MMMQ

အပိုင်း (၁၄)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၁၄

စားသောက်ပြီးသော် မောင်လီချမ်းမှ ထရပ်၍ ” မနေ့က ဘာဖြစ်သွားလဲဆိုတာက အင်တာနက်မှာ အတော်ဆူညံပွက်လောရိုက်သွားတယ်၊ အားလုံးလဲမြင်ပြီးကြမှပါ၊ အာ့တော့ မြို့တော်ကို ပြန်ရောက်တာနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားပါတယ်၊ အားလုံး ပါဝင်ပေးနိုင်ကြပါသလား ”

ယုချူးရွှယ်နှင့် အခြားသူများသည် ဤကိစ္စမှာ အင်တာနက်၌ လူကြိုက်များနေမှန်း မသိထားကြချေ။ သူတို့သည် ထိုကိစ္စကြောင့် ကြောက်ရွှံ့တုန်လှုပ်နေဆဲဖြစ်ပြီး ကဲကောင်းစွာနှင့် အားလုံး ဒဏ်ရာမရကြပဲ ဖော်လိုဝါများသာ ရလိုက်ကြ၏။ ဤသည်မှာ အဆိုးကြားထဲမှ အကောင်းဖြစ်၍ ” ပြဿနာမရှိပါဘူး ” ဟု တညီတညွှတ်ထဲပြောလာကြ၏။ သတင်းစာရှင်းလင်းပွဲသည် သူတို့အား ပို၍ပေါ်လွင်စေ၍ ကောင်းမွန့်သည့်အရာဖြစ်ပေသည်။

ယိုရှင်းယွီမှ ခေါင်းညိမ့်လာ၍ ကျန်သည့်သူများမှလည်း လုပ်ပါ့မည်ဟု သဘောတူလိုက်ကြ၏။

အားလုံး သဘောတူကြသည်ကိုတွေ့၍ မောင်လီချမ်းမှ ” သတင်းစာရှင်စလင်းပွဲကို မနက်ဖြန်မနက်‌လုပ်မယ်လို့ အစီအစဉ်ဆွဲထားပါတယ် ”

သတင်းစာရှင်းလင်းပွဲအား အမြန်လုပ်နိုင်လေ ကောင်းလေဖြစ်ပြီး ထိုကိစ္စ မီးမသေသွားခင် ဖန်များ၏နှလုံးသားကို ထပ်၍ကိုင်လှုပ်ရမည့် ကိစ္စ‌ဖြစ်နေပေသည်။ သူတို့ မြို့တော်၌ မရှိသည်ကြောင့်သာမဟုတ်လျှင် မောင်လီချမ်းသည် သတင်းစာရှင်းလင်းပွဲအား ယနေ့ပင် ကျင်းပချင်နေလေသည်။

ယုချူးရွှယ်မှ ” အာ့တာဆို ကျွန်မတို့ ဒီနေ့ပြန်သွားမှာလား ”

” ဟုတ်တယ် အားလုံးရဲ့ လက်မှတ်ကို ဘိုကင်တင်ထားပြီးပြီ ” ပြောနေရင်းမှ မောင်လီချမ်း ဖုန်းထုတ်ကြည့်လိုက်ပြီး ” နောက်နာရီဝက်အတွင်း ထွက်ခွာကြတော့မယ် ”

ထိုစကားအား ကြားသောအခါ အားလုံး အခန်းသို့ပြန်၍ လက်ဆွဲသေတ္တာများအား ထုပ်ပိုးကြတော့၏။ ကုန်းချင်းယောင် ယူလာသော ပစ္စည်းများမှာ ရိုးရှင်း၍ ၅မိနစ်အတွင်း ထုတ်ပိုးပြီးသွားတော့သည်။ ထို့နောက် အောက်သို့ဆင်း၍ ဘက်စ်ကားထဲ၌ စောင့်နေလေသည်။ မောင်လီချမ်းသည် ကုန်းချင်း‌ယောင်၏ ထူးချွန်မှု့ကိုသိ၍ ပိုပြီးလေစားမိလေသည်။

လေဆိပ်သို့ရောက်ပြီးနောက် ကုန်းချင်းယောင် အံ့ဩသွား၏။ ယနေ့ခေတ်၏ တိုးတက်မှု့သည် ကြီးမားလွန်းကာ လူများပင် လေထဲ၌ ပျံနိုင်နေလေပြီ။ သူမသည် ချီအဆင့်တစ်ခုအား ရောက်သွားလျှင်တောင် ပျံလို့ရပေမယ့် မြို့တော်အထိ မရပ်မနားပျံသွားရန်မှာ ခက်ခဲပေသည်။

ကုန်းချင်းယောင်သည် ပြတင်းပေါက်ဘေး၌ထိုင်ပြီး အလယ်၌ ယုချူးရွှယ်ထိုင်ကာ လျှောက်လမ်းဘက်၌ အိုက်ရှောင်းယွင်ထိုင်လေသည်။ ယုချူးရွှယ်သည် သူ့အား ဘာမှမပြောသလို အိုက်ရှောင်းယွင်သည်လည်း နှုတ်ဆိတ်နေ၍ သူမလည်း သူတို့အား စိတ်ထဲမထားတော့ပေ။

မနေ့၌ ကုန်းချင်းယောင်ထံမှ အခန်းသို့ ပြန်ရောက်ပြီးနောက် အိုက်ရှောင်းယွင် အမေ့အား ချက်ချင်းဖုန်းခေါ်ကာ အဖြစ်မှန်အား မေးတော့၏။ သူ့မောင်လေးသည် မိန်းမယူမည်မဟုတ်ဘဲ ဂိမ်းကစားသည့် အကြွေးများအား ပေးရန် ငွေလိုနေကြောင်းသိလိုက်ရ၏။ သူမ မောင်လေးအား ဆူငေါက်မည်တွင် သူမအမေမှ သူမအား ခေါင်းအစ ခြေအဆုံး ပြန်ဆူငေါက်သွား၏။ သူမအမေသည် အိုက်ရှောင်းယွင်အား မောင်လေး၏ အကြွေးများကို ကူမဆပ်ပေး၍ ဆူငေါက်၏။ သူမသည် လူမဟုတ်သလို အမဖြစ်ရန်လည်း မထိုက်တန်ဟုပြောခဲ့သည်။ သူမ စိတ်တိုလွန်း၍ ဖုန်းချလိုက်၏။

ဘယ်သူမှ စကားမပြော၍ ကုန်းချင်းယောင် မျက်လုံးမှိတ်ကာ မြို့တော် ရောက်သည်အထိ အိပ်လိုက်လာ၏။ လေဆိပ်သို့ရောက်သောအခါ များစွာသော ဖန်များသည် လာကြိုကြပြီး အများစုမှာ ယိုရှင်းယွီ၏ ဖန်များဖြစ်၍ အချို့သည် ကော်ယွမ်ခိုင်၏ ဖန်များဖြစ်ကြ၏။ ကျန်သည့် သူများ၏ ဖန်များမှာတော့ မလာကြပေ။

ဖန်များသည် အော်ဟစ်၍ သူတို့ အိုင်ဒေါများကို ပင်ပန်းသွားပြီဖြစ်ကြောင်း ကောင်းကောင်းအနားယူသင့်ကြောင်း ပြောလာကြ၏။ ယိုရှင်းယွီ သူတို့အား တစ်ယောက်ချင်းစီ နှုတ်ဆက်လာသောအခါ ပို၍အော်ဟစ်လာကြ၏။

ကုန်းချင်းယောင် ယုချူးရွှယ်နှင့် ကျုံးရှင်းရင် မျက်လုံးထဲမှ လေးစားအားကျမှု့များ အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ပုံမှန်ဆိုလျှင် ကုန်းချင်းယောင်နှင့် ယုချူးရွှယ်၏ လက်ရှိအနေအထားကြောင့် ကုမ္ပဏီမှ သူမတို့အား လာကြိုသည့် ကားပေးမည် မဟုတ်ပေ။ သို့ပေမယ့် ယုချူးရွယ်နောက်မှ ရွှေရောင်ပေါင်လုံးကြီးကြောင့် ကုမ္ပဏီသည် ခြွင်းချက်ထား၍ သူမအတွက် ကားပေးထားသော်လည်း အကောင်းဆုံး မဟုတ်ပေ။ ကုန်းချင်းယောင်မှာတော့ ကားကပ်စီးသည့် သူမျှသာ။

14 02

ကားမောင်းသမားသည် ယုချူးရွှယ်အား အရင်လိုက်ပို့ပြီးနောက် အိုက်ရှောင်းယွင်မှ မတူညီသည့် ဝေးသော နေရာတစ်ခုအား ပြောပြလာ၏။ ထိုနေရာသို့ရောက်၍ ကုန်းချင်းယောင် ကားပေါ်မှ မဆင်းလာသည်ကို မြင်သောအခါ အိုက်ရှောင်းယွင်မှ ” ငါတို့ရောက်ပြီလေ ”

ကုန်းချင်း‌ယောင် သူမရှေ့မှ အတန်းလိုက် အဆောက်အဦးများအား ကြည့်လိုက်ပြီး ဘယ်တစ်ခုသည် သူမနေမှန်းမသိ၍ ” ကျွန်မ ဘယ်နေရာမှာလဲ ”

အိုက်ရှောင်ယွင်း နောက်ပြန်လှည့်လာပြီး အံ့ဩတကြီး ” ကုန်းချင်းယောင် နင် အပြင်မှာ ရက်နည်းနည်းလေးနေလိုက်တာနဲ့ ကိုယ်ဘယ်မှာနေမှန်း မေ့သွားပြီလား ”

ကုန်းချင်းယောင်မှ ရိုးဖြောင့်စွာဖြင့် ” ဟုတ်တယ်လေ ”

အိုက်ရှောင်းယွင် မျက်လုံးပင့်လိုက်ပြီး ” နင် အကြားအမြင်ရတယ်ဆိုရင် အာ့တာကို အခုအသုံးချရင်ရော ”

ကုန်းချင်းယောင် အိုက်ရှောင်းယွင်အား စိုက်ကြည့်လိုက်၏။ မူလကိုယ်မှာ သေသွားပြီလေ။ သူမက ဘယ်သိမှာတုန်း။ မူလကိုယ်သည် ပြန်ဝင်စားကာ ဒြပ်စင်ငါးမျိုးထဲမှပင် ထွက်သွားချေလေပြီ။ သူမက ဘယ်လိုမျိုး တွက်ချင်ရမှာလဲ။ ကုန်းချင်းယောင်၌ ကောင်းကင် မျက်လုံးရှိသော်လည်း ကြားခံမပါဘဲ သူမ ဘာမှ မမြင်ရချေ။

ကုန်းချင်းယောင် ထိုကဲ့သို့ ဇဝေဇဝါဖြစ်နေသည်ကို ကြည့်ရသည်မှာ အိုက်ရှောင်းယွင်အတွက် တနည်းနည်းနှင့် ခံစားချက်ကောင်းလာစေပြီး ” ဆင်းခဲ့ ငါ နင့်ကို ခေါ်သွားပေးမယ် ”

ထိုသို့ပြောပြီး သူမလည်း ကားထဲမှထွက်လာ၏။ အိုက်ရှောင်းယွင် စိတ်ထဲတွင် ကုန်းချင်းယောင် ပြောင်းလာသည်မှာ အမြန်ဖြစ်သွား၍ သူမ မမှတ်မိသည်မှာလဲ သဘာဝကျသည်ဟု ထင်နေလေသည်။

သူတို့၂ယောက် တိုက်၃တိုက်ထဲမှ အနည်းငယ်ပျက်စီးနေသော ‌တိုက်ဆီသို့ သွားလိုက်ပြီး ” ဒီနေရာမှာ ”

ကုန်းချင်းယောင် အကြည့်တို့ကို ပြန်သိမ်းလိုက်ပြီး အိုက်ရှောင်းယွင်နှင့်အတူ ‌အပေါ်ဆုံးထပ်သို့ တက်သွားလိုက်သည်။ အိုက်ရှောင်းယွင် အတွင်းဆုံးနေရာရှိ အခန်းရှေ့၌ ရပ်သွားပြီး ကြမ်းပြင်ရှိ ခြေသုတ်ခုံအား မလိုက်ကာ ” သော့က ဒီမှာ ”

ကုန်းချင်းယောင် သော့ကို ကောက်ယူ၍ တံခါးဖွင့်လိုက်သောအခါ ဖုန်လုံးတလုံး ထွက်လာလေသည်။

အခြေအနေအား မြင်သည်နှင့် အိုက်ရှောင်းယွင်မှ ” အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ဦး၊ မနက်ဖြန် သတင်းစာရှင်းလင်းပဲ လာဖို့လဲ ဆက်ဆက်သတိရဦးနော် ”

” ကောင်းပြီ ”

ကုန်းချင်းယောင် စကားပြန်ပြီးသည်နှင့် အိုက်ရှောင်းယွင် သူမအား သန့်ရှင်းရေးလုပ်ကူစေရန် ဆွဲထားမည်ကို စိုးရိမ်၍ လှေကားသို့ အမြန် ပြေးသွားတော့၏။

အခန်းမှာ မှောင်နေ၍ မီးခလုတ်အားထိ၍ မီးဖွင့်လိုက်သောအခါ တခန်းလုံး ရှုပ်ပွနေမှန်း မြင်လိုက်ရပြီး သူမ ခဏမျှ စကားမပြောနိုင်တော့ပေ။ ဖုန်းရွှေအရဆိုရင် မသန့်ရှင်းတဲ့အိမ်က ပိုင်ရှင်ရဲ့ ကံကို ထိခိုက်နေတတ်သည်။

လက်စွပ်ထဲမှ ထွက်လာသော လုချမ်ချမ်သည် နေရာအား ဝေ့ကြည့်လိုက်ပြီး ” ဆရာသခင်က ဒီလိုနေရာမှာ နေတာလား ”

သူမ စိတ်ထဲတွင် ကုန်းချင်းယောင် နေသောနေရာမှာ တလောကလုံးတွင် တခုတည်းရှိသင့်နေသော နေရာလိုမျိုးဟု မှတ်ယူထားခဲ့မိ၏။ ယခု မျက်စိနဲ့မြင်ရမှသာ ဆရာသခင်သည် မြေကြီးအောက်တွင် နေနေခဲ့သည်ပင်။

တိုက်ခန်းသည် မကြီးကာ တခန်းထဲ ပါရှိလေသည်။ ကုန်းချင်း‌ယောင် တံခါးနား သွားလိုက်ပြီး အနီရောင်လိုက်ကာအား မတင်လိုက်ကာ အခန်းစတင်ရှင်းလင်းလိုက်ပြီး သူမ မလိုသည်များကို အခန်းရှေ့၌ စုပုံထားလိုက်၏။

ကုန်းချင်းယောင် အလုပ်လုပ်သည်မှာ အလွန်မြန်ပြီး အိပ်ခန်းအား တနာရီမျှ အကြာမှီတွင် ရှင်းလင်းပြီးသွား၍ ပတ်ကြည့်ကာ အဝတ်ဗီရိုနှင့် ရေ‌ခဲသေတ္တာတို့ကိုပင် သန့်ရှင်းလိုက်သေးသည်။ မလိုအပ်သည့် ပစ္စည်းအထုတ်များကို တံခါးရှေ့၌ စုပြုံ၍ ထားထားသည်မှာ လူတရပ်စာပင် ရှိနေပြီဖြစ်၏။ သူမ ထိုပစ္စည်းတို့ကို အိတ်တအိတ်ထဲ၌ ထုတ်ပိုး၍ အောက်ထပ်ရှိ အမှိုက်ပုံးထဲသို့ ပစ်ရန်သွားတော့၏။

လုချမ်ချမ် သူမ ထုတ်ပိုးနေသော အိတ်အား ကြည့်လိုက်ပြီး ” ဆရာသခင် ဒီအိတ်က Celine က အကန့်အသတ်နဲ့ ထုတ်တဲ့အိတ်ဆိုတာ မသိဘူးလား ”

ကုန်းချင်း‌ယောင် သေတ္တာထဲထည့်ထားသော အနီရောင် အိတ်အား ရွှံ့ရှာစွာ ကြည့်လိုက်ပြီး ” ဒီအိတ်က ငါ့အကြိုက်မဟုတ်ဘူး ”

14 03

လုချမ်ချမ် အော်ဟစ်လုနီးပါး လေသံနှင့် ” အာ့အိတ်က အကန့်အသတ်နဲ့ ထုတ်တာဖြစ်ပြီး ဈေးကြီးတာကိုရော သိရဲ့လား ”

သူမ၏အခြေအနေမှာ ငွေရေးကြေးရေးကို စိတ်ပူစရာမလိုဘူးဆိုလျှင်တောင်မှ ထိုကဲ့သို့ အိတ်အားဝယ်ရန်တော့ အကြိမ်ပေါင်းများစွာ စဉ်းစားမိမည်ပင်။

ကုန်းချင်း‌ယောင်မှ သူမအား လျစ်လျှူရှု့ထားဆဲကို မြင်၍ လုချမ်ချမ် သူမအရှေ့သို့သွား၍ လက်များဆန့်ထုတ်ကာ တားသည့်အချိန်တွင် ကုန်းချင်းယောင်မှ သူမ ကိုယ်အား လေကဲ့သို့ ဖြတ်သွားလေသည်။ ထို့နောက် အောက်ထပ်သို့ဆင်းကာ ပစ္စည်းများကို အမှိုက်ပုံထဲသို့ ထည့်လိုက်လေသည်။ လုချမ်ချမ်မှ သူမအား တားရန် ကြိုးစားသော်လည်း အားလုံးအချည်းအနှီးမျှသာ။

၃ခါမျှ အမှိုက်ပစ်ပြီးနောက် အိပ်ခန်းသည် ပို၍ရှင်းလင်းလာကာ သန့်ရှင်းလာပေမယ့် ကုန်းချင်းယောင် အနီရောင်လိုက်ကာနှင့် ခရမ်းရင့်ရောင် အိပ်ရာခင်းများမှာ သူမအား သက်တောင့်သက်သာမဖြစ်စေဟု ခံစားလိုက်ရ၏။ မနက်ဖြန် ဈေးဝယ်ထွက်ပြီး အားလုံးကို လဲပစ်မည်ဟု စဉ်းစားလိုက်သည်။

လုချမ်ချမ် ဘေးမှ ညီးတွားနေလျှက် ” ဘုရားရေ နင် အမှိုက်တွေပစ်တာဖြစ်ဖြစ်၊ ဒိတ်လွန်နေတဲ့ ရေခဲသေတ္တာထဲက အစားအစာတွေပစ်တာဖြစ်ဖြစ် သေတ္တာတွေပစ်တာဖြစ်ဖြစ် ဘာမှမပြောပါဘူး၊ အဝတ်အစားတွေနဲ့ Celine ရဲ့ အကန့်အသတ်ထုတ်အိတ်ကို ပစ်ရလား၊ ပြီးတော့ မိတ်ကပ်နဲ့ စကင်းကဲ ပစ္စည်းတွေကိုရော မျက်တောင် တချက်မခပ်ဘဲနဲ့ ပစ်လိုက်တယ်၊ အာ့တာတွေက ဘယ်လောက် ကုန်ကျလဲဆိုတာ သိရဲ့လား ”

ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။ မူလကိုယ် ဘာလို့ ဆင်းဆင်းရဲရဲနေနေရမှန် သူမအခုမှ သဘောပေါက်၏။ မူလကိုယ်က မလိုအပ်တဲ့ ပစ္စည်းတွေမှာ ပိုက်ဆံဖြုန်းသည်ကိုး။

လုချမ်ချမ် သူမမျှော်လင့်သည့်အတိုင်း ဖြစ်မလာ၍ စိတ်တိုလာပြီး ” စကင်းကဲပစ္စည်းတွေ ( Skincare Products) မရှိဘဲ ဘယ်လိုနေမှာလဲ၊ မိတ်ကပ်မလိမ်းတဲ့ အနုပညာရှင် ကြယ်ပွင့်ကို တွေ့ဖူးလို့လား၊ ကြည့်ပါဦး Foundation၊ Concealer ၊ Eye Shadow ၊ Eye Liner ၊ Eye Pencil ……… အကုန်လုံးကို ပစ်ထုတ်ပစ်တာပဲ၊ သူတို့တွေ အကုန်လုံးက အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေလေ၊ ဆယ်လီတွေက ရိုက်ကူးရေးကို ညည့်နက်တဲ့အထိ မိတ်ကပ်အထူကြီးတွေ လိမ်းပြီးလုပ်ရလို့ အသားအရေပျက်စီးတယ်ဆိုတာ သိလား၊ အသားအရေထိန်းသိမ်းတဲ့ စကင်းကဲတွေ မရှိဘဲ ဘယ်လိုလုပ်မလဲ၊ ပြီးတော့ Eye Cream နဲ့ Water Essence တွေရော အာ့တာတွေက အကုန်ဈေးကြီးတဲ့ဟာတွေပဲလေ ”

စားပွဲဘေး၌ ဒိတ်မလွန်သေးသော အသင့်စားခေါက်ဆွဲ ဘူးများ ရှိနေသေး၏။ ခေါက်ဆွဲဘူးများကို ကုန်းချင်းယောင် အိမ်သန့်ရှင်းရေး လုပ်နေစဉ်မှ ရှာတွေ့ထားတာဖြစ်ပြီး လုချမ်ချမ်၏ ပေါက်ကွဲနေစဉ်တွင် သူမ ခေါက်ဆွဲဘူးတစ်ခုကိုယူ၍ ခေါင်းအစခြေအဆုံး အပြန်ပြန်အလှန်လှန်ကြည့်နေ၏။

လုချမ်ချမ် အသိစိတ်ပြန်ဝင်လာသောအခါ ကုန်းချင်း‌ယောင်မှ ခေါက်ဆွဲဘူးအား လေးလေးနက်နက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမ အားပြတ်နေသော အသံနှင့် ” ခေါက်ဆွဲဘူး ဘယ်လိုစားရမလဲကို မသိဘူးလား ”

ကုန်းချင်း‌ယောင် လုချမ်ချမ်အား တညလုံတွင် ပထမဆုံးအကြိမ် စိုက်ကြည့်လာပြီး ခေါင်းငြိမ့်ပြလိုက်၏။

လုချမ်ချမ် မူးမေ့လဲ မတတ်ဖြစ်သွားပြီး ” သွား အိုးနဲ့ ရေအရင်သွားတည်၊ ပြီးတော့ အပေါ်က အခွံ့ကို တဝက်လောက်အထိ ဖြဲလိုက်၊ အထဲက ဟင်ခပ်အမွှေးအကြိုက်ထုတ်ကိုယူပြီး ခေါက်ဆွဲထဲကို ရေနွေးထည့်လိုက်၊ ရေနွေးထည့်ပြီးရင် ဘူးကို အဖုံးပြန်ဖုံးထားလိုက်ပြီး ၃မိနစ်နေရင် စားလို့ရပြီ ”

အာ့လောက် ရိုးရှင်းတယ်လား။

ကုန်းချင်း‌ယောင် ရေနွေးတည်ပြီးနောက် လုချမ်ချမ် ပြောသည့်အတိုင်း တသွေမတိမ်းလိုက်လုပ်ကာ ခေါက်ဆွဲဘူးအား ပြုတ်ထားလိုက်၏။ မမျှော်လင့်ဘဲ အချိန်တွေ နှစ်ပေါင်းများစွာ ကုန်လွန်ပြီတဲ့အခါမှာ ဒီလိုအဆင်ပြေတဲ့ အစားအစာတွေတောင်ရှိနေပြီပဲ။ လုချမ်ချမ် ဘေးမှ ကုန်းချင်း‌ယောင်အား အံ့ဩတကြီး ကြည့်လိုက်ပြီး ” ဆရာသခင်က ရှေးခေတ်က ရောက်လာတာလား ”

ကုန်းချင်း‌ယောင် ခေါင်းညိမ့်လိုက်ပြီး ” ဟုတ်တယ် ”

14 04

လုချမ်ချမ် နင်မတတ်ဖြစ်သွား၏။ ကျိန်ဆိုပါ၏။ သူမသည် ပုံမှန်မျှသာ မေးလိုက်သည်ဖြစ်ပြီး ကုန်းချင်းယောင်မှ ရှေးခေတ်မှ တကယ်လာခဲ့သည်ဟု ဝန်ခံလာမည်မှန်း ‌မမျှော်လင့်ထားပါပေ။ သို့ပေမယ့် သေချာပြန်စဉ်းစားလိုက်သောအခါ ကုန်းချင်း‌ယောင်သည် လိုင်းပေါ်မှ လက်မှတ်မဝယ်တတ်သလို ခေတ်သစ်ပစ္စည်းတော်တော်များများနှင့်လည်း မရင်းနှီးပေ။ ကုန်းချင်း‌ယောင် ရှေးခေတ်မှ တကယ်ရောက်လာတာ ဖြစ်နိုင်သည်ဟု စဉ်းစားမိပြီး သူမ အံ့ဩသွားမိသည်။

၃မိနစ်ကြာပြီးနောက် ကုန်းချင်းယောင်မှ ခေါက်ဆွဲဘူးအဖုံးအား လှပ်လိုက်သောအခါ ခေါက်ဆွဲအနံမှာ အပြင်သို့ ထွက်လာလေသည်။ သို့ပေမယ့် အနံသည် အနည်းငယ်ပြင်းကာ သဘာဝဆန်မနေပေ။ သူမ တငုံသောက်လိုက်ပြီးနောက် ခေါက်ဆွဲသည် အရသာပြင်းနေကြောင်း သိလိုက်ရ၏။ ထိုသည်မှာ မွှေးသော်လည်း ကြာရှည်စားလျှင် ကျန်းမားရေးအား ထိခိုက်နိုင်၏။ သူမ ပြုတ်ထားသော ခေါက်ဆွဲအား စားပြီးသောအခါ အိမ်၌ ရှိရှိသမျှ ခေါက်ဆွဲဘူးများကို လွှင့်ပစ်လိုက်တော့၏။

လုချမ်ချမ် ဖြည်းညှင်စွာ အနားရောက်လာပြီး ကုန်းချင်းယောင်မှ ပစ္စည်းများ ထပ်လွှင့်ပစ်နေသည်ကို မြင်သောအခါ ” ဒါ အကြမ်းဖက်နေတာပဲ ”

လုချမ်ချမ်၏ မိသားစုအခြေအနေမှာ ကောင်းမွန်သော်လည်း တခါတလေ သူမ အလုပ်များလျှင် ခေါက်ဆွဲဘူးများကိုသာ စားလိုက်ရတတ်သည်။ကုန်းချင်းယောင်မှ သေတ္တာတဝက်အပြည့် ခေါက်ဆွဲဘူးများအား လွှင့်ပစ်လိုက်၏။ အရေးပေါ် အခြေအနေနှင့် ကြုံရလျှင် သူမ မည်သို့လုပ်မည်နည်း။

ကုန်းချင်း‌‌ယောင် အိမ်သို့ ပြန်လာကာ တရားထိုင်လျှက် မြို့တော်ရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ကြိုးစားလိုက်၏။ သူမ မျက်လုံး မှိတ်လိုက်မှသာ စွမ်းအင်များသည် အလွန်ပါးလွှာနေပြီး မရှိသလောက်ဖြစ်နေမှန်း နားလည်လိုက်သည်။ သူမအတွက် အလုပ်မဖြစ်ပေ။ ကုန်းချင်း‌ယောင် မျက်လုံးဖွင့်လိုက်ပြီး မြို့တော်မြေပုံအား ရှာဖွေလိုက်သည်။ သူမ မှတ်မိသလောက်ဆိုလျှင် မြို့တော် အပြင်ဘက်၌ တောင်များစွာရှိလေသည်။

သို့ပေမယ့် တောင်တန်းများသည် တောင်ခါးပန်းမျှသာ ရှိကြတော့လျှက် တောင်ခါးပန်းတစ်ခုသည်ပင် ထန်အဖွဲ့မှ ပိုင်ဆိုင်ကာ ထိုနေရာများကို ပန်းခြံပြုလုပ်ထားလေသည်။ ကုန်းချင်းယောင် မြေပုံ၌ သူမ လေ့ကျင့်လို့ရနိုင်မည့် သစ်တောလိုနေရာမျိုး ရှိနိုင်မည်လားဟု သေသေချာချာ စေ့စေ့စပ်စပ် ရှာဖွေနေလေသည်။

မကြာခင်တွင် သန်းရှို့မင်မှ သူမအား ဖုန်းခေါ်လာပြီး ကျေးဇူးတင်ကြောင်း ပြောလာ၏။ မြို့တော်မှ အထက်အရာရှိများသည် သန်းရှို့မင်၏ စွမ်းဆောင်နိုင်ပုံကိုကြည့်၍ သူ့အား ရာထူးတိုးပေးတော့မည်မှာ သေချာသွားပြီပင်။

ကုန်းချင်းယောင်မှ ” ရပါတယ်၊ ကြင်နာမှု့ဆိုတာ ပြန်ပေးဆပ်ခံရတာပါပဲ ”

သန်းရှို့မင်သည် လူကုန်ကူးခြင်းကို မုန်းတီး၍ ယခုကိစ္စကြောင့် ရာထူးတိုးသည်မဟုတ်လျှင်တောင် သူ တနေ့နေ့တော့ ဆူချီးမြှင့်ခြင်းကို ခံစားရမည်ပင်။

တနေ့ထဲနှင့် ယဲ့တောင်မှ ကိစ္စများအား အလုံးစုံ ကိုင်တွယ်ပြီးသွားကြ၏။ ပြီးနောက် တရားဝင် သတင်းဌာနမှ အခြေအနေများကို ထုတ်ပြန်လေသည်။ ယခု သတင်းပျံ့နှံ့မှု့မျာ မြန်ဆန်၍ လူထုအမြင်အား သေချာ ထိန်သိမ်းလိုက်နိုင်လေပြီ။ ယဲ့တောင်မှ နောက်ဆက်တွဲကိစ္စများ လုပ်စရာရှိသေး၍ စကားအနည်းငယ်မျှ ပြောပြီးနောက် သန်းရှို့မင်မှ ဖုန်းချလိုက်တော့၏။

ကုန်းချင်း‌ယောင် ဖုန်းချလိုက်ပြီး သစ်တောများကို ဆက်ရှာနေလိုက်သည်။ နောက်ဆုံး သူမ နေရာကောင်းတစ်ခုကို ရှာတွေ့သော်လည်း အိမ်ရာမြေနေရာဖြစ်နေပြီး မြို့တော်နှင့် အလှမ်းဝေးလေသည်။ လုချမ်ချမ် ဘေးမှကြည့်နေပြီး ” ဒီနေရာက မြို့တော်နဲ့ မနီးတာတောင် မြေတွေက ဈေးကြီးလိုက်တာ တစတုရန်းမီတာကိုတောင်မှ ၁၅,၀၀၀ တဲ့ ”

ကုန်းချင်းယောင် သူမလက်ထဲရှိ ငွေအား တွက်ချက်ကြည့်လိုက်၏။ အိမ်ပြောင်းမ

ည့် ကိစ္စအား ခေတ္တမျှ ရွှေ့ဆိုင်းထားရမည့်ပုံပင်။ ပိုက်ဆံမရှိလျှင် တောင်တန်းနှင့် သစ်တောများ၌သာ လေ့ကျင့်သည်မှာ ပိုကောင်းပေသည်။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset