AAML

အပိုင်း (၁၇)

အခန်း (၁၇)

Team ကျင်းကျယ်၏ HQ (ဌာနချုပ်)

ဖန်သားပြင်တွင် ပေါ်လာသော အောင်နိုင်ဆိုသည့် စကားလုံးကို မြင်လိုက်ရချိန်တွင် ဖန်ကျန်းချင်က မောက်ကို လွှတ်လိုက်ပြီးနောက် သူ၏ ဂိမ်းကုလားထိုင်ပေါ်သို့ မှီချလိုက်သည်။ သူက ထိန်းချုပ်ရန် ခက်ခဲလောက်အောင် သန်းလိုက်သည်။ ပုံမှန်အားဖြင့် သူက နေ့လည် ၂နာရီအထိ အိပ်တတ်လေသည်။ သို့သော် ရုတ်တရက် မနက်၁၀နာရီတွင် ထလာရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်သည့် မသက်မသာဖြစ်သော ခံစားချက်များက ပြည့်နှက်နေသည်။ သူက မောပန်းလွန်းသဖြင့် ကြောင်ကိုပင် မပွတ်ချင်တော့ချေ။ အနားတွင် ရှိသော ရှဲ့ယွမ်က အလွန်တက်ကြွနေသည်။ သူက နည်းပြကို လှမ်းကြည့်ကာ ပြောသည်။

“ချန်းကော ဘယ်လို ထင်လဲ”

နည်းပြချန်း၏ မျက်လုံးအောက်တွင်တော့ အလွန်ကြီးမားသော မျက်ကွင်းညိုကြီးက ရှိနေသည်။ သူကလည်း အလွန်အမင်း အံ့ဩနေဟန်ရသည်။

“ငါ ဒီရှောင်ပိုင်ရဲ့ Streaming အခန်းကို အခုလေးတင် ကြည့်လာတာ သူက ဘာအမိန့်မှ မပေးခဲ့ဘူး။ ဒီရှောင်ရွေ့က သူနဲ့အတူ ဝင်တိုးတဲ့သူ ဖြစ်နေတာတောင်မှ ဘာလို့ လုံးဝကို အသစ်ကလေးနဲ့ တူနေတာလဲ”

လီယွင်မော့က ဌာနချုပ်တွင် အတည်ငြိမ်ဆုံး ခေါင်းအရှင်းဆုံး အထောက်အပံ့ ဖြစ်သည်။ သူက ပွဲကို ပြန်ဖွင့်လိုက်ပြီးနောက်တွင် လျင်မြန်စွာဖြင့် မောက်စ်ကို ထိန်းချုပ်ကာ အစပိုင်း Team အဖွဲ့ တိုက်ပွဲကို ပြန်ကြည့်သည်။ သူက ဖန်သားပြင်ကို ညွှန်ပြီးနောက် ပြောသည်။

“အစောပိုင်းက ငါ ဒီမြစ်နားမှာ စခန်းချနေတဲ့အချိန်က ရှောင်ရွေ့က ငါ့ဘေးနားက ဖြတ်သွားတာ သူက အဲဒီနေရာကို ဘယ်လို ကင်းထောက်ရမလဲ ဆိုတာ တကယ်မသိထားဘူး။ နောက်ပြီး သူ့ရဲ့ Q buff ကလည်း သူတို့ရဲ့ ကိုယ်ဖျောက်ထားတဲ့ တွဲဆက်နေတုန်းပဲ။ ဒီတော့ အဲဒီဂျန်ဂဲလာရဲ့ နေရာကို ငါ သိလိုက်ရတာ”

ရှဲ့ယွမ်က ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။

“ဟား ဟား ဟား.. ငါ ပထမဆုံးအကြိမ် ကောင်းချီးဘုန်းတော်ကြီးက သူ့ရဲ့တိုက်ခိုက်မှု Buff ကို ကိုယ်ဖျောက်ထားတဲ့ ဂျန်ဂဲလာနဲ့ ဆက်နေတာမျိုးကို မြင်ဖူးတာပဲ သူက ငါတို့ကို.. တွေ့လား ငါ့ဂျန်ဂဲလာက ဒီမှာလို့ ပြောနေသလိုပဲ”

တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။ လီယွင်မော့က နည်းပြကို ပြန်လှည့်ကြည့်ပြီး အနှစ်ချုပ် ပြောသည်။

“ဒီရှောင်ပိုင်က သာမန်အဆင့်တက်တဲ့ ကစားတစ်ယောက် ဖြစ်လောက်တယ်။ ပရိုကစားသမားတော့ မဟုတ်လောက်ဘူး။ ရှောင်ရွေ့က ဒီအတိုင်း သာမန်အသစ်ကလေးပဲ သူက ဒီကွင်းကိုလည်း ကောင်းကောင်းနားမလည်သလို အဆင့်မြင့်ဂိမ်းတွေမှာ အထောက်အပံ့အဖြစ် ဘယ်လို ကစားရမယ် ဆိုတာကိုလည်း မသိဘူး”

နည်းပြချန်းကလည်း ခေါင်းညိတ်ပြီးနောက် သန်းနေသော သူတို့၏ခေါင်းဆောင်ကို ကြည့်သည်။

“ခေါင်းဆောင်ဖန်.. မင်း ရှောင်ပိုင်ကို အလယ်လမ်းမှာ ရင်ဆိုင်ခဲ့တာ မဟုတ်လား။ ဘယ်လို ခံစားရလဲ”

ဖန်ကျန်းချင်က မျက်မှောင်ကြုတ်ပြီးနောက်တွင် အိပ်ချင်နေသော မျက်လုံးများကို ပွတ်သည်။ သူက အတတ်နိုင်ဆုံး စကားလုံးအနည်းငယ်သုံး၍ သူ၏ သုံးသပ်ချက်ကို‌ ဖော်ပြသည်။

“ရွေ့ပြောင်းလွယ်တယ်။ သတိအပြည့်ထားတယ်။ တုံ့ပြန်မှု မြန်ဆန်တယ်။ ခန့်မှန်းမှုကလည်း တိကျတယ်”

ဖန်ကျန်းချင်ထံမှ ချီးကျူးခံရသော အလယ်လမ်းကစားသမားက မများချေ။ ထို့အပြင် သူက ကမ္ဘာအဆင့် အလယ်လမ်းကစားသမား ဖြစ်နေသေးသည်။ အများစုသော အလယ်လမ်းကစားသမားများက သူ့အတွက် Noob ငချွတ်ကလေးများသာ ဖြစ်နေတတ်သည်။ ထို့ကြောင့် တူညီသော လမ်းတွင် သူတို့နှင့် ထိပ်တိုက် ရင်ဆိုင်သည့်အခါ အားလုံးက အံ့အားတကြီးဖြစ်ပြီး လွှမ်းမိုးခံလိုက်ရသည်က များသည်။

ဖန်ကျန်းချင်က ရှောင်ပိုင်နှင့် ယှဉ်ပြိုင်သော ကစားပွဲတွင် အင်အားအပြည့် မထုတ်ခဲ့ချေ။ သူက အလွန်အိပ်ချင်နေခဲ့လေသည်။ သို့ရာတွင် ရှောင်ပိုင်က သူ့ဖိအားအောက် ရပ်နိုင်ကတည်းက သူက ဂိမ်းကို အာရုံခံနိုင်စွမ်းအား မြင့်မားပြီး အဆင့်မြင့်စကေး ထုတ်သုံးနိုင်သော Streamer တစ်ယောက် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ သည်နည်းအားဖြင့် ဖန်ကျန်းချင်ထံမှ မြင့်မားသော ချီးကျူးမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

နည်းပြချန်း၏ ခံစားချက်က ပို၍ ရှုပ်ထွေးသွားသည်။

“သူက ပရိုတစ်ယောက် မဟုတ်တာ သေချာနေတာပဲ။ သာမန်ကစားသမားတစ်ယောက်က ကိုင်တွယ်ရ လွယ်တယ်။ သူ့ကို ဆက်ပြီးပဲ စောင့်ကြည့်နေရအောင်။ နောက်မှ သူ့ကို အရင်ဆုံး လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားကြတာပေါ့”

ရှောင်ပိုင်၏ Streaming အခန်းထဲတွင်..

ဖန်သားပြင်၏ ဘယ်ဘက်အောက်ခြေနားတွင် လက်ဆောင်အသစ် ရောက်လာသောကြောင့် ရွှေရောင် အကြောင်းကြားစာက ပေါ်လာပြန်သည်။

[လေးထောင့်လေးထောင့်: Host ရဲ့ ကြောင်က တော်တော် ချစ်ဖို့ ကောင်းတာပဲ။ ဒီမှာ သူ့ကို ချစ်မြတ်နိုးတဲ့ တံဆိပ်ပြားလေး ပို့လိုက်မယ်။ ကြောင်လေးအတွက် အစာလေးတွေ ဝယ်ပေးလိုက်ပါ]

[လေးထောင့်လေးထောင့်: ငါ မင်းရဲ့ Fri List ထဲ ဝင်လို့ ရမလား]

စာပေါ်လာသောအခါ ရှောင်ပိုင်၏ ကြည့်ရှုသူများကလည်း ကြောင်တောင်တောင် ဖြစ်သွားကြပြန်သည်။

[သောက်ကျိုးနည်း ဒါက ခေါင်းဆောင်ဖန်ပဲ။ ငါတို့ရဲ့ Host ရှောင်ပိုင်က နတ်ဘုရားဖန်ရဲ့ အာရုံကိုတောင် ဆွဲဆောင်လိုက်ပြီလား]

[ခေါင်းဆောင်ဖန်ရဲ့ မျက်လုံးက ရှောင်ပိုင်ရဲ့ ကြောင်လေးမှာပဲ ရှိတာပါ]

[လူတိုင်းက ခေါင်းဆောင်ဖန်ကို ဌာနချက်က အပျင်းဆုံး အယ်ဖာလို့ ခေါ်ကြတာ မဟုတ်ဘူးလား။ သူက နေ့တိုင်း နေ့လည်နှစ်နာရီအထိ အိပ်တာဆို]

[လောင်ဖန် လောင်ဖန်.. အဟက်ခံထားရတာဆိုရင် မျက်တောင် နှစ်ချက် ခတ်ပြ..]

[အဖွဲ့ချုပ်က Pooper Scooper #1အတွက် မေးခွန်းက ဒီမနက်အစောကြီး နိုးလာတာက ရှောင်ပိုင်ရဲ့ ကြောင်လေးရဲ့ Poops တွေ ကျုံးမလို့လား] (Poopsက ကြောင်ချီးကို ပြောတာပါ)

ယဲ့ရှောင်းယန်က ယဉ်ကျေးစွာ ပြောသည်။

“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင်ဖန်.. မင်းရဲ့မြွေဟောက်ဘုရင်က တော်တော်လေးကို သန်မာတယ်။ ငါ မင်းကို Fri အဖြစ် add လိုက်မယ်”

[လေးထောင့် လေးထောင့်: Host ကလည်း ကစားတာ တော်တော် တော်ပါတယ်။ အချိန်ရတဲ့အခါ ထပ်ကစားကြတာပေါ့]

ဂိမ်းထဲတွင် လေးထောင့်လေးထောင့်က ရှောင်ပိုင်ကို Fri အဖြစ် add လိုက်ပြီးနောက် offline ဖြစ်သွားသည်။

Streaming အခန်းထဲမှ ကြည့်ရှုသူများကလည်း စတင်ကာ အတင်းတုတ်ကြတော့သည်။

[လောင်ဖန်းက အစောကြီးထပြီး မနက်ခင်း နေမင်းကို ကြည့်တာ များလား။ ဒီလောကက တစ်ခုခုတော့ မှားယွင်းနေပြီ]

[သူ ရှုံးထွက်ပွဲအတွက် အသင့်ပြင်ရင်း မနက်ပိုင်း ဗျူဟာလေ့လာတာပဲ ဖြစ်ရမယ်]

[အခြားပရိုအသင်းတွေကသာ ကျင်းကျယ်ရဲ့ ကစားသမားသုံးယောက်တွဲက ဒီမနက် ၁၀နာရီမှာ ထတာကို သိသွားကြမယ် ဆိုရင် တခြားပရိုအသင်းတွေလည်း နောက်နေ့ မနက် ၈နာရီလောက်ကတည်းက ထလောက်တယ်]

[ပရိုကစားသမားတွေရဲ့ အိပ်ချိန် အချိန်ဇယားက ပြောင်းပြန်ဖြစ်တော့မယ်]

[သူတို့က မနက်ပိုင်းသတ္တဝါတွေအဖြစ် ပြောင်းတော့မှာလား။ အခုကစပြီး မနက် ၇နာရီတိုင်း တရားဝင်ဂိမ်းပွဲတွေ ကစားကြပါတော့လား ဟား ဟား ဟား]

ချီရှို့ကလည်း ကျည်ဆံကောမန့်များကို ကြည့်ပြီးနောက်တွင် ဂိမ်းထဲမှ လှမ်းမေးလိုက်သည်။

[ရှောင်ပိုင် မင်း အဆိပ် တိုက်ပွဲဝင်စွမ်းအားကို မသိဘူးလား]

ယဲ့ရှောင်းယန်က ရိုးသားစွာ ဖြေသည်။

[ကျွန်တော် အများကြီး မသိဘူး။ ကျွန်တော် အရင် အဆင့်သတ်မှတ်ချက် တိုက်ပွဲတွေမှာလည်း မတွေ့ဖူးသေးဘူး]

ချီရှို့ကလည်း ချောမွေ့စွာဖြင့် ရှင်းပြပေးလိုက်သည်။

[အဆိပ် တိုက်ပွဲဝင် စွမ်းအားက Status ဘားကို ထိခိုက်အောင် လုပ်နိုင်တဲ့စွမ်းရည် ပိုင်ဆိုင်ထားတဲ့ မှော်ဆရာအမျိုးအစား ဟီးရိုးနှစ်ကောင် ပေါင်းပြီး ထုတ်သုံးရတာပဲ။ သူတို့က သူတို့ရဲ့ ရန်သူအပေါ်ကို အဆိပ်ထုတ်သုံးပြီး ဆွဲချနိုင်တယ်။ လူတိုင်းရဲ့ မှော်ခုခံအားက အစောပိုင်းဂိမ်းမှာဆို အားနည်းမှာပဲ။ ဒီ‌တော့ အဆိပ်ရဲ့ ဖျက်ဆီးမှုနှုန်းက မှော်ဖျက်ဆီးမှုနှုန်းနဲ့ တိုက်ရိုက်အချိုးကျသွားလိမ့်မယ်။ အဲဒီနောက် ဒါက ကြီးမားတဲ့ ထိုးနှက်ချက်အဖြစ် ထုတ်သုံးနိုင်ပြီး မင်းကသာ ရန်သူကို အဆိပ်မိအောင် လုပ်လိုက်မယ် ဆိုရင် သူတို့အားလုံးကို ဆွဲချဖို့က လုံလောက်သွားပြီ]

ယဲ့ရှောင်းယန်ကလည်း စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း နားလည်သည်။

“ဒီလို တိုက်ပွဲဝင်စွမ်းအားမျိုးကို ရအောင်ယူဖို့က မလွယ်ဘူးထင်တယ်။ ဟုတ်တယ် မဟုတ်လား”

ချီရှို့က ပြန်ရေးသည်။

[ရိုင်းစိုင်းကြမ်းတမ်းတဲ့ အလယ်လမ်း၊ ဂျန်ဂဲ နှစ်တွဲကပဲ ဒီလို လုပ်နိုင်တယ်။ သူတို့ရဲ့ စည်းချက်ကို မင်း ဖျက်ဆီးဖို့ လိုအပ်တာ]

အဆိပ်တိုက်ပွဲဝင် စွမ်းအားက မြွေဟောက်ဘုရင်ကို ၈ခုမြောက်ရာသီ ပွဲစဉ်၂တွင် အလွန်ကျော်ကြားစေခဲ့သည်။ ဖန်ကျန်းချင်က ပွဲစဉ်ပေါင်းများစွာတွင် မြွေဟောက်ဘုရင်ကို သုံးပြီး MVP ရသွားခဲ့သည်။ သည်နည်းအားဖြင့် နောက်ပိုင်းတွင် အခြားသော ပြိုင်ဘက်အသင်းများက ဂိမ်းတိုင်းလိုလို မြွေဟောက်ဘုရင်ကို ဘန်းသည်။ ထိုအတွက်ကြောင့်လည်း ဖန်ကျန်းချင်၏ အကျော်ကြားဆုံး ဟီးရိုးများထဲမှ တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူက ရှောင်ပိုင်နှင့် ဒီဂိမ်းတွင် တွေ့ဆုံရာတွင် အဆိပ်တိုက်ပွဲဝင်စွမ်းအားကို သုံးခဲ့ကတည်းက သူက ရှောင်ပိုင်ကို အလေးအနက်ထားသည်ဟု ယူဆနိုင်သည်။ အရိုးပျင်း ဖန်ကျန်းချင်က ပုံမှန်အားဖြင့် နေ့လည်၂နာရီအထိ အိပ်တတ်ပြီး ယခုမူ မနက်၁၀နာရီကတည်းက ထပြီး သုံးယောက်တွဲ ဂိမ်းတွင် ဝင်တိုးနေသည်။ ဆိုလိုကတည်းက တည့်တိုးပင် ရှောင်ပိုင်နှင့် ပက်ပင်းတိုးချင်ခဲ့သည်။ MMR ပုံစံတူကာ အဆင့်မြင့်သော ကစားသမားများက တစ်ချိန်တည်းတွင် ဝင်တိုးမည် ဆိုလျှင် အတူ match ဖြစ်ရန် လွယ်ကူလေသည်။

မနေ့ညက သတင်းထောက်ကျောင်းက ဂရုချက်ထဲသို့ ပို့လိုက်သော Video ကလည်း အဖွဲ့ကြီးများ၏ အာရုံစိုက်မှု အများအပြားကို ရရှိခဲ့ခြင်း ဖြစ်လောက်သည်။ ရှောင်ပိုင်၏ ဘုရင်အဆင့်သို့ တက်သော ရာထူးတိုးဂိမ်းက အမှားပေါင်း မြောက်များစွာ ပါခဲ့သည်။ တချို့သော ကစားသမားများက ဆိုးရွားစွာ ကစားခဲ့ပြီး ကြည့်ရန်ပင် ခက်ခဲခဲ့သည်။ သို့ရာတွင် သူတို့၏ ပြစ်ချက်က ရှောင်ပိုင်ကို ပို၍ ကြည်လင်ပြတ်သားသည့် အမိန့်ပေးနိုင်စွမ်းအား ထုတ်ဖော်ပြသနိုင်ခဲ့ပြီး သူတို့ကို ပို၍မှင်တက်သွားစေခဲ့သည်။

ရှောင်ပိုင်၏ ဂိမ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရည်က သိသာထင်ရှားလွန်းသည်။ သူက စည်းချက်ကောင်းကောင်း ရအောင် ထိန်းထားနိုင်ပြီး လမ်း၃ခုလုံးကို ကိုင်တွယ်နိုင်ခဲ့သည်။ အမိန့်ပေးနိုင်သော လူများထဲမှ အနည်းစုကသာ မြေပုံတစ်ခုလုံးကို ခြုံငုံကာ ကြည့်ထားနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် အံ့ဩစရာ မလိုလောက်အောင် Team ကျင်းကျယ်မှ နည်းပြချန်းကလည်း ရှောင်ပိုင်၏အကြောင်းကို သိချင်စိတ် ပြင်းပြသွားခြင်း ဖြစ်လောက်သည်။

ထိုသို့ တွေးမိပြီးနောက် ချီရှို့က ဆက်ရိုက်လိုက်သည်။

[မင်း ရင်ဆိုင်ရတဲ့ အလယ်လမ်းကစားသမားက ဖန်ကျန်းချင်ပဲ။ သူက Team ကျင်းကျယ်ရဲ့ ခေါင်းဆောင် သူက ထိပ်တန်းအဆင့်ပဲ။ ကမ္ဘာအဆင့် အလယ်လမ်း ကစားသမားပေါ့ မင်း သူ့ကို မသိရင် မင်းက ပရိုကစားသမားတွေရဲ့ အဖွဲ့ချုပ်ကို အာရုံမစိုက်ဘူးလို့ ဆိုလိုတာပဲ]

ယဲ့ရှောင်းယန်က တွေးလိုက်သည်။ ငါက သိပ်မကြာခင်ကမှ ဝိညာဉ်ကူးပြောင်းလာတာ ဒါတွေကို ဘယ်လို အာရုံစိုက်ချိန် ရှိမှာလဲ။ သူက ဆက်လက်ပြီး စာရိုက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

[ကျွန်တော်က သိပ်မကြာခင်ကမှ ဒီဂိမ်းကို Download ဆွဲထားတာ နောက်ပြီး ပရိုဂိမ်းတွေကိုလည်း မကြည့်ရသေးဘူး]

ချီရှို့က မေးသည်။

[ဒါဆိုရင် မင်း အသူရာအရှင်နဲ့ အေးခဲနတ်ဘုရားမက လွဲပြီး တခြားဟီးရိုးတွေကို မကစားနိုင်ဘူးပေါ့]

ယဲ့ရှောင်းယန်က ပြန်ဖြေသည်။

[ကျွန်တော် ပုံရိပ်ယောင်ပညာရှင်ကိုလည်း ဘယ်လို ကစားရမလဲ သိတယ်။ ဒါပေမဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲတွေမှာ အသုံးမပြုရသေးတာ]

ချီရှို့ [တခြားမရှိတော့ဘူးလား]

ယဲ့ရှောင်းယန် [မရှိတော့ဘူး]

ချီရှို့က ရပ်တန့်သွားသည်။ မှော်ဆရာသုံးခုတည်းလား။

ထိုအဖြေကို မြင်ရပြီးနောက် နည်းပြလင်း၏ မျက်နှာတွင်လည်း အားတက်မှုက ပြည့်နှက်သွားသည်။

“စိန်အဆင့်ကစားသမားက အနည်းဆုံး ဟီးရိုး ၇ယောက် ၈ယောက်လောက်ကို သိထားရမှာ မဟုတ်ဘူးလား။ သူက သုံးယောက်တည်း သိတယ်။ ဘယ်လောက်တောင် ကြိုးစားလိုက်သလဲ။ သူက နှိမ့်ချနေတာများလား”

ချီရှို့ကလည်း မနေ့ညက ရှောင်ပိုင်၏ တိုက်ပွဲဝင် အဆင့်ဇယားကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အသူရာအရှင်သခင်နှင့် အေးခဲနတ်ဘုရားမကိုသာ ဖော်ပြထားခြင်း ဖြစ်ပြီး နှစ်ခုလုံး၏ အနိုင်ရနိုင်ချေက မြင့်မားသည်။ ချီရှို့က တခြားတစ်ယောက်ယောက်၏ alt acc ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်သူက မှော်ဆရာသုံးယောက်ကိုသာ ကစားနိုင်ခြင်း ဖြစ်နေသည်။ တစ်စုံတစ်ယောက်က မှော်ဆရာသုံးယောက်တည်းကိုသာ ကစားနိုင်ပြီး ဘုရင်အဆင့်သို့ တက်သွားခဲ့ခြင်းဟုလည်း ဆိုနိုင်သည်။

ယဲ့ရှောင်းယန်ကလည်း သူ၏ ကိုယ်ပိုင် Track ရီကော့က လက်ခံနိုင်စရာ မရှိကြောင်း နားလည်သည်။ ထို့ကြောင့် ခပ်မြန်မြန် ထပ်ဖြည့်ပြောလိုက်သည်။

[တကယ်တော့ ကျွန်တော်က ဗျူဟာGuide တွေ အများကြီး ဖတ်ထားတာ။ နောက်ပြီဲး AI Team နဲ့လည်း ထပ်တလဲလဲ လေ့ကျင့်ထားခဲ့ဖူးတယ်။ ကျွန်တော် မနေ့တစ်နေ့ကမှ Match တွေကို စပြီးကစားတာလေ။ ဒီတော့ ကျွန်တော်က အချက်ကျကျ ကိုင်တွယ်နိုင်လို့ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ခဲ့တာပါပဲ။ ရယ်နေသော အီမိုဂျီ]

ချီရှို့က စာ၏အဆုံးမှာ အပြုံးအီမိုဂျီကို မြင်လိုက်ချိန်တွင် တစ်ဖက်သူ၏ ခံစားချက်များကို သိလိုက်သည်။ တစ်ခဏခန့် တွေးတောလိုက်ပြီးနောက် စာပြန်ရိုက်လိုက်သည်။

[၂ရက်တည်းနဲ့ ဘုရင်အဆင့်ကို ရောက်တာ လေးစားစရာပါပဲ။ မင်း ငါ့ကို ဆက်ပြီး သယ်ပေးနိုင်မလား။ ငါ ဘုရင်အဆင့် ကြယ်အပွင့်၂၀အထိ ရောက်ချင်တယ်]

ယဲ့ရှောင်းယန်က ရိုးရှင်းစွာပြန်ဖြေသည်။

[ပြဿနာ မရှိပါဘူး။ မင်းက ငါ့ကို လက်ဆောင်တွေ အများကြီး ပေးထားတာပဲ။ မင်း ပျံချင်တဲ့အမြင့်ရောက်တဲ့အထိ ခေါ်သွားပေးနိုင်ပါတယ်]

ချီရှို့ [ငါနဲ့အတူ ပျံသန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Host]

ယဲ့ရှောင်းယန်က ပြန်ဖြေသည်။

[ကျေးဇူးတင်ဖို့ မလိုပါဘူး။ လာပါ သူဌေး ဆက်ပြီး ကစားရအောင်]

သူက ယခုလေးတင် Live Stream အခန်းကို ပိတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ကြည့်ရှုသူများက သူနှင့် အသုံးအဖြုန်းကြီးသူ၏ စကားများကို မမြင်နိုင်တော့ချေ။

ချီရှို့ကလည်း Live Streamအခန်းက ပျက်သွားကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက မေးခွန်းအားလုံးကို မေးမိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက မေးမိလေလေ ပို၍ စိတ်ရှုပ်ထွေးလာလေလေ ဖြစ်လာသည်။

ယဲ့ရှောင်းယန်က ရှင်းပြချက်များ ထပ်ပေးတော့မည် မဟုတ်ချေ။ သူက ချက်ချင်းလိုလို နောက်တစ်ပွဲအတွက် တင်တိုးလေပြီ။ ထိုအချိန်တွင် ချင်ရွေ့၏ဖုန်းက ရုတ်တရက် မြည်လာသဖြင့် သူက ဖြေပြီးနောက်တွင် တစ်ဖက်မှ ပြောသော စကားကို ပြောလိုက်ရသည်။

: ရှောင်ရွေ့ ဒီနေ့ နေ့လည် နေ့လည်စာကို အနောက်ပန်းခြံ ညစာခန်းမထဲမှာ အတူစားရင်း တွေ့ရအောင် လူတိုင်းကလည်း ကျောင်းစမခင် တွေ့ချင်နေကြတာ။ မင်းလာမှာလား..

ချင်ရွေ့က သူ၏ကောကောကို ကြည့်ပြီးနောက် ခပ်တိုးတိုး ပြောသည်။

“ကော ကျွန်တော် အတန်းဖော်နဲ့ ဒီနေ့တွေ့ဖို့ ရှိတယ်”

ယဲ့ရှောင်းယန်က မေးသည်။

“မင်းရဲ့ သူငယ်ချင်းကောင်းလား”

ချင်ရွေ့က ပြောသည်။

“ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။ ကျွန်တော်တို့ အတူတူ ကြီးပြင်းလာကြတာ”

ယဲ့ရှောင်းယန်က စိုးရိမ်တကြီး ဆက်ပြောသည်။

“အယ်ဖာလား၊ ဘီတာလား အိုမီဂါလား.. အတန်းဖော်က ယောက်ျားလေးလား။ မိန်းကလေးလား”

သူက စိတ်ထဲတွင် သက်ပြင်းချသည်။ သည်လောကတွင် လူတစ်ယောက်၏ လိင်အမျိုးအစားကြောင်း မေးရန် စကားများစွာ ရှိနေသည်။

ချင်ရွေ့က တစ်ခဏခန့် ကြောင်သွားသည်။ သူ့အနေဖြင့် ပထမဆုံးအကြိမ် လူတစ်ယောက်က လိင်အမျိုးအစားကို ထိုသို့မေးလာကြောင်း ကြားရခြင်း ဖြစ်သည်။ သူက ခေါင်းကုတ်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေလိုက်သည်။

“အမျိုးသား အိုမီဂါပါ”

ချင်‌ရွေ့နဲ့ အတူတူပဲပေါ့။ ယဲ့ရှောင်းယန်က စိတ်အေးသွားပြီးနောက်တွင် လွှတ်ပေးလိုက်သည်။

“ကောင်းပြီ သွား.. နောက်မကျစေနဲ့”

ချင်ရွေ့က သူ၏ဖုန်းကို နားနားတွင် ကပ်လိုက်ပြီးနောက် ပြောသည်။

“ငါ တစ်နာရီနေရင် ရောက်မယ်”

ဖုန်းချလိုက်ပြီးနောက် သူက ကုလားထိုင်မှ ထရပ်လိုက်သည်။

“ကော.. ကျွန်တော် အချိန်နည်းနည်းတော့ ရှိနေသေးတယ်။ ကျွန်တော် ကောအတွက် နေ့လည်စာနဲ့ ညစာ ပြင်ဆင်ပေးထားခဲ့မယ်။ စားဖို့ အချိန်ရောက်ရင် ကော အပူပြန်ပေးပြီးတော့ စားလိုက်ပါ။ မကြာခဏ အပြင်ကနေ မှာမစားပါနဲ့”

ယဲ့ရှောင်းယန်က ရယ်လိုက်သည်။

“ဒါပေါ့ ကြိုးစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ရှောင်ရွေ့..”

ရှောင်ရွေ့က ထွက်သွားသောအခါ ယဲ့ရှောင်းယန်၏ အသင်းတွင် အထောက်အပံ့ မရှိတော့ချေ။

ရှောင်ရွေ့၏ စကေးကလည်း အလွန်ညံ့လေသည်။ အမှန်ဆိုရသော် စိန်အဆင့်ပင် မရှိချေ။ သူက ယဲ့ရှောင်းယန်က သယ်လာပေး၍ ဘုရင်အဆင့်သို့ ရောက်လာခြင်းလည်း ဖြစ်သည်။

ယခုမတိုင်ခင်အထိ သူတို့၏ အဆင့်တက်သော ပွဲစဉ်တောက်လျှောက် ချင်ရွေ့က သူ၏ကောကော ယဲ့ရှောင်းယန်၏ တိုက်ကွက်များကို သူ၏ Q skill ဖြင့်သာ အထောက်အပံ့ ပေးခဲ့ခြင်း ဖြစ်သည်။ မနက်ခင်းဂိမ်းတွင် သူက သူတို့၏ဂျန်ဂဲလာ ပတ်ဝန်းကျင်တွင် လိုက်နေခဲ့ပြီး ဂျန်ဂဲလာကိုလည်း အလေ့အကျင့်အရ ထိုသို့ ထပ်မံ ပေးခဲ့မိခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ဂျန်ဂဲလာက ကိုယ်ပျောက်ထားကြောင်း မသိခဲ့ချေ။ သူ၏ Q Skill ကြောင့် ရှောင်ရွေ့က ဂျန်ဂဲလာ၏ တည်နေရာကို ရန်သူကို ထုတ်ပြပေးသလို ဖြစ်သွားသည်။

ယဲ့ရှောင်းယန်ကမူ ရှောင်ရွေ့ကို သတိပေးခဲ့သော်လည်း နောက်ကျသွားလေပြီ။ ရှောင်ရွေ့က အလွန်နာခံသည်။ သို့သော် ကစားသမားများက အလွန်နာခံလွန်းသောအခါ Esport အတွက် မသင့်တော်တော့ချေ။ ရှောင်ရွေ့က ဂိမ်း၏အခြေအနေကို ကျင့်သားမရသလို ကောင်းကောင်းလည်း နားမလည်ထားဘဲ အလျင်အမြန် တိုးတက်ကာ လုပ်ဆောင်နိုင်စွမ်းအား မရှိခဲ့ချေ။ သူက သူ့ကောကော၏ အမိန့်ကိုသာ နားထောင်ရမည်မှန်း သိနေခဲ့သည်။ ယဲ့ရှောင်းယန်က သူ့ကို ဆက်မကြည့်နိုင်တော့သဖြင့် ဒီအတိုင်း လွှတ်ထားပေးခဲ့ခြင်း ဖြစ်သည်။ အဆင့်နိမ့်ပွဲများတွင် ရှောင်ရွေ့ကို သယ်သွားရ လွယ်ကူသည်။ သို့သော် ဘုရင်အဆင့် ပွဲစဉ်များတွင် MMRက စကားပြောလာပြီ ဖြစ်သည်။ ရှောင်ရွေ့၏ MMR က အလွန်မြင့်နေလျှင် သူ၏ Skill များက လိုက်မမီနိုင်တော့ချေ။ ထို့ကြောင့် သူက ပုန်းကွယ်နေသော နဂါးများနှင့် ထိပ်တိုက် ရင်ဆိုင်ရန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဂိမ်းများတွင် ညံ့ဖျင်းသော အထောက်အပံ့က သူတို့ကို အလွယ်တကူ လောင်ကျွမ်းပြာကျ သွားစေလိမ့်မည်။

ပို၍ဆိုးသည်မှာ Match Making စည်းမျဉ်းများက သုံးယောက်တည်း ကစားနေလျှင် သုံးယောက်တွဲများနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ပေးခြင်း ဖြစ်သည်။ ပရိုအသင်းများနှင့် လေ့ကျင့်ရေးစခန်းများမှ လူများကလည်း မကြာခဏဆိုသလို သူတို့၏ ကစားသမားများကို သုံးယောက်တွဲ လွှတ်ကာ ကစားခိုင်းလေ့ ရှိသည်။ ထို့ကြောင့် သုံးယောက်တွဲ ဝင်တိုးချိန်တွင် အထောက်အပံ့အသစ် Skill လောက်က အမီလိုက်နိုင်တော့မည် မဟုတ်ချေ။ သည်နည်းအားဖြင့် သူတို့က အဆင့်မတက်နိုင်လောက်ချေ။ နှစ်ယောက်တွဲ ဝင်ခြင်းက ပို၍လွယ်ကူသေးသည်။ သည်နည်းအားဖြင့် တစ်ဖက်မှ နှစ်ယောက်တွဲကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။

ယဲ့ရှောင်းယန်ကလည်း နှစ်ယောက်တွဲ ထပ်ဝင်လိုက်သည်။ သိပ်မကြာခင် သူတို့က ဂိမ်းထဲတွင် Match ဖြစ်သွားသည်။ Streaming အခန်းထဲတွင် ငြိမ်သက်နေသော အချိန်အတောအတွင်း ကောမန့်ကဏ္ဍက စကားများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ယဲ့ရှောင်းယန်က သူ၏မိုက်ကို ပြန်တပ်လိုက်ပြီးနောက် ပြောလိုက်သည်။

“အားလုံးပဲ စောင့်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ငါတို့က အခု နှစ်ယောက်တွဲ ဝင်တိုးတော့မှာပါ။ ငါ့တိတိလေးက သူ့သူငယ်ချင်း ခေါ်လို့ အပြင်ထွက်သွားတယ်။ ဒီတော့ ငါက သူဌေးနဲ့ပဲ ဝင်တိုးတော့မှာပါ”

ကျေးဇူးပြုပြီး ဟီးရိုးကို ရွေးချယ်ပါ။

သည်တစ်ကြိမ်တွင် ယဲ့ရှောင်းယန်က အနီသင်းမှ ဖြစ်သည်။ သူနှင့် ချီရှို့တို့က နံပါတ်၂နှင့် နံပါတ်၅ ဆက်တိုက် ရွေးချယ်ရမည် ဖြစ်သည်။

ပြိုင်ဘက်အပြာအသင်းက [နတ်ဘုရားလေးသည်တော်]ကို ဦးစွာ ရွေးချယ်လိုက်သည်။ အနီအသင်း၏ အလှည့်ရောက်လာသောအခါ နံပါတ်၅ ကစားသမားက ချက်ခန်းထဲသို့ စာပို့လာသည်။

[ကျေးဇူးပြုပြီး ငါ့ကို သွေးစွန်းလုပ်ကြံသတ်ဖြတ်ရေးသမားကို လုပေးပါ။ ကစားခဲ့ဖူးသောသမိုင်း – ၀၊ အနိုင်ရနိုင်ချေ – ၀ ရာခိုင်နှုန်း]

ပထမဆုံး ရွေးရမည့် အနီအသင်းမှ ကစားသမားက ကြောင်တောင်တောင် ဖြစ်သွားသည်။ ရှောင်ပိုင်၏ Streaming အခန်းထဲမှ ကြည့်ရှုသူများကလည်း ရယ်လွန်း၍ သေတော့မတတ် ဖြစ်လာသည်။

[သူဌေး မင်းက အရမ်းရယ်ရတာပဲ။ မင်း ပို့လိုက်တဲ့ တောင်းဆိုမှုက အသင်းဖော်တွေရဲ့ စိတ်အခြေအနေကို ပေါက်ကွဲသွားစေပြီ]

[သူဌေး.. မင်း အနိုင်ရနိုင်ချေက ၀ ရာခိုင်နှုန်း ဒါတောင် ဘာလို့ အဲဒီလို တောင်းဆိုနေသေးတာလဲ]

[သူတို့ရဲ့ အသင်းဖော်တွေက စတွေးနေလောက်ပြီ။ ငါ့ကို လာနောက်နေတာလား။ အနိုင်ရနိုင်ချေ ၀ ရာခိုင်နှုန်း ဟုတ်လား]

[သူဌေးက တော်တော်လေးကို ရယ်ရတာပဲ]

ချီရှို့ကလည်း တိတ်ဆိတ်သွားသည်။ ဒါက alt ဖြစ်ကြောင်း မေ့နေခြင်း ဖြစ်သည်။

သူတို့၏ လေ့ကျင့်ရေးစခန်းမှ မည်သည့်ကစားသမားက alt တိုက်ခိုက်ကြောင်း မသိချေ။ သို့သော် ထိုကစားသမားက သွေးစွန်းလုပ်ကြံသတ်ဖြတ်သူကို တစ်ပွဲမှ ထုတ်သုံးကာ မတိုက်ခိုက်ခဲ့ပေ။ ဂျန်ဂဲလာတိုင်း နီးပါးကမူ ရှိနေသည်။ အနည်းဆုံး ထိုဂျန်ဂဲလာတိုင်း နီးပါးက AI အသင်းနှင့် အမှတ် ၁၀၀ ရအောင် လေ့ကျင့်ထားပြီးသား ဖြစ်သည်။ သည်နည်းအားဖြင့် ဂိမ်းများတွင် ထုတ်သုံးနိုင်မည် ဖြစ်သည်။

ယဲ့ရှောင်းယန်ကလည်း ရယ်လိုက်သည်။

“မင်းရဲ့ အနိုင်ရနိုင်ချေ ၀ရာခိုင်နှုန်းက အသင်းဖော်တွေရဲ့ ခေါင်းကို ရှုပ်ထွေးသွားစေလိမ့်မယ်”

ချီရှို့က ပြန်ရိုက်လိုက်သည်။

[တောင်းပန်ပါတယ်။ ဒါက alt ဆိုတာ မေ့သွားတယ်]

ယဲ့ရှောင်းယန်ကလည်း ခန့်မှန်းထားပြီးသား ဖြစ်သည်။ အကြောင်းမူကား ထိုဂျန်ဂဲလာ နံပါတ်8 ၏ တောဝင်သမိုင်းက အနိုင်များဖြင့်သာ ပြည့်နေသောကြောင့် ဖြစ်သည်။

ယဲ့ရှောင်းယန်ကလည်း တစ်ဖက် ပြန်လှည့်လိုက်ပြီးနောက် ချက်ချင်းလိုလို သွေးစွန်း လုပ်ကြံသတ်ဖြတ်ရေးသမားကို ဒုတိယမြောက် ရွေးချယ်လိုက်သည်။ အဖွဲ့က ကိုယ်စီ ဟီးရိုးများကို ရွေးချယ်ကြသည်။

ချီရှို့ကလည်း ချက်ခန်းသို့ တောင်းဆိုခဲ့ခြင်းက တစ်စုံတစ်ယောက်က ထိုအရာကို ခိုးသွားမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ အနီဘက်မှ ကစားသမားက ပထမဆုံး ရွေးချယ်ရသည့် အချိန်တွင် သူက အနိုင်ရနိုင်ချေ ၀ရာခိုင်နှုန်းသာ ရှိကြောင်း မြင်သွားကြလျှင် သူ့ကို သေချာပေါက် လက်လျော့ ထားပေးပေလိမ့်မည်။

ဤနည်းအားဖြင့် သူတို့က ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်လိုက်ကြပြီး တိုက်ခိုက်ရေးသမားကိုလည်း ရွေးချယ်ကြပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရှောင်ပိုင်က ဒုတိယမြောက် ရွေးချယ်ရမည့်သူ ဖြစ်နေသည့်အတွက် သူ့ကို ကူညီပေးလိုသည်။ သည်နည်းအားဖြင့် သူက ဂျန်ဂဲလာ ရသွားသည်။ ချီရှို့က ပြန်ရိုက်သည်။

[ကျေးဇူးတင်ပါတယ် ရှောင်ပိုင်]

ရှောင်ပိုင်၏ Streaming အခန်းထဲမှ ကြည့်ရှုသူများကလည်း ကောမန့်များ ပို့လာသည်။

[Host.. Hostက ဒီသူဌေးကို တော်တော်လေး အလိုလိုက်နေတာပဲ သူ့ကိုတောင် ကူညီပြီး ယူပေးလိုက်သေးတယ် ဟုတ်လား]

[ငါတို့ရဲ့ ရှောင်ပိုင်လေးက လူကောင်းပါ ဒီသူဌေးက ၀ရာခိုင်နှုန်း အနိုင်ရနိုင်ချေ ဆိုပေမဲ့လည်း သူဌေးကို ကူညီပြီး ယူပေးလိုက်သေးတယ်]

[၀ ရာခိုင်နှုန်း အနိုင်ရနိုင်ချေနဲ့ ဂျန်ဂဲလာ။ သူ့အသင်းဖော်တွေကတော့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေလောက်ပြီ ဟား ဟား ဟား]

[သူဌေးကို အလိုလိုက်တယ် ဟုတ်လား။ ဒါက သဘာဝပဲလေ]

မည်သို့ပင် ဆိုစေ သူဌေးက ပိုထားသော လက်ဆောင်များက ရွှေသီးသန့်မဟုတ်ဘဲ ဒါက သူ၏ဝင်ငွေများ ဖြစ်နေသေးသည်။

အသင်းဖော်များက စိတ်ပိုင်းဆိုင်ရာ မပြိုလဲရန် အလို့ငှာ ယဲ့ရှောင်းယန်က အသင်းချက် ချန်နယ်တွင် ပို့ပေးလိုက်သည်။

ရှောင်ပိုင်: [ငါတို့က အလယ်လမ်းကစားသမားနဲ့ ဂျန်ဂဲလာ နှစ်ယောက် ဝင်တိုးတာ။ ဂျန်ဂဲလာက ဒီအတိုင်း alt ကို သုံးနေတာ ဒါကြောင့် ငါတို့က ဒီကို အလကား ရှုပ်ဖို့ လာတာ မဟုတ်ဘူး]

ရှောင်ပိုင်: [အလယ်လမ်းကို ငါ့အတွက် ထားပေးလိုက် ကျေးဇူးပါပဲ]

ရှောင်ပိုင်: [ဟီးရိုးတိုက်ပွဲမှတ်တမ်း: အသူရာအရှင်သခင်၊ တိုက်ပွဲပွဲစဉ် – ၄၁၊ အနိုင်ရနိုင်နှုန်း – ၉၈ ရာခိုင်နှုန်း မင်းကျိုးစီရင်စု #1]

ထိုစီရင်စုမှ လုပ်ကြံသတ်ဖြတ်ရေး မှော်ဆရာဆိုသော အချက်က အသင်းဖော်များအားလုံးကို စိတ်အေးသွားစေလိမ့်မည်။ မျှော်လင့်ထားသည့်အတိုင်း သူ၏စာများကို မြင်ပြီးနောက် အသင်းဖော်များက စတင်ကာ 666 တို့ကို ပို့ပေးလာသည်။

အလယ်လမ်းနှင့် ဂျန်ဂဲလာနေရာကို ချန်ထားပေးရန် လူတိုင်းက အတိအလင်း သဘောတူလိုက်ကြသည်။ ထိုသို့ဖြင့် ကိုယ်ပိုင်နေရာများကို အသီးသီး ရွေးချယ်လိုက်ကြသည်။

မည်သို့ပင် ဆိုစေ 5v5 ဂိမ်းများတွင် အလယ်လမ်းကစားသမားနှင့် ဂျန်ဂဲလာက အတွဲလိုက် ဝင်တိုးလေ့ ရှိကြလေသည်။ ထို့ကြောင့် မည်သူကမှလည်း တစ်မျိုး မထင်ကြချေ။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset