AAML

အပိုင်း (၁၈)

အခန်း (18)

ချီရှို့က ရှောင်ပိုင်နှင့် အသင်းဆက်ဖွဲ့ပြီး သူ၏ ခွန်အားကို ဆက်လက်စမ်းသပ်နေသည်။

ရှောင်ပိုင်ကသာ တိမ်မြုပ်နေသော ပါရမီကို ပိုင်ဆိုင်ထားသည့် မွေးရာပါ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး professional အဖြစ် ကစားရန် အလားအလာ ရှိနေမည် ဆိုလျှင် ချီရှို့က အခြားသော အသင်းများထက် အရင်လက်ဦးမှုရနေပြီး ထိုအသစ်ကလေးကို လူတိုင်းက သူ့ထံမှ မခိုးသွားလေရအောင် စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ရှောင်ပိုင်ကသာ ဟီးရိုး အနည်းငယ်ကိုသာ ရွေးချယ်ထားနိုင်ပြီး ထိုအနည်းငယ်ကိုသာ တော်နေခြင်း ဆိုလျှင် professional ကစားသမားများက လိုအပ်သည့် လက်အရှိန်နှုန်းပင် ဖြစ်စေ၊ ဂိမ်းကို အာရုံခံနိုင်စွမ်းအားကိုပင် ဖြစ်စေ အမီလိုက်နိုင်အုံးမည် မဟုတ်ချေ။

သို့တိုင်အောင် ချီရှို့က ရှောင်ပိုင်နှင့်အတူ အလှည့်အနည်းငယ် ကစားခြင်းအားဖြင့် အသူရာအရှင်သခင် အကြောင်း ကောင်းကောင်း နားလည်လာအုံးမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဒီလို streamerတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရသော အခြေအနေက အကြံဆိုး မဟုတ်ချေ။ သူတို့တွေသာ အချိန်ရှိမည်ဆိုလျှင် အနာဂတ်တွင်လည်း အတူဝင်တိုး နိုင်ပေအုံးမည်။

လက်ဆောင် ယွမ်၁သိန်းနင့်အတူ ရှောင်ပိုင်၏ fri list ထဲ ဝင်ရောက်နိုင်ခဲ့သည်။ ယခုကစပြီး သူတို့က အချင်းချင်း ရင်းနှီးသွားကြတော့မည် ဖြစ်သည်။ ဂိမ်းက ဆက်လက် Loading လုပ်နေသည်။

voice chat မှ ယဲ့ရှောင်းယန်က မေးလာသည်။

“အပြာလား အနီလား၊ အပြာနှင့် ဖွင့်မှာလား အနီနဲ့ဖွင့်မှာလား”

ချီရှို့က ပြန်ရိုက်သည်။

:[ဆန့်ကျင်ဖက်ပဲ အပြာ]

ဒီဂိမ်းတွင် မြေပုံက နှစ်ခြမ်းကွဲနေပြီး အပေါ်ပိုင်းနှင့် အောက်ခြေပိုင်း ဖြစ်ပြီး တစ်ဖက်စီကို တစ်သင်းစီက ပိုင်သည်။ တစ်ဖက်စီမှ အပြာရောင် buff က မြေပုံ၏ အောက်ခြေ ဘယ်ဖက်အပိုင်းတွင် ပေါက်မည်ဖြစ်ပြီး အနီရောင် buff က မြေပုံ၏ အပေါ်ပိုင်း ညာဖက်အခြမ်းတွင် ပေါက်မည်ဖြစ်သည်။ buff နှစ်ခုလုံးက တောထဲတွင် ကျန်ရှိနေပြီ ဖြစ်ပြီး သူတို့၏ အကျိုးကျေးဇူးများက တောကောင်များကို သတ်နိုင်သည့် ကစားသမားများကို ချီးမြင့်ခံရစေကာ သက်ရောက်စေမည် ဖြစ်သည်။ အပြာရောင် buff တောကောင်က အတွင်းအား(mana)များ ဆက်တိုက် ထုတ်သုံးနိုင်သည့် buffကို ချီးမြင့်ပေးနိုင်သလို အနီရောင် buff တောကောင်ကမူ နှေးကွေးသော အရှိန်သက်ရောက်မှုနှုန်းဖြင့် သာမန်တိုက်ကွက်များကို ဆက်တိုက် ထုတ်သုံးနိုင်သည့် buff ကို ချီးမြှင့်ပေးနိုင်သည်။

တောထဲမှ နှစ်ဖက်လုံး၏ နေရာက ဆန့်ကျင်ဖက် ဖြစ်ပြီး မှန်ကို ကြည့်နေရသလို ဖြစ်နေပေသည်။

အခြားစကား ဆိုရသော် အသင်းတစ်ခု၏ တောအုပ်ထဲမှ buff က အခြားအသင်း၏ တောအုပ်ထဲမှ အနီရောင် buff နှင့် ဆင်တူနေခြင်း ဖြစ်ပြီး မြေပုံ၏ အလယ်၌ ရှိနေခြင်းဖြစ်ကာ မြစ်သာ ခြားထားသည်။ မြစ်က ပိုအရေးကြီးလေသည်။ ထို့ကြောင့် ပွဲအစကတည်းက အထောက်အပံ့က မြစ်နားသို့ သွားပြီး သူတို့၏အသင်းအတွက် အခြားတစ်ဖက်အသင်းမှ အခြေအနေများကို မြင်နိင်ရန် ထောက်ပံ့ပေးရမည် ဖြစ်သည်။ ဤနည်းအားဖြင့် ရန်သူက တောထဲသို့ ခိုးဝင်ပြီးနောက် buff များကို ခိုးယူနိုင်မည် ဖြစ်သည်။

ဂျန်ဂဲလာ အများစုကမူ ဂိမ်းကို သူတို့၏ ဘက်ခြမ်းမှ buff များကို လုခြင်းဖြင့် စတင်လေ့ ရှိကြသည်။ သည်နည်းအားဖြင့်.. “အပြာအသင်းဖွင့်မယ်” သို့မဟုတ် “အနီနဲ့ဖွင့်မယ်” ဟု သုံးနှုန်းကြလေသည်။

ဆန့်ကျင်ဖက်ဆိုလျှင် အခြားတစ်ဖက်တွင်မူ ပို၍ ခပ်ကြမ်းကြမ်း ကစားခြင်းဖြစ်သည်။

ကိုယ်ပိုင်တောထဲမှ buffကို လျစ်လျူရှုပြီးနောက် ရန်သူ၏ ပိုင်နက်နယ်မြေထဲသို့ ကျူးကျော် ဝင်ရောက်ကာ သူတို့၏ buff ကို ခိုးခြင်းဖြစ်သည်။ ချီရှို့က ထိုသို့ ဂျန့်ကလင်း လုပ်ရခြင်းကို (တောကောင်သတ်ရခြင်း၊ တောတိုးရခြင်း) ကျေနပ်သည်။ မည်သို့ပင်ဆိုစေ ပရိုအဖွဲ့ချုပ်တွင်လည်း ထိုအချင်းအရာကို သိသောလူပေါင်းများစွာ ရှိနေသေးလေသည်။

သူက စူးရှပြီး ထိုးဖောက်ရသည့် တောထဲသို့ ဝင်တိုးရသည့် စတိုင်မျိုးကို သဘောကျပြီး ရန်သူ၏ တောအုပ်ကို ကိုယ်ပိုင်ခြံဝန်းလို သဘောထားခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် အခွင့်အရေး တစ်ဝက်သာ ရနိုင်သမျှ ရန်သူ၏ တောထဲမှ အရင်းအမြစ်များကို တစ်ဖက်အသင်းမှ တောကောင်တစ်ကောင်ကိုမှ ချန်ထားပေးခြင်းမရှိပဲ ဝါးမြိုနိုင်ပေလိမ့်သည်။

ပြောင်ရှင်းသွားသော တောအုပ်နှင့် ရင်ဆိုင်ရသောအခါ professional ဂျန်ဂဲလာ အများစုက စိတ်ပိုင်းဆိုင်ရာ ပြိုလဲကုန်ကြသည်။

ထို့ကြောင့် ချီရှို့က professional အဖွဲ့ချုပ်တွင် အမုန်းခံရဆုံး ဂျန်ဂဲလာဖြစ်သည်။ တရားဝင် ဂိမ်းများတွင် သူ၏ ရန်သူများက တစ်ခါတရံတွင် ပူးပေါင်းပြီး သူ့ကိုသာ ချောင်းတိုက်ခိုက်လေ့ ရှိသည်။ ဒီနည်းအားဖြင့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရသော အခြေအနေမျိုးလည်း ရှိသည်။

ယဲ့ရှောင်းယန်က ထိုဂိမ်းကို အလွန်အလေးအနက် ထားသည်။ ချီရှို့ကလည်း အလားတူပင် ဖြစ်သည်။ အစပိုင်းထဲက ဆန့်ကျင်ဖက် ဂျန်းကလင်းဝင်မည် ဆိုတည်းက ရန်သူ၏ အပြာရောင် buff ကိုလုရန် ကြိုးစားရတော့မည် ဖြစ်ပြီး ပြိုင်ဖက်က သတိလက်လွတ် ဖြစ်နေချိန်တွင် အသည်းအသန် ပြေးလုရမည် ဖြစ်သည်။

ရန်သူကလည်း ထိုသို့ လုပ်ရှားလာမည်ဟု မထင်ထားလောက်ချေ။ အကြောင်းမူကား ချီရှို့က ရွေးခဲ့သော သွေးစွန်း လုပ်ကြံသတ်ဖြတ်သူက အလားတူ အတွင်းအား(mana)ဘားတန်း မပါသောကြောင့် ဖြစ်သည်။

အတွင်းအား ဘားတန်း မပါသော ဟီးရိုးက အပြာရောင် buff ကို ထုတ်သုံးနိုင်မည်မဟုတ်ချေ။

သွေးစွန်းလုပ်ကြံသတ်ဖြတ်သူ၏ ကျူးကျော်မှုကို တစ်ဖက်က မမျှော်လင့် ထားသည့်တိုင်အောင် သူက အနီရောင် buff ထံသို့ လာမည်ဟု ထင်ခဲ့သေးသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ချီရှို့က ချောင်း၍ တိုက်ခိုက်လိုက်သောအခါ မမျှော်လင့်ထားသော အခြေအနေက ပေါ်ထွက်လာသည်။

ချီရှို့နှင့် ယဲ့ရှောင်းယန်တို့က နှစ်ယောက် ပေါင်းထားပြီးနောက် ခိုးကြောင်ခိုးဝှက်ဖြင့် ရန်သူ၏ တောတွင်းထဲသို့ ဝင်ရောက်ကာ ရန်သူ၏ အပြာရောင် buffဆီ ချီတက်ကြသည်။ သူတို့က ချောမွေ့စွာဖြင့် မကောင်းဆိုးဝါး၏ HPကို ရိုက်ချပစ်နိုင်သည်။ ထို့နောက် သွေးအနည်းငယ်သာ ကျန်တော့သည်အထိ ချီရှို့က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး စာရိုက်လိုက်သည်။

[မင်း ယူလိုက်]

ယဲ့ရှောင်းယန်က ကြောင်သွားသည်။

“ငါ့အတွက်လား”

ချီရှို့က ပြောသည်။

[အင်း အသူရာအရှင်သခင်က ရန်သူ အလယ်လမ်းကစားသမားကို အပြာရောင် buff နဲ့ပေါင်းပြီး ဖိနှိပ်နိုင်တယ်]

ယဲ့ရှောင်းယန်က ပြောသည်။

“ဒါဆိုရင်လည်း ငါယူလိုက်မယ်”

အလယ်လမ်းကစားသမားက အပြာရောင် buff ကို အများဆုံး အသုံးပြုရသော ဟီးရိုး ဖြစ်သည်။ အတွင်းအားများကို ထပ်ဖြည့်ပေးနိုင်လျှင် skill ကို ဆက်တိုက်သုံးနိုင်မည် ဖြစ်သည်။ ယဲ့ရှောင်းယန်က ချောမွေ့စွာဖြင့် သွေးများ စိုရွဲနေသော တောကောင်ကို သတ်ပြီး အပြာရောင် buff ကို လက်ခံလိုက်သည်။

ထိုသို့ဖြင့် မီနီယံများက အလယ်လမ်းသို့ တောက်လျှောက် ဆင်းနေမည် ဖြစ်သည်။ ယဲ့ရှောင်းယန်ကလည်း သူ၏လမ်းသို့ ပြန်ပြီးနောက် မီနီယံများကို ရှင်းလင်းရေး လုပ်သည်။ ထိုအချိန်တွင် ချီရှို့ကမူ မြစ်ကို ပတ်ပတ်လည် ဝိုင်းသွားပြီးနောက် ရန်သူ၏ အနီရောင် buff ရှိရာ တောအုပ်သို့ ချဉ်းကပ်လိုက်သည်။ တစ်ဖက်အသင်းမှ ဂျန်ဂဲလာက နည်းပါးသော သွေးစွမ်းအားဖြင့် အနီရောင် buff ဂျန်ဂဲလာကို တိုက်ခိုက်ရန် ကြံစည်ခံလိုက်ရသည်။ ချီရှို့က သူ၏ ရိုက်နှက်သည့် စွမ်းအားကို ထုတ်သုံးပြီးနောက် ရန်သူထံမှ buffကို ခိုးလိုက်သည်။ ထို့နောက် သူက အဆင့်၂သို့ ရောက်နေပြီး ရန်သူက အဆင့်၁သာရှိနေသော အခြေအနေကို အခွင့်ကောင်းယူပြီးနောက် ရန်သူဂျန်ဂဲလာကိုလည်း သတ်လိုက်သေးသည်။

First blood

ချီရှို့က 1st kill ရသွားသည်။

[666]

ချီရှို့ကလည်း သူ၏ ကိုယ်ပိုင်တောထဲသို့ ပြန်ဝင်ပြီးနောက် အနီရောင် buff နှင့် အပြာရောင် buff ကို ရိုက်သည်။ ရှောင်ပိုင်၏ streaming အခန်းထဲတွင် ကျည်ဆန်စာသားများက ပြည့်နှက်လာသည်။

[စောက်ကျိုးနည်း buff ၄ခုတောင် အားလုံးက သူတို့အပိုင် ဖြစ်သွားပြီ။ ဘယ်ဂိမ်းမှာမဆို ဒါက အိပ်မက်လိုပဲ]

[ရန်သူဂျန်ဂဲလာက သေချာပေါက် ရှုံးမှာ သေချာသွားပြီ။ သူဌေး.. သူဌေးက အရမ်းလန်းတာပဲ။ streamerက သယ်သွားဖို့တောင် လိုအပ်ပါအုံးမလား]

[ဒီကျူးကျော် ဝင်ရောက်မှုက တော်တော်လေးကိုလှတယ်]

[ကိုယ်ပိုင်တောထဲက buff တွေကိုပဲ အရင်ယူဖို့ သတ္တိရှိတဲ့ ဂျန်ဂဲလာအသစ်လေးတွေ ငါတို့ရဲ့သူဌေးကို လာပြီး ဦးညွှတ်ကြစမ်း]

Buff ၄ခုကို အရယူသော ကိစ္စက ဒီလို အဆင့်တက်သော ပွဲစဉ်များတွင်မူ ‘အိပ်မက်အဖွင့်’ ဖြစ်နေလေသည်။ ဂိမ်းအစပိုင်းတွင် buff လေးခုသာလျှင် ရှိသည်။ ရန်သူ၏ တောထဲသို့ ကျူးကျော် ဝင်ရောက်ပြီး buffများကို ရယူခြင်းနှင့် ကိုယ်ပိုင်တောထဲတွင် ခုခံနိုင်စွမ်း ရှိမရှိဟူသော အချက်က နှစ်သင်းလုံးက ထိုBuff ကို ရရန် တိုက်ခိုက်ကြခြင်းအားဖြင့် ဆုံးဖြတ်ကြသည်။

သို့သော် ချီရှို့ကမူ ရန်သူ၏ တောအုပ်အတွင်းသို့ ခိုးဝင်ပြီးနောက်တွင် ယဲ့ရှောင်းယန်ကို ရန်သူအသင်း၏ အပြာရောင် buffကို ရအောင် ကူညီပေးလိုက်သည်။ ထို့နောက်တွင် သူက ရန်သူ၏ဂျန်ဂဲလာကို solo Kill ၍ သူတို့၏အနီရောင် buff ကိုလည်း ခိုးလာသေးသည်။ ထို့နောက် ရန်သူ၏ ဂျန်ဂဲလာက ပြန်လည်အသက်ရှင်ချိန်တွင် ချီရှို့က ကိုယ်ပိုင်အိမ်သို့ ပြန်လာကာ ရိုးရှင်းစွာဖြင့် အပြာနှင့်အနီက buffများကို စုဆောင်းလိုက်နိုင်သည်။

ဆိုလိုသည်မှာ အစပိုင်းမှ buff လေးခုလုံးက ချီရှို့၏အပိုင် ဖြစ်သွားလေသည်။ ထို့နောက် ချီရှို့က တစ်ဖက်ဂျန်ဂဲလာနှင့် ယှဉ်လျှင် အဆင့်၂ဆင့် ထပ်မြင့်သွားသည်။

[ဒါက တကယ်ပဲ အိပ်မက်အဖွင့်ပဲ]

ရန်သူဂျန်ဂဲလာက မပေါက်သေးဘဲ တောထဲသို့ပြန်ကာ သူ၏အရင်းအမြစ်များကို ခိုးယူသွားကြောင်း မြင်လိုက်ရပြီးနောက်တွင် အဆုံးသတ်သွားပြီဟု ခံစားလိုက်ရသည်။

ရန်သူဂျန်ဂဲလာ၏ စိတ်အခြေအနေက ပြိုလဲကျသွားသည်။ ထို့နောက် အလယ်လမ်းတွင် ရှိနေသော ကစားသမားတိုင်းက noti တစ်ခုကြောင့် ကြောင်သွားသည်။

ရှောင်ပိုင် [အသူရာအရှင်သခင်] က နေ့တိုင်းအဆင့်တက် ကစားနေတာ [ပုံရိပ်ယောင်ပညာရှင်] ကို သတ်လိုက်ပြီ။

သူက အပြာရောင် buff ကို ယူပြီးနောက်တွင် ယဲ့ရှောင်းယန်၏ အတွင်းအားက မခြောက်ကပ်တော့ချေ။ ဒီနည်းအားဖြင့် သူက သူ၏ skillကို ဆက်တိုက် စိတ်ရှိသလို ထုတ်နိုင်သည်။ ဒီနည်းအားဖြင့် သူက အဆင့်၄သာ ရှိသေးသော်လည်း ရန်သူကို kill လိုက်နိုင်ခြင်း ဖြစ်သည်။ သူ၏ ကြည့်ရှုသူများကလည်း (666) ဟုပို့ကြသည်။

သို့သော် တစ်ဖက်အသင်းမှ အလယ်လမ်းကစားသမားကလည်း ယဲ့ရှောင်းယန်က သူတို့၏ ခုခံထားသည့် မျှော်စင်အောက်တွင် သူတို့ကိုဘာမှ လုပ်ရဲမည် မဟုတ်ဟု ထင်ခဲ့သည်။

သို့သော် မျှော်စင်က အပိတ်ခံထားရသည့် အောက်တွင် သူက ဘာမှမလုပ်နိုင်ခဲ့ချေ။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က အလားအလာရှိသော အလယ်လမ်းနှင့်ဂျန်ဂဲအတွဲ ဖြစ်လာပြီး ထိုအလယ်လမ်းကစားသမား၏ ခေါင်းကို ကိတ်မုန့်စားရသလို လွယ်ကူသော အရှိန်နှုန်းဖြင့် လှီးဖြတ်ပစ်လိုက်သည်။ သူကလည်း သူ၏ သူဌေးက အနီးအနားရှိ တောထဲသို့ ကြည့်နေပြီး တိုက်ခိုက်ရန် အချက်ပြလိုက်သောကြောင့် ယဲ့ရှောင်းယန်က တုံ့ဆိုင်းခြင်း မရှိဘဲ ခုန်ဝင်ပြေးသွားသည်။ သူက ချောမွေ့စွာဖြင့် အလယ်လမ်းကစားသမားကို သေတဲ့အထိ ရိုက်သတ်သည်။

ချီရှို့ကမူ ကိုယ်ရောင်ဖျောက်ထားပြီးနောက် ချောမွေ့စွာဖြင့် အထဲသို့ ခုန်တိုးဝင်သွားကာ ရန်သူ၏ ခေါင်းကို ဓါးမြောင်တစ်ချောင်းဖြင့် အသာအယာ ယမ်းလိုက်သည်။ သေသောသူက သေသွားပြီးသောအခါ နှစ်ယောက်လုံးကလည်း ဘာမှ မဖြစ်ခဲ့သလို တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ သွားလိုက်သည်။

[အင်အားချင်း ကွာခြားချက်က တော်တော်လေးကို ကြီးနေပြီ။ ရန်သူ ဂျန်ဂဲလာက အဆင့်လေးပဲ ရှိနေတဲ့အချိန် ငါတို့ရဲ့ host က အဆင့် ၆ ကို ရောက်သွားပြီ သူ အမီလိုက်နိုင်ပါအုံးမလား]

[ဒါက ငရဲလို သောက်ရမ်းမိုက်တယ်ဆိုတာပဲ ဒီနှစ်ယောက်လုံးက ရန်သူ မျှော်စင်ထဲ ရဲရဲဝင့်ဝင့် ဝင်နိုင်ပြီး ရန်သူ၏ မှော်ဆရာကိုတောင် သတ်နိုင်သေးတယ်]

[အခြားဖက်က ဂျန်ဂဲလာနဲ့ အလယ်လမ်းကစားသမားက တော်တော်လေးကို ဒုက္ခရောက်နေလောက်ပြီ ရှောင်ပိုင်နဲ့ boss က ပူးပေါင်းမှတော့ သူတို့ ဒုက္ခရောက်ပြီပေါ့]

ငါးမိနစ်ခန့်ထိ ကြာအောင် ယှဉ်ပြိုင်နေပြီးနောက်တွင် အခြားသော အသင်းများကမူ စိတ်ဓာတ်ညိုးငယ် နေကြလေပြီ။ ဆန့်ကျင်ဖက်ခြမ်းမှ အလယ်လမ်းကစားသမားက အလွန်မှင်တက်နေသေးသည်။ ရှောင်ပိုင်နှင့် ထိုသူဌေး၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်ပင် ကောင်းနေလေသည်။

ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ပြိုင်ဖက်အသင်းမှ အလယ်လမ်းမှ မျှော်စင်မှာ ဖျက်ဆီးခံလိုက်ရသည်။ အပြည့်အဝ စိတ်ဖောက်နေသော ပြိုင်ဖက်အသင်းမှ အလယ်လမ်းကစားသမားကို ရင်ဆိုင်ရသောအခါ ယဲ့ရှောင်းယန်၏ အမူအရာက ပို၍ အေးစက်တည်ငြိမ် သွားသည်။ သူနှင့် ရင်ဆိုင်နေရသော ဂျန်ဂဲလာတွင် ဖျက်ဆီးရေးစွမ်းအားက အပြည့်အဝ ရှိနေသည်။ အနီရောင်နှင့် အပြာရောင် buff များကို မေ့ထားလိုက်မည်ဆိုလျှင်ပင် ရန်သူဂျန်ဂဲလာက အနည်းငယ်သော တောကောင်ကိုမျှ သူ့ကို သတ်ခွင့်မပေးခဲ့ချေ။

ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က အကောင်းဆုံး ကြိုးစားပြီး အောက်လမ်းအား အာရုံစိုက်လိုက်ကြသည်။ သူတို့က အောက်သို့ဆင်း၍ ချက်ချင်းလိုလို ပေါင်းစပ်တပ်ဖွဲ့ကို တိုက်ခိုက်လိုက်ကြပြန်သည်။

ဒီတစ်ကြိမ်တွင် ချီရှို့က ပထမဦးဆုံး တိုက်ခိုက်သူ ဖြစ်သည်။ စွမ်းရည်ကို ချောမွေ့စွာ အသုံးပြုပြီးနောက် သူက ရန်သူဖက်မှ မာ့စ်မန်းကို ပြန်လည်ရှင်ရအောင် လုပ်လိုက်နိုင်သည်။ ယဲ့ရှောင်းယန်က အသူရာအရှင်သခင်၏ အရိပ်များကို ဆင်ပြီးနောက် သူ၏ ပေါက်ကွဲနိုင်သည့် အမှတ်အသားများကို ရန်သူ၏ မာ့စ်မန်းပေါ် မှတ်သားလိုက်သည်။ ထို့နောက် သူ၏ skill ကို အသစ်ပြန်ဖွင့် လိုက်ပြီးနောက်တွင် သူက တိုက်ခိုက်နိုင်စွမ်းအား အပြည့်ဖြင့် ရန်သူ၏ အထောက်အပံ့ကိုလည်း ဖြိုချလိုက်သည်။

Double kill

အောက်လမ်း အပြင်ဖက် မျှော်စင်ကို သူတို့က နှစ်ယောက်ပေါင်းပြီး ဆွဲချလိုက်နိုင်သည်။ ထို့နောက် သူတို့က အရင်းအမြစ်များရဖို့ တောတိုးရန်အတွက် ထွက်ခွာသွားကြတော့သည်။

ထို့နောက် သူတို့က အပေါ်လမ်းသို့ ဦးတည်လိုက်ကြသည်။

သူတို့က မည်သည့်နေရာသို့ သွားနေစေကာမူ သူတို့ ကြုံတွေ့သမျှ အရာအားလုံးကို တိုက်ခိုက်ကြသည်။ သူတို့က ရန်သူ၏ အပေါ်လမ်းကစားသမား ဒိုင်းသမားကပင် အလယ်လမ်းဂျန်ဂဲအတွဲ၏ ပေါက်ကွဲနိုင်စွမ်းအားကို မရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က အပေါ်လမ်း၏ အပြင်ဖက်မျှော်စင်ဘက်သို့ ရောက်သွားပြီး ဆွဲချလိုက်ပြန်သည်။ ပြီးနောက် သူတို့က တောတိုးပြန်ကာ ရန်သူဂျန်ဂဲလာကို ထပ်သတ်ပြန်သည်။

သူတို့အသင်းဘက်မှ တခြားကစားသမား သုံးယောက်က အခြေခံအားဖြင့် ထိုင်နေပြီး ရှိုးကို ကြည့်နေကြကာ အသင်းချက်ခန်းမှ 666 ဟု ရိုက်ပို့နေကြသည်။

ဂိမ်းက ခုနှစ်မိနစ် ကြာပြီးနောက်…

တစ်ဖက်အသင်းက အရှုံးပေးသွားတော့သည်။

ရှောင်ပိုင်၏ Streaming ခန်းထဲမှ ကြည့်ရှုသူများက တစ်ခဏမျှ ဆွံ့အသွားကြတော့သည်။

[အဆိုးရွားဆုံ ကိစ္စက တခြားတစ်ဖက်ပဲ။ မင်းတို့တွေ ရှင်သန်ချင်စိတ် ရှိကြတယ် မဟုတ်ဘူးလား]

[ဘုရင်အဆင့် ကစားသမားတွေက ဒီလောက်အထိ ကြောက်စရာ ကောင်းနေတာလား]

[ငါက တချို့ Noob လေးတွေကို ထောင်ဖမ်းနေတဲ့ ပရိုကစားသမားတွေကို ထင်လိုက်တာ။ တခြားအသင်းက ဂျန်ဂဲလာက တော်တော်လေးကိ ညံ့တာ ငါဆိုရင် ကြွက်သားတွေတောင် မလှုပ်နိုင်ဘူး]

[ဒါက တကယ်ကြီးကို ကြမ်းတမ်းလွန်းတာပဲ။ သူတို့က ရန်သူက မျက်ကွယ်ပြုနေတဲ့အချိန်မှာ ခိုးယူလိုက်တယ်။ ပြီးတော့ ကျူးကျော်တာကိုလည်း ဆက်တိုက် လုပ်နေသေးတယ်။ ရန်သူ့ဂျန်ဂဲလာက ဂိမ်းတစ်ခုလုံး ဘာ Buff မှ မရလိုက်ဘူး]

[ရှောင်ပိုင်နဲ့ သူဌေးက တော်တော်လေးကို တော်တာပဲ။ သူတို့က အလယ်လမ်းဂျန်ဂဲစုံတွဲတောင် ဖြစ်သင့်သေးတယ်]

[ဒီနှစ်ယောက်က မကောင်းဆိုးဝါးများလား]

[သူတို့က မင်းကို ကြောက်စရာ ခံစားချက်ပေးမဲ့ နတ်ဆိုးစုံတွဲပဲ]

ယဲ့ရှောင်းယန်က ဖန်သားပြင်ပေါ်မှ အနိုင်ရသည် ဟူသော စာသားကို ကြည့်လိုက်သည်။

“သူဌေး မင်းရဲ့ အရည်အချင်းက တော်တော်လေးကောင်းတာပဲ”

သူက ဝမ်းသာအားရ ချီးကျူးလိုက်သည်။

ချီရှို့က စာပြန်ရိုက်သည်။ [အဆင်ပြေရုံပါပဲ]

ယဲ့ရှောင်းယန်က ဆက်ပြောသည်။

“ငါ ဂိမ်းအစောပိုင်းမှာ အပြာရောင် Buff ကို ရပြီးရင် အသူရာအရှင်သခင်နဲ့ ဒီဂိမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိလာမယ်လို့ ငါ တွေ့သွားပြီ။ အသူရာအရှင်သခင်က Q skill သုံးခုကို ရန်သူ့ဆီ သုံးလိုက်ပြီးရင် W skill တစ်ခုကို နောက်ထပ် သုံးနိုင်တယ်။ ပြီးတော့ သေချာပေါက် Solo Kill တစ်ကြိမ် ရနိုင်တယ်”

ချီရှို့က ဂိမ်းကို တစ်ဖန် စစ်ကြည့်ပြီးနောက် စာရိုက်သည်။

[မင်း Cooldown မလုပ်ဘူးလာ]

ယဲ့ရှောင်းယန်က ပြောသည်။

“အသူရာအရှင်သခင်မှာ Cooldown ဆင်လိုက်တဲ့အခါ သူ့ရဲ့အထောက်အပံ့ စွမ်းရည်နဲ့ တိုက်ပွဲဝင်စွမ်းရည်က မြင့်တက်လာတယ်”

သူက ပြောလိုက်ပြီးနောက် ယဲ့ရှောင်းယန်က ကြည့်ရှုသူများကို ရှင်းပြသည်။

“အသူရာအရှင်သခင်ကို လေ့လာနေတဲ့သူတွေအတွက် တချို့အချက်လေးတွေ ပေးမယ်။ ဒီဟီးရိုးရဲ့ ပျက်စီးစေနိုင်နှုန်းက သူ့ရဲ့ Qskill ပေါ်မှာ မူတည်နေတာ။ သူ့အရိပ်တွေ လွှတ်တဲ့အခါ အချိန်ကိုက်ဖြစ်နေဖို့ သတိထားရမယ်။ ဒါဆိုရင် မင်းက creepတွေကို ရှင်းနေတဲ့ ရန်သူဘက်က အလယ်လမ်းကစားသမားကို တိုက်ခိုက်နိုင်တယ်။ မင်းအရိပ်တွေ ထုတ်ပြီးသွားရင် ရန်သူရဲ့HPကို လျော့စေနေတုန်း မီနီယံတွေကိုလည်း တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ သတိထားရမှာက ရန်သူကို လဲအောင် လုပ်နိုင် မလုပ်နိုင်က မသေချာတာပဲ။ အဲဒီအခါ ထွက်ပြေးဖို့အတွက် အဝေးက လွှတ်လမ်းကိုလည်း ထားထားပေးရအုံးမယ်”

ယဲ့ရှောင်းယန်က ထိုနေရာတွင် စကားကို ရပ်ပြီးနောက်တွင် နောက်ဆုံး အလှည့်ပွဲမှ ဂိမ်းပွဲစဉ်ကို ပြန်ဖွင့်လိုက်သည်။ ထို့နောက် သူ၏ကာဆာဖြင့် သူက အသုံးပြုခဲ့သည့် လက်နက် (Item) ကိုလည်း တပ်လိုက်သည်။

“ဒီGear အတွက်ကတော့ ခြေထောက်ကို cooling အရင်လုပ်ရတယ်။ နောက်ပြီး ဒီဟင်းလင်းပြင်တုတ်၊ လက်နက်တွေက နောက်ပြန်ဆွဲတာကို မခံချင်ရင် အရင်ဆုံး အရာအားလုံးကို Cooldown တစ်ကြိမ်ပြီးတစ်ကြိမ် လုပ်ရမယ်။ ဒီလိုနည်းနဲ့လည်း မင်းရဲ့ Q Skillက ချက်ချင်းလိုလို Cooldown ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ ကွင်းထဲမှာ ပိုပြီး လွယ်လွယ်ကူကူ လှုပ်ရှားနိုင်ပြီ”

“ဒါက ငါ တည်ဆောက်ထားတဲ့ အသေးစိတ်ပုံစံပဲ။ Screenshot ရိုက်ချင်တဲ့သူတွေ ရိုက်ထားလို့ ရတယ်။ ဒါကိုလည်း ဂိမ်းထဲမှာလည်း ထည့်ထားပေးမယ်”

ရှောင်ပိုင်၏အသံက ပေါ့ပါးကာ ကြည်လင်သည်။ သူက ရည်ရွယ်ချက် ရှိရှိဖြင့် တဖြည်းဖြည်းချင်း အသူရာအရှင်သခင်ကို မည်သို့ Build လုပ်ရကြောင်းကို ပြောပြပေးနေသည်။ ကြည့်ရှုသူများကလည်း ကိုယ်တိုင်လေ့လာရန် အလို့ငှာ Screenshot ပါ ရိုက်ထားကြသည်။

[မစ္စတာHost ငါ ကြိုက်တယ် ငါ ကြိုက်တယ်။ ငါ ဒီဟီးရိုးအသစ်ကို ဘယ်လို ကစားရမလဲဆိုတာ တင်မဲ့သူကို လိုက်ရှာနေတာ]

[Host မင်းရဲ့ Build က တော်တော်လေးကို ပရိုဆန်တာပဲ။ Cooldown Gear နဲ့ စရမှာလား။ မဟုတ်သေးဘူး ငါ ဘာတွေးလိုက်မိတာလဲ]

[အသူရာအရှင်သခင်က သူ့အရိပ်ကို သုံးပြီး ဖျက်ဆီးနိုင်စွမ်းအား ရှိအောင် လုပ်တာ ဘာပဲဖြစ်ဖြစ် သူက ချထားနိုင်တဲ့ အမှတ်အသား ပိုများလေလေ သူ လုပ်ပေးနိုင်တဲ့ ပျက်စီးမှုက များပြားလေလေပဲလေ။ နောက်ပြီး လျင်လျင်မြန်မြန်နဲ့ Cooldown မဖြစ်လာဘူးဆိုရင် ဒီတိုက်ပွဲက စိတ်ပူစရာက သူ အရိပ်တွေကို မထုတ်ရင် သူ့ကို သေသွားစေနိုင်တယ်]

[Screenshot ရိုက်ထားလိုက်ပြီ။ အခုချက်ချင်း ဂိမ်းထဲမှာ ကစားကြည့်မယ်]

[မေးခွန်းထုတ်စရာ ရှိပါတယ် Host အသူရာအရှင်သခင်က ကိုယ်ပိုင်လှုပ်ရှားမှု စကေး ရှိတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ ဟီးရိုးစကေးတွေမှာလည်း ဒီလို ရှိနိုင်သေးတာလား]

[ဟုတ်တယ် ဟုတ်တယ် ငါ ဒါကိုပဲ တွေးနေတာ]

ဟီးရိုးစကေးများက မြန်ဆန်ခြင်း၊ ရှင်းလင်းခြင်း၊ မှင်တက်စေခြင်း စသဖြင့် ဖြစ်သည်။ ကစားသမားတိုင်းကလည်း ကိုယ်တိုင်ကစားသော ဟီးရိုးများတွင် ရှိသည့် ဟီးရိုးစကေးများ အကြောင်းကို သိထားကြလေသည်။ ဂျန်ဂဲလာက တောတိုးရန် ပျက်စီးမှုနှုန်းအပိုရှိမည် ဖြစ်သည်။ မာ့စ်မန်းနှင့် မှော်ဆရာ၏ ကိုယ်ပိုင်စကေးက လျင်မြန်မှု ဖြစ်ပြီး ခွင့်ပြုထားသော အကွာအဝေးအနီးအဝေးတွင် နံရံများကို ကျော်တက်နိုင်ခြင်း ဖြစ်သည်။

အသူရာအရှင်သခင်ကလည်း ကိုယ်ပိုင်လှုပ်ရှားမှုစကေး ရှိကြောင်း သိထားသည်။ သို့ရာတွင် သူက ချက်ချင်းလိုလို ပြောင်းလဲနိုင်စွမ်းအား ရှိရန် လိုအပ်သေးသည်။

ယဲ့ရှောင်းယန်က ပြုံးကာ ရှင်းပြသည်။

“ဒါက အသူရာအရှင်သခင်က ကိုယ်ပိုင်လှုပ်ရှားတဲ့ စကေးတစ်ခု ရှိတယ် ဆိုပေမဲ့လည်း အရိပ်တွေကို အကွာအဝေးတိုအတွင်းကိုပဲ ပွင့်နိုင်သေးတယ်။ နောက်ပြီး ရန်သူ့ကို အနောက်ကနေ ချောင်းတိုက်ဖို့က မလွယ်ဘူး။ မင်းတို့ လျှပ်တပြတ်အရွေ့(Flash)ကို ယူထားသင့်တယ်။ ဘာလို့လဲ ဆိုတော့ မင်း အနောက်ကို ပြန်သွားပြီး အဲနေရာကို အကြီးအပျက်ဖျက်ဆီးပစ်ဖို့ အဲဒါက ကူညီပေးတယ်”

“အဓိက သော့ချက်က လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာက လျင်လျင်မြန်မြန်နဲ့ တစ်ဖက်က ဖန်သားအမြောက်တွေကို ထုတ်ပစ်နိုင်ရမှာပဲ။ အသူရာအရှင်သခင်က တစ်ခါသတ်ပြီးရင် သူ့စကေးတွေကို ပိုပြီး မြန်မြန် ပြန်ရနိုင်တော့ ဒါကြောင့် သူက မြန်မြန် သတ်ဖို့ကို အလေးပေးတယ်”

[ငါက များသောအားဖြင့် လျှပ်တပြတ်အရွေ့ (Flash) ကို သုံးတာက ထွက်ပြေးဖို့ပဲ Host က သတ်ဖို့ ဟုတ်လား]

[လျှပ်တပြတ်အရွေ့နဲ့ တိုက်ခိုက်ပွဲထဲကို ဝင်မယ် ပြီးတော့ အရိပ်တွေကို ပြန်သုံးမယ်.. ဒါက ငါနားလည်နိုင်ဖို့ ရှုပ်ထွေးလွန်းတယ်]

[ငါတို့လို ကို့ယို့ကားယား ကောင်တွေကတော့ လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာကစားတာကို အထူး ပြောစရာကို မလိုဘူး။ လျှပ်တပြတ်အရွေ့နဲ့ အဲဒီနေရာကို သွားလိုက်ရင် ငါ့ခေါင်းကို ရန်သူ့ဘက်ကို သွားပေးလိုက်တာပဲ]

[ငါလည်း ကြိုးစားကြည့်ပါတယ်။ တစ်ချိန်တည်းမှာ အရိပ်သုံးရိပ်လုံးကို ငါက မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် ဒီHost ကို 666 လို့ပြောတာ]

ချီရှို့က ရှောင်ပိုင်၏ ဗျူဟာများကို ကိစ္စရပ်များကို နားထောင်နေသည်။ သူကလည်း ဒီStreamer ရှောင်ပိုင်က ဂိမ်းကစားတာ တော်ရုံတင် မကဘဲ သူ၏အတွေးများကပင် ဂိမ်းများအပေါ် နားလည်နိုင်စွမ်းအားကို ပို၍ ကြည်လင်ပြတ်သားကြောင်း သိလာရသည်။ ဟီးရိုးအသစ်က ထွက်ရှိသည်မှာ ၂ရက်သာလျှင် ရှိနေသေးပြီး ရှောင်ပိုင်ကမူ စီရင်စုအတွင်းမှ #1ပင် ရရှိထားပြီးလေပြီ။ သူက ကိုယ်ပိုင်ဟီးရိုးကို ကောင်းကောင်း တည်ဆောက်နိုင်သည်။ ထို့အပြင် ချီရှို့ကလည်း ရှောင်ပိုင်၏ တည်ဆောက်ပုံကို ကောင်းကောင်း ကြည့်ချိန် ရသွားသည်။ ရှောင်ပိုင် ထည့်ထားသော ပစ္စည်းက (item)က အသူရာအရှင်သခင်အတွက် ဖြစ်သည်။ ချီရှို့က ကြည့်လေလေ ရှောင်ပိုင်ကို စိတ်ဝင်စားလေလေ ဖြစ်လာပြီးနောက် စာရိုက်လိုက်သည်။

[နောက်ထပ်လား]

[သေချာတာပေါ့] ရှောင်ပိုင်က ပြောသည်။ [နေ့လည်စားစားချိန်အထိ ဆော့ရအောင်]

ထို့နောက် ဆက်လက်ပြီး နှစ်ယောက်သားက နှစ်ယောက်တွဲ ဝင်တိုးကြသည်။ ကြည့်ရှုသူများကလည်း အစစ်အမှန် ကျွမ်းကျင်ပညာရှင် အလယ်လမ်းဂျန်ဂဲအတွဲက လက်ရည်ပြနေကြောင်း သိသွားကြလေသည်။

သူဌေးက ဂျန်ဂဲအတွက် သွေးစွန်းလုပ်ကြံသတ်ဖြတ်သူကို ကိုင်ပြီး ရှောင်ပိုင်က အလယ်လမ်းအတွက် အသူရာအရှင်သခင်ကို ဆက်ပြီး ကိုင်တွယ်ခဲ့သည်။ အစွမ်းအထက်ဆုံး ဂျန်ဂဲလာနှင့် ခေါင်းဖြတ်ကျွမ်းကျင်တဲ့ သာလွန်လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာ…

ထိုသို့သော ဂျန်ဂဲလာနှင့် အလယ်လမ်းကစားသမား ပူးပေါင်းပြီး တိုက်ခိုက်သောအခါ မည်သူမျှ အသက်မရှင်နိုင်တော့ချေ။ သူတို့ လမ်းရှေ့ရှိ အရာတိုင်းကို ဖျက်ဆီးပစ်လိုက်ကြသည်။

လူတိုင်းက သူတို့နှစ်ယောက်က အတူတကွ ပူးပေါင်းမှု မည်မျှကောင်းကြောင်း သတိပြုမိလိုက်သည်။ ရှောင်ပိုင်နှင့် သူဌေးက အချင်းချင်း နားလည်ထားကြပုံရသည်။ ရှောင်ပိုင်က သွေးအနည်းငယ်နှင့် ရန်သူကို ရိုက်ချလိုက်ပြီး သူဌေးက သူတို့ဦးခေါင်းကို လာကောက်မည်။ သို့မဟုတ် သူဌေးက ရန်သူကို မှင်တက်စေပြီး ရှောင်ပိုင်၏အရိပ်များ ဝင်လာမည်ကို စောင့်ဆိုင်းမည်။

တစ်ချိန်တည်းမှာပင် သူတို့ လုပ်ကြံမှုကို ခံရသရွေ့ မည်သူမျှ မလွှတ်မြောက်နိုင်ချေ။

ပရိုအသင်းများက ဝင်မတိုးသဖြင့် နှစ်ယောက်က လျင်မြန်စွာ အဆင့်တက်ခဲ့ကြသည်။

ဘုရင်အဆင့် ကြယ်နှစ်ပွင့်၊

ဘုရင်အဆင့် ကြယ်လေးပွင့်၊

ဘုရင်အဆင့် ကြယ်ဆယ်ပွင့်၊

ကြည့်ရှုသူများက ကျည်ဆန်ကောမန့်များတွင် ဆက်လက်စကားပြောဆိုနေကြသည်။

[ဒီအလယ်လမ်းဂျန်ဂဲယ် အတွဲက ကြောက်စရာကောင်းတယ်။ မင်းတာဝါထဲမှာ ရှိနေရင်တောင် သူတို့က မင်းကို သတ်မှာပဲ]

[666 ငါ ဒီလို ရှိုးပွဲတွေကို သဘောကျသွားပြီ]

[သူတို့က တစ်ဖက်က အရင်းအမြစ်တွေကို အကုန်ခိုးတာ။ ရန်သူတွေမှာ ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတောင် မရှိဘူး]

[ရှောင်ပိုင်က ထပ်ပြီး အနိုင်-အနိုင် အနိုင်ရပြန်ပြီ။ အသူရာအရှင်သခင် က MVP ထပ်ရတယ်။ တိုက်ပွဲဝင်စွမ်းအားက အခု ၉၀၀၀ ကျော်သွားပြီ]

MVP ထပ်ပြီးတော့လား။ ဘာလို့လဲ ဆိုတော့ သူဌေးက ပါတနာကောင်းလေ။

သူဌေးက ထုံးစံအတိုင်း ရန်သူ့ဘက်က HPတွေကို လျော့ချပြီး ယဲ့ရှောင်းယန်ကို ဝင်သတ်ဖို့ ခွင့်ပြုပေးတယ်။ ရလဒ်အနေနှင့် အရင်တည်းက ယဲ့ရှောင်းယန်၏ အသူရာအရှင်ကလည်း တကယ်ကောင်း၏။ သူက တစ်ခါတရံ Triple Kill, Quad kill တို့သာမက Penta kill ပင် ရလေ့ရှိသည်။ သူ၏တိုက်ပွဲဝင်စွမ်းအားက တစ်ဟုန်ထိုး တိုးတက်လာသည်မှာ သဘာဝကျသည်။

သူ၏တိုက်ပွဲဝင်စွမ်းအားက ၉၀၀၀ ကျော်ြဖစ်ပြီး နေရှင်နယ်လီဒါဘုတ်အတွက် ၁၀၀၀၀ကျော်က သူနှင့်မဝေးတော့ချေ။

သူ၏ယခင်ဘဝတွင် ယဲ့ရှောင်းယန်က လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာများကို ကစားရခြင်းအား အလွန်နှစ်သက်ပြီး ဂျန်ဂဲလာနှင့်ပေါင်းကာ ရန်သူ့ဘက်မှ ဖန်သားထည်ဟီးရိုးများကို သတ်လေ့ရှိသည်။

ထို့ကြောင့် တရားဝင်ကစားပွဲများတွင် ယဲ့ရှောင်းယန်၏ အနှစ်သက်ဆုံးသော ဟီးရိုးများကို နည်းပြများက ဘန်းခိုင်းလေ့ ရှိသည်။ ထို့ကြောင့် ယဲ့ရှောင်းယန်သည် သူ နှစ်သက်သော ဟီးရိုးများကို ကိုင်တွယ်ကစားရသည်က ရှားပါးသည်။

သူသည် သူ၏ဂျန်ဂဲလာနှင့် အချိတ်အဆက်မိသော အတွေ့အကြုံကို မခံစားရသည်မှာ အလွန့်အလွန် ကြာခဲ့ပြီဖြစ်သည်။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset