AAML

အပိုင်း (၁၂)

အခန်း (၁၂)

အစ်ကိုငါး၏ Streaming အခန်းထဲတွင် အတန်ငယ် ထူးဆန်းသော လေထုအခြေအနေအဖြစ် ပြောင်းလဲသွားသည်။

လွန်ခဲ့သော တစ်ခဏကတင် သူက ပုံရိပ်ယောင်ပညာရှင်ကို ကိုင်တွယ်ကာ ကစားရင်း အသူရာအရှင်သခင်ကို solo kill သတ်မည်ဟု ကြုံးဝါးထားသေးသည်။ သို့သော် သူက အသူရာအရှင်သခင်ကို ဂိမ်းတစ်ခုလုံး တစ်ကြိမ်တောင်မှ မသတ်နိုင်ခဲ့ချေ။ သူ၏ Kill Death ဇယားကလည်း 8/1/0 ဖြစ်နေသည်။ သူက ရှုံးသွားသော ဂိမ်းမှ MVP ဖြစ်သည်။ သို့သော် သူ၏ပါးများက ပူထူကြိမ်းစပ်နေသလို ခံစားရသည်။ အထူးသဖြင့် ရှောင်ပိုင်က ထိုစကားများကို ချန်ရစ်ထားခဲ့ချိန်တွင် ဖြစ်သည်။

ဒါက မျှော်စင်ကို အခြေခံတဲ့ 5v5 ကစားရတဲ့ဂိမ်း။ တစ်ကိုယ်တော် ရှိုးပြရတဲ့ ပွဲမဟုတ်ဘူး။

ထိုစကားလုံးများက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။ ကောမန့်ကျည်ဆံများ ချန်ရစ်ထားသူ၏ စိတ်အခြေအနေများကလည်း ပြောင်းလဲလာသည်။

[ဒါက တကယ်ကို ငါးယောက်အတူ ပူးပေါင်းပြီး ဆော့ရတဲ့ ဂိမ်းလေ.. မင်းကသာ တစ်ယောက်တည်း ရှိုးပြချင်ပြီး ကိုယ်ပိုင်ခွန်အားနဲ့ အားလုံးကို လွှမ်းမိုးချင်တယ် ဆိုရင် မင်းက တကယ် အဲဒီလိုလုပ်ဖို့ လုံလောက်တဲ့ အင်အားရှိမရှိဘဲ စဉ်းစားရမှာ lol..]

[Kill ယူတဲ့ အကြောင်းကို စဉ်းစားကြည့်မယ် ဆိုရင် သူ့အသင်းဖော်တွေ သေတာ ရှင်တာကို ဂရုမစိုက်ထားတဲ့ပုံပဲ။ အစ်ကိုငါးက အမြဲတမ်း ဒီလိုပဲ]

[အခု မျက်နှာကို ဖြတ်ရိုက်ခံရသလို ခံစားရတယ် မဟုတ်လား ဟမ်.. ပွဲအစကတည်းက စကားကြီးစကားကျယ် ပြောခဲ့တာ မင်းပဲ မဟုတ်ဘူးလား]

[ငါတို့ရဲ့ Hostက Kill ယူပြီး အလုပ်များနေတဲ့အချိန်မှာ မီနီယမ်တွေကို လျစ်လျူရှုထားခဲ့တာက အမှန်ပဲ]

[ဒါက မျှော်စင်ဂိမ်းလေ သတိလက်လွှတ် လိုက်သတ်နေရတဲ့ ဂိမ်းမဟုတ်ဘူး။ ဘယ်လို အရူး Host က အလယ်လမ်းမှာ အပိတ်ခံထားရပြီး သူတို့ရဲ့ အပေါ်လမ်း ဖျက်ဆီးခံရတာကိုတောင် မသိရတာလဲ]

အစ်ကိုငါး၏ Streaming အခန်းက အလွန်ကျော်ကြားသည်။ သို့သော် ယခုအခြေအနေက သူ့ကို မုန်းတီးသူများအတွက် ကောင်းကင်မှ အသားတုံးကြီး ပြုတ်ကျလာသလို ဖြစ်သွားသည်။ သူက ရန်ဘက်၏ ထိုသို့အလဲထိုးခံရကြောင်း မြင်သောအခါ ရန်သူများက ချက်ချင်းလိုလို ပျော်ရွှင်သွားကြသည်။ သူတို့က အနီးအနားရှိ ရှောင်ပိုင်၏ အခန်းသို့ပင် သွားပြီး အခြေအနေများကို စစ်ဆေးကြည့်ခဲ့သည်။

ရှောင်ပိုင်၏ Streaming အခန်းမှ လူသိများမှုက ဥက္ကာခဲကဲ့သို့ ထိုးကျသွားသည်။ ရှဲ့ယွီက ကျိန်ဆဲလိုက်သည်။

“သောက်ကျိုးနည်း ငါတို့ရဲ့ မာ့စ်မန်းက အသုံးမကျတာလေ။ အဖွဲ့နှစ်ခု တိုက်ခိုက်နေတဲ့အချိန်မှာ သူက အဖယ်ခံလိုက်ရတယ်။ ဒါက အဲဒီသောက်ကျိုးနည်း ပျက်စီးမှုစွမ်းအားက များသွားတာပဲ”

ထို့နောက် သူက ထိုကစားသမားကို ရီပို့ထ် တင်ရင်း ပြောသည်။

“ငါ ပင်ပန်းနေပြီ။ ဒီနေ့ Streamကို ဒီနေရာမှာပဲ ရပ်မယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့”

ရှဲ့ယွီက ထိုသို့ဖြင့် Stream ကို ထိုသို့ ပိတ်လိုက်သည်။ သူ၏ဖန်များနှင့် anti ဖန်များကမူ ကောမန့်ကဏ္ဍတွင် ငြင်းခုန်နေသေးသည်။ ရှဲ့ယွီ၏ လွှမ်းမိုးမှုအောက်တွင် တစ်စုံတစ်ယောက်က မာ့စ်မန်းကို စတင်ကာ လှောင်ပြောင်ပြောဆိုသည်။

[ဒီမာ့စ်မန်းက တော်တော်လေးကို အသုံးမကျတာ အမှန်ပဲ]

[ဟုတ်တာပေါ့ ဟုတ်တာပေါ့.. သူတို့ရဲ့ မာ့စ်မန်းက အဲဒီလောက်အထိ ကြောက်ရွံ့ရိုသေစရာ မကောင်းပေမဲ့ အဲဒီအဖွဲ့က နိုင်သွားတုန်းပဲလေ]

[အစ်ကိုငါးရဲ့ ပရိသတ်တွေက တကယ်ကို အရှက်မဲ့တယ်။ သူက နိုင်ရင် အစ်ကိုငါးက တကယ်ကို အရမ်းတော်တယ်လို့ ပြောလိမ့်မယ်။ သူက ရှုံးရင် သူ့အသင်းဖော်တွေက ဆွဲလို့ပေါ့]

[ဒီဂိမ်းမှာ နှစ်ဖက်လုံးက အလယ်လမ်းကစားသူတွေက နှစ်ဖက်လုံးက မာ့စ်မန်းတွေကို ပစ်မှတ်ထားကြတယ်။ တစ်ဖက်အသင်းက အလယ်လမ်းကစားသမားက မာ့စ်မန်းကို တစ်စက္ကန့်တည်းနဲ့ ဆွဲချနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ သူတို့ကို မဆွဲချနိုင်ခဲ့ဘူး။ ဒါတောင် မင်းရဲ့ မာ့စ်မန်းက ညံ့တယ်လို့ ပြောရဲသေးတလား]

[ရှောင်ပိုင်က မင်းထက် ပိုသာနေတာ မဖြစ်နိုင်ဘူးလား]

ရှဲ့ယွီက မကြည်မသာ ဖြစ်နေသော မျက်နှာထားဖြင့် ထိုငြင်းခုန်မှုများကို ထိုင်ကြည့်နေသည်။ ငြင်းခုန်မှုမှ ရလာတတ်သော စတားများကလည်း စတား ဖြစ်နေသေးသည်။ ထိုငြင်းခုန်မှုများက သူက မည်သို့ ကျော်ကြားလာကြောင်း၊ သူက ကျော်ကြားလာပြီး ငွေရှာပြီး လုံးပန်းနေရသဖြင့် ကိုယ့်ကိုယ်ကိုယ်‌ မေ့လျော့သွားကြောင်း ဂိမ်းကစားရသည့် အနှစ်သာရကို မေ့နေပြီဖြစ်ကြောင်း ဝိုင်းဝန်းကာ ပြောဆိုကြသည်။ ဒါက ဒီအတိုင်း…

ထိုပွဲပြီးနောက် သူ၏စိတ်အခြေအနေက မသက်မသာ ဖြစ်နေခဲ့သည်။ သူက သူ့ရှေ့အောက်တွင်ပင် လှည့်စားခံရသလို ခံစားနေရသည်။ သူက kill များစွာကို ယူခဲ့ပြီး တစ်ဖက်အသင်းကို သရဖူပေးလိုက်သလို ဖြစ်သွားသည်။ ဤနည်းအားဖြင့် သူတို့က ချထားသော စည်းချက်တွင် သူက ကမိသွားသည်။

“ရှောင်ပိုင် မဟုတ်လား ဒီလူက ဘယ်က လာတာလဲ”

သူ၏ စိတ်ထဲတွင် သံသယဝင်လာပြီးနောက် ရှဲ့ယွီက ချက်ချင်းလိုလို alt acc ထဲသို့ Log in ဝင်လိုက်ပြီး ရှောင်ပိုင်၏ Streaming အခန်းထဲသို့ ဝင်လိုက်သည်။

ဂုဏ်ယူပါတယ် ကစားသမား [ရှောင်ပိုင်] က [ပြိုင်ဘက်ကင်းဘုရင်] အဆင့်ကို တက်ရောက်သွားပါပြီ။

ရှဲ့ယွီက အခန်းထဲသို့ ဝင်လိုက်ချိန်တွင် ရှောင်ပိုင်၏ ဖန်သားပြင်တွင် ထိုစကားက ပေါ်လာသည်နှင့် ကြုံသည်။

ရှောင်ပိုင်က ဘုရင်အဆင့်သို့ တက်သွားခြင်းအား ကြည့်နေခဲ့ကြသည့် ကြည့်ရှုသူအများစုက ပျော်ရွှင်သွားကြသည်။ သူတို့က သူ၏ချန်နယ်ကို ဖော်လိုလိုက်ကြပြီးနောက် သူ၏ ချက်ခန်းထဲတွင်လည်း ကျည်ဆံကောမန့်များက ပြည့်နှက်သွားကာ ချီးကျူးကြောင်း ပြောဆိုကြသည်။ ရှောင်ပိုင်၏ Streaming အခန်းမှ လူသိများမှုက ကြည့်ရှုသူ သုံးသိန်းအထိ တိုးတက်သွားပြီးနောက်တွင် အသစ်စက်စက် Streamer တစ်ယောက်အဖြစ် အသိအမှတ် ပြုခံလိုက်ရသည်။

Follower အသစ် အများအပြားလည်း ပိုင်ဆိုင်လိုက်ရသေးသည်။ ရှဲ့ယွီ၏ anti ဖန်များလည်း ပါသည်။ ရှဲ့ယွီကမူ ဒေါသတကြီး အံကြိတ်နေရသည်။ သူက ထိုပြိုင်ပွဲမှ အကျိုးအမြတ်အများစု ရရှိသွားခဲ့သည်။ သူက တစ်ဖက်လူကို ကူညီပြီး အကျိုးအမြတ်များ ရအောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်။

ငါက တစ်ဖက်လူရဲ့ အနင်းခံကျောက်တုံး မဖြစ်သွားဘူးလား။

ထိုဂိမ်းတွင် ရှောင်ပိုင်၏ အဆင့်သင်္ကေတက ပြိုင်ဘက်ကင်းဘုရင်များ၏ ရွှေရောင်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ ယဲ့ရှောင်းယန်က နောက်ဆုံးတွင်.. [ပြိုင်ဘက်ကင်းဘုရင်-ကြယ်တစ်ပွင့်] ကို ဖန်သားပြင်တွင် မြင်ရမှသာ စိတ်အေးနိုင်၏။ နောက်ဆုံးတွင် သူက ပြိုင်ဘက်ကင်းဘုရင်အဆင့် ရောက်သွားလေပြီ။

သူ၏တိတိက သူနှင့်အတူ တစ်ချိန်လုံး နှစ်ယောက်တွဲ ဝင်ရောက်တိုက်ခိုက်ပေးခဲ့ခြင်းကို ကျေးဇူးတင်ရမည်။ ထို့ကြောင့် တစ်ဖက်က သူ့ကို တစ်ချိန်လုံး ထောက်ပံ့ပေးခဲ့လေသည်။ ယဲ့ရှောင်းယန်ကသာ solo ဝင်ရောက်နေမည် ဆိုလျှင် ထိုဘုရင်အဆင့်သို့ ခပ်မြန်မြန် မရောက်နိုင်လောက်သေးချေ။

ချင်ရွေ့ကမူ သူ၏ကောကောက ဘုရင်အဆင့်သို့ ဝင်ရောက်သွားသည့်အတွက် ပျော်သွားသည်။

“ကော.. ကောက ကြေးနီအဆင့်ကနေ ဘုရင်အဆင့်ကို တောက်လျှောက် တက်သွားတာပဲ။ ကောက တကယ်တော်တယ်။ သေချာစဉ်းစားမိမှ ဒီလောက်တော်တဲ့ လူမျိုးနဲ့ ကျွန်တော် တစ်ခါမှ မကစားခဲ့ဖူးဘူး”

အကြောင်းမူကား သူ၏အတန်းဖော်များအားလုံးက အပြင်လူများ ဖြစ်နေသောကြောင့် ဖြစ်သည်။

ယဲ့ရှောင်းယန်က သူ့ကို ပခုံးပုတ်လိုက်ပြီးနောက် ရယ်လိုက်သည်။

“ကြိုးစားလေ ရှောင်ရွေ့.. မင်း ငါ့ကို ဂိမ်းပွဲ ၅၀ကျော်တောင် အကူအညီ ပေးထားတာ အခုတော့ နားလိုက်အုံး.. မျက်လုံးတွေက ညောင်းနေလောက်ပြီ”

Streaming အခန်းထဲ ညာဘက်ထောင့် ကောမန့်များထဲမှ နိုတီအသစ်များက တက်လာသည်။

[တောတွင်းဘုရင်က ရှောင်ပိုင်ကို Follow ပြီး ရှောင်ပိုင်ရဲ့ အခန်းကို Subscribe လုပ်သွားပါတယ်။]

[Pentakill က ရှောင်ပိုင်ကို Follow ပြီး ရှောင်ပိုင်ရဲ့ အခန်းကို Subscribe လုပ်သွားပါတယ်။]

ဝေလငါး Streaming ချန်နယ်တွင် ကြည့်ရှုသူများက Streamer များကို Follow မလုပ်ထားလျှင်လည်း ကြည့်၍ရသည်။ သို့သော် အချို့သော Streamer များ၏ ကြည့်ရှုသူများကမူ Subscribe လုပ်ရန် အဖွဲ့ဝင် ဝင်ကြေးကို လစဉ်ပေးဆောင်ရန် လိုအပ်လေသည်။ ဤနည်းအားဖြင့် သူတို့၏ နှစ်သက်ရသော Streamer က Live လွှင့်သောအခါ သူတို့က တိုက်ရိုက် သိနိုင်မည် ဖြစ်သည်။ အဖွဲ့ဝင်ကြေးခက တစ်လလျှင် တစ်ယွမ်သာ ရှိသည်။ များပြားခြင်း မရှိချေ။ ထို့ကြောင့် ကြည့်ရှုသူများကမူ သူတို့နှစ်သက်သော Streamer ကို ထောက်ပံ့ပေးရန် အလို့ငှာ အထူးတလည် Subscribe လုပ်ကာ ဝင်ကြေး ပေးဆောင်ကြသည်။

ယဲ့ရှောင်းယန်က သူ၏ ဒိုင်ခွက်ဘောင်လေးတစ်ခုကို စစ်ဆေးကြည့်လိုက်ပြီးနောက် နာရီဝက်တည်းနှင့်ပင် သူ့ကို Subscribe လုပ်သူများ၏ အရေအတွက်က တစ်သိန်းကျော်သွားကြောင်း မြင်လိုက်ရသည်။ ထို့အပြင် ကျည်ဆံလို ကောမန့်များကလည်း သိပ်သည်းစွာဖြင့် ရှိနေသေးသည်။

[တခြားသူတွေက ဘုရင်အဆင့်ကို တက်တဲ့ အဆင့်တိုးမြှင့်ပွဲစဉ်တွေမှာ တစ်လလောက် ကြာတတ်တာ မဟုတ်ဘူးလား။ ငါတို့က တူညီတဲ့ဂိမ်းကို ကစားနေတာရော ဟုတ်ရဲ့လား]

[သူက အခု စီရင်စုမှာ အဆင့်တစ်လေ၊ ငါတို့ရဲ့ Host က သားရဲပဲ]

[သူက အစောပိုင်းဂိမ်းမှာ ကြီးမားတဲ့ အားနည်းချက်ကြီး ရှိတာတောင်မှ တောင့်ခံထားခဲ့ပြီး နောက်ဆုံးအထိ ရောက်အောင် ဆွဲနိုင်ခဲ့တယ်။ တကယ်ကို လေးစားစရာပဲ]

[အစ်ကိုငါးရဲ့ ပရိသတ်တွေ ဘယ်ရောက်သွားလဲ မင်းတို့ရဲ့ မျက်နှာက အရိုက်ခံရလို့ မနာဘူးလား]

[နတ်ဘုရားငါးက ငါးသေ ဖြစ်သွားပြီ မဟုတ်လား ခွေးလို emoji]

ထိုသို့ဖြင့် ဂိမ်းမှ နိုတီအတွဲလိုက်က တစ်ဖန် ထွက်ပေါ်လာပြန်သည်။

ဂုဏ်ယူပါတယ် မင်းရဲ့ဟီးရိုး [အသူရာအရှင်သခင်] က တိုက်ပွဲဝင်စွမ်းအား အဆင့် 7300 အထိ ရောက်ရှိသွားပြီ။ မင်းက လက်ရှိမှာ မင်ကျိုးစီရင်စုက #1 ဖြစ်သွားပါပြီ။

မင်းက အခု နေရှင်နယ်လီဒါဘုတ်အတွက် ရွေးချယ်ခံလိုက်ရပြီ။ တနင်္လာနေ့တိုင်းမှာ ပြည်တွင်း ကစားသမားတိုင်းက တိုက်ပွဲဝင် စွမ်းအားအရ အဆင့်သတ်မှတ်ပွဲကို ယှဉ်ပြိုင်ရလိမ့်မယ်။ ကျေးဇူးပြုပြီး ကောင်းကောင်းဆက်ပြီး ကြိုးစားပါ။

စီရင်စုမှ #1 ဆို‌သော မျက်စိကျိန်းမတတ် ထင်ရှားသည့် တောက်ပသော သင်္ကေတက ယဲ့ရှောင်းယန်၏ အနားတွင် ပေါ်လာသည်။ မင်ကျိုးစီရင်စုက တိုင်းပြည်၏ တောင်ပိုင်းမှ လူနေထူထပ်သော စီရင်စုကြီး ဖြစ်ပြီး ထိုနေရာတွင #1 ဆိုကတည်းက သူက မည်မျှ လုပ်ဆောင်နိုင်ကြောင်း သိသာလေသည်။ စီရင်စု တစ်ခုချင်းစီတိုင်းမှ ထိပ်ဆုံး၁၀ယောက်က နေရှင်နယ်လီဒါဘုတ်သို့ ဝင်ရောက်နိုင်ပြီး ဖြစ်သည်။ ယနေ့က ကြာတပတေးနေ့ ဖြစ်သည်။ ထို့ကြောင့် နေရှင်နယ် Ranking မတိုင်မီ သုံးရက် အချိန်ရနေသေးသည်။ တနင်္လာနေ့မှသာ ယှဉ်ပြိုင်ပြီးနောက် အရည်အသွေး ပြည့်မီသော လူများက နေရှင်နယ်လီဒါဘုတ်ထဲသို့ ဝင်နိုင်မည် ဖြစ်သည်။

ယဲ့ရှောင်းယန်က သူ၏ Streaming အခန်းထဲသို့ ပြန်သွားပြီးနောက် ပြောသည်။

“လက်ဆောင်တွေ ပို့ပေးတာနဲ့ Subscribe လုပ်ပေးတာအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အခုက ညလယ်ရောက်ပြီ ဆိုတော့ ကျွန်တော် အိပ်ချင်နေပြီ။ အသူရာအရှင်သခင်နဲ့ ပတ်သက်ပြီး ဘယ်လို ကစားရမလဲ ဆိုတာကို လေ့လာချင်ရင် ဆက်လက်ပြီး ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော် မနက်ဖြန်မနက် ၁၀နာရီမှာ ပြန်လာခဲ့မယ်။ ကျွန်တော်ရဲ့ကြောင်လေးကို ချစ်မြတ်နိုးတဲ့ သူတွေအတွက်ကတော့ ရှောင်ပိုင်လေးကို ခေါ်လာခဲ့ပေးပါ့မယ်။ ကောင်းသောညပါ”

ထိုသို့ ပြောပြီးနောက် သူက သူ၏ Streaming ခန်းကို တိုက်ခိုက်ပိတ်လိုက်သည်။

? သင်္ကေတများနှင့် ကျည်ဆန်ကောမန့်များက ပြည့်နှက်သွားသည်။ သူက လှလှပပ အောင်နိုင်သွားရုံသာ ရှိသေးသည်။ သူက ကိုယ့်ကိုယ်ကိုယ် ချီးကျူးဂုဏ်ဖော်ရမည့် အစား တန်း ပိတ်သွားသည်။ သူ.. သူ ဒီအတိုင်း လိုင်းပေါ်က ဆင်းသွားတာလား။

ရှောင်ပိုင်က Streaming အခန်းကို တိုက်ခိုက် ဖြတ်တောက်လိုက်သည်။ ကြည့်ရှုသူများကမူ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။ ရလဒ်အနေဖြင့် ပို၍များပြားသော လူများက သူ့အခန်းကို Follow လာကြသည်။ ယဲ့ရှောင်းယန်က လျင်မြန်စွာ ထွက်လိုက်ပြီးနောက် သူ၏ ကိုက်ခဲနေသော လည်ပင်းကို ပွတ်လိုက်သည်။

သူ၏ တိုက်ခန်းက မြို့၏ အလယ်ဗဟိုနေရာတွင် ရှိသည်။ ထိုလေသာဆောင်မှ ကြည့်လျှင် လှပသော ညမြင်ကွင်းများကိုလည်း မြင်နိုင်သည်။ သူက သည်လောကထဲသို့ ရောက်သည်မှာ နှစ်ရက်သာလျှင် ရှိသေးသော်လည်း ပြတင်းအပြင်ဘက်မှ မြင်ကွင်းများက အစစ်အမှန် ဆန်လွန်းသည်ဟု ခံစားနေရသည်။

အဆင့်သတ်မှတ်ချက် ပွဲများကို တစ်နေ့လုံး ကစားပြီးနောက် သူက မောပန်းပင်ပန်းနေလေပြီ။ တစ်ချိန်လုံးနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့်အတွက် သူ၏သွေးကြောများကပင် ဆူပွက်နေသည်ဟု ခံစားနေရသည်။ ရလဒ်အနေဖြင့် ပြန်လည်မွေးဖွားလာပြီးသည့်တိုင်အောင် သူက Esport ကို အလွန်အမင်း နှစ်သက်နေသေးတာ သေချာသွားသည်။

ပြိုင်ဘက်ကင်းဘုရင်..

သူ၏ ယခင်ဘဝဟောင်းတွင် ပြိုင်ဘက်ကင်းဘုရင်နှင့် အဆင့်တူသော အဖွဲ့ပေါင်းများစွာကို သူ၏ alt acc ဆယ်ကောင့်ထက်မနည်းသော အကောင့်များနှင့် အရယူနိုင်ခဲ့သည်။ သည်လူက မကြာခဏ အမျိုးမျိုးသော အသင်းများနှင့် သူ၏အသင်းကို ယှဉ်တွဲကစားရန် ခေါ်သွားပေးသေးသည်။ ထိုသို့သော အခြေအနေမျိုးတွင် ထိုalt များကို အသုံးပြုသည်။

ပရိုကစားသမားများအတွက် ပြိုင်ဘက်ကင်းဘုရင်က အဆုံးသတ်လိုင်း မဟုတ်သေးချေ။ ဒါက ဒီအတိုင်း စမှတ်ဖြစ်သည်။ ဘုရင်အဆင့်-ကြယ်တစ်ပွင့် မှစတင်ပြီး သူက ကြယ်အပွင့်ငါးဆယ်အထိ တက်နိုင်သည်။ ဘုရင်များ၏ ဘုရင်ပွဲစဉ်သို့ပင် သူက တောက်လျှောက်ဝင်ရောက်နိုင်မည် ဖြစ်သည်။ ထို့နောက် သူက ကျွမ်းကျင်အဖွဲ့ ဌာနချုပ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထို့နောက် နောက်ဆုံးတွင် သူက ကမ္ဘာချန်ပီယံ စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ သူ့အနေဖြင့် ဂိမ်းအတွင်းမှ စွမ်းရည်ကို သွေးနေရုံသာ တတ်နိုင်လေပြီး ကျွမ်းကျင်ပညာရှင်များနှင့် ရင်ဆိုင်မှသာ အစစ်အမှန်စွမ်းရည်ကို ထုတ်ပြနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် သူက အသူရာအရှင်သခင်နှင့်သာ ဘုရင်အဆင့် သတ်မှတ်ချက်ကို ရသေးသည်။ ဒါက ပရိုကစားသမားများ၏ လောကသို့ ရောက်နိုင်မည့် တံခါးပင် မဖြစ်နိုင်သေးဟု ဆို၍ ရသည်။ အသူရာအရှင်သခင်က နေရှင်နယ်လီဒါဘုတ်တွင် နောက်လာမည့် တနင်္လာနေ့တွင် #1 ရမှသာလျှင် သူက ဆက်လက်ပြီး အခြားသော ဟီးရိုးများကို သုံးကာ ဆက်လက်လေ့ကျင်ကာ စိန်ခေါ်ရမည် ဖြစ်သည်။

ပြိုင်ဘက်များက သူ့အကြောင်း ကောင်းကောင်း နားလည်သွားပြီး သူက အသူရာအရှင်သခင်တွင် တော်ကြောင်း သိသွားကြလျှင် အသူရာအရှင်သခင်ကို ဘန်းလိုက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူက ကစားစရာ ရှိတော့မည် မဟုတ်‌ပေ။

ပရိုကစားသမားများအတွက် ဟီးရိုးpool က အလွန်အရေးကြီးသည်။ သူ၏ ယခင်ဘဝတွင် ယဲ့ရှောင်းယန်က ဟီးရိုးpool ကို အလေးအနက် နားလည်ထားသည်။ အလယ်လမ်းကစားသမား ချန်ပီယံတိုင်းနှင့် သူက ကစားခဲ့ပြီး သူ၏နည်းပြတိုင်းကလည်း သူ့ကို ဘက်စုံတော်သည့် အလယ်လမ်းကစားသမားဟု ခေါ်သည်။ သူ၏ဘဝသစ်တွင် သူက နှိမ့်ကျသော ဟီးရိုးpool ကြောင့် အဆွဲချ ခံလိမ့်မည် မဟုတ်ချေ။

သူ နောက်ထပ် ဘယ်လို ဟီးရိုးနဲ့ လေ့ကျင့်ရမလဲ။

သူက ပုံရိပ်ယောင် ပညာရှင်ကို အသုံးပြုကောင်း အသုံးပြနိုင်လောက်သည်။ ဒါက ထိုသွေးနားထင် ရောက်နေသာ အစ်ကိုငါးကိုလည်း ပြသနိုင်မည် ဖြစ်ပြီး တစ်ဖက်သူက ကိုယ့်ကိုယ်ကိုယ် ကမ္ဘာအဆင့် ပွဲများတွင် သွားပြိုင်မည် ဆိုလျှင် ဆုရနိုင်မည်ဟု ကြွေးကြော်သော စကားကြီး စကားကျယ်များကို ပြောခဲ့သူလည်း ဖြစ်နေသည်။ ပုံရိပ်ယောင် ပညာရှင်က အစစ်အမှန် ဘယ်လို ကစားသင့်ကြောင်း သူက ပြပေးချင်သည်။

ယဲ့ရှောင်းယန်က လသာဆောင်တံခါးကို ဖွင့်လိုက်ပြီးနောက် ထိုနေရာတွင် ခဏရပ်ကာ လတ်ဆတ်သော လေများကို ရှုသည်။ ထို့နောက် သူက ကြောင်လေးနှင့် တစ်ခဏခန့် ကစားပြီးမှသာ အိပ်ခန်းထဲသို့ ဝင်ပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။

တစ်ချိန်တည်းတွင်.. ဝေလငါး Streaming ဌာနချုပ်…

ဝေလငါး Streaming ဌာန ရုံးခန်းက ၂၄နာရီ ဝန်ထမ်းများ ရှိနေသေးသည်။ ပလက်ဖောင်းမှ Streamer အမျးစုက ညဇီးကွက်များ ဖြစ်သည်။ ထိုStreamer များက ပြောချင်သော စကားများကို ပြောမိခြင်း သို့မဟုတ် ကလေးများနှင့် မသင့်တော်သော ကိစ္စများကို လုပ်ပြမိသော အခြေအနေမျိုးတွင် ဆိုလျှင် ဝေလငါး Streaming မှ ညဂျူတီကျသော ဝန်ထမ်းများက ချက်ချင်းလိုလို ကိုင်တွယ်ရမည် ဖြစ်သည်။ မဟုတ်လျှင် အင်တာနက်မှ စည်းမျဉ်းများနှင့် ညှိသွားလေပြီး Streaming ပလက်ဖောင်းတစ်ခုလုံးက အပြစ်တင် ခံရပေလိမ့်မည်။

ညဂျူတီအတွက် ဒေတာ ခွဲခြမ်းစိတ်ဖြာမှုကို သူတို့၏ ဖန်သားပြင်တွင် နံပါတ်များဖြင့် စောင့်ကြည့်နေရခြင်း ဖြစ်သည်။ သည်နည်းအားဖြင့် ရုတ်တရက် တစ်နေရာက ဥက္ကာခဲ အပေါ်သို့ ထိုးတက်သွားသလို တက်သွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် စောင့်ကြည့်နေသူကလည်း အံ့အားတကြီး ဖြစ်သွားပြီးနောက် အလန့်တကြား စစ်ဆေးကြည့်လိုက်သောအခါ…

ရှောင်ပိုင်ဟု အမည်ရသော Streamer အသစ်က စစ်နတ်ဘုရားများ၏ ကဏ္ဍအောက်တွင် ကြီးမားသော ပရိသတ်များကို အချိန်တိုအတွင်း ဆွဲဆောင်နိုင်ခဲ့ကြောင်းကို မြင်လိုက်ရသည်။ မိနစ်အနည်းငယ်တည်းနှင့် Subscribe လုပ်သူ အသစ် တစ်သိန်းကျော်ကို ပိုင်ဆိုင်လိုက်ရသည်။ ထိုလူက မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်သလို ဖြစ်သွားသည်။ သူ့မျက်လုံးထဲတွင် ကြယ်များ မြင်နေသည်ဟုပင် ခံစားလိုက်ရသည်။

ကိန်းဂဏာန်းအသစ်ဇယားကို စစ်ဆေးကြည့်ပြီးနောက်တွင် ထိုတင်ဆက်သူက တစ်ရက်တည်းသာ Streaming လုပ်ရသေးကြောင်း သိလိုက်သည်။ သို့တိုင် Subscribe ဝင်ကြေး ယွမ်တစ်သိန်းခွဲနှင့် လက်ဆောင်များစွာကို ရရှိထားပြီးသား ဖြစ်သည်။ Streamer အသစ်များက တစ်လလုံးအပြည့် Streamလျှင်ပင် ၂သောင်းရရန် ခက်ခဲလေသည်။ သို့သော် သူက တစ်ရက်တည်းဖြင့် တစ်သိန်းခွဲ ရလိုက်သည်။

ဒီStreamer အသစ်က ဘယ်လိုများ လုပ်လိုက်လို့ ဒီလောက်အထိ မှတ်တမ်း ဝင်သွားတာလဲ။ တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု သူက ချက်ချင်းလိုလို ခံစားလိုက်ရပြီးနောက် သူက ထိုဒေတာကို ကျွမ်းကျင် စီမံခန့်ခွဲမှု ဌာနသို့ ပို့လိုက်သည်။ စီမံခန့်ခွဲမှု ဌာနကလည်း ထိုအရေအတွက်များကြောင့် မှင်တက်သွားသည်။ သူက ချက်ချင်းလိုလို အပေါ်သို့ ဆက်လက်တင်ပြလိုက်ကြသည်။

ချန်ဖေးယွမ်က Vog ကို Loading လုပ်နေချိန် ဖြစ်ပြီး ထိုဇယားကို မြင်လိုက်ချိန်တွင် ချက်ချင်းလိုလို အနီးကတ် ကြည့်လိုက်သောအခါ ချစ်စရာကောင်းသော ကြောင်ပုံလေးကို မြင်လိုက်ရသည်။ Streamer ရှောင်ပိုင်က Streamer အစ်ကိုငါးနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြောင်း မြင်လိုက်ရပြီး အဆုံးတွင် ရှောင်ပိုင်က အနိုင်ရသွားခဲ့ပြီး လက်ဆောင်အနေဖြင့် လှောင်ပြောင်သော စကားလုံးများကို ချန်ထားရစ်ခဲ့လေသည်။

ချန်ဖေးယွမ်ကလည်း ဖြစ်ပျက်သွားသော အခြေအနေကို ရုတ်တရက် နားလည်လိုက်သည်။

“အစ်ကိုငါးက အငြင်းအခုန် အရမ်းတော်တဲ့ Streamer တစ်ယောက်ပဲ သူက ဦးနှောက်သေဖန် အများကြီးကို ပိုင်ဆိုင်ထားတဲ့အပြင် anti fan တွေလည်း များတယ်။ ငါတို့ရဲ့ ဒေတာအချက်အလက် အရဆိုရင် ရှောင်ပိုင်ရဲ့ အသစ်ရလာတဲ့ Follower တွေက အစ်ကိုငါးရဲ့ ချန်နယ်ကနေ ရသွားတာပဲ။ ကျန်တဲ့ ဖော်လိုဝါ တစ်သိန်းက ငါတို့ရဲ့ အဓိက စာမျက်နှာက လူသစ်တွေကို ထောက်ခံပေးတဲ့ စာရင်းကနေ ရသွားတာ”

သူ၏ လုပ်ဖော်ကိုင်ဖက် ကျန်းချီက ပြောသည်။

“သူက တစ်ရက်တည်းနဲ့ ယွမ်တစ်သိန်းခွဲတောင် ရလိုက်တယ်။ သူက စတားဖြစ်နိုင်ဖို့ အလားအလာ ရှိတယ်”

ထိုသို့ ပျိုးထောင်ပေးရန် သင့်တော်သော ပါရမီရှင်အသစ်များ မပေါ်လာသည်မှာ ကြာလှချေပြီ။ ချန်ဖေးယွမ်၏ မျက်ဝန်းက တလက်လက် တောက်ပလာပြီးနောက် သူမက ချက်ချင်းလိုလို ထိုStreamer ၏ အချက်အလက်များကို စစ်ကြည့်လိုက်ပြီးနောက် ပြောသည်။

“သူ့ကို ချက်ချင်း ဆက်သွယ်လိုက်.. တခြားပလက်ဖောင်းတစ်ခုက သူ့ကို မယူသွားစေနဲ့”

Streaming ပလက်ဖောင်းတိုင်းက နာမည်အရင်းဖြင့် စာရင်းသွင်းရသည့် ဖြစ်စဉ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ယဲ့ရှောင်းယန်က ရှောင်ပိုင်ဆိုသော အကောင့်ကို ဖန်တီးထားခဲ့သောအခါ သူ၏အိုင်ဒီ အချက်အလက်များနှင့် ဆဲလ်ဖုန်းနံပါတ်ကိုလည်း ပေးထားရသည်။ ထို့ကြောင့် Streaming ပလက်ဖောင်းက သူ့ကို ဆက်သွယ်ရ လွယ်ကူလေသည်။

ယဲ့ရှောင်းယန်က အိပ်ပျော်ခါနီးအချိန်တွင် ဖုန်းမြည်သံကို ကြားလိုက်ရသည်။ သူက စိတ်ရှုပ်ထွေးသွားပြီးနောက် ဖုန်းကို ကြည့်လိုက်သည်။

“ဟယ်လို ဘယ်သူ ပါလဲ”

တစ်ဖက်မှ ညင်သာသိမ်မွေ့ နွေးထွေးသော အသံက ထွက်လာသည်။

“မင်္ဂလာ ညနေခင်းပါ လူကြီးမင်း ကျွန်မအနေနဲ့ လူကြီးမင်း ယဲ့ရှောင်းယန်လားလို့ မေးပါရစေ”

ယခုက ညလယ် ဖြစ်သည်။ တစ်ဖက်လူက စကားဆက်မပြောခင် သူက ဖုန်းသရဲဟု ထင်လိုက်ပြီး ချလုနီးပါး ဖြစ်သွားသည်။

“ကျွန်မရဲ့နာမည်က ကျန်းချီပါ။ ကျွန်မက ဝေလငါး Streaming စီမံခန့်ခွဲမှု ဌာနကပါ”

ယဲ့ရှောင်းယန်က အေးခဲသွားသည်။ သူက သတင်းအချက်အလက်များကို ပြန်တွေးဆပြီးနောက် ပြောသည်။

“မင်္ဂလာညနေခင်းပါ။ ကျွန်တော် Live လွှင့်နေတုန်းက မဆဲခဲ့ပါဘူး။ အပိုစကားလည်း မပြောခဲ့သလို တရားမဝင်တာတွေလည်း မလုပ်ခဲ့မိဘူး ထင်တာပဲ”

ကျန်းချီက ကြောင်သွားပြီးနောက် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။

“ဒီအတွက်ကြောင့် ကျွန်မခေါ်တာ မဟုတ်ပါဘူး။ လူကြီးမင်းနဲ့အတူ စာချုပ်ချုပ်ဆိုချင်လို့ ဆက်သွယ်လိုက်တာပါ။ ဒီလိုဆိုရင် ကျွန်မတို့ရဲ့ စနစ်က လူကြီးမင်းက တရားဝင်စာချုပ် မချုပ်ရသေးတာကို မြင်ခဲ့ရတယ်။ ဒါကြောင့်မို့ ဆက်သွယ်လာတာပါ”

ထိုအခါမှသာ ယဲ့ရှောင်းယန်က အပြည့်အဝ ယုံသွားသည်။ သူက ထောက်ခံလိုက်ပြီး မေးသည်။

“ကျွန်တော့်ကို Streamer တစ်ယောက်အဖြစ် စာချုပ်ချုပ်ဆိုချင်လို့ ကမ်းလှမ်းချင်တာလား”

“ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ ပလက်ဖောင်းက အပတ်တိုင်းလိုလို ပထမဆုံး လက်မှတ်ရေးထိုးလိုက်တဲ့ Streamerတွေကို အလိုအလျောက် Recomment ပေးပါတယ်။ ဒီ Recomment လုပ်ပေးတဲ့ ဖြစ်စဉ်ကတည်း Streamer အသစ်တိုင်းကို‌ တောက်လျှောက် လည်ပတ်နေတာပါ။ ဒါကြောင့် ကျွန်မတို့က အထူးတလည် ပရိုမိုးရှင်း လုပ်ပေးတာမျိုးကိုလည်း လုပ်ပေးပါသေးတယ်”

ကျန်းချီက နွေးထွေးစွာဖြင့် ရှင်းပြသည်။

“ကျွန်မတို့ရဲ့ မန်နေဂျာက လူကြီးမင်းက အရမ်းကို အလားအလာရှိတယ်လို့ ထင်တယ်။ ဒါကြောင့် လူကြီးမင်းနဲ့ စာချုပ်ချုပ်ဆိုချင်ပါတယ်။ ကျွန်မတို့ စာချုပ်ချုပ်ပြီးတာနဲ့ လူကြီးမင်းကို တိုက်ရိုက် ပရိုမိုးရှင်း လုပ်ပေးမှာပါ။ အနာဂတ်မှာ ကျွန်မတို့က လူကြီးမင်းရဲ့ ချန်နယ်ကတစ်ဆင့် ကြော်ငြာတွေ အများကြီးကိုလည်း တင်ပေးနိုင်တယ်။ ဒါ့အပြင် ကျွန်မတို့ဆီမှာ ပရိုပါရမီရှင်မန်နေဂျာတွေ ရှိတဲ့အပြင် လက်ထောက်တွေကလည်း လူကြီးမင်းရဲ့ လူသိများမှုကို တိုးမြှင့်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီလိုနဲ့ လူကြီးမင်းရဲ့ Fan base ကို စီမံခန့်ခွဲပေးနိုင်ပါတယ်”

မည်သည့်သာမန်လူမလို ထိုသို့သော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်နှင့် ပျော်ကာ ထိတ်လန့်သွားလောက်သည်။ သို့သော် ယဲ့ရှောင်းယန်ကမူ မတူချေ။ သူ၏ပန်းတိုင်က ပရိုStreamer မဟုတ်ချေ။ ထို့ကြောင့် သူက ယဉ်ကျေးစွာဖြင့် ဖြေသည်။

“ဒါပေမဲ့ ကျွန်တော်က အခုတော့ Streamer အနေနဲ့ လက်မှတ်ထိုးဖို့ ဆန္ဒမရှိသေးပါဘူး”

ကျန်းချီက အေးခဲသွားသည်။ ထို့နောက် သူမက တအံ့တဩ ပြောသည်။

“လက်မှတ်ထိုးဖို့ အစီအစဉ် မရှိဘူး ဟုတ်လား။ ဒါပေမဲ့…”

“လူကြီးမင်းဘက်က ကျွန်မတို့နဲ့ လက်မှတ်မထိုးဘူးဆိုရင် ကြည့်ရှုသူများရဲ့ ချီးမြှင့်တဲ့ပိုက်ဆံက တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရရှိမှာပါ။ ကျွန်မတို့က လူကြီးမင်းကို ပရိုမိုးရှင်း လုပ်ပေးမှာလည်း မဟုတ်ပါဘူး။ ဒီလိုဆို လူကြီးမင်း နာမည်ကြီးလာမှာ မဟုတ်ပါဘူး”

ယဲ့ရှောင်းယန်ကမူ သူမ ပြောသောအချက်က သင့်လျော်ကြောင်းတွေးမိသည်။ မည်သို့ပင် ဆိုစေ Subscribe လုပ်မှုများနှင့် လက်ဆောင်များက သူ၏အကောင့်ထဲသို့ တိုက်ရိုက်ရောက်ကြောင်း မြင်ခဲ့ပြီးသား ဖြစ်ပြီး ၎င်းကို အစစ်အမှန် ငွေသားဖြင့် ပေးချေထားခြင်း ဖြစ်သည်။ သူကသာ ပလက်ဖောင်းနှင့် လက်မှတ်ထိုးလိုက်လျှင် ထိုဝင်ငွေတိုင်းကို သေချာပေါက် အပြည့်အဝ ရပေလိမ့်မည်။ သူကသာ လက်မှတ်မထိုးခဲ့လျှင် ၁၀ရာခိုင်နှုန်းကိုသာ ရမည် ဖြစ်သည်။

ဒါက သူ အများကြီး မဆုံးရှုံးစေဘူးလား။ သူ၏ ကြည့်ရှုသူများက သူ့ကို သဘောကျသောကြောင့်သာ ထိုလက်ဆောင်များကို ပေးပို့ကြခြင်း ဖြစ်သည်။ အများစုက ထိုငွေများကို သုံးပြီး ကြောင်စာဝယ်ခိုင်းချင်နေခြင်း ဖြစ်သည်။

ယဲ့ရှောင်းယန်က တွေးတောပြီးနောက် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်တော်ကြည့်ဖို့ အရင်ဆုံး စာချုပ် ပို့ပေးလို့့ ရမလား”

“ရပါတယ်ရှင်”

ကျန်းချီက ပြောသည်။

“ကျွန်မ Wechat ကနေ add လိုက်မယ် ကျေးဇူးပြုပြီး လက်ခံလိုက်ပါ”

….

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset