ERSY အခန်း ၇၉

အခန်း ၇၉ ။ ဝူတိဂိုဏ်း၏ဆရာ

“ဘာကိစ်စလဲ”

“ယွီမိသားစုပါ” ယွီဟုန်က ရှေ့တက်လာတယ်။ သူမရဲ့ဒဏ်ရာက ရွှမ်းယွမ်ယွီဆီကနေ ရခဲ့တဲ့ ဆေးတွေကြောင့် အပြန်လမ်းမှာ သိသိသာသာ သက်သာသွားပြီ။ သူမ ယွီမိသားစုဖြစ်သွားခဲ့တာကို အသေးစိတ် ရှင်းပြလိုက်တယ်။ မုန်လာဥရဲ့ သစ်ရွက်တွေက သူမကို ကာကွယ်ဖို့ကြိုးစားရင်း ဖြတ်ခံလိုက်ရလို့ နဂိုမူလအသွင် ပြန်ပြောင်းသွားခဲ့ရတာ။ အဲဒါနဲ့ လူတိုင်းက သူ့တကယ့်ပုံစံကို သိသွားကြတာပဲ။

“ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်က ရုတ်တရက် ပျောက်သွားတယ်လို့ပြောတာလား၊ ပြီးတော့ ခရီးသွားမသေမျိုးအကြီးအကဲတွေကိုပါ သူနဲ့ခေါ်သွားတယ်ပေါ့” ကူယွဲ့ မျက်မှောင်ကြုတ်မိလိုက်တယ်။

ယွီဟုန်ကခေါင်းညိတ်ပြလာတယ်။

ယိချင်းအမူအရာက မှောင်မည်းသွားတယ်။

“ယွီမိသားစုက ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲ သက်တမ်းအရင့်ဆုံးတွေ၊ သူတို့ ဆရာ့မျက်စိရှေ့မှာတင် လွတ်မြောက်သွားအောင် လူတွေမသိတဲ့ ဆန်းပြားတဲ့အတတ်တွေကို တကယ်လေ့ကျင့်နေတာဖြစ်နိုင်လား”

“သူတို့ဘာသာ ပြေးသွားတာမဟုတ်ဘူး” စားပွဲပေါ်လှဲနေတဲ့ရှန်းရင်က ရုတ်တရက် ကြားဖြတ် ပြောလာတယ်။

“တစ်ယောက်ယောက် သူတို့ကိုခေါ်သွားတာ”

“ခေါ်သွားတာလား” ကူယွဲ့တုံ့ဆိုင်းသွားတယ်။

“တစ်ယောက်ယောက်က ကယ်သွားတယ်လို့ဆိုလိုတာပေါ့၊ ဘယ်သူလဲ”

“မသိဘူးလေ” သူမက စားပွဲပေါ် ခေါင်းပြန်မှောက်လိုက်လေတယ်။

“အဲလူပေါ်မလာဘူး”

လူတိုင်းရဲ့အမူအရာက လေးနက်သွားတယ်။ ယွီမိသားစုမှာတကယ်ပဲ ဝှက်ဖဲတွေအများကြီးရှိတဲ့ပုံ… ကူယွဲ့ အခန်းကိုဝေ့ဝဲကြည့်ပြီး တပည့်တစ်ယောက်ချင်းစီကို လေ့လာလိုက်တယ်။ အသံကို နှိမ့်ကာ သူပြောလိုက်တယ်။

“အားလုံး ဒီညထုပ်ပိုးကြ၊ မနက်ဖြန် ငါတို့ဝူတိဂိုဏ်းကိုပြန်မယ်”

ရှန်းရင်ရဲ့ ဒီညဆူပူသောင်းကျန်းမှုက အရမ်းကိုများသွားပြီ။ တစ်ကွက်တည်းနဲ့ ယွီမိသားစုက ခရီးသွားမသေမျိုးငါးယောက်ကို အကြီးအကျယ် ထိခိုက်စေခဲ့ရုံတင်မကဘူး၊ ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကိုပါ ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ သာမန်ပေါက်ပြဲဒဏ်ရာနဲ့ အဆစ်လွဲတာလေးတွေတင် ခံစားခဲ့ရတာမဟုတ်ဘူး — သူတို့အရိုးအားလုံး တစ်စစီဖြစ်သွားလုနီးပါးပဲ။ အထက်ထျန်းလန်လောကမှာ ဒီသတင်းပြန့်သွားရင် ဆွေကြီးမျိုးကြီးမိသားစုသုံးစုပဲကျန်မယ်။ ယွီမိသားစုကို ဘယ်သူကယ်သွားလဲ အသိအကျမသိသေးပေမဲ့ ယွီမိသားစုလက်ထဲ တစ်ခုခုတော့ ရှိနေတဲ့ပုံပဲ။

ယွီဟုန်နဲ့ တခြားကလေးမတွေရဲ့ ကျင့်ကြံဆင့်က ဘယ်လိုပဲဖြစ်ဖြစ်နိမ့်သေးတယ်။ ယင်းကောင်းကင်ယံမြို့က တခြားသူရဲ့ပိုင်နက်လေ၊ မိစ္ဆာဘုံထဲ ပြန်တာ သူတို့အတွက် ပိုဘေးကင်းတယ်။

ခဏ…

ငါတစ်ခုခုမေ့နေသေးလား။ အာ ဘာပဲဖြစ်ဖြစ်ပါ အရေးမကြီးလောက်ဘူး။

ထုထောင်းခံခဲ့ရသော ဝိညာဉ်ဖမ်းမျှော်စင်မှ အရေးမကြီးသည့်လူများ ။ ။ “…” သေလိုက်လေ

——————

သုံးရက်အကြာ…

“ဟဲ့ ဟဲ့ ဟဲ့ရေ၊ နင်ကြားပြီးပြီလား၊ ယွီမိသားစုက ခရီးသွားမသေမျိုးတွေ ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ် ထုထောင်းတာခံရတယ်တဲ့၊ ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တောင် ပျောက်နေတယ်”

“ဘယ်ဆွေကြီးမျိုးကြီးမိသားစုက ခရီးသွားမသေမျိုး မရှိဘဲနေခဲ့လို့လဲ၊ ယွီမိသားစုက အခု ရုန်းရင်းဆန်ခတ် ဖြစ်နေပြီထင်တယ်၊ ကြည်ရတာတော့ ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲ တစ်စုကတော့ ရှိတော့မဲ့ပုံမပေါ်ဘူး”

“အဲဒါဟုတ်လား၊ ဒီဝူတိဂိုဏ်းက ဘယ်နေရာကများလာတာပါလိမ့်၊ ဘယ်လိုလုပ် ယွီမိသားစုကို ဒီလိုရိုက်ချက်မျိုး လုပ်နိုင်ရတာလဲ”

“သူတို့တွေဆီမှာ လျှို့ဝှက် ကြီးမြတ်တဲ့နတ်ဒေဝါရှိတယ်လို့ ကြားဖူးတယ်၊ သူတို့ ဘယ်မှာ အခြေစိုက်လဲ ဘယ်သူမှအတိအကျမသိဘူး၊ ဒါပေမဲ့ သူတို့တပည့်တွေက ဓားကျင့်ကြံသူ မဟုတ်ရင် ခန္ဓာကျင့်ကြံသူပဲ”

“သူတို့က အဲလောက်တောင် စွမ်းအားကြီးတာလား၊ ယွီမိသားစုက ဒီဂိုဏ်းကို ဘာအပြစ်ပြုမိခဲ့တာလဲ”

“ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်က ဝူတိဂိုဏ်းကတပည့်နှစ်ယောက်ကို ဖမ်းပြီး ဆိုးဆိုးရွားရွား ထိခိုက်အောင်လုပ်ခဲ့တာတဲ့၊ ယင်းမိသားစုနဲ့ ရွှမ်းယွမ်မိသားစုက သူတို့ကို ဘယ်လောက်ဖျောင်းဖျ ဖျောင်းဖျ လွှတ်ပေးဖို့ ငြင်းနေတာတဲ့၊ အဲဒါကြောင့် ဝူတိဂိုဏ်းကဂိုဏ်းချုပ် ဒေါသထွက်ပြီး ယွီမိသားစုကို ပညာပေးလိုက်တာတဲ့”

“ဒီဂိုဏ်းချုပ်က အဲလောက်တောင် အစွမ်းကြီးတာလား၊ ဒါဘယ်လိုလူလဲ”

“ဂိုဏ်းချုပ်ရဲ့မျိုးရိုးက ယိလို့ကြားတယ်… သူ့နာမည်က တစ်လုံးတည်း၊ ချင်းတဲ့ ရွှမ်းယွမ်မိသားစု လွန်ခဲ့တဲ့တစ်နှစ်ကဖြစ်သွားခဲ့တာကိုကြားဖူးလား၊ ဂိုဏ်းချုပ်ယိနဲ့ သူ့နောက်လိုက် ကူယွဲ့က အဲဒါအတွက်လည်း တာဝန်ရှိတယ်တဲ့”

“အော်၊ သူတို့ကိုး”

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ ဟမ့်၊ မင်းတို့ကို တခြားသူနာမည်တွေ မသုံးဖို့ပြောခဲ့သားပဲ။

သုံးရက်အတွင်း ဝူတိဂိုဏ်းက အထက်ထျန်းလန်လောကမှာ နာမည်ကြီးသွားခဲ့တယ်။ သူတို့က ကြီးမြတ်တဲ့နတ်ဒေဝါရှိနေတဲ့အတွက် လူသိများလာပြီး အခုဆိုထိပ်တန်းအဆင့်အမတဂိုဏ်းအဖြစ် သတ်မှတ်ခံနေရပြီ။ ဖြည်းဖြည်းချင်း သူတို့ရဲ့အဆင့်က တခြားအမတဂိုဏ်းတွေထက် မြင့်တက်လာတယ် — သူတို့ကဆွေကြီးမျိုးကြီးမိသားစုတွေနဲ့တောင် တစ်တန်းတည်းဖြစ်လုနီးပါး။

ဆန်းကြယ်တဲ့ဂိုဏ်းချုပ် ‘ယိချင်း’ ရဲ့ဇာတ်လမ်းနဲ့ ယွီမိသားစုကို ဘယ်လိုနှိမ်နင်းခဲ့လဲဆိုတာ အထက်ထျန်းလန်လောကတစ်လျှောက်လုံး ပျံ့သွားပြီး လူတိုင်းကိုထိတ်လန့်စေခဲ့တယ်။ မိသားစုတွေ၊ ဂိုဏ်းတွေကလည်း သူတို့နဲ့ အပေးအယူတွေ ဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ရက်ပိုင်းတွေကလာလည်တဲ့ ကူယွဲ့နဲ့ ရင်းနှီးနေကြပြီ။ တစ်ယောက်ယောက် ဝူတိဂိုဏ်းအကြောင်းပြောတိုင်း ယင်းမိသားစုထက် စီးပွားရေးလုပ်တာ ပိုတော်တဲ့ စီးပွားရေးလုပ်ငန်းရှင်လူညစ် နတ်ဝိညာဉ်ဖွဲ့စည်းခြင့်အဆင့် ဆရာသခင်ဆိုပြီး ကူယွဲ့နာမည်ပေါ်လာလိမ့်မယ်။ စစ်ယွီ ဂိုဏ်းတွေကြား ပြိုင်ပွဲကို နိုင်ပြီးသွားတော့ ဝူတိဂိုဏ်းရဲ့တပည့်ကိုးယောက်တောင် ညတွင်းချင်းနာမည်ကြီးလာတယ်။ လူတိုင်းက ကျင့်ကြံသူတွေရဲ့ နောက်မျိုးဆက်သစ်ထဲ တက်လှမ်းလာမဲ့ကြယ်ပွင့်တွေအဖြစ် မြင်ကုန်ကြတယ်။

ဒါတွေအကုန်လုံးဖြစ်နေတာတောင်… တစ်ယောက်မှ ရှန်းရင်နာမည်မပြောကြဘူး

စကားတစ်လုံး၊ စာလေးတစ်စောင်၊ ပုဒ်ဖြတ်ပုဒ်ရပ်လေးတစ်ခုတောင် သူ့အကြောင်းမပြောကြဘူးတဲ့။

-_-|||

——-

ရှန်းရင်က ဘယ်သူလဲဆိုတာ ဘယ်သူမှမသိကြဘူး။ လွန်ခဲ့တဲ့တစ်နှစ်က တားမြစ်သင်္ကေ‌တတွေ ထားခဲ့တဲ့ ယင်းမိသားစုတောင် သူ့ကိုမေ့သွားပြီ။ အလကားမျိုလို့ရအောင် ကြိုးစားမိတဲ့အတွက်တောင် နာမည်မကြီးဘူး။

သူ့ခြေထောက်ကိုသူ ကျောက်တုံးနဲ့ထုချေလိုက်မိသလိုပဲ— ဒုက္ခကြီးလွန်းအောင် နာကျင်လွန်းတယ်။

ယွီမိသားစုက ဖြစ်သွားခဲ့တဲ့ကိစ္စအပြီးမှာ တိုးတိုးတိတ်တိတ်ပဲနေတော့တယ်။ ဒါပေမဲ့ သူတို့ တိုးတိုးတိတ်တိတ် နေနေတာတောင် စောင့်ကြည့်စာရင်းထဲကနေ လုံးဝထွက်မသွားသေးဘူး။ သူတို့နာမည်အတွက် ခရီးသွားမသေမျိုးတွေ မရှိတော့ အထက်ထျန်းလန်ဂိုဏ်းမှာ သူတို့ရဲ့လွှမ်းမိုးမှုက တ‌စတစ လျော့ကျလာခဲ့တယ်။

ကူယွဲ့ နဂိုတုန်းက ယွီမိသားစုက သူတို့ကို ဆွေကြီးမျိုးကြီးမိသားစုအနေနဲ့ သူတို့ရဲ့ဂုဏ်သတင်းအရ အနည်းဆုံးတစ်ကြိမ်လောက်တော့ ရန်လို ငြင်းခုန်လာဦးမယ်တွေးခဲ့တာ။ ဒါပေမဲ့ သူတို့က လုံးဝကို အညံ့ခံလိုက်သလိုပဲ။

ယင်းမိသားစုနဲ့ရွှမ်းယွမ်မိသားစုက ဘယ်ဘက်မှာမှ မနေသလို အဲနေ့ညက ဘာဖြစ်ခဲ့လဲလည်း မရှင်းပြဘူး။ သူတို့ရဲ့အနေအထိုင်အရတော့ ဝူတိဂိုဏ်းဘက်ယိမ်းနေတာ သိသာတယ်။ မဟုတ်ရင် ဝူတိဂိုဏ်းမှာ လျှို့ဝှက်ထားတဲ့ကြီးမြတ်တဲ့နတ်ဒေဝါအရှင်တစ်ယောက်ရှိတယ်ဆိုတဲ့စကားတွေ ပြန့်သွားမှာ မဟုတ်ဘူး။

အဲနေ့ညနောက်ပိုင်း ယွီဟိုင်ဟုန်ကို ဘယ်သူမှ မတွေ့ရတော့ဘူး။ ယွီမိသားစုတောင် သူပျောက်နေတယ်လို့ ပြောကြတယ်။ ကူယွဲ့ကတော့ ယွီဟိုင်ဟုန်နဲ့ ခရီးသွားမသေမျိုးတွေကို ကယ်သွားတဲ့လူတွေအကြောင်း စဉ်းစားတာနဲ့တင် စိတ်မအေးဖြစ်ရတယ်။ သူ့မသိစိတ်ထဲက တစ်စုံတစ်ရာကနေ ယွိမိသားစုက ရွှမ်းယွမ်မိသားစုလိုမျိုး အလွယ်တကူ အညံ့မခံဘူးလို့ ပြောနေတယ်။ ဖြစ်နိုင်တာ သူတို့မှာ လှည့်ကွက်ကြီးကြီး ရှိနေလောက်တယ်။ သိပ်မကြာခင် သူတို့တံခါးလာခေါက်မှာကို ကူယွဲ့စောင့်စားနေခဲ့တယ်။

ယွီမိသားစုရောက်မလာခင် မထင်မှတ်ထားတဲ့ဧည့်သည်ပေါ်လာလိမ့်မယ် မထင်ခဲ့ဘူး။

“နှုတ်ဆက်ပါတယ်အကြီးအကဲတို့၊ တောင်ခြေကယုန်မိစ္ဆာက ဝူတိဂိုဏ်းထဲ ချိုးဖောက်ဝင်လာတဲ့ သူလျှိုတစ်ယောက်ကို ရှာတွေ့ထားတယ်လို့ပြောပါတယ်” ယွီဟုန်က တင်ပြလာတယ်။

“သူလျှိုလား” ကူယွဲ့ အံ့ဩသွားတယ်။ ယွီမိသားစုက လူများလား။ ကူယွဲ့ ယိချင်းကို လှည့်ကြည့်ပြီး ယွီဟုန့်ကို ဘယ်တပည့်ကိုမှ တောင်အောက်မဆင်းအောင် သွားမှာခိုင်းလိုက်တယ်။ သူ ချက်ချင်းပဲ ယိချင်းနဲ့ ပျံထွက်လာခဲ့တယ်။

အဝေးကနေ အဋ္ဌမအဆင့်နဲ့ နဝမအဆင့် မိစ္ဆာတွေ တောင်အဝင်ဝက အစီအရင်မှာမှာ အမည်းရောင်ဝတ်စုံနဲ့ လူတစ်ယောက်ကိုဟိန်းဟောက်နေတာ မြင်လိုက်ရတယ်။ မြင်ကွင်းက အတော်လေးတင်းမာနေပုံ။

“ဘာတွေဖြစ်နေတာလဲ” ယိချင်းနဲ့ကူယွဲ့က မြန်မြန် တောင်အောက်ဆင်းလိုက်ပြီး ကောင်းကင်စိတ်အာရုံကို‌ သုံးကာ အမည်းရောင်ဝတ်ရုံနဲ့လူကို လေ့လာလိုက်တယ်။ ဒါပေမဲ့ မြူခိုးတစ်ခုက သူတို့အာရုံကို နှောင့်ယှက်နေလို့ အဲလူရဲ့ကျင့်ကြံဆင့်ကို အဖြေမရှာနိုင်ဘူး။

“အာ”

ဒီလူက ရိုးရိုးတော့ မဟုတ်ဘူးပဲ။

“ကျေးဇူးရှင်တို့ ရောက်လာပြီပဲ” ယုန်မိစ္ဆာတစ်ကောင်က သူတို့ကိုနှုတ်ဆက်ပြီးရှေ့တက်လာတယ်။

“အဆင့်နိမ့်မိစ္ဆာတချို့က ဒီလူ တောင်ရဲ့အဝင်ဝအပြင်ဘက်မှာ ခိုးကြောင်ခိုးဝှက်လုပ်နေတာ သတိထားမိခဲ့လို့ပါ၊ ဒါကြောင့် သူ့ကို တားဖို့ရောက်လာတာပါ”

ယိချင်း ခေါင်းညိတ်ပြီး အဲလူဆီ လျှောက်လာခဲ့တယ်။

“မင်းက ဘယ်သူလဲ၊ ငါတို့ဝူတိဂိုဏ်းကို ဘာလို့ကျူးကျော်လာတာလဲ”

အဆင့်မြင့်မိစ္ဆာဆယ်ကောင်ကျော် ဝိုင်းခံထားရ‌တာ‌တောင် သူ လုံးဝကြောက်ပုံ မပေါ်လူး။ ‌အေးစက်စက် ရယ်ပြီး ပြန်ဖြေတယ်။

“ငါက ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ မျှော်စင်သခင်ဖုန်းယင်ပဲ၊ မင်းတို့ဂိုဏ်းချုပ်ဆီကနေ ဒီနေ့တရားမျှတမှု လာတောင်းတာ၊ ကျန်တာ မင်းတို့နဲ့မဆိုင်ဘူး၊ ငါ့လမ်းကို ဝင်တားရင်တောင် သတ်ရလိမ့်မယ်”

“ဝိညာဉ်ဖမ်းမျှော်စင်လား” ဒီနာမည်ကို ဘယ်လိုလုပ်ရင်းနှီးနေတာပါလိမ့်။

“စားဖိုမှူး၊ မင်းသူတို့ကို ကြားဖူးလား”

“ဟင့်အင်း” ယိချင်းက ခေါင်းယမ်းပြတယ်။

“ဟမ့်၊ ငါတို့ကို မကြားဖူးလည်း ကိစ္စမရှိဘူး၊ မင်းတို့ နောင်ပိုင်းကျ ငါတို့ကို သေချာပေါက် မှတ်မိသွားလိမ့်မယ်” အဲလူက ဆောင့်ကြွားကြွားပြုံးတယ်။

“ဒီက… မျှော်စင်သခင်ဖုန်း” ရှန်းရင် ထမင်းဖိုးပေးဖို့ မေ့ပြန်တာလား။

“ငါတို့ဂိုဏ်းချုပ်က မင်းကိုဘယ်လိုအပြစ်ပြုမိတာလဲ”

ဘာမျှော်စင်သခင်ဖုန်းလဲ။ လူတွေက ပုံမှန်ဆို ငါ့ကို ‌မျှော်စင်သခင်ယင်လို့ ခေါ်ကြတာမဟုတ်ဘူးလား။

ဖုန်းယင်အမူအရာက အေးစက်သွားပြီး ပိုဒေါသထွက်လာတယ်။

“မသိချင်ယောင်ဆောင်နေတာတော်တော့ မင်းတို့ဂိုဏ်းချုပ်ယိချင်းက လွန်ခဲ့တဲ့၃ရက်က လူတစ်ယောက်ကို ရှာဖို့ဆိုပြီး ငါတို့ဝိညာဉ်ဖမ်းမျှော်စင်ဆီ လာခဲ့တယ်လေ၊ နောက်တော့ ငါမရှိတုန်း ငါ့ညီအစ်ကိုတစ်ရာကျော်ကို ဒဏ်ရာရအောင်လုပ်သွားတယ်၊ မင်းတို့က လျှို့ဝှက် အမတဂိုဏ်းပဲ၊ ဒါတောင် လူတွေကိုရိုက်နှက်တာ ဝန်မခံရဲဘူးလား”

လွန်ခဲ့တဲ့သုံးရက်… ဝိညာဉ်ဖမ်းမျှော်စင်… တစ်ယောက်ယောက်ကိုရှာနေတာ။

ကူယွဲ့နဲ့ယိချင်းခေါင်းထဲ မီးသီးလင်းသွားတယ်။ သူတို့ကရုတ်တရက် ဘာဖြစ်သွားလဲ သတိရပြီး နှစ်ယောက်လုံး တောင့်တင်းသွားခဲ့တယ်။

သောက်ချီးပဲ သူတို့နောက်ဆုံးတော့ ဝိညာဉ်ဖမ်းမျှော်စင်က ဘာကြောင့်ပဲ လောက်ရင်းနှီးနေလဲ မှတ်မိပြီ။ သူတို့ ယွီဟုန်နဲ့စစ်ယွီကို ဖမ်းခေါ်သွားတယ်လို့အထင်မှားပြီး ဖျက်ဆီးမိခဲ့တဲ့နေရာပဲ။

သူတို့ရဲ့မျက်နှာတွေ တွန့်သွားတယ်။

ငါတို့ဘာလုပ်ရမလဲ။ သူတို့သခင်က စာရင်းရှင်းဖို့ ရောက်လာပြီ ဘယ်လိုလုပ် ဒီနေရာကိုရှာတွေ့တာပါလိမ့်။

(๑ŐдŐ)b

“ငါတို့မျှော်စင်ကို ကျူးကျော်တဲ့သူက ဓားကျင့်ကြံသူယိချင်းတဲ့၊ ငါ ဟိုဟိုဒီဒီ မေးကြည့်ပြီးပြီ၊ ယိချင်းက မင်းတို့ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတာသေချာတယ်” ဖုန်းယင် စကားပြောလေ ပိုဒေါသထွက်လာလေပဲ။ သူ့ရှေ့က မိစ္ဆာတွေနဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်ကို လေ့လာပြီး ဒေါသထိန်းလိုက်တယ်။

“ငါ လက်စားချေဖို့ပဲ ဒီကိုရောက်လာတာ၊ ကျန်တဲ့မင်းတို့နဲ့ဘာမှမဆိုင်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုပြောပါ၊ မင်းတို့ဂိုဏ်းချုပ်ဘယ်မှာလဲ”

ယိချင်း နှုတ်ခမ်းထောင့်တွေတွန့်သွားတယ်။ ကူယွဲ့က ဒီအခွင့်အရေးကိုယူပြီး မဆိုင်းမတွ ညာဘက်ကတောင်ဆီ လက်ညှိုးထိုးပြလိုက်လေတယ်။

“အဲမှာ”

“ကျေးဇူးပဲ” ဖုန်းယင်ကလှည့်ထွက်ပြီး ကူယွဲ့လက်ညှိုးထိုးပြတဲ့ဘက် ပျံသန်းသွားတော့တယ်။

ယိချင်း ။ ။ “…”

မိစ္ဆာများ ။ ။ “…”

“ငါ့ကိုဘာလာကြည့်နေတာလဲ မင်းလည်း ဒီပြဇာတ်မှာပါတယ်နော် ဟုတ်ပြီလား” ကူယွဲ့ ယိချင်းကို စူးစူးစိုက်စိုက်လှည့်ကြည့်လိုက်တယ်။

“ပြီးတော့သူအဆင်ပြေမှာပါ”

ယိချင်းကတော့ သူ့ဆရာကို သစ္စာဖောက်လိုက်သလိုခံစားနေရပြီ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset