ERSY အခန်း ၁၁၁

အခန်း ၁၁၁ ။ လောကသုတ်သင်ခြင်း၏ အမှန်တရား

“မင်းက ရှေးဟောင်းအမတဘုံဗိမာန်က အမတဝိညာဉ်လား” ယိချင်း ရပ်သွားတယ်။ နောက်ဆုံးတော့ သူဘာဆိုလိုလဲနားလည်သွားခဲ့တယ်။ သူ ခေါင်းစခြေဆုံးစစ်ဆေးပြီးတော့ မေးလိုက်တယ်။

“ပိထောင်မဟုတ်လား”

“မှတ်မိတယ်လား” လွမ်ရွှိက စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်တော့တယ်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ငါက အဲဒီအကြွင်းအကျန်ဝိညာဉ်ပဲ၊ ပိထောင်က ငါ့နာမည်ရင်း၊ မင်းတို့ကို ရှာဖို့ ဒီအောက်ဘုံကိုဆင်းလာခဲ့တာ” သူ ခန္ဓာကိုယ်ပြန်ရတည်းက ရှန်းရင်ကိုရှာဖို့ ထျန်းလန်လောက‌ဆီ လာဖို့တွေးနေတာ။ အခု နောက်ဆုံး… နောက်ဆုံးတော့ သူမကိုရှာတွေ့ခဲ့ပြီ။ လွမ်ရွှိ- ဟင့်အင်း ပိထောင်- ရုတ်တရက် ငိုချင်သလိုဖြစ်သွားတယ်။

“ငါဘယ်လောက်ကြိုးစားခဲ့ရလဲ မင်းတို့မသိပါဘူး…”

သူက နှာရှုံ့ပြီး ‌ရှန်းရင်ခြေထောက်တွေကို ဖက်တွယ်ဖို့ အလိုလိုရွှေ့လာတယ်။ သူ လက်လှမ်းတဲ့အချိန်မှာတင် အစိမ်းရောင်အလင်းတန်း တားတာခံလိုက်ရတယ်။ ရှန်းရင်ခြေထောက်ကနေ အရွက်စိမ်းတစ်ခု ထွက်လာပြီး သူ့မျက်နှာဆီ အကြမ်းပတမ်း ပျံသန်းလာကာ ပါးရိုက်တော့တယ်။

မုန်လာဥဖြူပုံစံနဲ့ အပင်ဝိညာဉ်တစ်ခုက ရှန်းရင်ဝတ်ရုံလွှာထဲကနေ ပျံသန်းထွက်လာပြီး ပိထောင်ကို သွားဖြဲတော့တယ်။

“ကျီ” သွားစမ်း ဒီခြေထောက်ကို ငါ့ဆီကနေ ခိုးဖို့ ကြိုးတောင်မကြိုးစားနဲ့စမ်း

ပိထောင် ။ ။ “…”

“တော်လောက်ပြီ” ရှန်းရင် မုန်လာဥကို ပြန်ထိန်းလိုက်ရတယ်။ နောက်ဆုံးတော့ ‌မျောလွင့်က ဘယ်သူလဲဆိုတာ သူမ မှတ်မိသွားပြီ။ ရှေ့တက်ပြီး သူမပြောလိုက်တယ်။

“မျောလွင့်၊ ရှင်းပြဦး၊ ဘာတွေဖြစ်နေတာလဲ၊ နင်တို့လူဘယ်နှစ်ယောက်ရှိတာလဲ”

ပိထောင် ရုတ်တရက် လက်ထဲက အရေးကြီးတဲ့ကိစ္စကို သတိရသွားခဲ့တယ်။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒီတစ်ကြိမ် ဆယ့်ငါးယောက်ရောက်နေတာပါ၊ ဆယ်ယောက်က စိတ်တန်ခိုးအမတတွေဖြစ်ပြီး ငါးယောက်က ရွှေအမတတွေ၊ တခြားလူတွေက ထျန်းလန်လောကရဲ့ အရှေ့တောင်ဘက်ပိုင်းက တခြားနေရာတွေမှာ၊ ငါတို့မြန်မြန် လုပ်ဖို့လိုတယ်၊ မင်းကလွဲလို့ ထျန်းလန်လောကထဲ ဘယ်သူကမှ သူတို့ပြိုင်ဘက်မဟုတ်ဘူး၊ အထူးသဖြင့် အရှေ့ဘက်မှာရှိတဲ့…”

“ခုနှစ်ယောက်လား” ရှန်းရင်က ရုတ်တရက် ကြားဖြတ်ပြောလာတယ်။

“အာ” ပိထောင်တန့်သွားတယ်။

“ဘယ်လိုသိတာလဲ”

“အော်၊ ငါက အဲနာကျင်တာ ကြိုက်တဲ့သူရဲ့ အိမ်က လာခဲ့တာ” သူမ တည်တည်ငြိမ်ငြိမ်ပဲ ‌ဖြေလိုက်တယ်။

“အဲမှာ ဖြေရှင်းပြီးပြီ”

“…” ဖြေရှင်းပြီးပြီလား။ အဲဒါတကယ်မြန်တာပဲ ငါတို့ ဒီကိုရောက်တာ တစ်နာရီပဲရှိသေးတာကို ဖျက်ဆီးခံလိုက်ရပြီလား။ ကြည့်ရတာ သူ အစတည်းက ရွေးချယ်မှု မှန်ကန်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ နာကျင်တာ… ကြိုက်တဲ့သူဆိုတာ ဘာတုန်း။

“အော် ဟုတ်သား၊ ပြန်လည်ရိတ်သိမ်းနေ့က ဘာလဲ”

ရှန်းရင်က ရုတ်တရက်မေးလာတော့ ပိထောင် မှင်တက်သွားတယ်။

“မင်း ပြန်လည်ရိတ်သိမ်းနေ့အကြောင်း သိတယ်ပေါ့”

သူမ ခေါင်းညိတ်ပြလိုက်တယ်။

“သူတို့က ဘာလို့ လောကကြီးကို အမြစ်ဖြုတ်ချင်ရတာလဲ”

သူမ စကားဆုံးဆုံးချင်း ရွှမ်းယွမ်မိသားစုဝင်တွေလည်း နားထောင်ဖို့ ပိထောင်နား စုဝေးလာကြတယ်။ တကယ်ကိုအရမ်းထူးဆန်းတာအမှန်ပဲ။ စောနက အမတတွေ စကားပြောပြီး ပြုမူပုံအရ သူတို့က အောက်ဘုံကို ဂရုမစိုက်တာ အသိသာကြီး။ ဘာကြောင့် လူတိုင်းကိုသုတ်သင်ဖို့ အဲလောက် အားထုတ်ရတာလဲ။ ချီမွမ်းမံတဲ့အဆင့်ကလေးတွေတောင် ဖျက်ဆီးရတဲ့အထိ လုပ်ရတာလဲ။ သူတို့ရဲ့ အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ ရက်စက်တဲ့နည်းလမ်းတွေက သူတို့ကို.. မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေထက်တောင် အများကြီးပိုဆိုးဝါးစေတယ်။

ပိထောင်မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ သူတစ်ခုခုကို တွေးမိသလိုမျိုး လက်သီးဆုပ်ပြီး တိတ်ဆိတ်သွားတယ်။ နောက်တော့ သက်ပြင်းချပြီး သူမကိုဖြေဖို့သတ္တိစုဆောင်းနိုင်ခဲ့တယ်။

“အထက်ဘုံက ချင်းထုံးအမတဘုံဗိမာန်ရဲ့ ဗိမာန်သခင်က နှစ်သောင်းချီတိုင်း ထျန်းလန်လောကသုံးခွင်ကို အကြီးအကျယ်သန့်စင်ပါတယ်၊ သူတို့က သန့်စင်ပြီး ကမ္ဘာသစ်ပြန်စဖို့ သက်ရှိအားလုံးကို နောင်ဘဝပို့ပစ်တာပါ၊ ဒီအကြီးအကျယ်သုတ်သင်သန့်စင်ပစ်တာကို ပြန်လည်ရိတ်သိမ်းနေ့လို့ ခေါ်တယ်၊ ဒီနေ့က ဗိမာန်သခင် ဒီကမ္ဘာကိုဖန်တီးပြီးတည်းက အကြီးအကျယ်သန့်စင်မှုပြုလုပ်ခဲ့တာ ၁၃ကြိမ်မြောက်ပဲ”

“လောကကြီးကို ၁၃ကြိမ်တောင်သုတ်သင်ခဲ့တာပေါ့”

လူတိုင်း အံ့ဩတကြီး အာမေဋိတ်သံပြုကုန်မိတယ်။ ‌တုန်လှုပ်ချောက်ချားသလို ဒေါသလည်း ထွက်ကုန်ကြတယ်။ ယိချင်း အရှေ့ကိုတက်လိုက်တယ်။

“အဲဒါကိုဘာလို့လုပ်တာလဲ၊ ငါတို့ပြောနေတာတွေက သက်ရှိတွေ” သေမျိုးတွေက သူ့မျက်စိထဲမှာ ဘာမှမဟုတ်တော့ဘူးလား။

“ဘာကြောင့်လဲဆိုတော့ ဘုံဗိမာန်သခင်က… ဒီလောကပိုင်ရှင်မို့ပဲ” ပိထောင်အကြည့်က ငုံ့သွားတယ်။

“ထျန်းလန်သုံးလောကက ဗိမာန်သခင်ပိုင်တာ၊ သူတို့က သူ့သွေးကြောကို သုံးပြီးဖန်တီးထားတဲ့ ဆန်းပြားတဲ့ဘုံတစ်ခုပဲ၊ ဒီကမ္ဘာဖန်တီးသူအနေနဲ့ ဗိမာန်သခင်က သူကြိုက်တာ ဘာမဆိုလုပ်လို့ရတယ်လေ”

“အဓိပ္ပာယ်မရှိတာ သူသာ ဆန်းပြားတဲ့ဘုံတစ်ခုကို ဖန်တီးရုံပဲ ရည်ရွယ်တယ်ဆိုရင် ဘာလို့ ဒီကမ္ဘာထဲ သက်ရှိသောင်းချီကို မိတ်ဆက်ခဲ့သေးလဲ”

ယိချင်း ပိုပြိးဖိပြောတော့တယ်။ ဒီမသေမျိုးက လောကကြီးကို ထပ်တလဲလဲ သုတ်သင်ပစ်နေတာ။ သူ့မှာ ဆန်းပြားတဲ့ဘုံတွေကို ဖန်တီးနိုင်တဲ့ အစွမ်းရှိပေမဲ့ သက်ရှိတွေကိုတော့ ဖန်တီးနိုင်တာမဟုတ်ဘူး။ ဒါတွေက မဟာတာအိုကပဲ ဖန်တီးနိုင်တာ။ အဆုံးမှာ ဒီသက်ရှိတွေအားလုံးက ထျန်းလန်လောကသုံးခွင်မှာ ပြန်လည်ဝင်စားရမှာပဲ။

ပိထောင်က မျက်မှောင်ကြုတ်ပြီး လက်သီးကိုပိုပြီးတင်းတင်းဆုပ်လိုက်တယ်။

“ဘာကြောင့်လဲဆိုတော့…”

“သွေးကြောကြောင့်ပဲ” ရှန်းရင်က ရုတ်တရက် ကြားဖြတ်ပြောလာတယ်။

ပိထောင် အံ့အားသင့်သွားပြီး မျက်လုံးပြူးကာ လှည့်ကြည့်လိုက်တယ်။

“ဒီအကြောင်းသိတယ်လား”

“ခန့်မှန်းလိုက်တာ” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။

“အဲဒီဗိမာန်သခင် – သူက ဒီကမ္ဘာကိုဖန်တီးဖို့ သူ့အမတသွေးကြောကို သုံးခဲ့တာမဟုတ်ဘူး၊ အမတသွေးကြောကြောင့်သာ ဒီကမ္ဘာကိုဖန်တီးခဲ့တာမလား”

“အမှန်ပဲ” ပိထောင်ခေါင်းညိတ်ပြလိုက်တယ်။

“အမတတသွေးကြောက ရှာရခက်ပြီး အမတလောကမှာ ရတနာတွေထဲကတစ်ပါးပဲ၊ ဧကရာဇ်ငယ်ပြီးရင် ဒုတိယဖြစ်တဲ့ မဟာအမတကို တက်လှမ်းနိုင်ဖို့ အမတသွေးကြော ပိုင်ဆိုင်ဖို့ပဲလိုတာ၊ ဒါပေမဲ့… ဗိမာန်သခင်ပိုင်ဆိုင်တဲ့ အမတသွေးကြောက ပုံပျက်နေတယ်၊ သူ့ကျင့်ကြံဆင့်ကို အထောက်အကူဖြစ်ပေမဲ့ သိသိသာသာတိုးတက်လာဖို့တော့ မကူညီပေးဘူး၊ သူရွေးစရာမရှိတော့ဘဲ ဒီအမတသွေးကြောကို အာဟာရဖြည့်ရတော့တာပဲ”

သူက ခဏရပ်ပြီးမှ ဆက်ပြောတယ်။

“ဒါပေမဲ့ အမတသွေးကြောဆိုတာ မသေမျိုးချီတွေသိပ်သည်းမှုကနေ ဖြစ်ပေါ်လာတာ၊ ချင်းထုံးအမတဘုံဗိမာန်မှာရှိတဲ့ မသေမျိုးချီတွေက အမတတွေရဲ့ သာမန်လေ့ကျင့်ဖို့အတွက်ပဲ လုံဘောက်တယ်၊ အမတသွေးကြောကို အာဟာရဖြည့်ပေးဖို့ မလုံလောက်ဘူး၊ ဘုံဗိမာန်သခင်က တခြားနေရာက မသေမျိုးချီကို ရှာတွေ့တာ… မဟုတ်သရွေ့ပေါ့”

“သူက အောက်ဘုံက ကျင့်ကြံသူတွေရဲ့ချီကိုငှားတာပဲ”

ရှန်းရင်က ဆက်ပြောလိုက်တယ်။

“ဟုတ်တယ်” ပိထောင် အသက်ဝဝရှူပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်တယ်။

“ဗိမာန်အရှင်က သူ့အမတသွေးကြောအပေါ်မှာ ထျန်းလန်လောကကို ဖန်တီးပြီး သက်ရှိသိန်းချီကို လောကထဲ မိတ်ဆက်ပေးခဲ့တယ်၊ ဒါမှသက်ရှိတွေက သူတို့ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ ကောင်းကင်နဲ့ မြေကြီးဆီက ဝိညာဉ်ချီကိုဆုပ်ယူမှာ၊ သူတို့သေပြီဆိုတာနဲ့ ချီက အမတသွေးကြောထဲ အလိုလိုကျွေးပြီးသား ဖြစ်မှာ”

“ဒါပေမဲ့… အမ‌တသွေးကြောဆိုတာ မသေမျိုးချီကြောင့်ဖြစ်တာမဟုတ်ဘူးလား” ရွှမ်းယွမ် မနေနိုင်ဘဲ မေးလိုက်တယ်။

“ဝိညာဉ်ချီက မသေမျိုးချီနဲ့မှမယှဉ်နိုင်တာ”

“မှန်တယ်၊ မယှဉ်နိုင်ဘူး” ပိထောင်ဖြေလိုက်တယ်။

“ဒါပေမဲ့ ငါတို့ပြောနေတာက ကျင့်ကြံသူ သန်းနဲ့ချီအကြောင်းလေ၊ ဝိညာဉ်ချီက မသေမျိုးချီလောက် ထူးကဲမနေပေမဲ့ အရေအတွက်မှာတော့ အားသာချက်ရှိတယ်လေ၊ ကျင့်ကြံသူသန်းချီရဲ့ သွေးကြောတွေ ပျက်စီးမှုအစွမ်းက မသေမျိုးချီတစ်ကြိမ်ပေါက်ထွက်တာထက် အများကြီးသာတယ်”

“ဒါကြောင့်…” ယိချင်းအမူအရာက အိုးဖင်လို မှောင်မည်းသွားတယ်။

“နှစ်သိန်းချီတိုင်း ဘုံဗိမာန်အရှင်က သူ့အမတသွေးကြောက ကျင့်ကြံသူအားလုံးရဲ့ ဝိညာဉ်ချီကို စုပ်ယူနိုင်အောင် လောကကြီးကို သုတ်သင်ပစ်တာလား”

“… ဟုတ်တယ်” ပိထောင် ခေါင်းညိတ်ပြလိုက်တယ်။

“…”

အားလုံး ပင့်သက်ရှိုက်ကုန်ကြတယ်။ ထျန်းလန်လောကရဲ့ သက်ရှိသတ္တဝါတွေအားလုံးက ဒီအမတသွေးကြောအတွက်ကြောင့်သာ တည်ရှိနေတာတဲ့။ မသေမျိုးတွေက သူတို့ အောက်ဘုံကို ရောက်ရောက်ချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမဆန်းတော့ဘူး။ ပြန်လည်ရိတ်သိမ်းနေ့လို့ ခေါ်တာလည်း အံ့ဩစရာမရှိတော့ဘူး – လောကကြီးပြန်လည်မွေးဖွားမှုကို ရည်ညွှန်းတာပဲ။ ပြီးတော့ “ရိတ်သိမ်း”တာက… သက်ရှိသတ္တဝါတွေကို ရိတ်သိမ်းတာကို ညွှန်းနေတာပဲ။ သက်ရှိတွေသေချိန် လွှင့်ထုတ်လာတဲ့ ဝိညာဉ်ချီကို ရိတ်သိမ်းတာပေါ့။

အဲဒါက အမတ ဒီကမ္ဘာကိုဖန်တီးချိန် ရည်ရွယ်ခဲ့တဲ့ဟာလား။ အားလုံး ပြောမရတဲ့‌‌ ဒေါသတွေနဲ့ ပြည့်ကုန်ပေမဲ့ သူတို့ဘာမှမလုပ်နိုင်ဘူး။

“မစိုးရိမ်ပါနဲ့” ပိထောင်နှစ်သိမ့်ပေးလိုက်တယ်။

“ဒီအောက်ဘုံထိန်းထားနိုင်တဲ့ လူအရေအတွက် အကန့်အသတ်ရှိတယ်၊ နောက်တစ်ကြိမ် မသေမျိုးတွေကို ဒီလွှတ်မှာက အနည်းဆုံးတော့ နှစ်တစ်ထောင်ကြာဦးမှာ၊ ငါတို့ ဒီနေ့ကို ဖြတ်သန်းနိုင်သရွေ့ ဘေးကင်းမှာပါ”

ဒါက နှစ်သိမ့်ပေးရာမကျဘူး – သူတို့အားလုံး သတိကြီးတဲ့ခံစားချက်ဝင်နေဆဲပဲ။ ရွှမ်းယွမ်ယွီ သွေးပျက်မှုနဲ့ အကြောက်တရား ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ ရှန်းရင်ကြောင့်သာ မဟုတ်ရင်… ဒီတစ်ကြိမ်လည်း အရင်ဆယ့်နှစ်ကြိမ်ကလိုမျိုး ဖြစ်တော့မှာ – ထျန်းလန်လောကက အဲဒီမသေမျိုးတွေရဲ့ အမြစ်ပြတ်ရှင်းလင်းတာကိုခံရလောက်ပြီ။

ပကတိတိတ်ဆိတ်မှုက လေထဲပြည့်‌သွားခဲ့တယ်။ သူတို့က ဝိညာဉ်ချီထုတ်လုပ်ဖို့ အထက်ဘုံက ဖန်တီးထားတဲ့ ကိရိယာတွေသက်သက်ဆိုတာ သိသွားတဲ့ဘယ်သူမဆို နေလို့ကောင်းမှာမဟုတ်ဘူး။

ဒါတွေအားလုံး နားထောင်ပြီးတော့ ရွှမ်းယွမ်ယွီ ဆယ်မိနစ်ကျော်လောက် စဉ်းစားနေပြီးတော့မှ နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။

“ကျွန်တော်တို့ကို လာကယ်တင်လို့ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”

ရွှမ်းယွမ်ယွီ အထက်ထျန်းလန်လောကတစ်လုံးကို ထောက်ပံ့ပေးထားတဲ့ ထောက်တိုင်ဖြစ်တဲ့ ရှန်းရင်ကို လှညိ့ပြောလိုက်တယ်။ သူ့နောက်က ခရီးသွားမသေမျိုးတွေနဲ့ တပည့်တွေတောင်သူမကို မျှော်လင့်တကြီးကြည့်နေကျလေတယ်။

ရှန်းရင် ခေါင်းယမ်းလိုက်တယ်။

“လွင့်မျောက ဒီနေ့ပြီး‌ရင် အဆင်ပြေသွားလိမ့်မယ်လို့ ပြောတယ်မဟုတ်လား၊ ဒီမှာ ငါလုပ်စရာ ဘာမှမရှိတော့ဘူး၊ နောက်ဘာဆက်လုပ်မလဲ စဉ်းစားကြပေါ့”

ရွှမ်းယွမ်ယွီ ဖြည်းဖြည်းချင်းခေါင်းညိတ်ပြီး ရှန်းရင်ကို ထပ်ကျေးဇူးတင်လိုက်တယ်။ ဒီနောက်တော့ တစ်ဖက်လှည့်ပြီး သူတို့အိမ်ပျက်စီးသွားတာကို ပြုပြင်ဖို့ တစ်ယောက်ချင်းစီကို တာဝန်ပေးလိုက်တယ်။

“ငါပင်ပန်းနေပြီ” ရှန်းရင်က ယိချင်းဘက်လှည့်လိုက်တယ်။

“စားဖိုမှူး၊ အိမ်ပြန်ကြရအောင်”

“ဟုတ်ကဲ့ဆရာ” ယိချင်း သူ့သွေးကြောတွေ လည်ပတ်အောင် လုပ်ပြီးသွားတာမို့ ရှေ့တက်လာပြီး ရှန်းရင်ကို တားလိုက်တယ်။

“ဆရာ၊ နေရာရွှေ့ပြောင်းအစီအရင်က ဒီဘက်မှာပါ”

“အာ…”

နှစ်ယောက်သား နေရာရွှေ့ပြောင်းအစီအရင်ဆီ လျှောက်လာခဲ့ပေမဲ့ ရှန်းရင် ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားတယ်။ သူမ ပိထောင်ကို အမူအရာပြလိုက်တယ်။

“မျောလွင့်၊ ဒီကိုလာခဲ့လေ”

“ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ” သူ့ကိုယ်အောက်ပိုင်းက ပျောက်နေဆဲ။ ပိထောင်က ရှန်းရင်ဆီ မျောလွင့်လာတယ်။

ရှန်းရင် နေရာရွှေ့ပြောင်းအစီအရင်ဆီ လျှောက်လာပေမဲ့ တစ်ခုခုတော့မေ့နေသလို ခံစားနေရတုန်းပဲ။

ထားလိုက်တော့၊ ငါပင်ပန်းနေပြီ။ နောက်တစ်ခေါက်ကျမှ တွေးတော့မယ်။

ရိမိသားစု၏ တီကောင်ကြီး ။ ။ “…”

ဘာလို့ ကြီးမြတ်တဲ့နတ်ဒေဝါက ဒီရောက်မလာသေးတာလဲလို့။

ε(┬┬_┬┬)3

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset