PCTG

အပိုင်း (၁၇)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၇

ညဘက်တွင် နီလျဲ့သည် ယခင်ကကဲ့သို့ အပြင်ခန်းရှိ ကွပ်ပျစ်ပေါ်တွင် လှဲနေခဲ့သည်။ ဤသည်မှာ မြို့တော်မှ ရရှိခဲ့သော အလေ့အထဖြစ်သည်။ သို့သော်လည်း လီယွမ်မင်က သူ့ကို ခွင့်ပြုခဲ့လျှင်တောင်မှ ဒါက မသင့်တော်ကြောင်း သူလည်း သိပါသည်။ ထို့ကြောင့် သူ၏ ဆယ့်လေးနှစ်မြောက်မွေးနေ့အပြီးတွင် လီယွမ်မင်က သူ့ကို ဤကဲ့သို့ ညမအိပ်ရန် တားမြစ်ခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် လီယွမ်မင်က ဖျားနေသောကြောင့်သာ နီလျဲ့သည် မပြောမဆို သူ့အခန်းအပြင်ဘက်တွင် အိပ်ရန် ကွပ်ပျစ်ရှည်ကို ရွှေ့လာခဲ့သည်။ သူသည် လီယွမ်မင်စကားကို အမြဲနားထောင်သော်လည်း လီယွမ်မင်၏ကျန်းမာရေးနှင့် ပတ်သက်ပါက အလွန်ခေါင်းမာသည်။ လီယွမ်မင်က သူ့ကို မဖျောင်းဖျနိုင်မှန်း သိသောကြောင့် လိုက်လျောရုံသာတတ်နိုင်ခဲ့သည်။

ညက အရမ်းနက်နေပြီဖြစ်သည်။ လင်နန်သည် ပတ်ဝန်းကျင် မကောင်းသော နယ်မြေဖြစ်ပြီး အင်းဆက်များနှင့် သားရဲများစွာ ရှိသည်။ အပြင်မှ နွေရာသီ အင်းဆက်များ​၏ အော်ဟစ်သံတိုးတိုးကို ကြားနေရသည်။ နေ့ခင်းဘက်တွင် ရှင်းလင်းရန် လူများ စေလွှတ်ခဲ့သော်လည်း ညအချိန်တွင် ယခင်အတိုင်းပင် ရှိနေသေးသည်။ ကံကောင်းထောက်မစွာ အလွန်ဆူညံမနေဘဲ နှစ်ပေါင်းများစွာ ဤကဲ့သို့ဖြစ်နေခြင်းကြောင့် ယခုဆို သူတို့သည် အကျင့်ဖြစ်သွားသည်။.

နေ့ခင်းဘက်တွင် အကြာကြီး အိပ်ထားသောကြောင့် ဖြစ်မည်။ လီယွမ်မင်သည် အခု နောက်ထပ် အိပ်ချင်စိတ်မရှိတော့ပါ။

သူ့ရင်ဘတ်ပေါ်ရှိ စောင်ပါးပါးလေးကို ကိုင်ကာ မျက်လုံးများဖွင့်လျက် ည၏အလင်းရောင်မှိန်မှိန်တွင် အိပ်ယာထိပ်၌ ထွင်းထုထားသော အတိတ်နိမိတ်ကောင်းသည့် တိမ်များကို ကြည့်လိုက်သည်။ ဘာအကြောင်းမှမရှိဘဲ လင်နန်သို့ သူပထမဆုံးရောက်လာသည့်နေ့ရက်များကို သူတွေးနေမိသည်။ ထိုအချိန်က သူသည် ထူးဆန်းသောနယ်မြေက သူစိမ်းတစ်ယောက်ဖြစ်နေပြီး သူ့ဘဝသည် ရှုပ်ထွေးနေသည်။ သူ့တွင် အသုံးချရန် လူအနည်းငယ်သာရှိသည်။ သူ၏ခန္ဓာကိုယ်သည် သူမျှော်လင့်သလို အမှီမလိုက်နိုင်ဘဲ လင်နန်၏ စိုစွတ်ပူအိုက်သောရာသီဥတုတွင် လိုက်လျောညီထွေမနေနိုင်ခဲ့ပါ။ သူဒီကိုရောက်ပြီး တစ်လခွဲလောက်ကြာတော့ အသည်းအသန်ဖျားသွားသည်—အဲ့ဒီအချိန်တုန်းက တကယ့်ကို ခက်ခဲခဲ့ပေမယ့် ကံကောင်းစွာနဲ့ သူကျော်လွှားနိုင်ခဲ့သည်။ ယနေ့တွင် ဘဝသည် သူစိတ်ကူးထားသော အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

“အရှင့်သား အိပ်မပျော်ဘူးလား?”

ကန့်လန့်ကာအပြင်ဘက်မှ ရုတ်တရက် အသံထွက်လာသည်။ နီလျဲ့၏ အသံသည် ဩပြီး နိမ့်သည်။ စကားမ​ပြောဖြစ်​တာအ​တော်​ကြာ​နေသလိုပင်​ အနည်းငယ်​ ​ဩရှရှဖြစ်သည်​။

လီယွမ်မင်က ‘အင်း’ လို့ အသံထွက်ပြီး “ငါ နေ့ခင်းဘက်မှာ အရမ်းအိပ်လိုက်လို့ ထင်တယ်”ဟု ပြောလိုက်သည်။

ခဏအကြာတွင် နီလျဲ့၏ ဩရှရှအသံက ထွက်ပေါ်လာပြီး “အရှင့်သားက ယွမ်ချုံရှန်းကိစ္စအတွက် စိတ်ပူနေတာလား?”

ယွမ်ချုံရှန်း​၏ ကိစ္စသည် ခဲရာခဲဆစ်နိုင်ပေမယ့် သူ့ကို ဟိုဘက်ဒီဘက် လှိမ့်နေရစေလောက်သည်အထိတော့ မစွမ်းပါ။ လင်နန်ကို ပထမဆုံးရောက်တုန်းက သူကြုံတွေ့ခဲ့ရသော အခက်အခဲများသည် ယခုထက် အများကြီး ပိုခက်ခဲပါသည်။

နှစ်များစွာ အတွေ့အကြုံများကြောင့် အရာအားလုံးကို မကြောက်လန့်သည့် စိတ်ဓာတ်မျိုး မွေးမြူထားနိုင်ခဲ့ပြီး ကောင်းမွန်သောကိစ္စများလည်း အပါအဝင်ဖြစ်သည်။ လီယွမ်မင်က သူ့ကိုယ်သူ ရယ်လိုက်သည်။ သူရှင်းပြရန် ပြင်စဉ်တွင် နီလျဲ့၏အသံကို ကြားလိုက်ရသည် “စိတ်မပူပါနဲ့၊ အရာရာကို ဒီလက်အောက်ငယ်သားအပေါ် ပုံထားနိုင်ပါတယ်”

လီယွမ်မင်သည် အံ့ဩသွားကာ သူ့စိတ်များ နူးညံ့သွားပြီး “တကယ့်ကို အဲ့ကိစ္စမဟုတ်ဘူး။ ယွမ်ချုံရှန်းအတွက်က အစီအစဉ်ရှိပြီးသား။ မြို့တော်က ဒီကအခြေအနေတွေကို တွက်ချက်ပြီး အဖြေပြန်ပို့ဖို့ ရက်ပိုင်းပဲ စောင့်ရမှာပါ၊ ပြီးမှ ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးပါ့မယ်”

သူ လှည့်ကာ ဝိုးတဝါး ကန့်လန့်ကာကို ဖြတ်လျက် အပြင်ဘက်တွင် လဲလျောင်းနေသော လူကို ကြည့်လိုက်သည်။ လင်နန်ကို ပထမဆုံးရောက်တုန်းက သူဒီလိုပဲ အိပ်ပျော်သွားသည်။ ညသန်းခေါင်မှာ သူနိုးလာတော့ လူငယ်လေးသည် ငြိမ်သက်စွာ အိပ်ပျော်နေတာကို မြင်လိုက်ရသည်။ အဲ့ဒီအချိန်တုန်းက သူသည် ငယ်သေးသည်။ ကျယ်ဝန်းခြင်းမရှိသော်လည်း ကောင်းစွာအိပ်စက်နိုင်သေးသည်။ ယခုမူ သူ့ခန္ဓာကိုယ်သည် ဤမျှလောက်အရပ်ရှည်နေပြီဖြစ်၍ ဆန့်ဆန့်မလှဲနိုင်တော့ပေ။ လောလောဆယ်မှာတော့ သူ့လက်များကို ခေါင်းနောက်မှာထားပြီး အိပ်မပျော်နိုင်ဖြစ်နေပုံပေါ်သည်။

ဤကလေး တရွေ့ရွေ့ ကြီးပြင်းလာသည်ကို ကြည့်ရင်း လီယွမ်မင်သည် အတောင်တဖျပ်ဖျပ်ခတ်နေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ရုတ်တရက် သူ ပြောလိုက်သည်-

“အားလျဲ့၊ ဒီနှစ်တွေအတွက် မင်းကို ကျေးဇူးတင်ပါတယ်”

အပြင်မှလူက ဘာမှမပြောပါ။ ပိုင်းခြားထားသော ကန့်လန့်ကာကိုဖြတ်လျက် သူ့မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမြင်ဖို့ မဖြစ်နိုင်ပါ။ အသံတိတ်ဖြင့် နှုတ်ခမ်းများကို စေ့ထားဆဲဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါ။ လီယွမ်မင်သည် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူ့နှလုံးသားက နည်းနည်း လေးလာပြီး မျက်လုံးများက နက်မှောင်သွားသည်။

“အနာဂတ်မှာ မင်းရဲ့မျိုးနွယ်စုအတွက် မျိုးရိုးအမည်ကို ပြောင်းလဲဖို့ ငါသေချာပေါက် နည်းလမ်းရှာမယ်”

ဧကရာဇ်မင်သယ်သည် ရဲရိုတရားရုံး​၏ ကျွန်အဖြစ်မှ သူ့ကို ခွင့်လွှတ်ခဲ့သော်လည်း ဧကရာဇ်မိသားစုသည် ကြီးကျယ်ခမ်းနားပြီး အခြားသူများက ဖိနှိပ်ခြင်းမပြုနိုင်ပေ။ ထို့ကြောင့် ၎င်းသည် သတိပေးချက်တစ်ခုကဲ့သို့ဖြစ်ပြီး သူသည် ရဲရိုတရားရုံးမှ ကျွန်မျိုးရိုးအမည်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

နီ ဆိုသည်မှာ ရက်စက်သော သားရဲဖြစ်သည်။ သို့သော် ဒီဘ၀မှာ သူ​၏ အားလျဲ့သည် အခုဆို လူ့ကမ္ဘာက ကြမ်းတမ်းသော သားရဲမဟုတ်တော့ပါ။

နီလျဲ့သည် အကြာကြီး တိတ်ဆိတ်နေကာ ပေါ့ပေါ့ပါးပါးဟန်ဖြင့်-

“ကိစ္စမရှိပါဘူး၊ ဒါက မျိုးရိုးနာမည်တစ်ခုပါပဲ”

လီယွမ်မင်၏လည်ချောင်းသည် စူးလာသည်။ မျိုးရိုးအမည်ပြောင်းရန် အလွန်ခက်ခဲကြောင်း သူ ဘယ်လိုလုပ် မသိနိုင်ဘဲနေမှာလဲ? ဤကလေးသည် ထုတ်ပြောရန် ဝန်လေးနေပြီး သူ၏အခက်အခဲအားလုံးကို မျိုသိပ်ထားပြီး သူ၏ခက်ခဲသောပြဿနာများကို သူ့ထံယုံကြည်အပ်နှံရန် ဆန္ဒမရှိပါ။ သူ့ရင်ထဲမှာ ခါးသီးမှုကို ခံစားလိုက်ရတော့ ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာသွားသည်။ ဘာပဲဖြစ်ဖြစ် သူသည် ဤနီဆိုသော မျိုးရိုးအမည်ကို ပြန်ပြောင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို တွေးနေမည်။

သူသည် တစ်ဖက်လူကို အတွေးမများစေချင်သောကြောင့် စကားပြောတာကို ရပ်လိုက်ပြီး “အိပ်တော့၊ မနက်ဖြန် မင်း ဆင်ခြေဖုံးကို သွားရအုံးမှာ”

“အင်း”

လီယွမ်မင်သည် တိတ်တဆိတ်သက်ပြင်းချပြီး လှဲနေသည်။ ညက ပိုနက်လာသည်။ ဘယ်အချိန်မှန်းတော့မသိ၊ သူ့မျက်လုံးများ တစ်ဝက်ခန့်စင်းကျကာ အနည်းငယ် အိပ်ငိုက်လာသည်။ ကန့်လန့်ကာအပြင်ဘက်မှ အသံအနည်းငယ်ထွက်လာသည်။ လီယွမ်မင်သည် အိပ်တစ်ဝက်နိုးတစ်ဝက်ခန့်ရှိသော်လည်း နီလျဲ့ဝင်လာသည်ကို သူသိသည်။

နီလျဲ့သည် ကန့်လန့်ကာအတွင်းမှ လှုပ်ရှားမှုများကို အာရုံစိုက်ကာ တစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်၏ လှည့်သံကို မကြားရမှသာလျှင် စိတ်သက်သာရာရသွားသည်။ သို့သော် ညလယ်တွင် ပြန်ဖျားမှာကို စိုးရိမ်သည့်အတွက် တိတ်တဆိတ်ထပြီး နဖူးအပူချိန်ကို စစ်ဆေးရန် ကန့်လန့်ကာကို ဖွင့်လိုက်သည်။

လီယွမ်မင်သည် မိန်းမောနေစဉ် ရင်းနှီးသောပုံရိပ်တစ်ခုက ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ့နဖူးက နွေးနေပြီး ထိူလူ​၏လက်ဖမိုးက ထိုအပူကို သယ်ဆောင်သွားသည်။ သူ့တစ်ကိုယ်လုံးက ရေချိုးပြီးခါစ ရင်းနှီးလန်းဆန်းသောအနံ့ထဲတွင် နှစ်မြုပ်နေလေသည်။ လီယွမ်မင်သည် မူးဝေစွာဖြင့် သူ့စိတ်ထဲတွင် သက်သောင့်သက်သာ ခံစားလိုက်ရသည်။ နွေးထွေးပြီး နေသာခဲ့သည်။

သူသည် အားလျဲ့ဟု နူးညံ့စွာခေါ်ချင်ပေမယ့် ပါးစပ်ဟရန် အလွန်ပင်ပန်းနေသည်။

ငိုက်မျဉ်းမှုက သူ့ကို ရိုက်ခတ်ပြီး သူသည် ချိုမြိန်သော အမှောင်ထုထဲတွင် နစ်မြုပ်သွားခဲ့သည်။

***

သူနိုးလာသောအခါတွင် ထိုနေရာမှာ နီလျဲ့ မရှိတော့ပါ။ သူသည် ဆင်ခြေဖုံးသို့ ထွက်ခွာသွားလောက်ပြီ။ သူ့ကွပ်ပျစ်သည် ဗလာဖြစ်နေပြီး နေရောင်ခြည်အလင်းတန်းအချို့က ထိုပေါ်သို့ ဖြာကျနေကာ ထိုအလင်းတန်းများတွင် ဖုန်မှုန့်များက လွင့်မျောကခုန်နေသည်။ မနက်ခင်းကြောင့်လားမသိ၊ လီယွမ်မင်​၏ စိတ်ထဲတွင်လည်း အနည်းငယ်ဗလာဖြစ်နေခဲ့သည်။

အပြင်မှာစောင့်နေသော အစေခံအမျိုးသမီးက အတွင်းထဲမှ လှုပ်ရှားမှုကို နားထောင်ပြီး ညင်သာစွာ မေးသည် “အရှင့်သား နိုးလာပါပြီလား?”

လီယွမ်မင်သည် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်ထဲက အထီးကျန်မှုကို ရှင်းထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ထရပ်လိုက်သည်။

“ရေနွေး ယူလာပေးပါ”

ဒီနေ့ သူ့ခန္ဓာကိုယ်သည် နည်းနည်း ပိုလန်းနေပြီး လတ်တလော ရုံးကိစ္စမရှိသည့်အတွက် နေ့လယ်တွင် လီယွမ်မင်သည် တစ်ယောက်တည်း လေ့ကျင့်ရေးကွင်းသို့ သွားလိုက်သည်။

နီလျဲ့က စစ်သည်များကို လေ့ကျင့်ရန် မြို့စွန်သို့ ဆွဲခေါ်ခဲ့သည်။ လေ့ကျင့်ရေးကွင်းထဲတွင် ဆယ်ကျော်သက်တစ်အုပ်စုသာလျှင် ကျန်တော့ပြီး သူတို့သည် အင်္ကျီမဝတ်ဘဲ ချု့ကျွီး (ဘောလုံး) ကန်နေကြသည်။

စေ့စေ့ကြည့်လျှင် နီယင်း၏ အနက်ရောင်ဝတ်စုံမှာလည်း ကြားထဲတွင် ရောနေသည်။ သူမ၏ဆံပင်ကို ချည်နှောင်ထားကာ သူမ၏မျက်နှာမှာ ချွေးစေးများနှင့် နီရဲနေသည်။ အော်ဟစ်နေစဉ် သူမခြေထောက်အောက်မှာ ချု့ကျွီးရှိသည်။ သူမထက် အရပ်ရှည်သော လူငယ်လေးငါးယောက်က သူမကို ဝိုင်းထားချိန်မှာတောင်မှ သူမမျက်လုံးများက မှေးမှိန်သွားပုံမပေါ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် ပြင်းထန်သော စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်တွင် သူမခြေထောက်များ​၏ ဖျတ်လတ်မှုကြောင့် ချု့ကျွီးသည် ဂိုးပေါက်ထဲသို့ ၀င်သွားသည်နှင့် အော်လိုက်သည်။

နီယင်းသည် မျက်ခုံးပင့်ကာ မိမိကိုယ်ကို အားရကျေနပ်သော အမူအရာဖြင့် သူမနှာခေါင်းကို ရွှင်မြူးစွာ ပွတ်လိုက်သည်။

“မင်းတို့ ကြည့်လိုက်စမ်း!”

နောက်ကျောမှ ဟောဟဲလိုက်နေသော ဆယ်ကျော်သက်များသည် ဒူးထောက်ကာ သူတို့ရှေ့မှ တောက်ပပြီး ဝံ့ကြွားသော မိန်းမငယ်လေးကို ကူကယ်ရာမဲ့ ကြည့်နေကြသည်။

လီယွမ်မင်သည် မျက်မှောင်မကျုံ့ဘဲ မနေနိုင်ခဲ့ပါ။

ထိုမှပင် နီယင်းသည် အရွယ်ရောက်နေပြီကို သူ သတိရလိုက်သည်။ နှစ်သစ်ကူးပြီးလျှင် ၁၄ နှစ် ပြည့်တော့မည်ဖြစ်သည်။ မြို့တော်မှာဆိုလျှင် အိမ်ထောင်စုတစ်စုက လက်ထပ်ရန် အဆိုပြုဖို့ လာလည်နေသည်မှာ ကြာလောက်ပြီ။

လီစစ်သူကြီးဟောင်းက သူမကို ကာကွယ်ရန် အစောင့်အကြပ်အချို့ကို စေလွှတ်ပြီး သူ့အိမ်တော်ဆီသို့ ဒီကလေးမလေးကို ပို့လိုက်သည့်အချိန်ကို တွေးမိတော့ သူသည် သူမကို ပညာရှိပြီး မွန်မြတ်သော မိန်းမပျိုလေးတစ်ဦးဖြစ်အောင် ဘယ်လို သင်ကြားရမလဲဆိုတာ သူ ဘယ်လိုလုပ်သိနိုင်မှာလဲ? သူသည် နီယင်းကို သူ့အစ်ကိုနှင့်အတူ သင်ကြားခွင့်ပြုခဲ့ပြီး ကျိုးသ့ဝူနှင့် ကျန်းလုံဆီမှ သိုင်းပညာအချို့ကို သင်စေခဲ့သည်။ ထင်မှတ်မထားစွာ ဒီကလေးသည် ပေ့အန်းမင်းသားအိမ်တော်အတွင်းတွင် ယောက်ျားလေးအုပ်စုနှင့်အတူ ရေပေါ်တွင် လှိုင်းထစေသော လေပြေလေညင်းအလားဖြစ်နေသည်။ လူတိုင်းကြောက်ရသော မိန်းမနတ်ဆိုးအသွင်အပြင်ကြောင့် သူမကို သင်ကြားရန် အမျိုးသမီးပန်းထိုးဆရာတစ်ဦးကို ယခုပင် ရှာရန် လိုအပ်နေပုံပေါ်သည်။

လီယွမ်မင် အဝေးက လာနေသည်ကို မြင်တော့ နီယင်းက အော်ဟစ်ပြီး အမြန်ပြေးလာကာ “အရှင့်သား ကောကော၊ နေကောင်းလာပြီလား?”

“ကောင်းလာပြီ” လီယွမ်မင်သည် နီယင်း၏ နီမြန်းနေသော မျက်နှာကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ သူ့အင်္ကျီလက်ထဲမှ လက်ကိုင်ပုဝါကို သူမဆီ ကမ်းပေးလိုက်ပြီး “ချွေးသုတ်လိုက်၊ မိန်းမပျိုတစ်ယောက်က ဒီလို ရှုပ်ထွေးတဲ့ အသွင်အပြင်မျိုး ဘယ်လိုရှိနိုင်မှာလဲ?”

နီယင်းက ယူကာ ရွှင်လန်းတက်ကြွစွာ ပြုံးပြလိုက်သည်။

“အရှင့်သား၊ ကျွန်တော်မျိုးမ ဒီကလေးအုပ်စုကို ခပ်ကြမ်းကြမ်း ဘယ်လို အနိုင်ယူလိုက်လဲဆိုတာကို မြင်လိုက်ပါသလား?”

“မင်း” လီယွမ်မင်က ဆူလိုက်သည် “ဘာဖြစ်ဖြစ် မင်းက မိန်းမပဲ၊ ဘယ်လိုလုပ် ဒီလို ကြမ်းကြမ်းတမ်းတမ်းဖြစ်နေရတာလဲ? အခုချိန်ကစပြီး လေ့ကျင့်ရေးကွင်းထဲမှာ ဒီလို ပြဿနာရှာဖို့ မင်းကို ခွင့်မပြုတော့ဘူး”

နီယင်းသည် ၎င်းကို စိတ်ထဲစွဲထင်သွားပုံမပေါ်ဘဲ တခစ်ခစ်ရယ်ကာ ချွဲ့ချွဲ့နွဲ့နွဲ့ဟန်ဖြင့် “တစ်ခါတစ်ရံပါပဲ”

သူမသည် ချွေးများကို သုတ်လိုက်ပြီး လီယွမ်မင်၏ လက်ကိုင်ပုဝါကို သူမ နှာသီးဖျားပေါ် တင်ကာ အသက်ပြင်းပြင်းရှိုက်ရင်း “မွှေးလိုက်တာ၊ ဟီးဟီး… အရှင့်သားရဲ့အနံ့နဲ့ အတူတူပဲ”

လီယွမ်မင်သည် သူ့နဖူးကြားမှ ရုတ်တရက် ခုန်ပေါက်သွားသလို ခံစားလိုက်ရပြီး စိတ်ထဲမှ သက်ပြင်းချမိသည်။ နီယင်းနှင့် အားလျဲ့သည် မောင်နှမများဖြစ်သော်လည်း သူတို့နှစ်ယောက်စလုံး​၏ စိတ်ဓာတ်သည် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူသည် ဤနတ်ဆိုးမိန်းကလေးကို ယခုပင် စတင်ထိန်းချုပ်သင့်ပြီ၊ မဟုတ်ပါက ပေ့အန်းတွင် မည်သူမှ သူမကို လက်မထပ်ဝံ့မည်ကို သူစိုးရိမ်ပါသည်။

လေ့ကျင့်ရေးကွင်းရှိ ဆယ်ကျော်သက်အုပ်စုသည် ပျားအုံကဲ့သို့ ရှေ့သို့ ပြေးထွက်လာကြသည်။ တစ်ချိန်တည်းတွင် လူတိုင်းက တစီစီမြည်အောင် အဆက်မပြတ် စကားပြောနေကြပြီး တက်တက်ကြွကြွ ဆွေးနွေးနေကြသည်။

“အရှင့်သား ရောက်လာပါပြီလား!”

“ကျန်းမာရေး ပိုကောင်းလာပါပြီလား?”

“အရှင့်သား! ကျွန်တော်မျိုးရဲ့ ဓားစွမ်းကို ကြည့်ချင်ပါသလား?”

အနည်းငယ် မရင့်ကျက်သော အပြုံးမျက်နှာများကို ကြည့်လိုက်တော့ လီယွမ်မင်သည် အနည်းငယ် စိတ်အေးသွားသည်။

ဤဆယ်ကျော်သက်အားလုံးသည် မိဘမဲ့များဖြစ်ကြပြီး သူတို့သည် နောင်တွင် ကွမ်အန်းဘုရင်အိမ်တော်၏ စစ်သည်များအဖြစ် လေ့ကျင့်သင်ကြားကြမည်ဖြစ်သည်။

လင်နန်နယ်နိမိတ်သည် ကျောင်းကျစ်နှင့် ကပ်လျက်ရှိပြီး ကျောင်းကျစ်တွင် လူရိုင်းများ တစ်နှစ်ပတ်လုံး ကျူးကျော်နေသည်။ လူရိုင်းများက လူနည်းစုရှိသော ရွာများကို သတ်လေ့ရှိပြီး သူတို့သည် လူရိုင်းများ ကျူးကျော်လာစဉ် ခိုကိုးရာမဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသော ကလေးများဖြစ်သည်။ ကံကောင်းထောက်မစွာ ခိုလှုံစရာနေရာရှိသေးသည်။

အမြဲတမ်း အေးစက်တည်ကြည်ပြီး စည်းကမ်းတင်းကျပ်သော နီတပ်မှူးချုပ်က ဒီမှာ မရှိ၍ထင်သည်။

ဒီလူငယ်များသည် သူ့ဆီက လွတ်မြောက်နေတာကို ပျော်နေပုံရပြီး နီယင်းကို သူတို့တစ်ယောက်ချင်းစီက မျက်စိတစ်ဖက် မှိတ်ပြနေကြသည်။

နီယင်းသည် ငါသိတယ်ဆိုသော အပြုံးဖြင့် ရှေ့သို့တိုးလာသည်။ လီယွမ်မင်သည် သူမဆီမှာ ဘယ်လို ကြောက်စရာကောင်းသော အကြံအစည်ရှိနေမှန်းမသိပါ။ သူမနဖူးကို တောက်လိုက်ပြီး “ပြောမယ့်ဟာသာ ပြောစမ်းပါ၊ ဘာကိစ္စလဲ?”

နီယင်းသည် သူမနဖူးကိုခြစ်ကာ ချော့မော့စွာ ပြုံးပြီး “ဆယ့်ငါးရက်ရှိပြီမလား? အနောက်လမ်းမှာ ဘုရားပွဲရှိတယ်။ ဒီတစ်ခါ အနောက်ဒေသက ပြဇာတ်အဖွဲ့ အများကြီး ရောက်လာတယ်လို့ ကြားတယ်။ ဒီအခွင့်အရေးက ရဖို့ခဲယဉ်းတယ်၊ ဒီအချိန် မသွားရင် ကြည့်ဖို့ နောက်ထပ်အခွင့်အရေးတွေ ရှိတော့မှာ မဟုတ်ဘူး”

သူမအသံတိတ်သွားသည်နှင့်တစ်ပြိုင်နက် သူ့နောက်က ဆယ်ကျော်သက်များသည် အသက်အောင့်ကာ လီယွမ်မင်ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။

သူ့မျက်နှာပေါ် စိုက်ကြည့်နေသော ထိုမျှော်လင့်ချက်အကြည့်များကို မြင်လိုက်ရတော့ လီယွမ်မင်သည် အတွင်းစိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ကောင်းပြီ။ နီလျဲ့သည် ဤလူငယ်အုပ်စုကို ခြံနောက်ဖေးတွင် တစ်နေကုန် ချုပ်ထားကာ အမြဲတမ်း ကြမ်းတမ်းခဲ့သည်။ အဆုံးတွင် သူတို့အားလုံးသည် ကလေးများသာဖြစ်ပြီး တစ်ခါတစ်လေတော့ လတ်လတ်ဆတ်ဆတ်လေကို ရှုခွင့်ပြုသင့်ပါသည်လေ။

ကျိုးသ့ဝူကို ခေါ်ပြီး သူတို့နောက်လိုက်ဖို့ တပ်သားလေးယောက်ကို စေလွှတ်ခိုင်းပြီး အထူးသဖြင့် ဘာအသေးအဖွဲအမှားမှ မလုပ်မိဖို့ ညွှန်ကြားလိုက်သည်။ အထူးသဖြင့် နီယင်းနှင့်ပတ်သက်သည့် ကိစ္စဖြစ်သည်။

ဆယ်ကျော်သက်များက အားတက်သရော ဟစ်ကြွေးနေကြသည်။

လီယွမ်မင်သည် ပြုံးလျက် အိမ်တော်ဆီသို့ ပြန်လာခဲ့သည်။

သို့သော် မထင်မှတ်ဘဲ ဒီတစ်ကြိမ်မှာတော့ တစ်ခုခုက တကယ့်ကို မှားသွားခဲ့သည်။

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset