ERSY အခန်း ၈၁

အခန်း ၈၁ ။ အခြားကမ္ဘာမှစနစ်

“စနစ်လား” ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူ့ရှေ့က လူကို ခေါင်း‌စခြေ‌ဆုံး ကြည့်ပြီး ဆက်ပြောလိုက်တယ်။

“အမတကျင့်ကြံသူတွေရဲ့လောကမှာ ဘာလို့ စနစ်ရှိနေတာလဲ၊ မင်းလည်း ဝိညာဉ်ကူးပြောင်းလာသူလား”

ဒီနေ့ခေတ်လူတွေက ကူးပြောင်းချင်တဲ့အချိန်တိုင်း ကူးပြောင်းချင်သလို ကူးပြောင်းနေကြတာလား။

“ဝိညာဉ်ကူး- ဂစ်… ဘာအဓိပ္ပာယ်ကြီးလဲ” ဖုန်းယင် မေးပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူ နောက်ဆုံးတော့ ငိုတာရပ်ပြီး လေတက်သွားတယ်။

“ဒါဆို မင်းက ကူးပြောင်းလာတာမဟုတ်ဘူးလား ကူယွဲ့သိချင်စိတ်က အောင့်သွားတယ်။

“ဒါဆို မင်းခန္ဓာကိုယ်ထဲက ဒီစနစ်ကဘာလဲ”

“ဟမ့် ကျုပ်က-ဂစ်- ဘာလို့- ခင်ဗျားတို့ကို-ဂစ်- ပြောပြရမှာလဲ” ဖုန်းယင်က လုံးဝပူးပေါင်းလိုစိတ်ရှိဘဲ ဒေါသတကြီး တောက်ခေါက်တော့တယ်။ ဒါပေမဲ့ ကြို့ထိုးနေတော့ သိပ်ပြီးရှိန်စရာမကောင်းဘူး။

“ဒီစနစ်က-ဂစ်-ငါ-ဂစ်- ဝိညာဉ်စာချုပ် ချုပ်ပြီးတည်းက အနားမှာရှိနေတာ၊ ခင်ဗျားတို့ မနာလိုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့…”

ဒါပေမဲ့ သူ စကားမဆုံးနိုင်ခင် အသံတစ်သံက သူ့ခန္ဓာကိုယ်ကနေ ထွက်လာတယ်။ သူနဲ့ရှန်းရင်ပဲ စနစ်ဘာဆက်ပြောလဲဆိုတာ ကြားနိုင်တာပေါ့။

[တင်း အမှတ်စဉ် ။ ။ CIEH12 ပုံစံစနစ်မှ တာဝန်ထမ်းဆောင်နေပါတယ်၊ ဒီစနစ်က ဂြိုဟ်နံပါတ် ZC999 ပေါ်မှ နယ်ပယ် 3584.65 ထဲက ဟုန်ယိုးချန် ၁ ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်၊ စနစ်ရဲ့မူလနယ်ပယ်ကို ထိမှန်လာတဲ့ ရုတ်တရ က်ကြယ်စုတစ်ခုကြောင့် ဒီနယ်ပယ်ကို ရောက်လာခဲ့တာပါ၊ ဟုန်ယိုးချန်ကုမ္ပဏီက ဒီစနစ်တွေကို ထုတ်လုပ်ဖို့ နှစ်မြုပ်ထားတာပါ၊ CIEH12 ကတော့ ဒီပုံစံရယ် ၁၂ခုမြောက်စနစ်ဖြစ်ပါတယ်၊ လက်ခံသူရဲ့ ပေါ့ဆညံ့ဖျင်းမှုတွေကို အမှန်ပြင်ပေးပြီး လမ်းညွှန်နိုင်သလို လက်ခံသူရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုကို အာမခံနိုင်ပါတယ်၊ လက်ရှိလက်ခံသူ ။ ။ ဖုန်းယင်]

ဖုန်းယင် ။ ။ “…” ဒီစနစ်က ပိုင်ရှင်ကို သစ္စာဖောက်တာ မြန်လိုက်တာဟ။

(╯‵□′)╯(┻━┻

“မင်းဘာကြားလိုက်တာ” ကူယွဲ့ ရှန်းရင်ကို‌ မေးလိုက်တယ်။ ရှန်းရင်နဲ့ ဖုန်းယင်ပဲ စနစ်ကို ကြားနိုင်တာလေ။

“ဒါဘာလဲ”

ယိချင်းတောင် ရှန်းရင်အဖြေကို သိချင်စိတ်နဲ့ စောင့်နေတယ်။

“အာ…” ရှန်းရင်တစ်ခဏ တွေးပြီးတော့ ရှင်းပြလိုက်တယ်။

“နိဂုံးချုပ်ရရင်တော့ ဒါက… မိဘအုပ်ထိန်းမှုစနစ်ပဲ”

ကူယွဲ့နဲ့ ယိချင်းတို့အမူအရာတွေက အူကြောင်ကြောင်ဖြစ်သွားတယ်။ အတူတူ သူတို့တုံ့ပြန်မိတာက “အော်…” နောက်တော့ ‘ကလေး’ ကို လှည့်ကြည့်လိုက်ကြတယ်။

“ဒါမိဘအုပ်ထိန်းမှုစနစ်လို့ ဘယ်သူပြောလဲ” ဖုန်းယင် ပေါက်ကွဲသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပကတိပြည့်စုံနတ်ဝိညာဉ်အဆင့်ကျင့်ကြံသူလေ၊ သေချာပေါက် ကလေးမဟုတ်ပါဘူး။

“ခင်ဗျားတို့သိ-”

[တင်း]

သူစကားမဆုံးခင်မှာတင် စနစ်က နောက်တစ်ကြိမ် အသံထွက်လာတယ်။

[အမှတ်စဉ် ။ ။ CIEH12၊ အဓိကလုပ်ဆောင်နိုင်စွမ်းများ ။ ။ အာရုံခံခြင်း၊‌ မောင်းနှင်သွားလာခြင်း၊ စည်းရုံးခြင်း၊ သရုပ်ပြခြင်းနဲ့ ဂြိုဟ် ZC999ရဲ့ ပင်မစည်းမျဉ်းတွေနဲ့ စည်းကမ်းတွေ အပြည့်ပါဝင်တဲ့ သိုလှောင်ရေး။ ဒီစနစ်ကို မွေးကင်းစကနေ လူပျိုပေါက်အထိ အသိရှိတဲ့ သတ္တဝါတွေအတွက် အထူးတလည် ပုံကြမ်းဆွဲထားတာပါ”

ဖုန်းယင် ။ ။ “…”

မင်းက ဘယ်သူ့စနစ်လဲ။ ဘာလို့ငါ့ကို ကြည့်ရဆိုးအောင်လုပ်နေတာလဲ။ ဖုန်းယင်တစ်ယောက် ဝူတိဂိုဏ်းကို ရောက်လာတည်းက စနစ်က သူ့ကို လက်ခံသူအဖြစ် အသိအမှတ် မပြုတော့သလိုပဲ။

“စနစ်ကောင်းပဲ” ရှန်းရင် ချီးကျူးလိုက်တယ်။

[တင်း တာဝန် ။ ။ လက်ခံသူက ကျေးဇူးပြုပြီး ဒီစနစ်အစား ခေါင်သူကြီးကို ကျေးဇူးတင်ပေးလို့ရမလား၊ ကျေးဇူးပါ”

“…” ငါ့နှလုံးသားလေး ပင်ပန်းလိုက်တာ။

“ပြော…” ရှန်းရင်က ဖုန်းယင်ကို ထိုင်ခုံတစ်‌လုံးပေါ် တွန်းချပြီး စင်မြင့်တစ်ခုပေါ် ထိုင်ချလိုက်တယ်။ သူမ စွက်ခနဲ အဆာသွတ်မုန့်တစ်ခုကို ကောက်ယူလိုက်တယ်။

“ဘာလို့ ရုတ်တရက် တောင်နောက်ကိုသွားပြီး ငါ့မုန်လာဥယာခင်းတစ်ခုလုံးအပေါ် တက်နင်းရတာလဲ”

သူမ အချိန်အကြာကြီး မုန်လာဥတွေကို ရေလောင်းနေခဲ့ရတာ။ အသီးအရွက်စားရတာ မကြိုက်ပေမဲ့လည်း သူမအားထုတ်မှုရဲ့ အသီးအပွင့်ကိုတော့ တကယ်ဂရုစိုက်တယ်။ ဖုန်းယင်က တစ်ဖက်တည်းနဲ့ သူ့အားထုတ်မှုရဲ့ အသီးအပွင့်တွေကို ဖျက်ဆီးခဲ့တာပဲ။

ဖုန်းယင်နှုတ်ခမ်းတွေ တွန့်သွားတယ်။ ဒါက သူမ သူ့ကိုဖမ်းခဲ့တဲ့ အကြောင်းရင်းလား။ ဘယ်သူက မင်းမုန်လာဥခင်းကို ဂရုစိုက်လို့တုံး။

“ဟမ့်၊ ခင်ဗျားတို့က လောလောဆယ် အထက်စီးရပြီး ခင်ဗျားတို့မှန်သလိုလုပ်နေပေမဲ့ ကျုပ် ဘာမှပြောပြမှာ မဟုတ်ဘူး”

[တင်း လက်ခံသူ၏ အချက်အလက်ကို ထုတ်ခြင်း…]

“…” ချီးပဲ

[လက်ခံသူ ။ ။ ဖုန်းယင် အဆင့်နိမ့်ဘုံနယ်ပယ် သက်ရှိ-ပုံစံ၊ ဒီဘုံနယ်ပယ်တွင်

အသက် ။ ။ ၂၃၆၊ လိင်အမျိုးအစား ။ ။ ဖို၊ အလယ်ဆင့် နတ်ဝိညာဉ်၊ လက်ခံသူက ဝိညာဉ်ကြောသုံးခု ပိုင်ဆိုင်ပါတယ်၊ ရွှေ၊ မီးနဲ့ မြေပါ၊ အဆင့်နိမ့်အရည်အချင်း(အဆင့်မြင့်စေရန် သန့်စင်ပြီး)၊ ၃နှစ်သားအရွယ်တွင် စနစ်နှင့် ပေါင်းစည်းခဲ့၊ ၃၉နှစ်အရွယ်တွင် အောင်အောင်မြင်မြင် အသက်သွင်းခဲ့၊ သိုင်းများ ။ ။ ဓားသိုင်း၊ ကိုယ်ဖျောက်သိုင်း၊ အမြုတေရောသိုင်း အစရှိသဖြင့်]

[လက်ခံသူဘဝတွင် ကြီးမားသည့် ဖြစ်ရပ်များ ။ ။ (၁) ငါးနှစ်နှင့်သုံးလသားအရွယ်မှာ ဘေးအိမ်က လေးနှစ်ကလေးမကို နမ်းခဲ့တဲ့အတွက် က‌လေးမ မိဘတွေ ရိုက်နှက်တာခံရခြင်း၊ အသက်အန္တရာယ် မစိုးရိမ်ရ၊ (၂) ဆယ်နှစ်နှင့် ၇လသားအရွယ်တွင် မနက်၃နာရီအိပ်ရာထဲ ရှူးပေါက်ချပြီး ‌မီးလောင်စေခြင်း၊ အသက်အန္တရာယ် မစိုးရိမ်ရ၊ (၃) အသက်၂၀နှင့်သုံးလသားအရွယ်တွင်-]

“ပါးစပ်ပိတ်စမ်း” ဖုန်းယင်အော်လိုက်တယ်။ သူ့မျက်နှာက နီရဲတွတ်နေပြီ။ သူအခုလုပ်ချင်တာ သူ့ကိုယ်သူ တွင်းထဲ မြှုပ်ထားလိုက်ဖို့ပဲ။

(╯‵□′)╯(┻━┻

သူ ဒီစားပွဲကို မှောက်ချင်နေတယ် စနစ်က ဒါတွေအားလုံးကို စာရင်းသွင်းထားလိမ့်မယ်ဆိုတာ သူဘာလို့ စောစောမသိခဲ့ပါလိမ့်။ ဘာလို့နှစ်ပေါင်းတစ်ရာကျော်က မှတ်‌တမ်းတွေ ရှိနေရသေးတာလဲ။ သူမက မင်းကို မိဘအုပ်ထိန်းမှုစနစ်လို့ ပြောတာနဲ့ မင်း တကယ်ကြီး အဲလိုသရုပ်ဆောင်ဖို့လိုလို့လား။

ရှန်းရင်က ရှိနေတဲ့လူတိုင်း ဘာဖြစ်နေလဲ နားလည်အောင် စနစ်နောက်ကနေ တစ်လုံးချင်း လိုက်ပြောနေတယ်။

သုံးယောက်သား ချက်ချင်း ဖုန်းယင်ကို အာရုံစူးစူးစိုက်စိုက် ကြည့်ကြတော့တယ်။

“ဘယ်သူ့ကိုမှ မပြောကြနဲ့နော်”

သူ့ဘဝမှာ ပထမဆုံး တကယ်သေချင်နေတာပဲ။

ငါးမိနစ်အကြာ…။

“အာ… အင်း” ကူယွဲ့ လည်ချောင်းဟန့်လိုက်တယ်။ နောက်ဆုံးတော့ အသက်၁ဝနှစ်အရွယ်မှာတောင် အိပ်ရာထဲ သေးပေါက်ချတဲ့ ကျင့်ကြံသူဆီကနေ သူ မျက်လုံးလွှဲလိုက်နိုင်ပြီ။

“အဲတော့ ဒီစနစ်ကို သုံးပြီး ဝူတိဂိုဏ်းကိုရှာခဲ့တာပေါ့”

သူ့ စီးပွားဖက်ဖြစ်တဲ့ယင်းမိသားစုကို ဝူတိဂိုဏ်းဘယ်မှာရှိလဲ ပြောပြခဲ့ပေမဲ့ မိစ္ဆာဘုံထဲရှိတာမို့ အထက်ထျန်းလန်ဂိုဏ်းမှာပဲ ဆုံမယ်လို့ ပြောထားတယ်။ ပြီးတော့ ယင်းမိသားစုက ဝူတိဂိုဏ်းအကြောင်း တခြားသူတွေကို ပြောမှာမဟုတ်ဘူး။ မိစ္ဆာဘုံထဲ ပုန်းခိုနေတဲ့ မိစ္ဆာတွေရဲ့ အရေအတွက်ကြောင့် ဝူတိဂိုဏ်းရဲ့တည်နေရာကို ဘေးကင်းကင်းနဲ့ ချဉ်းကပ်လာနိုင်ဖို့က ခဲယဉ်းမှာပဲ။ ဖုန်းယင်က နတ်ဝိညာဉ်အဆင့်ပဲရှိသေးတာ—စနစ်ကြောင့်သာ မဟုတ်ရင် ရောက်လာနိုင်စရာ နည်းလမ်း မရှိဘူး။

“အဲတော့ဘာဖြစ်လဲ” ဖုန်းယင်က နောက်တစ်ကြိမ် တောက်ခေါက်ပြီး အကြည့်လွှဲသွားတယ်။ သူ လုံးဝကို စိတ်ဆိုးနေတာ။

သူ့ဘေးမှာရပ်နေတဲ့ အပျော်လွန်ရှန်းရင်ကို လှမ်းကြည့်ပြီး အံကြိတ်လိုက်တယ်။ သူ့ကံကြောင့်သာ စနစ်က ဒီလိုပြဿနာတွေရှာမယ်လို့ သူမတွေးခဲ့မိဘူး။ စနစ်က သူ့ကို ဒီလိုပြဿနာတွေဖြစ်စေမယ်လို့ မတွေးခဲ့မိတာ။ အခုတော့ သူ့ညီကိုတွေအတွက် လက်စားချေဖို့ကျရှုံးခဲ့ရုံတင်မက စနစ်ရဲ့ ထူးဆန်းတဲ့တာဝန်တွေက နှစ်ရာချီတည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်းကိုလည်း ပျောက်‌ဆုံးသွားစေပြီ။

စနစ်ဆိုလိုတဲ့ “ခေါင်သူကြီး” ကရော ဘာအဓိပ္ပာယ်လဲ။

“မင်း…” သူ မမေးဘဲမနေနိုင်တော့ဘူး။

“မင်းစနစ်ကို ဘာလုပ်ခဲ့တာလဲ၊ ဘယ်လိုလုပ် မင်းက သူပြောတာ ကြားရတဲ့ တစ်ယောက်တည်းသောလူ ဖြစ်နေတာလဲ။ ပြီးတော့ စနစ်ကရော ဘာလို့ မင်းမေးခွန်းတစ်ခုချင်းစီကို ဖြေနေရတာလဲ။

ရှန်းရင်က တုံ့ဆိုင်းသွားပြီး သူမခေါင်းကို အပြစ်ကင်းစွာ ယမ်းလိုက်တယ်။

“ငါမသိဘူးလေ”

“ဘယ်လိုလုပ်မသိရမှာလဲ” ဖုန်းယင်က ခုံကနေ ထခုန်တော့တယ်။

“ဒါဆို ဒါက ဘာလို့ တစ်ချိန်လုံး မင်းကိုကူညီနေတာလဲ”

ဝိညာဉ်စာချုပ်သာ ဖျက်သိမ်းလို့ရရင် စနစ်က လက်ခံသူပြောင်းချင်နေတာလို့တောင် သူစိတ်ကူးကြည့်မိနေပြီ။

“ငါတကယ်မသိဘူး”

“… မင်းမပြောချင်ရင်လည်း ထားလိုက်တော့”

“သူလိမ်နေတာ မဟုတ်ဘူး” ကူယွဲ့ ကိုယ်ချင်းစာစွာပြောလိုက်တယ်။

“သူမသိဘူးလို့ပြောရင် တကယ်မသိတာပဲ၊ မင်း ကျင့်သားရအောင်ပဲ နေရမှာ”

ဘယ်လောက်ရိုးရှင်းလိုက်တာ။ cheat တစ်ယောက်နဲ့ ကျိုးကြောင်းသင့်ဖို့ ကြိုးစားတော့ ဘာအသုံးဝင်လို့လဲ။ ဒီတိုင်းသာ လက်ခံလိုက်တော့။

ဖုန်းယင် နားတောင်မယုံနိုင်တော့ဘူး။ သူ ရှန်းရင်ဘက် ဒေါသတကြီး လှည့်ပြောလိုက်တယ်။

“ကျုပ် ခင်ဗျားလက်ထဲမှာ အဆုံးသတ်ရတာ ကံမကောင်းတာပဲ၊ သတ်ချင်ရင်လည်း သတ်‌လိုက်၊ မဟုတ်ရင် ကျုပ်ဝိညာဉ်ဖမ်းမျှော်စင်ကို ဖျက်ဆီးတဲ့အတွက် ခင်ဗျားတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ဝိညာဉ်ဖမ်းမျှော်စင်လား” ရှန်းရင် ရပ်သွားပြီး ကူယွဲ့နဲ့ယိချင်းဘက် လှည့်မေးလိုက်တယ်။

“သူဘာတွေပြောနေတာလဲ”

နှစ်ယောက်သား တောင့်တင်းသွားတယ်။

ကူယွဲ့ ။ ။ “အင်း… ဒီလူက ပြဿနာသိပ်ရှိပုံ‌ မပေါ်ပါဘူး၊ ရှန်းရင် မင်း သူ့ကိုကိုင်တွယ်ထားလိုက်၊ ငါတပည့်တွေ ဘာလုပ်နေလဲ သွားကြည့်လိုက်ဦးမယ်”

ယိချင်း ။ “နေ့လယ်ရောက်တော့မှာပဲ၊ ဆရာ ကျွန်တော် နေ့လယ်စာသွားပြင်လိုက်ဦးမယ်”

နှစ်ယောက်သားက ချက်ချင်း ပျောက်သွားပါလေရော။

ရှန်းရင် ။ ။ “…” ခွေးကောင်

“အာ အဲဒီလူတွေက ဘာလို့ မင်းကို ရှန်းရင်လို့ခေါ်နေတာလဲ” ဖုန်းယင် ဇဝေဇဝါဖြစ်သွားတယ်။

“မင်းက ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ် မဟုတ်ဘူးလား၊ မင်းမှာနာမည်၂ခုရှိတာလား”

ရှန်းရင်နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူမက သူ့ဘက်လှည့်ကာ ပြန်ဖြေလိုက်တယ်။

“ဝိညာဉ်ဖမ်းမျှော်စင်က အားလုံးကိုသိတယ်လို့ မပြောခဲ့ဘူးလား၊ ဘာလို့မေးနေတာလဲ”

“ဒါပေါ့” သူက မော်ကြွားစွာပြန်ဖြေလိုက်တယ်။

“ကြွားဖို့မရည်ရွယ်ပေမဲ့ ငါစိတ်ပါသရွေ့ ဒီည ဆွေကြီးမျိုးကြီးမိသားစုလေးစုရဲ့ အကြီးအကဲတွေ ဘာအတွင်းခံ ဝတ်ထားလဲပါ ရှာနိုင်တယ်”

“အော်၊ ဒါဆိုလည်းသွားရှာလေ”

“…”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset