ERSY အခန်း ၇၈

အခန်း ၇၈ ။ မျက်လုံးအတွက် မျက်လုံးတစ်လုံး

အမွှေးတိုင်တစ်ဝက်ထွန်းစာအချိန် မရောက်ခင်မှာတင် ရွှမ်းယွမ်ယွီနဲ့ ယင်းဖုန်းတို့ တန်ဖိုးကြီးခြံဝန်းနဲ့ အမတမြို့တစ်ဝက်စာက လုံးဝအပျက်အစီးတွေအဖြစ် အခြေအနေစိုက်ရောက်သွားတာ ပက်ပင်း မြင်လိုက်ရတော့တယ်။ ယွီမိသားစုခြံဝန်းတစ်ခုလုံးထဲ အကောင်းပတိနံရံ တစ်ချပ်‌တစ်လေတောင် မရှိတော့ဘူး။ တစ်ချိန်က ခန်းမရှိနေခဲ့တဲ့ နေရာမှာ ပေရာချီ ချိုင့်ကြီးတစ်ခုပဲ ကျန်ခဲ့လေရဲ့။

ရွှမ်းယွမ်ယွီ တဒိတ်ဒိတ်ခုန်နေတဲ့နှလုံးကို ငြိမ်သက်အောင် ရင်ဘတ်ပေါ် ပုတ်လိုက်တယ်။ ဒီဆိုးဆိုးရွားရွားမြင်ကွင်းကို ကြည့်ပြီး သူ ရုတ်တရက် ကျေးဇူးတင်မိသွားသလိုပဲ။ ကြီးမြတ်တဲ့နတ်ဒေဝါ ဟိုတစ်ခေါက်တုန်းက ရွှမ်းယွမ်ယွီမိသားစုဆီ လာခဲ့တဲ့အချိန် သူနဲ့ ဆွေးနွေးချင်တဲ့ကိစ္စ ရှိတယ်ပြောခဲ့တုန်းက တကယ့်စိတ်ရင်းနဲ့ဖြစ်ရမယ်။ သူမက ကိုယ်ထိလက်ရောက် အကြမ်းနည်း ကျင့်သုံးဖို့အတွက် ကြီးလေးတဲ့ ရည်ရွယ်ချက် တကယ်ပဲရှိခဲ့ပုံမပေါ်ဘူး။

တစ်ဖက်လှည့်ပြီး ရွှမ်းယွမ်ယွီ ထုထောင်းနေတာ ရပ်လိုက်ပြီဖြစ်တဲ့ အလယ်က တစ်ခုတည်းသော ပုံရိပ်ကို ကြည့်လိုက်တယ်။ သူ နည်းနည်းတုန်ယင်သွားပြီး ဘိုးဘွားတွေရဲ့ ကောင်းချီးအတွက်ပါ ဆုတောင်း‌မိလေရဲ့။

လက်က ဖုန်ကိုခါပြီး ရှန်းရင် အပျက်အစီးပုံဆီ လျှောက်လာခဲ့ကာ ငုံ့ပြီး အထဲမှာ မြုပ်နေတဲ့ လူကို ဆွဲထုတ်လိုက်တယ်။ ဆွဲထုတ်ခံလိုက်ရတဲ့လူက သေလုနီးပါးဖြစ်နေပြီး လူတစ်ယောက်အဖြစ် လုံး၀ မမှတ်မိနိုင်လောက်အောင်ပဲ။ သူမ ‌သူ့ပေါ်ခြေထောက်တစ်ဖက် တက်နင်းလိုက်တယ်။ တစ်ခုခုကျိုးသံ ထွက်လာတော့တာပေါ့။

သူမ ခပ်တိုးတိုးမေးလိုက်တယ်။

“ငါ့ကိုပြော၊ ငါ့မုန်လာဥ ဘယ်မှာလဲ”

ယွီဟိုင်ဟုန် အသိစိတ်ပြန်မကပ်သေးဘူး။ သူ့တစ်ကိုယ်လုံး နာကျင်လွန်းလို့ ထုံတောင်ထုံနေပြီ။ သု့ခန္ဓာကိုယ်ကနေ တစ်ခုခုက အမြန် ‌ယုတ်လျော့လာတာပဲ ခံစားမိတယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့လူတစ်ယောက်အနေနဲ့ လူတစ်ယောက်က လက်သီးလေးသုံးရုံနဲ့ တစ်သက်စာကျင့်ကြံဆင့်ကို လျှော့ချပစ်နိုင်တယ်ဆိုတာ သူပထမဆုံးအကြိမ် သိလိုက်ရတာပဲ။ အခု သူအဲလူနဲ့ ထပ်မျက်နှာချင်းဆိုင်နေရပြီး သူမက မျက်နှာပေါ် စိတ်မရှည်တဲ့အကြည့်နဲ့။ အကြောက်တရားက သူ့အပေါ်ဖုံးလွှမ်းသွားတယ်။ တကယ်ပဲ… သူမက သာမန်ကျင့်ကြံသူတစ်ယောက် ဟုတ်ရဲ့လား။

တစ်ခဏအကြာမှာတော့ ယွီဟိုင်ဟုန် သူမက သူ့ကို မေးခွန်းမေးနေတယ်ဆိုတာ နောက်ဆုံး နားလည်သွားခဲ့ပြီ။

“ဘာ… ဘာမုန်လာဥလဲ၊ မင်း… မင်းဘယ်သူလဲ”

ရှန်းရင် မျက်မှောင်ကြုတ်ပြီး ပိုတောင်စိတ်မရှည်ဖြစ်လာတယ်။ အဲပျင်းတွဲတွဲ လေသံနဲ့ပဲ ‌ဖြေလိုက်တယ်။

“နင် ဒီနေ့ ဟာသဇာတ်တစ်ခုလုံးကို တကူးတက ပြင်ရတဲ့အထိလုပ်ခဲ့တာက ငါ့ဂိုဏ်းက တပည့်တစ်ယောက်ကို လုယူဖို့ပဲလို့တော့မပြောနဲ့နော်၊ ငါ နင့်ကို စောနက မေးခွန်း မထုတ်ခဲ့ပေမဲ့ တုံးအတယ်လို့ မဆိုလိုဘူး၊ မုန်လာဥဘယ်မှာလဲ”

“ဘာမှမသိ…”

သူ စကားဆုံးအောင် မစောင့်ဘဲ ရှန်းရင် ခြေထောက်စောင့်ချလိုက်တယ်— ချက်ချင်းပဲ တဂျွတ်ဂျွတ်ကျိုးသံ အစီအရီကို ကြားနိုင်ပြီး ယွီဟိုင်ဟုန်ပါးစပ်ကနေ သွေးတွေ ပန်းထွက်လာတော့တယ်။

“နောက်ဆုံးအခွင့်အရေးပဲ၊ မုန်လာဥဘယ်မှာလဲ” ရှန်းရင် မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်တယ်။ တစ်ကိုယ်လုံးကနေ သတ်ချင်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ထွက်နေပြီ။

ယွီဟိုင်ဟုန် ရုတ်တရက် သူ့မူလဝိညာဉ် ဆုတ်ဖြဲခံလိုက်ရသလိုမျိုး ခံစားရပြီး အကြည့်တွေတောင် ပြာဝေလာတယ်။ ဘာမုန်လာဥလဲ။ ဒါပေမဲ့ သူတကယ်ပဲ သူမဆီကနေ ဘာမုန်လာမှ မယူခဲ့ဘူးမလား။

ခဏ ဖြစ်နိုင်တာက…။

သူကျောချမ်းသွားပြီး တစ်ခဏနေတော့ တစ်စုံတစ်ရာကို မှတ်မိသွားတဲ့ပုံပဲ။ သွေးတွေအန်ပြီး ပျော့ဖတ်ဖတ်နဲ့ ရှိသမျှ အားကုန်သုံးကာ သူ့ဘေးက ဝိညာဉ်သားရဲအိတ်ကိုဆွဲထုတ်လိုက်တယ်။

အိတ်ပေါ်က ချိတ် ပွင့်သွားသွားချင်း စိမ်းဖန့်ဖန့် တစ်စုံတစ်ရာက ရုတ်တရက် ထွက်ပြူလာတော့တယ်။

“ကျီ…”

မုန်လာဥက ရှန်းရင် ရင်ခွင်ထဲ ဒရောသောပါး ပြေးလာတော့တယ်။ ကြည့်ရတာ ဆိုးဝါးတဲ့ နာကြည်းချက်ကို ခံစားနေရသလိုမျိုး အသည်းအသန် တကျွီကျွီ အော်လေတယ်။

“ကျီ ကျီ ကျီ…”

ရှန်းရင် ကောက်ချီပြီး တကျွီကျွီလုပ်နေသေးတဲ့ ဟင်းသီးဟင်းရွက်ကို ကြည့်လိုက်တယ်။

“ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်သွားတာလဲ၊ ဘာလို့ လူပုံစံ မပြောင်းတာတုံး”

“ကျီ… ကျီ… ကျီ…” မုန်လာဥက ပိုပြီးတောင် စိတ်ထိခိုက်နစ်နာသွားတဲ့ပုံမျိုးနဲ့ မြေကြီးပေါ်က လူကို လက်ညှိုးထိုးကာ သူ့ခေါင်းပေါ်က အရွက်တွေကို အသည်းအသန် လှုပ်ယမ်းပြတော့တယ်။

“နင် အသွင်မပြောင်းနိုင်တာလား”

“ကျီ” မုန်လာဥက ခေါင်းညိတ်ပြတယ်။ ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားသလိုမျိုး သနားစရာကောင်းစွာနဲ့ တကျီကျီမြည်ပြီး သူမဆီ အရွက်တစ်ရွက်က တုန်တုန်ယင်ယင်နဲ့ လှမ်းလာတယ်။

“ကျီ… ကျီ… ကျီ…”

ရှန်းရင် သေချာကြည့်လိုက်တော့ အရင်တုန်းက ရှည်လျားပြီး အမြင်လှတဲ့ သစ်ရွက်ရဲ့ အလယ်ပိုင်းက ပဲ့နေတာမြင်လိုက်ရတယ်။ ပဲ့နေတဲ့ထိပ်ကနေ အစိမ်းရောင်သစ်စေးတွေပါ စိမ့်ထွက်နေတာပဲ။

“နင် ဒဏ်ရာရထားတာလား”

“ကျီ…”

“နာလား”

“ကျီ…”

မြေကြီးပေါ်က လူကိုငုံ့ကြည့်ပြီး သူမမေးလိုက်တယ်။

“သူလား”

“ကျီ… ကျီ…” ခေါင်းညိတ်ပြတော့တယ်။

ရှန်းရင်ရဲ့ အမူအရာက မာကြောသွားပြန်တယ်။ တုန်ယင်နေဆဲဖြစ်တဲ့လူကို ငုံ့ကြည့်ပြီး ဘေးကနေ ကြည့်နေတဲ့ ရွှမ်းယွမ်ယွီဘက် လှည့်ပြောလိုက်တယ်။

“အသီးအရွက်မိသားစုအကြီးအကဲ၊ နင့်မှာ ဓားရှိလား”

“ဟမ်” သူမမေး‌ခွန်းကြောင့် ရွှမ်းယွမ်ယွီ သေလုမျောပါးဖြစ်နေတဲ့ ယွီဟိုင်ဟုန်ကို လှမ်းကြည့်လိုက်တယ်။ ဒီလူက ဒုက္ခိတဖြစ်နေပြီမဟုတ်လား။ သူ့ကို အပိုင်းပိုင်းခုတ်ပစ်ဖို့ စီစဉ်နေတယ်လို့တော့ မပြောဘူးမလား။

“ကြီးမြတ်တဲ့… နတ်ဒေဝါ၊ သူက ဒီအခြေအနေ ရောက်နေပါပြီ၊ သူ့အပေါ် ဓားသုံးတာက … အကြံကောင်း မဟုတ်ဘူး ထင်တာပဲ”

“ဟမ်” သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ လေထဲ ပြည့်သွားခဲ့တယ်။

ရွှမ်းယွမ်ယီ ကျောစိမ့်သွားတယ်။ သူ ချက်ချင်းပဲ ကျောမတ်ပြီး ဖြောင့်မတ်တဲ့လေသံနဲ့ ပြောတော့တယ်။

“ဟုတ်ကဲ့ ရှိပါတယ် ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ဓားရှည်၊ ဓားတို၊ ငှက်ကြီးတောင်ဓား၊ ဓားမောက်ရှည် ဒါမှမဟုတ် အဖျားမော့ဓားရှည်လိုချင်ပါသလား”

လက်တစ်ဖက်ယမ်းလိုက်တာနဲ့ ဓားအမျိုးမျိုးက သူမ ပတ်လည်မှာ ပေါ်လာ‌လေတယ်။

အားလုံး ။ ။ “…”

ဆွေကြီးမျိုးကြီးမိသားစုတွေကြားက ညီနောင်သံယောဇဉ်ဆိုတာ ဘာဖြစ်သွားပြီတုန်းဟ။

ရှန်းရင် ဓားတစ်ချောင်းကို ကောက်ယူပြီး ယွီဟိုင်ဟုန်ကို ငုံ့ကြည့်လိုက်တယ်။

“မင်း… မင်း ဘာလုပ်ဖို့ ကြံနေတာလဲ” ယွီဟိုင်ဟုန် သူမလက်ထဲက ဓားကိုကြည့်ရင်း ကြောက်လန့်တကြား မျက်လုံးပြူးလာတော့တယ်။

“ငါ… ငါက ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်နော်”

“အဲဒါက ရှောင်ဟုန့်အတွက် ပြန်အကြွေးတောင်းတာ၊ ဒါပေမဲ့ နင်က မုန်လာဥကိုလည်း နာကျင်အောင်လုပ်ခဲ့တယ်၊ အဲတော့ တန်ဖိုးနည်းနည်းတော့ ပေးဆပ်ရမှာပေါ့” ရှန်းရင် သူ့ခေါင်းကို ဖမ်းဆုတ်ဖို့ လက်လှမ်းလိုက်တယ်။

ယွီဟိုင်ဟုန် ပိုတောင်ကြောက်လန့်ပြီး သူမလက်ကိုရှောင်ဖို့ ရှိသမျှအားနဲ့ ရုန်းကန်ဖို့ ကြိုးစားလေရဲ့။ ဖြစ်ချင်တော့ တစ်လက်မလေးတောင် မလှုပ်နိုင်တာပဲ။ သူလုပ်နိုင်သမျှက ထိတ်လန့်တကြား အော်ရုံ။

“ဟင့်အင်း မလုပ်နဲ့၊ ရပ်လိုက်”

“ပါးစပ်ပိတ်” ငါနင့်ခေါင်းလေးကို တုံးရုံပါဟ၊ ဘယ်လိုတွေတောင် အော်နေရတာတုန်း။

ယွီဟိုင်ဟုန့်အော်သံက ပိုပိုကျယ်လာပေမဲ့ ရှန်းရင်ဓားက သူ့ခေါင်းနဲ့ထိရုံရှိသေး အဖြူရောင် အလင်းတန်းကြီးတစ်ခု ဖျတ်ခနဲ လင်းလာပြီး စောနက အသည်းအသန်အော်နေတဲ့ ယွီဟိုင်ဟုန်ဟာ လေထဲမှာတင် ပျောက်ကွယ်သွားခဲ့တယ်။

ဓားက လေကိုပဲ ထိသွားပြီး ‌ ‌မြေကြီးပေါ် ချွင်ခနဲ ပြုတ်ကျသွားတော့တယ်။

ဟမ်။

မှင်တက်သွားပြီး ရှန်းရင် ထရပ်ကာ ဟိုဟိုဒီဒီကြည့်လိုက်တယ်။ ယွီဟိုင်ဟုန်အပြင် လဲနေတဲ့ ယွီမိသားစု ခရီးသွားမသေမျိုးငါးယောက်ပါ ပျောက်ကွယ်သွားတာ သဘောပေါက်သွားတယ်။

“သူတို့ပျောက်သွားပြီ၊ ဒါ ဘာ… မှော်အတတ်မျိုးလဲ”

ဓားကမ်းပေးလိုက်တာမို့ ယွီဟိုင်ဟုန်နဲ့ အနီးဆုံးဖြစ်နေတဲ့ ရွှမ်းယွမ်ယီတောင် မှင်တက်သွားခဲ့တယ်။ ယွီဟိုင်ဟုန် ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ ရှေ့မှောက်မှာတင် လွတ်မြောက်သွားနိုင်တာ အံ့သြစရာပဲ။ ပြီးတော့ ပိုပြီးထူးဆန်းတာက ဘယဝိညာဉ်စွမ်းအား အတက်အကျ‌လှိုင်းတစ်ခုမှ မခံစားခဲ့ရတာပဲ။ ဒါ ဘာမှော်အတတ်မျိုးလဲ။

မျက်မှောင်ကြုတ်ပြီး ရှန်းရင် ရုတ်တရက် ခေါင်းမော့ကာ ဟိုဟိုဒီဒီရှာလိုက်တယ်။ နောက်တော့ သူမဂိုဏ်းက မိန်းကလေးတွေကို လှည့်ပြော‌လေတယ်။

“ငါပင်ပန်းနေပြီ၊ အိမ်ပြန်ကြစို့”

“ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်” မိန်းကလေးနှစ်ယောက်က ပြိုင်တူဖြေပြီး ချက်ချင်း ရှန်း‌ရင်နောက် လိမ်လိမ်မာမာ လိုက်ကာ မျက်လုံးတွေက တလက်လက်တောက်ပနေတော့တယ်။ သူမက သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ် — ထပ်ပြီးတော့ အံ့ဩစရာ ခွန်အားကို ပြသပြန်ပြီ။

O(∩_∩)O

ယင်းယွမ်ဖေးက သူတို့နောက် ပြေးလိုက်ပြီး တမ်းတနေတဲ့ လေသံနဲ့ လှမ်းခေါ်လာတယ်။

“မိန်းကလေးစစ်ယွီ”

စစ်ယွီ ပြန်လှည့်ပြီး နူးနူးညံ့ညံ့ ဖြေလိုက်တာက

“ထွက်သွား”

ဂိုဏ်းချုပ်အပေါ် ကိုးကွယ်နေတာကို လာမနှောင့်ယှက်နဲ့စမ်း။

“အိုး” တစ်စုံတစ်ယောက်သောလူခမျာ အသံခပ်ပျော့ပျော့နဲ့ ယင်းဖုန်းနောက်သွားရပ်ရှာတော့တယ်။

ကိစ္စတစ်ခုလုံးအတွင်း မှင်တက်ကြောင်အမ်းနေခဲ့တဲ့ ယင်းဖုန်း ။ ။ “…”

ဒီလိုကိစ္စတွေမှာ အရင်တုန်းက အတွေ့အကြုံရှိထားခဲ့တဲ့ ရွှမ်းယွမ်ယွီ ။ ။ “…”

ရှန်းရင် ။ ။ “…”

ယင်းယွမ်ဖေးအပေါ် ရှောင်လွိရဲ့ သဘောထားက ဒီလောက်တောင်မြန်မြန် ပြောင်းလဲသွားလို့ ယင်းယွမ်ဖေးနဲ့ သူ ဘာတွေဆွေးနွေးနေခဲ့လဲဆိုတာ ရှန်းရင်က ရုတ်တရက်ကြီး အဖြေရှာချင်စိတ် ပေါ်လာတော့တယ်။

——————

ရှန်းရင် သူမဂိုဏ်းသားနှစ်ယောက်နဲ့ ခြံဝန်းလေးဆီ ပြန်ရောက်ချိန် ညသန်းခေါင်ရောင်နေပြီ။ ယိချင်းနဲ့ ကူယွဲ့လည်း ပြန်ရောက်နေတယ်။ သူတို့ သတင်းတွေကြားချိန် သူမကို ရှာဖို့ရည်ရွယ်ခဲ့ပေမဲ့ နှစ်ဖက်လုံး ခြံအဝင်ဝမှာ အချင်းချင်းသွားဆုံတာဖြစ်နေတယ်။

“ဆရာ” ယိချင်းက ရှန်းရင်ကို နှုတ်ဆက်ဖို့ အမြန်ရှေ့တက်လာပြီး အသေအချာ ခေါင်းစခြေဆုံး ကြည့်တော့တယ်။ အဲလိုလုပ်ပြီးမှပဲ သက်ပြင်းချနိုင်လေရဲ့။ သူမအပြန်လမ်း ရှာတွေ့တာ မိုးနတ်မင်းကိုကျေးဇူးတင်စရာပဲ။

“ယွီမိသားစုဆီက ပြန်လာတာလား၊ ဘာတွေဖြစ်ခဲ့တာလဲ၊ ဖြေရှင်းပြီးပြီလား”

ကူယွဲ့ စူးစမ်းလိုက်တယ်။

“အေး” ရှန်းရင် သမ်းဝေပြီးဖြေလိုက်တယ်။

“ငါအိပ်ချင်နေပြီ၊ နင်သူတို့ကို မေးလိုက်တော့” သူမက စကားပြောရင်း ခြေထောက်ပေါ် အိပ်မောကျနေတဲ့ မုန်လာဥကို ဆွဲခွာပြီး ဖေဖေနျိုလက်ထဲ ထိုးထည့်ပေးလိုက်တယ်။ နောက်တော့ စားပွဲပေါ် ပလွတ်ခနဲ ထိုင်ချပြီး အိပ်တော့တယ်။

လူတွေ ဘာလို့ ညဘက်မှ မကောင်းမှုကျူးလွန်ဖို့ ရွေးရလဲ နားမလည်တော့ဘူး။ အိပ်ရေးပျက်တာက ခန္ဓာကိုယ် ထိခိုက်စေတယ်ဆိုတာ မသိကြဘူးလား။

ကူယွဲ့ မုန်လာဥကို ကိုင်ထားဖို့ ကြိုးစားပေမဲ့ မုန်လာဥက အလိုလို သူ့လက်ထဲက လျှောဆင်းသွားတယ်။ အရွက်တွေကို ခါထုတ်ပြီး သူ့ခြေထောက်မှာပတ်သွားကာ ဒီကိစ္စတစ်ခုလုံးမှာ တစ်ကြိမ်တောင် နိုးမလာဘူး။

ကူယွဲ့ နှုတ်ခမ်း တွန့်ချိုးသွားတော့တယ်။ မုန်လာဥကို သူ့ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးလိုက်တော့ ဝိညာဉ်ချီက လေးပုံတစ်ပုံစာ လျော့နေပြီး အသွင်မပြောင်းခင်က အဆင့်ကို ပြန်လျော့သွားတာမှန်း တွေ့လိုက်ရတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset