AAML

အပိုင်း (၃)

အပိုင်း (၃)

ယဲ့ရှောင်းယန်က ကွန်ပျူတာကို ဖွင့်လိုက်ပြီးနောက် အင်တာနက် ဘရောက်ဆာတွင် စစ်နတ်ဘုရားများကို အပြေးအလွှား ရှာလိုက်သည်။

သိပ်သည်းစွာ ပေါ်လာသော အချက်အလက် စာမျက်နှာများက သူ့ကို မှင်တက်စေသည်။

ယခုက Esport ခေတ် ဖြစ်သည်။ Gaming က လူပေါင်းများစွာအတွက် ခပ်အေးအေး ကစားနိုင်သော လှုပ်ရှားတက်ကြွမှုူတစ်မျိုး ဖြစ်ပြီး လူငယ်များ၏အချိုး ၆၀ရာခိုင်နှုန်းခန့်ကပင် ဝါသနာအနေဖြင့် ကစားကြသည်။ တရုတ်ပြည်တစ်ခုထဲတွင်ပင် စစ်နတ်ဘုရားများကို တက်ကြွစွာ ကစားနေသော ကစားသမားများ၏ အရေအတွက်က သန်း၂၀၀ ကျော်နေခဲ့ပြီဖြစ်သည်။

ထိုအပြင် ဌာနချုပ်တွင် နယ်မြေ၈ခု ခွဲထားပြီး တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ကျက်ထားသည်။ ထိုနယ်မြေများက မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယား၊ တရုတ်၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့တောင်အာရှ တို့ ဖြစ်သည်။

ဌာနချုပ်မှ အင်အားအကြီးဆုံး နယ်မြေက တရုတ်ဖြစ်ပြီး ရာသီတစ်ခု အဆုံးတိုင်းတွင် ကျင်းပလေ့ ရှိသည့် ရှုံးထွက်ပုံစံ ပွဲစဉ်များတွင် တရုတ်ပြည်က အဓိက၁၈ဖွဲ့ခန့် ပါဝင်လေ့ရှိသည်။ ထို့အပြင် မရေမတွက်နိုင်အောင် များပြားသော အငယ်တန်း အသင်းများ ရှိနေသေးပြီး ထောင်ပေါင်းများစွာသော ကစားသမားများက ပရိုကစားသမားအဖြစ် တရားဝင် စာရင်းသွင်းထားကြသည်။ ထိုသူများထဲတွင် ယခုကာလတွင် အကျော်ကြားဆုံးသော ကစားသမားက ချီရှို့ဖြစ်သည်။ သူက လက်ရှိအချိန်တွင် ထျန်းဟွမ်အသင်းမှ ခေါင်းဆောင်ဖြစ်သည်။ သို့သော် သူက သူ၏နေ့စဉ်ဘဝကို သာမန်ကာလျှံကာ ဆိုရှယ်ပို့စ်များသာ တင်တတ်သည့်တိုင် မျှဝေသူများနှင့် မှတ်ချက်ပေးသော အရေအတွက်က အလွယ်တကူပင် ဂဏာန်း၆လုံးကျော်သည်။ သည်လောကတွင် အကျော်ကြားဆုံးသော Esport ကစားသမားများက စူပါစတားများနည်းတူ ဆက်ဆံခံရသည်။ သူတို့ကို ပြည်သူ့ပုံရိပ်များအဖြစ် အသိအမှတ်ပြုထားကြသည်။ သူတို့ကသာ တိုင်းပြည်ကို ကမ္ဘာအဆင့်ချန်ပီယံဆုဖလားကို ယူလာပေးခဲ့မည် ဆိုလျှင် သူတို့၏ပရိသတ်များက ပို၍ပင် မူးဝေသွားပြီး အောင်မြင်မှုဖြင့် သူတို့ကို ပို၍ လွှမ်းခြုံပေးလောက်လေသည်။

စစ်နတ်ဘုရားများက ယခုလက်ရှိကာလအရ ဆိုလျှင် ကိုးကြိမ်မြောက် ရာသီဖြစ်သည်။ ဂိမ်းများ၏ ရာသီများပုံစံကလည်း ယဲ့ရှောင်းယန်က ကျင့်သားရနေသော ပုံစံအတိုင်း နွေဦးနှင့် နွေရာသီပွဲစဉ်များအဖြစ် ခွဲခြားထားသည်။ သို့သော် စစ်နတ်ဘုရားများ၏ တည်ဆောက်မှု ပုံစံကမူ ကွာခြားသည်။ စစ်နတ်ဘုရားများ၏ အဖွဲ့ချုပ်က နှစ်၏ပထမတစ်ဝက်ကို အကြိုရာသီအဖြစ် သတ်မှတ်ထားပြီး သာမန်ရာသီပွဲစဉ်များဂိမ်းကို ကစားနိုင်သည်။ နှစ်အလယ်သို့ ရောက်လာပါက စတားပွဲစဉ်များ ရှိလာပြီး အချို့သော အငယ်တန်းဆိုလိုသမားများ သို့မဟုတ် နှစ်ယောက်တွဲ ပြိုင်ကြသော ပြိုင်ပွဲများကို ကျင်းပပေးသည်။ ထို့နောက် ရှုံးထွက်ကမ္ဘာချန်ပီယံ ပွဲများကို ရာသီ၏အဆုံးတွင် ကျင်းပမည် ဖြစ်သည်။

ကိုးကြိမ်မြောက်ပွဲစဉ်က စက်တင်ဘာတစ်ရက်နေ့တွင် တရားဝင် စတင်မည် ဖြစ်သည်။ ယခုက ဩဂုတ်နှစ်ဆယ် ဖြစ်သဖြင့် ယဲ့ရှောင်းယန်အနေဖြင့် လက်ရှိရာသီတွင် ဝင်တိုးရန် မဖြစ်နိုင်တော့ချေ။ သူက သူ၏အချိန်ကို ကောင်းကောင်းယူပြီး ပြင်းပြင်းထန်ထန် ကြိုးစားမည် ဆိုလျှင် သူ့အနေဖြင့် ၁၀ကြိမ်မြောက်ရာသီတွင် ကျွမ်းကျင်ကစားသမား တစ်ယောက်အနေဖြင့် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။

သူက နှစ်ပေါင်းများစွာ Esport ကစားခဲ့သော်လည်း သူ့အနေဖြင့် ဂိမ်းအသစ်တစ်ခုထဲသို့ ချက်ချင်း ခုန်ဝင်လျှင်ပင် အချိန်သေချာပေါက် လိုအပ်နေပေလိမ့်မည်။ သူက ဂိမ်း၏ စည်းမျဉ်းများကို လေ့လာရန် လိုအပ်သေးသလို ဟီးရိုးပေါင်းများစွာကိုလည်း လေ့ကျင့်ရန် လိုအပ်နေသေးပြီး ကျွမ်းကျင်အဖွဲ့ချုပ်မှ ဂိမ်းကစားသမားပေါင်းများစွာ၏ ဗီဒီယိုများကိုလည်း ကြည့်ရန် လိုအပ်နေသေးသည်။ ဤနည်းအားဖြင့် သူက အရေးကြီးသော အချိန်တွင် သွေးတစ်စက်မှ မကျအောင် ထိန်းနိုင်မည် ဖြစ်သည်။

ယဲ့ရှောင်းယန်က ဂိမ်းမှ အိုင်ကွန်(Icon)ကို နှိပ်လိုက်သည်။

လော့အင်ဝင်ရောက်ရသော ဖန်သားပြင်တွင် လှပသော အထူးပြုလုပ်ချက်များကို ခန့်မှန်းအကဲဖြတ်ခြင်းအားဖြင့် စစ်နတ်ဘုရားများက စိတ်ကူးယဉ်ဂိမ်းတစ်ခု ဖြစ်လောက်သည်။ အဖွင့် Animation များက နတ်ဘုရားများက နတ်ဆိုးများကို တိုက်ခိုက်နေသော ပုံစံဖြစ်ပြီး လျှို့ဝှက်ဆန်းကျယ်သော အရိပ်လိုလို ပုံရိပ်တစ်ခုက မိစ္ဆာနယ်မြေအနက်ရှိုင်းဆုံး အပိုင်းတွင် မွေးဖွားလာသော ပုံစံဖြစ်သည်။ လက်ရှိဂိမ်း၏ဗားရှင်းက အသူရာချောက်ထဲမှ နိုးထလာခြင်းဟု ခေါ်သည်။ လျှို့ဝှက်ဆန်းကျယ်သော ပုံရိပ်က ဒီဗားရှင်းမှ ထပ်ထုတ်လိုက်သော ဟီးရိုးအသစ် ဖြစ်သည်။

အဖွင့်Animationက ၃၀စက္ကန့်ကြာသည်။ ထို့နောက် ဂိမ်း၏ Lobby က ပေါ်လာသည်။ (Lobby- ဂိမ်းဧည့်ခန်း)

ဂိမ်းမှ အင်တာဖေ့(interface)က အလွန်ရိုးရှင်းသည်။ ကစားသမား၏ အင်ဖို(info)ကို အပေါ် ဘယ်ဖက်ထောင့်တွင် ပြထားသည်။ ယဲ့ရှောင်းယန်၏ အကောင့်အိုင်ဒီကလည်း ရှောင်ပိုင်ဖြစ်သည်။ သူ၏အဗာတာ(avator)က သူ၏ ragdoll cat ပုံစံလေး ဖြစ်သည်။ ထိုအောက်ဘက်တွင် အမျိုးမျိုးသော အိုင်ကွန်များ ရှိနေသေးသည်။ ထိုအိုင်ကွန်များက ဆိုင်၊ ဟီရိုး၊ မိတ်ဆွေများ၊ အသင်းများ စသဖြင့်ဖြစ်သည်။ ထိုသို့ဖြင့် စာမျက်နှာတစ်ခုလုံး ပြည့်နေသည်။ ဖန်သားပြင်၏ အလယ်တွင်လည်း အမျိုးမျိုးသော ယှဉ်ပြိုင်ပွဲခလုတ်လေးခု ရှိနေသည်။ အဆင့်တက်ခြင်း၊ သာမန်၊ စင်မြင့်နှင့် လေ့ကျင့်ခြင်းတို့ ဖြစ်သည်။ ယဲ့ရှောင်းယန်က အဆင့်တက် ပြိုင်ပွဲခလုတ်ကို နှိပ်လိုက်သည်။ ထိုသို့ဖြင့် သူ၏မျက်စိရှေ့တွင် စနစ်မှ ပို့သော စာက တက်လာသည်။

**(ဘာသာပြန်သူ မှတ်ချက်။ ။ ဂိမ်းဖန်သားပြင်အကြောင်းနဲ့ ဂိမ်းအလုပ်လုပ်တဲ့ပုံစံကလေ.. အနီးစပ်ဆုံး Mobile Ledgend နဲ့ အများကြီး ဆင်တူပါတယ်နော်။ လိုအပ်ချက်ကြောင့် မမြင်နိုင်ဘူး ဖြစ်မှာ စိုးလို့ပါ)**

[ကြိုဆိုပါတယ်။ ကစားသမားရှောင်ပိုင်က အဆင့်တက်ပြိုင်ပွဲထဲကို ဝင်ရောက်လာပါပြီ။ ၉ကြိမ်မြောက်ရာသီ စစ်နတ်ဘုရားများက လမ်းကြောင်းပေါ် ရောက်နေပါပြီ။ မင်းရဲ့လက်ရှိ မှတ်တမ်းက အနိုင် (၀) အရှုံး (၃) ဖြစ်ပါတယ်။ လက်ရှိအဆင့်က ကြေးနီရောင် (၃) ပါ]

ယဲ့ရှောင်းယန်က ချော့မွေ့စွာဖြင့် စာမျက်နှာဗားရှင်း ပြပေးသော ဂိမ်းအဆင့်တက်သည့် ကိစ္စများကို လိုက်ဖတ်နေလိုက်သည်။ ကစားသမားများက တစ်ဆင့်တွင် လှေကားထစ်လိုမျိုး ခုနှစ်ထစ်ပုံစံမျိုးနှင့် ခုနှစ်ဆင့် တက်ရသည်။ နိမ့်ရာမှ မြင့်ရာသို့ တက်ရပြီး ကြေးနီရောင်၊ ငွေရောင်၊ ရွှေရောင်၊ ငွေဖြူရောင်၊ စိန်၊ သခင်၊ ဘုရင် ဟူ၍ ရှိသည်။ အလားတူစွာပင် ယဲ့ရှောင်းယန်က ရင်းနှီးကျွမ်းဝင်သော LOL အဆင့်တက်ပုံနှင့် တူညီသည်။

ခြားနားသော အချက်က ထိုလှေကားထစ်များ၏ အထက်တွင် နောက်ထပ် ဘုရင်အထက်အဆင့် ၂ဆင့် ထပ်ရှိနေခြင်း ဖြစ်သည်။ ဒါက.. Glory VII ဆိုသည့် နိုင်ငံလုံးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ချုပ် ပွဲစဉ်များ၏ ချန်ပီယံများကို ကိုယ်စားပြုသောအားဖြင့် ချီးမြင့်သော ခေါင်းစဉ်နှင့် Glory IX ဆိုပြီး ကမ္ဘာလုံးဆိုင်ရာ ချန်ပီယံရှစ်ပွဲစဉ်များမှ ချန်ပီယံများကို ချီးမြှင့်သော ခေါင်းစီးဖြစ်သည်။

အချုပ်စကားဖြင့် ဆိုရသော် ကစားသမားများက ကြေးနီရောင်အဆင့်မှ ဘုရင်အဆင့်ထိ တက်နိုင်သော်လည်း Glory VII နှင့် Glory IX တို့ကို ကျွမ်းကျင်ကစားသမားများကိုသာ ချီးမြှင့်မည် ဖြစ်သည်။ အတော်ဆုံးသာမန်ကစားသမားဆိုလျှင်ပင် ထိုခေါင်းစီးများသို့ မရောက်နိုင်ပေ။

ဒါပေါ့ သာမန်ကစားသမားတွေကလည်း ဒီလောက်ဂုဏ်မြင့်တဲ့ အဆင့်အတန်းမျိုးတွေ မရနိုင်ပါဘူး။ Glory VIIက တစ်တိုင်းပြည်လုံးဆိုင်ရာ ချန်ပီယံတွေအတွက်ပဲ။ Glory IX ကတော့ ကမ္ဘာ့ချန်ပီယံတွေအတွက်။ ဒီနှစ်ခုက ပရိုအဖွဲ့ချုပ်ရဲ့ အမြင့်ဆုံးရာထူးတွေပဲ။

ထို့အပြင် ဂိမ်းထဲတွင်လည်း အစားထိုး ပြိုင်ပွဲဆိုပြီး ကစားသမားအသစ်များအတွက် ပြင်ဆင်ပေးထားသော ကဏ္ဍလည်း ရှိသည်။ ကစားသမားများ၏ အစားထိုး ပြိုင်ပွဲများမှ အနိုင်အရှုံးနှုန်းထားကို ကြည့်ပြီး အဆင့်တက်ရန်အတွက် ဂိမ်းက စီစဉ်ပေးမည် ဖြစ်သည်။ ဥပမာအားဖြင့် ကျွမ်းကျင်ကစားသမားတစ်ယောက်က Alt accကို ထပ်ဖွင့်ပြီး အစားထိုးပွဲသုံးပွဲလုံးကို အနိုင်ယူသွားလျှင် ဂိမ်းက အလိုအလျောက် သူတို့ကို ငွေဖြူရောင်IC ဆိုပြီး ဘွဲ့တစ်ခု တပ်ပေးလိုက်မည် ဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့က ထိုနေရာမှ စ၍ အဆင့်တက်၍ ရသည်။

ယဲ့ရှောင်းယန်ကဲ့သို့သော လူမျိုးကမူ အစားထိုးပွဲ သုံးပွဲလုံး ရှုံးထားပြီး ကြေးနီရောင်အဆင့်မှ ကုန်းတက်ရန်သာ လိုအပ်တော့သည်။ ယဲ့ရှောင်းယန်က ပထမဆုံး ဒီလောကတွင် မွေးဖွားလာချိန် ကစားနေခဲ့သော ပြိုင်ပွဲက အစားထိုးပွဲ ဖြစ်နေခဲ့ပြီး တိုက်ဆိုင်စွာဖြင့်ပင် သူက ဖန်ရှင်းအမည်ရသော ပရိုကစားသမားနှင့် ပက်ပင်းတိုးခဲ့သည်။ တစ်ဖက်သူက အစားထိုးပွဲများ လုပ်ရန် လိုအပ်သည့် သိပ်မကြာခင်ကမှ Alt acc ဖွင့်ထားသည့်သူ ဖြစ်နေခဲ့သည်။

ယဲ့ရှောင်းယန်အနေဖြင့် ဖန်ရှင်း၏ Live Streaming အခန်းကို ကြည့်ပြီးနောက် Follow လိုက်သည်။ ဂိမ်းမှ ယေဘူယျ အချက်အလက်များကို ကြည့်ပြီးနောက် သူက ရေတစ်ခွက် သွားခပ်လိုက်သည်။ သူက ရှောင်ပိုင်လေးကို ဘေးနားတွင် ရှိသော ဆိုဖာတွင် တင်လိုက်ပြီးနောက် ခုံတွင် ပြန်ဝင်ထိုင်ကာ လေ့ကျင့်ရေး ပြိုင်ပွဲခလုတ်ကို ဖွင့်ပြီး AIနှင့်အတူ ပွဲအနည်းငယ် ကစားနေလိုက်သည်။

ဂိမ်းက Loading လုပ်၍ ပြီးသွားသည်နှင့် စနစ်က သတိပေးသောအသံက နားအတွင်းသို့ ဝင်ရောက်လာသလို ဖန်သားပြင်တွင်လည်း စာတစ်ကြောင်းက ပေါ်လာသည်။

..[ကျေးဇူးပြုပြီး သည်ပြိုင်ပွဲမှာ အသုံးပြုချင်တဲ့ ဟီးရိုးကို ရွေးချယ်ပါ]

ယဲ့ရှောင်းယန်၏ အကောင့်က လက်ရှိအချိန်တွင် ဟီးရိုးငါးကောင်သာ ပွင့်နေသေးသည်။ သူက ဖော်ပြချက်များကို တစ်ချက် ကျော်ဖတ်ကြည့်ပြီးနောက် ကြုံရာ အမျိုးသမီးမှော်ဆရာမ ဟီးရိုးတစ်ကောင်ကို ရွေးချယ်လိုက်သည်။

5 Vs 5 မျှော်စင်အခြေခံ MOBA ဂိမ်းများတွင် အနည်းနှင့်အများ စည်းမျဉ်းများက တူညီသည်။ သူကလည်း ဒီလိုဂိမ်းမျိုးကို ကျွမ်းဝင်ပြီးသားဖြစ်သည်။ သို့သော် ဂိမ်းအသစ်၊ မြေပုံအသစ်၊ ဟီးရိုးSkill အသစ်နှင့် အခြေအနေ အသစ်များကြောင့် အရာအားလုံးက ကွာခြားကုန်သည်။ သူ့အနေဖြင့် အရာအားလုံးကို ပြန်သင်ယူရန် လိုအပ်လာသည်။ ဥပမာအနေဖြင့်..

တောထဲတွင် နေသော တောကောင်များ၏ တည်နေရာနှင့် သူတို့၏ HP အကြောင်း သိရန် လိုအပ်သည်။ မီနီယံလေးများက တစ်သုတ်ပြီးတစ်သုတ် ပေါ်လာနိုင်သော အချိန်ကာလအပိုင်းအခြားနှင့် တွေ့ရနိုင်သော ရွှေပမာဏများနှင့် တစ်ကြိမ်သတ်ပြီးတိုင်း ရနိုင်သေ‌ေ ဆုလာဘ်များအကြောင်းလည်း သိရန် လိုအပ်သေးသည်။ ထို့အပြင် အပြာနှင့်အနီ ပြထားသော မည်သည့်နေရာ မည်သည့်အခြေအနေမျိုးကို ဖော်ပြခြင်းဖြစ်ကြောင်း သိရန် လိုအပ်သေးပြန်သည်။ ထို့အပြင် သူက သုံးမည့် item များ၏ ကုန်ကျစရိတ်နှင့် သက်ရောက်မှုများကိုလည်း နားလည်ထားရန် လိုအပ်နေသေးသည်။ အရာအားလုံးမှာ ယဲ့ရှောင်းယန်က ယခင်က ကစားဖူးသော ဂိမ်းပုံစံများနှင့် ကွာခြားနေလျက် အရာအားလုံးကို ပြန်မှတ်နေရသည်။

ပရိုကစားသမားများအတွက် ဒီလိုအရာအားလုံးကို အသေးစိတ်မှတ်မိနေသော အချက်က အလွန်အမင်း အရေးကြီးသော အဖိုးတန်အချက်လက်ဟု ဆို၍ ရသည်။

ယဲ့ရှောင်းယန်က ကစားနေရင်း စာရွက်ဗလာတစ်ခုကို ယူပြီး စရေးသည်။ ထိုသို့ဖြင့် တစ်ချိန်တည်းတွင် မှတ်စုယူနေလိုက်သည်။ ကစားသမားနှင့် CPU ပြိုင်ပွဲများက AIနှင့်သာ ကစားရခြင်း ဖြစ်ပြီး ဟီးရိုးများကို ကိုင်တွယ်နေခြင်း ဖြစ်သည်။ တစ်ဦးတည်းသော ကစားသမားက ထိန်းချုပ်သော ဟီးရိုးက မထွက်လာချေ။ ရင်ဆိုင်နေရသော အသင်းမှ ငါးယောက်ထဲမှ လေးယောက်က ယဲ့ရှောင်းယန်၏ အသင်းကို ပစ်ခတ်လိုက်ချိန်တွင် ပြိုင်ပွဲက လျင်မြန်စွာဖြင့် ရှုံးသွားသည်။

ယဲ့ရှောင်းယန်က နောက်ထပ်တစ်ပွဲ ထပ်စပြီးနောက် ဂိမ်းနှင့် ပတ်သက်ပြီး မှတ်စု ထပ်ယူနေပြန်သည်။ သူက ထိုသို့ဖြင့် တစ်နာရီကျော်ကြာအောင် ဆက်လုပ်နေခဲ့သည်။ ထိုသို့ဖြင့် မှောင်သွားသည်။

ယဲ့ရှောင်းယန်က သူ၏ကိုက်ခဲနေပြီ ဖြစ်သော လည်ပင်းကို တစ်ချက် ပွတ်ပြီးနောက် စာရွက်ကို သိမ်းထားလိုက်သည်။ ထို့နောက် ဂိမ်း၏ တရားဝင်Website ထဲသို့ ဝင်လိုက်ပြီးနောက် ဂိမ်းမှ ဟီးရိုးများနှင့် ပတ်သက်သော စာရင်းများကို ရှာလိုက်သည်။

စစ်နတ်ဘုရားများတွင် ကစား၍ရသော ဟီးရိုးအကောင် တစ်ရာကျော် ရှိသည်။ ဟီးရိုးအဗာတာပုံစံများ သိပ်သည်းစွာ ရှိနေသော ဖန်သားပြင်က မျက်စိကျိန်းမတတ် တောက်ပနေသည်။ ယဲ့ရှောင်းယန်က Mid-laner ဖြစ်သည်။ သူက ထိုRole ကို ကစားရ အကြိုက်ဆုံး ဖြစ်သည့်အတွက် အလားတူပင် Mid-Lane မှော်ဆရာများ ဆိုသော ခေါင်းစဉ်အောက်မှ စလိုက်သည်။

အောက်ဖက်ဖန်သားပြင်တွင် ဟီးရိုး၁၂ကောင်၏ အဗာတာများ ပေါ်လာသည်။

ဖျက်ဆီးခြင်း မှော်ဆရာ၊ တော်ဝင် မှော်ဆရာ၊ နေ မှော်ဆရာ၊ လ မှော်ဆရာ၊ ကောင်းကင်‌ မှော်ဆရာနှင့် မြေ မှော်ဆရာ ဟူ၍ အမျိုးသားကာရိုက်တာ ၆ခု ရှိသည်။ အေးခဲနတ်ဘုရားမ၊ မီးတောက်နတ်ဘုရားမ၊ မုန်တိုင်း နတ်ဘုရားမ၊ မိုးကြိုးနတ်ဘုရားမ၊ ဒီရေလှိုင်းနတ်ဘုရားမနှင့် ကံကြမ္မာနတ်ဘုရားမ ဟူ၍ အမျိုးသမီး ကာရိုက်တာ ၆ခု ရှိသည်။

ဂိမ်းမှ ဟီးရိုးတစ်ရာကျော် ရှိသောကြောင့် ထို၁၂ယောက်ထက် ပိုများသော အခြေအနေလည်း ဖြစ်နိုင်သည်။

ယဲ့ရှောင်းယန်က Box ကို နှိပ်ပြီးနောက် မှော်စွမ်းအင်ဖျက်ဆီးခြင်း(Magic Damage)ကို အထူးပြုသည့် အခြားသော ဟီးရိုးများကို ရှာကြည့်လိုက်သည်။ ထိုသို့ဖြင့် မိစ္ဆာ၊ နတ်သူငယ်၊ ဆင့်ခေါ်သူ၊ စက်ဆရာ၊ မှော်ဆရာ၊ ဘုန်းတော်ကြီး၊ စိတ်စွမ်းအားရှင် စသဖြင့် ဟီးရိုးပေါင်းများစွာ ပေါ်လာသည်။ အားလုံးပေါင်း ဟီးရိုး၂၅ ကောင်ရှိပြီး သူတို့အားလုံးက မှော်စွမ်းအင်ဖျက်ဆီးခြင်းကို အဓိကထားသုံးနိုင်သည်။ အသစ် ထုတ်ထားသော ဟီးရိုးဖြစ်သော အသူရာအရှင်သခင် ဆိုလျှင်လည်း မှော်စွမ်းအင်ဖျက်ဆီးခြင်း ဟီးရိုးဖြစ်သည်။ ထိုသို့သော ဟီးရိုးများကို ပျက်စီးခြင်းမှော်စွမ်းအင်သုံး ဟီးရိုးများဟုလည်း ခေါ်နိုင်သည်။ ပမာဏက လက်ခံနိုင်ဖွယ်ရှိသော ပမာဏဖြစ်သည်။

ဒီဂိမ်းမှ ကောင်းမွန်သော အလယ်လမ်းကစားသမား တစ်ဦး ဖြစ်လာရန် အလို့ငှာ ယဲ့ရှောင်းယန် ပထမဆုံး လုပ်ရသည့် အလုပ်က ဟီးရိုး၂၅ယောက်လုံးနှင့် လေ့ကျင့်ခြင်း ဖြစ်သည်။ သူက အနည်းဆုံး ၈ယောက်လောက်ကို ကျွမ်းကျင်နေမှသာ ပရိုကစားသမားအဖြစ် ကစားရန် လုံလောက်မည် ဖြစ်သည်။ သူ၏ဟီးရိုးကို ကိုင်နိုင်စွမ်းရည်က ကျယ်ပြန့်လေလေ ကောင်းလေလေး ဖြစ်သည်။ ထိုသို့သော ကိစ္စမျိုးကို တစ်ညတည်းဖြင့် ပြီးအောင် လုပ်နိုင်မည် မဟုတ်ချေ။

သူက ယခင်လောက ချန်ပီယံရှစ် ပွဲစဉ်များတွင် အဖွဲ့ချုပ်ကပင် သတ်မှတ်ပေးသော တန်ဖိုးအထားရဆုံး အလယ်လမ်းကစားသမားတစ်ဦးအဖြစ် တံဆိပ်ကပ် ခံထားရသည့်တိုင် သူ့အနေနှင့် LOL ချန်ပီယံအသစ်များကို လေ့ကျင့်ရန်အတွက် ဂိမ်းတွင် တရားဝင် မသုံးခင် ကြိုတင်လေ့ကျင့်ခဲ့ရသေးသည်။ သို့မှသာ သူက ရင်းနှီးနေမည် ဖြစ်ပြီး ယခုလို အသစ်စက်စက် ဂိမ်းဆိုလျှင်လည်း အလားတူသာလျှင် ဖြစ်သည်။

ယဲ့ရှောင်းယန်က ကွန်ပျူတာပေါ်တွင် နောက်ထပ် စာမျက်နှာအသစ်တစ်ခုကို ထပ်မံ ဖတ်ကြည့်လိုက်သည်။ ထို့နောက် လိမ်မာစွာြဖင့် ဟီးရိုးတိုင်း၏ အချက်အလက်များနှင့် ကိုယ်ပိုင်ဖန်တီးထားသော ဒေတာဘေ့ အချက်အလက် မှတ်စုများကို အလေ့အကျင့်အရ ထပ်ဖြည့်လိုက်သည်။ သည်နည်းအားဖြင့် အချက်အလက်အသစ်များကို ရရှိရန် ကူညီနိုင်ပေလိမ့်မည်။ ထိုသို့ဖြင့် သူက တစ်ညနေလုံးကို ထိုဒေတာများကိုသာ စီစဉ်နေလိုက်သည်။

ပထမစာမျက်နှာထဲတွင် သူက ဂိမ်း၏ info နှင့် ပတ်သက်ပြီး မှတ်စုများ ယူထားသည်။ ဒုတိယမြောက် စာမျက်နှာတွင်မူ သူက ဟီးရိုးတစ်ရာကျော်၏ skill နှင့် ဝိသေသလက္ခဏာများကို ထည့်ပြီးနောက် နောက်ဆုံးတွင် ကော်ပီတစ်ခုလုံးကို သူ၏ဖုန်းထဲသို့ ကူးယူလိုက်သည်။ သည်နည်းအားဖြင့် သူက မရင်းနှီးသေးသော တစ်စုံတစ်ရာကို ဂိမ်းထဲ ပက်ပင်းတိုးသည့် အချိန်တိုင်းလိုလို ထိုစာမျက်နှာကို ဖွင့်ကြည့်၍ ရသလို သူ၏ မှတ်စုများကိုလည်း စစ်နိုင်သလို ဖုန်းတွင်လည်း လုပ်၍ ရသည်။ ဤနည်းအားဖြင့် အချိန်ကုန် သက်သာသွားနိုင်လေသည်။

စာမေးပွဲ မဖြေခင် ကျောင်းသားများက မှတ်စုယူရသည်။ ယဲ့ရှောင်းယန်က ကျွမ်းကျင်ကစားသမားများ၏ လမ်းကြောင်းကို လျှောက်လှမ်းလိုလျှင် သူ့အနေဖြင့် ထိုအချက်ကို နားလည်ထားရန် လိုအပ်သည်။ သူက အချက်အလက်များအားလုံးကို စီမံခန့်ခွဲပြီးနောက် ၇နာရီခွဲ သွားပြီဖြစ်သည်။ ယဲ့ရှောင်းယန်က စားစရာ မှာစားသင့် မစားသင့် စဉ်းစားနေချိန်တွင် သူ၏ဖုန်းက မီးလင်းလာသည်။ ဖုန်းဝင်လာခြင်း ဖြစ်သည်။ ခေါ်ဆိုသူက ချင်ယွဲ့ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်းယန်က ကိုင်လိုက်သည်။

“ဝမ်းကွဲ.. လိုအပ်တာ ရှိလို့လား”

ချင်ယွဲ့၏အသံက နွေးထွေးသည်။

“မင်း အိမ်ပြန်ရောက်ပြီ မဟုတ်လား။ ငါ မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်”

“ပြောပါ ကော..”

“မင်းရဲ့နေရာမှာ အခန်းပိုတစ်ခု ရှိတယ် မဟုတ်လား”

“အင်း ရှိပါတယ်”

“ငါ့ရဲ့ညီငယ်လေး ချင်ရွေ့က ဒီနှစ်ကြယ်မြို့မှာ တက္ကသိုလ်တက်ရမှာလေ။ သူက ရက်နည်းနည်း ကြာရင် ကျောင်းစတက်ရတော့မှာ သူ့ရဲ့ ကျောင်းက မင်းရဲ့နေရာနဲ့ အရမ်းနီးတယ်။ ဒီတော့ မင်းသာ အဆင်ပြေမယ် ဆိုရင် သူ့ကို အဲဒီမှာ ခဏလောက် ခေါ်ထားပေးလို့ ရမလား။ သူ့မိဘတွေက သူ အဆောင်မှာနေမှာကို အတော်လေး စိုးရိမ်နေတာ”

ယဲ့ရှောင်းယန်က အေးခဲသွားသည်။

သူက တစ်ခဏခန့် တွေးတောကြည့်ပြီးနောက်တွင် ချင်ယွဲ့၏ အဓိက ဆိုလိုရင်းကို နားလည်လိုက်သည်။ ပို၍အရေးကြီးသည်မှာ ချင်ယွဲ့က ယဲ့ရှောင်းယန်က စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် ယဲ့ရှောင်းယန်တစ်ယောက်တည်း နေမည့်အရေးကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ၏ညီကို ယဲ့ရှောင်းယန်ကို အဖော်ပြုရန် အလို့ငှာ ထားထားလိုခြင်း ဖြစ်လောက်သည်။ ထို့အပြင် ယဲ့ရှောင်းယန်က ကူးပြောင်းပြီးခြင်း မရှိသေးလေရာ တစ်ယောက်တည်း နေရန် မသင့်လျော်ချေ။

ကျောင်းနဲ့နီးတယ် ဟုတ်လား။

နောက်ပြီး ဒီမှာ ခဏနေမယ်ပေါ့။

ဒါတွေ အားလုံးက အကြောင်းပြချက်တွေပဲ။

ဒီလောကနှင့် ပတ်သက်ပြီး ယဲ့ရှောင်းယန် လေ့လာရန် ကိစ္စပေါင်းများစွာလည်း ရှိနေသေးသည်။ ထိုဝမ်းကွဲကသာ သူနှင့်အတူ ပြောင်းနေမည် ဆိုလျှင် သူက ထိုညီငယ်လေးကို သူ သိလိုသော မေးခွန်းတိုင်းကို မေးနိုင်ပေလိမ့်မည်။ သူ၏တိတိလေးက နေ့တွင် ကျောင်းတက်နေလောက်သဖြင့် သူ၏ ဂိမ်းကစားသော အချိန်အပေါ်လည်း သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြင့် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် သတ်နိုင်သည်။ ငြင်းစရာလည်း မရှိချေ။

“ရတာပေါ့ သူ့ကို လာနေခိုင်းလိုက်ပါ”

ယဲ့ရှောင်းယန်က ချက်ချင်း သဘောတူလိုက်သည်။

“ကောင်းပြီလေ။ ကောင်းလိုက်တာ ငါ ခဏနေရင် ဒီကလေးကို လာပို့လိုက်မယ်။ နောင်ကျရင် မင်း သူ့ကို စောင့်ရှောက်ဖို့ ဒုက္ခပေးရတော့မယ်”

“ကိစ္စမရှိပါဘူး။ ကျွန်တော် လုပ်သင့်တာပါပဲ”

ယဲ့ရှောင်းယန်က ယဉ်ကျေးစွာ ပြန်ဖြေသည်။

ချင်ယွဲ့က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။

“စကားမစပ် ရွေ့ရွေ့က သိပ်မကြာခင်က အိုမီဂါအဖြစ် ကူးပြောင်းထားတာ သူ့ကို အားပြင်းတဲ့ ဖိနှိပ်ဆေးတွေ ပေးထားပါတယ်။ ဒီတော့ သူ့ရဲ့ဖယ်ရိုမုန်းတွေက တည်ငြိမ်နေလောက်ပြီ။ ပိုဆိုးတာက မင်းတို့နှစ်ယောက်လုံးက သွေးအရင်းလေ.. ဒီတော့ သူ့ ဖယ်ရိုမုန်းက မင်းအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး။ မင်း စိုးရိမ်နေဖို့ မလိုဘူး”

“အာ..”

ယဲ့ရှောင်းယန်က ကို့ယို့ကားယား ဖြစ်စွာဖြင့် ခေါင်းကုပ်လိုက်သည်။

ကူးပြောင်းသည် ဆိုသော ကိစ္စများနှင့် ဖယ်ရိုမုန်းကဲ့သို့သော ကိစ္စများက သူ့အတွက် မရင်းနှီးသေးချေ။

အိုမီဂါတိတိလေး ပေါ့လေ..

လည်ဂုတ်မှာ ဂလန်းပါတဲ့ ကောင်လေးမျိုး ဖြစ်လောက်တယ်။ ဒီလိုကောင်လေးမျိုးက ကလေးမွေးနိုင်တာလား။

ယဲ့ရှောင်းယန်၏ သိချင်စိတ်က ပြင်းထန်လာသည်။

သူက သူ၏တိတိထံမှ အိုမီဂါများအကြောင်း ပို၍ နားလည်လာလောက်သည်။ သူ၏ ဒီကိစ္စများအပေါ် သဘောပေါက်နားလည်ထားမှုများအားလုံးက ပိုင်တုမှ လာလေရာ သူ ဖတ်ထားသည့်တိုင် မရင်းနှီးသည့် ထူးဆန်းသော ဝေါဟာရများကို မြင်ရသေးသည်။ သို့သော် သူကမူ သူ၏စိတ်နေစိတ်ထားအရ သေချာပေါက် အင်အားကြီးမားသော လုပ်ဆောင်နိုင်စွမ်း ပြင်းထန်သည့် အယ်လ်ဖာသာ ဖြစ်သွားလောက်သည်။

တကယ်လို့…

အိုမီဂါအဖြစ် ပြောင်းလဲဖို့ ၅၀ရာခိုင်နှုန်း အခွင့်အရေး ရှိနေတယ် ဆိုရင် အနည်းဆုံးတော့ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သူ နားလည်ထားသင့်တယ်။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset