PTH အပိုင်း ၃၀

အပိုင်း ၃၀ တိမ်တိုက်ထဲရှိ ထူးဆန်းသော သတ္တဝါ

အတွင်းစည်းကို သူ ပထမဆုံးဝင်လာသည့်နေ့က ရှီးယွီတောင်ထွတ် စီနီယာဆရာသခင်မို၏ ဓားကို သူ ယူလိမ့်မည်ဟု ကျင်းကျူး ပြောခဲ့သည်ကို လူတိုင်း သိကြပေသည်။

အစပိုင်းတွင် လူများစွာတို့သည် သူက တောင်ပိုင်းထင်းရှူးစံအိမ်တွင် လုပ်ခဲ့သကဲ့သို့ ကမ္ဘာကြီးကို အံ့အားသင့်စေလိမ့်မည်လား ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ သူက ၎င်းကို လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သူ နည်းသည်ထက် နည်းလာခဲ့၏။ တောင်ပိုင်းထင်းရှူးစံအိမ်မှ ဂျူနီယာညီမလေး ယုချန်းနှင့် လဲလန်စီရင်စု တပည့်တို့သည်ပင် ဘာမျှော်လင့်ချက်မှ မရှိကြတော့ပေ။

နှစ်ဝက်ကုန်ဆုံးသွားခဲ့သော်လည်း ဓားကို ယူရန် မဆိုထားနှင့် ကျင်းကျူးသည် ဓားတောင်ကို တစ်ကြိမ်ပင် မရောက်ခဲ့ပေ။

ဤသည်က ဓားဆေးကြောခြင်းစမ်းချောင်းရှိ အကျော်ကြားဆုံးသော အကြောင်းအရာဖြစ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ရွှဲယုန်နှင့် အတန်းအေရှိ ထူးချွန်သော ကျောင်းသားများကဲ့သို့သော ကျင်းကျူးကို သဘောမကျကြသည့်လူများအတွက် ဤသည်က ကျင်းကျူးအား လှောင်ရယ်စရာဖြစ်သည်။

ယနေ့ ကျင်းကျူးက ထိုဓားကို ယူတော့မည်ပုံရ၏။

“ဓားကို ယူဖို့အချိန်ပဲ”

“ကျင်းကျူး အဲဓားကို သွားယူတော့မယ်”

ဓားဆေးကြောခြင်းစံအိမ်တွင် အော်သံများကို နေရာအနှံ့ကြားနိုင်ပေသည်။

ဒါဇင်ချီသော အတွင်းစည်းတပည့်များ ပြေးထွက်လာကြ၏။

လင်းဝုကျိ အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် ဆရာသခင်မိန်းလီက သူမ၏ အတန်းအား ကြို၍ အဆုံးသတ်လိုက်ပြီး ဓားတောင်ဆီသို့ သူမ၏ဓားအား စီးနင်းသွားသည်ကို သူ တွေ့လိုက်ရသည်။

***

ကျင်းကျူး ဓားတောင်ပေါ် တက်သွားချိန် မိန်းလီနှင့် လင်းဝုကျိတို့က ရောက်လာခဲ့ကြသည်ကို သူ မသိခဲ့ပေ။ သူ မသိခဲ့သည့်အရာမှာ သူ ဓားတောင်ကို တက်လိုက်ချိန် ဓားဆေးကြောခြင်းတပည့်များစွာနှင့် တခြားတောင်ထွတ်များမှ တပည့်များသည်ပင် ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သူသည် ဓားတစ်လက်ရရန် ဓားတောင်ထိပ်သို့ သွားခြင်းက မှားသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် အခုက နေ့အချိန်ဖြစ်သည်ကို သူ သိသောကြောင့် ထိုညကကဲ့သို့ သူ အရူးတစ်ယောက်ကဲ့သို့ မပြေးခဲ့ပေ။ ထို့အစား သူ ဖြည်းဖြည်းမှန်မှန် တက်‌နေ၏။

သူ ကမ်းပါးပေါ် လျင်မြန်စွာ တက်လိုက်သည်။ သူ့အမြန်နှုန်းသည် မမြန်သော်လည်း နှေးလည်း မနှေးခဲ့ပေ။

***

ဓားတောင်၏ တောင်ခြေတွင် တိတ်ဆိတ်နေ၏။

ယွမ်ရှင်းတောင်ထွတ်အစောင့်များက ခေါင်းခါလိုက်ကြပြီး အံ့ဩတုန်လှုပ်စွာ ဆွံ့အနေကြသည်။

တပည့်များ၏ ပါးစပ်များက ပွင့်အာနေကြပြီး အချိန်အကြာကြီး စကားမပြောနိုင်ခဲ့ကြပေ။

အစပိုင်းတွင် ယခုကဲ့သို့ မတိတ်ဆိတ်ခဲ့ပေ။ ကျင်းကျူးဆီသို့ ခနဲ့သည့်စကားများနှင့် လှောင်ရယ်သံများကို ရံဖန်ရံခါ ကြားနိုင်ခဲ့သည်။

သို့တိုင် ကျင်းကျူးက ကမ်းပါးများအကြား လမ်းလျှောက်နေသည်ကို သူတို့ မြင်တွေ့လိုက်ချိန် လှောင်ရယ်သံနှင့် သရော်သံများကို လေအေးများအား ရှိုက်သွင်းနေသည့်အသံက အစားထိုးသွားခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် တပည့်များ နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာကြပြီး မရပ်မနား ဆွေးနွေးကြတော့၏။

“ဒါက သူရဲ့ ပထမဆုံးအကြိမ်ဓားတောင်ကို ဝင်ရောက်တာမဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် အဲလောက် ဖြည်းဖြည်းမှန်မှန် လျှောက်နိုင်တာလဲ။”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက သိမ်းငှက်နှုတ်သီးကမ်းပါးကို ဖြတ်ကျော်သွားခဲ့ပြီ။ အဲဒါက ဒီကနေ ပေခြောက်ထောင် ဝေးတယ်မဟုတ်လား။”

“သူ ဘယ်လောက်အထိ သွားနိုင်မယ်လို့ မင်းတို့ထင်လဲ။ နောက်ထပ် ပေတစ်ထောင်လား။”

“သူက သူ့ရဲ့ပထမဆုံးအကြိမ် ကြိုးစားမှုမှာ တိမ်တွေထဲ ဝင်ရောက်မသွားနိုင်လောက်ပါဘူးနော ဟုတ်တယ်မလား။”

“အံ့ဩစရာပဲ… သူက သူ့ရဲ့ ခွန်အားကို တကယ်ပဲ ဖုံးကွယ်ထားခဲ့တာပဲ။ ဒါပေမယ့် ဆရာသခင်ဦးလေးမိုရဲ့ဓားက တောင်ထိပ်မှာလို့ ငါ ကြားခဲ့တယ်။ အဲဓားကိုရဖို့ အရမ်းခက်ခဲလောက်တယ်။”

“ကြည့်… သူ တိမ်တွေထဲ ဝင်တော့မယ်။”

“သူ တကယ်ပဲ တိမ်တွေထဲ ဝင်ရောက်သွားခဲ့တာပဲ။”

***

ကြည့်ရှု့သူ များစွာ ရှိလိမ့်မည်ဟု ကျင်းကျူး မမျှော်လင့်ထားခဲ့ပေ။

သူ မျှော်လင့်ထားခဲ့လျှင်ပင် သူ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သူ စိတ်ရှိသည့်အတိုင်း လုပ်ပေလိမ့်ဦးမည်။

မကြာမီ သူ တိမ်တိုက်များထဲ ဝင်ရောက်သွားခဲ့ပြီး မမြင်နိုင်တော့ပေ။ သူသည် တောင်ခြေတွင် အာမေဍိတ်သံများနှင့် မကျေမနပ်သက်ပြင်းချသံ အနည်းငယ်တို့ကို ချန်ထားခဲ့သည်။

အကယ်၍ တိမ်တိုက်များထဲ မဝင်ရောက်မီ သူရပ်လိုက်ပြီး ကြည့်နေကြသူများကို လက်ဝေ့ယမ်းပြခဲ့ပါက မည်မျှ မိမိုက်နေလိမ့်မည်နည်း။

လင်းဝုကျိ လှည့်လိုက်ပြီး ဓားဆေးကြောခြင်း စမ်းချောင်းသို့ ပြန်တော့မည့်အချိန် သူ့မျက်လုံးများက ဆရာသခင်ဒေါ်လေးမိန်းလီ၏ မျက်လုံးများနှင့် တွေ့ဆုံသွားခဲ့သည်။

“ဆရာသခင်ဦးလေးမိုက တကယ့်ကို အမြင်ရှိတာပဲ။”

သူ စီနီယာဆရာသခင်မိန်းလီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဒီကလေးအတွက် ကျွန်တော်တို့ ချကြရမယ့်ပုံပဲ။”

အေးစက်သည့် စိတ်ဆန္ဒတစ်ခုက စီနီယာဆရာသခင်မိန်းလီ၏ လှပသော မျက်နှာအပေါ် ပေါ်လာခဲ့ကာ သူမ ပြောလိုက်သည်။
“ငါ ထပ်ပြောမယ်။ အဲကလေးရဲ့ ရုပ်ရည်ကိုသာ ကြည့်လိုက်။ သေချာပေါက် သူက ငါတို့ရဲ့ချင်းရောင်တောင်ထွတ်ကို လာရမယ်… အစ်ကိုကြီးမိုက ရုပ်ဆိုးလွန်းတယ်၊ သူက ဘယ်လိုလုပ် အဲကလေးကို သူ့တပည့်အဖြစ် လက်ခံရဲတာလဲ။”

***

ဓားတောင်၏ အရှေ့ဘက်တောင်ထိပ်ကို ရောက်လာကာ ကျင်းကျူး ထိုကမ်းပါးကို တွေ့လိုက်ပြီး သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

နေ့ဘက်ဖြစ်သောကြောင့် သူ ပို၍ ရှင်းလင်းစွာ မြင်နိုင်ပေ၏။ ထိုအပေါက်သည် သုံးပေလောက်သာ နက်ပြီး အထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက်အတွက်သာ လုံလောက်သည်။

လွန်ခဲ့သည့်နှစ်ရက်ကကဲ့သို့ ကျောင်းလေးယု အထဲတွင် ထိုင်နေပေ၏။

သူမ၏ သွေးများက တိတ်သွားခဲ့ပြီဖြစ်သော်လည်း သူမ၏ မျက်နှာက ‌ဖြူလျော်နေကာ သူမက ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရထားပုံပေါ်သည်။

ကျင်းကျူး လက်ထဲရှိ သစ်သီးခြင်းကြီးကို ချလိုက်ပြီး ပြောလိုက်သည်။
“ဒါတွေကို စားလိုက်”

သူ ဂူဗိမာန်မှ မထွက်ခွာမီ ဤသဘာဝသစ်သီးများကို ခူးရန် မျောက်များကို ခိုင်းခဲ့သည်။ သူတို့သည် အနည်းငယ် ချဉ်ပြီး ခါးသော်လည်း သွေးထောက်ပံ့မှုနှင့် အင်အားကို ပြန်လည်ဖြည့်တင်းခြင်းအတွက် အကျိုးရှိကြ၏။

ထို့နောက် သူ သူ့လက်မောင်းအိုးမှ မှော်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး သူမရှေ့ ထားပေးလိုက်သည်။

ကျောင်းလေးယု ခေါင်းမော့လိုက်ပြီး မေးလိုက်၏။
“ဘာလို့ အလောင်းကို ရှာတွေ့သွားခဲ့တာလဲ”

ကျင်းကျူး တော်တော်လေး အံ့ဩသွား၏။

‘တောင်ခြေမှာ ဖြစ်ခဲ့တာကို သူမ ဘယ်လိုလုပ် သိနေတာလဲ။ သူမမှာ တောင်ထွတ်ကိုးခုက အကူတစ်ယောက်ရှိခဲ့ရင် အဲလူက ဘာလို့ သူမရဲ့ဒဏ်ရာကို မကုပေးခဲ့တာလဲ’

ကျောင်းလေးယု သူ့အတွေးများကို သိနေပုံရပြီး ပြောလိုက်သည်။
“ကျွန်မမှာ ကျွန်မရဲ့ နည်းလမ်းတွေရှိတယ်။”

ကျင်းကျူး ထပ်မမေးခဲ့ပေ။ အကြောင်းမှာ ဤကိစ္စကို သူ ဂရုမစိုက်သောကြောင့်ဖြစ်ပေ၏။

သို့သော် ကျောင်းလေးယု သူ့မျက်လုံးထဲ စိုက်ကြည့်လိုက်ကာ အဖြေတစ်ခုရရန် ကြိုးစားနေသည်။

“ငါ အချိန်အကြာကြီး ဘယ်သူ့ကိုမှ မသတ်ခဲ့ရဘူး၊ ဒါကြောင့် နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာ ငါ ‌မေ့သွားခဲ့ပြီ။”

ကျင်းကျူး ပြောလိုက်သည်။
“နောက်ပြီး အဲအလောင်းကို ဖြေရှင်းရတာက ဒုက္ခများတယ်…”

“ဒါနဲ့ ရှင်က စမ်းချောင်းဘေးမှာ ပစ်ခဲ့တယ်ပေါ့။”
ကျောင်းလေးယု မေးလိုက်၏။

“အဲလိုမှမဟုတ်ရင် ငါ ဘယ်လိုလုပ်ခဲ့သင့်လဲ”
ကျင်းကျူး မေးလိုက်၏။

ကျောင်းလေးယု‌ တွေးလိုက်မိသည်။
‘ဒီလူငယ်က တကယ် ထူးဆန်းတဲ့ သတ္တဝါပဲ… ငါ့ထက်တောင် ထူးဆန်းသေးတယ်’

“ရှင်က တကယ် ဘယ်သူများလဲ”

သေချာပေါက် သူသည် မယုံနိုင်စရာကောင်းလောက်သော အလှတရားပိုင်ဆိုင်ထားသည့် ကျင်းကျူးဖြစ်သည်ကို သူမ သိပေသည်။

သို့သော် ကျင်းကျူးက မည်သူနည်း။ သူက အင်ပါယာရုံးတော်မှ စေလွှတ်လိုက်သည့် သူလျှိုတစ်ယောက်လော။

ကျင်းကျူး သူမကို ကြည့်လိုက်ပြီး အပြုံးဖြင့် မေးလိုက်၏။
“ဒါဆို မင်းကရော။ မင်းက ဘယ်သူလဲ။”

သေချာပေါက် သူမသည် ပြိုင်ဘက်ကင်းကျောင်းလေးယုဖြစ်သည်ကို သူ သိ‌ပေသည်။

သို့သော် ကျောင်းလေးယုက မည်သူနည်း။ သူမက မျောက်များမှ စေလွှတ်လိုက်သည့် စစ်ကူလော။

ကျောင်းလေးယုက သူ့အား ဖော်ထုတ်လိမ့်မည်ကို ကျင်းကျူ မစိုးရိမ်ခဲ့ပေ။

အကယ်၍ သူမက ဘီးဟူတောင်ထွတ်၏ စီနီယာဦးလေးအား သတ်ခဲ့သည်ကို တစ်စုံတစ်ယောက် တွေ့ရှိသွားပါက သူမက ကျောင်းလေးယုဖြစ်ခဲ့လျှင်ပင် သူမ ဒုက္ခရောက်သွားပေလိမ့်မည်။

အကယ်၍ ထိုစီနီယာဦးလေးက သူမအား သတ်ချင်ခဲ့သည်ဟု သူမ ပြောခဲ့ပါက… လူဘယ်လောက်များများ သူမကို ယုံကြည်ကြလိမ့်မည်နည်း။

ထို့ကြောင့် ဤကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ ထိန်းထားနိုင်ပေသည်။

သူမ၏ ဒဏ်ရာများက မကြာမီ ပြန်ကောင်းလိမ့်မည်ကို ကျင်းကျူး အတည်ပြုလိုက်ပြီးနောက် လှည့်လိုက်ကာ တောင်အောက်ဆင်းရန် ပြင်လိုက်သည်။

ဤအခိုက်တွင် သူ တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်၏။
“ငါ အခုမှသတိရတယ်၊ အတိတ်က ငါ သတ်ခဲ့တဲ့ လူတွေရဲ့ အလောင်းကို ငါ မမြုပ်ခဲ့ဘူး။”

ကျောင်းလေးယု မေးလိုက်၏။
“တွေ့ရှိသွားမှာကို ရှင်မကြောက်ဘူးလား။”

“ငါ ဘာလို့ ကြောက်ရမှာလဲ”

“လက်တုန့်ပြန်မှာကို ကြောက်တာ၊ ဒုက္ခတွေကို ကြောက်တာ..”

“လက်တုန့်ပြန်တာလား။ အစတုန်းက အကြိမ်အနည်းငယ် ရှိခဲ့ပေမယ့် နောက်ပိုင်း ဘယ်သူမှ မလုပ်ရဲကြတာကြောင့် အရမ်း ဒုက္ခမများဘူး။”

ဤစကားကို ပြောပြီးနောက် ကျင်းကျူး ဓားတောင်မှ ထွက်ခွာသွား၏။

တောင်ခြေကို သူ ပြန်ရောက်ပြီး သူ့ရောင်းရင်းများ၏ နောင်တရနေသော မျက်လုံးများကို မြင်တွေ့လိုက်ရသောအခါ သူက တစ်စုံတစ်ခုအား မေ့ခဲ့ပုံရသည်ကို သူ သတိရသွားသည်။

****

ဓားတောင်သို့ ကျင်းကျူး၏ ခရီးက ဓားဆေးကြောခြင်း စမ်းချောင်း၏ နှစ်ဖက်စလုံးတွင် ကြီးမားသော အုတ်အော်သောင်းတင်းကို ဖြစ်စေခဲ့သည်။ စီနီယာဆရာသခင်မို၏ ဓားကို ပြန်ယူရာတွင် သူ မအောင်မြင်ခဲ့သော်လည်း ဓားဆေးကြောခြင်းခန်းမတွင် လှောင်ရယ်နေသည့်စကားလုံးနှင့် အရှက်ခွဲသည့်စကားလုံးများကို သူ မကြားခဲ့ရပေ။ သူကြားရသည့် အသံအများစုမှာ နောင်တရနေသည့် သက်ပြင်းချသံဖြစ်၏။ သူတို့၏ ဓားများကို နှစ်များစွာ ‌‌ဆေးကြောခဲ့ကြပြီး မြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိသည့် စီနီယာအစ်ကိုများသည်ပင် ကျင်းကျူးအကြောင်း ပြောသည့်အခါ လေးစားစွာ ပြောကြပေလိမ့်မည်။ အကြောင်းမှာ ဓားတောင်ပေါ် သူ ပထမဆုံးအကြိမ်တက်ရောက်ချိန် တိမ်များထဲ သူ ဝင်ရောက်သွားသည်ကို လူများစွာ မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်၏။

ဘီးဟူတောင်ထွတ် စီနီယာဦးလေး၏ အသတ်ခံရခြင်းကိစ္စသည် ရှိုင်းတောင်ထွတ်တွင် ‌စုံစမ်းစစ်ဆေးခြင်းအောက် ရှိနေဆဲဖြစ်သော်လည်း ဓားဆေးကြောခြင်း စမ်းချောင်းဘေးတွင် လူအနည်းငယ်သာ ၎င်းကို ထုတ်ပြောခဲ့သည်။ ထိုစီနီယာဦးလေးကို မည်သူမျှ မမြင်ဖူးခဲ့ကြသောကြောင့် သူတို့တွင် သူ့အတွက် ဘာခံစားချက်မှ မရှိကြပေ။ ထို့အပြင် ဤကိစ္စသည် သူတို့နှင့် အလှမ်းဝေးလွန်းလှ၏။

ဓားဆေးကြောခြင်း တပည့်တစ်ယောက်က မရှုံးနိမ့်နိုင်သော အဆင့်ရှိ ဓားသမားတစ်ယောက်ကို သတ်နိုင်မည်ဟု မည်သူမျှ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။

ထိုအရူး လီရှီရှူးကလွဲ၍…။

ထိုအကြောင်း တွေးလိုက်ချိန် ကျင်းကျူး ပြုံးလိုက်သည်။

********************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset