FAKE

အပိုင်း (၅-၆)

အပိုင်း ၅

အငြင်းအခုံ ဖြစ်နေချိန်တွင် ရှန်းမိသားစုသည် အန်းရန်ကို သူမရဲ့မူလမိသားစုဆီကို ပြန်သွားရန် စိတ်ကူးကို သွားခွင့်ပြုဖို့ လက်မခံနိုင်ကြပါဘူး။ နောက်ဆုံးတော့ သူတို့ ဒီကိစ္စကို ဘေးဖယ်ထားပြီး သူမကို အိမ်ပြန်ခေါ်သွားခဲ့တယ်။

အားလုံး သွားသောအခါ အန်းရန်က သက်ပြင်းချမိတယ်။သူမသည် မောပန်း နွမ်းနယ်နေကာ နဖူးကို ပွတ်လိုက်ပြီး အခုအခါ သူမရဲ့စနစ်ကို အသေးစိတ်လေ့လာဖို့ အချိန်ရနေပြီဖြစ်တယ်။

မျက်လုံးများကိုမှိတ်ထားရင်း၊ သူမသည် နှလုံးသားအတွင်းမှ စနစ်တစ်ခုကို ဆင့်ခေါ်လိုက်ရာ အလင်းရောင်နီးပါးကြည်တဲ့ ဖန်သားပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာတယ်။

[အိမ်ရှင်၊ အန်းရန်(သေချာသော)

ကျန်းမာရေး ၊ ၃၆၅ရက် (အန္တရယ်များ)

လေ့လာမှုတန်ဖိုး၊ သုည( အမှတ်၁၀၀ အတွက် ၁ ကြိမ်း ပြန်လည်ရွေးနှုတ်ခြင်း) ]

[ကံစမ်းမဲလှည့်ခြင်း]

[တာဝန်]

သူမရဲ့ကျန်းမာရေးကို ကြည့်လိုက်တော့၊ အန်းရန် လန့်နိုးလာပြီး နောက်တစ်ခါ မူးလဲလုနီးပါးဖြစ်ခဲ့တယ်။

သူမရဲ့ကျန်းမာရေးသည် ၃၆၅ရက်သာ ကြာရှည်ခံသည်ကို တွေ့ပြီးနောက် အံ့သြသွားတယ်။

သူမ ကူးပြောင်းခဲ့တဲ့ အမြောက်စာသည် စောစော သေတာကို သူမ သိတယ်။ ဒါပေမဲ့ သူမက ဇာတ်ကြောင်းကို သေသေချာချာ ပြောင်းလဲပြီးသားပါ။ ဘာလို့ စောစောသေရမှာတုန်း။

သူမ တကယ်ကို ဒေါသထွက်နေပါပြီ။

အန်းရန်သည် အသက်ပြင်းပြင်းရှူပြီး စိတ်ကို တည်ငြိမ်အောင်ကြိုးစားတယ်။

အဲ့ဒါကို မေ့လိုက်တော့၊ ကံကောင်းထောက်မစွာနဲ့ သူမသည် အမျိုးသားဇာတ်ဆောင်ရဲ့ ရွှေလက်ချောင်းကို လက်ဖြင့် လှမ်းယူခဲ့တယ်။ ဝတ္ထုထဲမှာ ဒီရွှေလက်ချောင်းက အရမ်း အစွမ်းထက်တယ်။

ဒီရွှေလက်ချောင်းကို အားကိုးပြီး ပျော့ညံ့တဲ့ ကြက်အထီးခေါင်းဆောင်သည် (ဇာတ်လိုက်ကောင်) စိတ်အားထက်သန်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်။

အန်းရန်သည် ကံစမ်းမဲပေါက်တာကို ဝမ်းသာအားရ တွေ့လိုက်ရတယ်။

[ကောက်ချက်ချခြင်း၊ လေ့လာမှုတန်ဖိုးသည် ကောက်ချက်ချဖို့ မလုံလောက်ပါဘူး]

လေ့လာမှုတန်ဖိုးက ဘယ်လိုဒုက္ခမျိုးပါလိမ့်။

သူမ မှတ်ဉာဏ် မှားနေတာလား၊ ဒါမှမဟုတ် ဒီစနစ်က မှားနေတာလား။ ဒီစနစ်က အမျိုးသားဇာတ်ဆောင်နဲ့ အရမ်းကွာခြားတယ်။

သူမရဲ့ မှတ်ဉာဏ်ထဲတွင် အမျိုးသားဇာတ်ဆောင်ရဲ့စနစ်သည် လေ့လာမှု တန်ဖိုးထက် ကျော်ကြားမှုဂုဏ်ဒြပ် တန်ဖိုးကို မှီခိုအားထားခဲ့တယ်။

အန်းရန်သည် ရုတ်တရက် သူမရဲ့ နှလုံးသားထဲတွင် ဆိုးရွားတဲ့ ထင်မြင်ချက်တစ်ခု ရှိနေတယ်။

ကံစမ်းမဲ မပေါက်သောကြောင့် အန်းရန်သည် အလုပ်ကို ချက်ချင်း သဘောပေါက်သွားတယ်။

အလုပ်ဇယားထဲကို ဝင်ရောက်ပြီးနောက် အန်းရန်သည် မရေတွက်နိုင်သော အလုပ်များကို တွေ့ခဲ့ရတယ်။

[အဓိကတာဝန်

နံပါတ် ၁ ခေါင်းစဉ် အဖြစ် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် နိုင်ငံအတွင်း အကောင်းဆုံး တက္ကသိုလ်ကို ဝင်ခွင့်ရယူပါ။ ဆုလာဘ်များ….(၁) ကမ္ဘာပေါ်မှာ အလှဆုံး ဖြစ်လာစေရမယ်။ (၂) အသက် ၂၀ နှစ် တန်ဖိုး]

[အခြားအလုပ်

ပထမအလုပ်… အထက်တန်းကျောင်း ပထမနှစ်ရဲ့ ပထမနှစ်လမှာ ထိပ်တန်း အယောက် ၂၀၀အတွင်း ဝင်ရမယ်။

5 02

ဆုလာဘ်များ…(၁)အသက် ၁၀ရက်တာ၊(၂) အဲဒါက ယုံကြည်မှုရှိဖို့ ဆိုလိုတာပါ၊ ဆံပင်ထိန်းဆေးထောင့်များ(သက်တမ်း…တစ်နှစ်ခွဲ) ]

[နေ့စဥ်အလုပ်များ

၁။တစ်နေ့လျှင် လေ့လာမှုတန်ဖိုး ၁နာရီလောက် အာရုံစိုက်ပါ(တစ်နေ့လျှင် ၁၀ မှတ်အထိ)

၂။ ဘာသာရပ်စာမေးပွဲ စာရွက်တစ်ရွက်စီ အတွက် နေ့စဥ် ၁ မှတ် လေ့လာမှုတန်ဖိုးအတွက် အဖြေ (တစ်နေ့လျှင် ၁၀ မှတ်)

၃။ တစ်နေ့လျှင် 0.5မှတ် အတွက် စာသင်ခန်းထဲတွင် မေးခွန်းများကို တက်ကြွစွာ ဖြေဆိုပါ။(လေ့လာမှုတန်ဖိုး ၅မှတ်)

၄။ တစ်နေ့လျှင် 0.5မှတ်အထိ တိုးမြှင့်ဖို့ အတန်းဖော်တစ်ဦးနဲ့ ဆက်သွယ်ပြီး တက်ကြွစွာ အတူတကွ လုပ်ဆောင်ပါ။(လေ့လာမှုတန်ဖိုး ၅မှတ်)

၅။ ရိုးသားမှုဖြင့် သင်ရိုးပြင်ပ စာဖတ်ခြင်း 0.5မှတ် (ကန့်သတ်ချက်မရှိ)

မှတ်ချက်…လေ့လာမှုတန်ဖိုး အမှတ်၁၀၀ကို ၁ ကြိမ်နဲ့ လဲလှယ်နိုင်တယ်။]

အန်းရန်သည် အလုပ်ကော်လံရှိ လုပ်ဆောင်စရာ အားလုံးကို ဖတ်လိုက်တယ်။

ငါးဆားနယ်ဆိုတော့ သူမ ဘယ်လိုလုပ်ရမလဲ မသိပါဘူး။

(ငါးဆားနယ် ဆိုသည်မှာ ဘဝတွင် ဘာမှလုပ်ဖို့ ရည်ရွယ်ချက်မရှိသူ၊ ပျင်းရိသူများကို ဆိုလိုတာပါ။)

နံပါတ် (၁) ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် နိုင်ငံအတွင်း အကောင်းဆုံး တက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိထားရမယ်။ သူမရဲ့အရင်ဘဝ၊ အရင်ရည်းစားဟောင်းသည် အထက်တန်းကျောင်းတက်တုန်းက သင်ပြပေးခဲ့ပေမယ့်လည်း သူမက ပျမ်းမျှရမှတ်ဖြင့် အဆုံးသတ်ခဲ့တယ်။ ရည်းစားဟောင်းက အတူတူ တက္ကသိုလ် တက်ဖို့ ဆန္ဒရှိခဲ့တယ်။

ဒီအဓိက တာဝန်က အလွန်ခက်ခဲပါတယ်။

ပြီးတော့ အဲ့ဒါက တစ်သက်တာ အသက်၂၀ ဆုကို ပေးခဲ့တာလား။

ဒါပေမဲ့… .

ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်း ကျောင်းသားဘွဲ့ဖြင့် အမြင့်ဆုံး တက္ကသိုလ်ကို ဝင်ခွင့် ရရှိနေသရွေ့ ကမ္ဘာပေါ်တွင် အလှဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာနိုင်တယ်။ ကမ္ဘာပေါ်မှာ အလှဆုံးမျက်နှာ ရှိလာမှာလား။

ဒီတစ်ခုတော့၊ သူမလုပ်နိုင်တယ်၊ သူမ အလုပ်ကြိုးစားနိုင်ပါတယ်။

သူမ လှပနေသရွေ့ နေ့တိုင်း ပင်ပင်ပန်းပန်း စာသင်ဖို့ ဆန္ဒ ရှိနေဆဲပါဘဲ။

သူမသည် ဒီအလုပ်တွေကို ဂရုမစိုက်တော့ဘဲ ဘယ်လိုလေ့လာရမလဲဆိုတာကို လေးလေးနက်နက် စဥ်းစားလာခဲ့တယ်။

သူမသည် ငယ်ငယ်ကတည်းက ကျန်းမာရေး ချူချာလို့ ဆေးရုံကို မကြာခဏသွားရပြီး ရံဖန်ရံခါမျှသာ ကျောင်းတက်ခဲ့ရတယ်။ ဒါ့ကြောင့် သူမရဲ့ သင်ကြားမှု အခြေခံ အုတ်မြစ်ကို ကောင်းစွာ မတည်ဆောက်နိုင်ခဲ့လို့ မူလတန်းမှ အထက်တန်းကျောင်းအထိ သေသေချာချာ အရာမထင်ခဲ့ပါဘူး။

ပြီးတော့ သူမက စာမေးပွဲအတန်းရဲ့ နောက်ဆုံးဆယ်ယောက်မှာ လူဖျင်းလို့ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရတယ်။

အခုဆိုရင် သူမသည် ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ပထမနေရာဖြင့် အကောင်းဆုံး တက္ကသိုလ်ဝင်ခွင့် ရဖို့ဆိုရင် သူမတစ်ယောက်တည်းသာ လုပ်နိုင်ရမယ်။

ကျူရှင်ဆရာကို သူမအတန်းစဖွင့်ဖို့ မေးတယ်။ ပြီးတော့ သူမက အလယ်တန်းကျောင်းတွင် အကုန်လုံး သင်ယူခဲ့ရပါတယ်။

ဒါကို တွေးကြည့်ရင်း အန်းရန် တစ်ကိုယ်လုံး အဆင်မပြေ ဖြစ်သွားတယ်။

ဒီစနစ်သည် လူတစ်ဦးနဲ့တစ်ဦး ဘာလို့ အရမ်းကွာခြားတာလဲ။ ဒီစနစ်သည် အမျိုးသားဇာတ်ဆောင် လက်ထဲတွင် ဂုဏ်သိက္ခာရှိတဲ့ စနစ်တစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ လူတိုင်းက လွယ်ကူစွာ ကြယ်ပွင့်ကြီးတွေ ဖြစ်လာနိုင်ပြီး ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်တယ်။ သူသည် မရေတွက်နိုင်သော ဆုလာဘ်များ ရရှိခဲ့တယ်။

…..

6 01

အပိုင်း ၆

သူမရောက်လာချိန်မှာ ကျောင်းထိပ်တန်းစနစ်ကို သူမဘာလို့ ရရှိခဲ့တာလဲ။ ကံစမ်းဖို့ လေ့လာမှုတန်ဖိုးကို ဘာလို့ စုဆောင်းဖို့ လိုအပ်တာလဲ။

နောက်ဆုံးတော့ သူမက ထိပ်တန်းစူပါစတား အဖေနဲ့ အလှဘုရင်မ အမေတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ခဲ့တယ်။ သူမသည် ငယ်စဥ်ကတည်းက ကိုယ်ပိုင် ထီးဆောင်းပြီး ပရိတ်သတ်များစွာ ရှိခဲ့တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်နောက်လိုက်ကာ “ဖေဖေပြန်ရောက်ပြီ”ဆိုတဲ့ ရသစုံရှိုးမှာ ပါဝင်ခဲ့ပြီး အမျိုးသမီး ပရိတ်သတ် အများအပြား ရရှိခဲ့တယ်။

အရင်နှစ်တွေ သူမသည် မကြာခင် ထွက်ရှိတော့မယ့် အထူးအကျိုးသက်ရောက်မှု ရှိတဲ့ ဇာတ်ကားတွင် ဖခင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တယ်။ သူမက ဇာတ်ဝင်ခန်းအများကြီး မပါခဲ့ပေမယ့်လည်း သူမပါတဲ့အခန်းတွင် လှပပြီးအရေးပါသော နတ်သမီးလေးတစ်ဦးဖြစ်တယ်။ ဒါကြောင့် ဇာတ်ကား ထွက်ပြီးရင် သူမရဲ့ ပရိတ်သတ်တွေ အများကြီး တိုးလာမှာ သေချာပါတယ်။

တကယ်လို့ ဒါက အမျိုးသားဇာတ်ဆောင်ရဲ့ ကျော်ကြားမှုစနစ် ဖြစ်ခဲ့ရင် သူမအတွက် တကယ်ကို ပြီးပြည့်စုံသွားပါလိမ့်မယ်။

သူမရဲ့ အလှတရားနဲ့ အသက်ရှည်ပြီး ကြည်ရှည်ခံလိမ့်မယ်။

သူမဒီအကြောင်းကို ပိုတွေးလေ အန်းရန်ကပိုဒေါသထွက်လေပါဘဲ။

အထူးသဖြင့် သူမကိုတွေ့ပြီးနောက် ကျန်းမာရေး နှင့် ဘဝတန်ဖိုးကို လေ့လာပါ။

နောက်ဆုံးတော့ အန်းရန်သည် စနစ်မှ နှုတ်ထွက်ခဲ့ပြီး သူမ အဲ့ဒါကို ထပ်မမြင်ချင်ခဲ့ပါဘူး။

ဒါတောင်မှ အိပ်ယာမဝင်ခင်အထိ အန်းရန် တွေးနေတုန်းပါဘဲ။

သူမရဲ့မိဘအရင်းများမှာ အလွန်ဆင်းရဲပြီး သူမ ဖျားနာနေတာကို ပြုစုစောင့်ရှောက် နေရဆဲပါ။

သူမသည် လှပဖို့နဲ့ အသက်ရှင်ဖို့ သင်ယူခဲ့ရပြီး အန်းရန် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့တယ်။

အဲ့ညတွင် အန်းရန်သည် အိမ်မက်တစ်ခုမက်ပြီး ရှုပ်ထွေးနေခဲ့တဲ့ ညတစ်ညဖြစ်ခဲ့တယ်…..

နောက်တစ်နေ့ အိပ်ယာကနိုးလာတော့ ရှန်းရွှယ်ရော့နဲ့ စုယွမ်းရာကို တွေ့လိုက်တယ်။

“အဖေ၊ အမေ သမီး စာလေ့လာချင်တယ် အလယ်တန်းကစပြီး သင်ရိုးညွှန်းတမ်းတွေကို ကျူရှင်ဆရာကို တောင်းခိုင်းပေးပါ။ မအောင်မှာ ကြောက်လို့ပါ။ သမီး မိသားစုဆီကို ပြန်ရောက်ရင် စာလေ့လာဖို့ အခွင့်အရေး မရလောက်ဘူး”

အန်းရန်ရဲ့စကားများသည် ရှန်းပေါယန်နဲ့ စုယွမ်းရာ တို့ကို စိတ်မသက်မသာ ဖြစ်စေပြန်တယ်။ စာသင်ရတာကို မကြိုက်ဘဲ စာလေ့လာရတာ စိတ်မဝင်စားတဲ့ သူတို့ရဲ့သမီးလေးက ခက်ခက်ခဲခဲ စာလေ့လာချင်တယ်လို့ တောင်းဆိုရင်း ရုတ်တရက် မေးပြီး နိုးလာပါတယ်။ သူမ မိသားစုဆီ ပြန်ရောက်ရင် စာသင်ဖို့ အခွင့်အရေး မရှိတော့လို့ပါ။

အဲ့ဒါက သူတို့ကို စိတ်ဆင်းရဲစေတယ်။

ရှန်းပေါယန်နဲ့ စုယွမ်းရာတို့သည် သူတို့ရဲ့မင်းသမီးလေးကို မိဘအရင်းဆီ ပြန်ပေးဖို့ မရည်ရွယ်ပေမယ့်လည်း သမီးလေးကို စိတ်ဖိစီးမှုမဖြစ်စေဖို့အတွက် သူမရဲ့ တောင်းဆိုချက်ကို သဘောတူထားဆဲ ဖြစ်တယ်။

အကြီးတန်း ရွှေအဆင့် ကျူတာကထိကကို ဖိတ်ကြားခဲ့တယ်။ အဲ့အချိန်ကစပြီး အန်းရန်သည် ကျူရှင်သင်တန်းများဖြင့် အချိန်ကုန်လွန်စေခဲ့တယ်။

ပြီးတော့ သူက အလယ်တန်းကျောင်းကနေ အကြောင်းအရာတွေကို လေ့လာခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဘဲ အန်းရန်ရဲ့ အင်္ဂလိပ်ကအရမ်းကောင်းမွန် နေသောကြောင့် အင်္ဂလိပ်စာအတွက် အချိန်အနည်းငယ်သာ ပေးခဲ့ရတယ်။

“မစ္စအန်းရန်၊ မင်းဒီမှာ ရွတ်ပြရမယ်။”

“ဒီပုံသေနည်းကို စိတ်ထဲမှတ်ထားပါ”

“ဒီမှာ…”

6 02

အန်းရန်ရဲ့ မပျင်းမရိဘဲ လေ့လာတဲ့ အချိန်ဇယားကြောင့် တစ်ပတ်အကြာတွင် အမှတ်အချို့ကို ရရှိနိုင်ခဲ့တယ်။ မဲနှိုက်ဖို့အတွက် လေ့လာမှုအမှတ် ၁၀၀အထိ ဆွဲချဖို့ ခက်ခဲပါတယ်။

သူမ မစောင့်နိုင်တော့ပါဘူး။ အန်းရန်သည် သူမရဲ့ ကိုယ်ပိုင်ကျောင်းကို ထိပ်ဦးစနစ်ဖြင့် ဖွင့်ပြီးတာနဲ့ ချက်ချင်းဆွဲချလိုက်တယ်။

ကိုးစတုရန်းထောင့်ဇယားကွက်ရဲ့ 3*3 စတုရန်းပုံတစ်ပုံသည် သူမရဲ့ မျက်စိရှေ့တွင် ရှိနေတယ်။ အလယ်ခလုတ်သည် ကံစမ်းမဲခလုတ် ဖြစ်ပြီး အပြင်ဘက်အဝိုင်းရှိ အခြားစတုရန်း ရှစ်ခုမှာ ဆုတံဆိပ်တုံးများဖြစ်တယ်။

ဒီစတုရန်း ရှစ်ခုရဲ့အကျိုးများမှာ [သုံးစွဲခြင်း] [ကျွမ်းကျင်မှု]နဲ့ [ပင်ကိုယ်အရည်အချင်း] တို့ဖြစ်တယ်။

၎င်းတို့အနက် အများဆုံးမှာ စားသုံးမှု အမျိုးအစားအတုံးများ ဖြစ်တယ်။ တုံးငါးခုမှာ ကျွမ်းကျင်မှုတုံးနှစ်ခုနဲ့ ပင်ကိုယ်အရည်အချင်းတုံးတစ်ခုသာ ဖြစ်တယ်။

ဒီပုံစံကိုကြည့်ရုံဖြင့် အန်းရန်သည် ဒီကံစမ်းမဲတွင် ရည်ညွှန်းသောဆုများသည် အကောင်းဆုံးတွေ ဖြစ်ရမယ်လို့ နားလည်ခဲ့တယ်။

အသက်ပြင်းပြင်းရှူရင်း အန်းရန်သည် မျှော်လင့်ချက်ဖြင့် အလယ်ရှိခလုတ်ကို ချက်ချင်း ဆွဲနှိပ်လိုက်တယ်။

ရွှေရောင်၊ ငွေရောင်နှင့် မီးခိုးရောင် အလုံးများသည် အတုံးများပေါ်တွင် ထွန်းလင်းတောက်ပကာ လျင်မြန်စွာ နှစ်ကြိမ်မျှ ပြေးနေပြီး နောက်ဆုံးတွင် စက္ကန့်အနည်းငယ်ကြာပြီးနောက် ရပ်သွားတယ်။

သုံးစွဲမှုအတုံးမှာ ရပ်သွားတယ်။

အန်းရန်သည် သူမရဲ့နှလုံးသားထဲတွင် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရပေမယ့်လည်း မကြာခင်မှာ သူမ ပြန်ပျော်လာတယ်။

ဘယ်လိုဆုတွေပဲ ဖြစ်နေပါစေ။ သူတို့က အသုံးဝင်မှာ သေချာပါတယ်။

နောက်ဆုံးတော့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင်က ဘယ်တော့မှ အမှိုက်မဆွဲချခဲ့ပါဘူး။

အန်းရန်သည် ပျော်ရွှင်စွာ ချက်ချင်းလိုက်နာပြီး မီးခိုးရောင်ရှိတဲ့ စတုရန်းကို နှိပ်လိုက်တယ်။

ထို့နောက် မီးခိုးရောင် သလင်းကျောက်တစ်လုံးသည် ထွန်းညှိထားသော လောင်စားသုံး စတုန်းပုံပေါ်မှ ပျံထွက်သွားတယ်။

[ပစ္စည်း.. သက်တမ်းကုန်သွားပြီ။ စာသင်ရတာကို သဘောကျတယ်၊ ဦးနှောက်ကို အားဖြည့်ပေးတဲ့ ပုလင်း

နိဒါန်း… တကြိမ်တည်း သုံးစွဲရတဲ့အရာ၊ လေ့လာမှုကို မုန်းတီးနေတဲ့လူဖျင်းသည် အဲ့အရာကို ယူပြီးနောက် လေ့လာမှုကို နှစ်သက်လာလိမ့်မယ်။

၇၂ နာရီကြာပြီးနောက် ဦးနှောက် အသုံးပြုမှုနှုန်းသည် ၁၀၀ ရာခိုင်နှုန်းအထိ ရောက်သွားတယ်။ ၎င်းသည် သက်တ

မ်းကုန်သွားသော ထုတ်ကုန်ဖြစ်တာကြောင့် ဆိုးရွားသော ဘေးထွက်ဆိုးကျိုး အချို့ကို ပေးနိုင်တယ်။ ကျေးဇူးပြုပြီး သတိထားပါ။]

“ဘာလဲ”

ဒါက ဘာအမှိုက်လဲ။ သူမဒါကို သောက်သင့်လား။ ဟင့်အင်း သူမ မသောက်ဘူး။

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset