FAKE

အပိုင်း (၃-၄)

အပိုင်း ၃

သမီးဖြစ်သူကို မိတ်ဆက်ပေးရန် ကျင်းပတဲ့ ရှန်းမိသားစုရဲ့ ညစာစားပွဲသည် မိတ်ဆက်ပေးတာကို မလုပ်ခင်မှာဘဲ ပြီးဆုံးသွားခဲ့တယ်။

ငယ်စဥ်ကလေးဘဝကတည်းက အားနည်းပြီး ဖျားနာတတ်တဲ့ ရှန်းမိသားစုရဲ့ မင်းသမီးလေးသည် မူးလဲသွားခဲ့တယ်။

“ရှန်းမိသားစုရဲ့မင်းသမီးလေးကို ပြန်ရောက်လာတဲ့ မိန်းမငယ်လေးက အနိုင်ကျင့်တာလို့ ငါကြားတယ်”

“သူမက အပြင်မှာကြီးပြင်းလာပြီး လူ့ကျင့်ဝတ်တွေကို လုံးဝ နားမလည်ဘူး”

“ဒီတစ်ခါတော့ ရှန်းမိသားစုက ခေါင်းကိုက်တော့မှာဘဲ….”

…VIP လူနာဆောင်….

အန်းရန်ရဲ့နွေးထွေးပြီးလှတဲ့ လူနာဆောင်သည် အန်းရန်ရဲ့မိသားစုများဖြင့် ပြည့်နေတယ်။

သူတို့က ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မိန်းကလေးကို ကြည့်နေကြတယ်။ သူမမျက်နှာက ဖြူဖျော့ကာ နဖူးတွန့်နေပြီး စိတ်မသက်မသာ ဖြစ်နေပုံပေါက်တယ်။

ရှန်းအန်းရန်က သူတို့ရဲ့အဖိုးတန်ဆုံး မင်းသမီးလေး ဖြစ်တယ်။

သူမသည် ကလေးဘဝကတည်းက နုနယ်သောကြောင့် သူတို့က သူမကိုပိုပြီး အာရုံစိုက်ခဲ့ကြရတယ်။

သူတို့ရဲ့ မင်းသမီးလေး ဖျားနာပြီး ဝေဒနာခံစားရတိုင်း သူမက သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ ကြိုးစားပါတယ်။

ဒီလိုရိုးရှင်းပြီး ကြင်နာတတ်တဲ့ မိန်းကလေးကို ဘယ်သူကများ သဘောမကျဘဲ စိတ်မပူမိဘဲ နေမှာလဲ။

ရှန်းဇနီးမောင်နှံသည် သူမက သူတို့ရဲ့ သမီးအရင်းမဟုတ်တာကို သိလိုက်ရတဲ့အခါမှာတောင် သူမကို စွန့်ပစ်ဖို့ ငြင်းဆန်ခဲ့ကြတယ်။

“အဖေနဲ့အမေ စိတ်ပူစရာမလိုတော့ပါဘူး။ ဆရာဝန်က ရန်ရန်သက်သာလာပြီ။ အနားယူဖို့ပဲ လိုတာလို့ ပြောတယ်.”

သူမရဲ့အဘိုး ရှန်းပေါယန်က ပြောနေစဉ်မှာ သူမရဲ့အဘွားဟူချင်းလန်က နှာခေါင်းရှုံ့လိုက်တယ်။

“သူမက အနားယူဖို့ လိုရုံလေးပါတဲ့လား။ ငါတို့မိသားစုထဲမှာ ရန်ရန်က အမြဲတမ်း ကျန်းမာရေး မကောင်းဘူးဆိုတာကို လူတိုင်းသိတယ်”

သူမ အမေရဲ့စကားကို ကြားတော့ စုယွမ်းရာရဲ့ မျက်နှာက ရုပ်ဆိုးသွားတယ်။ သူမရဲ့မျက်လုံးများသည် သူမ ရှာတွေ့ခဲ့တဲ့ သမီးအရင်းဆီကို ရောက်သွားပြီး စိုက်ကြည့်လိုက်တယ်။

သူတို့ရဲ့မိဘတွေမှာ အသက်ကြီးလာသည်နှင့်အမျှ ဒေါသထွက်မှာကို ကြောက်ရွံ့ပြီး လင်မယား နှစ်ယောက်လုံးက အန်းရန်က သူတို့ရဲ့သမီးအရင်း မဟုတ်ကြောင်းကို မပြောပြနိုင်ခဲ့ကြဘူး။

အခုတင်ဘဲ၊ သူ့အမေက သူ့သမီးအရင်းအကြောင်း မကျေမနပ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ စုယွမ်းရာသည် သူမရဲ့သမီအရင်းကြောင့် စိတ်ဆင်းရဲရုံသာမက မသိနားမလည်တာကိုလည်း အပြစ်တင်ခဲ့တယ်။

ဒါပေမဲ့ စုယွမ်းရာက အဲ့အကြောင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောမှာကို မစောင့်ဘဲ ၁၂နှစ်သား အစ်မချစ်မောင်လေးဖြစ်တဲ့ သူမရဲ့သားအငယ်ဆုံးဖြစ်တဲ့ ရှန်းရန်ပေ့က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။

“အဘွား၊ အဲ့ဒါ ရှန်းရွှယ်ရော့ရဲ့ အမှားပဲ။ ကျွန်တော့်အစ်မကို သူအောက်ကို တွန်းချရုံမကဘဲ ကျွန်တော့်အစ်မက သူမိဘတွေကို ခိုးတယ်လို့လည်း ပြောခဲ့တယ်”

ရှန်းရန်ပေ့ရဲ့ အသံပိတ်သွားသည်နှင့် တပြိုင်နက် ဘေးနားမှာ ငြိမ်သက်စွာ ရပ်နေတဲ့ ရှန်းရွှယ်ရော့ဆီကို အားလုံးရဲ့အကြည့်တွေက ရောက်သွားတယ်။ အံ့သြခြင်းတွေ၊ မကျေမနပ်ဖြစ်ခြင်းနှင့် အပြစ်တင်ခြင်းများ ရှိခဲ့တယ်။
3 02
ငယ်စဥ်ကလေးဘဝ ကတည်းက အိမ်မှာ အလိုလိုက်ခံရသော ရှန်းရွှယ်ရော့သည် ဒီဆွေမျိုးတွေရဲ့ မျက်လုံးထဲက အကြည့်တွေကို မြင်ပြီး လွန်စွာမှားနေကြသည်ကို ခံစားမိတယ်။

ဒီလူတွေက သူမိသားစုတွေမှန်း သိပေမယ့် သမီးအတုကို သူတို့က ပိုချစ်ကြတယ်။

“ရော့ရော့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောပြချင်လဲ”

“ရွှယ်ရော့၊ ရန်ရန်ရဲ့ခန္ဓာကိုယ်က မကောင်းဘူး”

စိတ်ပျက်နေသော မျက်နှာများနှင့် သူမ မိဘအရင်းတွေရဲ့အပြစ်တင်နေတဲ့ မျက်နှာတွေကို ကြည့်ကာ ရှန်းရွှယ်ရော့သည် လွန်ကဲစွာ စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမသည် အဲ့အရာကို မဟုတ်ကြောင်း မပြောနိုင်ခဲ့ဘူး၊ မဟုတ်ရင် သူမရဲ့မိဘတွေနဲ့ သူမ ချစ်ရသူတွေက သူမကို ပိုပြီး သဘောမကျတော့ဘဲ သမီးအတုအတွက် ပိုစိတ်ပူမိကြလိမ့်မယ်။

နောက်ဆုံးတော့၊ သူမအိမ်မက်ထဲမှာ…

အိမ်မက်ထဲမှာ သူမ လုပ်ခဲ့တဲ့အမှားတွေကို ထပ်ခါထပ်ခါ မလုပ်သင့်ဘူး။

ဒေါသထွက်နေပေမယ့်လည်း သူမ မျက်ရည်ဝဲကာ တောင်းပန်လိုက်တယ်။

“အဖေ အမေ တောင်းပန်ပါတယ်။ သမီး တမင်လုပ်တာ မဟုတ်ပါဘူး။ အစ်မ ရန်ရန်က သမီး ငယ်ငယ်ကတည်းက ဝတ်တဲ့ အဆောင်လက်ဖွဲ့ကို လုယူသွားလို့ သမီး အထိန်းအကွပ် မဲ့သွားတာပါ။ သမီး သေချာပေါက် ဒီလို ထပ်မလုပ်တော့ပါဘူး”

ရှန်းရွှယ်ရော့သည် မွေးကတည်းက လှပတယ်။ သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေ၊ မျက်ရည်တွေနဲ့ တောင်းပန်မှုက သူမကို တကယ်ကို သနားစရာကောင်းပြီး ချစ်စဖွယ် ဖြစ်စေခဲ့တယ်။

သူတို့က အဲ့ဒါကို သိပ်မစဥ်းစားပါဘူး။ ကလေးတွေကြား ရန်ပွဲဖြစ်ပြီး သူတို့ မကြာခင်ကမှ ရှာတွေ့ခဲ့တဲ့ မြေးမလေး ရှန်းရွှယ်ရော့ကို အပြစ်မတင်ခဲ့ကြပါဘူး။

လူတိုင်းက သူမကို ကဲ့ရဲ့တဲ့မျက်လုံးတွေနဲ့ မကြည့်ကြတော့တာကို တွေ့လိုက်ရတော့ ရှန်းရွှယ်ရော့ စိတ်အေးသွားတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ မျက်လုံးတွေက အန်းရန်ပေါ်မှာ ရှိနေတာကို မြင်တော့ သူမက စိတ်ပူသွားတယ်။ သူမ စိတ်ထဲမှာ သူမရဲ့ တောက်ပတဲ့ ၁၆နှစ်တာလုံးကို လုယူသွားတဲ့ မိန်းကလေးကို မကျေမနပ်ဖြစ်ပြီး မနာလိုမှုများ ဖြစ်လာတယ်။

သူမရဲ့ဆင်းရဲတဲ့မိသားစုမှာ ပိုက်ဆံမရှိပေမယ့် သူတို့အတွက် သူမက အချစ်ခံရတဲ့ မင်းသမီးလေးပါဘဲ။

သူမသည် လူတိုင်းရဲ့ အာရုံစိုက်ရာ ဖြစ်ခဲ့တယ်။

ဒါပေမဲ့ သူမရဲ့ အရင်အခြေအနေကို ရှန်းအန်းရန်က အစားထိုးသွားတယ်။

အထူးသဖြင့် ဒီမိန်းကလေးက ရှန်းမိသားစုရဲ့ သမီးအစစ် မဟုတ်ပေမဲ့ သူမမွေးစားမိဘတွေရဲ့ သမီးဖြစ်တာကြောင့် ဖြစ်တယ်။

ဒါတွေအားလုံးက သူမရသင့်တာ ဖြစ်ပေမဲ့ သူမ(အန်းရန်)က ယူသွားခဲ့တယ်။

မနာလိုမှုများနဲ့ မှားယွင်းနေတဲ့မျက်လုံးများ အောက်တွင် နောက်ဆုံးတော့ အန်းရန်နိုးလာခဲ့တယ်။

“ရန်ရန်၊ သမီးနိုးပြီလား”

“ရန်ရန်၊ သမီးဘယ်လိုနေသေးလဲ”

“ရန်ရန်၊ သမီး အဆင်မပြေသလို ခံစားရလား”

အန်းရန် မျက်လုံး ဖွင့်ကြည့်လိုက်တော့ လူနာဆောင်ထဲမှာရှိတဲ့ လူတိုင်းက ကုတင်ဘေးတွင် ဝိုင်းထားကြတယ်။

ဒီမြင်ကွင်းက ရှန်းရွှယ်ရော့ကို ပိုပြီး ဒေါသဖြစ်သွားစေတယ်။

“မေမေ၊ ဖေဖေ၊ အဘိုး၊ အဘွား သမီးနေကောင်းပါတယ်။ သမီးကို စိတ်မပူပါနဲ့”

ခါတိုင်းလိုပဲ၊ အန်းရန်က ချစ်စရာကောင်းပြီး ချိုမြိန်တဲ့အပြုံးနဲ့ ပြုံးပြခဲ့ပေမယ့် အပြုံးက အရမ်းကို နုနယ်နေတယ်။

“ဘာကောင်းတာလဲ၊ သမီး သတိလစ်သွားခဲ့တာ”
3 03
ဟူချင်းလန်က မပျော်မရွှင် ခေါင်းယမ်းလိုက်ပြီး အန်းရန်ရဲ့ ခေါင်းလေးကို ပွတ်သပ်ဖို့ လက်လှမ်းလိုက်တယ်။ သူတို့ရဲ့စကားလုံးများက ပြစ်တင်ဝေဖန်တဲ့သဘော ဖြစ်နေပေမယ့်လည်း သူမရဲ့လေသံက အလိုလိုက်မှုတွေနဲ့ ပြည့်နေတယ်။

“ဟုတ်တယ်၊ အန်းရန် သမီးက အဖေနဲ့အမေကို လန့်သွားစေတာဘဲ”

စုယွမ်းရာကလည်း အန်းရန်ရဲ့လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်ကာ သူမကို စိုးရိမ်တကြီးဖြင့် ကြည့်နေလေတယ်။

လူတိုင်းက သူမကို အရမ်းဂရုစိုက်ကြတာကို မြင်တော့ အန်းရန်ရဲ့နှာခေါင်းက စူးခနဲ ဖြစ်သွားတယ်။

သူမရဲ့ မိဘများ၊ အဘိုးအဘွားများ၊ ဦးလေး၊ မောင်လေးတွေက သူမကို အရမ်းချစ်ကြတာကို သိပေမဲ့ လေးနက်တဲ့ အချစ်တွေကို ခံစားလိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားသွားမိတယ်။

အရင်ဘဝက အန်းရန်က ဒီလိုချစ်ခင်မှုမျိုးကို တစ်ခါမှ မခံစားဖူးဘူး။

သူမကို အရမ်းချစ်တဲ့ ဒီမိသားစုက သူမရဲ့မိသားစုအစစ် မဟုတ်လို့ နှမြောဖို့ကောင်းလေတယ်။

အန်းရန်က မျက်လုံးများကိုပင့်ကာ နံရံနဲ့ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့ ရှန်းရွှယ်ရော့ကို ကြည့်လိုက်တယ်။ မနာလိုမှု၊ ဒေါသနှင့် မလိုလားမှုတွေ အပြည့်ပါတဲ့အကြည့်နဲ့ သူမရဲ့လှပသော မျက်လုံးတွေက သူမကို စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။

သူမက အေးခဲသွားပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ တကယ်တမ်းမှာ ဇာတ်ကွက်နဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် ရှန်းရွှယ်ရော့က ကြင်နာတတ်လား မကြင်နာတတ်ဘူးလားဆိုတာ အရေးမကြီးဘူး။

ဘာဖြစ်လို့လဲဆိုတော့…

“အဖေ ၊ အမေ သမီးက အဖေနဲ့အမေရဲ့ သမီးအရင်းမဟုတ်ဘူးဆိုတာကို သိပါတယ်”


4 01
အပိုင်း ၄

အန်းရန်က ရှန်းမိသားစုမှာ ဆက်နေဖို့ အစီအစဉ် မရှိဘူး။

သူမရဲ့ စူပါစတား ဖေဖေ၊ အလှဘုရင်မ မေမေ၊ အဘိုးနဲ့အဘွား အားလုံးက သူမကို အရမ်းချစ်ကြရင်တောင် သူမက ဒီမိသားစုနဲ့ မသက်ဆိုင်ပါဘူး။

ဒီဇာတ်လမ်းမှာ ပါဝင်၊ ဒီမိသားစုမှာ အရဲတင်းပြီးနေထိုင်၊ ရှန်းရွှယ်ရော့နဲ့ ပြဿနာတွေအများကြီးတက်၊ မိသားစုတွင်း မကောင်းတဲ့ စိတ်ခံစားချက်တွေ မြင့်တက်လာပြီး သူမကို စွန့်ပစ်လိုက်တာထက် သူမက ချက်ချင်း ထွက်သွားလိုက်မယ်။

တကယ်တော့ ရှန်းမိသားစုက အရာအားလုံးက ရှန်းရွှယ်ရော့နဲ့ သက်ဆိုင်တယ်။

တကယ်တော့ သူမက ရှန်းမိသားစုရဲ့ သမီးအရင်း မဟုတ်ဘဲ ကျီးအသိုက်ထဲက ခိုတစ်ကောင်သာဖြစ်တဲ့ သမီးအတုဖြစ်တယ်။ (တခြားသူရဲ့အိမ်မှာနေရတယ်)

ဘာကြောင့်လဲ ဆိုတာက အရေးမကြီးပါဘူး။

အဲဒါထက် သူမသေဖို့ တစ်နှစ်သာ လိုတယ်။

ဒီလို အရမ်းဆိုးရွားတဲ့ကိစ္စတွေမှာ သူမ မပါဝင်ချင်ပါဘူး။

“ရန်ရန်၊ သမီး ဘာတွေ ပြောနေတာလဲ”

“ဘာလဲ၊ ရန်ရန်က မင်းရဲ့သမီးအရင်း မဟုတ်ဘူးလား”

…..

အန်းရန်ပြောသော စကားများသည် ဗုံးတစ်လုံးလိုဖြစ်ပြီး လူတိုင်းကို ထိတ်လန့်သွားစေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အန်းရန်သိနေတာကို သူမရဲ့မိဘတွေက အံ့သြသွားကြတယ်။

ဒါပေမဲ့ အဘိုးအဘွားတွေက သူတို့ရဲ့မြေး မဟုတ်ကြောင်းသိတော့ ထိတ်လန့်သွားကြတယ်။

တစ်အုပ်စုလုံးက တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်။ အန်းရန်က အသက်ပြင်းပြင်းရှူကာ သူမအသံ တုန်တုန်ယင်ယင် မဖြစ်အောင် ထိန်းလိုက်တယ်။

“အဖေ၊ အမေ ဒီနှစ်တွေမှာ ဂရုတစိုက်နဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အဖေနဲ့အမေကို တကယ်ချစ်ပြီး ဒီလိုမိဘတွေ ရခဲ့လို့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ သမီးက အဖေအမေတို့ရဲ့ သမီးအရင်း မဟုတ်ဘူး သမီး ဘာမှမသိသလို ဟန်ဆောင်လို့ မရဘူးလေ။ အဲ့လိုလုပ်ရင် အဖေအမေတို့ရဲ့ သမီးအရင်းအတွက်ကော သမီးရဲ့မိဘအရင်းတွေအတွက်ကော မတရားပါဘူး”

အန်းရန်သည် လွယ်လွယ်နဲ့ ငိုတတ်သူ မဟုတ်သလို ဒီကိစ္စအတွက်နဲ့လည်း သူမ မငိုချင်ပါဘူး။

ဒါပေမဲ့လည်း နောက်ဆုံးတော့ သူမ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ မျက်ရည်များ ကျဆင်းလာတယ်။

“ဒီတော့ အဖေနဲ့အမေ ကျေးဇူးပြုပြီး သမီးမိဘအရင်းတွေဆီကို ပြန်ပို့ပေးပါ”

၁၆နှစ်ကြာခဲ့တဲ့ သူမရဲ့ခံစားချက်တွေက အတုအယောင်တွေ မဟုတ်ပါဘူး။

မိသားစုရဲ့အချစ်တွေကိုရတဲ့ အကြောင်းရင်းကတော့ သူမသည် ဖုံးကွယ်ခြင်းမရှိဘဲ နှလုံးသားထဲကနေ ချစ်တက်တာကြောင့် ဖြစ်တယ်။

လွန်ခဲ့တဲ့ ၁၆နှစ် ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာကို မခံစားဖူးတဲ့ သူမက ဒီမိသားစုကို သူ့ကိုယ်ပိုင်လို့ မှတ်ယူခဲ့တယ်။

“ရန်ရန်၊ သမီး ဘာတွေပြောနေတာလဲ။ သမီးက အမြဲတမ်း အမေ့ရဲ့သမီးပါဘဲ”
4 02
“ပေါယန်၊ ဘာတွေဖြစ်နေတာလဲ၊ ရန်ရန်က ဘာလို့ မင်းရဲ့သမီး မဖြစ်ရတာလဲ”

“ရန်ရန်နဲ့ ရွှယ်ရော့က အမြွှာတွေ မဟုတ်ဘူးလား။ ရန်ရန်က မင်းရဲ့သမီးမဟုတ်ဘူးလို့ ဘာလို့ပြောရတာလဲ”

ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင်၊ မသိလိုက်မသိဘာသာနေနေသော မစ္စတာစုနဲ့ မစ္စစုတို့သည် နောက်ဆုံးတွင် ဘာဖြစ်နေကြောင်း သိလိုက်ရတယ်။

၁၆နှစ်ကြာအောင် ချစ်ခဲ့ကြတဲ့ ကလေးသည် သူတို့ရဲ့မြေး မဟုတ်ကြောင်းကို သူတို့ သိလိုက်ရတယ်။

စုရန်ပေ့ရဲ့ ငိုနေသော မျက်လုံးများကို မြင်ပြီးနောက် ရှန်းရွှယ်ရော့ရဲ့ နှလုံးသားသည်ဝမ်းမြောက်ဝမ်းသာစွာ ပေါက်ထွက်သွားတယ်။ အကြံအစည်များသော မိန်းကလေး အန်းရန်သည် သူမရဲ့အိပ်မက်ထဲကပုံစံနဲ့ ဘာလို့ မတူတာလဲလို့ သူမ နားမလည်ခဲ့ပါဘူး။ အိပ်မက်ထဲက အကြံအစည်များတဲ့ အန်းရန်က သူ့အိမ်ကို ပြန်ဖို့ လုံးဝမတောင်းဆိုဘဲ ရှန်းအိမ်တွင် ဆက်နေသွားတယ်။

ဒါပေမဲ့ သူမတွေးကြည့််မိတော့ သူမရဲ့စိတ်ကူးယဉ်အိပ်မက်များသည် ပြီးပြည့်စုံခြင်း မရှိဘူးလို့ ထင်ရတယ်။ ဥပမာ အမြွှာဇာတ်ကွက် မရှိခဲ့ဘူး။ ဒါကြောင့် ရှန်းရွှယ်ရော့သည် ဒီကိစ္စကို စိတ်ထဲမထားခဲ့ပါဘူး။ သူမရဲ့ အပြုအမူတချို့ ပြောင်းလဲသွားသလို သူမရဲ့အိပ်မက်ထဲက ဇာတ်ကွက်တွေလည်း ပြောင်းလဲသွားနိုင်တယ်။

အန်းရန်သည် သူတို့ချစ်ရသူ မဟုတ်ကြောင်း သူမရဲ့အဘိုး၊ အဘွားနှင့် မောင်လေးတို့က အခုမှသိကြပြီး၊ သူတို့သည် အရင်ကလို သူမအပေါ် ဘယ်တော့မှ ကောင်းနိုင်ကြအုံးမှာ မဟုတ်ဘူးလို့ သူမ တွေးမိတယ်။

“ဟုတ်ပါတယ်”

ဒါပေမဲ့လည်း ရှန်းရွှယ်ရော့ရဲ့ မျက်နှာပေါ်က အပြုံးသည် ကြာရှည်မခံပါဘူး။

“အစ်မ၊ အန်းရွှယ်ရော့ ဒီမိန်းမဆိုးက အစ်မကို အဲ့လိုပြောတာလား။ မင်း သူမကို လှည့်စားလို့ မရဘူး။ မင်းက ငါ့မိဘတွေရဲ့ သမီး မဖြစ်နိုင်ဘူးလား။ ကြည့်လေ၊ ငါတို့နားတွေ တူကြတာဘဲ”

ဒီအမှန်တရားတွေအားလုံးကို အကြီးမားဆုံးတုန့်ပြန်လိုက်သူမှာ အန်းရန်ရဲ့ မောင်အငယ်ဆုံးဖြစ်သူ ရှန်းရန်ပေ့ဖြစ်တယ်။

သူက ရှန်းရွှယ်ရော့ကို ဒေါသတကြီးဖြင့် ရန်သူကို ကြည့်သလိုမျိုး ကြည့်နေတယ်။

မိဘများနှင့် အဘိုးအဘွားများသည် ရှန်းရွှယ်ရော့ကို သံသယမျက်လုံးများနဲ့ ကြည့်နေကြတယ်။

ဒါပေမဲ့လည်း ရှန်းရွှယ်ရော့က တကယ်ပဲ သမီးအရင်းဖြစ်သော်လည်း သူမကို သိကြသည်မှာ နှစ်ပတ်သာ ရှိသေးတယ်။ သူတို့သည် အန်းရန်အတွက် လေးနက်တဲ့ ခံစားချက်တွေ ရှိခဲ့တယ်။ ဒါကြောင့် အန်းရန်က သမီးအရင်း မဟုတ်ဘဲ ရှန်းရွှယ်ရော့က သမီးအရင်း ဖြစ်ကြောင်း သိပြီးနောက်တွင် သူတို့ရဲ့နှလုံးသားထဲတွင် အန်းရန်ဆီကို မသိစိတ်က ယိမ်းယိုင်နေသေးတယ်။

အထူးသဖြင့် ကလေးနှစ်ယောက်ကြားတွင် သိသာသော ခြားနားမှု ရှိခဲ့တယ်။

“ငါမဟုတ်ဘူး။ ငါဘာမှမပြောဘူးလို့ ရှန်းရွှယ်က ချက်ချင်းခေါင်းခါလိုက်သည်”

ဒီအချိန်မှာတော့ ဒီမောင်လေး ကိုအရမ်းမုန်းတယ်။

သူမ သူ့ကို နားမလည်နိုင်ပေ။ သူမက သူအစ်မ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရပေမယ့်လည်း အန်းရန်ဘက်တွင် အမြဲရပ်တည်ပြီး သူမကို “အစ်မ”လို့ တရင်းတနှီးခေါ်နေခြင်းဖြစ်တယ်။

“ရှောင်ပေ့၊ အဓိပ္ပါယ် မရှိတဲ့စကားတွေမပြောနဲ့ ရွှယ်ရော့က ငါ့ကိုမပြောဘူး”

မကျေမနပ်ဖြစ်ပြီး ရှန်းရွှယ်ရော့ရဲ့ မျက်လုံးတွေက တောက်လာတယ်။ အန်းရန်က အနာဂတ်ရဲ့ အမျိုးသမီးဇာတ်ဆောင် ရှန်းရွှယ်ရော့ ကို မစော်ကားသင့်ဘူးလို့ ခံစားမိတဲ့အတွက် ရှင်းပြလိုက်တယ်။ “အဖေနဲ့အမေ ဒီကိစ္စကို သမီးကိုယ်တိုင် ခန့်မှန်းကြည့်ခဲ့တာပါ။ ရွှယ်ရော့ကို အထင်မလွဲပါနဲ့ သူက သမီးကိုပြောပြခဲ့တာ မဟုတ်ဘူး”

အန်းရန်က သူမကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေတဲ့ ရှန်းရွှယ်ရော့အတွက် တရားမျှတမှု လုပ်ပေးခဲ့ပေမယ့်လည်း ရှန်းတွေက မယုံခဲ့ပါဘူး။

အရင်ဆုံးတော့ သူတို့က မသေချာဖြစ်ခဲ့တယ်။ ဒါပေမဲ့ အန်းရန်က အမှန်တရားကို သိသွားတာက သေချာပေါက် ရှန်းရွှယ်ရော့ ပြောတာ ဖြစ်မယ်။
4 03
ဒါကြောင့် သူမ မူးလဲသွားတာဖြစ်မယ်။

“ငါ့သမီးလေး သမီးက ဘာလို့အမေ့သမီး မဟုတ်ရမှာလဲ “

“ရန်ရန်၊ ဘာပဲဖြစ်ဖြစ် သမီးကအမြဲတမ်း အဖေ့ရဲ့မင်းသမီးလေး ဖြစ်နေမှာပါပဲ”

“အဘွားရဲ့ကလေး၊ ဘယ်လိုတောင် ကြင်နာတတ်ရတာလဲ ကလေးရယ်”

“အစ်မ၊ ငါက နင့်ရဲ့တစ်ဦးတည်းသော မောင်လေးပဲ”

“ရန်ရန်၊ အဘိုးက ဒီလိုရိုးသားပြီး ကြင်နာတက်တဲ့ မြေးမလေးတစ်ယောက် ရှိလို့ ဂုဏ်ယူပါတယ်။ မင်းက အဘိုးရဲ့ သင်ကြားလေ့ကျင့်ပေးမှုနဲ့အညီ နေထိုင်ခဲ့တာဘဲ”

…..

အန်းရန်: မဟုတ်ဘူး။ ဒီကိစ္စက ရှန်းရွှယ်ရော့နဲ့ ဘာမှမဆိုင်ဘူး။ သမီး အမှန်အတိုင်း ပြောနေတာပါ။ [အပြစ်ကင်းသော မျက်နှာဖြင့်]

ရှန်းရွှယ်ရော့: ဟားဟား၊ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒီအကြံအစည်များတဲ့ မိန်းကလေးက စေတနာကောင်း မရှိပါဘူး။ [တစ်စုံတစ်ယောက်ကို ရုတ်တရက် ရိုက်ချင်နေတဲ့ ပုံစံဖြင့်]

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset