PTH အပိုင်း ၃၃

အပိုင်း ၃၃ လေနှင့် နှင်းထဲရှိ ရေတွင်းဟောင်းတစ်ခု

ဓားဆေးကြောခြင်းစမ်းချောင်းဘေးရှိ တပည့်များသည် ထိုနေ့က ဖြစ်ခဲ့သည့် ဖြစ်ရပ်ကြီးအကြောင်းကို မပြောရဲခဲ့ကြပေ။ သို့သော် သူတို့ ကွယ်ရာတွင် ပြောဆိုကြသေး၏။ မကြာမီ သတင်းပျံ့နှံ့သွားပြီး ထိုကြောက်မက်ဖွယ်ကောင်းသည့် ဓားပျံက ဒီရေဓားဖြစ်ကာ ထိုရူးသွပ်နေသည့် ဓားသမားက ဘီးဟူတောင်ထွတ်သခင် လေ့ပိုယွမ်းဖြစ်သည်ကို သူတို့ သိရှိသွားကြသည်။

ဘီးဟူတောင်ထွတ်၏ တောင်ထွတ်သခင်က ကျောင်းဂီမြို့တွင် မြေအောက်လောကနတ်ဆိုးနှင့် ပူးလောင်းလင် လုပ်ကြံသူတို့၏ လုပ်ကြံခြင်းကို ခံခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားခဲ့ကာ ယခု တစ်နေရာရာတွင် ကုစားနေသည်ဟု ဆိုကြသည်။ သူသည် နတ်ဆိုးများက သူ့ကို ပိုင်ဆိုင်သကဲ့သို့ ရူးသွပ်သည့်အခြေအနေတစ်ခုဖြင့် ဆရာများနှင့် တပည့်များရှေ့တွင် ပေါ်လာလိမ့်မည်ဟု မည်သူ တွေးထင်ထားခဲ့မည်နည်း။ သူ ဘာဖြစ်ခဲ့သနည်း။

မည်သူမျှ အဖြေမပေးခဲ့ပေ။ ထိုဖြစ်ရပ်က တဖြည်းဖြည်း ငြိမ်သက်သွား၏။ လေ့ပိုယွမ်း၏ ဓားအလင်းများကြောင့် ပြတ်သွားခဲ့သော ကမ်းပါးများကို  ရှီးလဲ့တောင်ထွတ်၏ ဝင်္ကဘာဆရာသခင်များက ပြန်လည် ပြင်ဆင်လိုက်ကြသည်။ သူတို့အား ကြည့်လိုက်ပါက သူတို့အပေါ်တွင် မည်သည့်အမှတ်အသားကိုမျှ တွေ့နိုင်မည်မဟုတ်ပေ။ တစ်ညကြာပြီးနောက် ထိုဖြစ်ရပ်က လုံးဝမဖြစ်ခဲ့သည့်ပုံပေါ်သည်။

သို့သော် ထိုသုန်မှုန်ပြီး သွေးရူးသွေးတန်းစကားလုံးများသည် တောင်ထွတ်များကြား ပဲ့တင်ထပ်နေကြသေးသည်။

“တစ်မဟုတ်ရင် နှစ်ဆိုရင်ရော”

“တစ်မဟုတ်ရင် နှစ်ဆိုရင်ရော”

ဤစာသားတွင် အစနှင့် အဆုံး မရှိပေ။ မည်သူမျှ ၎င်းကို ရှင်းလင်းစွာ ရှင်းမပြနိုင်ပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဘီးဟူတောင်ထွတ်  စီနီယာဆရာသခင်၏ ပဟေဍိဆန်သော သေဆုံးမှုအကြောင်း တွေးကြည့်ကာ ကိစ္စတစ်ခုလုံးက ပို၍ ပို၍ ထူးဆန်းလာ၏။

ကျင်းကျူး ဤစာသား၏ အဓိပ္ပာယ်ကိုသိပြီး လေ့ပိုယွမ်းက မသေဆုံးမီ ၎င်းအား ဘာကြောင့် ‌မမေ့ပျောက်နိုင်သည်ကိုလည်း သိပေသည်။

လက်နောက်ပစ်ထားလျက် ကမ်းပါးဘေးတွင်ရပ်နေပြီး အနက်ရောင်ကောင်းကင်ကို ကြည့်နေကာ ဤနေရာက ရေတွင်းဟောင်းတစ်ခုကဲ့သို့ ဖြစ်သည်ဟု သူ ခံစားလိုက်ရပြီး အနည်းငယ်ငြီးငွေ့နေသည့်အမူအရာက သူ့မျက်နှာအပေါ် ပေါ်နေသည်။

***

ရှိုင်းတောင်ထွတ်ထိပ်တွင် အရိုးခိုက်မတတ်အေးစက်၏။ လူတစ်ယောက်က မည်သည့်အဆင့်တွင် ရှိနေပါစေ လုံးဝ စိတ်ကြည်လင်စွာ ထားရန် လိုအပ်သည်။

ယွမ်ချီကျင်း ဂူဗိမာန်၏ အနက်ပိုင်းကို လျှောက်သွားပြီး ရေတွင်းအောက်ခြေကို ကြည့်လိုက်ကာ အကြာကြီး တိတ်ဆိတ်နေသည်။

သစ်ပင်များနှင့် နှင်းတို့က ဂူနံရံများကို ဖုံးအုပ်ထားပြီး သူ့ဆံပင်တွင်လည်း အဖြူရောင်အရေးအကြောင်းတစ်ခုရှိနေသော်လည်း ၎င်းက အေးစက်မှုနှင့် ဘာမှမသက်ဆိုင်ပေ။

ပြီးခဲ့သည့်ညက လေ့ပိုယွမ်းကို ဖိနှိပ်ရန် သူသည် သူငယ်ရွယ်စဉ်အခါက အပြင်ဘက်လောကမှ သူ လေ့လာခဲ့သည့် ဓားပညာရပ်ကို အသုံးပြုခဲ့သည်။ အကျိုးသက်ရောက်မှုသည် အံ့မခမ်းဖြစ်သော်လည်း ဓားအရင်းမြစ်သည်လည်း အများကြီးကုန်ဆုံးသွားခဲ့ကာ ပြန်လည်ဖြည့်တင်းရန် အနည်းဆုံး ရက်ပေါင်းတစ်ရာကြာပေလိမ့်မည်။

ရှိုင်းတောင်ထွတ်၏ သုံးဆယ်ထက်ပိုသော တပည့်များနှင့် အစောင့်များက သူ့နောက်တွင် ဒူးထောက်နေကြပြီး သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

အာအိုးယာမာဂိုဏ်း၏ နံပါတ်နှစ်ပုဂ္ဂိုလ်အနေဖြင့် သူသည် လူများစွာတို့၏ အနာဂတ်ကို ဆုံးဖြတ်ရန် အခွင့်ရှိပြီး သူတို့၏ သေခြင်း၊ ရှင်ခြင်းကိုပင် ဆုံးဖြတ်ခွင့်ရှိသော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။ ထို့အစား ထိုလူများကို လူစုခွဲရန် သူ လက်မြှောက်ပြလိုက်သည်။

တင်းကြပ်စွာ စောင့်ကြပ်နေသည့် ဓားအကျဉ်းထောင်အနက်ပိုင်းမှ လေ့ပိုယွမ်းကို လွှတ်ပေးနိုင်သည့် လူသည် သာမန်လူတစ်ယောက်မဟုတ်သည်မှာ ထင်ရှားသည်။ ဤတပည့်များနှင့် အစောင့်များက ဘာမှမတတ်နိုင်ခဲ့ကြပေ။

‌ပြဿနာမှာ တစ်ဖက်လူက ဘာကြောင့် လေ့ပိုယွမ်းကို လွှတ်ပေးခဲ့သနည်း။

ဂူအပြင်ဘက် ထျန်းကွမ်တောင်ထွတ်ရှိသည့် အရပ်ကို ကြည့်ကာ အငှားဓားဖြင့် သူ့ကို သတ်ချင်နေသလား သို့မဟုတ် သူ့ကို နောက်တစ်ကြိမ် စမ်းသပ်နေသလားဟု ယွမ်ချီကျင်း တွေးတောလိုက်သည်။

“အဲနေ့က ဘာဖြစ်ခဲ့တာလဲ… ငါတို့ စုံစမ်းရဦးမယ်။ ငါတို့ ရပ်လို့မရဘူး။”

သူ ကြမ်းရှရှအသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

အစောင့်များနှင့် တပည့်များ ဂူထဲမှ ထွက်သွားခဲ့ကြပြီဖြစ်ပြီး သူ၏ အယုံကြည်ရဆုံး ဂျူနီယာညီလေး ချီယန်တစ်ယောက်သာ ဤနေရာတွင် ကျန်နေခဲ့သည်။

ချီယန်ပြောလိုက်၏။

“လျန်းဝမ်တောင်ထွတ်က သတင်းရှိတယ်… ဒါပေမယ့် သေချာဖို့ခက်တယ်၊ နောက်ပြီး ကျွန်တော် မယုံဘူး။”

“သတင်းရှိတာကြောင့် ငါတို့ ပိုပြီး စုံစမ်းရမယ်၊ ဒါပေမယ့်…”

တစ်ခဏရပ်တန့်ပြီးနောက် ယွမ်ချီကျင်းပြောလိုက်သည်။

“ဓားဆက်ခံခြင်းပြိုင်ပွဲနေ့က ရောက်လာနေပြီ။ အရမ်းကြီး မသိသာစေနဲ့။”

ဓားဆက်ခံခြင်းပြိုင်ပွဲအကြောင်း ကြားလိုက်ရသည်နှင့် ချီယန် တစ်ခုခုကို တွေးလိုက်မိပြီး မေးလိုက်သည်။

“အဲဒီကျင်းကျူးကို… ကျွန်တော်တို့ တကယ်ပဲ နောက်တစ်ခေါက် စစ်ဆေးကြည့်ဖို့ မလိုအပ်တော့ဘူးလား။”

မည်သူဖြစ်နေပါစေ ကျောင်းလေးယုဆီမှ အာရုံစိုက်မှုကို သူ ရရှိခဲ့သောကြောင့် အာရုံပိုစိုက်ခံရရန် သူ အရည်အချင်းပြည့်မီပေသည်။

သူ့အစ်ကိုကြီးက တိတ်နေသည်ကို ကြည့်ကာ ချီယန် ခါးသက်သက်အပြုံးဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ ရှိုင်းတောင်ထွတ်ကို လာချင်တဲ့ တပည့်အရေအတွက်က ပြီးခဲ့တဲ့နှစ်တွေမှာ လျော့နည်းလာခဲ့တယ်။”

ဓားဆက်ခံခြင်းပြိုင်ပွဲသည် အာအိုးယာမာ၏ တောင်ထွတ်ကိုးခုအတွက် ဓားဆက်ခံခြင်းတပည့်များကို ရွေးချယ်ရန် အခါသမယဖြစ်သည်။

သို့သော် ထူးချွန်ပြီး အလားအလာရှိသော တပည့်များအတွက် ၎င်းက ဓားတောင်ထွတ်တစ်ခုကို ရွေးချယ်ရန် အခွင့်အရေးတစ်ခုလည်းဖြစ်၏။

နှစ်ပေါင်းများစွာ ဂိုဏ်းသခင်နေထိုင်သည့်နေရာဖြစ်သည့် ထျန်းကွမ်တောင်ထွတ်သည် တပည့်အများစု သွားချင်ကြသည့် နေရာဖြစ်သည်။

ရှိုင်းတောင်ထွတ်သည် အလွန်အားကောင်းပြီး ၎င်း၏ ဓားစတိုင်လ်က ထိပ်တန်းဖြစ်၏။ ယွမ်ချီကျင်းသည် ဂိုဏ်းသခင်၏ အစ်ကိုကြီးဖြစ်သော်လည်း ဓားဆက်ခံရန်အတွက် လျှောက်ထားသည့် တပည့်အရေအတွက်သည် ပြီးခဲ့သည့်နှစ်များအတွင်း လျော့နည်းခဲ့သည်။

လျန်းဝမ်တောင်ထွတ်သည် တောင်ထွတ်အားလုံးမှ ပါရမီရှင်တပည့်များကို ရွေးချယ်နိုင်သော်လည်း သူတို့၏ ဓားဆက်ခံခြင်းတပည့်များကို ကြိုတင်၍ ရွေးချယ်သည်မှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ရှီးယွီတောင်ထွတ်သည် အယူအဆပိုင်းဆိုင်ရာသင်ယူမှုအပေါ် ပို၍ အလေးပေးပြီး ရှီးလဲ့တောင်ထွတ်က အာအိုးယာမာ၏ ကိစ္စရပ်များကို တာဝန်ယူထားသောကြောင့် လျှောက်ထားသော တပည့်အရေအတွက်သည် တော်တော်လေး နည်းသည်။ သို့သော်လည်း ဓားများ ဆက်ခံရန် ဆန္ဒရှိသည့် ရှိုင်းတောင်ထွတ်၏ တပည့်အရေအတွက်သည် ချင်းရောင်တောင်ထွတ်မဆိုထားနှင့် ဘီးဟူတောင်ထွတ်နှင့် ယွမ်ရှင်းတောင်ထွတ်တို့ထက်ပင် နည်းပေသည်။ ဘာကြောင့်နည်း။ ရှန်းဟိုင်(ရှိုင်း)တောင်ထွတ်၏ လေထုက ညို့မှိုင်းလွန်းသောကြောင့်လော။ သို့မဟုတ် ဓားအကျဉ်းထောင်က ညို့မှိုင်းလွန်းသောကြောင့်လော။ သို့မဟုတ် တပည့်ငယ်များ အားလုံးတို့က သူတို့ကို ကြောက်ရွံ့ကြသောကြောင့်လော။

“အဲလူပျင်းလား”

ယွမ်ချီကျင်း သရော်လိုက်ပြီး ပြောလိုက်သည်။

“လျန်းဝမ်တောင်ထွတ်ပေါ်က ကောင်ကလေးတွေက သူ့ကို အလွှတ်ပေးမှာမဟုတ်ဘူး။”

သူ့ကို အလွှတ်ပေးခြင်းဖြင့် သူ့အစ်ကိုကြီးဆိုလိုသည့်အရာကို ချီယန် သဘောမပေါက်ခဲ့ပေ။

ယွမ်ချီကျင်း ပြောလိုက်၏။

“တခြားအကြောင်းတွေ မတွေးနဲ့။ ဘီးဟူတောင်ထွတ်ကို လွှဲယူဖို့ အရင် ကြိုးစား”

***

အချိန်သည် နှေးကွေးစွာ စီးဆင်းသွား၏။ ဆောင်းဦးရောက်လာရန် သိပ်မကြာခဲ့ပေ။

ချင်းရောင်တောင်ထွတ်၏ တောင်းဆိုမှုကြောင့် ဂိုဏ်းသခင်က အာအိုးယာမာ၏ မဟာဝင်္ကဘာတွင် အပေါက်တစ်ခုဖွင့်ရန် သဘောတူခဲ့သည်ဟု ပြောကြသည်။ ထိုကြောင့် လေအေးနှင့် ဆီးနှင်းပွင့်များက အပြင်ဘက်မှ တောင်ထွတ်ကိုးခုသို့ ဝင်ရောက်လာကြ၏။

လေထဲတွင် ကခုန်နေသည့် ဆီးနှင်းပွင့်များကိုကြည့်ကာ သူက တစ်ခုခုမေ့နေသည်ဟူသော နောက်ထပ်ခံစားချက်ကို ကျင်းကျူး ခံစားလိုက်ရသည်။

သူ အဖြေရှာရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။ ထိုခံစားချက်က ထူးဆန်းသည်ထက် ထူးဆန်းလာ၏။

ထိုရွာငယ်လေးမှ အာအိုးယာမာဂိုဏ်းကို ပြန်လာပြီးနောက် သူ့တွင် ပျင်းရိငြီးငွေ့ခြင်း၊ စိတ်ဝင်စားခြင်းနှင့် မေ့လျော့တတ်ခြင်းကဲ့သို့သော သူအရင်က မကြုံတွေ့ခဲ့ဖူးသည့် ခံစားချက်များစွာ ရှိခဲ့သည်။

မေ့ပျောက်ရန်မှာ သူ့အတွက် မဖြစ်နိုင်သောကြောင့် ဤခံစားချက်အတွက် အကြောင်းအရင်းက သူသည် တစ်ခုခုကို မရည်ရွယ်ဘဲ ရှောင်ရှားလိုက်မိသည်ဟုသာ ဆိုလိုပေသည်။

ဘာကြောင့်နည်း။ သူက လက်ရှိ ဤကဲ့သို့ လူပျင်းဘဝကို အသားကျသွားသောကြောင့်လော။

ပထမဆုံး နှင်းကျသည့်နေတွင် ကျောင်းလေးယု ရောက်လာခဲ့ပြန်သည်။

သူမသည် ဂူဗိမာန်ထဲတွင် ရက်ပေါင်းဒါဇင်ချီ တရားထိုင်နေခဲ့ပြီး ဓားတောင်ပေါ် သူမရရှိခဲ့သည့်အရာကို ပြီးပြည့်စုံစွာ ချေဖျက်ခဲ့ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အသေးအဖွဲဒဏ်ရာများသည်ပင် ပျောက်ကင်းသွားခဲ့ကြပြီဖြစ်၏။

အဖြူရောင်ဆီးနှင်းပွင့်များက ကမ်းပါးနံရံပေါ်၊ ခြံဝန်းနံရံပေါ်နှင့် သူမ၏ ခန္ဓာကိုယ်အပေါ် ကျဆင်းနေခဲ့သည်။

အဖြူရောင်ကမ္ဘာထဲတွင် သူမ၏ ထူထည်းသော အနက်ရောင်မျက်ခုံးများက သူမ၏ မျက်လုံးများအတိုင်း ထင်ရှားနေ၏။

ဓားအလင်းက ကျင်းကျူး၏ ဂူဗိမာန်ရှေ့ ကျဆင်းလာသည်ကို ကြည့်ကာ ဓားဆေးကြောခြင်းစမ်းချောင်၏ တစ်ဖက်ကမ်းရှိ လူများ သက်ပြင်းချလိုက်ကြသည်။

“အစ်မကြီးက ဒီကို ထပ်ရောက်လာပြန်ပြီ”

“သူမ ဘာလို့ ဒီကို ထပ်ရောက်လာတာလဲ”

“ခုနစ်ခေါက်မြောက်ပဲ၊ ခုနစ်ခေါက်မြောက်”

တပည့်များ သူတို့၏ ရင်ဘတ်များကို ထုလိုက်ကြပြီး ခြေဆောင့်လိုက်ကြကာ သူတို့၏ အသည်းနှလုံးများကို ဆုပ်ကိုင်လိုက်ကြပြီး သူတို့အိုင်ဒေါ၏ ရွေးချယ်မှုကို စိတ်ပျက်သွားကြကာ ဝမ်‌နည်းကြေကွဲသွားကြသည်။

“ကျွန်မက လေးယုလမှာ မွေးဖွားခဲ့တာကြောင့် ဒီနာမည်ပေးခဲ့တယ်။”

သူမ၏ လက်ကောက်ကို တစ်ချက်ကြည့်ကာ ကျောင်းလေးယုပြောလိုက်သည်။

“အဲဒါက နှင်းတွေကျနေ‌တဲ့ အချိန်အတွင်းပဲ။”

ဤသည်က စကားစမြည်းပြောဆိုခြင်းလားဟု ကျင်းကျူး တွေးတောလိုက်မိသည်။ သူသည် အရင်က လီရှီရှူးနှင့် စကားစမြည်းပြောဆိုခဲ့ဖူးပြီး ကျောင်းလေးယုနှင့် အကြိမ်အနည်းငယ် ပြောဆိုခဲ့ဖူးသည်။ လူများက ဘာကြောင့် သူတို့၏ တန်ဖိုးရှိသော အချိန်များကို စကားစမြည်းပြောဆိုခြင်းတွင် ကုန်ဆုံးကြသလဲဆိုသည်ကို သူ အသားမကျသေးသော်လည်း အနည်းဆုံး ထိုသို့သော အရာတစ်ခု၏ တည်ရှိမှုကို သူ လက်ခံခဲ့ပြီး စကားစမြည်းပြောဆိုခြင်းက အကြောင်းအရာတစ်ခုဖြင့် စတင်သင့်ကြောင်း သူ သိသည်။

သူသည် စကားစမြည်းပြောဆိုရန် အကြောင်းအရာများ ရှာဖွေခြင်းတွင် မတော်သလို ကျောင်းလေးယုနှင့်ပတ်သက်၍ ကိစ္စတစ်ခုကိုသာ သူသိသည်။

“ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ဘယ်တောင်ထွတ်ကို မင်း ရွေးချယ်မလဲ”

ဓားဆက်ခံခြင်းပြိုင်ပွဲတွင် တောင်ထွတ်ကိုးခုက သူတို့၏အနှစ်သက်ဆုံး တပည့်များကို ရွေးချယ်ကြလိမ့်မည်ဖြစ်သော်လည်း ထိုတပည့်က အလွန်ကျော်ကြားနေပါက အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

ကျောင်းလေးယုကဲ့သို့ ပါရမီရှင်ကောင်မလေးတစ်ယောက်အတွက် ရွေးချယ်စရာပိုများပေ၏။

ဓားဆက်ခံခြင်းပြိုင်ပွဲတွင် မည်သည့်တောင်ထွတ်ကို သူမ ရွေးချယ်လိမ့်မည်နည်း ဆိုသည့်ကိစ္စမှာ အာအိုးယာမာဂိုဏ်းနှင့် ကျင့်ကြံခြင်းလောကတစ်ခုလုံးကပင် သိချင်နေသည့်အရာဖြစ်သည်။

သို့သော် အကြောင်းကြောင်းကြောင့် သူမရှေ့တွင် မည်သူမျှ ဤမေးခွန်းကို သူမအား မေးမြန်ကြမည်မဟုတ်ပေ။

ကျင်းကျူး ထိုသို့လုပ်ခဲ့ခြင်းမှာ စကားစမြည်းပြောဆိုခြင်းက စတင်တော့မည်ဟု သူ ထင်သောကြောင့်ဖြစ်၏။

ကျောင်းလေးယု ဤမေးခွန်းကို မဖြေခဲ့ပေ။ လေနှင့် ဆီးနှင်းထဲရှိ တောင်ထွတ်များကို ကြည့်ကာ သူမ ဘာမှမပြောခဲ့ပေ။

သူမ၏ ရောင်းရင်းများနှင့် ဆရာသခင်များ၏ မျက်စိထဲတွင် သူမသည် အနည်းငယ်မောက်မာပြီး စကားနည်းကာ ဂရုမစိုက်တတ်သော်လည်း ကျင်းကျူး၏ မျက်စိထဲတွင်တော့ သူမက တော်တော်လေးသနားစရာကောင်းသည့် ခေါင်းမာသော ကောင်းမလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။

ကျင်းကျူး သူမ၏ ဆံပင်တိုတိုများကို ပွတ်သပ်ရန် လက်မြှောက်လိုက်သော်လည်း လက်ချလိုက်ကာ ပြောလိုက်သည်။

“အများကြီး မတွေးနဲ့”

ကျောင်းလေးယု သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ကို ကြည့်လိုက်ကာ ပြောလိုက်သည်။

“ကျွန်မ နောက်ဆုံးပြင်ဆင်မှုကို ပြုလုပ်ဖို့ ဓားတောင်ကို သွားတော့မို့”

ထိုပြောလိုက်သည့် ပြင်ဆင်မှုက သေချာပေါက် ဓားဆက်ခံခြင်းပြိုင်ပွဲအတွက် ဖြစ်ပေ၏။

လေနှင့် နှင်းများကို အန်တု၍ သူမ ဤနေရာကို လာခဲ့ခြင်းမှာ သူ့ကို ဤစကားပြောရန် နှုတ်ဆက်စကားပြောရန်သာ ဖြစ်သည်။

နှုတ်ဆက်ခွဲခွာခြင်းများက အလွန်ဝမ်းနည်းစရာကောင်းလေ့ရှိကြသော်လည်း ကျင်းကျူးအပေါ် သက်ရောက်မှု မရှိခဲ့ပေ။

“ဒါဆို နောက်မှ တွေ့ကြတာပေါ့”

သူ ပြောလိုက်၏။

ရှည်လျားလှသော ကျင့်ကြံခြင်းလမ်းကြောင်းတွင် ကြုံဆုံခြင်းများနှင့် ပြန်လည်ဆုံစည်းမှုများစွာ ရှိကြသော်လည်း ၎င်းတို့အများစုက နှုတ်ဆက်ခွဲခွာခြင်းဖြစ်ပြီး ထို့နောက် အချင်းချင်း ဘယ်တော့မှ ထပ်မဆုံကြတော့ပေ။

သူသည် ပျော်ရွှင်စရာကောင်းသော တွေ့ဆုံမှုများနှင့် ဝမ်းနည်းစရာကောင်းသော ခွဲခွာမှုများ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း များစွာတို့ကို မြင်တွေ့ခဲ့ဖူးသောကြောင့် သူ ယခု ၎င်းကို ဂရုမစိုက်ဘဲ နေနိုင်ပြီဖြစ်သည်။

အချိန်ကာလရှေ့တွင် ဂရုမစိုက်ဘဲ နေခြင်းကလွဲ၍ သူ တခြားဘာတတ်နိုင်သနည်း။

***

ကျောင်းလေးယု ဓားဆေးကြောခြင်းစမ်းချောင်းမှ ထွက်ခွာပြီး ဓားတောင်သို့ သွားခဲ့သည်။

သူမ သူမ၏ ဓားကို မစီးနင်းခဲ့ပေ။ အကြောင်းမှာ ထိုအစိမ်းရောင်ဓားလေးက ပြင်းထန်စွာ ထိခိုက်သွားသောကြောင့်မဟုတ်ဘဲ တခြားအကြောင်းအရင်းများကြောင့်ဖြစ်ပေသည်။

စမ်းချောင်းအဆုံးတွင် သူမ ဂုဟန်၏ ရပ်တန့်ခြင်းကို ခံလိုက်ရ၏။

**************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset