PTH အပိုင်း ၂၈

အပိုင်း ၂၈ သွေးပန်းပွင့်များကြား တစ်ယောက်ကိုယ်တစ်ယောက် စိုက်ကြည့်ခြင်း

“နောက်ပြီး မင်းက ကြိုးကြိုးစားစား ကျင့်ကြံတာကြောင့် ငါ မင်းကို ကျေးဇူးတင်ရမယ်။ မနက်ဖြန်ကျရင် မင်းကို ငါသတ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ သိကြမှာမဟုတ်ဘူး လို့ ငါ ယုံတယ်။”

ဆရာသခင်ဇိုး အပြုံးဖြင့် ပြောလိုက်သည်။
“ဒါက ဓားတောင်ရဲ့ တောင်ထိပ်မှာပဲ။ ကျိုးပျက်နေတဲ့ ပင်လယ်အဆင့်ကို ရောက်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်တောင် သူ့ရဲ့ ဓားအသိစိတ်ကို မသုံးဘဲ ဒီမှာ ဘာဖြစ်နေသလဲ သိမှာမဟုတ်ဘူး။”

“တကယ်လို့ ရှင်က ဒီည ဘာဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ရင် ရှင်က ကျွန်မကို သတ်နိုင်ဖို့ အရင်ဆုံးသေချာအောင်လုပ်ရမယ်။”

၎င်းကို ပြောပြီးနောက် ကျောင်းလေးယု လက်ကို ဝေ့ယမ်းလိုက်ပြီး အစိမ်းရောင်ဓားအလင်းရောင်တစ်ခုက သူမ၏ လက်မောင်းအိုးထဲမှ ပျံထွက်လာကာ မြန်ဆန်သော အမြန်နှုန်းဖြင့် ကမ်းပါးနံရှေ့ကို ပျံထွက်လာသည်။

ထိုအစိမ်းရောင်ဓား(ချင်းကျန့်)သည် အလွန်သွက်လက်ပြီး အလွန်အမင်းမြန်ဆန်ကာ လေလုံပုံရသည့် အစိမ်းဖျော့ရောင် အလင်းရောင်မျက်နှာပြင်ကို ဖြစ်ပေါ်နေစေကာ လေသည်ပင် ၎င်းကို မဖောက်ဝင်နိုင်ပေ။

ဤသည်ကို မြင်သည်နှင့် ဆရာသခင်ဇိုး ချီးကျူးမှုဖြင့် ပြောလိုက်သည်။
“မင်းက စိတ်ဆန္ဒဆက်ခံခြင်းရဲ့ ပြီးပြည့်စုံမှုကို ရောက်ရှိလုနီးပါးပဲ။ အံ့ဩစရာပဲ။”

ညအမှောင်ထုထဲရှိ ကျင်းကျူးသည်လည်း ခေါင်းညိတ်လိုက်၏။ သူသည် ကျောင်းလေးယု၏ ကျင့်ကြံခြင်းအဆင့်ထက် သူမ၏နည်းစနစ်ကို ပို၍ အသိအမှတ်ပြုပေသည်။

ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးမရှိသောကြောင့် ခုခံရန်အတွက် ဓားကို ကြိုတင်၍ ခေါ်ထုတ်လိုက်ခြင်းက ပို၍ကောင်းပေသည်။

ကံမကောင်းစွာဖြင့် ကျောင်းလေးယု၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်သောကြောင့် သူမကိုယ်သူမ ခုခံချင်ခဲ့လျှင်ပင် သူမ မခုခံနိုင်ပေ။

ကျောင်းလေးယုသည် မမျှော်လင့်ထားသော အရာ မဖြစ်ပျက်ခဲ့ပါက ယနေ့ည သေဆုံးလိမ့်မည်ဟု မကြာမီ ကျင်းကျူး ကောက်ချက်ချလိုက်သည်။

ယွမ်ရှင်းတောင်ထိပ်ပေါ်တွင် ဓားစိတ်ဆန္ဒများသည် ပရမ်းပတာဖြစ်နေကြသည်။ ၎င်းက မဲမှောင်ပြီး လေထုက ပြောင်းလဲနေ၏။ သို့သော် တစ်ခုတည်းသော ထိုမမျှော်လင့်ထားသည့်အရာမှာ သူကိုယ်တိုင်ဖြစ်သည်။

“အဲလူကို ချဖို့ နည်းလမ်းမရှိဘူး။”

ကျင်းကျူး စိတ်ထဲ သက်ပြင်းချလိုက်၏။

သူ့ကျင့်ကြံခြင်းအဆင့်သည် ပို၍ပင် နိမ့်နေသေးသောကြောင့် ထိုမီးခိုးရောင်ဝတ်လူ မလှုပ်မယှက်ရှိနေပါမှ သူ သူမကို ကူညီနိုင်ပေမည်။

သို့သော်လည်း မည်သူက သင့်လက်ထဲ ရောက်လာသည်အထိ ငြိမ်ငြိမ်လေး ရပ်စောင့်နေလိမ့်မည်နည်း။

ကျင်းကျူး သူ့လက်ကောက်ကို ကြည့်လိုက်ပြီး သူ တခြားဘာတတ်နိုင်သနည်း ဟု တွေးတောလိုက်သည်။

ဤအချိန်တွင် တိုက်ပွဲစတင်သွား၏။

ဤတိုက်ပွဲ၏ ရလဒ်ကို သံသယရှိစရာမလိုပေ။ ၎င်းက တစ်ဖက်သက်တိုက်ပွဲ ဟုပင် ပြော၍ရ၏။

ညလေသည် ရုတ်တရက် ပေါက်ကွဲသွားပြီး တိမ်တိုက်များက အနည်းငယ် လှုပ်ရှားသွားသည်။ မီးခိုးရောင် ဓားပျံတစ်လက်က ပေသုံးရာကျော်မှ လျှပ်တပြက် ပျံသန်းလာပြီး ထိုကမ်းပါးနံရံရှေ့ ရောက်လာသည်။

ပြင်းထန်ပြီး ပေါ့ပါးသော ဓားပျံများ၏ ထိတွေ့သံများက ထွက်ပေါ်လာ၏။

မီးပွားဒါဇင်ချီက တစ်ချိန်တည်းနီးပါးတွင် အစိမ်းရောင်ဓားကြောင့် ဖြစ်ပေါ်နေသည့် ထိုအစိမ်းဖျော့ရောင် အလင်းမျက်နှာပြင်အပေါ် ပေါ်လာခဲ့ကြသည်။

ထိုသေးငယ်သည့် မီးပွားများက အမှန်တကယ်တွင် ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှု ရှိသည့် မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများ ပါဝင်နေကြသည်ကို ကျင်းကျူး ရှင်းလင်းစွာ သိပေသည်။

ဘီးဟူတောင်ထွတ်၏ အရပ်ရှစ်မျက်နှာ ဓားစတိုင်လ်သည် အမြဲအားကောင်းနေဆဲဖြစ်သည်။

တခဏကြာပြီးနောက် အစိမ်းရောင်ဓားလေးကြောင့် ဖြစ်ပေါ်နေသည့် အစိမ်းဖျော့ရောင် အလင်းမျက်နှာပြင်သည် ပုန်းကွယ်နေသော လျှပ်စီးများပါဝင်နေသည့် ဓားကြောင့် အလွယ်တကူ ပျက်စီးသွားခဲ့သည်။

အစိမ်းရောင်ဓားလေးသည် သတ္တုအပိုင်းအစတစ်ခုအလား မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။

ကျောင်းလေးယုသည် နံရံရှိ ထိုအပေါက်ထဲတွင် တင်ပျဉ်ခွေထိုင်နေခဲ့ပြီး လုံးဝမရှောင်နိုင်ခဲ့ပေ။

ရွှီးခနဲ အသံများနှင့်အတူ မီးခိုးရောင်ဓားပျံသည် သူမ၏ ခန္ဓာကိုယ်ကို အဆက်မပြတ်ထိုးဖောက်သွားပြီး ပြန်လည် ပျံသန်းသွားကာ သွေးများထွက်နေသည့် အပေါက်ခုနစ်ပေါက်ကို ချန်ရစ်ခဲ့သည်။

ထိုအပေါက်ခုနစ်ပေါက်က သူမ၏ ခန္ဓာကိုယ်အနှံ့ရှိနေပြီး သွေးများက အဆက်မပြတ်စီးထွက်နေ၏။ မြင်ကွင်းက အလွန်ရက်စက်ပုံပေါ်သည်။

ကျောင်းလေးယု ကမ်းပါးနံရံအပေါ် မှီကျသွားကာ သူမ၏ မျက်နှာက ဖြူလျော်နေ၏။ သွေးများက သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ စီးထွက်နေပြီး သူမ၏ မျက်လုံးများက ဖျော့တော့ပြီး အားနည်းနေသည်။

ဓားတာအိုရှိ တိုက်ပွဲတစ်ပွဲသည် အမြဲ ပြတ်သားပြီး ရိုးရှင်းကာ အရှုံးနှင့်အနိုင်၊ သေခြင်းနှင့် ရှင်ခြင်းတို့ကို ဆုံးဖြတ်ရန် အချိန်တခဏသာ လိုအပ်သည်။

ဓားပျံများကြား တိုက်ပွဲတွင် အားကောင်းသူက ရှင်သန်သည်ဟူသော နိယာမသည် အလွန်ထင်ရှားပြီး ရက်စက်ပေ၏။

ကျင့်ကြံခြင်းအဆင့်နိမ့်သူက သူ့ရန်သူကို ဘယ်တော့မှ ထိနိုင်လိမ့်မည်မဟုတ်သောကြောင့် သူ့ရန်သူကို သူ မည်သို့ အနိုင်ယူနိုင်မည်နည်း။

“မင်းပြောချင်တဲ့စကား ရှိသေးလား။”

ဆရာသခင်ဦးလေးဇိုး ကမ်းပါးဆီ ဖြည်းညင်းစွာ လျှောက်လာခဲ့ပြီး ကျောင်းလေးယုကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။

ဤသည်မှာ အောင်နိုင်သူက ရှုံးနိမ့်သူကို သူတို့မသေဆုံးမီ အရှက်ခွဲပြီး ကစားခြင်းမျိုးမဟုတ်ပေ။

သူ ဆန္ဒရှိပါက ကျောင်းလေးယုကို သတ်ခဲ့ပြီးဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူ့နောက်ကွယ်ရှိ လူက ကျောင်းလေးယု ဘာကို သိချင်ခဲ့ပြီး သူမက ဘယ်လောက်များများ ဖော်ထုတ်သိရှိခဲ့သည်ကို သိချင်ခဲ့သည်။

အရေးကြီးဆုံးမှာ ဤကိစ္စကို စုံစမ်းရန် သူမကို မည်သူ အမိန့်ပေးခဲ့သနည်း။ ချင်းရောင်တောင်ထွတ်လော သို့မဟုတ် ထျန်းကွမ်တောင်ထွတ်လော။

လူတစ်ယောက်က သေတော့မည်အချိန်တွင် သူ့စကားများသည် ယုံကြည်၍ ရသည်။

တန်ဖိုးရှိသော အချက်အလက်အနည်းငယ်ကို ရရှိရန် သူ မျှော်လင့်ထား၏။

ကျောင်းလေးယု ခေါင်းမော့လိုက်ပြီး သူ့ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“ကျွန်မ ပြောချင်တဲ့စကားက ရှင် ကျွန်မဆီ ဒီလောက်အထိ နီးကပ်မလာခဲ့သင့်ဘူး။”

သူမ စကား စပြောလိုက်သည်နှင့် မမျှော်လင့်ထားသည့်အရာ ဖြစ်ပျက်သွား၏။

သူမ၏ လက်ကောက်ဝတ်ရှိ လက်ကောက်က ရုတ်တရက် ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မြွေတစ်ကောင်ကဲ့သို့ ပြေးထွက်သွားသည်။ ၎င်းက ချက်ချင်း ရှည်သွားပြီး ဓားကြိုးအဖြစ် ပြောင်းသွားကာ ဆရာသခင်ဇိုး၏ ခန္ဓာကိုယ်ကို တုပ်နှောင်လိုက်သည်။

ကွဲအက်သံများနှင့်အတူ ဆရာသခင်ဦးလေးဇိုး၏ မီးခိုးရောင်ဓားဝတ်ရုံက အက်ကြောင်း အနည်းငယ် ပေါ်လာ၏။

“မင်း ဒါကို အသုံးပြုပြီး အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေတာလား။”

ဆရာသခင်ဇိုး သူမကို ကြည့်နေကာ အေးစက်စွာ ပြောလိုက်သည်။

ရိုးရှင်းသည့် မီးခိုးရောင်ဓားပျံက နောက်တစ်ကြိမ်ပေါ်လာပြီး ထိုဓားကြိုးကို ခုတ်လိုက်၏။

ဖောက်..

လက်သီးအရွယ် မိုးကြိုးမီးလုံးတစ်ခုက မီးခိုးရောင်ဓားပျံနှင့် ကြိုးဓားတို့ ထိတွေ့လိုက်သည့်နေရာတွင် ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုကြိုးဓားက သူ မျှော်လင့်ထားသလို မကျိုးပျက်သွားပေ။

ဆရာသခင်ဇိုး၏ မျက်နှာပေါ်ရှိ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဘာဖြစ်နေသလဲဟု တွေးတောလိုက်သည်။

ကြိုးဓားက တင်းကြပ်သွားခဲ့ပြီး သူ့ကိုယ်ထဲ နစ်ဝင်လာ၏။ တခဏအတွင်း သွေးများက စိမ့်ထွက်လာသည်။

ဆရာသခင်ဇိုး နာကျင်စွာ ဝက်အော်သံကဲ့သို့ အော်ဟစ်လိုက်ပြီး အလွန်အမင်းတုန်လှုပ်သွားကာ ဒေါသထွက်သွားသည်။

အာအိုးယာမာဂိုဏ်း၏ အပြင်စည်းတပည့်များသည် နတ်ဆိုးများကို သတ်ဖြတ်ပြီး သူတို့၏ ရန်သူများကို နိမ်နင်းရန် သူတို့ လှည့်လည်သည့်အခါ ကြိုးဓားများကို သူတို့နှင့်အတူ ယူသွားလေ့ရှိသည်။

ထိုကြိုးဓားများသည် သာမန်အဖြစ်ဆုံး မှော်ရတနာများဖြစ်ကြပြီး အနိမ့်ဆုံးအဆင့်ရှိ ဓားပျံများလောက်ပင် အားမကောင်းကြပေ။

သူ့မှော်ဓားက ဘာကြောင့် ဤကြိုးဓားကို မခုတ်ဖြတ်နိုင်သနည်း။

‘ဒီဟာက ဘာကြီးလဲ။ ဘာပစ္စည်းတွေနဲ့ လုပ်ထားခဲ့တာလဲ။’

အချိန်တိုအတွင်း ဆရာသခင်ဇိုး အရာများစွာကို တွေးတောလိုက်ပြီး ဤကြိုးဓားက တစ်ခုခုမှားနေသည်ဟု ခန့်မှန်းလိုက်သည်။ ၎င်းက ထင်ရသလောက် မရိုးရှင်းပေ။

၎င်းသည် တောင်ထွတ်ကိုးခုရှိ အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကပေးထားသည့် မှော်ရတနာတစ်ခုဖြစ်နိုင်ပြီး ဂိုဏ်းသခင်ပင် ဖြစ်နိုင်၏။

ဤအရာကို တွေးလိုက်မိကာ ဆရာသခင်ဇိုး ဂရုမစိုက်မိခြင်းအတွက် နောင်တရသွားသည်။

ထိုကြိုးဓားက ရတနာတစ်ခုဖြစ်ခဲ့လျှင်ပင် ကျောင်းလေးယု၏ အဆင့်သည် အလွန်နိမ့်ပြီး သူမ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သည်။ သူမ နောက်ဆုံးရလဒ်ကို မည်သို့ ပြောင်းလဲနိုင်မည်နည်း။

“မင်း ငါကို ဒီလိုသတ်နိုင်မယ်လို့ ထင်နေတာလား။”

သူ ကျောင်းလေးယု၏ မျက်လုံးထဲ စိုက်ကြည့်လိုက်ကာ သူ့ဒေါသနှင့် သတ်ဖြတ်ချင်စိတ်ကို ဖုံးကွယ်မထားပေ။

မီးခိုးရောင်ဓားသည် သူ့ဆီ ပြန် ပျံလာပြီး သူက ၎င်းကို မျိုချ လိုက်၏။

သူ့ဓားဆေးလုံးသည် တုန်ရီသွားပြီး မရေမတွက်နိုင်သော ဓားဆန္ဒများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် တကယ့်ဓားသေးသေးလေးများအလား ဖြစ်ကြကာ ကျုံ့ဝင်လာသည့် ကြိုးဓားကို ပိတ်ဆို့လိုက်ကြသည်။

တိမ်များက အနည်းငယ် ပွင့်သွားပြီး ကြယ်အလင်းရောင်က ကျောင်းလေးယု၏ ကိုယ်ပေါ် တောက်ပနေ၏။

သူမ၏ ညစ်ပတ်နေသော ဆံပင်တိုတိုနှင့် မျက်နှာတို့က သွေးများ ပေရေနေကြသော်လည်း သူမသည် ကြောက်မက်ဖွယ် ကောင်းမနေပေ။ အကြောင်းမှာ သူမ၏ မျက်လုံးများက တည်ငြိမ်နေကြဆဲဖြစ်ပြီး ‌ကျားပေါက်လေးတစ်ကောင်က နောက်ဆုံးအကြိမ် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ဖြစ်သောကြောင့် ဖြစ်သည်။

ဓားပျံသည် ဖျက်ဆီးခံလိုက်ရပြီး ကြိုးဓားသည် ပိတ်ဆို့ခံထားရသည်။ သူမ ဘာဆက်လုပ်သင့်သနည်း။

ကျောင်းလေးယု လက်သီးတစ်လုံး ပစ်လွှတ်လိုက်၏။

သူမ ဝင်ခွင့်အဆင့် လက်သီးနည်းစနစ်ကို အသုံးပြုခဲ့ပေသည်။

၎င်းသည် တောင်ပိုင်းထင်းရှူးစံအိမ်၏ အပြင်စည်းတပည့်များ ထင်းရှူးပင်များတွင် နေ့တိုင်း လေ့ကျင့်နေခဲ့သည့် လက်သီးနည်းစနစ်ဖြစ်သည်။

ဤလက်သီးနည်းစနစ်သည် သာမန်ဖြစ်ပြီး သူတော်ကောင်းတရားပိုင်ဆိုင်ခြင်းအဆင့်အတွက် အပြင်စည်းတပည့်များ လေ့ကျင့်ရာတွင် အသုံးပြုသည်။

ဤလက်သီးနည်းစနစ်သည် ဓားသမားနှစ်ယောက်ကြား တိုက်ပွဲတွင် ပေါ်လာမည်ဟု မည်သူမျှ ထင်မထားပေ။

သူမ၏ လက်သီးနည်းစနစ်သည် ဘာမှမထူးခြားသော်လည်း စာအုပ်၏ စာမျက်နှာများပေါ်ရှိ အရုပ်လေး လုပ်နေသည့်အတိုင်း အတိအကျဖြစ်သည်။

၎င်းသည် စံချိန်မီသောကြောင့် တိကျ၏။

လက်သီး ဒါဇင်ချီက ဆရာသခင်ဇိုးအပေါ် မုန်တိုင်းတစ်ခုအလား ကျဆင်းသွားကြသည်။

ကျောင်းလေးယု၏ လက်သီးများသည် သေးငယ်သော်လည်း အလွန်မာကျော၏။

ဓားစိတ်ဆန္ဒများဖြင့် ပုတ်ခတ်ခံရပြီးနောက် မရှုံးနိမ့်နိုင်သည့် အဆင့်ကို ရောက်နေသည့် ဓားသမားတစ်ယောက်သည်ပင် ၎င်းကို တောင့်မခံနိုင်ပေ။

အုံးခနဲအသံနှင့်အတူ ဒါဇင်ချီသော ချိုင့်ခွက်များက မီးခိုးရောင် ဝတ်ရုံ‌အပေါ် ပေါ်လာကြသည်။

ဆရာသခင်ဇိုး သွေးတစ်လုပ် အန်ထုတ်လိုက်၏။

ကျောင်းလေးယု သူမ၏ လက်ကောက်ဝတ်ကို ခါလိုက်ပြီး ကြိုးဓားက သူ့လည်ပင်းနား ရစ်ပတ်သွားကာ သူ့အား ကမ်းပါးနံရံဆီသို့ ဆွဲခေါ်လာသည်။ တင်ပျဉ်ခွေထားသည့် သူမ၏ ခြေထောက်များက မိုးကြိုးကဲ့သို့ ကန်ထုတ်လာပြီး သူ့ကျောကို ထိမှန်သွားသည်။

ဆရာသခင်ဇိုး နောက်ထပ် သွေးတစ်လုပ် အန်ထုတ်လိုက်၏။

ကျောင်းလေးယု သူမ၏ ခြေထောက်ဖြင့် သူ့နောက်ကျောကို ကန်လိုက်ကာ နောက်သို့ လဲကျသွားပြီး သူမ၏ လက်ထဲရှိ ကြိုးဓားကို ဖြောင့်တန်းသည်အထိ ဆွဲလိုက်သည်။

***

သူမ သူ့ခေါင်းကို ဖြတ်ရန် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို သုံးချင်ခဲ့၏။

ကြိုးဓားက ပြင်းထန်စွာ တုန်ရီသွားပြီး ဆရာသခင်ဇိုး၏ ခန္ဓာကိုယ်အပေါ် ဖြည်းညင်းစွာ ရွေ့လျားသွားကာ နားအူမတတ်ပွတ်တိုက်သံကို ထွက်ပေါ်လာစေသည်။

“မင်းက ကျောင်းလေးယု ပီသပါပေတယ်။ ဒါပေမယ့် မင်း ငါ့ကို ဒီလိုမျိုး သတ်လို့မရဘူး။”

ဆရာသခင်ဇိုး ဟောဟဲဆိုက်နေပေ၏။

မီးခိုးရောင်ဓားပျံသည် သူ့လည်ပင်းရှိ ကြိုးဓားကို ပိတ်ဆို့ထားခဲ့သည်။

သူသည် အဆင့်နိမ့်ဂျူနီယာတစ်ယောက်အကြောင့် ဤအခြေအနေသို့ တွန်းပို့ခံလိုက်ရသည်ကို အလွန်ဒေါသထွက်နေပေသည်။

သို့သော် သူ ပြောခဲ့သကဲ့သို့ ကျောင်းလေးယု ဤနည်းဖြင့် သူ့ကို မသတ်နိုင်‌ပေ။

အဆင့်များကြား ကွာဟချက်ကို အချိန်အများစုတွင် ရဲရင့်မှု၊ ဉာဏ်ပညာ သို့မဟုတ် တခြားအရာများဖြင့် အစားထိုး၍ မရပေ။

သွေးများက ကျောင်းလေးယု၏ ခန္ဓာကိုယ်မှ ဆက်လက်စီးထွက်နေ၏။ အားသုံးလိုက်ရသောကြောင့် စီးထွက်မှုက ယခင်ကထက်ပင် မြန်ဆန်ခဲ့သည်။

သူမ၏ မျက်နှာက ဖြူလျော်လာပြီး သူမ၏ မျက်လုံးများက မှိန်ဖျော့လာ၏။

သူမ ကြိုးဓားကို မကိုင်နိုင်တော့သည့်အချိန်က သူမ သေဆုံးမည့်အချိန်ဖြစ်သည်ကို သူမ သိပေသည်။

ဤအခိုက်တွင် တောင်ထိပ်ရှိ တိမ်များက အနည်းငယ် ပြန့်ကျဲသွားပြီး ကြယ်အလင်းရောင် ကျဆင်းလာ၏။

ဆရာသခင်ဇိုး သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ပြီး ရုတ်တရက် အေးခဲသွားသည်။

ကြိုးဓားက သူ့လည်ပင်းပေါ် ရှိ‌နေသော်လည်း သူ့မျက်လုံးများက ထိုအရာပေါ် ရောက်ရှိနေသေးသည်။

လူတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာခဲ့၏။

အဖြူရောင်ဝတ်ထားသည့် လူငယ်လေးတစ်ယောက်…။

***

အဖြူရောင်ဝတ်လူငယ်လေးက ဤသေရေး၊ ရှင်ရေး တိုက်ပွဲတွင် ဆွဲဆောင်မှု ရှိသေးသည်အထိ အလွန်လှပသောကြောင့် မဟုတ်ပေ။

ထိုအဖြူရောင်ဝတ်လူငယ်က မည်သို့ ပေါ်လာခဲ့သည်ကို သူ မတွေးနိုင်ရုံပင်။

ဆရာသခင်ဇိုး တုန်လှုပ်သွားပြီး ရှုပ်ထွေးသွားကာ အနည်းငယ်ပင် ချောက်ခြားသွား၏။

သူ သိမ်းငှက်ကို အနာတရဖြစ်အောင်မလုပ်မီက သူသည် ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ပြီး တခြားမည်သူမျှ မရှိသည်ကို အတည်ပြုခဲ့သည်။

နောက်ပိုင်း စကားဝိုင်းနှင့် တိုက်ပွဲတို့တွင်လည်း သူသည် တောင်ထိပ်၌ အသက်ရှူသံ၊ နှလုံးခုန်သံနှင့် ခြေသံများ မရှိသည်ကို အတည်ပြုထားခဲ့သည်။

ထိုအဖြူရောင်ဝတ်လူငယ်သည် မိုးပေါ်မှ ကျလာပုံရသော်လည်း သူက ဤနေရာတွင် တစ်ချိန်လုံး ရပ်နေခဲ့သည်ဟုလည်း ထင်ရသည်။

ပြဿနာမှာ အကယ်၍ သူက ဤနေရာတွင် တစ်လျှောက်လုံး ရပ်နေခဲ့ပါက သူ ဘာကြောင့် သူ့ကို မတွေ့ခဲ့ပါသနည်း။ သူ ဘာကြောင့် သူ့ကို လုံးဝသတိမပြုမိခဲ့ပါသနည်း။

‘သူက ကောင်းကင်နဲ့မြေကြီးကြား သူ့တည်ရှိမှုကို ဖုံးကွယ်ထားနိုင်တဲ့ လွတ်လွတ်လပ်လပ်ခရီးသွားခြင်းအဆင့်က လူတစ်ယောက်လား။’

‘မဟုတ်ဘူး၊ လွတ်လွတ်လပ်လပ်ခရီးသွားခြင်းအဆင့်က လူတစ်ယောက်ကတောင် ဒါကို လုပ်နိုင်မှာမဟုတ်ဘူး။’

‘သူက တစ္ဆေတစ်ကောင်လား’

ဆရာသခင်ဇိုး အချိန်တိုအတွင်း ဖြစ်နိုင်ခြေများစွာကို တွေးတောလိုက်သော်လည်း သူ အဖြေမထုတ်နိုင်ခဲ့ပေ။

ကျင်းကျူး သူ့ကို တွေးတောရန် နောက်ထပ်အချိန်မပေးဘဲ လက်မြှောက်လိုက်သည်။

ဆရာသခင်ဇိုး အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရ၏။ သူ့နားထင်က တင်းကြပ်သွားခဲ့ပြီး သူ ထွက်ခွာချင်ခဲ့သော်လည်း သူသည် ကြိုးဓားနှင့် သူ့နောက်ရှိ ခြေထောက်များကြောင့် မြဲမြံစွာ ပိတ်မိနေခဲ့သည်။

ကျင်းကျူး၏ လက်က ဆရာသခင်ဇိုး၏ လည်ပင်းအပေါ် ကျရောက်သွား၏။

ပွတ်တိုက်သံများ ထွက်ပေါ်လာပြီး အလွန်အမင်းလှပသည့် မီးပွားစများက နေရာတိုင်း လွင့်ပျံသွားသည်။

ထိုလုပ်ငန်းစဉ်က အလွန်တိုတောင်း၏။

ဆရာသခင်ဇိုး၏ အော်ဟစ်သံနှင့် ပွတ်တိုက်သံတို့က ရုတ်ချည်း ရပ်တန့်သွားကြသည်။

ဘုန်း…

ဆရာသခင်ဇိုး၏ခေါင်း သူ့လည်ပင်းမှ ပြုတ်ကျသွား၏။

ကျောင်းလေးယု၏ မျက်နှာပေါ်လာပြီး သူမ၏ မျက်လုံးများက ယခင်ကကဲ့သို့ အဖြူနှင့် အနက် ကွဲပြားနေသေးသည်။

ခေါင်းမပါသည့် ကိုယ်မှ သွေးများ ပန်းထွက်လာခဲ့ကာအခမ်းအနားတစ်ခုရှိ မီးရှူး မီးပန်းများအလား ဖြစ်သည်။

သူတို့နှစ်ယောက် ကောင်းကင်အနှံ့ လွင့်စင်နေသည့် အနီရောင် သွေးများကြား အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။

********************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset