AAML

အပိုင်း (၁၄)

အပိုင်း (၁၄)

ဝေလငါး Streamingတွင် သူတို့၏ ပလက်ဖောင်း inter face ညာဘက်အောက်ခြေနားတွင် Streamer ပုံရိပ် ဖန်သားပြင် စကရင်ဆိုပြီး ရှိသည်။ Streamer အများစုက သူတို့က Webcam များကို ဖွင့်ထားပြီးနောက် သူတို့၏ မျက်နှာအစစ်များကို ပြကြသည်။ ကြည့်ကောင်းသော Streamer များက ထိုနယ်ပယ်တွင် အားသာချက် ရရှိပြီးလေပြီ။ အချို့ကမူ သူတို့၏ ရုပ်ရည်ကို ပြသရန် ဆွဲဆောင်မှု မရှိလွန်းဟု ခံစားရသဖြင့် ဂိမ်းမှ ဂရက်ဖစ်ကို ဖြစ်စေ ဖန်ကလပ်မှ icon များကို ဖြစ်စေ ပြထားလေ့ ရှိသည်။ သို့သော် ချီရှို့အနေဖြင့် ပထမဆုံးအကြိမ် ထိုStreamerက ကြောင်ကို ထားထားကြောင်း မြင်ရခြင်း ဖြစ်သည်။

ကြောင်၏ နားရွက်များက ကော်ဖီရင့်ရောင်ဖြစ်ပြီး အမွေးပွများ ရှိသော အမြီးက ရှဉ့်ပေါက်လေးအလား ထင်ရသည်။ လည်ပင်းတွင်လည်း မာဖလာကဲ့သို့ ဖြစ်နေသည့် နှင်းဖြူရောင် အမွေးဖြူဖြူလေးက ပို၍ ချစ်စရာကောင်းနေပြီး သူ့တွင် မျက်လုံးပြာကြီးများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အလွန်အမင်း ချစ်စရာကောင်းသည်။

သတင်းကျောင်းက ဒါဟာ အစ်ကိုငါး ရိုက်ချခံရသည့် ဂိမ်းရီကောဒင်းဖြစ်ကြောင်း မပြောထားခဲ့လျှင် ချီရှို့အနေဖြင့် ထိုStreamer ရှောင်ပိုင်က Live လွှင့်ပြီး ကြောင်စာရောင်းသည်ဟုပင် ထင်မိလောက်သည်။

ချီရှို့က ထိုကြောင်လေးက ကစားနေရင်းမှ တဖြည်းဖြည်း လုံးသထက် လုံးသွားခြင်းအား ကြည့်နေလိုက်သည်။ ထို့နောက် သူက ထိုStreamer ပုံရိပ်ကို တွေ့လိုက်ပြီးနောက် ဂိမ်း၏ အင်တာဖေ့တွင်သာ အာရုံစိုက်ကြည့်လိုက်သည်။

မင်ကျိုး၏စီရင်စုတွင် အသူရာအရှင်သခင်ဖြင့် #1 ရထားသော ထိုရှောင်ပိုင်က ဟီးရိုးအသစ်ကို သုံး၍ မည်သို့ ကစားမည်ဖြစ်ကြောင်း သိလိုသည်။ ထိုတစ်ခဏတွင် နည်းပြလင်းက လက်ထဲတွင် ရေနွေးဘူးကို ကိုင်လျက် ရောက်လာသည်။

နည်းပြလင်း၏ ခြေလှမ်းများက ငှက်မွေးကဲ့သို့ ပေါ့ပါးသည်။ သူက အမြဲတစေ တစ္ဆေကဲ့သို့ ဟိုဟိုဒီဒီ လျှောက်သွားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်းဟွမ် ကစားသမားအများစုက လေ့ကျင့်နေရင်း အနည်းငယ်ပင် စိတ်မလွှင့်ရဲကြချေ။ အကြောင်းမူကား နည်းပြလင်းက သူတို့ကို အမိဖမ်း၍ ရှိသောကြောင့် ဖြစ်သည်။

“နည်းပြ”

ချီရှို့က နှုတ်ဆက်လိုက်သည်။

“ကျွန်တော်နဲ့အတူ ဒါကို ကြည့်ချင်လား။ ဒါက အသူရာအရှင်ကို ဆော့ထားတာ မင်ကျိုးရဲ့ စီရင်စု #1လေ”

နည်းပြလင်းက ခြေလှမ်းများကို ပြင်ဆင်လိုက်ပြီးနောက် ချီရှို့၏အနားသို့ လျှောက်လာကာ ဖန်သားပြင်ကို ငုံ့ကြည့်သည်။

“စီရင်စု အဆင့်သတ်မှတ်ချက် ရတာ ဒီလောက်မြန်လား။ ငါ မှတ်မိတာ မှန်မယ် ဆိုရင် မင်းမှာ အနည်းဆုံး တိုက်ပွဲဝင် စွမ်းအား 7000 ကျော် ရှိမှ ဒီဘုတ်စာရင်းဝင်မှာလေ။ အနည်းဆုံး ဂိမ်း၄၀ကျော်လောက် MVP ရရလိမ့်မယ်”

“ဒီStreamer အသစ်က နေရှင်နယ်ဘုတ်ကိုတောင် ဝင်ဖို့ ကြိုးစားနေတာ”

ချီရှို့က ပြောသည်။

“ကျွန်တော် ဒါကို ဂရုချက်ထဲကနေ ဒေါင်းလုတ်ဆွဲထားတာ”

နည်းပြလင်းက ရေနွေးဘူးကို ချလိုက်ပြီးနောက် စိတ်ဝင်တစားကြည့်သည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ အတူကြည့်ရအောင် ဖွင့်လိုက်”

ချီရှို့က ချက်ချင်း ပြန်နှိပ်ဖွင့်လိုက်သည်။ ပွဲ၏ အစတွင် အပြာရောင်အသင်းက အသူရာအရှင်ကို ချက်ချင်း လှမ်းယူလိုက်သည်။ နှစ်ဖက်လုံးက ဟီးရိုးအသီးသီး ယူကြသည်။ ချက်ဘောက်တွင် ရှောင်ပိုင်က အမိန့်ပေးသော စာသား ပေါ်ထွက်လာသည်။ သူက အသင်းဝင်များကို နတ်ဘုရားလေးသည်တော်၊ လူရမ်းကားနှင့် လူမိုက်တို့ကို ယူခိုင်းခြင်း ဖြစ်သည်။ သာမန်ကြည့်ရှုသူများနှင့် ပရိုနည်းပြများက တူညီသော ပုံစံဖြင့် အသင်းပုံစံကို ခွဲခြမ်းစိတ်ဖြာခြင်း မဟုတ်ချေ။ ယဲ့ရှောင်းယန်က ထိုဟီးရိုးများကို ရွေးသောအခါ ချက်ခန်းတွင် သံသယပေါင်းများစွာကို ပေါ်ထွက်စေခဲ့သည်။ သို့သော် ကျွမ်းကျင်နည်းပြ တစ်ယောက်အနေဖြင့် သူ့အတွေးကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

“အနီအသင်းရဲ့ Line up က အစောပိုင်းဂိမ်းမှာ အတော် အင်အားကြီးတယ်”

လင်းဖုန်းက ပြောသည်။

“သူက အရှိန်နှုန်းကို မှီခိုပြီး လျင်လျင်မြန်မြန်နဲ့ တိုက်ပွဲတွေကို ရှောင်ရှားလို့ ဂိမ်းတစ်ခုလုံးကို ထိန်းချုပ်ချင်တာလား”

ချီရှို့ကလည်း အကြောင်းပြချက် ပြန်ပေးသည်။

“ဒီလိုနယ်မြေကျယ်တဲ့ မြေပုံမှာ ဆိုရင် အွန်လိုင်း match တွေက ခက်ခဲလိမ့်မယ်။ သူ့ အသင်းဖော်တွေက အမီလိုက်နိုင်ဖို့ မလွယ်ကူနိုင်ဘူး။ တစ်ယောက်ယောက်ကသာ အစကနေ အဆုံးအထိ အမိန့်ပေးနေမယ် ဆိုရင် ကျန်တဲ့အသင်းဖော်တွေက အဲဒီအမိန့်ကို နားထောင်ပြီး လိုက်လုပ်ရုံပဲ မဟုတ်ရင် သူတို့က လမ်းကနေ ထွက်လိုက်တာနဲ့ ဟာကွက်က ပွင့်သွားပြီး သေချာပေါက် ပြိုကျမှာပဲ”

“အင်း”

လင်းဖုန်းကလည်း ခေါင်းညိတ်သည်။

“ဆက်ကြည့်ရအောင်”

ဂိမ်းက စတင်သည်။ ချက်ချင်းလိုလို အသူရာအရှင်က သူ့ဂိမ်းကို ဦးဆောင်သည်။ အပြာရောင် Buff ကို သွားယူလိုက်ပြီးနောက် စခန်းထဲမှ ထွက်ကာ First Blood ရသွားသည်။

“ပြိုင်ဘက်အသင်းက ဂျန်ဂဲလာက တော်တော်ကို စဉ်းစားဆင်ခြင်းဉာဏ်မဲ့တယ်”

လင်းဖုန်းက မှတ်ချက်ချသည်။

“ဒါပေမဲ့ အပြာအသင်းဘက်က နေရာချထားတာက တော်တော်လေး ကောင်းတယ်။ သူတို့က တခြားတစ်ဖက်ရဲ့ သစ်တောတွေကို မူတည်ပြီး ပုန်းကြတာ။ လူအများစု ပုံမှန်လုပ်လေ့ ရှိတဲ့ ဘက်ခြမ်းမျိုး မဟုတ်ဘူး”

ချီရှို့က အသေးစိတ်ကိုသာ အာရုံစိုက်ထားသည်။ ပရိုထိပ်တန်းဂျန်ဂဲလာ တစ်ယောက်အနေဖြင့် သူက ဂိမ်းထဲမှ တောတွင်းအကြောင်းကို သူ၏ကိုယ်ပိုင်ခြံဝန်းလို ကောင်းကောင်း နားလည်ထားသည်။ အပြာဘက်က ကောင်းမွန်စွာ ရွေးချယ်နိုင်ခဲ့သည်။ သိပ်မကြာခင် ဆန့်ကျင်ဘက် အသင်းမှ ပုံရိပ်ယောင် ပညာရှင်က အဆင့်ခြောက်သို့ ရောက်သွားပြီးနောက် အသူရာအရှင်ကို solo ခင်းရန် ကြိုးစားလာသည်။ အဆုံးတွင် အသူရာအရှင်က သေးငယ်လွန်းသော HPဖြင့် လွှတ်သွားခဲ့ပြန်သည်။

“လှတယ်”

လင်းဖုန်းကလည်း တအံ့တဩ ပြောသည်။ ချီရှို့က ဗီဒီယိုကို ရပ်လိုက်သည်။

“အဆင့်ခြောက်မှာ ပုံရိပ်ယောင်ပညာရှင် မှော်ပညာအမျိုးအစား ဟီးရိုးတိုင်းကို တစ်သုတ်တည်းနှင့် ကိုးဆယ်ရာခိုင်နှုန်းအထိ သတ်နိုင်စွမ်းအား ရှိတယ်။ ဒီကောင်က မလွှတ်မြောက်နိုင်သင့်ဘူး။ သူ ဘယ်လို လွှတ်သွားတာလဲ”

လင်းဖုန်းကလည်း သိချင်စိတ် ပြင်းပြနေသည်။

“ပြန်ဆုတ်လိုက် အနှေးပြကွက်နဲ့ ကြည့်ရအောင်”

ချီရှို့ကလည်း မောက်စ်ဖြင့် နောက်ပြန် ဆုတ်လိုက်ပြီးနောက် 0.5 အရှိန်နှုန်းဖြင့် ပြန်သည့်သည်။ ထိုအခါမှသာ ဘာဖြစ်သွားကြောင်း သူတို့က ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပုံရိပ်ယောင် ပညာရှင်က အပြေးဝင်လာသည့် ထိုတစ်ခဏတွင် အသူရာအရှင်က သူ၏အရိပ်နှစ်ရိပ်ကို ချက်ချင်းလိုလို လျင်မြန်စွာ ဆင့်ခေါ်လိုက်သည်။ တစ်ရိပ်ကို သူ ကိုယ်တိုင် အနားတွင် ထားထားပြီးနောက် တခြားတစ်ရိပ်ကိုမူ အနီးအနား၏ နံရံနားတွင် ပုန်းထားလိုက်သည်။ ရန်သူ၏ လုပ်ကြံသတ်ဖြတ်မှုက သူ၏ဘေးနားရှိ အရိပ်ကို ဖျက်စီးလိုက်ချိန်တွင် သူ၏HPမှ အလွန်အမင်း နိမ့်နေသည်။ ထို့ကြောင့်သာလျှင် သူက E Skill ကို ထုတ်သုံးလိုက်ပြီး အခြားတစ်ဖက်ခြမ်းတွင် ရှိသော အရိပ်နှင့် လူစားလဲလိုက်သည်။ သည်နည်းအားဖြင့် သူက လွှတ်သွားခဲ့ခြင်း ဖြစ်သည်။

“အသေးစိတ်ကို အာရုံစိုက်တာ ဘယ်လောက်တော် လိုက်သလဲ”

လင်းဖုန်းက ချီးကျူးသည်။

“သူ့ပြိုင်ဘက်က လှုပ်ရှားလိုက်တာနဲ့ သူက ဘယ်လောက်ထိ နှုန်းထွက်လာမယ် ဆိုတာကို နားလည်ပုံပဲ။ (အပျက်အစီးနှုန်း – Damage) ပုံရိပ်ယောင်ပညာရှင်ရဲ့ ult က AoE တိုက်ကွက်ကို သုံးနေကျပဲ ဒါက ရေတိုအတွင်းမှာပဲ တိုက်ခိုက်နိုင်တာ ပိုဆိုးတာက ပစ်မှတ်က သူ့ရဲ့အတိုင်းအတာ အတောအတွင်းကို ကျော်နေတော့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းအားက လျော့ကျသွားတယ်။ အသူရာအရှင်က အရိပ်နှစ်ရိပ်ကို ဆင့်ခေါ်ခဲ့တယ်။ တစ်ခုက သူ့အတွက် အစားထိုးပျက်စီးမှုကို ခံဖို့။ တခြားတစ်ခုကတော့ ထွက်ပြေးမဲ့ လမ်းကြောင်းပဲ။ သူက ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်တာပဲ”

Live Stream တွင် ထိုအသေးစိတ် အချက်အလက်များက လျင်မြန်စွာ ကုန်ဆုံးသွားလေရာ မည်သူ့ ကြည့်ရှုသူကမှ သတိမထားမိခဲ့ကြပေ။ သို့သော် ပရိုဂိမ်းပွဲများတွင် ပြိုင်ဘက်က ပုံရိပ်ယောင်ပညာရှင်ကဲ့သို့ ဟီးရိုးကို ရွေးချယ်ထားပြီး အစောပိုင်းဂိမ်းများတွင် အလွန်အားသာသည် ဆိုလျှင် အသင်းမှ ဂျန်ဂဲလာ သို့မဟုတ် အထောက်အပံ့က အဆင့်ခြောက်သို့ ရောက်နေသည့် ပုံရိပ်ယောင်ပညာရှင်ကို သူတို့ဖာသာ ရင်မဆိုင်ရဲကြချေ။ အနည်းဆုံး သူတို့၏ အလယ်လမ်းကစားသမားကို ကူညီပေးရမည် ဖြစ်သည်။

သို့ရာတွင် ထို Streamer ရှောင်ပိုင်ကမူ ပုံရိပ်ယောင်ပညာရှင်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။ သူက အပျက်အစီးနှုန်းကို တွက်ချက်ခဲ့ပြီးနောက် လျင်မြန်စွာဖြင့် နောက်ဆုံးသွေးတစ်စက်ဖြင့် ထွက်ပြေးမည့် လမ်းကြောင်းကို ရှာဖွေနိုင်ခဲ့လေသည်။ သည်နည်းအားဖြင့် သူက မည်မျှ ကျွမ်းကျင်သော skill ကို ပိုင်ဆိုင်ထားပြီး လျင်မြန်စွာ လှုပ်ရှားနိုင်ကြောင်း သိသာသည်။

လင်းဖုန်းကလည်း အံ့ဩသွားသည်။

“သူ့လက်နဲ့ တုံ့ပြန်မှု အရှိန်နှုန်းက တော်တော်လေးကို မြင့်တယ်။ သူက ပရိုကစားသမားတစ်ယောက်ရဲ့ alt ဖြစ်လောက်တယ်”

ချီရှို့က Streamer၏ မျက်နှာ ပြထားရာ နေရာမှ ပြတင်းပေါက်ငယ်လေးကို ကြည့်လိုက်ပြီးနောက် ထိုကြောင်ပုံလေးကို ကြည့်လိုက်သည်။

“အဖွဲ့ချုပ်က လူအများစုမှာ ကြောင်မမွေးကြဘူး။ ခေါင်းဆောင်ဖန်းမှာ တစ်ကောင်ရှိတယ်။ ဒါပေမဲ့ သူ့ကြောင်က အမည်းရောင်..”

လင်းဖုန်းကလည်း ရယ်ချင်သွားသည်။

“ခေါင်းဆောင်ဖန်းက Ragdoll အမဲကောင်လေ.. အဲဒီကောင်ကို ကာလာပွိုင့်ရတ်ဒေါ လို့လည်း ခေါ်တယ်။ အခု မြင်နေရတဲ့ ကောင်က ဘိုင်ကာလာရတ်ဒေါပဲ ဒီရတ်ဒေါ ဖြစ်လာပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ ဆက်ဖြစ်သွားတာပေါ့ ခေါင်းဆောင်ဖန်းက ကြောင်တစ်ကောင်ရှိတာ မလုံလောက်ဘူးထင်လို့ နောက်တစ်ကောင် ပြန်မွေးစားတာလားများ”

ချီရှို့က ခေါင်းခါသည်။

“အခုလေးတင် သတင်းထောက်ကျောင်းက ဒီStreamer အကြောင်းကို ဂရုချက်ထဲမှာ ပြောတာတော့ အဘိုးကြီးဖန်းက တော်တော်လေးကို မအားနေတဲ့ပုံပဲ။ သူက Streamer ရှောင်ပိုင်ကို မသိတဲ့ပုံပဲ။ နောက်ပြီး ဟန်ဆောင်နေတာမျိုးနဲ့လည်း မတူဘူး”

သူနှင့် လင်းဖုန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်တွင် အသူရာအရှင်ကို အာရုံပြန်စိုက်လိုက်ပြီး ဂိမ်းကို ပြန်ကြည့်လိုက်ကြသည်။

သိပ်မကြာခင် အပြာဘက်မှ အောက်ခြေလမ်းက ပြိုကျသွာသည်။ သူတို၏ ဂျန်ဂဲလာကလည်း ဖြိုချခံလိုက်ရသည်။ ဒါက ကြီးမားသော ဆိုးရွားသည့် အားနည်းချက်ကြီး ဖြစ်သည်။ ပရိုပြိုင်ပွဲများများတွင်သာ ဆိုလျှင် ၁-၆ Head Count က များသွားလျှင် ပြန်ရှင်ရန် ခက်ခဲသွားပေလိမ့်မည်။ ချီရှို့ကမူ ကွန်ပျူတာ မော်နီတာကိုသာ အာရုံစိုက်ထားသည်။ ထို့နောက် အလယ်လမ်းမှ အောက်သို့ တောက်လျှောက် ဆင်းသွားသော အသင်းလိုက် တိုက်ပွဲကို မြင်ရသည်။ ထို့အပြင် ချက်ခန်းထဲတွင်လည်း အမိန့်က တက်လာသည်။

[အားလုံးပဲ မိုက်တွေ ဖွင့်လိုက်ကြ]

“သူက Voice Chat နဲ့ အမိန့်ပေးချင်နေတာ”

လင်းဖုန်းက ပြောသည်။

“သူ ဘာပြောမလဲ နားထောင်ရအောင်”

ချီရှို့ကလည်း ကွန်ပျူတာမှ စပီကာအသံကို မြင့်လိုက်ပြီးနောက် ချက်ချင်းလိုလို ကြည်လင်သာယာသော အသံကို ကြားလိုက်ရသည်။ အယ်ဖာအများစုက ကူးပြောင်းပြီးနောက် အသံက လေးနက်သွားလေ့ ရှိပြီး အိုမီဂါများကမူ နူးညံ့သည့်ဘက်သို့ ပြောင်းသွားလေ့ ရှိသည်။ ထိုလူ၏ အသံကမူ ထူးခြားသည်။ ကြည်လင်ကာ တောက်ပပြီး အရိုးစွဲသည်အထိ ပြင်းထန်သော ယုံကြည်မှုကို သယ်ဆောင်ထားသည်။

“သူရဲကောင်းကို ပစ်မှတ်မထားနဲ့ ဒီအတိုင်း မီနီယံတွေကိုပဲ အာရုံစိုက်”

“အထောက်အပံ့ ငါတို့ကို အရှိန်နှုန်းမြင့်အောင် လုပ်ပေး၊ လူရမ်းကားက ဘယ်ဘက်ခြမ်းကို သွားပြီး တစ်ဖက်က မာ့စ်မန်းကို လှုပ်လို့မရအောင် လုပ်ထားလိုက်၊ သူ အဲဒီမှာ ပုန်းနေတာ”

ထို့နောက် ကြည့်ရှုသူ နှစ်ယောက်က ပြောင်းလဲသွားသော ဖန်သားပြင်ကို မြင်လိုက်ရသည်။ ပြောရလျှင် မမြင်နိုင်သော အရာများ ရှိနေခဲ့သော်လည်း အပြာအသင်းမှ လူရမ်းကားကမူ အထောက်အပံ့နှင့်အတူ ပေါင်းပြီး သစ်ပင်များရှိရာဘက်သို့ မျက်ကန်းယုံကြည်ကာ ချီတက်သွားခဲ့သည်။ အသူရာအရှင်ကလည်း အနောက်မှ အကွာအဝေးရှည် အသုံးပြုနိုင်သည့် အရိပ်တိုက်ကွက်ကို ထုတ်သုံးလျက် လိုက်ပါသွားသည်။ သူက ချက်ချင်းလိုလို ရန်သူမာ့စ်မန်းကို တိုက်ခိုက်လိုက်နိုင်သည်။

“လှလိုက်တာ”

လင်းဖုန်းက ပို၍ပင် စိတ်လှုပ်ရှားလာသည်။

“သူက ပြိုင်ဘက် မာ့စ်မန်းရှိတဲ့ နေရာကို သိနေတာ”

“အင်း”

ချီရှို့က တည်ငြိမ်စွာ သဘောတူသည်။

“အသင်းတိုက်ပွဲမှာ ဒီမာ့စ်မန်းက လှုပ်ရှားမှုအများဆုံးပဲ မာ့စ်မန်းသာ မရှိတော့ရင် အနီရောင်အသင်းက အလယ်လမ်းရဲ့တိုက်ပွဲမှာ ဘာမှရမှာ မဟုတ်ဘူး”

ဗီဒီယိုက သူ့အား မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ အသင်းတိုက်ပွဲတွင် အနီအသင်းက ဟန်ချက်မညီခဲ့ချေ။ မည်သည့်အရာမှ မဖြစ်လာခဲ့ဘဲ သူတို့က ရှုံးသွားသည်။ တိုက်ပွဲက လမ်းတစ်ဝက်တွင် ရပ်သွားသောကြောင့် အသူရာအရှင်သခင်က ရှေ့သို့ ချွန်ထွက်ရဲပြီး အပေါ်လမ်းသို့ တက်သွားခဲ့လေသည်။

လင်းဖုန်းက မနေနိုင်တော့ဘဲ ချီးကျူးလိုက်သည်။

“သူက မီနီယံတွေကို ပြီးပြည့်စုံအောင် ကိုင်တွယ်နိုင်တယ်။ သူ့အနေနဲ့ အသင်းတိုက်ပွဲမှာ ဆက်ပြီး ဝင်ပါနေရင်လည်း သူ့အတွက် များများစားစား အသုံးဝင်တာ မရှိတော့ဘူးလေ။ သူက သူ့ရဲ့စကေးတွေကို အသုံးပြုနိုင်တယ်။ ဒီနည်းနဲ့ Kill တစ်ခုကို ရသွားတယ်။ မီနီယံတွေကိုလည်း ခပ်မြန်မြန် ရှင်းနိုင်ပြီး သူက အပေါ်လမ်းကို တောက်လျှောက် တက်သွားခဲ့တာ။ သူက တော်တော် တော်တာပဲ”

ထို့နောက် အပြာသင်း၏ ပျောက်ကြားဗျူဟာက ဂိမ်းကို ၈မိနစ်ကျော်ထိ ဆွဲလာနိုင်သည်။ ယုံကြည်မှုရှိသော အသံကလည်း Voice chat ချန်နယ်တွင် ထွက်ပေါ်လာပြန်သည်။

“လူရမ်းကားက မီနီယံတွေကို အပေါ်လမ်းကနေ ဆွဲချ၊ သူတို့ကို မြစ်ဆီကို ခေါ်သွား.. ပြီးရင် အခြေစိုက်စခန်းကို အမြန်ပြန်ပြေးလာခဲ့..”

“မာ့စ်မန်းက အောက်ခြေလမ်းက မီနီယံတွေကိုပဲ ကိုင်တွယ်ထား.. ငါက တောထဲမှာ ရှိမယ်”

“အလယ်လမ်းကို စောင့်ကြပ်ထား..”

သူက မြေပုံတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားသည်။ သူက လမ်းသုံးခုလုံးကို လွှမ်းမိုးထားသည်။ သူ့အမိန့်အောက်တွင် အပြာရောင်အသင်းက သူတို့၏ အင်အားစုကို ဖြန့်ကျက်ကာ ချီတက်သည်။ ရန်သူက လုပ်နိုင်စွမ်း ပြင်းထန်စွာဖြင့် Head count အားသာချက် ရရှိထားချိန်တွင် သူတို့ကမူ မည်သည့်အားသာချက်မှ မယူထားခဲ့ချေ။ အကြောင်းမူကား အနီဘက်အသင်းမှ မီနီယံများက ဖိနှိပ်ခံထားရလေသည်။

လင်းဖုန်းက ကြည့်လေလေ အံ့အားသင့်လာလေလေ ဖြစ်လာသည်။

“သူက ဒီမီနီယံတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုပြီး ကောင်းကောင်းကို နားလည်ထားတာပဲ။ ဘုရင်အဆင့် ကစားသမားအများစုက ဒီမီနီယံတွေကို မေ့နေကြပြီး Kill တွေ ရဖို့ပဲ ကြိုးစားလေ့ ရှိကြတယ်”

ချီရှို့ကမူ ထိုမီနီယံများကို ကြည့်ပြီးနောက်တွင် အသင်း၏ အခြေစိုက်စခန်းသို့ ပြန်ကြည့်လိုက်သည်။

“မီနီယံစီမံမှု..”

သူက အလေးအနက်ထားကာ ပြန်ကြည့်လိုက်သည်။

“ပရိုကစားသမားတွေကပဲ ဒီလိုအရာမျိုးကို ဂရုစိုက်မှာ နောက်ပြီး ဒီလို အွန်လိုင်းပွဲမှာ လမ်းသုံးခုလုံးကို ကောင်းကောင်း ခွဲဝေစီမံခန့်ခွဲနိုင်တဲ့ မြင်ကွင်းမျိုးကို မြင်ရတာက ရှားပါးတာပဲ”

အနီအသင်းကလည်း နောက်ဆုံးတွင် ကိစ္စက တစ်ခုခု မှားယွင်းနေမှန်း သိသွားလေပြီ။ သူတို့က မဟာနဂါးထံသို့ အပြေးသွားကြသည်။ ရှောင်ပိုင်က သူ၏အထောက်အပံ့ကို ထောင်ချောက်ဆင်ခိုင်းလိုက်သည်။ သည်နည်းအားဖြင့် ၂စက္ကန့်တည်းနှင့် သွေးအထောက်အပံ့က တစ်ဆင့် အကူအညီယူကာ သူက တိုက်ကွက်ကို ထုတ်လိုက်နိုင်သည်။ သူက မဟာနဂါးကို သူ၏အသူရာတိုက်ကွက်ဖြင့် ချိတ်ပိတ်ထားပြီးနောက်တွင် Kill ရယူလိုက်သည်။ ဤနည်းဖြင့် သူက လျင်မြန်စွာ လှုပ်ရှားပြီးသည်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသော ဂျန်ဂဲလာကို တုံ့ပြန်ချက် မပေးခဲ့ချေ။

လင်းဖုန်းက ရယ်သည်။

“တစ်ဖက်က ရှုံးတော့မှာ”

အနီအသင်းက နှာခေါင်းပေါက် နားမှပင် ဆော့ကစားခံလိုက်ရသည်။ သူတို့က အကောင်းဆုံး ပစ္စည်းများကို တပ်ဆင်ကောင်း တပ်ဆင်ထားနိုင်လောက်သည်။ သို့သော် သူတို့၏ Gearက ကောင်းမွန်သော စွမ်းအားကို အသုံးမပြုနိုင်ခဲ့ချေ။ သူတို့က ယုန်နှင့်လိပ် အပြေးပြိုင်သလို ဖြစ်ရသည်။ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းအားတွင် အားအင်မဲ့ရသည်။

သူတို့က ကိုယ်ပိုင်မျက်စိဖြင့် မြင်ရခြင်းကြောင့်သာ မဟုတ်လျှင် ချီရှို့နှင့် လင်းဖုန်းက သည်လို Streamer တစ်ယောက်က အသေးစိတ်ကို သေချာအာရုံစိုက်ကာ ပြိုင်ပွဲတစ်ခုလုံးကို ဦးဆောင်မှု ပေးနိုင်ကြောင်း ယုံကြည်လိမ့်မည် မဟုတ်ချေ။ သည်နည်းဖြင့် တစ်ဖက်က အရှုံးမှ အနိုင်သို့ ပြောင်းလဲသွားလေသည်။

နောက်ဆုံးအသင်းတိုက်ပွဲတွင် အသူရာအရှင်က ရန်သူမာ့စ်မန်းကို ပစ်မှတ်ထားလိုက်ပြန်သည်။ Kill က ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီးနောက် မာ့စ်မန်း၏ ခေါင်းက မိုင်ထောင်ပေါင်းများစွာ အကွာသို့ လွှင့်ထွက်သွားလေသည်။

အသင်းတိုက်ပွဲ အစကတည်းက သေဆုံးသွားခြင်းက ကြီးမားသော အဖြစ်ကြီးဖြစ်သည်။ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး လက်နက်ပစ္စည်း(Item) အပြည့်အဝ ရှိနေခဲ့သည့်တိုင် အသင်းတိုက်ပွဲတွင် ဘာမှမလုပ်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်။ ထိုအဖွဲ့က ရှုံးတော့မည်မှာ သေချာသည်။ Streamer ရှောင်ပိုင်က ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ယခုလို အသင်းကြီးနှစ်သင်း၏ တိုက်ပွဲတွင် ရန်သူအသင်းက သယ်လာသော နှစ်ဖက်နှစ်ချက်လုံးကို အပြည့်ထားရပေမည်။

လုပ်ကြံသတ်ဖြတ်မှု မှော်ဆရာဟုတ်လား။ ဒါပဲ.. လုပ်ကြံသတ်ဖြတ်မှု မှော်ဆရာ ဆိုတာက လုပ်ကြံသတ်ဖြတ်တယ် ဆိုတဲ့ အဓိက အနှစ်သာရကို နားလည်ထားရမယ်။

ဂိမ်းက အဆုံးသတ်သွားသည်။

ထို့နောက် ဖန်သားပြင်တွင် စာသားသုံးကြောင်းက ပေါ်လာသည်။

ရှောင်ပိုင်: [ဒါက တာဝါကို 5v5 ကစားရတဲ့ဂိမ်း]

ရှောင်ပိုင်: [တစ်ကိုယ်တော် ပြပွဲ မဟုတ်ဘူး]

ရှောင်ပိုင်: [ကောင်းမွန်တဲ့ဂိမ်း ဖြစ်ခဲ့ပါတယ်။ ပြုံးနေတဲ့ အီမိုဂျီ]

ထိုစာသားကို မြင်ပြီးနောက် လင်းဖုန်းသည် သူ၏နှလုံးခုန်နှုန်းက အချိန်အတန်ကြာသည်အထိ မငြိမ်သက်နိုင်တော့ပေ။ မျှော်စင်ကို အခြေခံတဲ့ ဂိမ်းတွေက အဓိကအချက်က ဘာလဲ။ မျှော်စင်ပဲ။

မင်းက 4 Skill ကို ထုတ်သုံးနိုင်ခဲ့ရင်တောင်မှ ရန်သူက အောက်ခြေမျှော်စင်ကို တစ်ချက် ဖျက်ဆီးလိုက်ရုံနဲ့ သေချာပေါက် ရှုံးသွားမှာ။

လင်းဖုန်းက သူ၏ကစားသမားများအတွက် အခြေခံများကို အမြဲတစေ အာရုံစိုက်ရန် အရေးတကြီး ထားသင့်ကြောင်း ဖိအားပေးလေ့ ရှိသည်။ သူက ထိုလူများကိုလည်း Kill များကို အလောတကြီး မယူသင့်ကြောင်း.. တစ်ဖက်က ငါးစာချပြီး သူတို့ကို ဒုက္ခပေးတတ်ကြောင်း.. ထို့ကြောင့် မီနီယံများကိုသာ အာရုံစိုက်ထားပြီး‌ မျှော်စင်များကို ဖြိုချရန် သတိပေးလေ့ရှိသည်။

ကစားသမားအများစုကမူ သူတို့ကိုယ်သူတို့ အားသာသည့်ပမာ ကစားလေ့ ရှိကြသည်။

ထိပ်တန်းအဆင့် ပရိုကစားသမားများကသာ ပရိုအဖွဲ့ချုပ်တွင် တည်ငြိမ်အောင်‌ ခြေကုပ်ရယူထားနိုင်ကြပြီး အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်ကြသည်။

လင်းဖုန်းက အသက်ပြင်းပြင်းရှုပြီး ချီရှို့ကို ကြည့်သည်။

“ဒီရှောင်ပိုင်က စိတ်ထဲမှာ အရာအားလုံးကို တွက်ချက်နိုင်စွမ်း ရှိတယ်”

တချို့သော ကစားသမားများက ရှေ့ရှိ ရန်သူကိုသာ အာရုံစိုက်နိုင်ကြသည်။ တချို့သော ကစားသမားများကမူ သူတို့၏ ကိုယ်ပိုင်လမ်းမှ မီနီယံများကိုသာ အာရုံစိုက်နိုင်ကြသည်။ သို့သော် ပုံရိပ်ကြီးကြီးမြင်နိုင်သော ကစားသမားများက စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း တွက်ချက်ထားနိုင်သည်။ သူတို့က မည်သည့်နေရာတွင် ရိတ်သိမ်းရမည်။ မည်သည့်နေရာတွင် တိုက်ခိုက်မှုကို တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ပြီး မည်သည့်နေရာတွင် ပြန်လည်တိုက်ခိုက်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်နေကြသည်။ ထိုသို့သော ကစားသမားများက အဓိက ပရိုအသင်းများကို အမိန့်ပေးနိုင်သည်။

ကောင်းမွန်သော ဗိုလ်ချုပ်တစ်ယောက်၏ အရေးပါမှုကို အထင်မသေးသင့်ချေ။ ပရိုကစားသမားများကလည်း ခေါင်းမာစွာဖြင့် အသင်းကို ဦးဆောင်တိုက်ခိုက်တတ်ပြီး သူတို့ရှောင်သင့်သော အရာကို မရှောင်မိခြင်းအားဖြင့် ရှုံးတတ်သော သာဓကပေါင်းများစွာက ရှိခဲ့ဖူးသည်။ ထို့ကြောင့် အမိန့်ပေးသောသူက စိတ်ဓာတ်အင်အား ခိုင်မာရန် လိုအပ်ပြီး ပိုကြီးသော ပုံရိပ်ကို မြင်နိုင်ရမည့်အပြင် စကေးများကို ကျွမ်းကျင်ထားရအုံးပေမည်။ ဤနည်းအားဖြင့် မည်သည့်နေရာတွင် မည်သို့ တိုက်ခိုက်သင့်ကြောင်း အမိန့်ပေးနိုင်မည် ဖြစ်သည်။ ပြောနေရန်ပင် မလိုလောက်အောင် ရှောင်ပိုင်၏ သည်ပွဲမှ အမိန့်ပေးနိုင်စွမ်းအားက အလွန်ထူးချွန်သည်။ ပရိုနည်းပြများ၏ အမြင်တွင်ပင် အလွန်ထူးချွန်သည်ဟု ဆိုရမည်ဖြစ်သည်။

လင်းဖုန်းက ဂိမ်း၏အင်တာဖေ့ကို ကြည့်ပြီးနောက် အလေးအနက်ထားကာ ပြောသည်။

“သူက ဘယ်နေရာက လာတာလဲဆိုတာ အမြန်ဆုံး ရှာဖွေရမယ်။ သူက တချို့အသင်းတွေက လျှို့ဝှက်ပျိုးထောင်ထားတဲ့ အသစ်လေးလို့ သံသယဝင်စရာပဲ”

ချီရှို့ကလည်း ဗီဒီယိုကို ပိတ်လိုက်သည်။

“ကျွန်တော် သူ့ကို ဆက်သွယ်လိုက်မယ်”

သူက ဝေလငါး Streaming ကို ဖွင့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ရန် မလိုတော့ဘဲ ချက်ချင်းလိုလို ရှောင်ပိုင်၏ Streaming အခန်း [အသူရာဆရာသခင် နေရှင်နယ် Ranking အဆင့်တက်ခြင်း] ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုနေရာတွင် လူသစ်များအတွက် #1စာရင်းတွင် ပါနေခြင်း ဖြစ်သည်။

ချီရှို့က အခန်းထဲသို့ ဝင်လာပြီးနောက် အနက်ရောင်ဖန်သားပြင်ကိုသာ မြင်လိုက်ရသည်။ ထိုStreamer က ပိတ်သွားပြီ။ ပင် ထောက်ထားသော ကြေညာချက်ကိုလည်း မြင်လိုက်ရသည်။

[မနက်ဖြန်မနက် ၁၀နာရီမှာ အသူရာအရှင်သခင်နဲ့ နေရှင်နယ်လီဒါဘုတ်ကို ဝင်အောင် ကြိုးစားပါမယ်။ အားလုံးပဲ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်]

၁၂နာရီခွဲသာလျှင် ရှိသေးသည်။ ပရိုကစားသမားအများစုက ဒီလိုအချိန်တွင် အိပ်မည် မဟုတ်ချေ။ ချီရှို့က တစ်ခဏခန့် အေးခဲသွားပြီးနောက် စစ်နတ်ဘုရားများကို Loading လုပ်လိုက်ပြီးနောက် ရှောင်ပိုင်၏ ပရိုဖိုင်ကို စစ်ကြည့်လိုက်သည်။

Streaming နေချိန်တွင် ရှောင်ပိုင်က သူ၏ နေရာID နံပါတ် -8977543 ကို မအုပ်ထားခဲ့ချေ။ မတူညီသော နာမည်ရှိသော်လည်း ID နံပါတ်ကမူ တူကြသည်။ သို့သော် တစ်ချက် ကြည့်ရုံဖြင့် အချက်အလက်များကို သိနိုင်သည်။

ချီရှို့က ရှောင်ပိုင်၏ တိုက်ပွဲဝင်သမိုင်းအကျဉ်းကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

“ကြေးနီရောင်အဆင့်ကနေ ဘုရင်အဆင့်ကို ရောက်အောင် သူက ပွဲစဉ် ၅၀ ဆက်တိုက် ကစားခဲ့တယ်။ ဟီးရိုးနှစ်ခုကိုပဲ သုံးသွားတယ်။ အသူရာအရှင်သခင်နဲ့ အေးခဲနတ်ဘုရားမပဲ။ ဒါတော့ သေချာပေါက် alt ဖြစ်လောက်တယ်”

ထိုသို့အဆင့်ဇယားမျိုးဖြင့် တစ်စုံတစ်ယောက်၏ alt သာ ဖြစ်ရပေမည်။

လင်းဖုန်းက သက်ပြင်းချသည်။

“ဘယ်အသင်းကများ ဒီလောက် အလားအလာ ကောင်းတဲ့ အသစ်လေးကို ပျိုးထောင်ထားတာလဲ။ ငါတို့ အမြန်ဆုံး စဉ်းစားရမယ်။ မဟုတ်ရင် ပွဲစဉ်တွေကြား မလွယ်နိုင်တော့ဘူး”

“သူက အခု လိုင်းအောက်သွားပြီ။ မနက်ဖြန်မှပဲ သူ့ရဲ့ Stream အခန်းကို ဝင်ကြည့်လိုက်မယ်”

ချီရှို့က တစ်ခဏခန့် ရပ်တန့်ပြီးနောက် လင်းဖုန်းကို လှည့်ကြည့်သည်။

“မင်းမှာ alt အပို ရှိသေးလား။ ဘယ်သူမှ မသိတဲ့အကောင့်ပေါ့ ဘုရင်အဆင့်.. ကြယ်ဆယ်လုံး ဒါမှမဟုတ် ဒီထက်နည်းလည်း ရတယ်”

“မင်းက သူနဲ့အတူ alt ချင်း သွားယှဉ်မလို့လား”

“မဟုတ်ဘူး ဒီအတိုင်း သူနဲ့ Double Que လုပ်ချင်တာ”

လင်းဖုန်းက ခဏခန့် ကြောင်သွားပြီးနောက် နားလည်သွားသည်။

“ဒါလည်း ဟုတ်တာပဲ Double Queing လုပ်တာက သူနဲ့ပိုပြီး ကျွမ်းဝင်စေနိုင်လိမ့်မယ်။ ဒါ့အပြင် သူ့ကို ဂိမ်းထဲမှာ add လိုက်နိုင်မယ် ဆိုရင် မကောင်းဘူးလား”

Streamer ရှောင်ပိုင်က အလွန်ကျော်ကြားနေပြီးသား ဖြစ်သည်။ မရေမတွက်နိုင်သော ကစားသမားများစွာက သူ့၏မိတ်ဆွေစာရင်းသို့ ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

“မစိုးရိမ်ပါနဲ့..”

ချီရှို့က နှစ်သိမ့်လိုက်သည်။

“ကျွန်တော့်မှာ နည်းလမ်းတွေ ရှိပါတယ်”

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset