အပိုင်း (၄)
ယဲ့ရှောင်းယန်က ညစာအတွက် အပြင်က မှာစားလိုက်သည်။ ထို့နောက် စားနေရင်း ကြယ်မြို့တော် တက္ကသိုလ်အချက်အလက်များကို အွန်လိုင်းမှာ ဖတ်ကြည့်နေလိုက်သည်။ ထိုတက္ကသိုလ်က တရုတ်ပြည်၏ ထိပ်တန်းကျောင်း ၁၀ကျောင်းထဲမှ တစ်ကျောင်း ဖြစ်ပြီး ချင်ရွေ့က ထိုကျောင်းသို့ ဝင်နိုင်လေရာ ထိပ်တန်းကျောင်းသား ဖြစ်လောက်သည်။
ယဲ့ရှောင်းယန်က စားပြီး သိပ်မကြာခင် တံခါးဘဲလ်က မြည်လာသည်။ သူက ထကာ တံခါးဝမှ ကြည့်လိုက်သောအခါ ချင်ယွဲ့က ခရီးဆောင်အိတ် ဆိုဒ်ကြီးကို ကိုင်၍ ရပ်နေကြောင်း မြင်လိုက်ရသည်။ သူ၏ဘေးတွင် ရပ်နေသော လူငယ်လေးကမူ ၁.၇ မီတာခန့် မြင့်သည်။ ထိုကလေး၏မျက်နှာတွင် ကလေးတစ်ယောက်၏ အဆီပိုများတောင် ရှိနေသေးသည်။ သို့သော် သူ၏ခန္ဓာကိုယ်ကမူ ပိန်ပါးသည်။ သူက အဖြူရောင်အင်္ကျီလက်တို Tee တစ်ထည်ကို ဝတ်ထားပြီး ဂျင်းပဲန်နှင့်တွဲဝတ်ထားသည်။ သူ၏ခေါင်းတွင် ဆံပင်အနက်များ ရှိသည်။ သို့သော် သူ၏ပုံပန်းသွင်ပြင်ကို ခြုံငုံ ကြည့်လိုက်မည် ဆိုလျှင် ချိုမြိန်ကာ ချစ်စရာကောင်းပြီး လိမ်မာနာခံမည့် ပုံစံလေး ဖြစ်သည်။ ယဲ့ရှောင်းယန်၏ အကြည့်ကို လက်ခံရသောအခါ ထိုကောင်ငယ်လေးက တောက်ပစွာ ပြုံးလျက် ပြောလာသည်။
“ယန်ကော ကျွန်တော် ယန်ကောကိုပဲ အနှောင့်အယှက် ပေးရတော့မယ်။ ကျွန်တော်တို့ရဲ့ ကျောင်းက ဒီနေရာနဲ့ နှစ်မှတ်တိုင်ပဲ ဝေးတာ။ ဒါကြောင့် ဒီနေရာကနေ ဆိုရင် အများသုံးယာဉ်တွေ စီးရတာက ပိုလွယ်တယ်လေ”
တက္ကသိုလ်ကျောင်းသားတွေက ကျောင်းမှာပဲ နေကြတာ မဟုတ်ဘူးလား။
ဒါမှမဟုတ် ဒီလောကကများ အိုမီဂါတွေကို အထူးဂရုစိုက်တာများလား။ ယဲ့ရှောင်းယန်က ယဉ်ကျေးစွာ မေးလိုက်သည်။
“ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။ ကောကလည်း အိမ်မှာ တစ်ယောက်တည်းဆိုတော့ ပျင်းနေတာ။ မင်း ဒီမှာနေတုန်း ကောကို အဖော်ပြုခိုင်းရတေတော့မယ်”
“ရှောင်ယန်..”
ချင်ယွဲ့က ပြောသည်။
“ရွေ့ရွေ့ကို ဂရုစိုက်ဖို့ မင်းကိုပဲ အကူအညီ တောင်းရတော့မယ်။ ရွေ့ရွေ့က ချက်ပြုတ်တတ်တယ်။ သူ့ရဲ့ စားသောက်စရိတ်ကလည်း နည်းပါတယ်။ သူက အတန်းတွေ ပြီးသွားတဲ့အခါ ညစာ ပြင်ပေးနိုင်သေးတယ်။ မင်းတို့ နှစ်ယောက်လုံး အိမ်မှာ အတူတူ ကောင်းကောင်းချက်ပြုတ်ပြီး စားကြ ဟုတ်ပြီလား”
“သေချာတာပေါ့”
ယဲ့ရှောင်းယန်က သူ နေ့တိုင်း လိုလို ဝယ်စားနေရမည့် အရေးကို စိုးရိမ်မိနေသေးတသည်။ ထို့ကြောင့် တစ်ယောက်က ချက်တတ်လျှင် ပိုကောင်းသွားပေလိမ့်မည်။
ချင်ယွဲ့က ညီဖြစ်သူ၏ နားနားသို့ တိုးကာ စကားကို ခပ်တိုးတိုး ပြောသည်။
“ရှောင်းယန်က ကူးပြောင်းရသေးတာ မဟုတ်ဘူး။ ဒီတော့ သူ့ဆီကနေ ဖယ်ရိုမုန်းတွေကို အာရုံခံမိရင် ကောကို ချက်ချင်းခေါ်နော်.. ရွေ့ရွေ့ကို ကောက သူ့အတွက် ဖိနှိပ်ဆေးတွေလည်း ပေးထားသေးတယ်။ လိုရမယ်ရပေါ့ ဟုတ်ပြီလား”
ချင်ရွေ့က နာခံစွာဖြင့် ခေါင်းညိတ်သည်။
“နားလည်ပါပြီ ကော..”
ချင်ယွဲ့က ယဲ့ရှောင်းယန်ကို ကြည့်ကာ ပြောသည်။
“ကောက ဒီနေ့ည ဂျူတီလေ.. ဒီတော့ အခု ဆေးရုံကို ပြန်သွားရတော့မယ်။ ရွေ့ရွေ့က ခရီးဆောင်အိတ်တွေ အများကြီး ပါလာတယ်။ သူ အင်္ကျီတွေ အကုန်လုံးကို ယူလာတာ။ မင်းတို့တွေ သေချာအစီအစဉ် ချပြီးရင် ကောကို စာပို့လိုက်ပါအုံး”
“ပြဿနာမရှိပါဘူး”
ယဲ့ရှောင်းယန်က ပြောသည်။
“ဒါဆိုလည်း ဂွတ်နိုက်ပါ ဝမ်းကွဲ”
သူ၏ဝမ်းကွဲအစ်ကိုက ထွက်ခွာသွားပြီးနောက် ယဲ့ရှောင်းယန်က ချင်ရွေ့ကို ခရီးဆောင်အိတ် ကူသယ်ပေးသည်။ ချင်ရွေ့အတွက် ဖိနပ်ပါးတစ်စုံကို ပြင်ပေးလိုက်သည်။ ချင်ရွေ့က ဖိနပ်လဲရန် ငုံ့ကိုင်းလိုက်ချိန်တွင် ယဲ့ရှောင်းယန်က သူ့နောက်တွင် ရပ်လျက် ထိုလူငယ်၏ လည်ကုပ်မှ ဖျော့တော့သော နေရာကို ကြည့်လိုက်သည်။ အိုမီဂါဂလန်းနဲ့တူသော အရာမျိုးကိုလည်း ထိုနေရာတွင် မမြင်ရချေ။ အရေပြားရဲ့အောက်မှာများလား။
ချင်ရွေ့က ဖိနပ်လဲပြီးနောက် ခေါင်းမော့ကာ မေးသည်။
“ယန်ကော ကျွန်တော့်အခန်းက ဘယ်အခန်းလဲ”
ထိုအိုမီဂါတိတိလေးက အလွန်ချစ်စရာကောင်းသည်။ ထို့အပြင် လိမ်မာနာခံသော လူငယ်ကောင်းလေးလည်း ဖြစ်သည်။ သူက ပြုံးလိုက်သည်။ သူက သွေးတော်သောကြောင့် ယဲ့ရှောင်းယန်အနေဖြင့် ထိုကောင်လေးအပေါ် အလိုလို ခံစားချက် ကောင်းနေသည်။ ဤနည်းအားဖြင့် ခရီးဆောင်အိတ်ကို ကူသယ်ပေးကာ ဧည့်သည်ခန်းထဲသို့ ခေါ်သွားပေးလိုက်သည်။
“မင်း ဒီအခန်းမှာပဲ နေလိုက်လေ ဟုတ်သားပဲ.. အပြင်ဘက် ဘယ်ဘက်ခြမ်းမှာ ဧည့်သည်ရေချိုးခန်းရှိတယ်”
ချင်ရွေ့က ယဲ့ရှောင်းယန်၏ အနောက်မှ လိုက်ကာ ဧည့်သည်ခန်းထဲသို့ ဝင်သည်။ သူက ခရီးဆောင်အိတ်ကြီးထဲမှ အဝတ်အပုံလိုက် ထုတ်ပြီးနောက် ဗီရိုထဲသို့ ထည့်သည်။ ယဲ့ရှောင်းယန်က မေးလိုက်သည်။
“မင်းရဲ့ကောဆီကနေ မင်းက အိုမီဂါအဖြစ် ကူးပြောင်းသွားပြီလို့ ကြားထားတယ်။ ကူးပြောင်းတဲ့အချိန်မှာ မသက်မသာ ဖြစ်တာမျိုး ရှိလား”
“ကျွန်တော့်ရဲ့တစ်ကိုယ်လုံး ပူလောင်လာပြီး ချွေးတွေ ထွက်လာတာပေါ့။ တော်တော်လေးတော့ မသက်မသာ ဖြစ်ပေမဲ့ အရမ်းကြီးလည်း မဟုတ်ပါဘူး။ အခြားမသက်မသာ ဖြစ်တဲ့ အခြေအနေလည်း မရှိပါဘူး”
ချင်ရွေ့က တစ်ခဏခန့် ရပ်တန့်လိုက်ပြီးနောက် ပြောသည်။
“ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ အချိန်မှာ ဖြစ်တာ။ အဲဒီနေ့က ကျွန်တော် ရှော့ပင်ထွက်နေရင်းနဲ့ ရုတ်တရက်ဖျားပြီးတော့ မေ့သွားတာ။ ကံကောင်းတာက အဲဒီအချိန် ပတ်ဝန်းကျင်မှာ မရင်းနှီးတဲ့ အယ်လ်ဖာတွေ မရှိနေလို့ပဲ။ အယ်ဖာတစ်ယောက်များ ရှိရင် သူတို့ကသာ လုံလောက်တဲ့ ထိန်းချုပ်နိုင်စွမ်းအား မရှိတာနဲ့ သေချာပေါက် ကျွန်တော့်ကို အမှတ်အသားပေးလောက်တယ်။ ဒီလိုဆိုရင် ပြဿနာတက်ပြီ”
ယဲ့ရှောင်းယန်က အမှတ်အသားပြုသည် ဆိုသော စကားကို ထပ်ခါတလဲလဲ ကြားနေရပြီး သူကလည်း စာအများစုကို ကျော်ဖတ်ထားမိလေရာ ရှင်းရှင်းလင်းလင်း နားမလည်သေးချေ။ ထို့ကြောင့် မနေနိုင်ဘဲ သိချင်လာသည်။
“အမှတ်အသားပြုတယ် ဆိုတာက ဘယ်လိုမျိုး လုပ်တာလဲ”
ချင်ရွေ့က မျက်လုံးပြူးသွားသည်။
“ကော.. ကော အလယ်တန်းကျောင်းမှာ ရုပ်ပိုင်းဆိုင်ရာအတန်းတွေ မတက်ခဲ့ဘူးလား”
ယဲ့ရှောင်းယန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံသော ပုံစံမျိုးဖြင့် ရှင်းပြလိုက်သည်။
“ကောက အလယ်တန်းမှ သင်ခဲ့ရတာတွေက တော်တော်ကြာပြီ ဆိုတော့ ကျောင်းပြန်ရောက်သွားပြီလေ”
သူက သူ့ခေါင်းသူ လက်ညှိုးထိုးပြီးနောက် ရယ်လိုက်သေးသည်။
“နောက်ပြီး အခုနောက်ပိုင်း ကောရဲ့ဦးနှောက်ကလည်း သိပ်အလုပ်လုပ်တာ မဟုတ်ဘူး။ ဒီတော့ သေသေချာချာ ရှင်းရှင်းလင်းလင်း မမှတ်မိတဲ့ ကိစ္စတွေတောင် တော်တော်များနေတာ”
ချင်ရွေ့ကလည်း တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုပ်ကာ ယဲ့ရှောင်းယန်ကို အပြစ်ကင်းသလို မျက်နှာထားမျိုးဖြင့် ကြည့်သည်။ ယဲ့ရှောင်းယန်က ထိုမျှ အရေးကြီးသော အချက်ကိုပင် မေ့သွားသည်။ ထို့နောက် ချင်ရွေ့အနေဖြင့် သူ၏အစ်ကိုကြီး ပြောသောစကားက မှန်လောက်သည်ဟု ခံစားလိုက်မိသည်။ ယဲ့ရှောင်းယန်၏ စိတ်အခြေအနေက ပြဿနာ ရှိနေလောက်သည်။
“အမှတ်အသားပြုတာ နှစ်မျိုးရှိတယ်။ ယာယီ အမှတ်အသားပြုတာနဲ့ အပြည့်အဝ အမှတ်အသားပြုလိုက်တာပဲ”
ချင်ရွေ့က ရိုးရိုးသားသား ရှင်းပြသည်။
“ယာယီအမှတ်အသားကတော့ လွယ်ပါတယ်။ အယ်ဖာက သူတို့ရဲ့ သွားစွယ်နဲ့ အိုမီဂါရဲ့ လည်ကုပ်ကို ကိုက်လိုက်ပြီး အမှတ်အသားပေးလိုက်ရုံပဲ။ အဲလိုနဲ့ အဲဒီသွားကတစ်ဆင့် သူတို့ရဲ့ ဖယ်ရိုမုန်းတွေက အိုမီဂါရဲ့ဂလန်းထဲကို သွားရည်ကတစ်ဆင့် ထည့်ပေးရတယ်။ ဒီလိုနည်းနဲ့ အိုမီဂါရဲ့ ဖယ်ရိုမုန်းကို ဖိနှိပ်ပေးနိုင်ပြီး ငြိမ်သက်စေနိုင်တယ်။ () တယ်လို့လည်း သုံးလို့ရပါတယ်”
ယဲ့ရှောင်းယန်က နားလည်သလို ခေါင်းညိတ်လိုက်သည်။
“အိုး.. ဒါက အယ်ဖာက မင်းရဲ့ကုတ်ကို ကိုက်ခွင့်ပေးရုံပဲ မဟုတ်လား”
သူက သူ့ကုတ်သူ ကိုင်ကြည့်ပြီးနောက် ရလာသော ခံစားချက်က… ရင်ခေါင်းနှင့် ဆက်နေသော ကျောရိုးမာမာသာ ဖြစ်သည်။ အကယ်၍ သူကသာ အိုမီဂါ ဆိုလျှင် သူ၏ဂလန်းကလည်း ထိုနေရာတွင် ရှိနေလောက်သင့်လေသည်။
ယဲ့ရှောင်းယန်က လက်ကို ပြန်ချပြီးနောက် မေးလိုက်သည်။
“ဒါဆိုရင် အပြည့်အဝ အမှတ်အသားပြုတာက ဘယ်လိုလဲ”
ချင်ရွေ့၏ နားများက အနည်းငယ် နီလာသည်။ သူက အသံပိုတိုးလိုက်ပြီးနောက် ဖြေလိုက်သည်။
“အပြည့်အဝ အမှတ်အသားပြုတာကတော့ အယ်ဖာက အိုမီဂါရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အထဲက ချိတ်ဆက်ဖို့ (Knot) လိုအပ်တယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ အဲဒါကို ချန်ထားရစ်ခဲ့ဖို့ လိုအပ်တယ်။ ကောသိပါတယ်။ အဲဒါကို အိုမီဂါရဲ့ သားအိမ်ထဲမှာလေ။ ဒီလိုဆိုရင် အဲဒီအယ်ဖာက အိုမီဂါကို အပြည့်အဝ ပိုင်ဆိုင်ပြီ”
ယဲ့ရှောင်းယန်က တစ်ခဏခန့် တွေးတောပြီးနောက် ရုတ်တရက် နားလည်သွားသည်။
“ဆိုလိုချင်တာက လိင်ဆက်ဆံတာလား”
ချင်ရွေ့က ရှက်သွားသည်။
“ဟုတ်တယ်”
ယဲ့ရှောင်းယန်က နောက်ဆုံးတွင် နားလည်သွားသည်။ အိုမီဂါများ၏ လည်ကုတ်တွင် ဂလန်းဆိုသော အရာရှိပြီး သူတို့၏ ကိုယ်ထဲတွင်လည်း သားအိမ်က ရှိနေသည်။ ယာယီအမှတ်အသားက အယ်ဖာကို သူတို့၏လည်ကုတ်ကို ကိုက်ခိုင်းရုံဖြင့် လုံလောက်သည်။ အပြည့်အဝ အမှတ်အသားကမူ အသွေးအသားကတစ်ဆင့် တစ်သားတည်း ပေါင်းစီးခြင်း ဖြစ်သည်။ သူက ဆဲလ်ဖုန်းကို ထုတ်ပြီးနောက် အချက်အလက်အသစ်ကို ခပ်မြန်မြန် ရိုက်ကာ မှတ်သားထားလိုက်သည်။
ချင်ရွေ့က သူက အမှတ်အသားပြုသော ကိစ္စများနှင့် ပတ်သက်သော မှတ်စုပင် ယူနေကြောင်း မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်သည်။
“ဒါတွေ အားလုံးက ပုံမှန်အခြေခံ ဗဟုသုတတွေပဲလေ။ ဖုန်းထဲမှာတောင် မှတ်သားထားဖို့ လိုလို့လား”
“အရေးကြီးတဲ့ အချက်အလက်တွေက ချရေးထားဖို့ လိုအပ်တယ်”
ယဲ့ရှောင်းယန်က ပြောသည်။
“မဟုတ်ရင် မေ့သွားရင် ဘယ်လို လုပ်မလဲ”
ဒါမျိုးကို မေ့နိုင်သေးတာပဲလား..
ချင်ရွေ့ကမူ သူ့ကို စိုက်ကြည့်ပြီး ဆွံ့အသွားရသည်။
ယဲ့ရှောင်းယန်က မှတ်စုရေးပြီးသွားသောအခါ မေးလိုက်သည်။
“ဒါဆိုရင် ဖိနှိပ်ဆေးဆိုတာက ဘာတွေလဲ”
“ဖိနှိပ်ဆေးဆိုတာက ဖယ်ရိုမုန်း ထုတ်လုပ်မှုကို တားမြစ်ပေးနိုင်တဲ့ ဆေးအမျိုးအစားတစ်မျိုးပေါ့.. တချို့တွေကတော့ ပါးစပ်က သောက်လို့ရတယ်။ တချို့ကတော့ ဆေးထိုးတယ်။ ဒါကို ဘယ်ဆေးဆိုင်မှာမဆို ဝယ်လို့ရတယ်”
ချင်ရွေ့က ယဲ့ရှောင်းယန်က မှတ်စု ထပ်ယူနေပြန်ကြောင်း မြင်သောအခါ သူ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“ကော.. ကောဘယ်လိုတောင် အဲဒီအတန်းကို သေချာမတက်ခဲ့တာလဲ”
“မင်းရဲ့ကောက ဘယ်အတန်းကိုမှ အာရုံစိုက်ခဲ့တာမျိုး မဟုတ်ဘူး”
ချင်ရွေ့က ပို၍ ဆွံ့အသွားသည်။ သူက မှတ်စုရေးပြီးနောက် ယဲ့ရှောင်းယန်က သူ၏ဒီလောကအပေါ် နားလည်နိုင်စွမ်းအားက ခြေတစ်လှမ်း ထပ်မြင့်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ အစပိုင်းတွင် အိုမီဂါများက ကလေးမွေးနိုင်သော ထူးခြားသည့်သတ္တဝါများဟု ထင်ခဲ့သည်။ သို့သော် ချင်ညီအစ်ကိုများနှင့် တွေ့ပြီးမှသာ ထိုမျှ မထူးဆန်းကြောင်း သိလိုက်ရသည်။ သူတို့ရဲ့အပြင်ပန်း ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူတို့က သာမန်အမျိုးသားများနှင့်သာ တူသည်။ ယဲ့ရှောင်းယန်က အနည်းငယ် စိတ်အေးသွားသည်။ မည်သို့ပင် ဆိုစေ သူ၏မိဘများက အယ်ဖာနှင့် အိုမီဂါစုံတွဲ ဖြစ်သည်ဟု ဆိုခဲ့ကတည်းက သူက အိုမီဂါအဖြစ် ကူးပြောင်းနိုင်စွမ်းရည်က ၅၀ရာခိုင်နှုန်းအထိ ရှိနေသည်။ သူ၏နောက်ဆုံးသော သန်မာမှုက မကြွေကျသမျှ သူ ဒီအတိုင်း ဆက်နေနိုင်သေးသည်။ သူက အိုမီဂါဖြစ်သွားခဲ့လျှင်ပင် ဖယ်ရိုမုန်းကို ထိန်းချုပ်သော နည်းလမ်းပေါင်းများစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူက ဖိနှိပ်ဆေး သုံး၍ ရသည်။ သို့မဟုတ်လျှင်လည်း အယ်ဖာတစ်ယောက်ကို ကိုက်ခိုင်းလိုက်၍ ရသည်။ မည်သို့ပင် ဆိုစေ ဒါက သူ၏ Esport ကစားမည့် အရေးကို မသက်ရောက်စေနိုင်ပေ။ သူ၏စွမ်းရည်ကိုလည်း မထိခိုက်ချေ။ ယဲ့ရှောင်းယန်က အတွေးနက်နေချိန်တွင် ချင်ရွေ့ကမူ အဝတ်များ ထည့်၍ ပြီးသွားလေပြီ။ သူက ခရီးဆောင်အိတ် အောက်ခြေပိုင်းမှ လက်တော့ ထုတ်လိုက်လေသည်။
“အိုမီဂါတွေက ကောလိပ်က စစ်ရေးလေ့ကျင့်တဲ့ ကဏ္ဍကို ဝင်ပါဖို့ မလိုအပ်ဘူး”
လက်တော့ကို ဖွင့်နေရင်းနောက်က ဂိမ်းတစ်ခုကို ထပ်ဖွင့်လိုက်သည်။
“ဒီတော့ ကျောင်းစပြီး ဆယ်ရက်လောက် ကြာတဲ့အထိ ကျွန်တော် အချိန်ရသေးတယ်။ ကျွန်တော် ကောနဲ့အတူ ကစားလို့ရတယ်”
ယဲ့ရှောင်းယန်က ရင်းနှီးကျွမ်းဝင်သော ပုံစံများကို မြင်လိုက်ရသည်။
“စစ်နတ်ဘုရားများလား..”
“ဟုတ်တယ် ကျွန်တော်ပဲ ကောကို ဒီဂိမ်းထဲကို ဆွဲသွင်းပေးခဲ့တာလေ”
ချင်ရွေ့က ကွန်ပျူတာကို ဖွင့်ပြီးနောက် လှည့်မေးသည်။
“စကားမစပ် ယန်ကော.. ကောဘယ်လိုတောင် အစားထိုး ပြိုင်ပွဲမှာ သုံးကြိမ်ဆက်တိုက် ရှုံးသွားရတာလဲ။ ကျွန်တော် မိတ်ဆွေစာရင်းကို စစ်ကြည်ပြီးသွားပြီ ကောက အခု ကြေးနီ အဆင့်သုံးမှာပဲ ရှိနေတုန်းပဲ”
“ဟုတ်တယ် အာ.. ငါက လက်ရှိ ကြေးနီရောင်အဆင့်ပဲ”
ပရိုကစားသမားတစ်ယောက် အနေဖြင့် ယဲ့ရှောင်းယန်က အဆင့်နိမ့်ပိုင်းသို့ မရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သူက ဒီနေ့တစ်နေ့ခင်းလုံး နီးပါး မှော်စွမ်းအင်သုံး ဟီးရိုးအမျိုးအစားများကို လေ့လာကာ လေ့ကျင့်နေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် အတွေ့အကြုံတချို့ ရထားလေပြီ။
“မင်းရဲ့လက်တော့ကို စာဖတ်ခန်းထဲ ယူခဲ့။ နှစ်ယောက်အတူ ဝင်ရအောင်”
…
ထိုအချိန်တွင် ထျန်းဟွမ်အသင်း၏ HQ တွင်…
ချန်းရှင်းက ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ ထိုဖန်သားပြင်တွင်..
[အဆုံးစွန်သော အန္တမဘုရင်] အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဟူသော စာသားက ပေါ်နေသည်။ သူက ဘေးနားတွင် ထိုင်နေသော အဖွဲ့သားများကို ရယ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ.. တစ်နေ့ခင်းလုံး ဆက်တိုက် နိုင်ထားတာ ခန့်မှန်းကြည့်စမ်း.. ငါ နောက်ဆုံးတော့.. ဘုရင်အဆင့် ရောက်အောင် လုပ်လိုက်နိုင်ပြီ”
တခြားသော ကစားသမားအသစ်များက အော်ဟစ်ကာ ချီးကျူးပေးကြသည်။
“ရှင်းကော.. ရှင်းကောက တအားတော်တာပဲ။ တစ်ရက်တည်းနဲ့ ဘုရင်အဆင့် ရောက်သွားတယ်။ တစ်ပွဲတောင် မရှုံးဘူး”
“ရှင်းကောအတွက်တော့ ဘုရင်အဆင့် ရအောင် လုပ်တယ် ဆိုတာက ကိတ်မုန့်စားရသလိုမျိုး လွယ်ကူနေမှာပဲ”
“ငါတို့ရဲ့ ရှင်းကောက ဒီနှစ် အတော်ဆုံး လူသစ်ဆုကို သေချာပေါက် ရလိမ့်မယ်”
သူတို့ရဲ့အနောက်မှ နက်ရှိုင်းသော အသံတစ်သံက ထွက်လာသည်။
“အကောင်းဆုံး လူသစ်ဆု ဆိုတာက မင်းတို့ အဖွဲ့သားတွေ ပါးစပ်နဲ့ ပေးလို့ရတဲ့ ဆုလား”
တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ ချန်းရှင်းက ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရပြီး ခပ်မတ်မတ် ထထိုင်လိုက်ကာ ကျောက်ရုပ်လို တောင့်တင်းသွားသည်။ တခြားသော သူ၏ဘေးမှ လူသစ်များကလည်း ချက်ချင်း မတ်တပ်ထရပ်လိုက်ကြပြီး တစ်ယောက်ထက် တစ်ယောက် ပို၍ လေးစားသော ပုံစံမျိုးဖြင့် အော်လိုက်ကြသည်။
“ခေါင်းဆောင်ချီ..”
“ဟယ်လို ခေါင်းဆောင်ချီ..”
ချီရှို့၏ မျက်နှာထားက ခန့်မှန်းရ ခက်နေသည်။
“Play off တွေက ဆယ်ရက်နေရင် စလိမ့်မယ်။ မင်းတို့တွေ တစ်ချိန်လုံး အချင်းချင်း ချီးကျူးပြီး ပေါက်ကရတွေ လျှောက်ပြောဖို့ အချိန်ရှိနေမယ် ဆိုရင် တခြားအဖွဲ့တွေက ကစားတဲ့ပုံစကို လေ့လာပြီး ဂိမ်းကစားပွဲတွေ များများ ကြည့်နေတာ ပိုကောင်းလိမ့်မယ်”
အသစ်လေးများအားလုံးက ခေါင်းငုံ့ကျသွားသည်။ ထိုသို့ဖြင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားတော့သည်။
အယ်ဖာခေါင်းဆောင်၏ တည်တင်းသော အကြည့်က အသစ်တစ်အုပ်လုံးထံ ရောက်သွားပြီးနောက် အလယ်တွင် ထိုင်နေသော ခေါင်းအသားကုန်ငုံ့ထားပြီး ရင်ဘတ်ကို ကပ်မတတ် ဖြစ်နေသော လူငယ်ကို မြင်လိုက်ရသည်။
“ချန်းရှင်း..”
ချန်းရှင်းက ချက်ချင်း မတ်တပ်ထရပ်ပြီးနောက် တက်ကြွစွာ အော်သည်။
“ရှိ..”
စစ်ရေးလေ့ကျင့်အတန်းတွင် ကြီးကြပ်သူက ခေါ်ခြင်းကို ခံလိုက်ရသလိုမျိုး ထိုလူငယ်က အလန့်တကြား ပြန်ဖြေသည်။ သူက ခြေထောက်နှစ်ဖက်လုံးကို အသားကုန်ပူးကပ်နေအောင် ဖိလျက် ရပ်ထားသည်။ သူ၏ပုံစံက တောင့်တင်းနေပြီး ကျောကပင် တစ်ဖြောင့်တည်း ဖြစ်နေသည်။ သူက အရာရှိတစ်ယောက်က နာမည်ခေါ်လိုက်သဖြင့် အမိန့်ပေးရန် စောင့်နေချိန်တွင် ရှိနေသော စစ်တပ်အလေးပြုပုံစံမျိုးနှင့် ဖြစ်သည်။
ချီရှို့က အေးစက်စွာ အမိန့်ပေးသည်။
“အစည်းအဝေးခန်းထဲကို ငါနဲ့အတူ လိုက်ခဲ့”
ချန်းရှင်းက လူသစ်လေးများ၏ အရှေ့တွင် မောက်မာကာ ယုံကြည်မှု အပြည့်ဖြင့် ရှိနေခဲ့သမျှ သူ၏ဆရာ၏အရှေ့တွင်မူ မြည်းပေါက်လေး ကဲ့သို့ နုံအလိုလို နှင်းဖြူရောင်ယုန်လေးကဲ့သို့ အပြစ်ကင်းစင်သလို ဖြစ်သွားသည်။ သူက ချီရှို့၏ အနောက်မှ လိုက်ကာ အစည်းအဝေးခန်းထဲသို့ သွားသည့် တစ်လျှောက်လုံး ခေါင်းကို ဆက်တိုက် ငုံ့ထားသည်။ အသက်ပင် သူက ခပ်ကြမ်းကြမ်း မရှုရဲချေ။
ထျန်းဟွမ်အဖွဲ့မှ ကစားသမားအားလုံးက ထိုနေရာတွင် ရှိနေကြသည်။ တစ်ဖွဲ့လုံးမှ နည်းပြများနှင့် ဝန်ထမ်းများအားလုံးကလည်း ရှိနေကြသည်။ ထိုသို့ဖြင့် လူက ပြည့်ကျပ်နေသည်။ ချီရှို့က ဝင်ထိုင်ပြီးနောက် နည်းပြလင်း၏ အနားနားသို့ ကပ်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် နည်းပြလင်းက ချန်းရှင်းကို ကြည့်ကာ ပြုံးသည်။
“ရှောင်ရှင်း ဝင်ထိုင်ပါ”
ချန်းရှင်းက ဒယိမ်းဒယိုင်ဖြင့် ဝင်ထိုင်လိုက်သည်။ သူက နာခံစွာဖြင့် နည်းပြ၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သူက ပုံစံတကျ ထိုင်ကာ လက်ချာတစ်ခု နားထောင်သည့် ပုံစံမျိုးနှင့်ပင် တူနေသေးသည်။
“နည်းပြတွေအားလုံးက ဆွေးနွေးပြီးသွားပြီ”
နည်းပြလင်းက ပြောသည်။
“ငါတို့တွေ မင်းကို နောက်ရာသီရဲ့ တရားဝင် ပြိုင်ပွဲမှာ ဝင်ကစားခိုင်းဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ မင်း တစ်ချိန်လုံး ခေါင်းဆောင်ချီနဲ့အတူ လုပ်ကြံသတ်ဖြတ်တဲ့ အမျိုးအစား ဟီးရိုးတွေ အားလုံးကို လေ့ကျင့်နေရမယ်။ ငါတို့ရဲ့အသင်းမှာ ဂျန်ဂဲလာတွေ မရှားဘူး။ မင်းက သေနတ်သမား စမ်းပြီး ကစားချင်သေးလား”
ချန်းရှင်းက နည်းပြကို စိတ်ရှုပ်ထွေးသလို ကြည့်လိုက်သည်။
“သေနတ်သမား ဟုတ်လား။ ဒါပေမဲ့ ချန်းကောက..”
ဘေးနားတွင် ထိုင်နေသော နျဲ့ချန်းက ဝင်ငြင်းလာသည်။
“ငါက အိုနေပြီ။ ငါရဲ့လက်တွေက ဒီအမြန်နှုန်းဂိမ်းကစားပွဲတွေကို မလိုက်နိုင်တော့ဘူး။ ဒါကြောင့် ငါ ဒီရာသီပြီးရင် အနားယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ငါ စာရင်းတောင် တင်ပြီးသွားပြီ”
သူက လက်လှမ်းလာပြီးနောက် ထိုလူငယ်ကစားသမား၏ ပခုံးကို ပုတ်သည်။
“ရှောင်ရှင်း ရှောင်ရှင်းက ပါရမီ အရမ်းကြီးပါတယ်။ လူတိုင်းကလည်း ရှောင်ရှင်းကို ခပ်မြင့်မြင့် တွေးထားကြပြီးသား.. ဒီတော့ ရှောင်ရှင်းကသာ ငါ့ရဲ့ Roleကို ယူမယ် ဆိုရင် ငါ စိတ်အေးရမှာပဲ”
နည်းပြလင်းက ဝင်ပြောသည်။
“Team ချီကလည်း မင်းကို သေနတ်သမားအဖြစ် ထောက်ပံ့ဖို့ ပြောင်းလဲပေးထားတယ်။ မင်းက လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းအား ရှိတယ်။ ကွင်းပြင်ရဲ့ ရုတ်တရက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ထူးခြားမှုတွေကိုလည်း အာရုံခံနိုင်စွမ်းအား မြင့်မားတယ်။ မင်းရဲ့စွမ်းရည်က တင်းကြပ်နေတဲ့ အခြေအနေမျိုးကနေ ဖောက်ထွက်နိုင်စွမ်းမှာ ပြောင်မြောက်တယ်။ သေနတ်သမားဆိုတဲ့ Role က မင်းအတွက် ဂျန်ဂဲလာထက် ပိုပြီးတော့ ကိုက်ညီလိမ့်မယ်လို့ ထင်တယ်”
နျဲ့ချန်းက ပြုံးကာ ဝင်ပြီး အားပေးသည်။
“နည်းပြပြောတာ မှန်တယ်။ ဒီနေ့ကစပြီး လေ့ကျင့်ကြည့်ပါလား ဟုတ်ပြီလား။ အရင်ကလည်း မင်း ငါနဲ့အတူတူ သေနတ်သမားဟီးရိုးတွေကို ကစားကြည့်ခဲ့ဖူးတာပဲ။ ဘာပဲဖြစ်ဖြစ် မင်းက ဒါကို ချောချောမွေ့မွေ့နဲ့ ကျင့်သားရအောင် ကိုင်တွယ်နိုင်မယ်လို့ ငါတော့ ယုံကြည်တယ်”
ချန်းရှင်း၏ မျက်ဝန်းထောင့်က နီရဲလာသည်။ အထူးသဖြင့် Team ထျန်းဟွမ်နှင့် ငါးနှစ်နီးပါး အတူ ရှိခဲ့သော ကစားသမားဟောင်းဖြစ်သော နျဲ့ချန်းအကြောင်း တွေးမိချိန်တွင် ဖြစ်သည်။ အထူးသဖြင့် တစ်ဖက်လူက အနားယူတော့ပေမည်။ Esport လောကတွင် လူဟောင်းများ၏နေရာကို လူသစ်များက အမြဲတစေ အစားထိုးနေရသည်။ ဒါက မထူးခြားပေ။ သို့သော် ချန်းရှင်းကမူ သူ့ကို အမြဲတစေ ကောင်းမွန်စွာ ဂရုစိုက်ပေးခဲ့သော စီနီယာကောင်း၏ နေရာတွင် အစားထိုး မဝင်လိုချေ။ သူက နျဲ့ချန်း၏ နွေးထွေးညင်သာသော အကြည့်ကို ဆုံရသောအခါ ချန်းရှင်းက သီးမတတ် ဖြစ်သွားသည်။ သူက မနည်းထိန်းကာ ပြောလိုက်ရသည်။
“ကျွန်တော် နားလည်ပါပြီ ချန်းကော.. ကျွန်တော် ကောင်းကောင်း ကြိုးစားပါ့မယ်”
ချီရှို့က သူ့ကို ကြည့်ပြီး ပြောသည်။
“မင်းမှာ အချိန်အများကြီး မရှိဘူး။ နောက်တစ်လလုံး သေနတ်သမားဟီးရိုးတွေ အားလုံးကို လေ့ကျင်ထားရမယ်။ နောက်ပြီး မင်း အကျွမ်းဝင်ဆုံး ငါးကောင်ကို ပြန်ရွေးလိုက်.. ဒီဟီးရိုးငါးကောင်နဲ့ နိုင်ငံလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက် စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက် ဝင်အောင် လုပ်ရမယ်။ မင်း အဲဒီလို လုပ်ပြီးတာနဲ့ လေ့ကျင့်ရေးပွဲစဉ်တွေမှာ ဝင်ပြီး လေ့ကျင့်လို့ ရပြီ”
ပြည်တွင်းအဖွဲ့များတွင် ကျွမ်းကျင်ကစားသမားအပြည့်ရှိသည်။ သို့သော် ချီရှို့ကမူ ထိုကျွမ်းကျင်ပညာရှင်များထက် ပို၍ပင် ကြမ်းတမ်းလေသေးသည်။ ချန်းရှင်းက သူ့ဆရာ၏ သင်ကြားပေးမှုများတွင် ကြီးပြင်းလာရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။
“ကျွန်တော် နားလည်ပါပြီဆရာ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”
ချီရှို့က ခေါင်းညိတ်မှသာ နည်းပြများကလည်း ဝင်ပြောကြတော့သည်။
နည်းပြလင်းက ဆလိုက်ရှိုး တင်ပြချက်တစ်ခုကို ပြသပြီးနောက် လေးနက်သော လေသံဖြင့် ပြောသည်။
“နောက်ထပ် ငါတို့ ပြောရမဲ့ ကိစ္စက Play off ပထမအသုတ်အတွက် ငါတို့ရဲ့ အကြံအစည်ပဲ။ ဒီနေရာပိုင်းကို တချို့ ဗျူဟာတွေ နည်းနည်း ထည့်ထားချင်တယ်။ ငါ ဗျူဟာအချို့ ယာထားတာ ရှိတယ်။ ဒီတော့ သူတို့ကို ကိုင်တွယ်ပြီး ကောင်းကောင်း အကဲခတ်ဖို့ စဉ်းစားသင့်တယ်”
ထို့သို့ဖြင့် အစည်းအဝေးခန်းမ၏ လေထုက အလွန်အမင်း တင်းကြပ်သွားပြန်ကာ ဆွေးနွေးမှုများကလည်း ဗျူဟာပိုင်းများအတွင်းသို့ ရောက်သွားသည့်အတွက် တစ်နာရီပင် ကျော်သွားသည်။
ကစားသမားများအားလုံးက ထွက်သွားပြီးနောက် နည်းပြလင်းက ချီရှို့၏ ကျောကို လှမ်းကိုင်ကာ ပြောလိုက်သည်။
“ရှောင်ရှင်းကို မင်း အကြံပေးတဲ့အတိုင်း သေနတ်သမားနေရာကို ကူးပြောင်းဖို့ အခွင့်အရေး ပေးလိုက်မယ်။ ငါ မင်းအတွက်ကြောင့် သဘောတူလိုက်တာနော်။ ဒါပေမဲ့ သူက ခပ်ကြမ်းကြမ်း ကစားပြီး ကျင့်သားမရဘူး။ သူ့ရဲ့ စိတ်အခြေအနေကလည်း လုံလောက်အောင် မတည်ငြိမ်ဘူးဆိုရင် နောက်ရာသီမှာ ထျန်းဟွမ်ရဲ့ သေနတ်သမားနဲ့ အထောက်အပံ့သမား နှစ်ယောက်လုံးက အနားယူကြမှာ ဆိုတော့ ငါတို့ရဲ့ နောက်ရာသီပွဲတွေက ပိုပြီး ခက်ခဲလာဖို့ပဲ ရှိတော့တယ်”
ချီရှို့၏ မျက်နှာက တည်ငြိမ်နေသေးသည်။
“အဆင်ပြေပါတယ်။ အရင်ကလည်း ခက်ခဲခဲ့တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရှင်သန်ခဲ့တယ် မဟုတ်လား။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဗျူဟာကို ပြောင်းဖို့ လိုအပ်နေတယ်။ ချန်းရှင်းက ပါရမီရှိရုံလောက်ပဲ။ ဒီတော့ သူ လုပ်နိုင်စွမ်းရည် ရှိတဲ့အတောအတွင်းမှ သူ့စွမ်းရည်ကို ချွန်ထက်အောင် မြပေးနေဖို့ လိုအပ်တယ်”
နည်းပြလင်းက ရယ်ကာ ပြောသည်။
“မင်းက သူ့ကိုဆိုရင် အရမ်းကို တင်းကြပ်ပြီး အေးစက်တာပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့ တပည့်လေးကိုတော့ တော်တော်လေး ဂရုစိုက်ပါတယ်။ ရှောင်ရှင်းကလည်း ကောင်းကောင်း လုပ်နိုင်ဖို့ မျှော်လင့်ရတာပဲ။ သူကသာ ဒီနေရာမှာ မလုပ်နိုင်ခဲ့ရင် မင်းကြောင့် ဆိုရင်တောင်.. ငါ သူ့ကို ကစားခွင့်ပေးမှာ မဟုတ်ဘူး”
ချီရှို့က ခေါင်းညိတ်သည်။
“ဒါပေါ့ အရင်ဆုံး Play off ပထမအသုတ်ကိုပဲ ပြင်ဆင်ထားရအောင် နောက်ဆုံး ဖိုင်နယ်ပွဲတွေ ပြီးတာနဲ့ နျဲ့အိုကြီးနဲ့ အားနင်တို့က အနားယူကြလိမ့်မယ်။ ဒီတော့ ကောင်းကောင်း ကစားကြရအောင်”
စာရေးသူရဲ့ မှတ်စု: ယဲ့ရှောင်းယန်က တအားမိုက်တာပဲ။ သူက ဖုန်းနဲ့တောင် အိုမီဂါကို အမှတ်အသားပြုတဲ့ ကိစ္စကို မှတ်စုယူနေတယ်။ ဟား ဟား ဟား..
ချီရှို့: “???” ဒီအိုမီဂါက တစ်ခုခုတော့တစ်ခုခုပဲ။