ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၈
ကုန်းချင်းယောင် ငြင်းလိုက့်ပြီး အိုက်ရှောင်းယွင်မှ ” နင်ဘာလို့ အာ့ကိုမသွားတာလဲ သူတို့က ရှန့်ကူးလမ်းထဲမှာ နာမည်အကြီးဆုံးနဲ့ ရှေးအကျဆုံးပဲလေ “
ကုန်းချင်းယောင်မှ ရိုးသားစွာ ” ပိုက်ဆံမရှိဘူး “
အိုက်ရှောင်းယွင်နှင့် ကျန့်ယွမ်တို့ “…….”
အာ့တာလဲ အဓိပ္ပါယ်ရှိတာပဲ။
ကျန့်ယွမ်မှ အကြံပေးလာ၏။ ” ဟုန်ကျစ်ဆိုင်ကိုသွားရင်ရော “
အဆုံးမှာတော့ သူတို့ ကုန်းချင်းယောင် တကယ်သဘောကျပြီး လောင်ကျန်းဆိုင်မဟုတ်သော ဆိုင်တဆိုင်အား သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုဆိုင်သည် အခြားရှေးဟောင်းအရောင်းဆိုင်များ ထက်ပို၍ရိုးရှင်းလေသည်။
ဆိုင်ထဲသို့ ဝင်သွားပြီး အိုက်ရှောင်းယွင်မှ အော်ဟစ်လာ၏။ ” ဝိုး… ဒီဆိုင်က ရိုးရှင်းပေမယ့် ဝင်ဝင်ချင်း နွေးထွေးတယ်လို့ ခံစားလိုက်ရတယ် “
ကုန်းချင်းယောင်မှ ” ဖုန်းရွှေအစီအရင် ရှိနေလို့ “
ကျန့်ယွမ်၏ ကုန်းချင်းယောင်အပေါ် လေးစားမှု့သည် ပိုတိုးလာ၏။ သူမ တကယ်ပဲ ဒါကိုတောင်သိတာလား။ ” ဟုတ်တယ် ဒီဟုန်ကျစ်ဆိုတဲ့ ဆိုင်က ဆရာသခင် လျန်ယဲ့ဟုန့် ဖွင့်ထားတာ “
လျန်ယဲ့ဟုန့်သည် မြို့တော်၌ နာမည်ရထားသော ရုပ်လွန်ပညာရှင်ပင်။ သူသည် နဂိုကတည်းမှ ချမ်းသာကာ ရုပ်လွန်ပညာအား စိတ်ဝင်စားသောကြောင့် ပစ္စည်းကောင်းများစွာကို စုဆောင်းထားသေးသည်။ လျန်ယဲ့ဟုန့်သည် တဲ့တိုးပြောတတ်သူဖြစ်ပြီး ရုပ်လွန်ပညာအား နားမလည်သော သူများမှာ ဒီနေရာသို့ ပစ္စည်းလာဝယ်တတ်ကြ၏။ သူတို့သည် ကံကြမ္မာဖတ်ခိုင်းတတ်သည့်အပြင် အဆောင်များကိုပဲ တွဲဝယ်တတ်ကြသည်။
အိုက်ရှောင်းယွင် ” အံ့ဩစရာကောင်းလိုက်တာ ”
အိုက်ရှောင်းယွင်လည်း အစ၌ ထိုအရာများကို မယုံကြည်သော်လည်း အိမ်မက်မက်ပြီးသည့်နောက် ရုပ်လွန်ပညာမှာ တကယ်ရှိမှန်း ယုံကြည်လာ၏။
ကုန်းချင်းယောင် ” ဒါက အဆင့်နိမ့် ပထဝီတည်ဆောက်ထားတာပါပဲ “
ရှန့်ကူးလမ်းထဲရှိ လောင်ကျန်းနှင့် လောင်ချမ်တို့၏ ဆိုင်နှင့် တခြားဆိုင်အနည်းငယ်သည်လည်း ရိုးရှင်းသောတည်ဆောက်ပုံရှိပေမယ့် မိသားစုတိုင်း ပြောကြသည် ဖုန်းရွှေ အစီအစဉ်သည် ချန်အိမ်ကဲ့သို့သော အိုဟောင်းသော နေရာများ၌ ပိုကောင်းလေသည်။ သို့ပေမယ့် မကောင်းသည့် နေရာများလည်း ရှိနေသည်။
အိုက်ရှောင်းယွင်မှ ထိတ်လန့်သွားပြီး ” အဆင့်နိမ့် “
” ဆံပင်အဝါနဲ့ မိန်းကလေးက ဘာတွေပြောနေတာလဲ ” ကျယ်လောင်သော အသံတစ်သံသည် သူတို့အနောက်မှထွက်လာကာ လူလတ်ပိုင်း လူကြီးတစ်ယောက် ရောက်လာ၏။ ထိုသူသည် လျန်ယဲ့ဟုန့်ပင်။ ယခု ဖုန်းရွှေ တည်ဆောက်ပုံသည် သူ့ဆရာသခင် ညွှန်ကြားသည့်အတိုင်း တည်ဆောင်ထားသည်ဖြစ်ပြီး သူ့ဆရာသခင်သာ မြို့တော်၌ နံပါတ်၁ဟု ပြောရဲလျှင် မည်သူမှ ဆန့်ကျင်ရဲမည်မဟုတ်ပေ။ ထိုမိန်းကလေးမှ အဆင့်နိမ့် ဖုန်းရွှေ အစီအရင်ဟု ပြောလာသောအခါ ဆရာသခင်အား အလွန်လေးစားသည့် လျန်ယဲ့ဟုန့် သည်းမခံနိုင်တော့ပေ။
ကျန့်ယွမ် လျန်ယဲ့ဟုန့်စီသို့ တိုးသွားပြီး တောင်းပန်လိုက်ကာ ” ဆရာသခင်လျန် ကျွန်တော်တို့ အပြစ်ပြုမိပါပြီ “
လျန်ယဲ့ဟုန့် ကျယ်လောင်စွာ နှာမှုတ်လိုက်သည်။
ကုန်းချင်းယောင် ” တစ်က ကျွန်မက ဆံပင်အဝါနဲ့ မိန်းကလေးမဟုတ်ဘူး၊ နှစ်က မိန်းမငယ်လေးလဲ မဟုတ်ဘူး၊ သုံးက ဒီနေရာက မှော်စွမ်းအင်က တကယ့်ကို အနိမ့်ဆုံအဆင့်ဖြစ်နေတယ် “
လျန်ယဲ့ဟုန့် ဒေါပွသွား၏။ အိုက်ရှောင်းယွင်မှ ကုန်းချင်းယောင်အား ဆွဲခေါ်၍ အဝေးသို့ သွားချင်နေတော့၏။ ကျန့်ယွမ်မှ သူ ကုန်းချင်းယောင်အား ဤနေရာသို့ခေါ်လာသည်မှာ မှားသလားဟုပင် မသိတော့ပေ။ သူ လျန်ယဲ့ဟုန့်အား အပြစ်ပြုမိလျှင် ရလိုက်မည့်အရာထက် ဆုံးရှုံးသွားသည်က ပိုများနိုင်လေသည်။
လျန်ယဲ့ဟုန့်မှ ” လျစ်လျူရှု့တတ်တဲ့ ကလေးကတော့ “
18 02
ကုန်းချင်းယောင်မှ ရုတ်တရပ် ထမေးလိုက်၏။ ” တံခါးနားမှာ မှတ်ထားတာက ဘာပါလဲ “
လျန်ယဲ့ဟုန့် သူ့ဆရာသခင်မှ တံခါး၌ မှတ်ထားသောအရာမှာ ယင်း ဟုပြောဖူးသည်ကို သိရ၍ ” ယင်း… “ဟု ဖြေလိုက်သည်။
စကားပြောပြီးမှ သူ ထိုမိန်းကလေးအား အဖတ်လုပ်၍ ပြန်ဖြေမိပြီဟု ခံစားလိုက်ရ၏။
ကုန်းချင်းယောင် ခေါင်းညိမ့်ပြီး ” ရှင်က နည်းနည်းတော့ ဗဟုသုတရှိပါသေးတယ် “
လျန်ယဲ့ဟုန့် သူမပြေသည်ကို ကြားသောအခါ သွေးပင် အန်ချင်လာ၏။ ကုန်းချင်းယောင်မှ ဆက်၍ ” အာ့တာက ယင်းတံခါးဆိုရင် ဘာလို့ အပြင်ဘက်ကို မပွင့်ရတာလဲ “
လျန်ယဲ့ဟုန့် နင်သွား၏။ ယင်း ယန်အချိုးအစားသည် ဖုန်းရွှေပညာ၌ အခြေခံအဆင့်ပင်။ တံခါးသည် အမှန်ပဲ မှားယွင်းသော ဘက်သို့သာ ပွင့်ပုံပေါ်လေသည်။ လျန်ယဲ့ဟုန့် ပါးစပ်ဖွင့်လိုက်သော်လည်း အချိန်အတန်ကြာသည်အထိ မည်သို့ ပြန်ချေပရမှန်း သူ မသိတော့ပေ။
အားလုံး ကြားလိုက်ရသော ကျန့်ယွမ်ပင် ကြက်သေသေသွား၏။ ဒီမေးခွန်းက ဆရာသခင်လျန်တောင် တိတ်ဆိတ်သွားစေပြီး ဒီမိန်းကလေးက တကယ့်ကို မရိုးရှင်းတဲ့ပုံပဲ။
ကုန်းချင်းယောင် ” ဝိညာဉ်လေးခုဆိုတာ ဘာလဲ “
လျန်ယဲ့ဟုန့် ” အပြာရောင်နဂါး၊ အဖြူရောင်ကျား၊ ဖီးနစ်ဌက်နဲ့ ကုန်းလိပ်လေ “
ကုန်းချင်းယောင် ” ဖီးနစ်က ဘယ်လိုကိုပြောတာလဲ “
လျန်ယဲ့ဟုန့်မှ ” နေသာပြီး ကျယ်ပြောနေတဲ့ နေရာ “
ကုန်းချင်းယောင် ” ပြီးတော့ နိမ့်လည်း နိမ့်တယ် “
လျန်ယဲ့ဟုန့် မှင်တက်သွားပြီးနောက် ခေါင်းညိမ့်လာကာ ကုန်းချင်းယောင်၏ စကားအား မှတ်သားနေလိုက်၏။
ကုန်းချင်းယောင် လက်ညိုးအား လျှောကျနေသော ထောင့်စွန်းရှိ ဘွန်ဆိုင်း အပင်အား ထိုးပြ၍ ” အာ့တာဆို ဒီနေရာက ဘာလို့မြင့်နေရာတလဲ “
လျန်ယဲ့ဟုန့် ထပ်၍ကြောင်အသွားပြီး မျက်နှာ၌ အနီရောင်အနည်းငယ်ပင် သန်းလာ၏။
” ဒီလို အဆင့်နိမ့်တဲ့ အမှားမျိုးတောင် လုပ်ထားပေမယ့် အဆင့်နိမ့်တဲ့ တည်ဆောက်ပုံဆိုတာကိုတော့ ဝန်မခံသေးဘူးပေါ့ “
” ငါ… ” လျန်ယဲ့ဟုန့် အတန်ကြာ ကြောင်ပျောက်နေလေပြီး ဘာပြောရမှန်းသိ၍ မျက်နှာမှာ နီရဲလာတော့သည်။
ဘေးနားရှိ အိုက်ရှောင်းယွင်မှ ကုန်းချင်းယောင်အား မျက်လုံးဝိုင်းကြီးများနှင့် ကြည့်လာ၏။ ကုန်းချင်းယောင်က တကယ့်ကို ဆရာသခင်ပဲ။
ကုန်းချင်းယောင် ဒီနေ့ စကားအများကြီးပြောရခြင်းသည် သူမ ပြန်လည်မွေးဖွားပြီးကတည်းက ယခုမှ ပထမဆုံးအကြိမ် ရုပ်လွန်ပညာ ကျင့်ကြံသူများကို တွေ့ရှိရခြင်းဖြစ်ပြီး နောက်တချက်မှာ သူသည် ကောင်းမွန်သောသူဖြစ်၍ သူမ စကားလုံး အနည်းငယ် ကူပြောပေးခြင်းပင်။
ကျန့်ယွမ်၏ ယနေ့စိတ်ခံစားချက်မှာ တက်လိုက် ကျလိုက်နှင့်ပင်။ သူ ထိုမိန်းကလေးသည် သူ ထင်ထားသည်ထက် ပိုအင်အားကြီးကြောင်း နားလည်သွား၏။ ထိုအချိန်၌ ကျန့်ယွမ် စိတ်ထဲတွင် ကုန်းချင်းယောင်အား ဆရာသခင်အဖြစ် သက်မှတ်လိုက်လေပြီ။
ကုန်းချင်းယောင် ဘာမှထပ်မပြောတော့ဘဲ ဆိုင်ထဲ၌ ဘာပစ္စည်းများ ရှိမှန်းကြည့်ရှူ့လေတော့သည်။
လျန်ယဲ့ဟုန့် ထိုသူအား ဆိုင်ထဲ၌ ထပ်၍မနေစေချင်တော့ မလို့ပင်။ သူသည် ပြင်းထန်စွာ ဝေဖန်ခံလိုက်ရပေမယ့် ပြဿနာသည် သူကိုယ်တိုင်သာဖြစ်ပြီး တဖက်လူမှ ပြောသမျှသည် အမှန်များချည်းသာ။
လျန်ယဲ့ဟုန့် ထိုနေရာ၌ ရပ်နေဆဲဖြစ်သည်ကိုမြင်၍ ဘေးနားရှိ အရောင်းဝန်ထမ်းမှ ” ဧည့်သည်ကို ဧည့်ခံလိုက်ပါ့မယ်၊ သွားနားလိုက်ပါတော့လား “
လျန်ယဲ့ဟုန့် အရောင်းဝန်ထမ်းအား ငေးကြည့်လိုက်ပြီး ကုန်းချင်းယောသ် ထံသို့ လမ်းလျှောက်သွားသော်လည်း သူ တောင်းပန်မလာချေ။
ကုန်းချင်းယောင် ပစ္စည်းတစ်ခုအား အာရုံစိုက်၍ ကြည့်ရှု့ဆဲဖြစ်ပြီး ကျန့်ယွမ်သည် အိုက်ရှောင်းယွင် ဘေး၌ရပ်နေ၏။ သူတို့သည် ထိုပစ္စည်းမှာ ဘာမှန်းမသိကြချေ။ အိုက်ရှောင်းယွင်သည် ပုံမှန်သာ ကြည့်ရှု့နေ၏။ ကျန့်ယွမ်သည် ဟုန်ကျစ်ဆိုင်၌ ပစ္စည်းကောင်းများ ရှိသည်ဟု ကြားထားသော်လည်း လာလည်ဖြစ်သည်မှာ ရှားလေသည်။ သူ ကုန်းချင်းယောင် အနောက်သို့လိုက်ကာ ကုန်ပစ္စည်းများကို လေးနက်စွာ ကြည့်ရှု့နေလိုက်သည်။
18 03
လျန်ယဲ့ဟုန့် သူတို့ အနောက်မှ တိတ်တဆိတ်လိုက်နေကာ ဘာပြောရမှန်း စဉ်းစားနေ၏။
ကုန်းချင်းယောင် အတွင်းပိုင်းရှိ အံ့ဆွဲတစ်ခုသို့သွားကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
အိုင်ရှောင်းယွင် ဖန်တံခါးမှ သံပြားများအား အံ့ဆွဲအောက်၌ အတူတူစုထားသည်ကိုမြင်၍ စဉ်းစားမရတော့ဘဲ ” ဒါက သံပြားတင်မလား၊ ဘာများ ထူးခြားလို့လဲ “
ထိုမေးခွန်းမျိုးသည် သာမန်လူများသာ မေးတတ်ပြီး လျန်ယဲ့ဟုန့်သည် ထိုမေးခွန်းအား မဖြေပေ။ သို့သော် ယခုအခြေအနေဖြစ်နေ၍ ပြောစရာရသွားသည်ကို စဉ်းစားမိသွား၏။ ထိုအချိန်မှသာ သူ အသိစိတ်ပြန်ဝင်၍ အတူတူထိုင်လိုက်ကာ ပြောပြမည်အပြု ကုန်းချင်းယောင်မှ ” နှစ်တစ်ထောင် အေးစက်သောသံပြား လို့ခေါ်တယ် “
ကျန့်ယွမ်နှင့် ဆိုင်အတွင်းရှိ ဝန်ထမ်းများအားလုံး : “………”
အခုမှ ထိုင်ချလိုက်တဲ့လူကြီးကဘာလဲ။ မာနကြီးနေတဲ့ ဆရာသခင်က ဘယ်သူလဲ။ အေးစက်တဲ့ မျက်လုံးကရော ဘယ်မှာလဲ။
ကုန်းချင်းယောင်မှ ခေါင်းအသာအယာ ညိမ့်ကာ ” အာ့တာက မကောင်းတဲ့ ဝိညာဉ်စွမ်းအင်တွေများလို့ အေးစက်တဲ့နေရာက လာခဲ့တာနေမှာ “
လျန်ယဲ့ဟုန့် ” ဟုတ်တယ် သူ့ကို သုဿန်က ယူလာတာ၊ သူ့ရဲ့ ဒြပ်စင်၅ခုက ရေနဲ့လုပ်ထားတာ ” သံသည် မှော်လက်နက် အနေနှင့် အရည်ကျိုကာ သူမှ ကောင်းမွန်စွာ အသုံးပြုနိုင်သည့် ပစ္စည်းဖြစ်လာရမည်ဖြစ်သော်လည်း မကောင်းသည့် ဝိညာဉ်စွမ်းအင်မှာ များနေခြင်းက စိတ်မကောင်းစရာပင်။ ထိုနှစ်က ထိုသံပြားများ တူးဖော်ရသောအခါ လူတစ်ယောက် ရုတ်တရပ် သေဆုံးသွားပြီး မကောင်းသည့် ဝိညာဉ်အား ဆရာသခင်မှ မဖြေရှင်းနိုင်၍ သူ တုံ့ဆိုင်းစွာနှင့် သံထဲ၌ ထည့်ပိတ်ထားခဲ့ရလေသည်။ ထို့နောက် သူ့အား ‘ ဒီနှစ်တစ်ထောင်သံပြားကို ဖြစ်နိုင်သမျှနည်းနဲ့ သေချာသိမ်းထားဟု ‘ ပြောသွားခဲ့၏။
” ဒါဘယ်လောက်လဲ ” ကုန်းချင်းယောင် ကောင်းသော အခြားပစ္စည်းများကို ဈေးနှုန်းနှင့် တွေ့ရပြီး ဤသံပြားသည် ဈေးနှုန်းမကပ်ထားပေ။
ပုံမှန်လူသာဆိုလျှင် လျန်ယဲ့ဟုန့်မှ ရောင်းမည်မဟုတ်သော်လည်း ထိုမိန်းကလေးသည် ကျွမ်းကျင်သူဖြစ်ပုံပေါ်၍ သူ ရှက်ရွှံ့သည်ဟု ခံစားလိုက်ရပြီး ” ဒါက ဈေးဘယ်လောက်နဲ့ မဆိုင်ပါဘူး၊ ဒါပေမယ့် အေးစက်တဲ့သံပြားက သန်မာလွန်းတယ်၊ ဆရာသခင်တောင် ဒီမှာထားထားပြီး ထိန်းချုပ်ဖို့ တည်ဆောက်ထားရတာ၊ တကယ်လို့ တယောက်ယောက်ကသာ ထိလိုက်ရင် မကောင်းတဲ့ ဝိညာဉ်က အာ့လူကို လာရှာလိမ့်မယ် “
ထိုကဲ့သို့သာ မဟုတ်လျှင် လျန်ယဲ့ဟုန့်ပင် သူကိုယ်တိုင်အတွက် ထိုသံပြားအား အသုံးပြုနေလောက်လေပြီ။
တခြားသူများသာဆိုလျှင် ထိခိုက်မည်ကို ကြောက်ကြမည်ဖြစ်ပြီး ကုန်းချင်းယောင်မှာတော့ မကြောက်ရုံသာမက ” ပြဿနာမရှိပါဘူး၊ ဈေးသာပြောလိုက်ပါ “
လျန်ယဲ့ဟုန့် ကုန်းချင်းယောင်မှ နှစ်တစ်ထောင် အေးစက်သောသံပြားအား စိတ်ဝင်စားနေသည်ကို နားလည်၍ ခဏမျှ စဉ်းစားလိုက်ပြီး ” အာ့လိုသာဆိုရင် နှစ်တစ်ထောင် အေးစက်သောသံပြားကို မင်းယူသွားလိုက် ငါပေးမယ် “
ကုန်းချင်းယောင်လည်း သဘောတူလိုက်၏။
နှစ်တစ်ထောင် အေးစက်သောသံပြားသည် မကောင်းသည့် ဝိညာဉ်စွမ်းအင်များနှင့် ဖုံးလွှမ်းနေပြီး လျန်ယဲ့ဟုန့်မှ အတွင်း၌ သော့ခတ်ထိန်းသိမ်းထားရ၏။ သူမှ မှန်တံခါးအား ဖွင့်လိုက်သည်နှင့် ညို့မှိုင်းသော လေများ ထွက်လာတော့၏။ နွေရာသီပေမယ့် ပတ်ဝန်းကျင်မှာ အေးစက်လာသည်။
သေချာသည်မှာ ထိုမကောင်းသည့်ဝိညာဉ်သည် ကုန်းချင်းယောင် အပေါ်ကိုလည်း အနည်းငယ် သက်ရောက်နိုင်၏။ လျန်ယဲ့ဟုန့် ကြောင်အသွား၏။ ဆရာသခင်မှ ချိတ်ပိတ်စဉ်၌ သူ ခဏမျှသာ သံပြားအား ထိသွားခြင်းပင်။ သူ ထိခဲ့စဉ်က ထိုခါးသီး၍ အေးစက်မှု့အား မှတ်မိပါသေးသည်
ကုန်းချင်းယောင် သူမလက်ဖြင့် သံပြားကို အသာအယာ ကောက်လိုက်ပြီး ” ကျေးဇူးတင်ပါတယ် “
လျန်ယဲ့ဟုန့် တုံ့ဆိုင်းနေသော်လည်း သူမှ တကယ် ထိုရတနာအား အသုံးမပြုနိုင်သည်ပဲ။ ” လူကြီးလူကောင်းဆိုတာ အပြောနဲ့အလုပ် ညီရမယ်၊ ဒီရတနာက ကျွမ်းကျင်သူနဲ့ လိုက်ဖက်မှာပါ “
18 04
အစ၌ ကုန်းချင်းယောင်မှာ ဆံပင်အဝါနှင့် မိန်းကလေး၊ လျစ်လျူရှု့တတ်တဲ့ကလေးဟု မခေါ်ခံခဲ့ရသော်လည်း မျက်စိတမှိတ်အတွင်း ကျွမ်းကျင်သူဖြစ်သွားပြန်၏။ ကျန့်ယွမ် ထိုအပြောင်းအလဲကြောင့် ကြက်သေသေသွား၏။
လျန်ယဲ့ဟုန့် ကုန်းချင်းယောင်အား လိုက်လံပြသပြီး တံခါးပေါက်အထိ လိုက်ပို့လာ၏။ ကုန်းချင်းယောင်မှ ဘေးသို့လှည့်လာပြီး ” အပေါ်မှာ ချိတ်ထားတဲ့ ခြင်းတောင်ကို ၂လက်မလောက် အောက်ချလိုက် စားပွဲကို ၃လက်မလောက် ညာဘက်ကို ရွှေ့လိုက် ဖြစ်နိုင်မယ်ဆိုရင် စာအုပ်စင်ကို ၃လက်မလောက် ဖြတ်လိုက် ”
ပြောပြီးသည်နှင့် ကုန်းချင်းယောင် ထွက်သွားတော့သည်။
လျန်ယဲ့ဟုန့် ဆိုင်တွင်းသို့ ချက်ချင်းဝင်သွားပြီး ကုန်းချင်းယောင် ပြောခဲ့သမျှ နေရာများကို လိုက်ကြည့်လိုက်သည်။ ဝန်ထမ်း၂ယောက်သည် ဘေး၌ ရပ်နေပြီး သူတို့ ဆရာသည် စိတ်တိုနေလောက်ပြီဟု ထင်နေဆဲတွင် လျန်ယဲ့ဟုန့်မှ စိတ်လှုပ်ရှားနေကြောင်းမြင်လိုက်ရသည်။ ထို့နောက် သူထရပ်၍ ဆရာသခင်၏ ဖုန်းနံပါတ်အား ပျော်ရွှင်စွာ ခေါ်လိုက်တော့သည်။
ထိုအရာအားလုံးအား ဝန်ထမ်းများမှ မြင်နေရ၍ သူတို့ ဆရာ ရူးသွားပြီလားဟုပင် ပြန်၍ အတည်ပြုနေရတော့သည်။
ဆိုင်ထဲမှ ထွက်လာပြီးနောက် ညနေခင်းပင် ရောက်နေလေပြီ။ ကုန်းချင်းယောင် သူမလိုချင်သည်ကို ရလိုက်၍ ပျော်ရွှင်နေ၏။
ကုန်းချင်းယောင် ” ဒီနားမှာ စားသောက်ဆိုင်တွေရှိတယ်၊ နှစ်ယောက်လုံးကို ညစာခေါ်ကျွေးမယ်လေ “
ကျန့်ယွမ်မှ ထိုသည်ကို ကြားသောအခါ ချက်ချင်းထ၍ ” ဒီအနီးအနားမှာ စားကောင်းတဲ့ ဆိုင်တဆိုင်ကို သိတယ်၊ အာ့တာက သိပ်တော့ နာမည်မကြီးသေးပေမယ့်လို့ပေါ့ “
ဆရာသခင်မှ သူ့အား ထမင်းကျွေးဖို့ ဖိတ်ခေါ်လျှင် သူ့၌ ငြင်းစရာအကြောင်းမရှိပေ။
ကုန်းချင်းယောင်အတွက် နာမည်ကြီးမကြီးထက် စားကောင်းသည်က ပို၍အရေးကြီး၍ ” ကောင်းတာပေါ့ “
ကျန့်ယွမ် ရှန့်ကူးလမ်း၏ နက်သောနေရာသို့ နိုင်ငံခြားသားများကို ရှောင်ရှားနေလျှက် ခေါ်သွားလိုက်သည်။ စားသောက်ဆိုင်တံခါးသည် ပုံမှန်တံခါးသာဖြစ်ပြီး မြို့ထဲ၌ ရှိသော်လည်း လူအများကြီး မလာကြပေ။
ကျန့်ယွမ် ဝင်လိုက်သောအခါ အလုပ်သမားလေးမှ ချက်ချင်းထရပ်လာပြီး ” ကြိုဆိုပါတယ် “
ကျန့်ယွမ် ” ကျေးဇူးပြုပြီး တိတ်ဆိတ်မယ့်နေရာလေး ပြပေးပါဦး “
စားပွဲထိုးလေးမှ ” ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ “
ကုန်းချင်းယောင် ဤနေရာ၏ပိုင်ရှင်သည် လေထုတည်ဆောက်ပုံနှင့် တည်ဆောက်ထားပြီး လျန်ယဲ့ဟုန့်၏ ရေဓာတ် တည်ဆောင်ပုံနှင့် ကွာခြားမှန်း ခံစားမိလိုက်သည်။ ဤနေရာ၌ နေရသည်မှာ သာယာသော်လည်း ကုန်းချင်းယောင် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူ တမူထူးခြားစွာ စားသောက်ဆိုင်ကို စိတ်ဝင်စားနေမိပေမယ့် အကြောင်းအရင်းအား မသိပေ။
ကျန့်ယွမ် သဘာဝရှု့ခင်းအား ရှင်းပြလိုက်ပြီး မိတ်ဆက်ပေးလာ၏။ ” ဒီဆိုင်ရဲ့ နည်းလမ်းကတော့ ဧည့်သည်က နောက်ထပ်ဧည်သည် ခေါ်လာပေးတာပါပဲ “
ကုန်းချင်းယောင် ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်ပြီး ကျန့်ယွမ်အနားသို့ တိုးကာ ” ဒီမှာရှိနေတဲ့ သူအားလုံးကိုသိလား “
သူမတို့ ဝင်လာချိန်၌ ကျန့်ယွမ်မှ လူတစ်ယောက်သာ ခေါ်လိုက်လေသည်။
ကျန့်ယွမ်မှ ” ဒီက လူတွေအကုန်လုံးက ရှန့်ကူးလမ်းက လူတွေချည်းပဲလေ “