AAML

အပိုင်း (၉)

အခန်း(၉)

ချင်ရွေ့က ဒိုင်းမွန်းအဆင့်သို့ တက်သွားပြီးလေပြီ။ ယဲ့ရှောင်းယန်က လက်ရှိအချိန်တွင် ငွေဖြူIV တွင်ဖြစ်သည်။

အဆင့်သတ်မှတ်ချက် ပွဲစဉ်များတွင် Vmp အဆင့် နှင့် စသော ဂိမ်းများမှ စတင်ပြီး မည်သည့်အဖွဲ့ဝင်ကမဆို ဒိုင်းမွန်းအဆင့်သို့ ရောက်နေသည်နှင့် ထိုပွဲက ဒိုင်းမွန်းအဆင့်ပွဲဟု သတ်မှတ်လိုက်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဂိမ်းမှ အစောပိုင်း ပြင်ဆင်သည့် အဆင့်တွင် ဟီးရိုးများကို ရွေးချယ်ရာတွင် ဘန်း၍ ရသလို စိတ်ကြိုက်လုယက် ရွေးချယ်၍လည်း ရလာပြီဖြစ်သည်။

ဟီးရိုးများကို ဘန်းရန် ဘန်းစာရင်းသို့ ပို့ရသည်။ ဆိုလိုသည်မှာ ထိုပွဲတွင် မည်သူကမဆို ထိုဘန်းစာရင်းတွင် ဝင်နေသော ဟီးရိုးကို ရွေးချယ်၍ မရတော့ဘဲ အခြားဟီးရိုးကိုသာ ရွေးချယ်ရတော့ပေမည်။

ဒိုင်းမွန်းအဆင့်အောက်မှ ဂိမ်းတိုင်းတွင် ကစားသမားများက သူတို့၏ ဟီးရိုးများကို လွတ်လပ်စွာ ‌ရွေးချယ်နိုင်သည်။ တူညီသော ဟီးရိုးများကိုလည်း နှစ်ဖက်လုံးတွင် ပေါ်လာသည့် အခြေအနေမျိုးလည်း ရှိသည်။ (TN: Eng Tran က အဲလို ပြောထားတာပါ။ ဒါပေမဲ့ ဖြစ်နိုင်တာက တစ်ဖက်က ယူပြီးရင် ကျန်တဲ့တစ်ဖက်က ယူလို့ မရတော့ပါဘူးနော်)

သို့သော် ဒိုင်းမွန်းအဆင့်ပွဲမှ စတင်၍ နောက်ပိုင်း BLP ပွဲစဉ်များ တောက်လျှောက် ထိုသို့သော စနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။ ရွေးချယ်သော ဖြစ်စဉ်များက အောက်ပါအတိုင်း ဖြစ်သည်။

: အပြာရောင်ဘက်ခြမ်းက ဟီးရိုးတစ်ယောက်ကို ရွေးချယ်လို့ ရတယ်။ အနီရောင်ဘက်ခြမ်းက ဟီးရိုးနှစ်ယောက်ကို‌ ရွေးချယ်နိုင်တယ်။ အပြာရောင်ဘက်ခြမ်းက ဟီးရိုးနှစ်ကောင်ကို ထပ်ရွေးလို့ရတယ်။ နောက် အနီရောင်ဘက်ခြမ်းက ဟီးရိုးနှစ်ယောက်ကို ထပ်ရွေးလို့ရတယ်။ အပြာရောင်က သူတို့ရဲ့ နောက်ဆုံး ဟီးရိုးနှစ်ယောက်ကို ထပ်ရွေးနိုင်တယ်။ အနီရောင်က နောက်ဆုံးပိတ်အနေနဲ့ ကျန်ရစ်တဲ့ အပြာဘက်က ရွေးထားပြီးသား ဟီးရိုးတွေထဲက တစ်ခုကို ပြန်ရွေးလို့ရတယ်။

ထိုသို့ဖြင့် ကစားသမားတိုင်း၏ ကိုယ်ပိုင်ဟီးရိုး pol ဟူသော အရာက စတင်လာခြင်း ဖြစ်သည်။ ကစားသမားတစ်ယောက် ဟီးရိုး pol က အလွန်နိမ့်ကျကာ အားနည်းလွန်းနေလျှင် ပြိုင်ဘက်က သူတို့၏ဟီးရိုးများကို သူတို့က အရမယူနိုင်ခင် ရွေးချယ်လိုက်လျှင် သို့မဟုတ် ဘန်းလိုက်လျှင် ကို့ရို့ကားယား အခြေအနေသို့ ရောက်သွားပေလိမ့်မည်။ လက်ရှိအခြေအနေတွင် ယဲ့ရှောင်းယန်က အသူရကယ်အရှင်သခင်နှင့် အေးခဲနတ်ဘုရားမကိုသာ အဆင့်တက်ပြိုင်ပွဲစဉ်များတွင် ကစားနိုင်သေးသည်။ အသူရကယ်အရှင်သခင်က အဘန်းခံလိုက်ရပြီး အေးခဲနတ်ဘုရားမကိုသာ ရန်သူအသင်းက ရွေးသွားလျှင် သူ့တွင် ကိုင်စရာ ဟီးရိုး မကျန်တော့ချေ။ မည်သို့ပင် ဆိုစေ သူက ဂိမ်းက နဂိုတည်းက ပေးထားသော အပေါ်လမ်းဟီးရိုးမျိုးကို အလယ်လမ်းတွင် ကိုင်၍ မရပေ။

ယဲ့ရှောင်းယန်က Live Streamကို အချိန်တစ်ခုကြာ ပိတ်လိုက်ပြီးနောက် ကြေညာချက် ပြန်တင်လိုက်သည်။

: [ကြောင်ကို အစာသွားကျွေးလိုက်အုံးမယ် နာရီဝက်ကြာရင် ပြန်လာမယ်]

ကြောင်ကိုလည်း အစာကျွေးရန် လိုအပ်သည်။ ယဲ့ရှောင်းယန်က ချင်ရွေ့ကိုသာ လုပ်ခိုင်းလိုက်သည်။

ရှောင်ပိုင်၏အစာက ဗီရိုထဲတွင် ရှိထားပြီးသားဖြစ်သည်။ ချင်ရွေ့က အထုပ်တစ်ထုပ်ကို ဖွင့်ပြီးနောက် ရှောင်ပိုင်၏ ပန်းကန်ထဲသို့ တစ်ဇွန်းအပြည့် ခပ်ထည့်ပေးလိုက်သည်။ ရှောင်ပိုင်လေးက အကောင်သေးသော်လည်း အစားအသောက်ကြီးသည်။ သူက ထပ်ထည့်ပေးရန် တမြောင်မြောင် အော်နေသေးသည်။ ချင်ရွေ့က ကူကယ်ရာမဲ့စွာဖြင့် လှမ်းအော်လိုက်သည်။

“ကော.. ကောရဲ့ရှောင်ပိုင်က အစားကြီးလိုက်တာ။ ဒီအတိုင်းစားနေရင် သူ ဝတုတ်ကြီး ဖြစ်မလာနိုင်ဘူးလား”

“သူက ဖွံ့ဖြိုးစ အရွယ်ပဲ ရှိသေးတယ်”

ယဲ့ရှောင်းယန်က လှမ်းပြောသည်။

“သူအခု အရွယ်မှာ များများစားလို့ ရပါတယ်။ သူ အရွယ်ရောက်လာလို့ အလေးချိန်ကို ပြန်တိုင်းကြည့်ပြီး ဆရာဝန်နဲ့ ညှိနှိုင်းကြည့်ကြတာပေါ့”

ချင်ရွေ့က ထိုအခါမှသာ ရှောင်ပိုင်ကို နောက်ထပ်တစ်ဇွန်း ထပ်ထည့်ပေးလိုက်သည်။ ကြောင်လေးက အဝစားပြီးသောအခါ အရုပ်လေးနှင့် ပြန်ကစားရန် ဆိုဖာပေါ်သို့ ပြန်တက်သွားသည်။

ယဲ့ရှောင်းယန်က ထိုအချိန်အတောအတွင်း AIနှင့်အတူ ပွဲအနည်းငယ် ခပ်မြန်မြန် ကစားနေသည်။ သူက သူ၏ [ပုံရိပ်ယောင်ပညာရှင်] ကို အမှတ်တစ်ရာအထိ ရအောင် လုပ်နေခြင်း ဖြစ်သည်။

ထိုပုံရိပ်ယောင်ပညာရှင်က လုပ်ကြံသတ်ဖြတ်သည့် မှော်ပညာရှင်ဖြစ်ပြီး ထိုဟီးရိုးက အသူရာအရှင်သခင်ထက် ပို၍ ကိုင်တွယ်ရ ရိုးရှင်းလေသည်။ ယဲ့ရှောင်းယန်က ထိုဟီးရိုးကို အသူရာအရှင်သခင်နှင့် အေးခဲနတ်ဘုရားမပါ တခြားသူ ယူသွားနိုင်သော အခြေအနေမျိုးတွင် လိုရမယ်ရ ပြင်ဆင်ထားနေခြင်း ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု လုပ်ပြီးနောက် ယဲ့ရှောင်းယန်က Live Streaming အခန်းကို ပြန်ဖွင့်လိုက်သည်။ ကြည့်ရှုသူများကလည်း ဘောင်ထဲတွင် ကြောင်လေး၏ မျက်နှာကို ပြန်မြင်လိုက်ရသည်။ သူတို့က ချက်ချင်းလိုလို ကြောင်လေးကို ချစ်ကြောင်း စကားများ ပို့ကြတော့သည်။ ထိုအခိုက် ဖန်သားပြင်တစ်ခုလုံးကို ရွှေရောင်ကောမန့်တစ်ခုက လွှမ်းခြုံသွားသည်။

[အချောဆုံး တိုက်ခိုက်ရေးသမားက ရှောင်ပိုင်ကို ဒုံးပျံသင်္ဘောပို့လွှတ်လိုက်ပါတယ်။ စာ: “အစာဘူးများများ ဝယ်ကျွေးလိုက်ပါ”]

ယဲ့ရှောင်းယန် အနေဖြင့် ပထမဆုံးအကြိမ် သူ၏ Stream အခန်းထဲတွင် လက်ဆောင်ရဖူးခြင်း ဖြစ်သည်။ သူက တစ်စက္ကန့်ခန့် အေးခဲသွားပြီးနောက် ရယ်လိုက်သည်။

“ဒုံးပျံသင်္ဘောအတွက် ကျေးဇူးတင်ပါတယ်။ အချောဆုံးတိုက်ခိုက်ရေးသမားရယ်.. ဒါပေမဲ့ မင်းတို့အနေနဲ့ လက်ဆောင်တွေ ပေးဖို့ မလိုပါဘူး။ ငါ့ကြောင်အတွက် ဗီရိုထဲမှာ သူ့အစာ အပြည့်ရှိတယ်။ ဘယ်တော့မှ မကုန်နိုင်ဘူး”

သူက ပိုက်ဆံအတွက် Stream လုပ်နေခြင်း မဟုတ်ချေ။ ဒီပလက်ဖောင်းကို အသုံးပြုရန် ရည်ရွယ်ခြင်းက ပြည်တွင်းမှ အသင်းများထဲ အမြန်ဆုံး ဝင်နိုင်ရန်အတွက် ဖြစ်ပြီး ကင်းထောက်သမားများက သူ့ကို လာရောက်ကမ်းလှမ်း လက်မှတ်ထိုးရန် စောင့်ဆိုင်းလိုခြင်း ဖြစ်သည်။ သို့ရာတွင် သူ၏ကြည့်ရှုသူများကမူ သူ၏စကားကို နားမထောင်ကြဘဲ နောက်ထပ် တစ်စုံတစ်ယောက်က လက်ဆောင်ထပ်ပို့ပြန်သည်။

[ငါက အထောက်အပံ့ပဲ ကစားတယ် က ရှောင်ပိုင်ကို ပင်လယ်ငါးခူရိုင်းတစ်ကောင် ပို့လိုက်တယ် စာ: “Host.. Hostက စွမ်းရည် ရှိသားပဲ”]

ထိုလက်ဆောင်က ဤStreaming ပလက်ဖောင်းတစ်ခုလုံးတွင် ဈေးအကြီးဆုံး လက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင် ပေါ်လာသည်နှင့် ပလက်ဖောင်းတစ်ခုလုံးတွင် ကြေညာချက်ကြီးက ပေါ်လာလေ့ ရှိသည်။ ထိုကြေညာချက်က နောက်ထပ် ကြည့်ရှုသူ တစ်သုတ်ကို ဆွဲဆောင်လိုက်နိုင်ပြန်သည်။ ထိုသို့ဖြင့် Streaming အခန်းထဲသို့ ဝင်လာသော အသစ်များက ပြောကြသည်။

[ကြောင်တောင်မှ ဂိမ်းကစားနိုင်တာလား။ ဒီကြောင်က နတ်ဘုရားလား]

[ငါ ရှင်းပြပါရစေ လူသစ်တွေ ဒီHost က အသူရာအရှင်သခင်နဲ့ နေနယ်နယ်လီဒါဘုတ်ကို ဝင်အောင် ကြိုးစားနေတာ။ ဒါက သူ့ရဲ့ Ragdoll ကြောင်လေးလေ..]

[သူက ပြောတဲ့အတိုင်းဆိုရင် သူ မနေ့က ၈ကြိမ်ဆက်တိုက် ရှုံးသွားတာက သူ့ကြောင်က ကစားသွားလို့တဲ့.. မယုံသင်္ကာဖြစ်နေသော emoji]

[Hostက တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံစံမျိုးပဲ Follow လိုက်ပြီ]

ရှောင်ပိုင်၏ Streaming အခန်းထဲမှ Follower များက များသထက် များလာသည်။ မျက်တောင်တခတ်အတွင်း ငါးသောင်း ကျော်သွားသည်။

ယဲ့ရှောင်းယန်က ထိုချက်ခန်းကို သေးလိုက်ပြီးနောက် ဂိမ်းကို စတင်ကစားတော့သည်။

နောက်ထပ် အဆင့်တက် ပြိုင်ပွဲက ထပ်မံစတင်ပြန်သည်။ Blp၏ အထဲသို့ နှစ်ဖက်လုံးက ဝင်ရောက်လိုက်ကြသည်။ ကံကောင်းစွာဖြင့် အသူရာအရှင်သခင်ကို အဘန်းမခံရသေးချေ။ ယဲ့ရှောင်းယန်က အပြာအသင်းဘက်မှ ဖြစ်သဖြင့် ချက်ချင်းလိုလို ရွေးချယ်လိုက်သည်။ ထို့ကြောင့် သူက အသူရာအရှင်သခင်ကို ရွေးချယ်လိုက်နိုင်သည်။ အသင်းဖော်များက သံသယများ ပြောလည့်အရေးကို ဖြေရှင်းချင်စိတ်မရှိတော့သဖြင့် သူ၏ Battle Historyကို Screen Shot ဖြင့် တင်ပြလိုက်သည်။

[အသူရာအရှင်သခင် – ၁၆ပွဲ… ၁၀၀ ရာခိုင်နှုန်း အနိုင်ရနိုင်ချေ ရှိခဲ့..]

သူ၏ အသင်းဖော်များ၏ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တုံ့ပြန်မှုများကို ကြားလိုက်ရသည်။

[အံ့ဩစရာပဲ အံ့ဩစရာပဲ]

[အား ကြောက်လွန်းလို့ သေတော့မယ်။ တစ်ယောက်ယောက်က ဟီးရိုးအသစ်ကို ထပ်ရွေးပြန်လို့ ငါ အရမ်းကြောက်သွားတာ။ မမျှော်လင့်ထားဘဲ ဒီအနိုင်ရနိုင်တဲ့နှုန်းက အရမ်းကို တည်ငြိမ်နေတဲ့ပုံပဲ]

[မဟာနတ်ဘုရားရေ ကျွန်တော် ဒီအတိုင်း လဲချပြီး အသင့်စောင့်နေပါ့မယ်။ ကျွန်တော့်ကို ကယ်သွားပါတော့..]

ဂိမ်းက အလွန်ချောမွေ့ခဲ့သည်။ ယဲ့ရှောင်းယန်က ထိုဟီးရိုးကို ပို၍ ကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည်။ ပို၍ အရေးကြီးသည်မှာ ချင်ရွေ့ကလည်း လုပ်ဆောင်ချက်များစွာကို စတင်ကိုင်တွယ် လာနိုင်လာခြင်းဖြစ်သည်။ သူက ယဲ့ရှောင်းယန်၏ အတွေးများကို အမီလိုက်နိုင်လာလေပြီ။ သူတို့ နှစ်ယောက်က အတူ Double Quet လုပ်နေကြသည့်အတွက် ယဲ့ရှောင်းယန်အနေဖြင့် ချင်ရွေ့ကိုလည်း လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ခိုက်မခံရအောင် တောထဲသို့ လွှတ်ထားလိုက်နိုင်သည်။

သူတို့ ချောမွေ့စွာဖြင့် အလယ်သို့ မဟုတ် ဂိမ်းနှောင်းပိုင်းသို့ ရောက်သွားနိုင်သည်နှင့် သူ၏အသူရာအရှင်သခင်က ရန်သူကို တိုက်ပွဲတွင် ဖိနှိပ်နိုင်ပြီဖြစ်သည်။ ဂိမ်းက ၁၅မိနစ်ကြာ ပြီးနောက် အဆုံးသတ်သွားသည်။ ယဲ့ရှောင်းယန်၏ အသူရာအရှင်သခင်က 7/0/3 ဖြင့် သတ်ဖြတ်နိုင်ခဲ့သော မှတ်တမ်းဝင်သွားပြီးနောက် နောက်ထပ်တစ်ဖန် သည်ပွဲတွင် MVP ရသွားပြန်သည်။ ဆက်တိုက် အနိုင်ရလျှင် ရရှိသည့် အပိုအမှတ်များကြောင့် ယဲ့ရှောင်းယန်၏ အဆင့်က ကြယ်နှစ်ဆင့် ထပ်တက်သွားသည်။ ဂိမ်းများက ဆက်လက်ဖြစ်ပွားနေသည်။

အသူရာအရှင်သခင် ၁၈ပွဲ ဆက်တိုက်နိုင်၊ တိုက်ပွဲဝင်စွမ်းအား 5180.

အသူရာအရှင်သခင် ၁၉ပွဲ ဆက်တိုက်နိုင်၊ တိုက်ပွဲဝင်စွမ်းအား 5530.

အသူရာအရှင်သခင် ၂၀ပွဲ ဆက်တိုက်နိုင်၊ တိုက်ပွဲဝင်စွမ်းအား 5970.

Streaming ခန်းထဲ၌ ရှိနေသူများက မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

အစပိုင်းတွင် သူ့ကို သံသယ ဝင်ခဲ့သော သူများကပင် ပါးစပ်ပိတ်သွားကြလေပြီ။ သူတို့က ရိုးရှင်းစွာဖြင့်သာ 666 ကို ရိုက်နှိပ်နေကြတော့သည်။ ကောမန့်ကဏ္ဍကလည်း ထို6 ဂဏာန်းများဖြင့် လွှမ်းသွားပြီး မကောင်းပြောသော လူများကို ဖုံးလွှမ်းသွားသည်။

[ဒီကောင်က ဘေးခန်းက အစ်ကိုငါးထက် ပိုတော်တာပဲ၊ အစ်ကိုငါးက ပွဲစဉ် ၂၀မှာ အနိုင်ရနိုင်ချေက ၉၅ရာခိုင်နှုန်းပဲ ရှိခဲ့တယ်]

[မင်း သူတို့ကို ယှဉ်လို့ မရဘူး။ အစ်ကိုငါးက မာစတာအဆင့်နဲ့ ဘုရင်အဆင့်ပွဲကို တစ်ချိန်လုံး ကစားနေတာ၊ ရှောင်ပိုင်က ဒိုင်းမွန်းအဆင့်လေ]

[ဒိုင်းမွန်းအဆင့်နဲ့ ဘုရင်အဆင့်ဆိုတာက မတူတဲ့လောကပဲ]

ထိုစကားက မှန်ကန်သည်။ အနိုင်ရသည် ဆိုသော အဓိကအဓိပ္ပာယ်က မည်သည့်အဆင့်မှ ပွဲများကို ကစားနေသည် ဆိုသော ကိစ္စနှင့်လည်း သက်ဆိုင်နေသေးလေသည်။

ဒိုင်းမွန်းအဆင့် ကစားသမားက ဂိမ်းနှင့် ရင်းနှီးပြီး လေးစားစရာကောင်းသော ဗျူဟာကို သုံးနိုင်နေလာက်သော်လည်း သူတို့၏အသင်းပူးပေါင်းနိုင်စွမ်းအားက လိုအပ်နေလောက်သေးသည်။ သူတို့၏ ဆက်သွယ်နိုင်စွမ်းအားကလည်း အတော်ဆုံး မဟုတ်နိုင်လောက်သေးချေ။ ထို့ကြောင့် သူတို့၏ ပွဲစဉ် နေရာချသော ကိစ္စဖြစ်စေ၊ နေရာယူသော ကိစ္စဖြစ်စေ ပတ်ဝန်းကျင်အခြေအနေကို ဖြစ်စေ အမြဲတစေ အကောင်းဆုံး သတိထား မကိုင်တွယ်နိုင်ခဲ့ကြချေ။

အထူးသဖြင့် ဒိုင်းမွန်းအဆင့် အထောက်အပံ့များအတွက် ဖြစ်သည်။ များပြားလှသော ဒိုင်းမွန်းအဆင့် အထောက်အပံ့များက ပုန်းရန် နေရာရှာပြီး ရန်သူအသင်း၏ လှုပ်ရှားမှုများကို လိုက်လံကြည့်ရှုရန် ထိုမျှအထိ ဂရုမစိုက်ကြချေ။ ထိုအတွက်ကြောင့် ယဲ့ရှောင်းယန်က တောထဲမှ လုပ်ကြံသတ်ဖြတ်သူများကို မျှားပြီး ရန်သူ၏ လုပ်ကြံသတ်ဖြတ်သည့် ဟီးရိုးများကို လွယ်ကူစွာဖြင့် ရှင်းလင်းနိုင်နေခဲ့ခြင်းလည်း ဖြစ်သည်။

သူက ဂိမ်းတစ်ပွဲချင်းစီတိုင်းကို စည်းချက်ညီအောင် လုပ်ဆောင်နိုင်စွမ်း ရှိသလို ကြိုတင်ခန့်မှန်းနိုင်စွမ်းအားလည်း ရှိသည်။ ယေဘူယျကျကျ ဆိုရသော် ပရိုကစားသမားများကသာ စိတ်ထဲတွင် အချိန်ကိုက်တွက်ချက်ကာ ဆော့ကစားခြင်းတွင် တော်ကြသည်။ ယဲ့ရှောင်းယန်က အစောပိုင်းဂိမ်းများတွင် ထိုမျှ ကောင်းကောင်း တွက်တတ်နေခဲ့လျှင် အသင်းဖော်များကို တောက်လျှောက် သယ်သွားနိုင်လေသည်။ သို့သော် ဘုရင်အဆင့်ပွဲတွင်မူ ရန်သူ လုပ်ကြံသတ်ဖြတ်သူများ၏ ဟီးရိုးကို အထောက်အပံ့ တစ်ယောက်တည်းကို မှီခိုပြီး သတ်ဖြတ်ရန် မလွယ်ကူနိုင်တော့ချေ။

တစ်မနက်ခင်းလုံး ဂိမ်းကစားပြီးနောက် ယဲ့ရှောင်းယန်၏ ရှောင်ပိုင်အကောင့်က ငွေဖြူအဆင့်မှ ဒိုင်းမွန်းအဆင့်သို့ ရောက်သွားသည်။ သူက Streaming ကို ထိုနေရာတွင် တစ်ခဏခန့် ရပ်ပြီးနောက် ချင်ရွေ့နှင့်အတူ နေ့လည်စာ သွားစားသည်။

Streaming ခန်းထဲမှ ကြည့်ရှုသူများ အရေအတွက်က မလျော့သွားခဲ့ချေ။ ပြောရလျှင် ဆက်တိုက် မြင့်တက်နေသည်။ ယဲ့ရှောင်းယန်က ပေါ်လာနေသော လက်ဆောင်များကို ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ငါတို့ရဲ့ ရှောင်ပိုင်က စူပါစတားဖြစ်ဖို့ အလားအလာ ရှိတာပဲ။ ရှောင်ပိုင်လေးကို ပိုဝယ်ပေးသင့်တယ် ဆိုပြီး စာတွေနဲ့အတူ လက်ဆောင်တွေ အများကြီး ရောက်လာတယ်”

သူက ရှောင်ပိုင်ကို ဆိုဖာပေါ်သို့ တင်ခဲ့စဉ်က ထိုကြောင်လေး၏ ကြည့်ရှုသူများကို ဆွဲဆောင်နိုင်စွမ်းရည်က ထိုမျှအထိ မြင့်မားမည်ဟု မထင်ထားခဲ့မိချေ။ သူ၏ကြောင်က သူကစားနေစဉ်တွင် သူ့ကို အဖော်ပြုရန်သာ မျှော်လင့်ခဲ့သည်။ သို့သော် ရှောင်ပိုင်၏ ဆွဲဆောင်နိုင်စွမ်းက မြင့်မားလွန်းခဲ့သည်။ Streaming အခန်းက Follower တစ်သိန်း ကျော်သွားသည်။ အချို့သော သူများကမူ ယဲ့ရှောင်းယန် [ရှောင်ပိုင်] ဂိမ်းကစားခြင်းကို လာကြည့်ခြင်း ဖြစ်ပြီး အများစုကမူ ကြောင်လေးကို လာကြည့်ခြင်း ဖြစ်သည်။

ထိုသို့ဖြင့် နေ့တစ်ဝက်ခန့်သာလျှင် ကစားရသေးသော်လည်း ထိုအခန်းမှ ဖော်လိုဝါက တစ်သိန်းအထိ ရောက်သွားသည်။ အရေအတွက်က များပြားလာလေပြီး ပလက်ဖောင်းမှ Streamer အသစ်များ စာရင်းသို့ပင် ဝင်ရောက်သွားကာ နံပါတ်တစ် ဖြစ်သွားသည်။

ထိုနေ့လည်တွင် ယဲ့ရှောင်းယန်က ချင်ရွေ့နှင့်အတူ ဆက်တိုက် ချီတက်နေခဲ့သည်။ ချင်ရွေ့ကလည်း ဒါက အစစ်အမှန်မဟုတ်သလို ခံစားနေရသည်။ မနေ့က သူက ၁၅ပွဲဆက်တိုက်နိုင်သည့်အတွက် စိတ်လှုပ်ရှားခဲ့ရသည်။ မနက်ခင်းတွင် သူက ပွဲစဉ် သုံးဆယ်ကျော် ဆက်တိုက် နိုင်သွားလေပြီ။ ထို့အပြင် သူတို့က ဆက်တိုက် နိုင်နေသေးသည်။

သူက နိုင်လွန်းသဖြင့် ထုံထိုင်းလာပြီဟုပင် ခံစားလိုက်ရသည်။

ဒါက ဘယ်လို ခံစားချက်လဲ နိုင်လွန်းလို့ ထုံထိုင်းသွားတာလား..

သူ့ရဲ့အတန်းဖော်များကပင် ထိုသို့သော ခံစားချက်ကို အတွေ့အကြုံ မရှိဖူးကြောင်း သေချာနေသည်။ သူက အင်အားကြီးမားသော ကောကော တစ်ယောက်ကို ပိုင်ဆိုင်ထားသည့်အတွက် အလွန်ကောင်းမွန်လွန်းသည်ဟု ခံစားလိုက်ရသည်။

ည၈နာရီတွင် ချင်ရွေ့က ပြိုင်ဘက်ကင်း ဘုရင်အဆင့်သို့ ဝင်သွားသည်။

၈နာရီခွဲတွင် ယဲ့ရှောင်းယန်က ဆရာသခင်အဆင့်တစ် သို့ ဝင်သွားသည်။ ယဲ့ရှောင်းယန်က သူ၏ အဆင့်တက် ပွဲစဉ်ကို ကစားရတော့မည် ဖြစ်သည်။ ထိုအဆင့်တက် ပွဲစဉ်က ဆရာသခင်အဆင့်မှ ဘုရင်အဆင့်သို့ တက်ရခြင်း ဖြစ်ပြီး ကစားသမားအများစုအတွက် အိပ်မက်ဆိုးကြီးလည်း ဖြစ်သည်။

ပြိုင်ဘက်ကင်းဘုရင်က ပရိုကစားသမားများ အပြည့်ရှိနေသည်။ ထို့အပြင် ဆရာသခင်များကလည်း ဘုရင်အဆင့် တက်ရန် မျှော်လင့်နေကြသည်။ မကြာခဏ ဆိုသလို သည်လို အဆင့်တိုးမြှင့်ပွဲစဉ်တွင် အင်အားကြီးသော ကစားသမားများနှင့် ပက်ပင်းတိုးလေ့ ရှိသည်။ မျှော်လင့်ချက် ပြည့်ဝနေသော ဘုရင်အဆင့်များက လုံလောက်အောင် မသန်မာသေးလျှင် အလွယ်တကူ ကြေမွသွားစေနိုင်လေသည်။ ထို့ကြောင့် မရေမတွက်နိုင်သော ကစားသမားများက ထိုအဆင့်တွင်သာ တစ်သွားလေ့ ရှိကြသည်။ ယဲ့ရှောင်းယန်၏ ကြည့်ရှုသူများကလည်း စိုးရိမ်သွားကြသည်။

[အဆင့်တိုးမြှင့်တဲ့ ပွဲစဉ်တွေကို ကောင်းကောင်းကစားပါ။ မင်းကသာ ဘုရင်အဆင့် ရောက်သွားရင် ငါ မင်းရဲ့ ချန်နယ်ကို Subscribe လုပ်ပေးမယ်]

[ဒီမနက် ၁၀နာရီကတည်းက တောက်လျှောက် ဆက်တိုက် နိုင်လာခဲ့တာ ဆိုတော့ သူ ရင်ဆိုင်ရမဲ့ ပြိုင်ဘက်တွေကလည်း တောက်လျှောက်နိုင်လာခဲ့တဲ့ ပြိုင်ဘက်တွေပဲ ဖြစ်လောက်တယ်]

[ငါ စစ်နတ်ဘုရားရဲ့ assistant (အကူ) ပိုင်းကို စစ်ကြည့်ပြီးပြီ ငါတို့ရဲ့ Hostက မနေ့ညကတည်းက ၄၉ပွဲ ဆက်တိုက် နိုင်လာတာ။ သူက ဒီ၃၉ပွဲမှာ အသူရာအရှင်သခင်ကိုပဲ သုံးလာခဲ့တာ။ နောက်ပြီး အခြား၁၀ပွဲမှာတော့ အေးခဲနတ်ဘုရားမကို သုံးထားတယ်။ ငါတို့ရဲ့ Hostက ဟီးရိုးနှစ်ကောင်ကိုပဲ ကစားတတ်တာလား]

ထိုအချိန်တွင် ဖန်သားပြင်ပေါ်တွင် သတ္တိရှိသော ကောမန့်တစ်ခုက ပေါ်လာသည်။

[သောက်ကျိုးနည်း သောက်ကျိုးနည်း.. ငါတို့ရဲ့ Hostက ငါးနတ်ဘုရားနဲ့ အဆင့်တိုးမြှင့်ပွဲမှာ တွေ့တော့မှာလား]

[ငါ သူတို့ရဲ့ Stream နှစ်ခုလုံးကို လိုက်ကြည့်နေတာ ငါ နှစ်ခုလုံးကို ဘေးချင်းယှဉ် ကြည့်နေတာပဲ။ တစ်ဖက်အသင်းက အလယ်လမ်းကစားသမားက အစ်ကိုငါးလေ။ ရှောင်ပိုင်ရဲ့ ကြောင်အာဗာတာကိုလည်း အစ်ကိုငါးရဲ့ Streaming အခန်းမှာ မြင်လိုက်ရတယ်]

ထိုပွဲက မစတင်သေးသဖြင့် တစ်ဖက်အသင်း၏ ID များကို ဆန့်ကျင်ဖက် အသင်းများက မမြင်နိုင်ကြချေ။

သို့သော် ကစားသမား၁၀ယောက်၏ အာဗာတာကို လူတိုင်းက မြင်နိုင်သည်။ ထို့ကြောင့် ယဲ့ရှောင်းယန်၏ ကြောင်အာဗာတာလေးကို လူတိုင်းက မှတ်မိလိုက်ကြသည်။ ရလဒ်အနေဖြင့် ကြည့်ရှုသူများက နှစ်ဖွဲ့လုံးက ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိသွားကြလေသည်။

ကျော်ကြားသော Streamer အစ်ကိုငါး၏ Streaming အခန်းထဲတွင် ကြောင်ဖြူ အာဗာတာလေးက ပေါ်လာသည်။

ယဲ့ရှောင်းယန်ကလည်း အစ်ကိုငါးကို မှတ်မိလိုက်သည်။ သူက မနက်၁၀နာရီတွင် Streaming ပလက်ဖောင်းကို စဖွင့်ခဲ့ချိန်က ကြည့်ရှုသူ ၂သန်းကျော်သော Streaming အခန်းကို မှတ်မိနေသေးသည်။ ယဲ့ရှောင်းယန်က Stream နေချိန်တွင်လည်း တခြားသော Streamer ၏ ကြည့်ရှုသူများက သူ့အခန်းထဲသို့ ဝင်လာပြီး ဒိုင်းမွန်းအဆင့် ပွဲများက အစ်ကိုငါး၏ ဘုရင်အဆင့်ပွဲလောက် လေးစားစရာ မကောင်းကြောင်း ပြောခဲ့သေးသည်။ ထို့အပြင် နှစ်ဖက်လုံးက အသူရာအရှင်သခင်ကို ကစားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် နှိုင်းယှဉ်ခံရသော ပုံစံက ပုံမှန်သာလျှင် ဖြစ်နေသေးပြန်သည်။

ချင်ရွေ့ကလည်း ထိုကျည်ဆံကောမန့်များကို မြင်လိုက်သည့်အခါ အခြားသော ကြည့်ရှုသူများက ကြားသွားမည့် အရေးကို စိုးရိမ်သဖြင့် အသံကို တိုးလိုက်ပြီးနောက် သူ၏ကောကောနားသို့ ကပ်ပြီး ပြောလိုက်သည်။

“ကော.. ဒီအစ်ကိုငါးက တော်တော်လေး ကျော်ကြားတဲ့ Streamer ပဲ သူက ကျွန်တော်တို့ရဲ့ ပြည်တွင်းအသင်းက မနှစ်က ကမ္ဘာချန်ပီယံဆုကို မရတာက ကောင်းကောင်း မစီစဉ်နိုင်ခဲ့လို့ ဆိုပြီးတော့တောင် ပြောထားသေးတာ။ အစ်ကိုငါးက အရင်က ပေါက်ကရစကားတွေ အများကြီး ပြောခဲ့တာ။ ကျွန်တော်တို့ တိုင်းပြည်က ကစားသမားတွေက ပြည်တွင်းကဂိမ်းတွေကိုပဲ ကစားနိုင်ကြပြီး နိုင်ငံတကာ အဆင့် မဝင်နိုင်လောက်အောင် ငကြောက်တွေ ဖြစ်နေကြတယ်လို့ လှောင်ထားတယ်။ သူတို့ကသာ သူ့ကို ကစားခွင့်ပြုရင် ပိုကောင်းမယ်လို့တောင် ပြောထားသေးတာ။ သူ့မှာ ပရိသတ်တွေ အများကြီး ရှိသလို anti ဖန်တွေလည်း အများကြီးပဲ။ သူက ဒီလို စကားတွေကြောင့် ပိုပြီး ကျော်ကြားလာခဲ့တာ”

“ဟုတ်လား..”

ယဲ့ရှောင်းယန်က မျက်ခုံးပင့်လိုက်သည်။

“သူ့ကို ကစားခိုင်းရင် ပိုကောင်းမယ် ဟုတ်လား ဟမ့်..”

သူ၏ လူဟောင်းအတွေ့အကြုံအရ ပရိုကစားသမားများနှင့် စိန်ခေါ်နေခြင်းဟာ…

ဒီကောင်က မလေးစားလွန်းရာ မကျဘူးလား။

ယဲ့ရှောင်းယန်၏ မျက်လုံးက မှေးကျဉ်းသွားပြီးနောက် ကွန်ပျူတာရှိ မော်နီတာကို ကြည့်သည်။

“ငါ ဒီStreamer ကို သွားစစ်ပြီး သူ ဘယ်လောက်ထိ လေးစားဖို့ ကောင်းလဲ ကြည့်ရမယ်”

တစ်ချိန်တည်းတွင်ပင် အစ်ကိုငါး၏ Streaming ခန်းထဲတွင်…

[တစ်ဖက်အသင်းက ကြောင်အာဗာတာလေးက Streamer အသစ်လေ သူက အသူရာအရှင်သခင်နဲ့ နေရှင်နယ်လီဒါဘုတ်ကို ဝင်မယ်လို့တောင် ကြုံးဝါးထားတာ]

[မင်း ဆိုလိုတာက ရှောင်ပိုင်လား။ သူ့ ကြောင်လေးက အတော်‌လေး ချစ်ဖို့ ကောင်းတယ်။ ငါလည်း သူ့ရဲ့ Streamကို ကြည့်နေတာ]

ထိုသို့ဖြင့် လူတစ်ယောက်က နှာခေါင်းရှုံ့ကာ ဝင်လှောင်သည်။

[ရှောင်ပိုင်လို အသစ်က နေရှင်နယ်လီဒါဘုတ်ကို ဝင်မယ်လို့ ဘယ်လိုတောင် ပြောရဲရတာလဲ။ အစ်ကိုငါး မြန်မြန်လေး သူ့ကို သင်ခန်းစာ ပေးလိုက်စမ်းပါ]

[သေချာတာပေါ့ သေချာတာပေါ့ ငါတို့ရဲ့ ငါးနတ်ဘုရားက အသူရာအရှင်သခင်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တဲ့သူပဲ လူတိုင်းက ဘေးမှာပဲ ထွက်ရပ်နေသင့်တယ်]

[ဒီရှောင်ပိုင်က လက်ရှိအချိန်မှာ Streamer အသစ်လေးတွေထဲ နံပါတ်တစ် ဖြစ်နေတာ မဟုတ်လား။ အရှက်မဲ့လိုက်တာ သူ့ရဲ့ စကေးက အဲဒီလောက် မြင့်သေးတာမှ မဟုတ်တာ။ ဘယ်လိုတောင်လဲ သူက သူ့ကြောင်နဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နေတာပဲ]

Streamer ရှဲ့ယွီက ရယ်သည်။ သူက နှလုံးသားထဲ အထင်သေးမှုအပြည့်ဖြင့် လှောင်လိုက်သည်။ ထိုStreamer အသစ်က နေရှင်နယ်လီဒါဘုတ်သို့ ရောက်အောင်ဝင်မည်ဟု ပြောနေသေးသည်။ ထိုအသစ်ကလေးက ကိုယ့်အကန့်အသတ်ကိုယ် မသိသေးလောက်ချေ။ ထိုသို့ဖြင့် သူက သူ၏အသင်း၏ ချက်ခန်းထဲသို့ လျင်မြန်စွာ စာရိုက်လိုက်သည်။

[အစ်ကိုငါး: ငါက အလယ်လမ်း ယူမယ်။ ငါ့အတွက် အသူရာအရှင်သခင် ချန်ထားပေး။ သူ့ကို မဘန်းနဲ့]

[အစ်ကိုငါး: တိုက်ပွဲသမိုင်း: အသူရာအရှင်သခင် – ၄၅ ပွဲ၊ ၉၅ရာခိုင်နှုန်း အနိုင်ရထား..]

သူ၏ အသင်းဖော်များက ချက်ချင်းလိုလို စိတ်လှုပ်ရှားသွားကြသည်။

[မာမား: သောက်ကျိုးနည်း ဒါက အစ်ကိုငါးလား၊ ငါ အစ်ကိုငါးရဲ့ Stream ကို တောက်လျှောက် ကြည့်ခဲ့တာ]

[လုပ်ကြံသတ်ဖြတ်သူ ဆရာသခင်: ငါတို့တော့ ဒီတစ်ကြိမ် သေချာပေါက် နိုင်မှာပဲ။ အစ်ကိုငါး ကျွန်တော်တို့ကို သယ်သွားပါ]

ပွဲစသောအခါ ရှဲ့ယွီ၏အသင်းက အနီဘက်သို့ ရောက်သွားသည်။ အနီဘက်အသင်းက ဒုတိယမြောက် သူတို့၏ ဟီးရိုးကို ရွေးချယ်ရမည် ဖြစ်သည်။ ရှဲ့ယွီက မျက်မှောင်ကြုတ်လိုက်ကာ သူ့နှလုံးသားမှ မသက်မသာဖြစ်သော ခံစားချက်က ကြီးထွားလာသည်။ မျှော်လင့်ထားသည့်အတိုင်း ပြိုင်ဘက်က အသူရာအရှင်သခင်ကို ချက်ချင်း ရွေးလိုက်သည်။

အသူရာအရှင်သခင်ကို ရွေးပြီးနောက် ယဲ့ရှောင်းယန်က သူ့အသင်းဖော်များအတွက် စာအနည်းငယ် ရေးကာ ပို့လိုက်သည်။

[ရှောင်ပိုင်: အလယ်လမ်းကစားသူနဲ့ အထောက်အပံ့က နှစ်ယောက် ပူးတွဲကစားမယ်။ marksmanက အဆင့်ခြောက် မရောက်မချင်း မျှော်စင်ကနေ မထွက်နဲ့..၊ အဆင့်ခြောက် ရောက်ပြီးရင် မင်းကို အထောက်အပံ့က အောက်ဆင်းဖို့ ကူပေးလိမ့်မယ်]

[ရှောင်ပိုင်: ဂျန်ဂဲလာ မင်းအနေနဲ့ အပြာရောင် Buffကို ချန်ထားခဲ့နိုင်ရင် အကောင်းဆုံးပဲ။ ငါ စောင့်ကြည့်ပေးမယ်]

ထိုစာများကို မြင်ပြီးနောက် သူ့အသင်းဖော်များက မကျေမနပ် ဖြစ်သွားကြသည်။ သူတို့က ဘာလို့ သူ့စကားကို နားထောင်ရမှာလဲ။

[ရှောင်ပိုင်: တိုက်ပွဲဝင်သမိုင်း: အသူရာအရှင်သခင်- ၃၉ပွဲ ၁၀၀ရာခိုင်နှုန်း အနိုင်ရထား.. ကြယ်မြို့#1]

[ငါက ဂျန်ဂဲလာပဲ ကစားတယ်: အံ့ဩစရာပဲ]

[လူအ: ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါတို့ မင်းရဲ့အမိန့်ကို နာခံမယ်]

[နေ့တိုင်း ကြယ်ကြွေနေတယ်: 666 မဟာနတ်ဘုရားရေ.. မင်း ငါ့ကို နံရံပြေးတိုက်ခိုင်းရင်တောင် မင်းရဲ့အမိန့်ကို နာခံမှာပါ]

ယဲ့ရှောင်းယန်က အပြုံးမျက်နှာဖြင့် ပြန်ဖြေကာ ယဉ်ကျေးစွာဖြင့် ထပ်ဖြည့်ပြောသည်။

[ဒါက ငါ့ရဲ့ ဘုရင်အဆင့်ကို တက်တဲ့ အဆင့်တိုးမြှင့်ပွဲစဉ် ဖြစ်နေတယ်။ ဒီတော့ ငါတို့အားလုံး အင်အားကြီးမားတဲ့ ရန်သူတွေကို ရင်ဆိုင်ရမှာ သေချာတယ်။ ညီအစ်ကို၊ ညီအစ်မ၊ အယ်ဖာ၊ ဘီတာ၊ အိုမီဂါတို့ ကျေးဇူးပြုပြီး ဒီနေရာမှာ ဘာကိုမှ မရောထွေးကြပါနဲ့.. ကျေးဇူးပါပဲ ကျေးဇူးပါပဲ ကျေးဇူးပါပဲ]

သူ၏ အသင်းဖော်များက တိတ်ဆိတ်သွားသည်။ သူ၏ကြည့်ရှုသူများကလည်း တိတ်ဆိတ်သွားသည်။ သူက ကျေးဇူးတင်သော စကားလုံးများနှင့် ရည်ညွှန်းသော နာမ်စားများက အဲဒီလောက်တောင် များဖို့ လိုလို့လား။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset