AAML

အပိုင်း (၁၅)

အခန်း (၁၅)

ချီရှို့က နည်းပြလင်း ထံမှတဆင့် Alt Acc ဝင်လိုက်သည်။ ID က “ဂျန်ဂဲလာ နံပါတ်8” ဖြစ်ပြီး အရင်အဆင့်ကြယ်တစ်ပွင့် ဖြစ်သည်

အသင်းက သူတို့၏ ဗျူဟာကို အခြားအသင်းများ မသိစေရဘဲ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများတွင် အမျိုးမျိုးသော line up များနှင့် လေ့ကျင့်လေ့ရှိသည်။

ထို့ကြောင့် Alt Acc များစွာရှိသည်။ ဒါက သိပ်မကြာခင်ကမှ အဆင့်တက်ထားသော အကောင့်သစ်ဖြစ်ပြီး fri list က ကျဆင်းနေခဲ့သည်။ ဂျန်ဂဲလာ အမျိုးအစား hero များကိုသာ ဖွင့်ထားသည်။ ထို့ကြောင့် ချီရှို့အတွက် ပြင်ဆင်ထားကြောင်း ကျိန်းသေနေသည်။

ချီရှို့က နည်းပြကို ကျေးဇူးတင်လိုက်ပြီးနောက် သူ၏ computer ကို ပိတ်လိုက်ကာ အဆောင်ခန်းကို ပြန်နေကြသည်။ နည်းပြလင်းက ထို alpha ၏ တံခါးသို့ မျက်နှာမူနေသော ကျောပြင်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။

“မင်းအစောကြီး အိပ်မလို့လား ပုံမှန်အားဖြင့် မင်းမနက် ၂နာရီ ၃နာရီမှ အိပ်တာမဟုတ်လား”

“ကျွန်တော် မနက် ၁၀ နာရီ ထရမယ်” ချီရှို့က ပြောသည်။

“ရှောင်ပိုင်ရဲ့ steam ကို ကြည့်ရမယ်လေ”

လင်းဖုန်းက တိတ်ဆိတ်သွားသည်။

“ညနက်သတ္တဝါ” က ရုတ်တရက် “နေ့သတ္တဝါ”အဖြစ် ပြောင်းလဲသွားသည်။ အရာအားလုံးက ထိုstreamer ကို ကျေးဇူးတင်ရပေမည်။

“ဒါဆိုရင် ငါလည်း အိပ်တော့မယ်။ မနက်စောစော ထရမယ်”

ချီရှို့က “အင်း” ဟု ပြန်ပြောပြီးနောက် မိမိအဆောင်အခန်းအတွင်းသို့ ပြန်လာကာ ရေချိုးသည်။

နွေးထွေးသော ရေက မိမိပေါ် စီးကျလာသည်။ သူ၏ စိတ်ကမူ ယခုလေးတင် ကြည့်ထားသော ဂိမ်းထံ ရောက်သွားသည်။

လူသစ်က မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး သူက မကြောက်လန့်ချေ။ သူက ကျွမ်းကျင်ပြီး အဖွဲ့ချုပ်နှင့် နှစ်ပေါင်းများစွာ ကစားခဲ့ပြီး ဖြစ်သည်။ ချီရှို့အနေဖြင့် သူ၏ အရှေ့တွင် ကမ္ဘာ့ချန်ပီယံတစ်ယောက် ပေါ်လာခဲ့ပြီး သူ၏ စိတ်ထဲတွင် လွန်ဆွဲနေသော ကိစ္စက ထိုဂိမ်းတွင် ရှောင်ပိုင်၏ တွေးတောပုံက ချီရှို့၏ တွေးတော ပုံနှင့် တစ်ထပ်တည်း တူညီနေခြင်း ဖြစ်သည်။

ချီရှို့က ယခု ပြန်တွေးမိသောအခါ သူသာဆိုလျှင် ရှောင်ပိုင်၏ ဗျူဟာအတိုင်း အပေါ် လမ်းကိုသာ အရင်ဖြိုပေလိမ့်မည်။ ရှောင်ပိုင်ကလည်း ထို့အတိုင်း အမိန့်ပေးခဲ့သည်။ ချီရှို့က အောက် လမ်းမှ မျှော်စင်ကို သေနတ်သမားက တိုက်ခိုက်သင့်သည်ဟု တွေးလိုက်ချိန်တွင် ရှောင်ပိုင်က ထိုအတိုင်း အမိန့်ပေးလိုက်ပြန်သည်။ ထိုကဲ့သို့သော အခြေအနေ သိနားလည်သည်ကို အတိတ်က video call တွင် သူနှင့် မဖလှယ်နိုင်ခဲ့ချေ။

ချီရှို့က ခေါင်းဆောင်ဖြစ်ပြီး Team ထျန်းဟွမ်၏ မူလကတည်းက အမိန့်ပေးသူ ဖြစ်သည်။ သူ၏ အဖွဲ့သားများက သူ့ထံမှ အမိန့်ကို လက်ခံရသည်။

ပုံမှန်အားဖြင့် ချီရှို့အနေဖြင့် လမ်းသုံးခုမှ တစ်ခုကိုသာ အမိန့်ပေးသည်။ သူကသာ အမိန့်ပေးသူဖြစ်ပြီး သူကသာ မြေပုံတစ်ခုလုံးကို ထိန်းချုပ်သူဖြစ်သည်။ ချီရှို့ ယခု ကြည့်ခဲ့သော ပြိုင်ပွဲတွင် ရှောင်ပိုင်ကလည်း ချီရှို့နည်းတူ အမိန့်ပေးတတ်လေ့ ရှိသောသူဖြစ်သည်။ ပြီးပြည့်စုံသော ပြိုင်ပွဲတွင် သူက ချီရှို့အား ရှောင်ပိုင်က မည်မျှ အလားအလာ ကောင်းကြောင်း ပြောပြပေးနေသည်။ ရှောင်ပိုင်က ဒီဗျူဟာများတွင် ရှားပါးသော ပါရမီကို ပါသည်။ ထူးချွန်ပြောင်မြောက်သော အမိန့်ပေးသူ တစ်ယောက် ဖြစ်နေသည်။

မရေမတွက်နိုင်သော ကျွမ်းကျင် ကစားသမားများစွာက ကျွမ်းကျင်အဖွဲ့ချုပ်တွင် ရှိနေသော်လည်း လက်တစ်ဆုပ်စာလောက်ကသာ ထိုသို့ အင်အားကြီးမားစွာဖြင့် အမိန့်ပေးနိုင်စွမ်းအား ရှိသည်။

အချို့သော အသင်းများတွင်လည်း တစ်ယောက်ချင်း စွမ်းရည်က အလွန်ကောင်းသော ကစားသမားများကို ပိုင်ဆိုင်ထားသည်။ သို့သော် သူတို့က အမိန့်ပေးရာတွင် မတော်သည့်အပြင် အများစုကို မထိန်းချုပ်နိုင်ပဲ ကျရှုံးသွားလေ့ ရှိသည်။ သူတို့က အသင်းလိုက် တိုက်ပွဲများတွင် ရှုံးသွားလေ့ရှိသည်။ သူတို့က ဘယ်တော့အခါမှ ဂိမ်းတစ်ခုကိုမှ မနိုင်ခဲ့ချေ။

ဒါက ရှောင်ပိုင် ပြောသည့်အတိုင်း ဒီဂိမ်းက 5V5 ကစားရသော ဂိမ်းဖြစ်ပြီး တစ်ကိုယ်တော်ရှိုးပွဲ မဟုတ်ကြောင်း ပြသသွားသလို ဖြစ်နေသည်။

ကစားသမား ငါးယောက်က လမ်းသုံးခုလုံးတွင် ဒါက tower ကို အခြေခံသော ဂိမ်းများဖြစ်ကြောင်း ကောင်းမွန်စွာ နားလည်ထားပြီး ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ ကိုယ်တစ်ယောက်တည်းက အင်အားကြီးနေပြီး နိုင်နိုင်မည် မဟုတ်ချေ။ တစ်ယောက်တည်း အင်အားက အခြားသော ခေါင်းလေးခေါင်း၏ သေဆုံးမှုနှုန်းကို အလေးချိန် ပြန်ပြောင်းပြီး အနိုင်ရယူရန် ခက်ခဲပေလိမ့်မည်။

ရှောင်ပိုင်က အခြားသော ကျွမ်းကျင်ပညာရှင် အသင်းများက လျှို့ဝှက်ပျိုးထောင်ထားသော အသစ်ကလေးသာ ဆိုလျှင် အစ်ကိုဖန်း၏ မျက်နှာကို ရိုက်ချရန် ထွက်လာခဲ့သော အသစ်ကလေးသာ ဆိုလျှင် ချီရှို့က အနာဂတ်တွင် ကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်ရတော့မည်။ ထိုအရာက ချီရှို့၏အတွေး ဖြစ်သည်။

သူက ထိုမျှ ခက်ခဲစွာ အိပ်ရာဝင်လိုက်ပြီးနောက် ရှောင်ပိုင်၏ steam ကို မနက်ဖြန်မနက် ၁၀ နာရီ စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။

ထိုအချိန်တွင် Team ကျင်းကျယ်၏ HQ … (ဌာနချုပ်)

ဖန်းကျန်းချင်က မျက်မှန်ကို နှာခေါင်းရိုးပေါ်သို့ ပင့်တင်လိုက်ပြီးနောက် ဖန်သားပြင် ညာဖက်အောက်ထောင့်နားလေးမှ အဖြူရောင် အချောင်းလေးကို ကြည့်သည်။

“ဒီ reddog က တော်တော်လေးကို ချစ်စရာကောင်းနေပြီ ဒါက အထီးလား အမလားမသိဘူး ဘယ်နှစ်လ ရှိလောက်ပြီလဲ။ ဆေးပဲထိုးထားတာလား သင်းထားတာလား မသေချာဘူး ဖြစ်နေတယ်”

အသင်းဖော်များက သူ့ကို ကြည့်လိုက်သည်။

ရှဲ့ယွမ်က သူ့လျှာသူ မထိန်းနိုင်တော့ပဲ လှမ်းအော်လိုက်သည်။

“မင်း အသူရာအရှင်ရဲ့ ဂိမ်းပွဲကို ကြည့်နေတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ကြောင်ကို စစ်နေတာလဲ”

ဖန်းကျန်းချင်က မျက်လုံးကို မှေးကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်မောင်းထဲျမှ အမဲရောင် မျက်နှာနှင့် reddog လေးကို ကြည့်လိုက်သည်။

“ဂိမ်းက ဘာများစိတ်ဝင်စားစရာ ကောင်းလို့လဲ ဘယ်ပရိုကစားသမားမဆို ဒီအဆင့်ကို ကစားနိုင်တယ်”

သူက တစ်ခဏခန့် ရပ်တန့်ပြီးနောက် ကြောင်လေးကို ဘေးနားသို့ ချကာ သူ၏နည်းပြကို လှည့်ကြည့်လိုက်သည်။

“ဒီရှောင်ပိုင်က စိတ်ထဲမှာ တွက်ချက်တာ တော်တယ်။ ဒီလိုနဲ့ ဒီပြိုင်ပွဲကို တစ်ပတ်လှည့်ပြီး နိုင်သွားစေခဲ့တာပဲ။ သူက အမိန့်ပေးတဲ့ နေရာမှာ တော်တော်လေးကို တော်တယ်”

အမိန့်ပေးရာတွင် တော်သော ကစားသမားက သူတို့၏ နယ်ပယ်တွင် ၁၀ ယောက်ပင် မပြည့်လောက်ချေ။ သို့သော် ကောင်းကောင်း ကစားနိုင်သော ကစားသမားများက သူတို့၏ နယ်ပယ်တွင် ရိုက်သတ်၍ပင် မကုန်။ သို့သော် ကောင်းမွန်စွာ အမိန့်ပေးနိုင်သော ကစားသမားများကမူ လက်တစ်ဆုပ်စာပင် မပြည့်ချေ။

နည်းပြချန်းက သံသယအပြည့်ဖြင့် သဘောတူကြောင်း မေးလိုက်သည်။

“မင်းတို့တွေ ဒီမီနီယံတွေကို စီမံခန့်ခွဲတဲ့ ပုံစံက ခေါင်းဆောင်ချီရဲ့ ပုံစံနဲ့ တူတယ်လို့ မထင်ဘူးလား”

ဖန်းကျန်းချင်က ခေါင်းညိတ်သည်။

“ချီရှို့နဲ့လည်း တော်တော်လေး တူတယ်။ ချီရှို့ရဲ့လက်ထောက် ချန်းရှင်းနဲ့ငါ ကစားခဲ့ဖူးတယ်။ အရင်က အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာလေ။ သူ့ရဲ့ skill က ဒီအဆင့် မဟုတ်သေးဘူး။ ဒီတော့ နည်းပြလင်းက အသစ်ပျိုးထောင်ပေးထားတဲ့ ဗျူဟာပညာရှင်များလား”

အခန်းရှိလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။ နည်းပြချန်းက ဆုံးဖြတ်ပြီးနောက် ဝင်ပြီး အမိန့်ပေးသည်။

“အဲ့ဒီလိုပဲ လုပ်ရအောင်”

“ဒီညလည်း ငါတို့မှ ဘာအစီအစဉ်မှ မရှိဘူးဆိုတော့ အိပ်ယာစောစော ဝင်ကြတော့ မနက်ဖြန် မနက် ၁၀နာရီ ထပြီး အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ ဝင်ပြီး တိုးကြတာပေါ့”

“မင်းတို့ကသာ ဒီရှောင်ပိုင်နဲ့ ဝင်တိုးပြီး ကိုယ်တိုင်ကိုယ်ကျ သူရဲ့ skillကို မြင်နိုင်ရင် မကောင်းဘူးလား”

တစ်ချိန်တည်းတွင်ပင် ယဲ့ရှောင်းယန်က နှစ်ခြိုက်စွာ အိပ်မောကျနေပြီ ဖြစ်သည်။ သူ၏ အိပ်မက်ထဲတွင် သူက ကမ္ဘာ့ ချန်ပီယံရှစ် စင်မြင့်ပေါ်တွင် ရပ်နေသည်။ လက်ထဲတွင်လည်း ရွှေရောင် ဆုဖလားကို ခေါင်းထက်ကျော်အောင် မြောက်ထားပြီး လူတိုင်းက သူ၏ နာမည်ကို ကျယ်လောင်စွာ အော်ကာ အားပေးနေကြသည်။ လှပသော အိပ်မက်ကိုကျေးဇူးတင်ရပေမည်။

ယဲ့ရှောင်းယန်က အားအင်အပြည့်ဖြင့် နိုးထလာသည်။ သူက စိတ်အခြေအနေ ကောင်းနေသည်။ ယဲ့ရှောင်းယန်က ထမင်းစားခန်းသို့ ဝင်လိုက်သောအခါ သူ၏ တိတိလေးက မနက်စာပြင်ဆင်ပြီးကြောင်း မြင်လိုက်ရသည်။ မနက်အစောပိုင်းတွင် ကိစ္စများကို လုပ်ဆောင်ရမည် ဖြစ်သည်။ သူတို့၏ မနက်စာက သူ့ကို အားဖြည့်ပေးနိင်ပြီး ပဲနို့ပူပူ နှစ်ခွက်နှင့် အသားပေါက်စီများ ဖြစ်နေလေရာ သူ့ကို စိတ်ကျေနပ်သွားစေသည်။ စားသောက်ပြီးလျှင် ယဲ့ရှောင်းယန်က ရှောင်ပိုင်လေးကို သူ၏ အစာဘူး တစ်ဝက်ကို ထည့်ကျွေးလိုက်သည်။

ထိုနောက် ရှောင်ပိုင်နှင့် ခနမျှ ကစားပြီးမှသာ ထိုအကောင်လေးကို သူ၏ တိုက်ခန်း တောက်လျှောက် ပတ်ပြေးစေလိုက်ပြီး ဆော့ကစားလိုက်သည်။ အားလုံး ပြီးသွားမှသာ ရှောင်ပိုင်လေးက အစာကြေ သွားသဖြင့် ယဲ့ရှောင်းယန်က သူ့ကို စာဖတ်အခန်းထဲသို့ ခေါ်လာပြီး ကွန်ပျူတာအရှေ့နားသို့ ခေါ်လာပြီး ထားလိုက်သည်။ သူ၏ steaming အခန်းက follower ၄သိန်းကျော် နေလေပြီး ၁သိန်းခွဲခန့်က subscribed လုပ်ထားကြသည်။

နောက်ထပ် အာရုံတစ်သုတ်ကို မနေ့ညက အိပ်ယာဝင်သွားပြီးနောက် ထပ်မံဆွဲဆောင်လိုက်သည်။ အများအားဖြင့် follower အသစ်များက အစ်ကိုငါး၏ anti fan များ ဖြစ်ကြသည်။

အစ်ကိုငါး၏ Anti fan အသင်းများက အလွန်အင်အားကြီးသည်။

အဖြူရောင် ကြောင်ပေါက်လေးက ဖန်သားပြင်၏ ညာဘက်ထောင့်နား တစ်ဖန်ရောက်လာကြောင်း မြင်လိုက်ရသောအခါ ကြည့်ရှုသူများအားလုံးက စိတ်လှုပ်ရှား သွားကြသည်။

[ကြောင်လေး ကြောင်လေး ကြောင်လေး]

[ငါတို့ရဲ့ မြောင်မြောင်လေးက ဒီနေ့လည်း ချစ်စရာကောင်းနေတာပဲ]

[မင်္ဂလာနံနက်ခင်းပါ host ရေ Streamer တွေက မနက်စောစော ထတာ တော်တော်ရှားတယ်]

[အလုပ်ကနေကြည့်နေတာ host ကျေးဇူးပြုပြီး အသူရာအရှင်ကို ဘယ်လို ကစားရလဲ သင်ပေးပါအုံး]

[ငါက အစ်ကိုငါးရဲ့ channel က လာတာလေ သူက မနေ့က ရှုံးသွားတော့ host ကို လိမ်တယ်ဆိုပြီး ပြောနေတယ်]

“ငါလည်း အစ်ကိုငါးအခန်းက လာတာပဲ Host ရဲ့ အသူရာအရှင်က အစ်ကိုငါးထက် ပိုသာတာ သေချာနေတာပဲ။ ငါ subscribed လည်း လုပ်ပြီးသွားပြီ။ ရှောင်ပိုင်ရဲ့ အခန်းမှာပဲ အခုကစပြီး နေတော့မယ်]

ယဲ့ရှောင်းယန်က ကော်မန့်များကို ကျော်ဖတ်ပြီး ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော်က မနက် ၁၀ နာရီကနေ နေ့လည်အထိ ကစားမယ်။ အဲ့ဒီနောက် နေ့လည်စာ စားဖို့ ခနနားမယ်။ ကိစ္စထွေထူးထူးသာ မရှိရင် ကျွန်တော် ဆက်လက်ပြီး ကစားဖြစ်မှာပါ။ အားလုံးပဲ ကြည့်ရှု ကြဖို့ ကြိုဆိုပါတယ်”

သူ၏ ဘေးနားမှ ချင်ရွေ့က လက်တော့ကို ဖွင့်လိုက်ပြီးနောက် ဂိမ်းထဲသို့ ဝင်လိုက်သည်။

ယဲ့ရှောင်းယန်က ဆက်ပြောသည်။

“အပိုစကားတွေနဲ့ အချိန်ဖြုန်း မနေတော့ဘူး ဒီနေ့ ငါက အသူရာအရှင်ရဲ့ တိုက်ပွဲဝင်စွမ်းအားကို တည်ဆောက်ဖို့ ဆုံးဖြတ်ထားတယ်။ မင်းတို့တွေ ဒီလို hero ကို ဘယ်လို ကစားရမလဲ။ သူက ဘယ်လို gear နဲ့ အကောင်းဆုံး လိုက်ဖက်သလဲဆိုတာ သိချင်ကြရင် လိုက်ကြည့်ဖို့ မျှော်လင့်တယ်။ မနေ့က ငါက ဘုရင်အဆင့်တက်ဖို့ အရမ်းကို အလုပ်များနေလို့ စကားပြောဖို့ အချိန်မရခဲ့ဘူး”

ထိုသို့ဖြင့် ကျည်ဆန် ကော်မန့်များထဲတွင် ရွှေရောင် ကြေညာချက်များ ထွက်ပေါ်လာသည်။

[ဂျန်ဂဲလာနံပါတ်8က ရှောင်ပိုင်ကို ပင်လယ်နက် ငါးခူတစ်ကောင် ချီးမြင့်လိုက်တယ်] [x1]

[ဂျန်ဂဲလာနံပါတ်8က ရှောင်ပိုင်ကို ပင်လယ်နက် ငါးခူတစ်ကောင် ချီးမြင့်လိုက်တယ်] [x2]

[ဂျန်ဂဲလာနံပါတ်8က ရှောင်ပိုင်ကို ပင်လယ်နက် ငါးခူတစ်ကောင် ချီးမြင့်လိုက်တယ်] [x3]

[ဂျန်ဂဲလာနံပါတ်8က ရှောင်ပိုင်ကို ပင်လယ်နက် ငါးခူတစ်ကောင် ချီးမြင့်လိုက်တယ်] [x100]

ထိုသို့ဖြင့် ကြေညာချက် ၁၀၀ ဆက်တိုက်ထွက်ပေါ်လာပြီး ဖန်သားပြင် တစ်ခုလုံးကို ပြည့်နှက်သွားသည်။ ယဲ့ရှောင်းယန်ကမူ ကြယ်များကိုသာ မြင်နေရသည်ဟု ခံစားလိုက်ရသည်။ streaming အခန်းထဲမှ ရှိတဲ့သူများကလည်း ကန်းသွားသည်ဟု ခံစားလိုက်ရသည်။

[သောက်ကျိုးနည်း သောက်ကျိုးနည်း တကယ်ကို သောက်ကျိုးနည်းပဲ အသုံးအဖြုန်းကြီးတဲ့သူကြီး ပေါ်လာတာပဲ]

[ဝါး တကယ်ကို အသုံးအဖြုန်းကြီးတဲ့သူကြီး မမျှော်လင့်ထားပဲ ပေါ်လာတာပဲ။ ငါးခူ အကောင် ၁၀၀ တောင် ဒါက ယွမ်၁သိန်းက တစ်ခါတည်း သွင်းလိုက်တာ မဟုတ်လား]

[ရှောင်ပိုင်ကတော့ ခနလေးနဲ့ ပိုက်ဆံအများကြီး ရသွားပြီ]

ယဲ့ရှောင်းယန်က ပြောသည်။

“ကျေးဇူးတင်ပါတယ် ဂျန်ဂဲလာနံပါတ်8 ကျေးဇူးတင်ပါတယ်။ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု ရပ်လိုက်ပါတော့။ ကျွန်တော် အများကြီးလည်း လက်မခံနိုင်ပါဘူး”

ငါးခူအကောင် ၁၀၀ ဆက်တိုက် သွားသော ဂျန်ဂဲလာ နံပါတ်8က

#1 [လေးစားရသော VIP] ဖြစ်သွားသည်။

ဂျန်ဂဲလာနံပါတ်8 ကော်မန့်များကသာ ထိပ်ဆုံးတွင် ကြီးမားစွာ ပေါ်လာမည်ဖြစ်သည်။

ထိုသို့ဖြင့် ဂျန်ဂဲလာနံပါတ်8က စာရိုက်လာသည်။

: [Host က ပရိသတ်တွေကိုရော သယ်ပေးလား]

ယဲ့ရှောင်းယန်က မျက်တောင် တစ်ချက် ခတ်လိုက်ပြီး streamer အများစုက အဆင့်တက် ပြိုင်ပွဲများတွင် တိကျသေချာသော လက်ဆောင်များကိုသာ ပေးမည်ဆိုလျှင် ပရိသတ်တစ်ယောက်ကို သယ်ပေးလေ့ရှိသည်။ ဒါကလည်း streamer လောကမှာ ပုံမှန်သာ ဖြစ်ပြီး ပရိုကစားသမားများကမူ ထိုသို့ လုပ်ခဲသည်။

ကြိုတင် မမျှော်လင့်ထားသော စာများကို မြင်လိုက်သောအခါ ယဲ့ရှောင်းယန်၏စိတ်က တစ်ခဏခန့် ဗလာဖြစ်သွားသည်။

ဂျန်ဂဲလာနံပါတ်8က ထပ်ဖြည့်ပြောသည်။

: [ငါက streamer နဲ့အတူ တိုးချင်တာပါ။ host က ကြယ်နည်းနည်း ရအောင် ကူညီပေးနိင်မလား]

အခြားသော အခန်းထဲမှ ကြည့်ရှုသူများကမူ ထို comment များကို မြင်ပြီး ချက်ချင်းပင် သူတို့ host ကို ဝိုင်းပြီး ဖြောင့်ဖြပေးကြသည်။

[Host မြန်မြန် လက်ခံတယ်လို့ပြောလိုက်..]

[ဟုတ်တယ် ဟုတ်တယ် Host မြန်မြန်လေး လက်ခံမယ်လို့ပြောလိုက်လေ]

[ပိုက်ဆံအိတ်က ငါးခူတွေတောင် အများကြီးပို့ထားတာ သူ့ကို အဆင့်တက်ဖို့ပဲ ကူညီပေးလိုက်ပါ။ ဒါက အချစ်စစ် အချစ်မှန်ပဲ]

[အသုံးဖြုန်းကြီးသူရဲ့ အချစ်စစ်က အရမ်းကို တောက်ပလွန်းတယ်။ ငါ ဒီလို အချစ်စစ်လေး လိုချင်လိုက်တာ]

ယဲ့ရှောင်းယန်က ဖန်သားပြင်ကိုသာ စိုက်ကြည့်နေမိသည်။

အောင်မြင်ကျော်ကြားသော streamer တိုင်းက သူတို့၏ အခန်းများတွင် အသုံးဖြုန်းကြီးသူများကို ပိုင်ဆိုင်လေ့ ရှိသည်။ အသုံးအဖြုန်းကြီးသူများကလည်း သူတို့အနှစ်သက်ဆုံး streamer များနှင့် ရင်းနှီးလေ့ရှိသည်။ ထို့ကြောင့် အတူ ဝင်တိုးခြင်းက ပုံမှန်အတိုင်းပဲ ဖြစ်နေသေးပြန်သည်။

မည်သည့် streamer ၏ ဝင်ငွေကမဆို သူတို့ လက်ဆောင်များများ ရရှိသည် ဆိုသည့် အချက်နှင့် တိုက်ရိုက် ဆက်သွယ်နေလေရာ Streamer အများစုက ထိုသို့ အသုံးအဖြုန်းကြီးသူများ၏ စကားကို အနည်းနှင့်အများ လက်ခံပေးလေ့ ရှိကြသည်။ ဂျန်ဂဲလာနံပါတ်8 က လက်ဆောင်ပေါင်းများစွာ ပို့လိုက်သည်။ သူက ရှောင်ပိုင်ကို တစ်ခဏခန့် သူနှင့် ဝင်တိုးစေချင်ရုံသာ ဖြစ်သည်။ ဒါက အကျိုးအကြောင်း သင့်လျော်သည်။ ငြင်းဆန်ရလည်း မလွယ်ကူချေ။ သို့သော် ကြည့်ရှုသူ အများစုက လက်ခံလိုက် လက်ခံလိုက်ဟု ပြောနေပြီး ထိုစကားများကသာ ပြည့်နက်လာလေရာ မသိလျှင် သူက လက်ထပ်ခွင့် တောင်းခံရသလို ဖြစ်နေသည်။ ယဲ့ရှောင်းယန်က ကူကယ်ရာမဲ့စွာဖြင့် တစ်ခုခု ပို့လိုက်သည်။

“ကောင်းပါပြီ အသုံးအဖြုန်းကြီးသူ မင်းက boss ပါပဲ မင်းရဲ့ IN Game ID ကို သီးသန့်မက်ဆေ့ကနေ ပို့လိုက်။ ငါ အပ်လိုက်မယ်”

သူကလည်း ရွေ့ရွေ့ကို ဘုရင်အဆင့်ရောက်အောင် သယ်ပေးခဲ့သည့်အတွက် ထိုဂျန်ဂဲလာကို မည်သည့် နေရာတွင်မဆို သယ်သွားပေးနိုင်သည်။ ထိုဂျန်ဂဲလာက မဆိုးရွားလွန်းနေလျှင် အဆင်ပြေသည်။

ကိုယ်ပိုင်ကွန်ပျူတာအရှေ့တွင် ထိုင်နေသော ချီရှို့၏ နှုတ်ခမ်းများက ကော့တက်သွားကာ ပြုံးလိုက်သည်။ သူက သီးသန့် မက်ဆေ့ပို့လိုက်သည်။

: [Player ID- 7658337၊- ဂျန်ဂဲလာနံပါတ်8 မြင်ရတယ်မလား]

ရှောင်ပိုင်က အလွန်ကျော်ကြားသော streamer ဖြစ်သည်။ ချီရှို့ကသာ သူ့ကို တိုက်ရိုက် friend request တိုက်ရိုက် ပို့လိုက်လျှင် ရှောင်ပိုင်က လက်ခံမည် မဟုတ်ပေ။ ထို့ကြောင့် ချီရှို့ကသာ လက်ဆောင်ပို့ပြီး မိတ်ဆွေဖြစ်ချင်သည်ဆိုသော ဗျူဟာကိုသာ ထုတ်သုံးလိုက်ရသည်။ ထိုနည်းလမ်းက streamer လောက တွင် ကျော်ကြားသည်။ ရှောင်ပိုင်ကလည်းသူ့ကို အပ်ပေးရန် အကြောင်းပြချက် ရသွားပြီ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း သူက [ရှောင်ပိုင်] ၏ friend request ကိုလက်ခံရရှိပြီးဖြစ်သည်။ ချီရှို့က ချက်ချင်းပင် လက်ခံလိုက်သည်။

ယဲ့ရှောင်းယန်က ဂျန်ဂဲလာနံပါတ်8 ကို သူ၏ အသင်းအဆင့် သတ်မှတ်ချက် ပြိုင်ပွဲအတွင်းသို့ ဆွဲခေါ်လာသည်။ ချီရှို့က ရှောင်ပိုင်ဆိုသော နာမည်နှင့် ရှောင်ရွေ့ဆိုသော နာမည်ကို မြင်လိုက်ရသောအခါ မေးခွန်းထုတ်၍ မေးလိုက်သည်။

[ဒီရှောင်ရွေ့က …]

ယဲ့ရှောင်းယန်က mic ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“Hello သူဌေး ငါ့ရဲ့ တိတိ ပါ သူက ငါနဲ့အတူ ဝင်တိုးလိမ့်မယ်”

တိတိ ဟုတ်လား ဘယ်လို Pro အသင်းက ညီအစ်ကိုနှစ်ယောက်လုံးကို အတူလေ့ကျင့်ခိုင်းတာလဲ။

ချီရှို့ကမူ အသင့်ခလုတ်ကို နှိပ်လိုက်သည်။ ယဲ့ရှောင်းယန်က ယဉ်ကျေးစွာဖြင့် ပြောသည်။

“သူဌေး မင်းရဲ့နာမည်က ဂျန်ဂဲလာ နံပါတ်8 ဆိုတော့ မင်း ဂျန်ဂဲလာပဲ ကစားတာပေါ့”

“ဟုတ်တယ် ငါက ဂျန်ဂဲလာအမျိုးအစား hero တိုင်းကို ဝယ်ထားတယ်”

“ကောင်းပြီ ပြီးပြည့်စုံတာပေါ့။ ငါက အလယ်လမ်းပဲ ကစားတယ်။ ရှောင်ရွေ့က အထောက်အပံ့ boss က ဂျန်ဂဲလာပေါ့”

[ပြဿနာမရှိဘူး]

“ကောင်းပြီ စရအောင်”

သူတို့၏ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက စတင်ပြီး သူတို့အတွက် အသင်းကို ရှာဖွေသည်။ ယခုက သောကြာနေ့ဖြစ်သည်။ မနက် ၁၀နာရီတွင် ဘုရင်အဆင့် ကစားသမားအများစုက မနက်ထိ ကစားခဲ့ပြီးလေရာ ယဲ့ရှောင်းယန်က မိနစ်အနည်းငယ် စောင့်ရပြီးမှသာ match တစ်ခုကို ရမည်ဟု ထင်ထားသည်။ သို့သော် ချက်ချင်းလိုလို ဝင်တိုးလိုက်နိုင်သည်။

ယဲ့ရှောင်းယန်က အပြာရောင်အသင်းဖက် ကျပြန်သည်။ သူက ပထမဦးဆုံး ရွေးချယ်ရမည် ဖြစ်သည်။ သူက ချက်ချင်းလိုလို အသူရာအရှင်သခင်ကို ရွေးချယ်လိုက်သည်။

ဒုတိယမြောက် ရွေးချယ်ရမည့်သူက အနီရောင်အသင်းဖြစ်ပြီး သူတို့က မျက်လုံးတစ်ဖက် မြွေဘုရင်နှင့် အဆိပ်မှော်ဆရာကို ရွေးချယ်လိုက်သည်။

ချီရှို့က မျက်မှောင်ကျုံ့လိုက်ပြီးနောက် ဆိုးဝါးသော ခံစားချက်ကို ရလိုက်သည်။ ရန်သူက အဆိပ်အသီး combo ကို ထုတ်သုံးမည် ဖြစ်သည်။

ဒါက အွန်လိုင်းအဆင့် ပြိုင်ပွဲ ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ခက်ခဲသော အသင်းနဲ့ လာကြုံနေရလေသည်။

ထိုအချိန်တွင် ချီရှို့၏နောက်မှ ခြေလှမ်းသံ ပေါ့ပေါ့ကို ကြားရပြီး သရဲတစ်ကောင့် ရွေ့လျားလာသလို ခံစားလိုက်ရသည်။

နည်းပြလင်းက ရောက်လာလေပြီ။ ချီရှို့က သူ၏ အိပ်သည့်အလေ့အကျင့်ကို ပြောင်းလဲပြီးနောက် စောစောထသည်။ တစ်နည်းအားဖြင့် သူက ရှောင်ပိုင်နှင့်အတူ ဝင်တိုးနိုင်မည် ဖြစ်သည်။ နည်းပြလင်းကလည်း သူ၏ အိပ်ချိန်ကို အကောင်းဆုံးကြိုးစားကာ ပြောင်းထားပြီးနောက် မနက်စောစော ထလာခဲ့ခြင်းအားဖြင့် ချီရှို့က ထိုstreamer နှင့်အတူ ဝင်တိုးခြင်းအား ကြည့်သည်။

သူက ချီရှို့၏ ဘေးနားသွားလိုက်ပြီးနောက် ဘေးနားတွင် ဝင်တိုက်လိုက်ကာ computer ကို ဖွင့်လိုက်သည်။ ချီရှို့က သူ့ကို ခပ်တိုးတိုးပြောသည်။

“နည်းပြ ဒီalt ကို ကျွန်တော့်ကို ပေးလိုက်တော့။ ဒါက သူနဲ့ match marking အရမ်းမြင့်တယ်”

လင်းဖုန်းက တန်းဖြေသည်။

“ဒါပေါ့ ငါတို့ရဲ့ လက်တွေ့စခန်းက အသစ်လေးကို မြန်မြန် အဆင့်တက်ခိုင်းထားတာလေ”

အဆင့်မြန်မြန်တက်သော အဓိပ္ပာယ်က ဆက်တိုက်နိုင်သွားပြီး ဘုရင်အဆင့်သို့ တန်းရသွားသည်ကို ဆိုလိုသည်။ ဘုရင်အဆင့် စမှတ်တွင် ယှဉ်ပြိုင်ပွဲအတွင်း စတင်ကြမ်းတမ်းလာသည်။ ဂိမ်း၏ systemက MMRs ကို ထည့်တွက်ခြင်းအားဖြင့် သင့်တော်သော ကစားသမားကို စီစဉ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကစားသမား တစ်ယောက်ချင်းစီတိုင်း၏ MMRs ကို ဝှက်ထားလေသည်။

စနစ်က သာမန်ကစားသမားများ၏ သာမန်အဆင့်နှင့် နိုင်နိုင်နှုန်းကိုလည်း အခြေခံကာ တွက်ချက်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် MMRs မြင့်သော လူများက MMRs မြင့်သော လူများနှင့်သာ ဆော့ရသည်။ ဒီနည်းအားဖြင့် ပြိုင်ပွဲများက ဟန်ချက်ညီနေပြီ ဖြစ်ကာ စိတ်ဝင်စားဖို့ ပိုကောင်းနေလိမ့်မည် ဖြစ်သည်။ တစ်ဖက်သတ် တိုက်ခိုက်သော ပြိုင်ပွဲမျိုး ဖြစ်လာတော့မည် မဟုတ်ပေ။

ရှောင်ပိုင်က ရှောင်ရွေ့ကို ဘုရင်အဆင့်ရောက်အောင် ဆက်တိုက် တက်ထားပေးသည်။ ထိုသို့ဖြင့် သူက ပွဲ၅၀ ဆက်တိုက်နိုင်ထားသည်။ ချီရှို့ ရထားသော alt အကောင့်ကလည်း အလားတူပင်။ ဘုရင်အဆင့်သို့ ခပ်မြန်မြန် ရောက်ခဲ့သော ‌alt အကောင့် ဖြစ်နေသည်။

ထို့ကြောင့် သုံးယောက်လုံးက MMRsချင်း အလွန်မြင့်ပြီး ကိုက်ညီနေခဲ့သည်။ ထို့ကြောင့် အတူ သုံးယောက်ပေါင်းကာ တိုးလိုက်သောအခါ အခြားသော MMRs မြင့်သော အသင်းနဲ့သာ ကြုံရသည်။

ချီရှို့က ခန့်မှန်းရန် မလိုအပ်တော့ချေ။ သူက တည်ငြိမ်စွာ ပြောသည်။

“ကျွန်တော်တို့ သုံးယောက်က ကျင်းကျယ်အသင်းနှင့် လာကြုံနေတယ်လို့ ထင်တယ်။ ခေါင်းဆောင်ဖန်က ဦးဆောင်ထားတာ”

လင်းဖုန်းက သမ်းနေရင်း တဝါးဝါးဖြင့် ထိုစကားကို ကြားသောအခါ သူ၏သမ်းနေသော လုပ်ရပ်က ရပ်တန့်သွားပြီးနောက် မတ်မတ် ပြန်ထိုင်ပြီးနောက် streamingအခန်း အတွင်းသို့ ဝင်ရောက်ကာ ကြည့်သည်။

“မနက်၁၀ နာရီပဲ ရှိသေးတယ်။ ဒီကောင်တွေ အစောကြီး ဘာထလုပ်တာလဲ”

ချီရှို့က ပြောလိုက်သည်။

“ဘယ်သူသိမှာလဲ”

ရှင်းပြရခက်ခဲစွာဖြင့်ပင် ညဇီးကွက် ပေါင်းများစွာက ရုတ်တရက် နေအလင်းရောင်နှင့်အတူ ထလာသည်။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset