ERSY အခန်း ၇၇

အခန်း ၇၇ ။ ကျိုးကြောင်းသင့်နေကြရအောင်

“ကျုပ်လည်း သူတို့က ကျုပ်ယွီမိသားစုရဲ့ ကိုင်းခွဲတစ်ခုကနေ ထွက်ပြေးပြီး ပျောက်သွားတဲ့ အစေခံတွေမှန်း ခုမှသိရတာ” ယွီဟိုင်ဟုန်က ရှန်းရင်နောက်မှာရပ်နေတဲ့ စစ်ယွီကို လှမ်းကြည့်ပြီး မျက်လုံးတွေထဲမှာတော့ ကောက်ကျစ်မှုတွေပြည့်နေတယ်။

“သူနဲ့ ယွီဟုန်ဆိုတဲ့မိန်းကလေးက ယွီမိသားစုရဲ့ ကိုင်းခွဲအဖွဲ့ဝင်ဖြစ်တဲ့ ပကတိပြည့်စုံ နတ်ဝိညာဉ်အဆင့် ကျန့်ရှန်းပိုင်တဲ့ လူသားမီးပြင်းဖိုအဟောင်းတွေပဲ”

လူသားမီးပြင်းဖို

လူတိုင်းက ထိတ်လန့်တကြားနဲ့ စစ်ယွီကိုလှမ်းကြည့်ကုန်ကြတယ်။

“ဂုဏ်သရေရှိလူကြီးမင်း ကျန့်ရှန်းက မနှစ်တုန်းက ရုတ်တရက် သေသွားခဲ့တယ်၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ဘယ်မှာ‌မှ ရှာမတွေ့ဘူး”

ယွီဟိုင်ဟုန်က ဆက်ပြောတယ်။

“သူသေသွားပြီးတော့ သူ့‌လက်အောက်က လူသားမီးပြင်းဖိုကိုးယောက်လည်း ပျောက်သွားတာ၊ ကျန့်ရှန်းကို နောက်ဆုံးမြင်ခဲ့တဲ့လူပြောတဲ့စကားအရတော့ သူ့ဓမ္မအသုံးအဆောင်ကို ခိုးသွားတဲ့ သစ္စာဖောက်နောက် လိုက်ဖမ်းရင်းကနေ ပြန်မလာတော့တာတဲ့၊ ‌သံသယဝင်စရာ မလိုအောင် အဲဒီလူသားမီးပြင်းဖိုကိုးယောက် ဒုက္ခပေးတာခံခဲ့ရတာနေမှာ၊ အဲတော့ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ သေချာပေါက် ငါ့လူတွေကို ကူညီပြီး တရားမျှတမှုရှာပေးရမှာပေါ့”

“ကျန့်ရှန်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကိုနှုတ်ပိတ်ဖို့ကြိုးစားတာ အသိသာကြီးပဲ”

စစ်ယွီက ကျယ်ကျယ်လောင်လောင် ခွန်းတုံ့ပြန်မိတယ်။

“အဲလိုဆိုတော့ မင်းက ယွီမိသားစုကနေ ထွက်ပြေးသွားတဲ့ကျွန်ဆိုတာ ဝန်ခံပြီလား” ယွီဟိုင်ဟုန်က အသံထွက်လှောင်တော့တယ်။

“ရှင်…”

သူက ရှန်းရင်ကို တန်းတန်းမတ်မတ် လှည့်ကြည့်ပြီး ထေ့ထေ့ငေါ့ငေါ့ပြောတော့တယ်။

“တိုက်ဆိုင်လိုက်တာ‌၊ လူသားမီးပြင်းဖိုကိုးယောက်က ကျုပ်တို့ယွီမိသားစုကနေ လွတ်သွားတာ၊ ပြီးတော့ မင်းတို့ဝူတိဂိုဏ်းက တပည့်ကိုး‌ယောက်နဲ့ ဟိုတလောကပြိုင်ပွဲဆီ လာတယ်၊ အခုကြည့် ဂိုဏ်းချုပ်… ခင်ဗျား ကျုပ်တို့ယွီမိသားစုကိုဖြေရှင်းချက်ပေးသင့်တယ်မထင်ဘူးလား”

ရှန်းရင် မျက်ဝန်းတွေက အေးစက်သွားပြီး အမူအရာက ခက်ထန်သွားတယ်။

“မျိုးနွယ်စုခေါင်းဆောင်ယွီ၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့”

ရွှမ်းယွမ်ယွီနားထောင်လေ ပိုပြီးတုန်ယင်လာလေပဲ။ သူမြန်မြန်ရှေ့တက်ပြီး တစ်စုံတစ်ယောက်သောလူ သေတွင်းမတူးခင် အ‌မောတကော အော်ပြောလိုက်တယ်။

“ယွီမိသားစုကထွက်ပြေးသွားတဲ့ ကိုးယောက်က လူသားမီးပြင်းဖိုတွေလို့ ခင်ဗျားပြောတယ်၊ ဒါပေမဲ့ စစ်ယွီကို ကြည့်ဦးလေ၊ သူက အသန်မာဆုံး ရွှေအမြုတေကျင့်ကြံသူနော်၊ လူတိုင်း လူသားမီးပြင်းဖိုတွေရဲ့ အရည်အချင်းကို သိကြတယ်၊ အမှန်သာဆို သူဘယ်လိုလုပ် ပြိုင်ပွဲကိုနိုင်နိုင်မှာလဲ၊ ခင်ဗျား အမှားလုပ်မိနေတာပဲဖြစ်ရမယ်”

“ဟုတ်တယ် ဟုတ်တယ်” ယင်းယွမ်ဖေးက နောက်ဆုံးတော့ တုံ့ပြန်နိုင်ပြီး ခွန်းတုံ့ပြန်တယ်။

“ပြီးတော့ စစ်ယွီက ခန္ဓာကျင့်ကြံသူ၊ ယွီမိသားစုထဲ ခန္ဓာကျင့်ကြံသူရှိတယ်လို့ တစ်ခါမှမကြားဖူးဘူး”

“ခင်ဗျားတို့ဘာတွေပြောဖို့ ကြိုးစားနေတာလဲ”

ယွီဟိုင်ဟုန်က ဒီလူတွေ သူတို့ငြင်းခုန်ချက်ကို ထောက်ခံပေးနေလို့ မပျော်မရွှင်ဖြစ်ပြီး ဒေါသထွက်လာတော့တယ်။

“ယွီမျိုးနွယ်စုအကြီးအကဲအနေနဲ့ ဒီလိုအမှားမျိုး လုပ်နိုင်တယ်လို့ပြောနေတာလား၊ ပြီးတော့ ခုလေးတင် သူကိုယ်တိုင် ဝန်ခံလိုက်တာလေ”

“မျိုးနွယ်စုခေါင်းဆောင်ယွီ၊ သေချာစစ်ဆေးကြည့်တာ အကောင်းဆုံးပါ” ရွှမ်းယွမ်ယွီက ရှန်းရင်ရဲ့အုံ့မှိုင်းနေတဲ့မျက်နှာကို လှမ်းကြည့်ပြီး ယွီဟိုင်ဟုန်ကို ဖျောင်းဖျဖို့ကြိုးစားကာ အရိပ်အယောင်တွေ အသည်းအသန်ပြနေရှာတယ်။

“ပြီးတော့ သူက ရွှေအမြုတေကျင့်ကြံသူ၊ အဲတော့ ဘယ်လိုလုပ် ပကတိပြည့်စုံနတ်ဝိညာဉ်အဆင့်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”

လက်တွေ့မှာ မိသားစုသုံးစုလုံးသိတဲ့ ယွီမိသားစုရဲ့ရည်ရွယ်ချက်က လွတ်သွားတဲ့အစေခံကို ဖမ်းဖို့မဟုတ်ဘူး။ ရှိန်စရာ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ ဝူတိဂိုဏ်းရဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့်သာ မိသားစုတွေက စပြီး အကွက်ချကြံစည်တော့တာ။

အထက်ထျန်းလန်ဂိုဏ်းက အရင်းအမြစ်ပေါကြွယ်ဝတယ်။ ဆွေကြီးမျိုးကြီးမိသားစုတွေအတွက် ဒီလိုမျိုး မြင့်တက်လာတဲ့ အင်အားစုကို ကိုင်တွယ်ဖို့ နှစ်နည်းပဲရှိတယ် — မိတ်ဆွေဖွဲ့ရင်ဖွဲ့ မဖွဲ့ရင် ဖိနှပ်ပဲ။ ယင်း၊ ရိ၊ ရွှမ်းယွမ်မိသားစုသုံးစုလုံး ကြိုးတွေ‌ဆွဲထုတ်ပြီး မိတ်ဆွေဖွဲ့ဖို့ကြိုးစားနေတာအသိသာကြီး။ ယွီမိသားစုက လက်ဦးမှုယူဖို့ အခွင့်အရေးဆုံးရှုံးသွားလို့ သူတို့က တခြားချဉ်းကပ်နည်းကို အသုံးချခဲ့တာပဲ။

သူတို့တွေက ဒီဂိုဏ်းသေးလေး ထူထောင်ပြီး မတည်ငြိမ်သေးခင် ဖိနှိပ်ဖို့ကြိုးစားနေတာပဲ။ ဒါမှ နောင်ပြဿနာတွေကို ဖြေရှင်းပြီး ဆွေကြီးမျိုးကြီးမိသားစုတွေရဲ့ ထူးခြားတဲ့နေရာကိုထိန်းသိမ်းနိုင်မှာ။ သူတို့ ဒီအခွင့်အရေးကို ရပြီဆိုတော့ သေချာပေါက် အလျှော့မပေးဘဲ ဝူတိဂိုဏ်းကို ဖိနှိပ်ဖို့ကြိုးစားတော့တယ်။ တကယ်လို့ အတိတ်တုန်းကသာဆို တခြားမိသားစုတွေက အပြန်အလှန် နားလည်သဘောပေါက်ပြီး ကူတောင်ကူညီကြဦးမှာ။

ဒါပေမဲ့

ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်က ကြီးမြတ်တဲ့နတ်ဒေဝါလေ။

(๑ŐдŐ)b

အထက်ထျန်းလန်လောကထဲ ဝင်ဝင်ခြင်းမှာတင် ခရီးသွားမသေမျိုးငါးယောက်ကို ဆိုးဆိုးရွားရွား ထုထောင်းခဲ့ပြီး ရွှမ်းယွမ်တစ်မိသားစုလုံးကို တစ်နေ့တည်း အမြစ်ဖြုတ်လုနီးပါးလုပ်ခဲ့တဲ့ — ကြီးမြတ်တဲ့နတ်ဒေဝါရှန်းလေ၊ ရှိသေးတာက သူ တကယ်ပဲ ဘယ်လောက်အင်အားကြီးလဲဆိုတာ ဘယ်သူမှ သေချာမသိကြတာ‌ပဲ။ အခုထက်ထိ သူ ပြန်တွန်းလှန်ဖို့ကို စဉ်းတောင်မစဉ်းစားရဲဘူး။

ယွီဟိုင်ဟုန်က ဒီလိုလူမျိုးကို အနိုင်ကျင့်လို့ကောင်းတဲ့ ပစ်မှတ်ကောင်းလို့ တွေးနေရင် ဒါဆို ယွီမိသားစုက သနားစရာအကျပ်အတည်းနဲ့ ကြုံရတော့မှာပဲ

“ဟမ့်၊၊ သူတို့က ဘယ်လိုနည်းလမ်းတွေ သုံးထားလဲဆိုတာ ဘယ်သူသိမှာလဲ” ယွီမိသားစုက အလွတ်မပေးသေးဘူး။ ယွီဟိုင်ဟုန်က စစ်ယွီကို လှမ်းကြည့်ပြီးပြောတယ်။

“ကျန့်ရှန်းဆီက ဓမ္မရတနာတစ်ခု ဆုံးရှုံးသွားပြီး သူ ရုတ်တရက်ကြီး ခန္ဓာကျင့်ကြံသူဖြစ်လာတာ မမေ့ကြနဲ့၊ ဒါသက်သေ မဟုတ်ဘူးလား၊ ပြီးတော့ သူပြောတဲ့ ဆရာတူအစ်မမှာ ယွီဆိုတဲ့ မျိုးရိုးနာမည်ရှိနေတယ် ကျုပ်သူ့သွေးမျိုးဆက်ကို စစ်ပြီးပြီ — သူက တကယ်ပဲ ယွီမိသားစုရဲ့ ဆက်စပ်နေတဲ့အမျိုးတွေထဲက မျိုးဆက်တစ်ယောက်ပဲ၊ ပြီးတော့ ပျောက်ဆုံးပြီး လွတ်မြောက်သွားတဲ့ ကျွန်တွေထဲက တစ်ယောက်၊ ကျန့်ရှန်းသေဆုံးတာကတော့ သူတို့ တရားခံမဟုတ်ရင်တောင် သူတို့လည်း…”

“ငါလုပ်ခဲ့တာဟေ့” ရှန်းရင် ဆက်ပြီးသည်းမခံနိုင်တော့ဘဲ လက်မြှောက်လိုက်တယ်။

“အဲအယုတ်တမာကို ငါထုထောင်းခဲ့တာ”

လူတိုင်း ထိတ်လန့်တကြားပြိုင်တူ လှည့်ကြည့်ကုန်ကြတယ်။ ယွီမိသားစုဝင်တွေကတော့ သရော်ရယ်တော့တာပေါ့။

ရွှမ်းယွမ်ယွီ မှင်တက်သွားတယ်။ ကြီးမြတ်တဲ့နတ်ဒေဝါက ဘယ်လိုလုပ်ဝန်ခံရတာလဲ ဒါ ထိပ်တိုက် ရင်ဆိုင်ဖို့ ရှေ့ပြေးလား။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ အသင်… သူ့ကို ထုထောင်းခဲ့တာ ကောင်းမွန်တဲ့အလုပ်ပါ” ရွှမ်းယွမ်ယွီက ပြောမဲ့စကားကိုပြောင်းပြီး မျက်နှာပေါ် တည်တည်ကြည်ကြည်အမူအရာဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားလိုက်တယ်။

“အဲဒီလူကြီးမင်းကျန့်ရှန်းက အသင်ကိုယ်တိုင် သူ့ကို ပညာပေးရတဲ့အတွက် မကောင်းတဲ့လူပဲဖြစ်ရမယ်”

ယွီဟိုင်ဟုန် ။ ။ “…” ဒီရွှမ်းယွမ်ယွီက ဦးနှောင်ချောင်နေတာမလား။

“အဲလူယုတ်မာက လူတွေကို လူသားမီးပြင်းဖို အတင်းလုပ်ခိုင်းပြီး၊ ဆေးတွေ အဆိပ်တွေ စမ်းသပ်နေတာလေ၊ ဆေးလုံးတွေ လုပ်ဖို့တောင် သက်ရှိတွေကိုသုံးသေးတယ်၊ တကယ်ပဲ လူကောင်းမဟုတ်ဘူး” ရှန်းရင် အမှန်တိုင်းပြောလိုက်တယ်။

“ဘာ၊ သက်ရှိတွေကိုသုံးပြီး ဆေးလုံးဖော်တာ” ယင်းဖုန်း မှင်တက်သွားတယ်။ ဒါမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ လုပ်မဲ့အရာမျိုးပဲ။

“အဲဒါတွေအကုန်လုံးက အဓိပ္ပာယ်မရှိတာပဲ” ယွီဟိုင်ဟုန်က သူမ ဒီလိုအမူအရာမျိုးနဲ့ တုံ့ပြန်မယ်မထင်လို့ သွေးပျက်သွားတယ်။

“ကျန့်ရှန်းက ဖော်ရွေပြီး ခင်ခင်မင်မင်ရှိလို့ နာမည်ကြီးတဲ့ ကိုင်းခွဲမိသားစုဝင်ပဲ၊ ဒီလိုကိစ္စတွေ လုပ်ခဲ့တယ်လို့ ဘယ်သူကယုံမှာ”

“ကျုပ်ယုံတယ်” ရွှမ်းယွမ်ယွီက သူ့ရပ်တည်ချက်ကိုပြဖို့ ချက်ချင်းလက်မြှောက်ပြတော့တယ်။

“…” ယွီဟိုင်ဟုန် အူကြောင်ကြောင်ဖြစ်သွားတယ်။

“ကြီးမြတ်တဲ့… ဂိုဏ်းချုပ်ယိက လူတွေကို အပုပ်မချဘူးဆိုတာ ယုံတယ်၊ သူ့ကိုရှင်းပစ်လိုက်မှတော့ သေချာပေါက်ကြီးကြီးမားမား အမှားကျူးလွန်ခဲ့တာပဲ နေမယ်”

“ရွှမ်းယွမ်ယွီ” ယွီဟိုင်ဟုန်တော့ တရှူးရှူးတရှဲရှဲ ဖြစ်နေပြီ။ ရွှမ်းယွမ်ယွီ ဘာကြောင့် ယွီမိသားစုကို အပြစ်လုပ်ပြီး ဝူတိဂိုဏ်းဘက် ရပ်တည်ရလဲဆိုတာ သူမသေချာဘူးဖြစ်နေတယ်။

“မျိုးနွယ်စုခေါင်းဆောင်ယွီ၊ ဒါက အထင်လွဲမှားတာပါ၊ ဝူတိဂိုဏ်းတပည့်တွေကို မြန်မြန် လွှတ်ပေးလိုက်ပါတော့” ငါ မင်းကိုကယ်ဖို့ကြိုးစားနေတာဟ။

ရွှမ်းယွမ်ယွီရဲ့ အဓိပ္ပာယ်ပါတဲ့ စကားက ယွီဟိုင်ဟုန်နား‌ထဲမဝင်ဘူး။ ယွီဟိုင်ဟုန် ထေ့ရယ်ပြီး ယင်းဖုန်းကို တဲ့ကြည့်တော့တယ်။

“ယင်းမျိုးနွယ်စုခေါင်းဆောင်ကရော ကျန့်ရှန်းက သေသင့်တယ်လို့ထင်လား”

“ဒါ…” ယင်းဖုန်းက ရွှမ်းယွမ်ယွီနဲ့ယွီဟိုင်ဟုန်ကြား တစ်လှည့်စီ အပြန်ပြန်အလှန်လှန် ကြည့်မိတော့တယ်။ ဒါကယွီမိသားစုနဲ့ ဝူတိဂိုဏ်းကြားက ပြဿနာမဟုတ်ဘူးလား။ ဘာလို့ သူတို့နှစ်ယောက်က စရန်ဖြစ်နေတာလဲ။ ခဏတုံ့ဆိုင်းနေပြီး ဘယ်ဘက်ရပ်တည်ရမလဲ မသိပေမဲ့ အဆုံးမှာတော့ သူ့သားရဲ့ မျှော်လင့်တကြီးမျက်နှာကို လှမ်းကြည့်ပြီး သက်ပြင်းချကာပြောလိုက်တယ်။

“ကျုပ်လည်း ဂိုဏ်းချုပ်ယိရဲ့စရိုက်ကို ယုံကြည်တယ်၊ တကယ်လို့ ယွီမိသားစုထဲ ဒီလိုဆိုးယုတ်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတဲ့သူ တကယ်သာရှိခဲ့ရင် ယွီမျိုးနွယ်စုခေါင်းဆောင်အနေနဲ့ ဂိုဏ်းချုပ်ယိက ဂိုဏ်းကို ကူညီသန့်ရှင်းပေးတဲ့အတွက် တကယ်ကျေးဇူးတင်သင့်တာ”

“ခင်ဗျားတို့အားလုံး…” ယွီဟိုင်ဟုန် ဒီရလဒ်နဲ့ပတ်သက်ပြီး မပျော်တာ အသိသာကြီး။ ဝူတိဂိုဏ်းကို ဖိနှိပ်ဖို့ သူ့ရည်ရွယ်ချက်က အကျိုးမရှိဘဲ အဆုံးသတ်သွားရုံတင်မကဘူး၊ သူ့မိသားစုထဲက အကျည်းတန်းတဲ့ကိစ္စကို လူသိရှင်ကြားဖြစ်အောင်လည်း လုပ်ခဲ့တယ်။

“အဲလိုဆိုရင်တောင် သူတို့က ကျုပ်ယွီမိသားစုက ထွက်ပြေးသွားတဲ့အစေခံတွေ ဖြစ်နေတုန်းပဲ”

“ယွီမျိုးနွယ်စုခေါင်းဆောင်၊ အဲဒါမဟုတ်ဘူးလေ” ရွှမ်းယွမ်မိသားစုက ကြားဖြတ်ပြောလာတယ်။

“ကျန့်ရှန်းက တကယ်ပဲ ဒီလိုဆိုးယုတ်တဲ့အလုပ်တွေ ကျူးလွန်ခဲ့တာ၊ ဒါကြောင့် ကောင်းမွန်တဲ့ဂိုဏ်းအဖြစ် သတ်မှတ်လို့ မရတာမို့ ယွီမိသားစုဝင်အဖြစ် စဉ်းစားလို့ မရတော့ဘူးလေ၊ သူ့လက်အောက်က လူသားမီးပြင်းဖိုတွေကလည်း ယွီမိသားစုရဲ့ မိသားစုကျွန်တွေ မဟုတ်တော့ဘူးပေါ့၊ ဒါဆို ဘယ်လိုလုပ်ထွက်ပြေးသွားတဲ့ ကျွန်ဆိုတာ ရှိဦးမှာလဲ”

“ဒီကိစ္စအတွက် တိကျတဲ့ သုံးသပ်ချက်မရှိသေးဘူးလေ၊ တစ်ဖက်သတ်ဇာတ်လမ်းက သက်သေအဖြစ်သုံးဖို့မလုံလောက်ဘူး” ယွီဟိုင်ဟုန်က လက်မလွှတ်ချင်သေးဘူး။

“ကျန့်ရှင်းအလောင်းက အခုဘယ်နေရာမှာမှ ရှာမတွေ့တာ၊ သူ မိစ္ဆာလမ်းစဉ်ကို ကျင့်သုံးတယ်ဆိုတာ ဘယ်လိုလုပ် သေချာနိုင်မှာလဲ”

“အထက်ထျန်းလန်မြို့မှာ” ရှန်းရင်ဖြေလိုက်တယ်။

“အဲလူ မြေကြီးထဲမှာပဲရှိ‌ဦးမှာ၊ နင်တို့ သွားတူးကြည့်လို့ရတယ်၊ သူ့အလောင်းကိုဖော်နိုင်မှာပါ”

နောက်တော့ တစ်အောင့်စဉ်းစားနေပြီးမှ ထပ်ဖြည့်ပြောတယ်။

“အင်း၊ နည်းနည်းပိုပြီးနက်နက် တွင်းတူးဖို့လိုလောက်တယ်”

မြေကြီးထဲမှာပေါ့

ရွှမ်းယွမ်ယွီ ကြက်သီးထသွားပြီး တချို့သောပုံရိပ်တွေကို ပြန်သတိရကာ အထက်ထျန်းလန်မြို့မှာ ဘာတွေဖြစ်ခဲ့လဲ မမေးချင်တော့ဘူး။

ယွီဟိုင်ဟုန် ခွန်းတုံ့ပြန်ဖို့ ငြင်းခုန်ချက်မရှိဘဲ သူ့မျက်နှာက မျက်နှာသေဖြစ်သွားခဲ့တယ်။ ယွီမိသားစုက ကျန့်ရှင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သတင်းတချို့ရခဲ့ပြီးသား။ သူတို့က ဝူတိဂိုဏ်းကို ဖိနှိပ်ဖို့ ဆင်ခြေအနေနဲ့သာ သုံးခဲ့တာ။ ဒါပေမဲ့ တကယ်လို့ ကျန့်ရှန်းအလောင်းကို‌ သွားရှာမယ်ဆိုရင် နတ်ဝိညာဉ်အဆင့်လူတစ်ယောက်ရဲ့ အလောင်းကမပုပ်သိုးလို့ သွေးကြောတွေကို တစ်ချက်စမ်းကြည့်တာနဲ့ အားလုံးအဖြေပေါ်ပြီးသားဖြစ်သွားလိမ့်မယ်။

“အမှန်တရားကို မစုံစမ်းရသေးတော့ ဒီကိစ္စကို ဒီနေ့အတွက် အဆုံးသတ်သင့်ပြီ” ယင်းဖုန်း ရှေ့တစ်လှမ်း တက်လိုက်တယ်။

“ယွီမျိုးနွယ်စုခေါင်း‌ဆောင်၊ ကျေးဇူးပြုပြီး ဝူတိဂိုဏ်းက တပည့်နှစ်ယောက်ကို လွှတ်လိုက်ပါ”

“ဟုတ်တယ် မြန်မြန်လွှတ်ပေးလိုက်ပါ” ရွှမ်းယွမ်ယွီ လောလိုက်တယ်။

‌ဝမ်းသာသွားပြီး စစ်ယွီက နောက်ဆုံးတော့ စိတ်လှုပ်ရှား‌တာပြေလျော့သွားပြီး ရှန်းရင်ကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်တော့တယ်။

“ဟုတ်တယ်” ရှန်းရင်က တစ်ခုခုတွေးမိသွားပြီး ယွီဟိုင်ဟုန်ကိုလှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

“သူတို့အတိတ်ကို ဂရုမစိုက်ပေမဲ့ ရှောင်လွီနဲ့ရှောင်ဟုန်အကြောင်း နောက်ပိုင်း ဘာပဲရှာတွေ့ရှာတွေ့ သူတို့က ဝူတိဂိုဏ်းရဲ့ ကလေးမတွေပဲ၊ နင်တို့ သူတို့ကို ဒီလိုဖမ်းချင်တိုင်းဖမ်းလို့မရဘူး ငါ စိတ်မရှည်ဘူးနော်— နင်တို့မှတ်ထားတာကောင်းမယ်”

အဲဒါဘာသဘောလဲ။ ဂိုဏ်းအသေးလေးရဲ့ ဂိုဏ်းချုပ်က ယွီမိသားစုကို ခြိမ်းခြောက်နေတယ်ပေါ့ ယွီဟိုင်ဟုန် ဒေါသထွက်လွန်းပြီး ထရပ်တော့မဲ့ဆဲဆဲ ရွှမ်းယွမ်ယွီက သူ့ကို အမြန်လှမ်းဆွဲပြီး ရှန်းရင်ကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်တယ်။

“ဒါပေါ့ ဒါပေါ့ ဒါက အထင်လွဲကြတာပါ၊ အကြီးအကျယ် ဖြစ်ဖို့မလိုပါဘူး၊ ယွီမျိုးနွယ်စုခေါင်းဆောင် ဝူတိဂိုဏ်းက တခြားတပည့်တွေကို မြန်မြန်လွှတ်ပေးပါ

သူ အသည်းအသန် ယွီဟိုင်ဟုန်ကို မျက်စိမှိတ်ပြလိုက်မှ သူဘာဆိုလိုလဲနားလည်သွားတယ်။ မကျေမချမ်း နှာမှုတ်သံနဲ့အတူ နောက်ဆုံးတော့ ဒေါသကိုမျိုသိပ်ပြီး ဘေးက ခရီးသွားမသေမျိုး အကြီးအကဲကို အချက်ပြလိုက်တယ်။ တစ်ဖက်လူက ခေါင်းညိတ်ပြပြီး မျက်စိတစ်မှိတ်အတွင်း ခန်းမထဲက ပျောက်ကွယ်သွားတယ်။

တစ်ခဏနေတော့ သူက ပြန်ပေါ်လာပြီး လူတစ်ယောက်ကို ရှန်းရင်ဘေး ပစ်ချလိုက်တယ်။

သူမပျောက်သွားခဲ့တဲ့ နာရီအနည်းငယ်အတွင်း ယွီဟုန်ရဲ့ နဂိုတောက်ပပြီးလှပတံ့ အဝတ်အစားက အနီရင့်ရောင်သွေးတွေနဲ့ စွန်းထင်းနေခဲ့ပြီ။ ခန္ဓာကိုယ်နဲ့မျက်နှာက ဒဏ်ရာတွေက နက်လွန်းလို့ အရိုးတွေတောင် မြင်နေရတယ်။ နဂိုက အနုစိတ်ထားတဲ့ဆံပင်ပုံစံက လုံးဝကိုရှုပ်ပွနေပြီး အတော်လေး စိတ်မချမ်းမြေ့စရာကောင်းနေတယ်။

“ဆရာတူအစ်မ” စစ်ယွီ အမြန်ပြေးသွားပြီး သူမကို ဂရုတစိုက် ကူတွဲပေးလိုက်တယ်။

ယွီဟုန် ဘေးက ရှန်းရင်ကို ခေါင်းမော့ကြည့်ကာ မျက်ဝန်းတွေက တောက်ပသွားပြီး ခပ်တိုးတိုး လှမ်းခေါ်တော့တယ်။

“ဂိုဏ်းချုပ်” သူမက ရှန်းရင် မစိုးရိမ်အောင် ပြုံးပြဖို့ကြိုးစားပေမဲ့ မျက်နှာပေါ်က ဒဏ်ရာတွေက ချက်ချင်းသွေးထွက်လာတော့တယ်။

အဲဒါက ရှန်းရင်အတွက် နောက်ဆုံးကောက်ရိုးပဲ — သူမထဲက တစ်စုံတစ်ရာဟာ ပေါက်ကွဲထွက်လာတော့တယ်။

သူမ ရယ်ပြီး ခေါင်းမော့ကြည့်လိုက်တယ်။

“ဟာ့… ကျိုးကြောင်းသင့်အောင် နေရတာ ငါတော့တကယ်သဘောမကျဘူး”

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ မဖြစ်ပါဘူး”

နောက်ကျသွားလွန်းခဲ့ပြီ။ တစ်ခဏအတွင်းမှာတင် ရှန်းရင်က ယွီဟိုင်ဟုန်နောက်ကို ရောက်နေခဲ့လေပြီ။

ရွှမ်းယွမ်ယွီ ရင်ထဲ ထိတ်သွားတယ်။ သွားပြီပေါ့

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset