AAML

အပိုင်း (၁၃)

အခန်း (၁၃)

ယဲ့ရှောင်းယန်က စာဖတ်ခန်းထဲသို့ ပြန်သွားပြီးနောက် ကွန်ပျူတာကို ဖွင့်လိုက်ကာ သူ့၏ကွန်ပျူတာပေါ်တွင် စာချုပ်ကို တစ်ချက် ကြည့်လိုက်သည်။ စာချုပ်ကို ဖတ်ရသော ကိစ္စက သူ့အတွက် စိန်ခေါ်မှု မဟုတ်ချေ။ သူ၏ယခင်ဘဝတွင် သူက Team GDမှ ခေါင်းဆောင် ဖြစ်နေသည့်အတွက် ထိုသို့ Streaming စာချုပ်များနှင့် ပတ်သက်သော စာချုပ်တိုင်းကို ဖတ်ဖူးလေသည်။ သူက အစမှအဆုံးထိ ဖတ်ကြည့်ဖူးခဲ့သည်။ အချို့သော အဖွဲ့များက သူတို့၏ ကစားသမားများကို အခွင့်ကောင်းယူရန် ကြိုးစားကြလေ့ ရှိသည်။ မည်သို့ပင် ဆိုစေ Streaming ပလက်ဖောင်းများအနေဖြင့် သူတို့၏ Streamer များကို အခွင့်ကောင်းယူသော ကိစ္စက သာမန်ကျလေသည်။ ယဲ့ရှောင်းယန်ကမူ အလွယ်တကူ အလိမ်ခံမည် မဟုတ်ချေ။ သို့သော် ထိုစာချုပ်ကို ဖတ်ပြီးနောက်တွင် သူတို့က မည်သည့်နေရာတွင် ရပ်နေရကြောင်းကိုလည်း နားလည်ရန် လိုအပ်နေသေးသည်။ သူတို့ကသာ ဆန္ဒရှိသော ရလဒ်ကို ထုတ်ပေးနိုင်သည့် စွမ်းအင် မရှိလျှင် ကိုယ်ပိုင်အကျိုးအမြတ်အတွက် ညှိနှိုင်းလာမည် မဟုတ်ချေ။

ယဲ့ရှောင်းယန်က online တက်ပြီးနောက်တွင် ဤလောကမှ Streaming ဘက်ပိုင်းနှင့် ပတ်သက်ပြီး ရှာဖွေကြည့်လိုက်သည်။ သည်လောကမှ အကြီးဆုံး Streaming ပလက်ဖောင်းက ဝေလငါး ပလက်ဖောင်း၊ တုံ့တင်းပလက်ဖောင်းနှင့် ပန်ဒါ ပလက်ဖောင်းတို့ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်းယန်ကို ကိုင်တွယ်ရာတွင် ပို၍ လွယ်ကူသွားစေသည်။ ညှိနှိုင်းသည့် ဖြစ်စဉ်အတွက် ဝေလငါး ပလက်ဖောင်းနှင့် သူက အဆင်မပြေခဲ့လျှင်လည်း သူက အခြားသော ရွေးချယ်စရာများ ရှိနေသေးသည်။ သည်နည်းအားဖြင့် သူက သူ့ကိုယ်သူ ပိတ်လှောင်ထားစရာ မလိုအပ်ချေ။

သည် ABO လောကက လူတွေက ပိုပြီး ကြွယ်ဝတဲ့ပုံပဲ။

Live Streaming ကြည့်သော ကြည့်ရှုသူများက Subscribe လုပ်ကြေးနှင့် လက်ဆောင်များအတွက် အလွန်အမင်း သဘောထားကြီးကြသည်။ ထိပ်တန်းအဆင့် Host သာဆိုလျှင် Subscribe လုပ်ကြေးအတွက် ငါးသောင်းပင် ရရှိကြပြီး လတိုင်းလိုလို လက်ဆောင်ကြေးပြား သန်းချီ ရရှိလေသည်။

ကျော်ကြားသော Streamer များတွင် ငွေက ကျော်ကြားသော အနုပညာရှင်များထက်ပင် မြင့်နေသေးသည်။

ထို့ကြောင့် အစ်ကိုငါးက သည်လမ်းကြောင်းကို‌ လျှောက်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိပေ။ သူက သည်နည်းအားဖြင့် ထိပ်တန်းငြင်းခုန် Streamer တစ်ယောက် ဖြစ်ခြင်းမှ စကားပြောဆိုးရွားသည့် ပရိုကစားသများများ၏ အာရုံကို ဖမ်းစားနိုင်ပေလိမ့်မည်။

ယဲ့ရှောင်းယန်က မှတ်မိနေသေးသည်။ ယဲ့ရှောင်းယန်က သူ၏ယခင်လောကတွင် LOL Streamer တစ်ယောက်က ပလက်ဖောင်းအသစ်နှင့် စာချုပ်ချုပ်ဆိုသောကြောင့် ယွမ်သန်းတစ်ရာ ဘောနပ်ရခဲ့သည်။ Streaming လောကတစ်ခုလုံးကပင် အံ့ဩသွားခဲ့ရသည်။ တခြားသော ကျော်ကြားသည့် Streamer များ ဆိုလျှင် နှစ်ချီမှသာ ယွမ်၁၀သန်းခန့်သာ ရလိမ့်မည်။

သည် ABO လောကမှ Streamer များ၏ ဝင်ငွေက ယဲ့ရှောင်းယန်၏ ယခင်လောကမှ Streamer များထက်ပင် ပို၍ မြင့်မားသေးသည်။ ယဲ့ရှောင်းယန်က သူ၏ ကိုယ်ပိုင် Deskbook ဖွင့်လိုက်သည်။ သူက ဒီနေ့ Subscribe လုပ်သူ အသစ်တစ်သိန်းကျော် လက်ခံရရှိခဲ့သည်။ ကိုးဆယ်ရာခိုင်နှုန်းက အစ်ကိုငါးက anti ဖန်များ ဖြစ်လောက်လေသည်။ ထိုလူများက တစ်ယွမ်ပေး၍ သူ့ကို ထောက်ပံ့ပေးကြသည်။ ဤနည်းအားဖြင့် အစ်ကိုငါးကို ဆွဲချချင်နေကြသည်။ များပြားလှသော ကြည့်ရှုသူများက ယဲ့ရှောင်းယန်၏ ကြောင်အတွက် လက်ဆောင်ပို့ပေးကြသည်။ အားလုံးပေါင်း သူ၏ဝင်ငွေက တစ်သိန်းခွဲသွားသည်။

သူက Subscribe လုပ်ကြေး သန်းကျော် ရရှိပြီး၊ လက်ဆောင်ကြေး သန်းကျော် ရရှိသော ထိပ်တန်းအဆင့် Streamer များနှင့် မယှဉ်နိုင်ချေ။ သို့သော် လူသစ်Streamer များထဲတွင် သူ၏ လုပ်ဆောင်မှုက အလွန်မြင့်မားခဲ့သည်ဟု ဆို၍ ရသည်။

ဝေလငါးပလက်ဖောင်းမှ မန်နေဂျာက သူ့ကို ညသန်းခေါင်ကြီး ဖုန်းခေါ်ခဲ့သည်။ ဆိုလိုသည်မှာ သူက အလားအလာကောင်းသော လူသစ်တစ်ယောက် ဖြစ်နေလောက်လေသည်။ ထို့ကြောင့် သူတို့က သူ့အား တခြားသော ပလက်ဖောင်းတစ်ခုမှ ကမ်းလှမ်းသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဒါကြောင့် သူတို့က သူနဲ့ စာချုပ်ချုပ်ဆိုချင်နေကြတာ မဟုတ်လား။

သူက စာချုပ်ကို အာရုံ ပြန်စိုက်လိုက်သောအခါ ထောင်ချောက်အပြည့် ရှိနေကြောင်း သိလိုက်ရသည်။ ထိုစာချုပ်အရ သူက ကြည့်ရှုသူများ၏ လက်ဆောင်မှ ၄၀ရာခိုင်နှုန်းကို လက်ခံရရှိမည် ဖြစ်ပြီး Subscribe လုပ်ကြေးကလည်း ဆာဗာ၏ ကုန်ကျစရိတ်ကို ဖယ်ရှားပြီးမှ ပြန်လည်ခွဲယူရအုံးမည် ဖြစ်သည်။ ထို့အပြင် သည်စာချုပ်ထဲတွင် စာချုပ်ချုပ်ဆိုသဖြင့် ရရှိမည့် ဘောနပ်စ်များအကြောင်းလည်း ထည့်မပြောထားချေ။ ထို့ကြောင့် ဆိုရသော် သူတို့က သူ့ကို လုယက်ရန် ကြိုးစားနေသည်နှင့် တူသည်။

အလားအလာကောင်းသော ပါရမီရှင်အသစ်တစ်ယောက်ကို လိမ်ညာလှည့်စားရန် ကြိုးစားနေခြင်းဖြစ်သည်။

သူ့ကို လှည့်စားချင်တယ် ဟုတ်လား။ အိပ်မက်သာ မက်နေလိုက်။

စာချုပ်၏ အချိန်က အလွန်များပြားပြီး တစ်လလျှင် နာရီ၂၄၀ တစ်နေ့လျှင် အနည်းဆုံး ၈နာရီဖြစ်သည်။ စာချုပ်က အနည်းဆုံး သုံးနှစ် ချုပ်ဆိုရမည် ဖြစ်ပြီး ထိုသုံးနှစ်အတောအတွင်း ယဲ့ရှောင်းယန်က အခြားသော ပလက်ဖောင်းများတွင် Stream၍ မရသလို ဝေလငါး ပလက်ဖောင်းမှ သူ၏ဝင်ငွေကို မ Stream ၍ မရချေ။ လုပ်မိလျှင် ဝေလငါးပလက်ဖောင်းမှ သူ၏ဝင်ငွေ၏ ငါးဆယ်ရာခိုင်နှုန်းကို ပြန်လည်လျော်ကြေး ပေးရမည် ဖြစ်သည်။

ဒီပလက်ဖောင်းက အပြန်အလှန်အနေဖြင့် ကတိအချို့ ပေးထားသေးသည်။ ထိုကတိများကမူ သူတို့၏ စာမျက်နှာတွင် ပရိုမိုးရှင်း ကြော်ငြာများကို ထည့်သွင်းပေးမည် ဖြစ်ပြီး မားကတ်တင်း ဗျူဟာနှင့် ကိုယ်တိုင် ချုပ်ထားသလိုမျိုး လုပ်ပေးမည့်အပြင် သူ့အတွက် သီးသန့် မန်နေဂျာပင် ပြင်ဆင်ပေးမည် ဖြစ်သည်။ အပေါ်ယံတွင် ကြည့်ကောင်းသည်ဟု ထင်ရသော်လည်း ဘာတန်ကြေးမှ မရှိချေ။

ယဲ့ရှောင်းယန်က အမျိုးသမီးကျန်း၏စာကို ပြန်ဖြေလိုက်သည်။

[စိတ်မကောင်းပါဘူး။ ကျွန်တော် ဒီစာချုပ်ရဲ့ အခြေအနေကို လက်မခံနိုင်ဘူး]

ကျန်းချီက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

[ကျွန်မတို့ရဲ့ ဂိမ်းကဏ္ဍက လူသစ်တွေအားလုံးက ဒီလို စာချုပ်ပုံစံနဲ့ပဲ စတင်ရတာပါ။ လူသစ်တွေအားလုံးအတွက် စာချုပ်က အတူတူပါပဲ။ အနာဂတ်မှာ လူကြီးမင်းက အောင်မြင်မှု အဆင့်တစ်ခု ရောက်လာခဲ့ရင် ညှိနှိုင်းနိုင်ပါသေးတယ်]

ယဲ့ရှောင်းယန်က ပြုံးလိုက်ပြီး ပြန်ရိုက်လိုက်သည်။

[ကျွန်တော်က အခုပဲ ညှိနှိုင်းချင်တယ်။ ကျွန်တော် အောင်မြင်လာမှ ဆိုရင် နောက်ကျသွားမှာပေါ့]

ကျန်းချီကမူ လှည့်ပြီး သူ၏မန်နေဂျာကို ကြည့်လိုက်သည်။

ချန်ဖေးယွမ်က ပြောသည်။

“သူ ဘာပြောပြော အရေးကြီးတာက ရဖို့ပဲ”

ကျန်းချီက စာပြန်ရိုက်သည်။

[ကောင်းပြီ လူကြီးမင်းက ဘယ်နေရာကိုများ မကျေနပ်တာပါလဲ]

ယဲ့ရှောင်းယန်က အချက်အလက် သုံးခုကို ပြန်ရိုက်ပို့လိုက်သည်။

[ပထမအချက်အနေနဲ့ လက်မှတ်ထိုးတဲ့အတွက် ဘာဘောနပ်စ်မှ မပါနေကတည်းက ကျွန်တော်က Subscribe လုပ်ကြေးကို ငါးဆယ် ငါးဆယ် ခွဲချင်တယ်။ နောက်ပြီး လက်ဆောင်ကနေ ၆၀ရာခိုင်နှုန်းရချင်တယ်]

[ဒုတိယတစ်ချက် အနေနဲ့ တစ်နှစ်ပဲ လက်မှတ်ထိုးချင်တယ်။ ဒီတော့ နာရီ ၂၄၀ အတွက် တစ်လကို နာရီ ၁၈၀ပဲ]

[တတိယအချက်အနေနဲ့ အချက်တစ်ခု ထပ်ထည့်လိုက်ပါ။ ဒီ Streamer ကသာ လက်မှတ်ထိုးထားတဲ့ အတောအတွင်း စစ်နတ်ဘုရားများရဲ့ အဖွဲ့ချုပ်မှာ ပရိုကစားသမား ဖြစ်လာခဲ့မယ် ဆိုရင် ဒီStreaming ပလက်ဖောင်းက ဒီStreamer ရဲ့ အဖွဲ့နဲ့ ညှိနှိုင်းပြီး ဒီစာချုပ်ကို ဖျက်သိမ်းပေးရမယ်။ ဒီStreamerက ဒီလိုတူညီတဲ့ အခြေအနေတွေ အောက်မှာ တူညီတဲ့စာချုပ်ကို ပြန်ပြီး လက်မှတ်ထိုးမှာ မဟုတ်ဘူး]

ချန်ဖေးယွမ်နှင့် ကျန်းချီတို့က တစ်ယောက်ကိုတစ်ယောက် အံ့အားတကြီး ကြည့်လိုက်ကြသည်။ ဒီလူသစ်က မောက်မာလွန်းတာ မဟုတ်ဘူးလား။

သူတို့က မရေမတွက်နိုင်သော Streamer များကို ကိုင်တွယ်နေကျ ဖြစ်သည်။ အများစုကမူ ဒီလူသစ်များကို သည်လိုစာချုပ်ဖြင့် ကမ်းလှမ်းကြောင်း သိသည်နှင့် အလွန်ပျော်သွားလေ့ ရှိသည်။ သူတို့အနေဖြင့် ပထမဆုံး ဒီခက်ခဲသော အသစ်လေးကို တွေ့ရခြင်းဖြစ်သည်။

ချန်ဖေးယွမ်က မျက်မှောင်ကြုတ်သည်။

“သူက အရမ်းကို ယုံကြည်မှု ရှိနေပြီး စကားကြီးစကားကျယ် ပြောနေတာပဲ။ အခြားပလက်ဖောင်းက လာတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်များ ဖြစ်နေမလား”

ကျန်းချီက ခေါင်းငုံ့ပြီးနောက် ငြင်းသည်။

“ရှောင်ပိုင် ဟုတ်လား ဒီနာမည်နဲ့ ပတ်သက်ပြီး အခြားပလက်ဖောင်းမှာ ဘာမှ မရှိခဲ့ဖူးပါဘူး”

ချန်းဖေယွမ်က တိတ်ဆိတ်သွားသည်။ ထို့နောက် သူမက သူမ၏ လုပ်ဖော်ကိုင်ဖက်၏ ဖုန်းကို လှမ်းယူလိုက်ပြီးနောက် ပြန်ရိုက်သည်။

[သုံးနှစ်စာချုပ် ချုပ်ဆိုတာက ကုမ္ပဏီရဲ့ လူသစ်တင်ဆက်သူတွေကို ပေးနိုင်တဲ့ အခြေခံအချက်ပဲ။ ဒါကို ပြောင်းလဲလို့ မရဘူး။ ဒီလို ပြောင်းလဲဖို့အတွက် အပေါ်က အသိအမှတ်ပြု ခံရဖို့လည်း လိုသေးတယ်။ လက်ဆောင်အတွက် ၅၀-၅၀ တော့ပေးနိုင်တယ်။ ဒါက အလားအလာအကောင်းဆုံး Streamer တွေကို ပေးထားနိုင်တဲ့ အမြင့်ဆုံးပဲ]

ယဲ့ရှောင်းယန်က ပြန်ဖြေသည်။

[ကျွန်တော်က ၆၀ရာခိုင်နှုန်း လိုချင်တယ်။ ကျွန်တော်က ပထမတန်းစား Streamer တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်မှု ရှိတယ်]

ထို့နောက် သူက ထပ်ဖြည့်ပြောသည်။

[ခင်ဗျားတို့တွေ ကျွန်တော့်ကို ရက်နည်းနည်းလောက် ဆက်ပြီး စောင့်ကြည့်နိုင်ပါသေးတယ်။ ကျွန်တော်က ခင်ဗျားတို့ မဆုံးဖြတ်ခင် လုံလောက်တဲ့ Streaming စွမ်းရည်ကို ပြသမှာပါ]

ချန်ဖေးယွမ်နှင့် ကျန်းချီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုက ပေါ်လာသည်။ ၆၀ရာခိုင်နှုန်း ဟုတ်လား…

ဒါက သူတို့ရဲ့ ထိပ်တန်း Streamer တွေကို ပေးတဲ့ ကမ်းလှမ်းမှုပဲ။ ဘယ်နေရာက လူသစ်ကများ ဒီလိုမျိုးကို တောင်းဆိုရဲတာလဲ။

ယဲ့ရှောင်းယန်က တစ်ဖန် ထပ်ရေးသည်။

[အခုတော့ အိပ်တော့မယ်။ ကောင်းသောညပါ။ ပြုံးနေသော အီမိုဂျီ..]

ထို့နောက် သူက အိပ်ရာထဲသို့ ဝင်ကာ အိပ်ပျော်သွားသည်။

သူက ပါရမီရှင် စီမံခန့်ခွဲမှု ဌာနမှ အမျိုးသမီးနှစ်ယောက်ကို အယုံသွင်းပြီးနောက် ချန်ထားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ချန်ဖေးယွင်က ယဲ့ရှောင်းယန်က ပြောသော အချက်သုံးချက်ကို ပြန်ကြည့်သည်။ ထို့နောက် သူမ၏ အကြည့်က နောက်ဆုံးအချက်ဆီသို့ ရောက်သွားသည်။

ပရိုကစားသမား ဟုတ်လား ဘာလို့ သူက ဒီအချက်ကို ထပ်ဖြည့်ချင်တာလဲ။

ကျန်းချီကလည်း ထူးဆန်းသည်ဟု ခံစားရသည်။

“ပုံမှန်အားဖြင့် Streamer တွေက Stream စာချုပ်က အဖွဲ့ချုပ်စာချုပ်နှင့် ပတ်သက်မှု ရှိမရှိ ဂရုမစိုက်တတ်ကြဘူး။ ဒီ‌တော့ သူ့ပန်းတိုင်က Streamer ဖြစ်ဖို့ မဟုတ်ဘဲ Esport ကစားသမားလား”

ချန်ဖေးယွင်က မေးစေ့ကို ပွတ်ပြီးနောက် ထိုအချက်သုံးချက်ကို ပြန်ကြည့်သည်။

“သူက ပရိုကစားသမား ဖြစ်ချင်တာ ဖြစ်လောက်တယ်။ သူကသာ ငါတို့နဲ့ စာချုပ်ချုပ်ပြီးမှ အဖွဲ့ကို ဝင်လိုက်မယ် ဆိုရင် ဒုက္ခများသွားမှာပဲလေ။ အဖွဲ့တိုင်းမှာလည်း ပလက်ဖောင်းနဲ့ သီးသန့်စာချုပ်တွေ ရှိကြတာပဲ။ ဒီတော့ သူဝင်တဲ့ အဖွဲ့က ငါတို့နဲ့ စာချုပ် မချုပ်ချင်တာမျိုး ဖြစ်နိုင်တယ်”

ထိုလူက တွေးသော အနာဂတ်က ကြီးမားလွန်းနေသည်။

တိုင်းပြည်မှ Streaming ပလက်ဖောင်းသုံးခုက အချင်းချင်း အကြိတ်အနယ် ယှဉ်ပြိုင်နေကြရသည်။ အလားအလာ အားကောင်းဆုံး ပရိုကစားသမားများက စာချုပ်ချုပ်ဆိုလိုက်သော ထိုပလက်ဖောင်းကို အဖွဲ့က ကိုင်တွယ်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် အဓိကပလက်ဖောင်းသုံးခုလုံးက ပရိုကစားသမားအဖွဲ့များနှင့် စာချုပ်ချုပ်ဆိုရင် အကြိတ်အနယ် ယှဉ်ပြိုင်ရသည်။ ထို့ကြောင့် သူတို့က ကမ်းလှမ်းမှု မြင့်မားစွာ ထားပေးထားရန်လည်း လိုအပ်သေးသည်။

ထိုကစားသမားများက ကြည့်ရှုသူများ များပြားရန်အတွက် သူတို့၏ Stream ပလက်ဖောင်းပေါ်သို့ လာရောက်ကြခြင်း မဟုတ်ပေ။ ထိုအစား သူတို့၏ ပရိသတ်များကို နှစ်သိမ့်ပေးရန်အတွက်သာ သူတို့က Stream ပလက်ဖောင်းများကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံး ပေးနိုင်သော ပလက်ဖောင်းကိုသာ သူတို့က ရွေးချယ်ကြလေ့ ရှိသည်။

ထိပ်တန်းအဆင့် ပရိုကစားသမားများက သာမန်ကာလျှံကာ Stream ရုံဖြင့်ပင် မရေမတွက်နိုင်သော ပရိသတ်များက ဝင်ရောက်လာပေလိမ့်မည်။ ထို့အပြင် ဝေ့ပေါ်ပေါ်တွင်လည်း အလားတူအတိုင်း ဖြစ်သည်။ ထိုပရိသတ်များက Streaming ထံ လက်ဆောင်များစွာကို ချီးမြှင့်လေ့ ရှိပြီး ပလက်ဖောင်းကပင် အမီလိုက်နိုင်အောင် မနည်းရုန်းကန်ရလေ့ရှိသည်။ သည်နည်းအားဖြင့် ထိုသို့သော ဖိအားများအောက်တွင် သူတို့၏ ဆာဗာကိုပင် မနည်း မြင့်တင်ထားရသည်။

ကျန်းချီက ရုတ်တရက် ပြောသည်။

“သူ့ရဲ့ပန်းတိုင်ကသာ ပရိုကစားသမား ဖြစ်ချင်တာ ဆိုရင် ဒီအချက်ကို ထပ်ဖြည့်ချင်တာက ကျိုးကြောင်းသင့်တော်တာပဲ။ သူက ကျွန်မတို့နဲ့ စာချုပ်ချုပ်ဆိုပြီးမှ သူ့အသင်းက အခြားပလက်ဖောင်းနဲ့ လက်မှတ်ထိုးထားတာ ဆိုရင် ဒုက္ခများသွားလိမ့်မယ်”

ရုံးခန်းထဲမှ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်ဓာတ်ကျသွားကြသည်။

သူတို့ကလည်း သည်Streaming နယ်ပယ်တွင် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးသား ဖြစ်သလို ပထမဆုံးအကြိမ် အခုလို လူသစ်က အခုလောက် ယုံကြည်မှု ရှိခြင်းကို မြင်ဖူးခြင်းလည်း ဖြစ်သည်။ ပရိုကစားသမားဖြစ်ရန် ပန်းတိုင်ဖြင့် သူက Streaming လုပ်နေခြင်း ဖြစ်သည်။ သူက ခြင်္သေ့၏လည်ချောင်းထဲမှ အစာ ၆၀ရာခိုင်နှုန်းကို ခိုးယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

ချန်ဖေးယွမ်က အနည်းငယ် တွေးတောပြီးနောက် ပြောသည်။

“သူ့ကို အရင်ဆုံး စောင့်ကြည့်ရအောင် သူ တကယ် လုပ်နိုင်မလား ကြည့်ကြတာပေါ့။ နောက်မှ ငါတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ပြီး ဒီရှောင်ပိုင်ကို မျက်စိထောက်တောက် ကြည့်ထားရမယ်။ သူ အခြားပလက်ဖောင်းကို ခုန်မခုန် သေချာစောင့်ကြည့်ထားရမယ်”

ကျန်းချီက ခေါင်းညိတ်လိုက်သည်။

“နားလည်ပြီ။ ဒီလိုဆိုရင် သူ့ရဲ့သတင်းအချက်အလက်တွေကို အခုပဲ ပို့လိုက်တော့မယ်”

တစ်ချိန်တည်းတွင်ပင်

စစ်နတ်ဘုရားများ.. [အဆင့်လွန်နတ်ဘုရားများအဖွဲ့] ကလည်း အလွန်တက်ကြွနေသည်။ ထိုအဖွဲ့က အဖွဲ့ဝင် တစ်ရာကျော် ရှိသည်။ အမျိုးမျိုးသော ပရိုကစားသမားများမှ ထိပ်တန်းအဆင့် ကစားသမားများနှင့် ခေါင်းဆောင်များက ရှိနေကြသည်။ ပုံမှန်အားဖြင့် သူတို့က သူတို့၏အသင်းများကို လေ့ကျင့်ပွဲအတွက် အချိန်ဇယားနှင့် ကိုက်ညီရန် စကားပြောလေ့ ရှိကြသလို အသင်းပြိုင်ပွဲများအတွက် အချိန်ညှိရန် ပြောလေ့ရှိကြလေသည်။

ထိုအဖွဲ့က ညဘက်ပိုင်းမှသာ အမြဲတစေ Active ဖြစ်သည်။ အကြောင်းမူက ညဇီးကွက်များက ဂိမ်းများ ကစားလေ့ ရှိသောကြောင့် ဖြစ်သည်။ စစ်နတ်ဘုရားများ၏ လက်ရွေးစင်များ အဖွဲ့ထဲတွင် စာအသစ်တစ်ကြောင်းက ပေါ်လာသည်။

[သတင်းထောက်ကျောင်း: သောက်ကျိုးနည်း ဒီStream ကို ကြည့်စမ်းပါ။ အစ်ကိုငါးက လူသစ်Streamer ကြောင့် ဖျက်ဆီးခံလိုက်ရပြီ]

သတင်းထောက်ကျောင်း၏ နာမည်အရင်းက ကျောင်းရှင်းအန်း ဖြစ်ပြီး သူ၏ Ingame အိုင်ဒီက ရှောင်ကျောင်းဖြစ်သည်။ သူက ပင့်မူTeam မှ အပေါ်လမ်းကစားသမား ဖြစ်သည်။ သူ့ကို ပရိုအဖွဲ့ချုပ်တွင် သွက်လက်လွန်းသောသူ Short one အနေဖြင့် သိကြသည်။ သူက ဂိမ်းအကြိုအင်တာဗျူးတစ်ခုတွင် အင်တာဗျူးသူနှင့် ငြင်းခုန်ပြီးနောက် အဖွဲ့ချုပ်က သူ့ကို အဝါကတ် ပြခဲ့သည်။ သိပ်မကြာခင်ကမှ သူက Streamနေချိန်တွင် သူ့ကို ရန်လာစခဲ့သော anti ဖန်တစ်ယောက်နှင့် ပြဿနာတက်ထားသေးသည်။ သူ၏ Streaming အခန်းက တစ်လလုံးလုံး အဘန်းခံလိုက်ရလေသည်။

ထိုအယ်ဖာက ပေါက်ကွဲလွယ်သည်။ သူက သူ၏မထိန်းချုပ်နိုင်သော ပါးစပ်ကြောင့် လူပေါင်းများစွာကို ရန်စမိထားသည်။ သို့သော် သူ၏စကေးကမူ ငြင်းဆန်ရန် ခက်ခဲသည်။ သူက လက်ရှိအချိန်တွင် အပေါ်လမ်းကစားသမားများကြားထဲတွင် အဆင့်တစ်ရထားပြီး Kill အများဆုံး ဖြစ်သည်။ သူ၏ ကစားကွက်ပုံစံက အလွန်ကြမ်းတမ်းကာ ကြမ်းကြုတ်သည်။

ကျိုးကျိုး: [အစ်ကိုငါး ဟုတ်လား]

ကျိုးကျိုး: [ငါနိုင်ရင် ငါက အရမ်းတော်တယ်။ ငါရှုံးရင် ငါ့အသင်းဖော်တွေက ညံ့တာ ဆိုတဲ့ Streamer မဟုတ်လား ပြုံးနေတဲ့ အီမိုဂျီ]

သတင်းထောက်ကျောင်း: [တော်လိုက်တဲ့ အနှစ်ချုပ်.. ခေါင်းဆောင်ကျိုး..]

သတင်းထောက်ကျောင်း: [ဒီကောင်ပဲ သူက ကမ္ဘာချန်ပီယံ ရမယ် ဆိုပြီးတော့တောင် ကြွေးကြော်ထားတဲ့ Streamer လေ ငါတို့တိုင်းပြည်ရဲ့ ကစားသမားတွေက အိမ်ကွင်းမှာပဲ တော်ပြီး ပြည်ပကွင်းရောက်ရင် ငကြောက်တွေ ဖြစ်သွားတာလို့ ပြောနေတဲ့ကောင်။ ငါတို့ သူ့ကို ကစားခိုင်းရင် သူကတောင် ဖလားယူလာပေးမယ်လို့ ကြုံးဝါးနေတဲ့ကောင်ပေါ့]

သတင်းထောက်ကျောင်း: [ငါ အဒီအကောင်ကို တော်တော်လေးကို ကြည့်မရတာ တော်တော်ကြာပြီ]

သတင်းထောက်ကျောင်း၏ စကားများကို ကြားပြီးနောက် တခြားသော ပရိုကစားသမားများကလည်း ယခင်နှစ်မှ မှတ်ဉာဏ်များကို သတိရသွားကြသည်။

ရာသီအတောအတွင်း တရုတ်ဘက်မှ အဖွဲ့နှစ်ဖွဲ့က ကမ္ဘာချန်ပီယံကို ဝင်နိုင်ခဲ့သည်။ သို့သော် မည်သည့်အသင်းကမျှ အိမ်သို့ ခမ်းနားသော ဆုကို ပြန်မယူပေးနိုင်ခဲ့ချေ။ လူတိုင်းကလည်း စိတ်ဓာတ်ကျနေခဲ့ကြသည်။ ထိုအချိန်တွင် ထိုStreamer အစ်ကိုငါး ဆိုသူက သူတို့၏ ဒဏ်ရာကို ဆားဖြူးလာခဲ့ပြီး သူတို့က အိမ်ကွင်းတွင်သာ တော်ကာ ကမ္ဘာနှင့် ချီသော ပွဲစဉ်တွင် ငကြောက်ဖြစ်သွားကြောင်း ပြောဆိုခဲ့ခြင်းဖြင့် သူတို့ကို အရှက်ခွဲခဲ့သည်။ ထို့အပြင် သူတို့က သူ့ကို ကစားခိုင်းသင့်သည်ဟုပင် ပြောထားသေးလေသည်။

ပြည်တွင်း Esport Fan Base က သူတို့၏ ပရိုအဖွဲ့ဝင်များကို အထင်သေးရှုံ့ချသူများကို အလွန်အမင်း မုန်းတီးပြီး ကမ္ဘာချန်ပီယံရှစ် ရအောင် မယူနိုင်သည့်အတွက်လည်း မည်သို့မျှ သဘောမထားကြဘဲ အားပေးကြလေသည်။ ထိုသို့ဖြင့် ဝိုင်းဝန်းကာ ပြောဆိုကြသည့်ကြားမှ ထိုအစ်ကိုငါး ဆိုသူက ကျော်ကြားသွားပြီး Hater ပေါင်းများစွာကိုလည်း ပိုင်ဆိုင်လိုက်ပေသည်။

သည်လောကတွင် ထိုလူက အာရုံစိုက်ခံရရန် ဘာမဆို လုပ်မည့်သူမျိုးဖြစ်သည်။ နေ့ရက်တိုင်းလိုလို သူ၏ Straeaming ချက်ခန်းထဲတွင် သူ၏ ပရိသတ်များနှင့် anti ဖန်များက အမြဲတစေ စစ်ခင်းနေလေ့ ရှိသည်။ ထို့ကြောင့် ထိုနေရာက မုန်တိုင်းရပ်ဝန်းဟုလည်း ပြော၍ ရသည်။

ပရိုကစားသမားများကလူ အဖွဲ့ချုပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေရာ သူတို့က ထိုနေရာသို့ တိုက်ရိုက်သွားပြီး ထိုအကောင်ကို ကိုင်တွယ်၍ မရချေ။ သို့သော် များပြားစွာသော ပရိုကစားသမားများက အစ်ကိုငါးက အလွန်အမင်း မုန်းတီးပြီး သူ့ကို Shit(ချီး) စာရင်းထဲသို့ ထည့်ထားသည်မှာ ကြာလှချေပြီ။

ထို့နောက် ကျောင်းရှင်းအန်းက ပြောသော သတင်းကို ကြားလိုက်ရသည်။ သူတို့၏ ဂိမ်းနတ်ဘုရားများက ထိုချက်ခန်းထဲသို့ ဝင်ရောက်လာသည်။

ငါက လေးထောင့်အရမ်းကျတယ်: [အစ်ကိုငါးက ပါးစပ်ဆိုးတယ်။ ဒါပေမဲ့ သူ့စကေးက လက်ခံနိုင်စရာပါပဲ။ သူက ဘယ်လိုကြောင့်များ လူသစ်လေးက ပညာပေးတာကို ခံလိုက်ရတာလဲ]

ငါက အရမ်းဝိုင်းတယ်: [သေချာတာပေါ့။ ပုံပြင်တစ်ဝက်တည်း ပြောပြီး ရပ်မထားစမ်းပါနဲ့။ ငါတို့ကို သံသယဝင်အောင် မလုပ်နဲ့]

သတင်းထောက်ကျောင်း: [ငါ မင်းတို့ကို အခုပဲ ပြမယ်]

သတင်းထောက်ကျောင်း: [ငါ နဂိုက ဟီးရိုးအသစ်ကို နားလည်အောင် ကြိုးစားချင်နေတာလေ။ အစ်ကိုငါးကလည်း ဖြစ်ချင်တော့ သူ့အခန်းထဲမှာ အသူရာအရှင်နဲ့ ပတ်သက်ပြီး သင်ခန်းစာပေးတဲ့ Streaming လုပ်နေတယ်။ ဒီ‌တော့ ငါကလည်း ဘာဖြစ်နေတာလဲ သွားကြည့်တာပေါ့။]

သတင်းထောက်ကျောင်း: [ဒီအရူးကောင်က နေရှင်နယ်လီဒါဘုတ်ကို ဝင်မယ်လို့ ပြောရဲသေးတယ်။ နောက်တော့ ဖြစ်ချင်တော့ နေရှင်နယ်လီဒါဘုတ် ဝင်အောင် ကြိုးစားနေတဲ့ အသူရာအရှင်သခင်ယူထားတဲ့ လူသစ်လေးတစ်ယောက်နဲ့ တွေ့ပါလေရော။ သူတို့က ဂိမ်းထဲမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ လူသစ်လေးက အသူရာအရှင်ကို အရင်ရသွားတယ်လေ။ အစ်ကိုငါးက သူ့ရဲ့အကောင်းဆုံးဟီးရိုး ပုံရိပ်ယောင်ပညာရှင်ကို ယူလိုက်ပြီး သူက ဒီလူသစ်လေးကို ရေထဲကို ဆွဲချပြီး ရိုက်နှက်မယ်လို့တောင် ကြုံးဝါးသေးတာ ဒါပေမဲ့ အစက အဆုံးထိ.. အဲဒီလူသစ်လေးရဲ့ Kill တစ်ခုမှ ရအောင် မယူနိုင်ခဲ့ဘူး။ ဒါ့အပြင် တစ်ဖက်သူက အဖွဲ့လိုက်သုံးပြီး သူ့ကို သတ်သွားတာတောင် ခံလိုက်ရသေးတယ်]

သတင်းထောက်ကျောင်း: [သူက မျက်နှာဖြတ်ရိုက်ခံရလို့ ယောင်ကိုင်းနေမှာတောင် သေချာတယ် ဟား ဟား ဟား]

ငါက လေးထောင့်အရမ်းကျတယ်: [အသူရာအရှင်သခင် ဟုတ်လား]

ငါက လေးထောင့်အရမ်းကျတယ်: [အဲဒီလိုဆိုမှ လူတိုင်းက ဒီဟီးရိုးအသစ်ကို စမ်းကြည့်နေကြတုန်း မဟုတ်လား]

ကျိုးကျိုး: [ပြောရရင် ငါ အခုရက်ပိုင်း အလုပ်များနေတာနဲ့ အဲဒီဟီးရိုးကို မစမ်းရသေးဘူး]

ငါက လေးထောင့်အရမ်းကျတယ်: [ခေါင်းဆောင်ကျိုးက နေရှင်နယ်လီဒါဘုတ်ကို ဝင်ဖို့ မစဉ်းစားထားဘူးလား]

ကျိုးကျိုး: [ငါ မင်းတို့ကောင်တွေနဲ့တင် Play off ရှုံးထွက်ပွဲစဉ် ကစားနေတာနဲ့ လုံလောက်နေပြီ။ အခြားအရာတွေအတွက် အချိန်မရှိပါဘူး။ အနည်းငယ် ပြုံးနေတဲ့ အီမိုဂျီ]

သတင်းထောက်ကျောင်း: [မင်းတို့ကောင်တွေ ဒီလူသစ်လေးက သူ့ကို ဘယ်လို မှုတ်ထုတ်လိုက်လဲ ဆိုတာကို သိချင်နေကြမှာပေါ့]

ကျိုးကျိုး: [Streamer တွေက တခြားStreamer တွေကို နိုင်တာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ဘာလို့များ ဒီလောက်အထိ ကြိုးစားနေတာလဲ]

သတင်းထောက်ကျောင်း: [ဒီလူသစ် Streamerက ပုံမှန် မဟုတ်ဘူး]

သတင်းထောက်ကျောင်း: [ငါက ဒီဂိမ်းထဲမှာ တော်တော်လေး စိတ်ဝင်စားမိလို့ သူ့ရဲ့ Streaming အခန်းကို သွားကြည့်လိုက်တာ။ သူက အစောပိုင်းဂိမ်းမှာတည်းက တောက်လျှောက်နိုင်တာလာ။ ပြောရရင် လုံးဝ မရှုံးတာ သေချာနေတဲ့အတိုင်းပဲ။ ဒီလူသစ်လေးက အမြဲတမ်း တည်ငြိမ်နေပြီး သူ့ရဲ့အသင်းဖော်တွေကိုလည်း ကောင်းကောင်းအမိန့်ပေး ထိန်းချုပ်ပေးနိုင်တယ်။ ဂိမ်းနောက်ပိုင်း ရောက်တဲ့အထိ သူတို့က အချိန်ဆွဲထားနိုင်တဲ့အပြင် အသင်းအဖွဲ့လိုက် Kill ယူပစ်လိုက်တာပဲ]

သတင်းထောက်ကျောင်း: [သူ့ရဲ့ အသူရာအရှင်သခင်ကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်က ထိပ်တန်းအဆင့်ပဲ။ သူက စီရင်စုမှာ #1 လေ]

ငါက လေးထောင့်အရမ်းကျတယ်: [စီရင်စုမှာ မဟုတ်လား။ ဒီဟီးရိုးအသစ်က နှစ်ရက်ပဲ ပေါ်သေးတာ။ သူက ဒီလောက်ထိ လုပ်နိုင်သွားပြီလား]

ကျိုးကျိုး: [သူက သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားကို ဆက်တိုက်နိုင်တဲ့ ပုံစံနှုန်းနဲ့ အဆင့်တက်ထားတာ မဟုတ်လား]

သတင်းထောက်ကျောင်း: [ဟုတ်တယ်။ သူက အသူရာအရှင်သခင်နဲ့ ပွဲစဉ် ၄၀ ကစားခဲ့ပြီး ၁၀၀ရာခိုင်နှုန်း နိုင်ထားတာ။]

ထျန်းဟွမ်ရှို့ယွဲ့: [ဘယ်စီရင်စုလဲ] (ရှို့ယွဲ့က လရောင်)

သတင်းထောက်ကျောင်း: [မင်ကျိုးစီရင်စုက #1လေ တိုက်ပွဲဝင်စွမ်းအားက 7300]

ထျန်းဟွမ်ရှို့ယွဲ့: [မင်းမှာ ရီကောဒင်းရှိလား]

သတင်းထောက်ကျောင်း: [ဒါပေါ့။ ငါက ရီကောဒင်းသာ မရှိရင် သတင်းထောက်လို့ ခေါ်လို့ ရပါ့မလား]

အဖွဲ့ဝင် [သတင်းထောက်ကျောင်း]က ဗီဒီယိုတစ်ခု ရှယ်လိုက်သည်။

အစပိုင်းတွင် ချက်ခန်းထဲမှ အခြားသော အဖွဲ့ဝင်များက ဒီအတိုင်း အတင်းအဖျင်း နားထောင်ရုံသာ ရှိနေခဲ့ကြခြင်း ဖြစ်သည်။ Streamer များအနေဖြင့် အခြားသော Streamer များကို အနိုင်ယူသော ကိစ္စက ပုံမှန်သာလျှင် ဖြစ်နေသေးပြီး သူတို့ကဲ့သို့ ပရိုကစားသမားများကလည်း ထိုStreamer များအကြားမှ ရန်ငြိုးများကို မသိဘဲ ဝင်မစွက်ဖက်သင့်ချေ။ ထို့အပြင် မည်သူကမှ အစ်ကိုငါးကို မသတ်ခဲ့ဖူးသည်လည်း မဟုတ်ချေ။ သူက ရိုက်ချက်ခံရကြောင်း ကြားသည့်အခါ သူတို့က ရယ်မောမိကြပြီး ဒီအတိုင်း လွှတ်ထားခဲ့ကြမည်သာ ဖြစ်သည်။ သို့သော် သတင်းထောက်ကျောင်း၏ နောက်ပိုင်းစကားများကြောင့် သူတို့က အလွန်အံ့ဩမိကြသည်။

တစ်ရာရာခိုင်နှုန်း အနိုင်ရထားတယ် ဟုတ်လား။ နောက်ပြီး မင်ကျိုးစီရင်စုမှာ အသူရာအရှင်သခင်နဲ့ #1

ဒါက သူတို့၏ အာရုံကို ဆွဲဆောင်ရန် လုံလောက်သွားသည်။ အဓိက အသင်းတိုင်းမှ အဓိကကစားသမားတိုင်းက ထိုVideo File ကို ဒေါင်းလုတ်ဆွဲလိုက်ကြပြီး ကြည့်လိုက်ကြသည်။

ထျန်းဟွမ် HQ (ဌာနချုပ်)

ချီရှို့က ထိုVideo File ကို ဒေါင်းလုတ် ဆွဲလိုက်ပြီးနောက် ရင်းနှီးကျွမ်းဝင်သော ဝေလငါးStreaming၏ inter face ကို မြင်လိုက်ရသည်။ ထို့နောက် ချစ်စရာကောင်းသော ကြောင်ပုံလေး၏ အကောင့်သို့ မြင်လိုက်ရသည်။ ချီရှို့က ကြောင်သွားသည်။

….

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset