ်၏။ သို့သော် စုန့်ရှောင်ဖုန်းက လွယ်ကူ၏။ စုန့်ရှောင်ဖုန်းက ဘားများ နိုက်ကလပ် နှင့် ညပွဲများကို မကြာခဏ သွားလေ့ ရှိသည်။ ထိုအရာများမှ မည်သည့်နေရာတွင်မဆို သူတို့အတွက် လုပ်ကြံရန်က သင့်တော်ပေ၏။

ထို့အပြင် စုန့်ရှောင်ဖုန်းကို သတ်ပြီးနောက် ခြေကျိုးဝမ့်၏ အမြှော်အမြင်ရှိသည့် ဉာဏ်ကြောင့် သူတိုက အခြားပြည်နယ်များကို အချိန် ခဏကြာ လွတ်မြောက်နိုင်ပေ၏။ သူတို့က ခြေကျိုးဝမ့်သည် စုန့်လောင်စီကို သတ်ပြီးမှ ပြန်လာမည်ပင် ဖြစ်၏။

အနောက်တိုင်း ပေါက်ဆီက စုန့်ရှောင်ဖုန်းကို သတ်ရန် အတွက် ယွမ် ၅၀၀,၀၀၀တောင်းပြီး သူက စုန့်ရှောင်ဖုန်းကို သေအောင် သတ်နိုင်မည်ဟု အာမခံ၏။ ခြေကျိုးဝမ့်က တခဏကြာ တွေးပြီးနောက် သဘောတူလိုက်သည်။ အထူးကောင်းမွန်သည့် အခွင့်အရေးဖြစ်၍ လက်လွှတ်ဖို့က မဖြစ်နိုင်ပေ။

သူက စုန့်လောင်စီကို သတ်ပြီး သူ့စီးပွားရေးကို ဝါးမျိုပြီးနောက် ယွမ် ၅၀၀,၀၀၀က အချိန်မရွေး ပြန်ရှာနိုင်ပေ၏။

……

ဖုန်းယွီက နှစ်ရက်ကြာ စောင့်ခဲ့ကာ စုန့်လောင်စီ၏ သေသည့် သတင်းကို မကြားရသေးပေ။ ထိုအရာက သူကို အနည်းငယ်စိုးရိမ်သွားစေ၏။ ဘာကြောင့် တိုက်ခိုက်မှုက မစသေးတာလဲ။ သူတို့ တိုက်ခိုက်ကြရင် အဲ့တာက သတင်းခေါင်းစီး ဖြစ်မှာ။ ဒီနည်းလမ်းက ဘင်းမြို့တော်မှာ ဂိုဏ်းသုံးဂိုဏ်း ပျောက်ကွယ်သွားမှာ။

အထူးသဖြင့် စုန့်ရှောင်ဖုန်း ဖြစ်သည်။ ဖုန်းယွီက လက်ရှိတွင် စုန့်ရှောင်ဖုန်းကို သေဖို့ ဆုတောင်းနေ၏။ ယခုရက်များအတွင်း ဖုန်းယွီက ရဲဌာနက လက်ထောက် အကြီးအကဲရှီးနှင့် သွားတွေ့၏။ ဖုန်းယွီသည် သူ့ကုမ္ပဏီအနီးအနားတွင် ရဲများ တိုးချထားရန်အတွက် ပိုက်ဆံ ထပ်သုံးလိုက်၏။

သူက ထိုသို့ပြောခြင်းကြောင့် စုန်လောင်စီထံမှ အဖမ်းခံရခြင်းကို လွတ်မြောက်နိုင်မည်ဟု ယုံကြည်သည်။ သို့သော် သူ့ဝန်ထမ်းများကတော့ မလွတ်မြောက်နိုင်ပေ။ သူက အခွင့်အရေးကို မယူဘဲ တစ်ယောက်ယောက် ဒဏ်ရာရခဲ့ပါက သူ့ဘဝ တစ်လျှောက်လုံး နောက်တရမည် ဖြစ်၏။

နောက်ထပ် တစ်ရက် ကြာပီးနောက် နောက်ဆုံးတွင် ဖုန်းယွီ သတင်းကောင်း ကြားရ၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset