အခန်း (၂၀)
အလယ်လမ်း/ဂျန်ဂဲ Team up ဟာ 5v5 ဂိမ်းများတွင် အခြေခံအကျဆုံး ဗျူဟာများထဲမှ တစ်ခု ဖြစ်ပြန်သည်။
အလယ်လမ်းနေရာက အပေါ်နှင့်အောက် ကြားထဲတွင် ရှိနေကတည်းက အလယ်လမ်းကစားသမားက အခြားလမ်းနှစ်ခုကို အထောက်အပံ့ အလွယ်တကူ အပေးနိုင်ဆုံးသူ ဖြစ်သွားသည်။ ဂျန်ဂဲလာက မြေပုံတစ်ခုလုံးအနှံ့ လှည့်လှည်သွားလာနိုင်သော ကစားသမားတစ်ယောက် ဖြစ်သလို ဂျန်ဂဲလာနှင့် အကောင်းဆုံး အမီလိုက်နိုင်သော တစ်ဦးတည်းသော ကစားသမားကလည်း အလယ်လမ်းကစားသမား ဖြစ်သွားသည်။
ဂျန်ဂဲလာက အပေါ်လမ်းတွင် Gank သွားလုပ်လျှင် အလယ်လမ်းကစားသမားက ချောမွေ့စွာဖြင့် အလျင်အမြန် သွားရောက်ကာ ကူညီပေးနိုင်သေးသည်။ ဂျန်ဂဲလာက အောက်လမ်းသို့ သွားတိုက်ခိုက်လျှင်လည်း အလယ်လမ်းကစားသမားက အောက်သို့ ဒုန်းစိုင်းထိုးဆင်းကာ သွား၍ ကူညီပေးနိုင်သေးပြန်သည်။
ဂျန်ဂဲလာများက အပြင်ဘက်သို့ မြင့်မားသော ဖျက်ဆီးမှုအား ထုတ်လွှတ်နိုင်သည့် ဟီးရိုးများကို ကစားလေ့ ရှိကြသည်။ သို့သော် သူတို့ကသာ အထောက်အပံ့မှ ကာကွယ်ပေးထားသည့် ပစ်မှတ်မျိုးကို ရင်ဆိုင်ရလျှင် သူတို့က သူတို့၏ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် မဆွဲချနိုင်ခဲ့ပါက သူတို့၏တိုက်ကွက်များက အလဟသ ဖြစ်သွားပေလိမ့်မည်။ အဆိုးဆုံး အခြေအနေ ဖြစ်လာလျှင် သူတို့က တစ်ခါတည်းဖြင့် ပြန်လည်အသတ်ခံရနိုင်သေးသည်။
ဂျန်ဂဲလာက အလယ်လမ်းကစားသမားနှင့် ပူးပေါင်းထားလျှင်မူ အလယ်လမ်း/ဂျန်ဂဲ နှစ်ယောက်တွဲက ဟီးရိုးနှစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို ထုတ်သုံးနိုင်စွမ်းအားရှိသွားပြီဖြစ်သည်။ ထိုသို့ဖြင့် ရန်သူအသင်းမှ အားနည်းသော ဟီးရိုးများကို ဆက်တိုက် သတ်နိုင်ပေလိမ့်မည်။
ဒါက အလယ်လမ်း/ဂျန်ဂဲများ၏ ကြောက်လန့်စရာအကောင်းဆုံး အချက်များထဲမှ တစ်ချက် ဖြစ်နေသေးသည်။
သို့ရာတွင် အောင်မြင်သော အလယ်လမ်း/ဂျန်ဂဲအတွဲက အချင်းချင်း ပြင်းထန်သည့် အလိုလိုသိ နားလည်စိတ် ပိုင်ဆိုင်ထားရန် လိုအပ်သည်။ သူတို့ကသာ တူညီသော ရှုထောင့်ကို မကြည့်နိုင်ကြလျှင် ဖြစ်လာမည့် ကိစ္စများကို ကြိုတွေးရလွယ်ကူလေသည်။ အလယ်လမ်းကစားသမားနှင့် ဂျန်ဂဲလာက နှစ်ယောက်ပေါင်းထားလျှင် တစ်ယောက်ပြီးတစ်ယောက်သာ ဆက်တိုက်သေသွားရုံသာ ရှိတော့သည်။ ရလဒ်အနေဖြင့် တစ်သင်းလုံးက အားအင်မဲ့သွားပြီး လမ်းသုံးခုလုံးက ပြိုကျသွားပေလိမ့်မည်။
စစ်နတ်ဘုရားများ၏ ၆ရာသီမြောက်တွင် Team ထျန်းဟွမ်က အလယ်လမ်း/ဂျန်ဂဲ အတွဲ ဗျူဟာကို အသုံးပြုခဲ့ပြီး အဖွဲ့ချုပ်၏ သမိုင်းအတွင်း သာမန်ရာသီများတွင် အကြာရှည်ဆုံး အောင်မြင်မှု ထိန်းထားနိုင်သော အသင်းဖြစ်ခဲ့သည်။ ထိုနှစ်က ချီရှို့က စတင်ပြီး ပွဲဦးထွက်ကာစ ဖြစ်သည်။ လူငယ်ပုံစံ ကစားသမားအနေဖြင့် ကန့်သတ်ချက်ပေါင်းများစွာ ရှိသည်။ သို့တိုင်အောင် သူက သူ၏ သွေးစွန်းလုပ်ကြံသတ်ဖြတ်သူဟီးရိုးကို အသုံးပြုပြီး ချောက်ကမ်းပါးတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကာ ကိုယ်ဖျောက်သည့် စွမ်းရည်ဖြင့် ရန်သူပေါင်းများစွာကို ထိတ်လန့်စေခဲ့သည်။ သူ၏သတ်ဖြတ်ခြင်းခံခဲ့ရသူများကို စီတန်းလိုက်မည် ဆိုလျှင် မြေပုံတစ်ခုလုံးကိုပင် အပြည့်ဝိုင်းပတ်၍ ရနိုင်လောက်သည်။
ထို့အချိန်က ထျန်းဟွမ်၏ အလယ်လမ်းကစားသူက ချီရှို့၏ ကြီးကြပ်သူ ဆရာ ဖြစ်ခဲ့သည်။ ထိုသူကသာ ချီရှို့ကို ပရိုကစားသမား အသိုင်းအဝိုင်းထဲသို့ ဆွဲသွင်းခဲ့သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် ဂိမ်းက ကြီးမားသော အဆင့်မြင့်တင်မှုကြီး လုပ်ခဲ့ပြီး အလယ်လမ်း၏ တစ်ဖက်တစ်ချက်စီတိုင်းတွင် တောကောင်များ ပေါက်ဖွားသော အတွေ့အကြုံကို ထပ်ထည့်ပေးခဲ့သည်။ သည်နည်းအားဖြင့် မြစ်တစ်စင်းမှ ပေးနိုင်သော အတွေ့အကြုံက ပို၍ များသွားသည်။ ဂျန်ဂဲလာ နှစ်ယောက်လုံးအတွက် ပို၍ ပြင်းထန်စွာ တိုက်ခိုက်ရပြီး မြစ်ကမ်းနဘေးမှ အရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် သေစေနိုင်လောက်သည့် အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်ရသည်။ သည်နည်းအားဖြင့် ဂိမ်း၏ စည်းချက်က လျင်မြန်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလယ်လမ်း/ဂျန်ဂဲလာအတွဲက ရန်သူများအပေါ် ဖိအားပေးနိုင်ရန် အလွန်အမင်း ခက်ခဲသွားလေသည်။ ထိုသို့ဖြင့် အာရုံက အောက်လမ်းထံသို့ မြဲမြံစွာ ရောက်သွားသည်။ အောက်လမ်းတွင် ကျွမ်းကျင်သူများက မာ့စ်မန်း/အထောက်အပံ့ အတွဲဖြစ်သည်။ ဒါက ဗျူဟာအသစ် တစ်မျိုး ဖြစ်လာခဲ့သည်။
ချီရှို၏ဆရာက အနားယူပြီးနောက် ထျန်းဟွမ်၏ အလယ်လမ်းကစားသမား အသစ် ချွီကျန်းက မှော်ဆရာများကို အသုံးပြု ကစားရာတွင် အလွန်တော်သည်။ သူ၏ ကစားသော ပုံစံက ချီရှို့ပုံစံနှင့် မကိုက်ညီသလို ထျန်းဟွမ်က သူတို့၏ဗျူဟာများကို မာ့စ်မန်းကိုသာ အာရုံစိုက်ခဲ့ရသည်။
ပို၍ဆိုးသည်မှာ အဖွဲ့ချုပ်ရှိ လူတိုင်းကလည်း ချီရှို့က အလွန်အင်အားကြီးမားကြောင်း သိထားကြသည်။ သူတို့က သူ့ကို အရူးလို ပစ်မှတ်ထားကြသည်။ တချို့သော အသင်းများက ထျန်းဟွမ်နှင့် တရားဝင်ပွဲများတွင် ရင်ဆိုင်ရသည်နှင့် သူတို့၏နည်းပြတိုင်းက ချီရှို့၏ အကောင်းဆုံး ဟီးရိုးများကို တိုက်ရိုက်ဘန်းသည်။ သည်နည်းအားဖြင့် ချီရှို့က ဂျန်ဂဲလာများပင် ရွေးချယ်စရာ မရှိသလောက် နည်းပါး ဖြစ်ခဲ့ရသည်။
ယခင်ရာသီတွင် ထျန်းဟွမ်က ကောင်းကောင်း မလုပ်နိုင်ခဲ့ချေ။ သူတို့က ရှုံးထွက်ပွဲစဉ်အထိသာ ရောက်ခဲ့သည်။ ထို့အပြင် ရှုံးထွက်ပွဲစဉ် ၄ပွဲမြောက်အထိသာ ရောက်ခဲ့သည်။ သူတို့က ကမ္ဘာချန်ပီယံရှစ်ပွဲစဉ်များသို့ ဝင်ရန်ပင် အရည်အချင်း မပြည့်မီခဲ့ပေ။ သည်ရာသီတွင်လည်း သူတို့က ရှုံးထွက်ပွဲစဉ်များသို့ ဝင်ရောက်နိုင်ခဲ့ပြန်သည်။ သို့သော် ချီရှို့အနေဖြင့် လာမည့်ဂိမ်းများကို များများစားစား မမျှော်လင့်ထားသေးပေ။
အသင်း၏ ဂျန်ဂဲလာဖြစ်သော ချီရှို့က ရန်သူတိုင်း၏ ပစ်မှတ်ထားခြင်းကို အမြဲတစေ ခံနေရသည်။ သူတို့၏ အလယ်လမ်းတိုက်ခိုက်သူ ချွီကျန်းက တည်ငြိမ်သော ကစားသမားဖြစ်သည်။ သို့သော် ချွီကျန်းက ကစားနိုင်သော မှော်ဆရာများထဲတွင် ရန်သူကို ချက်ချင်းသတ်နိုင်သည့် စွမ်းရည်မျိုးကို မပိုင်ဆိုင်ခဲ့ချေ။ အသင်းလိုက်တိုက်ပွဲတွင်သာ တော်သည်။ သို့သော် အသင်းလိုက်တိုက်ပွဲတွင်လည်း ထျန်းဟွမ်၏ သေနတ်သမား နျဲ့ချန်းက လက်အရှိန်နှုန်အားဖြင့် အမီမလိုက်နိုင်ချေ။ သူက အသင်းဖော်များကို အမီမလိုက်နိုင်ချေ။ သူတို့၏ မာ့စ်မန်းအသစ်က ကစားကွင်းထဲသို့ ဝင်ရန် အဆင်သင့် မဖြစ်သေးပြန်ချေ။။
ထျန်းဟွမ်က ထိုသို့ဖြင့် အဟောင်းများ၏ နေရာတွင် အသစ်များ အစားမထိုးနိုင်သော ကို့ရို့ကားယား အခြေအနေမျိုးတွင် ကြုံဆုံနေရသည်။
ထျန်းဟွမ်က ယခင်နှစ်နှစ်အတွင်း ဆက်တိုက် ထိုးကျလာခဲ့တိုင် ချီရှို့၏ မျက်လုံးများကမူ ကမ္ဘာချန်ပီယံရှစ်ထံသို့သော ဆက်တိုက် ရောက်နေခဲ့သည်။
ရှောင်ပိုင်က သူ့အိပ်မက်ထဲက အသင်းဖော် ဖြစ်လာမှာလား..
ချီရှို့ကိုယ်တိုင်လည်း မသေချာချေ။ သို့သော် သူက အခွင့်အရေးကို လက်မလျော့ချင်ခဲ့ချေ။ ဒါက ထျန်းဟွမ်၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်နေခဲ့သည်။
ချီရှို့က အတွေးများနက်လျက် ထိုနေရာတွင် ထိုင်နေချိန်တွင် အနောက်ဘက်မှ ခြေလှမ်းသံများကို ကြားလိုက်ရသည်။ အသင်းဖော်ညဇီးကွက်များက နိုးလာလေပြီ။ ချီရှို့က အချိန်ကို စစ်ဆေးကြည့်လိုက်သောအခါ နေ့လည် တစ်နာရီ ထိုးပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဒါက ထျန်းဟွမ်အသင်း၏ နေ့လည်စာစားချိန် ဖြစ်သည်။
သူ၏နားထဲသို့ အံ့အားတကြီး ဖြစ်နေသော အသံက ထွက်လာသည်။
“ဆရာ ဆရာက အစောကြီးထပြီး လေ့ကျင့်နေတာလား”
ထိုအသံပိုင်ရှင်က နေ့လည်စာ စားပြီးနောက် လေ့ကျင့်ရေးခန်းထဲသို့ အပြေးဝင်လာသော ချန်းရှင်းဖြစ်သည်။ သူ၏နှုတ်ခမ်းထောင့်နားတွင် ထမင်းတစ်စေ့က ကပ်နေသေးသည်။ သူက မျက်လုံးအပြူးသားဖြင့် ထပ်ဖြည့်ပြောသည်။
“နည်း .. နည်း.. နည်းပြလည်း ဒီမှာ ရှိနေတယ်”
ထိုလူငယ်က အတန်းနောက်ကျမှ ရောက်လာသော အလယ်တန်းကျောင်းသားတစ်ယောက်က အတန်းပိုင်ဆရာနှင့် ပက်ပင်းတိုးသလို ထင်ရသည်။ သူ၏ခေါင်းကလည်း ဆက်တိုက်ငုံ့ကျသွားသည်။ နည်းပြလင်းက အနားသို့ လျှောက်သွားပြီးနောက် ခေါင်းကို ပုတ်သည်။ သူက စိတ်အေးအောင် နွေးထွေးစွာ ပြောသည်။
“ခေါင်းဆောင်ချီနဲ့ ငါက ကိုင်တွယ်စရာ ကိစ္စရှိလို့ စောစောထကြတာ မစိုးရိမ်ပါနဲ့ မင်း အချိန်မှန် နိုးလာတာပါပဲ။ ဘယ်သူမှ မင်းကို မဆူဘူး”
ချန်းရှင်းက ချီရှို့ကို သတိထားကာ ခိုးကြည့်လိုက်သည်။ သူ၏ဆရာက သူ့ကို ဆူပူလိုစိတ် မရှိကြောင်း တွေ့လိုက်ရသည်။ ချီရှို့က ကွန်ပျူတာကို ပိတ်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ တည်ငြိမ်စွာ ပြောသည်။
“ငါ နေ့လည်စာ သွားစားတော့မယ်”
သူက ခြေတစ်လှမ်းလှမ်းပြီးနောက် ချန်းရှင်းကို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။
“ပါးစပ်သုတ်လေ”
ချန်းရှင်းကလည်း သတိလက်လွှတ် လက်ခုံဖြင့် ပါးစပ်ကို သုတ်လိုက်ပြီးမှ ထမင်းစေ့ကို မြင်လိုက်ရသည်။ သူက အလွန်ရှက်သွားပြီး နားရွက်ဖျားများကပင် နီတက်သွားသည်။
နည်းပြလင်းက ရယ်ကာ ပြောသည်။
“မင်းက ၁၈နှစ် ပြည့်တော့မယ်။ ဘာလို့ ကလေးလေးလို ဖြစ်နေတာလဲ။ မြန်မြန် သွား.. လေ့ကျင့်မှု စတော့.. ၂နာရီလောက် လေ့ကျင့်ပြီးရင် မာ့စ်မန်းနဲ့ solo ဝင်တိုးတော့.. ဒီနေ့ မင်း ဘုရင်အဆင့်မှာ ကြယ်သုံးဆယ်ရအောင် ကြိုးစားရမယ်”
ချန်းရှင်းကလည်း အားအင်အပြည့်ဖြင့် ခေါင်းညိတ်သည်။
“နားလည်ပါပြီ နည်းပြ”
ချီရှို့က ကန်တင်းသို့ ရောက်သောအခါ ထျန်းဟွမ်မှ ကစားသမားအများစုက စားနေကြဆဲ ရှိသေးသည်။ ထျန်းဟွမ်က တိုင်းပြည်၏ ထိပ်တန်းEsport အသင်းများထဲမှ တစ်သင်း ဖြစ်သည်။ သူတို့က မြို့တော်ကြီးတွင် ပတ်ဝန်းကျင်အလွန်ကောင်းသော နေရာတွင် သုံးထပ်အဆောင်တစ်ခုကို ဝယ်ခဲ့သည်။ ထိုနေရာကို သူတို့၏ ဌာနချုပ်အဖြစ် ပြောင်းလဲခဲ့ပြီး ကစားသမားများ၊ နည်းပြများ၊ ဝန်ထမ်းများအတွက် အိပ်ဆောင်များကို သုံးထပ်တွင် စီစဉ်ပေးထားသည်။ ဒုတိယထပ်က လေ့ကျင့်ရေးခန်း အနည်းငယ်နှင့် မီတင်ခန်း ဖြစ်သည်။
ပြန်လည်ဖန်တီးရေးနယ်မြေ၊ ကော်ဖီဘား၊ ကန်တင်း စသည်တို့က မြေညီထပ်တွင် ဖြစ်သည်။
အသင်းက ကန်တင်းအတွက် ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ကို အထူးတလည် ပမာဏများစွာ သုံးပြီး ငှားယမ်းထားသည်။ ထိုကစားသမားများက ကောင်းမွန်စွာ စားသောက်နိုင်ကြသည်။
ချီရှို့က စားစရာများကို ဗန်းထဲသို့ ထည့်ကာ သယ်ပြီးနောက်တွင် စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ အလယ်တွင် စားလက်စ ချွီကျန်းက တူကို ချက်ချင်း ချလိုက်ပြီးနောက် သိချင်စိတ် ပြင်းပြစွာဖြင့် မေးလာသည်။
“ဘာဖြစ်တာလဲ ခေါင်းဆောင်ချီ။ ဘယ်လိုဖြစ်ပြီး ဒီနေ့ အစောကြီး ထတာလဲ”
နျဲ့ချန်းက သန်းကာ မေးလိုက်သည်။
“မင်း နေ့လည်အထိ အိပ်နေကျ မဟုတ်ဘူးလား။ ငါ မနက်က ဝေဝေဝါးဝါး နိုးသေးတယ်။ မင်း ကိုးနာရီလောက်တည်းက ထတာ မဟုတ်လား”
ချီရှို့က သူတို့အား ရှောင်ပိုင်အကြောင်း မပြောပြချေ။ ထို့အပြင် မည်သည့်ကိစ္စများကိုမှ မကိုင်တွယ်ရသေးချေ။ လူတိုင်းကသာ သိသွားကြလျှင် ရှုံးထွက်ပွဲစဉ်အတွင်း စိတ်ဓာတ်ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူက သာမာန်ကာလျှံကာသာ ပြောလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူး။ ဒီအတိုင်း နည်းပြနဲ့ ဆွေးနွေးစရာ ရှိလို့”
သူတို့ရဲ့ အထောက်အပံ့ စုန့်ယွီနင်က ပြောလိုက်သည်။
“အဲဒီလိုဆိုမှ ရှုံးထွက်ပွဲစဉ်တွေရဲ့ အချိန်ဇယားက ထွက်သင့်ပြီ မဟုတ်ဘူးလား”
နျဲ့ချန်းက သူ၏ ကြက်ဥစွပ်ပြုတ်ကို မော့ချလိုက်ပြီးနောက် ပါးစပ်ကို သုတ်ကာ ပြောသည်။
“ငါ အဖွဲ့ချုပ်ရဲ့ တရားဝင်ဆိုက်ထဲကို ဝင်ကြည့်ပြီးပြီ ပထမပွဲက အနိုင်ရထားတဲ့ သူတွေပဲ ကျင်းကျယ်နဲ့ ဟော်ဝမ်လေ.. ဒီအနိုင်ရထားတဲ့သူတွေရဲ့ ပွဲစဉ်က သေချာပေါက် ပြင်းထန်လိမ့်မယ်”
သူ၏အသင်းဖော်များက တိတ်ဆိတ်သွားသည်။ ထျန်းဟွမ်၏ သာမန်ရာသီဖျော်ဖြေမှုက အလွန်အမင်း ဆိုးရွားသည်။ သူတို့က အဖွဲ့လိုက်အဆင့် ပွဲများတွင် နံပါတ်လေးနေရာ ဝင်တိုးနိုင်အောင် မနည်းကြိုးစားထားရသည်။ ထိုသို့ဖြင့် ရှုံးထွက်ပွဲစဉ်များတွင် နောက်ဆုံး အရှုံးသမားများနှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ရှုံးထွက်ပွဲစဉ်များက နှစ်ဖက်ထုတ်ပယ်ခြင်းပုံစံကို ကျင့်သုံးသည်။ အနိုင်ရသော အသင်းများက ရှုံးသွားလျှင် တစ်ကြိမ် အခွင့်အရေး ပြန်ရရှိမည် ဖြစ်ပြီး ရှုံးထားသော အသင်းများက ရှုံးသွားလျှင်မူ တိုက်ရိုက်ထုတ်ပယ်ခံရပေမည်။ ထျန်းဟွမ်က တစ်ပွဲမှ မရှုံးလျှင် ချန်ပီယံရှစ်ဘွဲ့ထူးကို ရနိုင်ရုံသာ ရှိလောက်သေးသည်။ သူတို့၏ မျှော်လင့်ချက်က မှေးမှိန်လွန်းသည်။
ထျန်းဟွမ်၏ အဓိက ပြဿနာများက သူတို့၏ မာ့စ်မန်းလူအိုကြီးနျဲ့က စတင်ကာ လက်ရည်လျော့လာခြင်း ဖြစ်သည်။ သူတို့၏ အလယ်လမ်းတိုက်ခိုက်သူ ချွီကျန်းနှင့် ဂျန်ဂဲလာ ချီရှို့တို့ကလည်း ကောင်းကောင်း မဖျော်ဖြေနိုင်ခဲ့ချေ။ သူတို့၏ ပြိုင်ဘက်များက ချီရှို့ကို အမြဲတစေ ‘၀’ နေရာသာ ထားထားလေ့ ရှိသည်။ ထို့ကြောင့် သူက အသင်းတိုက်ပွဲတွင် လွတ်လွတ်လပ်လပ် မလှုပ်ရှားရချေ။
အသင်းက သာမန်ပွဲစဉ်များတွင် အကြာရှည်ဆုံး အနိုင်ရခဲ့သော မှတ်တမ်းကို တစ်ကြိမ်သာ ယူနိုင်ခဲ့သည်။ ဒါက ကစားသမားများကို မသက်မသာ ဖြစ်စေခဲ့ပြီး သူတို့က ကိစ္စများကို ပြောင်းလဲရန် မနည်း ကြိုးစားခဲ့ရသည်။
ချွီကျန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွဲသည်။
“ကျင်းကျယ်နဲ့ဟော်ဝမ်ပဲ ဘယ်ဘက်က နိုင်ဖို့ အခွင့်အရေး ရှိမယ်လို့ ထင်လဲ”
နည်းပြလင်းက သူ၏ ထမင်းစားဗန်းနှင့်အတူ အနားသို့ ရောက်လာချိန်တွင် ထိုစကားကို ကြားလိုက်ရပြီး ဖြတ်ပြောသည်။
“ဒါက အဖွဲ့ချုပ်က အကောင်းဆုံး အလယ်လမ်းကစားသမားတွေ ကြားက ပွဲပဲ။ ရလဒ်က အလယ်လမ်းတိုက်ခိုက်သူတွေ ဘယ်လို ကစားမလဲ ဆိုတဲ့အပေါ် မူတည်တယ်”
လူအိုကြီးနျဲ့က ဝင်ညည်းသည်။
“ဖန်ကျန်းချင်ရဲ့ မြွေဟောက်ဘုရင်က ရာသီတစ်ခုလုံး ဆက်တိုက် အဘန်းခံရတဲ့ စာရင်းမှာ ရှိပြီးသား ကျင်းကျယ်က သူတို့ရဲ့ အဆိပ်တိုက်ပွဲဝင် စွမ်းအားကို ကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာ အစွမ်းမပြရတာ ဘယ်လောက် ကြာပြီလဲ။ သူတို့က သူ မြွေဟောက်ဘုရင် ကစားတာကို ကြည့်ဖို့ စိတ်အားထက်သန်နေမယ်လို့ ထင်တယ်”
“ကျင်းကျယ်နှင့် ဟော်ဝမ်က အချင်းချင်း ရင်ဆိုင်ကြတဲ့အချိန်မှာ နည်းပြတွေက အလယ်လမ်းဟီးရိုးတွေကို ဘန်းလောက်တယ်”
ချီရှို့က ပြောသည်။
“ဖန်ကျန်းချင်ရဲ့ မြွေဟောက်ဘုရင်က မလွှတ်နိုင်သေးဘူး။ ကျိုးကျား ယူနိုင်တဲ့ မီးတောက်နတ်ဘုရားမ ကလည်း အဘန်းခံရနိုင်ချေရှိတယ်”
BLP အဆင့်တွင် အဘန်းခံရသော ဟီးရိုးက သေးငယ်သော အမည်းရောင်Box ထဲတွင် အပိတ်ခံထားရမည် ဖြစ်ပြီး ထိုဟီးရိုးကို သုံးကာ ယှဉ်ပြိုင်၍ မရပေ။ ကစားသမားတစ်ယောက်ကသာ ပြိုင်ဘက်ကို သူတို့၏ဟီးရိုးများထဲမှ တစ်ယောက်ကို ဘန်းခိုင်းလိုက်မည် ဆိုလျှင် သူတို့၏ ခွန်အားကို ထိုဟီးရိုးနှင့် ပတ်သက်ပြီး စမ်းသပ်ခိုင်းသလို ဖြစ်သွားပေလိမ့်မည်။ ပြိုင်ဘက်နည်းပြက ကြောက်လန့်သောကြောင့် ထိုဟီးရိုးကို ဆက်မသုံးနိုင်အောင် သေချာပေါက် ဘန်းထားပေလိမ့်မည်။
ဖန်ကျန်းချင်၏ မြွေဟောက်ဘုရင်က ကိုင်တွယ်ရ အလွန်ခက်ခဲလွန်းသော အဆိပ်တိုက်ပွဲဝင် စွမ်းအားကြောင့် အမြဲတစေ အဘန်းခံရသည်။ အဖွဲ့ချုပ်၏ အကောင်းဆုံး အလယ်လမ်း/ဂျန်ဂဲ အတွဲ သို့မဟုတ် အကောင်းဆုံး မာ့စ်မန်း/အထောက်အပံ့ အတွဲကပင် ကျင်းကျယ်၏ အဆိပ်မှော်ဆရာ တိုက်ပွဲဝင်စွမ်းအား ထုတ်သုံးသည့်အတွဲကို မယှဉ်နိုင်ကြချေ။ ထို့ကြောင့် မြွေဟောက်ဘုရင်ကို တန်း၍ဘန်းလိုက်ခြင်းအားဖြင့် သူတို့က ထိုစွမ်းအားကို ထုတ်သုံးနိုင်တော့မည် မဟုတ်ချေ။
ချီရှို့က ရုတ်တရက် တွေးလိုက်မိသည်။
တစ်နေ့မှာ ရှောင်ပိုင်ကသာ ပရိုအဖွဲ့ချုပ်ကို ဝင်လာခဲ့ရင်..
အသူရာအရှင်ကလည်း သေချာပေါက် အဘန်းခံရမှာပဲ။
ရှောင်ပိုင်က အသူရာအရှင်ကို သုံးပြီး နေရှင်နယ်လီဒါဘုတ်သို့ ဝင်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် အဖွဲ့အစည်း၏ အသင်းထဲမှ ထန်းခမ်းကျဲကျဲက ကန်တင်းသို့ ရောက်လာပြီးနောက် လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်သည်။
“ရှုံးထွက်ပွဲစဉ်တွေရဲ့ ဖွင့်ပွဲက နောက်လာမဲ့စနေနေ့ပဲ။ အဖွဲ့ချုပ်က အဖွဲ့တိုင်းကို အဲဒီကို လာဖို့ မတောင်းဆိုထားဘူး။ ဒါကြောင့် နောက်ပိုင်း ဝင်ပြိုင်ရမှာ မဟုတ်တဲ့ အသင်းတွေက မသွားလို့ရတယ်။ မင်းတို့ ဘယ်လို ထင်လဲ။ အခမ်းအနားပွဲက ဒီတစ်ကြိမ် ကြယ်မြို့မှာ ကျင်းပမှာ ငါတို့ စောစော ထွက်သင့်လား”
ကြယ်မြို့ဟုတ်လား။ ရှောင်ပိုင်ရဲ့ အသူရာအရှင်သခင်က ကြယ်မြို့မှာ #1 မဟုတ်လား။ စစ်နတ်ဘုရားများ၏ အဆင့်သတ်မှတ်ချက် ကစားသမားများက log in ဝင်ထားသော လိပ်စာအရ Location သတ်မှတ်ပေးခြင်း ဖြစ်သည်။ ရှောင်ပိုင်က ကြယ်မြို့တွင် #1 ဆိုကတည်းက သူက ထိုမြို့တွင် နေထိုင်လေသည်။ သူက ကြယ်မြို့၏ မင်ကျိုးစီရင်စုမှ ဖြစ်လောက်သည်။
ချီရှို့က စဉ်းစားပြီးနောက် တိတ်တဆိတ် တွေးလိုက်ကာ ပြန်ပြောသည်။
“ကျွန်တော်တော့ စောစော သွားသင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ရဲ့ ဂိမ်းပွဲစဉ်က ကြာတပတေးနေ့ ဆိုတဲ့ အချိန်ဇယား ရှိနေတယ် မဟုတ်လား။ ဒါ့အပြင် ကြယ်မြို့မှာလည်း ဖြစ်နေသေးတယ်။ စောစော သွားလိုက်ပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်တာ ပိုကောင်းပါတယ်”
ထန်းခမ်းက နည်းပြလင်းကို တစ်ချက် ကြည့်သည်။
လင်းဖုန်းက ပြုံးလိုက်ပြီးနောက် ပြောသည်။
“ချီရှို့ပြောတာလည်း ဟုတ်သားပဲ။ စောစော သွားထားတော့ ပတ်ဝန်းကျင်အသစ်နဲ့ အဆင်မပြေတာတွေ အိပ်ပျော်သွားတာတွေ၊ အိပ်ချိန် အဆင်မပြေတာတွေ ညှိလို့ ရတာပေါ့”
“ရှောင်ထန်း မင်းအရင်ဆုံးသွားပြီး လက်မှတ်ဖြတ်လိုက်၊ လူတိုင်းအတွက်လည်း ဟိုတယ်တွေ စီစဉ်ပေးလိုက်ပါ။ ငါက နောက်ပိုင်းအသေးစိတ်ကို လုပ်လိုက်မယ်”
ထန်းခမ်းက ခေါင်းညိတ်သည်။
“အိုး.. ဒါနဲ့ စကားမစပ် ပွဲစဉ် စီစဉ်သူတွေက မိသားစုဝင်တွေကို ဖိတ်ခေါ်ချင်တဲ့ ကစားသမားတွေ အတွက် လက်မှတ်တွေ စီစဉ်ပေးထားတယ်။ လိုချင်တဲ့သူ ရှိရင် ငါ့ကို လာပြောလာ”
“ကျွန်တော့်အတွက် နှစ်စောင်..”
ချီရှို့က ပြောသည်။
ထန်းခမ်းက သိချင်စိတ် ပြင်းပြစွာဖြင့် ပြောသည်။
“ခေါင်းဆောင်ချီက ကြယ်မြို့မှာ မိသားစုဝင် ရှိလို့လား။ သူတို့က ဂိမ်းပွဲကို ပုံမှန်အားဖြင့် Live ကြည့်နေကျ မဟုတ်ဘူးလား”
“မိတ်ဆွေပါ..”
ချီရှို့က ပြောသည်။ သူ ဆိုလိုချင်သော မိတ်ဆွေက ရှောင်ပိုင်ဖြစ်သည်။ ရှောင်ပိုင်၏ကစားသည့် စတိုင်ကို ဂရုတစိုက် လေ့လာပြီးနောက် ချီရှို့က ရှောင်ပိုင်၏ ပါရမီက အလွန်ပြောင်မြောက်လွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် ထိုလူနှင့် တွေ့ဆုံထားရန် လိုအပ်လေသည်။ သို့သော် ရိုးရှင်းစွာဖြင့် .. “Host ငါ မင်းရဲ့အိမ်ကို လာလည်မယ်” ဟု ပြောလိုက်၍ တစ်ဖက်လူက တိုက်ရိုက် ငြင်းဆန်ပေလိမ့်မည်။ ရှောင်ပိုင်ကို လက်မှတ်များ ပို့ပေးခြင်းအားဖြင့် ရှောင်ပိုင်က ဂိမ်းပွဲကို စိုးရိမ်စရာ မလိုဘဲ တက်ရောက်နိုင်သည်။ ထိုနေရာတွင် သူက ရှောင်ပိုင်ကို လူချင်းတွေ့နိုင်သည်။ သူက ရှောင်ပိုင်က Esport နယ်ပယ်အတွက် သင့်တော်ခြင်းရှိမရှိ စဉ်းစားကြည့်နိုင်သည်။
နေ့လည်စာ စားပြီးနောက် ယဲ့ရှောင်းယန်က ဂိမ်းသို့ ပြန်လာသောအခါ သူဌေးက လိုင်းအောက်သွားတာ မြင်လိုက်ရသည်။ ထို့အပြင် သူဌေးထံမှ သူ့ကို ပို့ထားသော စာကိုလည်း မြင်လိုက်ရသည်။
[ရှောင်ပိုင် ငါ ဒီနေ့လည်ခင်း လုပ်စရာ ရှိလို့ မင်းနဲ့အတူ ဝင်မတိုးနိုင်တော့ဘူး။ အသူရာအရှင်သခင်က နေရှင်နယ်လီဒါဘုတ်ကို ရောက်တဲ့အချိန်ကို ငါ စောင့်နေမယ် အဲဒီနောက် မင်းကို လက်ဆောင်တွေ ထပ်ပို့ပေးမယ်]
သူ့တိတိကလည်း မိတ်ဆွေနှင့် သွားတွေ့သည်။ သူဌေးကလည်း အလုပ်များနေသဖြင့် ယဲ့ရှောင်းယန်က တစ်ဦးတည်းသာ ဝင်တိုးရတော့သည်။ solo ဝင်တိုးသောအခါ ကစားသမားများက ကြုံရာအသင်းဖွဲ့သည်။ ယဲ့ရှောင်းယန်က အချို့သော ရည်ရွယ်ချက်ရှိရှိဖြင့် အရှုံးခံပြီး ဝမ်းနည်းပူဆွေးပြနေသော သူများ သို့မဟုတ် ပွဲစကတည်းက AFK လုပ်သွားသူများကိုသာ တွေ့ရသည်။ သူက ထိုအခြေအနေမျိုးတွင် ပွဲစဉ်အနည်းငယ် ရှုံးသွားသည်။ ကံကောင်းစွာဖြင့် ယဲ့ရှောင်းယန်က အလယ်လမ်းတိုက်ခိုက်သူ နေရာတွင် အချက်ကျကျ လုပ်ကိုင်နိုင်စွမ်းအား ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူက စတင်ပြီး သည်ဂိမ်းနှင့် ရင်းနှီးကျွမ်းဝင်လာသည်။
ကစားသမားက skillကို ကောင်းကောင်း ထုတ်သုံးနိုင်သမျှ ရှုံးသည့်အသင်းမှာလည်း MVP ရနိုင်သေးသည်။ ထို့ကြောင့် သည်လို အခြေအနေမျိုးတွင် ဂိမ်းက တိုက်ပွဲဝင်စွမ်းအားကို အများကြီး လျော့ချလိမ့်မည် မဟုတ်ချေ။ ယဲ့ရှောင်းယန်၏ အသူရာအရှင်၏ တိုက်ပွဲဝင်စွမ်းအားက ဆက်တိုက် ခိုင်မာစွာဖြင့် တိုးမြင့်နေသေးသည်။ သူက ညဘက် Log out လိုက်သောအချိန်တွင် သူ၏တိုက်ပွဲဝင် စွမ်းအားက တစ်သောင်းကျော်သွားလေပြီ။
သည်တစ်ပတ် ဂိမ်းက လှုပ်ရှားမှု အများဆုံး ကစားသမားကို ရှာဖွေကြည့်ရှုပြီးနောက် အဆင့်သတ်မှတ်ချက်များကို စီစဉ်တော့သည်။ ယဲ့ရှောင်းယန်က ၂ရက်ဆက်တိုက် Match ပွဲများ စီစဉ်ခဲ့သည်။ သူ၏ အသူရာအရှင်သခင်က တိုက်ပွဲဝင်စွမ်းအား ၁၂၀၀၀ ရသွားပြီးနောက် အမြင့်ဆုံးသို့ ထိုးတက်သွားသည်။ သည်နည်းအားဖြင့် သူက ဘုရင်အဆင့်တွင် ကြယ်အပွင့် ၃၀ ရသွားသည်။
တနင်္လာနေ့ ညလယ်တွင် ယဲ့ရှောင်းယန်က စနစ်မှ အကြောင်းကြားစာကို လက်ခံရရှိသည်။
[ဂုဏ်ယူပါတယ်။ မင်းရဲ့ဟီးရိုး အသူရာအရှင်သခင်က တိုက်ပွဲဝင်စွမ်းအား ၁၂၀၀၀ နဲ့ တစ်တိုင်းပြည်လုံးမှာ #1 ရရှိသွားပြီ။ မင်းက နိုင်ငံလုံးဆိုင်ရာ#1 အသူရာအရှင်သခင် ဆိုတဲ့ ဆုလာဘ်ကို လက်ခံရရှိပြီ]
တိုင်းပြည်ရဲ့ပထမ..
ထို့အပြင် ခေါင်းစဉ်အထက်တွင် ရွှေရောင်ဆုဖလားပုံလေးက ပါသည်။ ယဲ့ရှောင်းယန်က သူရထားသော #1ကို ကြည့်ပြီးနောက်တွင် အနည်းငယ် ပြုံးကာ ထရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။ သည်ရက်ပိုင်း ပင်ပန်းစွာ ကြိုးစားမှုက အလကား မဖြစ်သွားချေ။ ရလဒ်အနေဖြင့် ယဲ့ရှောင်းယန်က သူ၏ Streaming အခန်းထဲမှ လက်ဆောင်ပေါင်းများစွာကို လက်ခံရရှိလိုက်သည်။
[ရှောင်ပိုင်#1 ရဲ့ ပရိသတ်] က [ရှောင်ပိုင်ကို ပင်လယ်နက်ငါးခူတစ်ကောင် ပို့လိုက်ပါတယ်]
[အဆင့်တက်ရင် OTL မလုပ်နဲ့] က [ရှောင်ပိုင်ကို ပင်လယ်နက်ငါးခူတစ်ကောင် ပို့လိုက်ပါတယ်]
[ဂျန်ဂဲလာနံပါတ်8] က [ရှောင်ပိုင်ကို ပင်လယ်နက်ငါးခူတစ်ကောင် ပို့လိုက်ပါတယ်]
ယဲ့ရှောင်းယန်က ကွန်ပျူတာရှေ့တွင် ပြန်ထိုင်ပြီးနောက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ရှောင်ပိုင်#1ရဲ့ ပရိတ်သတ်၊ အဆင့်တက်တဲ့အခါ OTL မလုပ်နဲ့ တို့ကို ငါးခူတွေအတွက် ကျေးဇူးတင်ပါတယ်။ ဂျန်ဂဲလာနံပါတ်8ကိုလည်း ငါးခူအကောင်၁၀၀ အတွက် ကျေးဇူးအများကြီး တင်ပါတယ် သူဌေး၊ သူဌေးကတော့ တကယ်ပါပဲ ထပ်ပြီး မပို့ပါနဲ့တော့..”
ဂျန်ဂဲလာနံပါတ်8က ပြန်လာလေပြီ။ ထိုအသုံးအဖြုန်းကြီးသူက အလွန်အမင်း သဘောထား ကြီးလွန်းသည်။ သူက ရှောင်ပိုင်၏ Streaming အခန်းထဲသို့ ရောက်လာချိန်တိုင်း သူ၏လက်ဆောင်များဖြင့် ချက်ခန်းကို တောက်ပစေလေ့ ရှိသည်။ တခြားသော ကြည့်ရှုသူများကလည်း
[666] တို့ကို ဆက်တိုက်ပို့ကာ သူ၏ပေါင်လုံးကို ဖက်နိုင်ရန် တောင်းဆိုကြသည်။
ဂျန်ဂဲလာနံပါတ်8: [အသူရာအရှင်သခင်က National Ranking ထဲ ဝင်ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ရှောင်ပိုင်]
ဂျန်ဂဲလာနံပါတ်8: [ဂိမ်းက မက်ဆေ့ကို ဖတ်ကြည့်အုံး]
ယဲ့ရှောင်းယန်က Streaming အခန်းကို ပိတ်လိုက်ပြီးနောက် သူ၏ Ingame inbox ထဲသို့ ဝင်ကြည့်လိုက်သည်။
[ရှုံးထွက်ပွဲစဉ်ရဲ့ ဖွင့်ပွဲအခမ်းအနားက စနေနေ့ နေ့လည် ၂နာရီမှာ ကျင်းပမှာ၊ ရှုံးထွက်ပွဲစဉ်က ဒီနှစ် ခန်းမနှစ်ခု ခွဲထားတယ်။ တစ်နေရာက မြောက်ပိုင်းမှာ၊ တစ်နေရာက တောင်ပိုင်းမှာ၊ တောင်ပိုင်းခန်းမက ဖြစ်ချင်တော့ ကြယ်မြို့ရဲ့ Esport စင်တာမှာ ဖြစ်နေတယ်။ နောက်ပြီး မင်းကိုယ်တိုင်ကလည်း အသူရာအရှင်သခင်ကို ကြယ်မြို့မှာ #1 ရထားဖူးတာ ဆိုတော့ အဲဒီမှာ နေတာ မဟုတ်လား။ ငါလည်း ဖြစ်ချင်တော့ ဒီဂိမ်းပွဲက လက်မှတ်နှစ်စောင် ပိုရထားတယ်။ မင်းသာ စိတ်ဝင်စားရင် မင်းရဲ့တိတိလေးကို ခေါ်ပြီး လာကြည့်ပါလား]
ထို့အပြင် လက်မှတ်နှစ်စောင်၏ QR code ကို တွဲလျက် ပို့ပေးလာသည်။ ယဲ့ရှောင်းယန်က ပြန်ရိုက်လိုက်သည်။
[ကျေးဇူးတင်ပါတယ် သူဌေး]
သူကလည်း ရှုံးထွက်ပွဲစဉ်၏ အခမ်းအနားကို တက်ရောက်ရမည်ဟု မထင်ထားမိချေ။ ဒါက သူ လက်လွှတ်မခံသင့်သော အခွင့်အရေးကောင်းလည်း ဖြစ်နေသေးပြန်သည်။
(ဒီနေ့လေ မနေ့ညတည်းက မီးပျက်သွားတာ တစ်နေကုန်ပဲ Laptop အားကုန်သွားလို့ စာတင်တာ နောက်ကျသွားတာပါ ဒါပေမဲ့ ကျုပ်လေး စာတင်မယ်လို့တော့ ပြောလိုက်ပါသေးတယ်နော် စာတင်တာ နောက်ကျတာ အားနာရပါတယ် တင်ဖြစ်အောင် တင်ရမှာပါ မတင်လို့ မရပါဘူးနော် ဘာလို့ဆို ဒီစာစဉ်လေးကိုက သူ့ရက်နဲ့သူ ရောက်ရင် Admin တွေ လက်ထဲကို ထည့်ရတော့မှာ မို့လိုပါ)