MMMQ

အပိုင်း (၇)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၇

နောက်‌တနေ့ မနက်‌အစော၌ ကုန်းချင်းယောင်အိပ်ယာထလိုက်ပြီး တရားထိုင်လိုက်၏။ Rမြို့မှ ဝိညာဉ်စွမ်းအင်းသည် Sမြို့ကထက် ပို၍ပါးလွှာနေသည်။ ဖြစ်နိုင်သည်မှာ ဤမြို့မှ လူဦးရေသည် ပိုများနေ၍ပင်။ ကုန်းချင်းယောင် ဘေးနီးနားရှိ စွမ်းအင်အား စုတ်ယူလိုက်ပြီး ရေချိုးခန်းထဲသို့ ကိုယ်လက်သန့်စင်ရန်သွားတော့၏။

အပြင်ရှိ ကင်မရာမန်းသည် တံခါးကို ဖွင့်လာပြီး တီးတိုး”ကုန်းချင်းယောင် ဘာလုပ်နေမလဲဆိုတာ ကြည့်လိုက်ရအောင်၊ သူမ အိပ်နေတုန်းပဲထင်တယ်”သူ စကားပြောနေလျက် သူမအိပ်ရာနားသို့ တွားသွားလိုက်၏။

အခန်းသည် မီးဖွင့်ထားသော်လည်း ကင်မရာမန်းသည် ကုန်းချင်းယောင် ‌ရည်ရွယ်ချက်ဖြင့် ဖွင့်ထားသည်ဟုထင်နေ၏။ ထုတ်လုပ်သူ အသင်းသည် ငွေပမာဏအများကြီး မရှိသော်လည်း ဒီအခန်း၏ရိုက်ကူးရေး ပစ္စည်းများမှာ ကောင်းမွန်ပေသည်။ အလင်းရောင် သိပ်မကောင်းလျှင်တောင် ကောင်းမွန်သော ဗီဒီရိုတစ်ခုအား ရိုက်ပြနိုင်သေးသည်။

ထို့ကြောင့် ကုန်းချင်း‌ယောင် အိပ်နေဆဲဟု ထင်နေသော ကင်မရာမန်းသည် အိပ်ရာနားသို့ တိုးကပ်လိုက်သောအခါ အိပ်ရာမှာ ရှင်းလင်းနေလေသည်။

ကင်မရာမန်းသည် တိတ်တဆိတ် ဝင်လာကာ လုချမ်ချမ်သည် သူမဘေးမှ စကားပြောနေဆဲ ဖြစ်သော်လည်း သူမ သူ့အသံအား ကြားနိုင်ဆဲပင်။

ကုန်းချင်းယောင် မျက်နှာသစ်ပြီးနောက် ရေချိုးခန်းခန်းထဲမှ ထွက်လာလိုက်၏။ အပြင်မှ နေရောင်သည် သိပ်မလင်းသေးသော်လည်း ရှိုးပွဲအတွက် ရိုက်ကူးရေးမှာ စတင်နေပြီဖြစ်၏။ သို့ပေမယ့် ကင်မရာနှင့် မျက်နှာချင်းဆိုင်ရသောအခါ ကုန်းချင်းယောင် အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲပင်။ သူမ အခန်းထဲသို့ ဝင်လာသော သူအား ကြည့်လိုက်ပြီး အိတ်အသေးလေးအား ကောက်လွယ်လိုက်ကာ”ကျွန်မတို့ သွားကြတော့မလား”

ကင်မရာမန်းသည် သူ မျှော်မှန်းထားသည်နှင့် လွဲချော်သွား၍ အံ့ဩနေပြီး”ဟုတ်… ဟုတ်ကဲ့”

ယုချူးရွှယ် မျက်နှာသစ်ကာ ပြင်ဆင်ပြီးနောက် ကင်မရာမန်းရောက်လာတော့သည်။ ကျုံးရှင်းရင်မှာ ကင်မရာမန်းမလာခင် မိတ်ကပ်လိမ်း၍ အိပ်ယာထဲသို့ ပြန်လှဲနေလေကာ ကင်မရာမန်း ဝင်လာပြီးမှ သူမ အိပ်ယာထချင်ယောင်ဆောင်လိုက်၏။ ယောက်ျားလေး၃ယောက်လုံးသည် ကင်မရာမန်းများ မလာခင် အိပ်ယာထ၍ သေသပ်စွာ ဝတ်စားပြီး ကင်မရာမန်းများ ရောက်လာသည်နှင့် အောက်သို့ဆင်းလာကြလေသည်။

ကုန်းချင်းယောင်သည် အောက်ထပ်ရှိ ကားပေါ်သို့ အရင်ရောက်နေ၏။ ထုတ်လုပ်ရေးအသင်းသည် ဘက်စ်ကားကို ပြင်ဆင်ပေးထားပြီး သူတို့၆ယောက်လုံးအား ရိုက်ကူးရေးလုပ်မည့် နေရာသို့ ပို့ပေးလာသည်။ နာရီဝက်မျှအကြာတွင် ဘက်စ်ကားပေါ်သို့ အခြားလူ၅ယောက်လည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာလေသည်။

မောင်လီချမ်းသည် ရှေ့ဆုံးထိုင်ခုံ၌ ထိုင်နေပြီး ကားစထွက်သည်နှင့် ကင်မရာအားကြည့်၍”ဒီ ပရိုဂရမ် ကို ကြည့်နေကြတဲ့ ကျွန်တော်တို့ရဲ့ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ၊ ကျွန်တော်တို့ရဲ့ အပြင်ဘက်မှာ ရိုက်ကူးမယ့် ‘ survival program ‘ ကနေ ကြိုဆိုပါတယ်၊ ဒီနေ့တော့ ကျွန်တော်တို့ ဧည့်သည်၆ယောက်ကို ဖိတ်ခေါ်ထားပါတယ်၊ အရင်ဆုံး ရိုးရိုးရှင်းရှင်းပဲ နှုတ်ဆက်ကြရအောင်၊ ပထမဦးဆုံး လူကြိုက်အရမ်းများတဲ့ စူပါဧည့်သည် ယိုရှင်းယွီ”

ဘက်စ်ကားပေါ်၌ လက်ခုပ်သံများ ထွက်ပေါ်လာပြီး ယိုရှင်းယွီသည် ကင်မရာအား လက်ဝှေ့ယမ်းပြလိုက်ပြီး”အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော် ယိုရှင်းယွီပါ”

တိုက်ရိုင်ထုတ်လွှင့်နေသော ရှိုးပွဲတွင် ကင်မရာမန်း၇ယောက်ပါကာ ကင်မရာမန်းတစ်ယောင်ကို ဧည့်သည် တစ်ယောက်စီနှင့် ကျန်တစ်ယောက်မှာ တင်ဆက်သူ ထံသို့ ပေးထားလေသည်။ လိုက်ဖ်ရှိုးပွဲ၏ ထုတ်လွှင့်သည့်ပုံစံသည် တီဗီပေါ်၌ နေရာ၇ကွက်ယူကာ အလည်၌ရှိသော အကျယ်ဆုံးနေရာအား တင်ဆက်သူအားပေးထားပြီး ကျန်သည့် အကွက်အသေးလေး ၆ခု၌ ကျန်သည့် လူ၆ယောက်အား နေရာချပေးထားသည်။ တင်ဆက်သူသည် တခြားလူ၆ယောက်နှင့် အလှည်ကျ အတူတူ ရိုက်ကူးလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုသည် စောစောစတင်လိုက်သော်လည်း ကြည့်ရှုသူ ၅,၀၀၀ ပင် ရှိုးပွဲအား ကြည့်ရှုနေကြသည်။ စပွန်ဆာနောက်ခံရှိ၍ ထုတ်လုပ်မှုအသင်းသည် ရှိူးပွဲကျင်းပချိန်အား ယခင်ကတည်းက ဝေ့ပေါ် ၌ တင်ထားပြီးပြီဖြစ်၏။ ပစ္စည်းကိရိယာများ ဝယ်ရန် ငွေအမြောက်အများကုန်ကျ၍ ပရိုမိုးရှင်း ဆင်းရသည့် ပိုက်ဆံမှာလည်း အကန့်အသတ်ရှိလေသည်။ ပြောရလျှင် ပရိုမိုးရှင်း ဆင်းထားသည်မှာ အလွန်အားနည်းပေသည်။ ရောက်ရှိလာသော ကြည့်ရှုသူ ၅၀၀၀သည် ယိုရှင်းယွီ၏ ပရိသတ်များသာဖြစ်သည်။

[ ရှင်းယွီ ချစ်တယ်]

[ အရှေ့ဆုံးက ငါတို့မိသားစုက ရှင်းယွီပဲ ]

[ မနက်စောစောထရတာ အရမ်းခက်တာပဲ ]


7 02
တိုက်ရိုက်ထုတ်လွှင့်မှုမှ ကွန်မန့်များသည် တစ်ခုပြီး တစ်ခု ပေါ်ထွက်လာပြီး မောင်လီချမ်းသည် မိတ်ဆက်သည်အား ဆက်လက်၍”နောက်ဧည့်သည်တစ်ယောက်က အရမ်းလှပပြီး ချစ်စရာကောင်းတဲ့ ယုချူးရွှယ်ပါ”

ယုချူးရွှယ်သည် ချိုမြိန်စွာ ပြုံးလိုက်ပြီး ကင်မရာအား ကြည့်၍”အားလုံးပဲ မင်္ဂလာပါ၊။ယုချူးရွှယ်ပါ၊ ချူးရွှယ်မဟုတ်ရင် ရှောင်းရွှယ်လို့ ခေါ်လို့ရပါတယ်၊ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေ ကျွန်မကို အားပေးမယ်လို့ မျှော်လင့်ပါတယ်”

မောင်လီချမ်းသည် အခြားလူ၃ယောက်အား မိတ်ဆက်ပေးပြီးနောက် နောက်ဆုံး ကုန်းချင်းယောင်ထံကြည့်လာပြီး”နောက်ဆုံး မိတ်ဆက်ရမယ့် ဧည့်သည်ကတော့ ကုန်းချင်းယောင်ပါ”

ကုန်းချင်းယောင် ကင်မရာအား လက်ဝှေ့ယမ်းပြပြီး အေးစက်စွာနှင့်”အားလုံးပဲ မင်္ဂလာပါ၊ ကုန်းချင်းယောင်လို့ ခေါ်ပါတယ်”

ကားထဲသို့ ဝင်လိုက်ပြီးနောက် ကုန်းချင်းယောင်၏ မိတ်ဆက်သံကို ကြားပြီးနောက် အိုက်ရှောင်းယွင် ခေါင်းခါလိုက်မိ၏။ နှုတ်ဆက်တာက ရိုးရှင်းလွန်းတယ်။ ကင်မရာရှေ့မှာ သူမမျက်နှာကို ယုချူးရွှယ်လို ပရိသတ်တွေ အမြင်ကောင်းရဖို့ ပြုမူသင့်တယ်။

ဧည့်သည်များအားလုံး မိတ်ဆက်ပေးပြီးနောက် မောင်လီချမ်းသည်”နောက်ထပ် ၂ရက်နဲ့ ၁ည အပြင်ဘက်မှာရှင်သန်ရမယ့်အပြင် စူးစမ်းဆောင်ရွက်ရမယ့် ရိုက်ကူးရေးကို စတင်ပါတော့မယ်၊ အာ့အချိန်မှာအားလုံး ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပဲ ယူလာလို့ရပါ့မယ်”

ကျုံးရှင်းရင်မှ ချက်ချင်း အပြစ်ကင်းစင်သည့် အမူအရာဖြင့်”အာ့တာဆို ထမင်းဘယ်လိုစားကြရမှာလဲ”

ယုချူးရွှယ်မှ ချက်ချင်း”ဒါက ‘ outdoor survival show ‘ ဖြစ်နေကတည်းက ထုတ်လုပ်မှုအသင်းကလည်း ကျွန်မတို့ကို အစားမစာကို ကိုယ်တိုင် ရှာစေချင်မှာပဲ၊ ဟုတ်တယ် မဟုတ်လား”

မောင်လီချမ်းသည် လေးစားသလို မျက်နှာဘေးနှင့်”ချူးရွှယ် ခန့်မှန်းတာ မှန်ပါတယ်၊ စားသောက်ရတာအပြင် တောင်ထဲမှာ ညအိပ်ဖို့ကိစ္စရော အကုန် ကိုယ့်ဘာသာ ဖြေရှင်းရမှာပါ၊ ဒီနေရာမှ ၂ရက်နဲ့ ၁ည ရှင်သန်နိုင်ရင် အနိုင်ရရှိမှာဖြစ်ပါတယ်”

“တောင်ထဲမှာလား”ကော်ယွမ်ခိုင်မှ မေးလာ၏။

မောင်လီချမ်း”ဟုတ်ပါတယ် ပထမဦး ရပ်မယ့်နေရာက Rမြို့က ယဲ့တောင်ပါ”

ကျုံးရှင်းရင်မှ”အာ့တာက ဘယ်နေရာမှာလဲ”

ဇာတ်ညွှန်းအား ကြိုရရှိထားသော ကုန်းချင်းယောင်”……………”

ဒီအစစ်အမှန်ရှိူးပွဲဆိုတာက တကယ့်ကို ရှက်စရာပဲ။

ယိုရှင်းယွီ ကြုံတောင့်ကြုံခဲ ပါးစပ်ဖွင့်လိုက်ပြီး”ယဲ့တောင်က လှပတဲ့တောင်အဖြစ်နဲ့ ကျော်ကြားတယ်လေ၊ အာ့တာကလဲ သိပ်မဖွံ့ဖြိုးသလို လူအနည်းငယ်ပဲ သွားဖူးကြတယ်……”

မောင်လီချမ်းမှ ခေါးညိတ်လိုက်ပြီး”ရှင်းယွီ မှန်တယ်၊ တခြားထက် ယဲ့တောင်က လူတွေက အရမ်းရိုးရှင်းကြတယ်၊ ဒါပေမယ့် အခုတော့ ကျေးဇူးပြုပြီး မင်းတို့ ယူလာသမျှပစ္စည်းတွေ ဒီကိုပေးခဲ့ပါ”

“ဖုန်းတွေကိုလဲ ပေးခဲ့ရမှာလား”ဟု လုယုံရီမှ မေးလာ၏။

ဒါရိုက်တာမှ ချက်ချင်း”ဟုတ်ပါတယ်”ဟု ပြန်ဖြေလာ၏။

ကျုံးရှင်းရင်”ဖုန်းတွေလဲ အသိမ်းခံလိုက်ရပြီး တောင်ပေါ်မှာ နေရမယ်ဆိုရင် အရမ်းခက်ခဲမှာပဲ”

ယုချူးရွှယ်မှ ခေါင်းညိတ်လာပြီး”အာ့လိုဖြစ်မှာပဲ၊ အခုတော့ စိတ်ဝင်စားစရာ ကောင်းနေပြီ”

ကုန်းချင်းယောင်သည် တချိန်လုံး စကားမပြော‌ပေ။
7 03
၁နာရီမျှကြာ မောင်းနှင်ပြီးနောက် မောင်လီချမ်းသည် ထရပ်လာပြီး”ဟုတ်ပြီ၊ ယဲ့တောင်ကို ရောက်ပါပြီ၊ စိန်ခေါ်မှုက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ဖို့ပါ၊ အခုအချိန်ကနေစပြီး မနက်ဖြန် ည၆နာရီအထိ ရှင်သန်နိုင်ရင် စိန်ခေါ်မှုက အောင်မြင်မှာ ဖြစ်ပါတယ်”

လူ၆ယောက်သည် ဘက်စ်ကားပေါ်မှ ဆင်းလာ၏။ ကျုံးရှင်းရင်သည် ချက်ချင်း”နေလောင်ဒဏ်ခံ ခရင်မ် လိမ်းလို့ရမလား”

အချိန်သည် နွေအလယ်ပိုင်းဖြစ်နေပြီး နေရောင်ခြည်များမှာ အနည်းငယ် ပြင်းထန်၏။ သူမသာ ၂ရက်လုံး ထိုအတိုင်းနေမိလျှင် နေလောင်ခံရတော့မည်ပင်။

မောင်လီချမ်း တင်းမာစွာနှင့်”မရဘူး”

ယုချူးရွှယ် ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်ချင်လာ၏။ ကျုံးရှင်းရင်၏ ပုံစံအား မြင်ပြီးနောက် သူမသည် နေလောင်ဒဏ်ခံခရင်မ် လိမ်းထားရုံမျှမက မသိမသာ မိတ်ကပ်လိမ်းထားမှန်း သိနိုင်ပေသည်။ သို့ပေမယ့် သူမသည် နေလောင်ဒဏ်ခံခရင်မ် လိမ်းရန် အဖွဲ့သားများကို မေးနေသည်မှာ သူမ မိတ်ကပ်မလိမ်းထားဘူးဟု လူများကို ထင်စေချင်ရုံမျှသာ။ ဤသည်မှာ သရုပ်ဆောင်နေသည်မျှသာ ဖြစ်သော်လည်း ယုချူးရွှယ် စိတ်ပူမိနေဆဲပင်။ အပြင်၌နေလျှင် နေလောင်ဒဏ်ခံခရင်မ်အား ၂နာရီ ၁ခါ လိမ်းပေးရန် လိုအပ်ပေသည် မဟုတ်လျှင် ၂ရက်နေပြီးနောက် သူမ နေလောင်နိုင်ပေသည်။

မောင်လီချမ်း”ကောင်းပြီ နောက်ထပ် ဘာမေးခွန်းမှ မရှိတော့ရင် တောင်ပေါ်တက်လို့ရပြီ”

လူ၆ယောက် တောင်ထဲသို့ ဝင်လိုက်သည်နှင့် ယုချူးရွှယ်မှ”ကျွန်မ အကြံရပြီ၊ ဒီ၂ရက်နဲ့ ၁ညကို အတူတူ ဖြတ်သန်းကျရင်ရော”

ကျုံးရှင်းရင်မှ ချက်ချင်းလက်မြှောက်လာပြီး”သဘောတူတယ်”

“ကျွန်တော်လည်း အာ့တာပိုကောင်းမယ်ထင်တယ်”ကော်ယွမ်ခိုင်မှ”ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အလုပ်တွေကို ခွဲဝေပြီး အတူတူလုပ်ဆောင်ရင် ဒီ၂ရက်ကို ဖြတ်ကျော်နိုင်မှာ သေချာတယ်”

“ဘယ်လိုထင်လဲ ရှင်းယွီ”ယုချူးရွှယ်သည် ယိုရှင်းယွီအား မှီ၍ ပေါ်ပြူလာဖြစ်ချင်ပါသော်လည်း သူသည် ပူးပေါင်းရန် တုံ့ဆိုင်းနေပုံပေါ်၏။

ယိုရှင်းယွီ ခေါင်းညိတ်လာကာ”ကောင်းပြီလေ”

အားလုံး လုယုံရီနှင့် ကုန်းချင်းယောင်တို့အား ကြည့်လိုက်သောအခါ သူတို့၂ယောက်မှာ မကန့်ကွက်လာပေ။

ခဏမျှလမ်းလျှောက်ပြီးနောက် ကျူံးရှင်းရင်မှ သက်ပြင်းချ၍”တကယ်လို့သာ သိခဲ့မယ်‌ဆိုရင် ဟိုတယ်မှာ မနက်စာစားခဲ့ပါတယ်”

ယုချူးရွှယ်လည်း အနည်းငယ် ဗိုက်ဆာနေသော်လည်း ဒီရှိုးပွဲထဲမှ သူမ၏စရိုက်သည် အရာရာကိုသိရှိနေသောသူပုံစံဖြစ်၏။ အရည်အချင်ရှိသော အမျိုးသမီးအနေနှင့် သူမသည် အဖွဲ့အား”ပထမဆုံး အစားအစာရှာပြီး မနက်စာစားရအောင်”

ကျုံးရှင်းရင် မျက်လုံးများ ပင့်တက်လာပြီး”ကောင်းတယ်၊ ကောင်းတယ်”

အဖွဲ့၏နောက်ဆုံး၌နေပြီး တောင်ပေါ်မှ ဝိညာဉ်စွမ်းအင်များကို တိတ်တဆိတ် စုပ်ယူနေသော ကုန်းချင်းယောင်သည် သူမအား လူများလှည့်ကြည့်လာသောအခါ ခေါင်းညိတ်ပြလိုက်သည်။

ယုချူးရွှယ် ဘေးပတ်ပတ်လည်ရှိ အပင်များကို ကြည့်လိုက်ပြီး”ဒီနေရာရဲ့ ပထဝီအရဆိုရင် Rမြို့က နိုင်ငံရဲ့ အရှေ့ဘက်မှာရှိတယ်၊ နွေရာသီဆိုတော့ တောရိုင်းချယ်ရီသီးနဲ့ မက်မွန်သီးတွေ ရှိလောက်မယ်၊ တကယ်လို့ ရှာဖွေမယ်ဆိုရင် စားဖို့ တခုခုတွေ့လောက်မယ်”

ဒီနေရာ၌ ဇာတ်ညွှန်းအရဆိုလျှင် ကုန်းချင်းယောင်သည်”ဝိုး ချူးရွှယ် နင်က အံ့ဩစရာကောင်းလိုက်တာ”ဟု ပြောရမှာဖြစ်ပေမယ့် သူမ ထိုသို့အရာအား လွယ်လွယ်ကူကူထုတ်မပြောနိုင်ပေ။

အခြားတဖက်၌ ကျုံးရှင်းရင်၏မျက်လုံးများမှာ တောက်ပလာပြီး ယုချူးရွှယ်အား ကြည့်လိုက်ကာ”ဝိုး… ချူးရွှယ် နင်ကတော်လိုက်တာ ဒါကိုတောင် သိတယ်ပေါ့”

ယုချူးရွှယ်သည် ထိုစကားအား ဘယ်သူပြောမှန်း ဂရုမစိုက်ပေ။ တစ်ယောက်ယောက်မှ ပြောသည်နှင့် သူမ ပျော်နေလေ၏။ သို့သော် ထိုအတွေးတို့ကို ဖိနှိပ်ထားကာ”ငါက နည်းနည်းလေးပဲ သိတာပါ”

ကျုံးရှင်းရင်မှ ပြန်၍”ချူးရွှယ်က နှိမ့်ချတတ်တာပဲ ငါတောင် ဒါကို မသိဘူးလေ၊ ချူးရွှယ်သာရှိနေရင် ဒီ၂ရက် ရှင်သန်ရမယ့် စိန်ခေါ်မှုက အောင်မြင်နိုင်မယ်လို့ ခံစားနေရတယ်”

ကုန်းချင်းယောင် အနည်းငယ် ရှက်ရွှံ့သည်ဟု ခံစားလိုက်ရ၏။ ယုချူးရွှယ်ပြောသော အသီးများအပြင် သူတို့ နံဘေး၌ ပေါက်နေသော ပေါင်းပင်များနှင့် သစ်မြစ်များသည်လည်း စားလို့ရကြောင်း သိနေပေမယ့် ဇာတ်ညွှန်းနောက်သာလိုက်၍ အခြားသူများနောက်မှ တိတ်တဆိတ်သာ နေလိုက်တော့သည်။
7 04
ယုချူးရွှယ်သည် ကျုံးရှင်းရင်အား ဗဟုသုတများ သိပ္ပံအကြောင်းများ ရှင်းပြနေပြီး ကျုံးရှင်းရင်ထံမှ”ဝိုး… ချူးရွှယ်က အံ့ဩစရာကောင်းလိုက်တာ”ဆိုသည်ကိုသာ ဆက်တိုက်ပြောနေ၏။ ယိုရှင်းယွီသည်လည်း တခါတရံ အကြောင်းအရာများ ထပ်ထည့်ပြောလာပြီး ကော်ယွမ်ခိုင်သည်လည်း စကားအနည်းငယ် ထပ်ပြောလာသည်။ ကုန်းချင်းယောင်နှင့် လုယုံရီသာ တလမ်းလုံး တိတ်ဆိတ်လာလေသည်။

ထိုအခြေအနေဖြင့် ၁နာရီမျှ ကြာပြီးနောက် ယုချူးရွှယ်မှ အသင်းအား မက်မွန်ပင်ရှိရာသို့ ခေါ်လာ၏။

ကျုံးရှင်းရင်မှ”ယောက်ျားလေး၃ယောက်ထဲက ဘယ်သူအပင်ပေါ်တတ်နိုင်လဲ”

ကော်ယွမ်ခိုင်မှ”ငါ ကြိုးစားပြီး လှုပ်ကြည့်လိုက်ဦးမယ်”

သို့ပေမယ့် သူ အတန်ကြာ အပင်အား လှုပ်ပါသော်လည်း အသီးများမှာ ကျမလာပေ။

ယိုရှင်းယွီသည် သစ်ကိုင်အားယူ၍ အသီးအား ပစ်လိုက်သော်လည်း အသီးမှာ မြေပြင်သို့ကျလာပြီး ကွဲကြေသွားရသည်။

အ‌ဆုံး၌ လုယုံရီမှ”ငါကြိုးစားကြည့်မယ်”

လုယုံရီ အပင်ပေါ်သို့တက်၍ အသီးအချို့အား ခူးလိုက်၏။ ဤသည်အား မြင်သည်နှင့် ကော်ယွမ်ခိုင်နှင့် ယိုရှင်းယွီသည် အဝတ်အစားများချွတ်ကာ လုယုံကီပစ်ချသော မက်မွန်သီးများကို ဖမ်းယူနေကြသည်။

လုယုံရီ အပင်ပေါ်မှ ဆင်းလာပြီးနောက် လူ၆ယောက်ထိုင်ကာ မက်မွန်သီးများ စားလိုက်ကြ၏။

မက်မွန်သီးအား ၂ကိုက် ၃ကိုက် ကိုက်ပြီးနောက် ကျုံးရှင်းရင်မှ”နေ့လည်စာကိုရော ဘယ်လို ပြင်ဆင်ကြမလဲ”

မနက်စာသည် အသီးများနှင့် ဖြစ်သလိုစားလိုက်သော်လည်း နေ့လည်စာလည်း ထိုသို့စား၍မရချေ မဟုတ်လျှင် သူတို့အားလုံး တောင်ပေါ်၌ ၂ရက်ကြာ အသက်ရှင်နေနိုင်ကြမည် မဟုတ်ပေ။

ယုချူးရွှယ်သည် မက်မွန်ပင်အား ထင်ထားသည်ထက် စောရှာမိ၍ ပျော်နေသော မျက်နှာသည် ကျုံးရှင်းရင်၏ အမေးအား ကြားသည်နှင့် မထိန်းချုပ်နိုင်ဘဲ မဲမှောင်လာ၏။

ယုချူးရွှယ်သည် ထရပ်လိုက်ပြီး”ကောင်းပြီ အရင်ဆုံး အနီးအနားက လယ်သမားအိမ်တွေကို သွားကြရအောင်”

ကော်ယွမ်ခိုင်မှ ချက်ချင်း”သဘောတူတယ်”

“ကောင်းပြီ‌လေ”ကျုံးရှင်းရင်သည် လက်ခုပ်တီးလိုက်ကာ ထရပ်လိုက်ပြီး”အာ့တာ‌ဆို သွားကြရအောင်”

လူ၆ယောက်သည် ထရပ်လိုက်ကြပြီး လယ်သမားများကို ရှာကြတော့၏။ ယိုရှင်းယွီနှင့် ယုချူးရွှယ်တို့ ရည်ရွယ်ထားသည်တို့အား ရှင်းပြပြီးနောက် ခဏအကြာ လယ်သမားများကို တွေ့လိုက်ရလေသည်။ တကယ်က ဒီလယ်သမားသည် ထုတ်လုပ်မှုအသင်းမှ အရင်ကတည်းက ခေါ်လာတာဖြစ်ပြီး ဧည့်သည်များနှင့်တွေ့လျှင် စမ်းသပ်မှုတစ်ခုလုပ်ခိုင်းရန် စီစဉ်ပြီးသားဖြစ်နေသည်။”ကောင်းပြီလေ၊ ကြက်ခြံကတော့ ဒီမှာ မင်းတို့ ဖမ်းနိုင်ရင် ယူသွားကြ ဒါပေမယ့် ၁ကောင်ပဲ ဖမ်းလို့ရမယ်နော်”

ကင်မရာအား မျက်နှာချင်း‌ဆိုင်၍ ရှေ့ဆုံးက ရှိနေသော ကျုံးရှင်းရင်သည် ချက်ချင်း ကင်မရာအား စိတ်လှုပ်ရှားကာ ကြည့်လိုက်ပြီး”ကြက်ကို ကိုယ်တိုင်ဖမ်းခိုင်းပြီး ဖမ်းနိုင်ရင် ပေးမယ်ပေါ့”

လူ၆ယောက်သည် ကြက်ခြံထဲသို့ ပျော်ရွှင်စွာ ရောက်သွားကြပြီး ယုချူးရွှယ်၊ ကျုံးရှင်းရင်နှင့် ကော်ယွမ်ခိုင်တို့မှာ ခြံထဲသို့ ဝင်လိုက်တော့၏။

သို့သော် သူတို့ ဝင်ပြီးသည်နှင့် ချက်ချင်းရပ်လိုက်မိကြသည်။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset