MMMQ

အပိုင်း (၁၉)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၉

သို့ပေမယ့် ထမင်းစားပြီး ၃ယောက်လုံး ပြန်သွားသည်အထိ ဘာမှဖြစ်မသွားပေ။ ကုန်းချင်းယောင် ငွေရှင်းပြီးသည်နှင့် စားပွဲထိုးလေးမှ အပြင်သို့ လိုက်ပို့ပြီး ဆိုင်ထဲမှ ထွက်သည်နှင့် သူမ စိတ်ထဲမှ ထူးဆန်းသောခံစားချက်သည် ပျောက်ကွယ်သွားသည်။

ကုန်းချင်းယောင် ဘာအမှတ်မှ မထည့်ထားတာ တံခါးတစ်ချပ်သာရှိသော စားသောက်ဆိုင်အား နောက်ပြန်လှည့်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲလိုက်သည်။

အိုက်ရှောင်းယွင်မှ ကုန်းချင်း‌ယောင်အား ကားမောင်းပြီး ပြန်ပို့ကာ ည၉နာရီမှ သူမတို့ ပြန်ရောက်လာကြသည်။ အိုက်ရှောင်းယွင်မှ ” အနီရောင် အဝတ်အစား လဲလိုက်ရမလား ”

ကုန်းချင်းယောင် နှစ်တစ်ထောင် အေးစက်သောသံပြားနှင့် ဆော့ကစားနေပြီး သူမပြောသည်ကို ကြားထားသောအခါ နားမလည်သလိုကြည့်လာ၏။

အိုက်ရှောင်းယွင်မှ အားနည်းစွာဖြင့် ” အနီရောင်က သရဲတွေကို ဆွဲဆောင်နိုင်တယ်မဟုတ်ဘူးလား ”

ကုန်းချင်းယောင် “……”

” နင် ပျော်မယ်ဆိုရင် ဝတ်ပေါ့ ”

ပျော်မယ်ဆိုရင်။ ဒါက ပျော်စရာကိစ္စလား။ အိုက်ရှောင်းယွင် နောက်ဆုံး၌ အနီရောင်ဝတ်စုံ မလဲဖြစ်ပေ။ ကုန်းချင်းယောင်မှ ထိုသံပြားလေးအား ကြည့်နေသည်ကိုမြင်၍ သူမလည်း ထိုင်နေလိုက်သည်။ ထို့နောက် လက်ဆွဲကွန်ပျူတာဖွင့်၍ အလုပ်စလုပ်တော့သည်။ အကြောင်းတခုခုကြောင့် သူမ ကုန်းချင်းယောင်နား ထိုင်နေရသောအခါ ရှင်းမပြနိုင်ပေမယ့် လုံခြုံနေသည်ဟု ခံစားလိုက်ရသည်။

ကုန်းချင်းယောင် နက်နဲသိမ်မွေ့သောစွမ်းအင်တို့အား သံပြားထဲသို့ အနည်းငယ် ထည့်သွင်းလိုက်၏။ သို့သော် သံပြားသည် မငြင်းဆန်လာ၍ သူမပင် အံ့ဩသွားရသည်။ ထို့နောက် သံပြားအား ကိုင်ထားလျှက် နက်နဲသိမ်မွေ့သောစွမ်းအင်အား ဖြည်းညှင်းစွာ ထည့်သွင်းနေတော့၏။

အိုက်ရှောင်းယွင် ဇာတ်ညွှန်းအား ဖတ်ပြီးသွားသောအခါ ကုန်းချင်းယောင်မှ သံပြားအား ကိုင်ထားဆဲဖြစ်သည်ကိုမြင်၍ သူမအနားသို့ လမ်းလျှောက်သွားမိ၏။ သို့ပေမယ့် သူမ အနားသို့ မကပ်နိုင်ခင် သံပြားမှ ရုတ်တရပ် အေးစက်သော ယင်းစွမ်းအင်များ ထုတ်လွှတ်လာသည်။ ပြီးနောက် ကုန်းချင်းယောင်မှ လက်သီးဖြင့် အမြန်ထိုးချလိုက်သည်။ ခဏမျှ ရုန်းကန်ပြီးနောက် ယင်းစွမ်းအင်မှာ လျော့နည်းသွားသည်။

အိုင်ရှောင်းယွင်မှ အနည်းငယ် ကြောက်လာပြီး ” ဒါ… ဒါက… ”

ကုန်းချင်းယောင်မှ ရှားရှားပါးပါး သူမအား ရှင်းပြလာ၏။ ” အေးစက်တဲ့သံပြားက စိတ်ဆက်တတ်လို့ အနားတိုးလာရင် တိုက်ခိုက်လိမ့်မယ် ”

အိုက်ရှောင်းယွင် :……

ဤသည်မှာ ကျိုးပြတ်နေသော သံပြားစသာဖြစ်ပေမယ့် လူတွေကို တိုက်ခိုက်တတ်တယ်လား။

‌ထိုသို့တွေးလိုက်ပြီးနောက် အိုက်ရှောင်းယွင် သံပြားအား ပြန်ကြည့်လိုက်သောအခါ သူမ သတိမထားမိခင် အနည်းငယ် ပြေပြစ်သွားကြောင်း တွေ့လိုက်ရသည်။ သေချာကြည့်လိုက်လျှင် အပြာရောင်အလင်းလေး ဝေ့ဝဲနေသည်ကိုပင် တွေ့လိုက်ရသည်။

အိုက်ရှောင်းယွင် ကွန်ပျူတာဖန်သားပြင်၏ ဘက်ဘက်ထောင့်ရှိ အချိန်ကို ‌ကြည့်လိုက်သောအခါ ၁၁:၃၀သာ ရှိသေး၍ ဇာတ်ညွှန်းအား ဆက်၍ဖတ်နေလိုက်သည်။ ယဲ့တောင်မှ ရိုက်ကူးရေးပြီးပြီးနောက် ယိုရှင်းယွီမှ ကြော်ငြာများစွာကို လက်ခံပြီး ရိုက်နေခဲ့သည်။ ယုချူးရွှယ်ပင် ကြော်ငြာ၂ခုရလာ၏။ ကြော်ငြာအပ်သူများမှ လာရောက်ဆွေး‌နွေးသောအခါ အိုက်ရှောင်းယွင်မှ ကုန်းချင်းယောင်အား ထည့်ရိုက်ကူးရန်ပင် အကြံဉာဏ်ပေးခဲ့သေးသည်။

ကြော်ငြာအပ်သူများမှ သူတို့သည် ကုန်းချင်းယောင်ကိုသာ အစ၌ လာရှာကြသည်ဖြစ်သော်လည်း သူမမှ ကံကြမ္မာဟောတတ်သည်ဟု ပြောခဲ့ပြီးနောက် အစိုးရသည်လည်း ကံကြမ္မာဆိုင်ရာ အယူသည်းခြင်းကို အားမပေးသည့်အတွက် သူတို့မှ ကုန်းချင်းယောင်အား မထုတ်ပယ်သည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်ပြီး ကြော်ငြာအပ်ရန်မှာတော့ မသင့်တော့ပေ။
19 02
အိုက်ရှောင်းယွင် အစ၌ ထိုအကြောင်းကို ကင်မရာရှေ့၌ မပြောရန် ဖျောင်းဖြမည်ဟု တွေးထားသော်လည်း ယနေ့၌ ကုန်း‌ချင်းယောင်သည် အမှန်ပြောနေသည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့ပေမယ့် ထိုသို့ပြောနေလျှင် အနုပညာလောကထဲ၌ မည်သို့ ဆက်လက်ရှင်သန်ပါမည်နည်း။

အိမ်ထဲမှ အအေးဓာတ်သည် ရုတ်တရပ်မြင့်တက်လာသည်။ အိုက်ရှောင်းယွင် ထိုသည်မှာ ကုန်းချင်းယောင်ထံမှ သံပြားကြောင့်ဟု ထင်ထားသော်လည်း သူမ အသံတစ်သံအား ကြားလိုက်ရသည်။

” အချစ်လေး ကိုယ်နဲ့ အတူတူသွားဖို့ အဆင်သင့်ဖြစ်ပြီလား ”

အိုက်ရှောင်းယွင်မှ ထိုယောင်္ကျားလေးသရဲသည် လာမည်ဟု ထင်မထား၍ အချိန်အတန်ကြာ ကြောက်ရွှံ့နေကာ စကားမပြောနိုင်တော့ပေ။

ယောင်္ကျားလေးသရဲသည် အိုက်ရှောင်းယွင်အား ဗလ္လကာရကျင့်ရန် ကြိုးစားနေလျှက် ” လာပါ အချစ်လေး ကိုယ်နဲ့လိုက်ခဲ့ပါ ”

ယောင်္ကျားလေးသရဲသည် တကိုယ်လုံး ပြင်းထန်သော ဝိညာဉ်အငွေ့အသက်တို့အား ထုတ်လွှတ်နေပြီး အိုက်ရှောင်းယွင်မှ ကုန်းချင်းယောင်နောက် ပုန်းလိုက်သည်ကို တွေ့သွား၏။

ကုန်းချင်းယောင်၏ အသွင်အပြင်အား မြင်သောအခါ ယောင်္ကျားလေးသရဲသည် ပြုံးလိုက်ပြီး ” သူမကလဲ မိန်းမငယ်လေးပဲကိုး၊ ဒီဆရာက မင်းကို နာကျင်အောင်လုပ်ဖို့ တွန်းအားမပေးတာ ပိုကောင်းလိမ့်မယ် ” ကုန်းချင်းယောင် အေးစက်သောသံပြားအား မြှောက်ပြလိုက်၏။ သံပြားသည် အကုန်မသန့်စင်ရသေးသော်လည်း ဒီနေ့အဖို့ အသုံးပြုရန်တော့ လုံလောက်နေလေပြီ။

ကုန်းချင်းယောင်မှ လက်နက်ကို မြှောက်လိုက်သည်ကို တွေ့သောအခါ ယောင်္ကျားလေးသရဲသည် ချက်ချင်း သံပြားထံသို့ ပြေးလာလိုက်၏။ အေးစက်သောသံပြား၏ မကောင်းဆိုးဝါးဝိညာဉ်စွမ်းအင်သည် သိပ်သည်းပြီး အေးစက်သောနေရာမှ လာခဲ့ခြင်းလည်းဖြစ်ပေသည်။ မကောင်းဆိုးဝါးဝိညာဉ်သော ယောင်္ကျားလေးသရဲ တိုးကပ်လာသည်ကို မြင်သောအခါ ထိုသရဲအား စက္ကန့်ပိုင်းအတွင်း အကုန်အစင် မျိုချလိုက်တော့သည်။ သရဲမှ အန္တရာယ်ရှိကြောင်း သိသွားသည့်အချိန်တွင် သူ့ အငွေ့အသက်ပင် မကျန်ခဲ့တော့‌ချေ။

ကုန်းချင်းယောင် အေးစက်သောသံပြားအား တိတ်တဆိတ် သိမ်းလိုက်သည်။

အိုက်ရှောင်းယွင်မှ သရဲသည် ကုန်းချင်းယေင်ထံသို့ ပြေးသွားပြီးနောက် ပျောက်သွားသည်ကို တွေ့လိုက်ရသောအခါ အထိတ်တလန့်ဖြင့် ” ဘုရားရေ၊ ချင်းယောင် နင်က အရမ်းစွမ်းအားကြီးတာပဲ၊ ဟိုက တိုက်ခိုက်တာနဲ့ နင်က ဖမ်းချုပ်လိုက်နိုင်တယ် ”

ကုန်းချင်းယောင် : ……

ကျွန်မ ဘာမှ မလုပ်ရသေးဘူးလို့ပြောရင် ရှင်ယုံမှာလား။

အိုက်ရှောင်းယွင် ” တစ္ဆေမင်္ဂလာဆောင်က ဖြေရှင်းပြီးသွားပြီ ဟုတ်တယ်မလား ”

” ဟုတ်တယ် ”

သရဲသည် အရိပ်အ‌ယောင်ပင် မကျန်တော့ချေ။

အိုက်ရှောင်းယွင် ပျော်သွားပြီး ” ကောင်းတာပေါ့၊ ညည့်နက်နေပြီ မနက်ဖြန်ကျမှ အိမ်ပြန်ပါ့လား ”

ကုန်းချင်းယောင် ” ကောင်းပြီလေ ”

အိုက်ရှောင်းယွင် ချက်ချင်း အိပ်ရာကို သန့်ရှင်းလိုက်ပြီး ကုန်းချင်းယောင်အား အိပ်ခိုင်းလိုက်သည်။ သူမကတော့ ဧည့်ခန်းထဲသို့ ပြေးသွား‌တော့သည်။ ကုန်းချင်းယောင် နောက်ဆုံး နက်နဲသိမ်မွေ့သောစွမ်းအင်အား ထည့်သွင်းလိုက်ပြီးနောက် သံပြားအား လွှတ်ပေးလိုက်၏။

လုချမ်ချမ်သည် လက်စွပ်ထဲမှ ခေါင်းလေး ပြူထွက်လာကာ ” ဆရာသခင် အာ့တာကဘာလဲ၊ ဒီကလေးလေးက သေလောက်တဲ့အထိ ကြောက်သွားရတာ ”

လုချမ်ချမ် အေးစက်သောသံပြား၏ ချိန်းခြောက်နိုင်စွမ်းကြောင့် လက်စွပ်ထဲမှပင် ထွက်မလာရဲခဲ့ပေ။

လုချမ်ချမ်အား မြင်သည်နှင့် ကုန်းချင်းယောင် မျက်ခုံးပင့်ကာ ” ကျင့်ကြံတဲ့ သရဲတွေအကြောင်း မကြားဖူးဘူးလား ”

” ကျင့်ကြံတဲ့ သရဲလား ”

လုချမ်ချမ်မှ စဉ်းစားလိုက်ပြီးနောက် သူမကလည်းလေ။

ကုန်းချင်းယောင်မှ ” ဟုတ်တယ် ”
19 03
သူမ လုချမ်ချမ်အား တွေ့စ၌ သူမသည် အလွန်ဝမ်းနည်းနေပြီး ဓာတ်လှေကားကိုပင် ထိန်းချုပ်နိုင်ပြီး စနောက်ခဲ့သေးသည်။ ထိုသို့လုပ်ရခြင်းမှာ ဟိုတယ်တွင် ပြဿနာရှိသည်ဟုထင်၍ ဧည့်သည်များ မနေနိုင်အောင် ခြောက်လန့်‌လိုက်ခြင်းပင်။

ထိုအချိန်၌ သူမသည် လုချမ်ချမ်မှာ စိတ်ထားကောင်းသောသူဟု ခံစားမိပြီး သူမလည်း သရဲဘဝ၌ ကျင့်ကြံချင်သည်လားဟု မေးလိုက်သည်။ သရဲများသည် လူများနှင့် ကွာခြားပေသည်။ သူတို့အား မီး၊ရေ၊ လေ၊ မြေကြီးတို့နှင့် ဖွဲ့စည်းထားပြီး သရဲများ၏ ကျင့်ကြံခြင်းမှာ ရုပ်လွန်ပညာနှင့် ‌အတော်လေးဆင်တူပေသည်။ ရုပ်လွန်ပညာသည် ဝိညာဉ်စွမ်းအင်ပေါ်၌ မှီခိုနေပြီး သရဲများသည် ယင်းစွမ်းအင်ပေါ်၌ မှီခိုကြလေသည်။ ရုပ်လွန်ပညာ၏ ကျင့်ကြံခြင်းသည် နက်နဲသိမ်မွေ့သောစွမ်းအင်၏ အင်အား၌မူတည်ပြီး သရဲများသည်တော့ ယင်းစွမ်းအင်၏ အင်အားပေါ်၌ မူတည်နေလေသည်။

ကုန်းချင်းယောင်မှ သရဲတစ္ဆေနည်းလမ်းအား အကြမ်းဖျင်းပြောပြပြီးနောက် လုချမ်ချမ်မှ ချက်ချင်း ” ကျွန်မ ကျင့်ကြံချင်ပါတယ် ”

တကယ်တော့ သရဲတစ္ဆေနည်းလမ်းဖြင့် ကျင့်ကြံသည်မှာ အဆင့်မြင့်အခြေအနေတစ်ခုသို့ရောက်လျှင် ပစ္စည်းများကို ကိုင်တွယ်နိုင်သည်ဟု‌ဆို၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။

ကုန်းချင်းယောင် ” ကျင့်ကြံရတာက တနေ့ထဲလုပ်ရတဲ့အရာမဟုတ်ဘူး၊ စတင်ပြီဆိုတာနဲ့ အခက်အခဲတွေနဲ့ ကြုံနိုင်တယ်နော် ”

လုချမ်ချမ် မျက်လုံးများမှာ ခိုင်မာနေပြီး ” ခက်ခဲမယ်ဆိုရင်တောင် လေ့ကျင့်ချင်ပါတယ် ”

ပစ္စည်းများကို ထိကိုင်နိုင်သည်ဆိုသည်မှာ သူမ လိုင်းသုံးလို့ရသည်ဆိုသော အဓိပ္ပါယ်ပင်။ လိုင်းသုံးရသည်ကို ဆွဲနေသာ သူတစ်ယောက်အနေနှင့် ဖုန်းကို မြင်သာမြင်ရပြီး မကိုင်ရသည်မှာ စိတ်မသက်မသာဖြစ်စလေသည်။

ကုန်းချင်းယောင် လုချမ်ချမ်အား အချက်တချို့ သင်ပေးလိုက်ပြီး သူမထံသို့ မကောင်းဆိုးဝါးဝိညာဉ်အနည်းငယ် ခွဲပေးလိုက်သည်။ လုချမ်ချမ် မကောင်းဆိုးဝါးဝိညာဉ်၏ အင်အားကြောင့် လွင့်စင်ပျောက်ကွယ်သွားတော့မလိုပင်။

ကုန်းချင်းယောင် ” တောင့်ခံထား ”

လုချမ်ချမ် စိတ်ငြိမ်အောင် လုပ်လိုက်ပြီး မကောင်းဆိုးဝါးဝိညာဉ်စွမ်းအင်အား ယင်းစွမ်းအင်သို့ ပြောင်းလိုက်ပြီး သူမ ခန္ဓာကိုယ်ပေါ်သို့ လည်ပတ်စေလိုက်သည်။

လုချမ်ချမ်သည် နံဘေး၌ ဝိညာဉ်စွမ်းအင် မရှိသည်ကိုတောင်မှ ချီကျင့်ကြံနိုင်သည်ကိုတွေ့၍ ကုန်းချင်းယောင် အံ့ဩသွားသည်။ ထိုသို့နှင့် လူတစ်ယောက်နှင့် သရဲတစ်ကောင်သည် မနက်မိုးလင်းသည်အထိ လေ့ကျင့်လိုက်ကြသည်။ လုချမ်ချမ် နောက်ဆုံးယင်းစွမ်းအင်အား ရှူသွင်းလိုက်ပြီးနောက် အိပ်စက်ရန် လက်စွပ်ထဲသို့ ပြန်ဝင်သွားတော့သည်။ ကုန်းချင်းယောင် မျက်လုံးဖွင့်လိုက်၏ သူမ ထိုနည်းလမ်းအား ဝိညာဉ်အကျိုးသက်ရောက်မှု့အား အောင်နိုင်ရန် မှီခိုလိုက်သည်။

ဧည့်ခန်းထဲ၌ အိုက်ရှောင်းယွင်သည် ညများစွာကြာမှ အေးချမ်းသော ညလေးအား ပြန်အိပ်ရခြင်းပင်။ သူမ နိုးလာပြီး ခါးဆန့်လိုက်ကာ အိပ်ခန်းထဲမှ ဘာမှအသံမကြားရသေးမှန်းသိ၍ အောက်ထပ်သို့ဆင်းကာ မနက်စာဝယ်လိုက်သည်။ ခဏမျှအကြာ သူမ အထုတ်ကြီးများကိုသယ်၍ အခန်းသို့ ပြန်ရောက်လာသည်။

အိုက်ရှောင်းယွင် ” ချင်းယောင် ထပြီလား ”

ကုန်းချင်းယောင် အိပ်ခန်းတံခါးဖွင့်၍ လမ်းလျှောက်လာ၏။

အိုက်ရှောင်းယွင် ” ထပြီလား၊ မျက်နှာသစ်ပြီး မနက်စာလာစားလှည့် ”

” ကောင်းပြီလေ ”

” နင် ဘာကြိုက်မှန်းမသိတာနဲ့ အများကြီးတော့ ဝယ်လာတယ်၊ ပဲနို့၊ အီကြာကွေး၊ ပေါက်စီနဲ့ ခေါက်ဆွဲတွေပါတယ် ”

အိုက်ရှောင်းယီ သရဲအား နှင်ထုတ်လိုက်နိုင်၍ ပျော်နေလေသည်။

ကုန်းချင်းယောင်မှ ပဲနို့နှင့် မီကြာကွေးအား ရွေးလိုက်၏။ လုချမ်ချမ်မှ အီကြာကွေးနှင့် ပဲနို့မှာ လိုက်ဖက်ကြောင်း ပြောထားသေးသည်ပဲ။

အိုက်ရှောင်းယွင် ” စကားမဆက် နောက်၃ရက်နေရင် ရိုက်ကူးရေးပြန်စလိမ့်မယ်၊ ဒါရိုက်တာမောင်က ဇာတ်ညွှန်းကို ခဏနေရင် ပို့ပေးလိမ့်မယ်၊ ရရင် မိတ္တူကူးပေးမယ် ”

ကုန်းချင်းယောင် ” မလိုပါဘူး ”

သူမ ထိုသို့စာကြောင်းများကို ထပ်မပြောနိုင်ပေ။
19 04
အိုင်ရှောင်းယွင်မှ ယဲ့တောင်ရိုက်ကူးရေး၌ ကုန်းချင်းယောင် ဇာတ်ညွှန်းအတိုင်း တခါမှ မပြောခဲ့သည်ကို သတိရသွားသည်။ သူမ ဇာတ်ညွှန်းအကြောင်းပြောနေသည်ကို ရပ်လိုက်ပြီး ” ဒီတခေါက်က ဟုန်ယန်လို့ခေါ်တဲ့ ရွာမှာ ရိုက်ကူးမှာ၊ လူကုန်ကူးတဲ့သူတွေတော့ အာ့မှာ မရှိပါဘူး ”

သူမ ပြောပြီးကာမှ ရှိလျှင်တောင်မှ ကုန်းချင်းယောင်သည် ဂရုမစိုက်မှန်း သတိရပြီး အနည်းငယ် တုံ့ဆိုင်းသွား၏။

” ကောင်းပြီလေ ”

အိုက်ရှောင်းယွင် ” သဘက်ခါကျလို့ အချိန်ရောက်ရင် လာခေါ်မယ်လေ အတူတူသွားကြတာပေါ့ ”

ကုန်းချင်းယောင် ” ကောင်းပါပြီ ”

သူမ လက်ကျန်မုန့်တဖဲ့အား စားပြီးသည်နှင့် ထွက်သွားတော့သည်။ အိုက်ရှောင်းယွင်မှ လိုက်ပို့ချင်သည်ကိုတောင်မှ သူမ ငြင်းလိုက်သည်။။

ကုန်းချင်းယောင် ထွက်သွားပြီးနောက် အိုက်ရှောင်းယွင် အိမ်သို့ ဖုန်းခေါ်လိုက်၏။ သူမ အမေမှ ကြမ်းတမ်းစွာ ဆူဆဲလျှက် ” နင် လူမှ ဟုတ်သေးရဲ့လား၊ နင့်မောင်လေးသာ လောင်းကစားအကြွေးမဆပ်ရင် သူ့လက်တဖက် အဖြတ်ခံရတော့မှာလေ ”

အိုက်ရှောင်းယွင် သူမ မိသားစုအား စိတ်ပျက်သွားသည်မှာ ကြာလေပြီ။ ထိုသို့အပြောခံသည်ကို ကြားပြီးသွားပြီးနောက် အေးစက်စွာနှင့် ” သူက လက်တင် ဆုံးရှုံးမှာလေ၊ တကယ်လို့ ဒီတစ္ဆေလက်ထပ်ပွဲကို ဖြေရှင်းဖို့ လူရှာမတွေ့ရင် ကျွန်မရဲ့ ဘဝကသွားပြီလေ ”

အိုက်ရှောင်းယွင် မိဘများသည် သူတို့သမီး၏ ဘဝအား စိတ်ပူ‌ပုံမပေါ်ဘဲ ” အာ့တာဆို ငွေထပ်လွှဲလိုက် မဟုတ်လဲ ယွမ်၂သိန်းပို့လိုက် အာ့တာကို ရှင်းပစ်ပေးမယ် ”

အိုက်ရှောင်းယွင် အော်ဟစ်လာပြီး ” မပို့ဘူး၊ ကျွန်မ ပိုင်ဆိုင်သမျှကို အာ့တစ္ဆေလက်ထပ်ပွဲကို ဖြေရှင်းဖို့ သုံးလိုက်ရပြီ ”

ပြောပြီးသည်နှင့် သူမ ဖုန်းချလိုက်ကာ ကုန်းချင်းယောင်ထံသို့ စုထားသည်များအကုန် ငွေလွှဲလိုက်တော့သည်။

ကုန်းချင်းယောင် ကုန်တိုက်မှ ဝယ်လာသောပစ္စည်းများကို ရေခဲသေတ္တာထဲထည့်နေချိန်တွင် ငွေလွှဲ ယွမ်၅သောင်းဝင်လာ၏။ သူမ ဟုန်ယန်ရွာသို့ မသွားခင် ၂ရက်အချိန်ရ၍ သူမ ထို၂ရက်၌ သေချာလေ့ကျင့်ရန် စီစဉ်လိုက်သည်။

သူမ သန့်ရှင်းရေးလုပ်ပြီးနောက် သံပြားအားထုတ်ကာ လက်စွပ်ထဲမှ လုချမ်ချမ်အား ခေါ်ထုတ်လိုက်သည်။ လုချမ်ချမ်သည် အပျင်းကြီးနေသော်လည်း ကုန်းချင်းယောင်၏ အမူအရာအားတွေ့သောအခါ စိတ်အားတက်ကြွလာပြီး ဆက်၍လေ့ကျင့်တော့၏။ ထို၂ရက်လုံး စားသည်နှင့် အိမ်သာသွားရသည်မှလွဲ၍ ကုန်းချင်း‌ယောင် ဆက်တိုက်လေ့ကျင့်နေလေသည်။

အိုက်ရှောင်းယွင်မှ ၃ရက်မြောက်နေ့၌ အောက်ထပ်၌ ရောက်နေသည်အထိ သူမ လေ့ကျင့်သည်ကို မရပ်သေးပေ။ သူမ လက်ဆွဲအိတ်ထဲ သံပြားအားထိုးထည့်လိုက်ပြီး မီးဖိုထဲမှ အမှိုက်များကို မယူလိုက်ကာ တံခါးမှ ထွက်လာလိုက်၏။

ယုချူးရွှယ် မျက်နှာသည် တချက်ကြည့်ရုံနှင့် ပျော်နေမှန်းသိသာလေသည်။ ကုန်းချင်းယောင် ကားထဲသို့ဝင်လိုက်၏။ ယုချူးရွှယ်မှ တဖက်လူအား မပြုံးတော့ဘဲ ငေးကြည့်လာ၏။ အိုက်ရှောင်းယွင် စိတ်ထဲမှ ယုချူးရွှယ် ဆရာသခင်အား ဆက်ဆံပုံကိုကြည့်၍ ဆူလိုက်၏။

အိုက်ရှောင်းယွင်မှ ” ဟုန်ယန်ရွာကို သွားဖို့ကဝေးလို့ Tမြို့ကနေ လေယာဉ်စီးပြီးမှ ဘက်စ်ကားနဲ့ ထပ်သွားကြရမှာ ”

ကုန်းချင်းယောင် ဖျော့တော့စွာ ခေါင်းညိမ့်လာသည်။

ယုချူးရွှယ်မှ အိုက်ရှောင်းယွင် ကုန်းချင်းယောင်အား လေးစားနေသည်ကို မသိပေ။ ကုန်းချင်းယောင်သာ ချောမောလျှင် သူမကို ကြော်ငြာလာကမ်းလှမ်းဖို့ ဘယ်သူမှ ဘာလို့မလုပ်ကြတာလဲ။ အာ့လိုလုပ်သည်ထက် သူမ ကိုယ်တိုင်ကိုသာ အာရုံစိုက်နေသည်က ပိုကောင်းပေသည်။ အဆုံးမှာတော့ သူမအနောက်မှာ ရပ်တည်ပေးမယ့်လူရှိသေးသည်ပဲ။ ယုချူးရွှယ် ရသစုံရှိုးမှ လူသိများလာကြောင်းကို တွေးလိုက်ပြီး ဝေ့မင်ယီသည် သူမနှင့် အချိန်ပိုကုန်ဆုံးကြောင်း စဉ်းစားလိုက်ပြီး မပျော်ဘဲမနေနိုင်တော့ချေ။

Tမြို့သို့ တနာရီခွဲမှ လေယာဉ်စီးသွားပြီးနောက် နောက်ထပ် ၅နာရီမျှ ဘက်စ်ကား ထပ်စီးရသေးသည်။ ထိုညညည့်နက်သောအခါ အားလုံး ဟုန်ယန်ရွာ၏ အနီးရှိ ဟိုတယ်၌ ရောက်သွားကြ၏။ ယုချူးရွှယ်နှင့် တခြားသူများမှာ ပင်ပန်းပုံပေါ်လေသည်။ ပြောရလျှင် ကျုံးရှင်းရင်သည် အခြေအနေ အဆိုးဆုံးပင်။ သူမ မျက်နှာသည် အဖြူဖျော့ဆုံးဖြစ်နေပြီး မောင်လီချမ်းမှ အားလုံး အခြေအနေမကောင်းသည်ကို မြင်သောအခါ မနက်ဖြန် ရှိူးပွဲအား ၇နာရီသို့ ရွှေ့လိုက်ကြောင်း ကြေညာလိုက်သည်။

ရိုက်ကူးရေးတွင် အရင်ဧည်သည်၆ယောက်သာ ပါဝင်မည်ဖြစ်ပြီး မောင်လီချမ်းပြောသည်ကို ကြားသောအခါ သူတို့ ပျော်သွားကြကာ အခန်းထဲသို့ အနားယူရန် ထွက်သွားကြတော့သည်။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset