PCTG

အပိုင်း (၁၆)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၆

နွေဦးနှင့် နွေရာသီ အကူးအပြောင်း၊ လင်နန်နယ်နိမိတ်။

ဗီးနပ်စ်ကြယ် ကြွေကျပြီး မကြာခင်တွင် ကောင်းကင်သည် စောစီးစွာ လင်းလာခဲ့သည်။ ချန်ရှစ်(မနက် ၇ မှ ၉နာရီအထိ)အချိန်တွင် နေက မြင့်နေပြီဖြစ်ပြီး လမ်းဘေးလူသွားစင်္ကြံပေါ်တွင် အငွေ့ပါးပါးလေး လွင့်မျောနေသည်။ လမ်းဘေးသည် စိမ်းလန်းသော အရိပ်အနည်းငယ်ဖြင့် စိုပြေနေပြီး သစ်ပင်ထိပ်များ၏ စိမ်းလန်းစိုပြေသော အစိမ်းရောင်က တဖြည်းဖြည်း ခန်းခြောက်လာသည်။ အပြင်မှအပူရှိန်ကို ခံစားရသဖြင့် မြင်းတင်းကုပ်ထဲက မြင်းများသည် ရေအင်တုံထဲမှ ရွှံ့နွံအနည်းငယ်ပါသော တွင်းရေကို သောက်နေကြသည်။

ဤအနောက်တောင်ဘက်နယ်နိမိတ်သည် မြစ်ဝှမ်းဒေသဖြစ်ပြီး ရာသီဥတုသည် စိုစွတ်သည်။ ခြစ်ခြစ်တောက်ပူနေသော နေမင်းနှင့် တွဲလျက် ပေါင်းအိုးတစ်လုံး အလားပင်။ ပူအိုက်စိုစွတ်သော ရာသီဥတုကို ခံနိုင်ရည်ရှိရန် ခက်ခဲသဖြင့် လူများသည် စိတ်တိုစပြုလာသည်။

ကျိုးသ့ဝူသည် မြင်းပေါ်မှ ဆင်းကာ ဇက်ကြိုးကို တင်းကုပ်စောင့် လူငယ်အား ပေးကာ မျက်နှာမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းရှည်ကို ချလိုက်လေသည်။

ဆိုးရွားလိုက်တဲ့ ရာသီဥတု။

တိုးညှင်းသော အသံဖြင့် ညည်းညူလိုက်သည်။ နေ့ရက်များကို တွက်ချက်ကြည့်တော့ ဤလင်နန်နယ်နိမိတ်ကို လာရန် မြို့တော်မှ ထွက်ခွာခဲ့သည်မှာ ခုနစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဤကာလတွင် သူသည် ဇနီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် ထွန်းကားသော်လည်း ဤစိုစွတ်သောရာသီဥတုနှင့် လိုက်လျောညီထွေ မဖြစ်နိုင်သေးပေ။ နောင်တွင် မြို့တော်သို့ ပြန်နိုင်ခွင့်ရှိမရှိကို သူ မသိပါ။

ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပေမယ့် မနှောင့်နှေးဝံ့ပေ။ သူသည် မြင်းကျောပေါ်ရှိ အိတ်ထဲမှ စာရွက်စာတမ်းများကို ထုတ်ကာ ကွမ်အန်းဘုရင်စံအိမ်သို့ အမြန်သွားခဲ့သည်။

ထောင့်ချိုးလိုက်သော် ကွမ်အန်းနန်းဆောင်​၏ တံခါးထုပ်တန်းကို လှမ်းမြင်လိုက်ရသည်။။

ဤနန်းဆောင်သည် ခမ်းနားထည်ဝါသော ဘုရင်နန်းဆောင်များနှင့် လုံးဝမတူပါ။ အိမ်ရှေ့ခန်းမရှိ တံခါးများသည် လင်နန်ခရိုင်၏ ထူးခြားသောလက္ခဏာများရှိသည်။ မြို့တော်ရှိ မှူးမတ်များ၏ စံအိမ်များနှင့် အလွန်ကွာခြားသည်။ တစ်ခုတည်းသော တူညီသည့်အချက်မှာ သွားများကို ဖြဲကာ ဂုဏ်ကျက်သရေရှိစွာ ထိုင်နေသော ကျောက်ခြင်္သေ့နှစ်ကောင် ဖြစ်သည်။ သူတို့အနောက်တွင် တည်ကြည်ပြီး စည်းကမ်းကြီးပုံပေါ်သော တပ်သားနှစ်ယောက် ရပ်နေသည်။

ကျိုးသ့ဝူသည် စံအိမ်တံခါးအတွင်းသို့ အမြန်ဝင်သွားလိုက်သော် အပြင်သို့ပြေးထွက်လာသော ကျန်းလုံကို ဝင်တိုက်မိသည်။

“အိုင်း၊ မင်းနောက်ဆုံးတော့ရောက်လာပြီ။ နာရီဝက်နောက်ကျရင် သခင်လေးက မင်းရဲ့အရေပြားနှစ်လွှာကို သေချာပေါက် ခွာလိမ့်မယ်!”

“ဒီလောက် မြန်နေတာ မလုံလောက်ဘူးလား?” ကျိုးသ့ဝူက သူ့မျက်နှာကို သုတ်လိုက်ပြီး “သူက ဘယ်မှာလဲ?” ဟု မေးသည်။

ကျန်းလုံက ပူညံပူညံဖြင့် “သူက ဘယ်မှာရှိနိုင်မှာလဲ? လေ့ကျင့်ရေးကွင်းမှာ စောင့်နေတာပေါ့”

ကျိုးသ့ဝူသည် သူ့လည်ပင်းကို ကျုံ့လိုက်ပြီး စိုးရွံ့သွားသည်။ သူသည် တစ်ဖက်လူထက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် အသက်ကြီးသော်လည်း၊ သူသည် သခင်လေးရှေ့သို့ ရောက်တိုင်း အမြဲအသက်ရှူမဝဖြစ်သည်။ ဘယ်သူက သူ့လောက် မကျွမ်းကျင်အောင် လုပ်ထားတာလဲ? ဘယ်သူကများ တစ်ဖက်လူအား နန်းဆောင်စစ်သည်များ​၏ တပ်မှူးချုပ်ရာထူးကို ရစေတာလဲ?

ကျိုးသ့ဝူသည် ထိပ်တန်းသခင်မဟုတ်သော်လည်း လျှော့တွက်ရမည့်သူ မဟုတ်သည်မှာ သေချာပါသည်။ မမျှော်လင့်ဘဲ ထို၁၇နှစ်အရွယ် လူငယ်လေးသည် တိုတောင်းသော နှစ်အနည်းငယ်အတွင်း သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ ပထမအကြိမ် သူ မြင်းပေါ်က ပစ်ချခံရတာကို တွေးမိပြီး ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ သူသည် သူ၏စာရွက်စာတမ်းများကို ညှစ်ကာ ဘုရင့်နန်းဆောင် အနောက်ဘက်ရှိ လေ့ကျင့်ရေးကွင်းဆီသို့ အမြန်သွားခဲ့သည်။

တံခါးဝရှေ့တွင် အတွင်းမှ အားတက်သရော ကြွေးကြော်သံကို သူကြားလိုက်ရသည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဓားသွားကဲ့သို့ အေးစက်နေသော နီလျဲ့၏မျက်နှာကို သူမြင်လိုက်ရသည်။ သူ​၏ ကိုယ်နေဟန်ထားသည် အရပ်ရှည်ရှည်၊ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ပြီး သူ​၏ လေးကို ဆွဲစဉ် မျက်နှာအမူအရာသည် ဂရုမထားဟန်ပေါ်သည်။ သူ၏ သူငယ်အိမ်သည် ကျုံ့သွားပြီးနောက် မြှားကို ရုတ်တရက် လွှတ်လိုက်သည်။ တစ်ချိန်တည်းနီးနီး သူသည် နောက်ထပ်မြှားတစ်ချောင်းကိုဆွဲကာ ကြိုးပေါ်တင်ပြီး လေးကိုဆွဲကာ တစ်ချက်တည်းလွှတ်လိုက်သည်။ မြှားသုံးစင်း ဆက်တိုက်ပစ်လိုက်ပြီး မြှားတစ်စင်းသည် နောက်တစ်စင်းနောက်သို့ လိုက်ကာ ရှေ့ရှိ စက်ကွင်း၏ အလယ်ဗဟိုက မြှားအမွေးများကို ခွဲလိုက်သည်။ စက်ကွင်းချက်မမှ မြှားများ ကွဲထွက်ပွင့်လာစေရန် အသက်ရှုတစ်ရှိုက်သာလျှင် အားစိုက်ထုတ်လိုက်ရသည်။ နောက်ဆုံးတစ်စင်းက သုံးလက်မကျယ်သော ပစ်မှတ်ကို ဖောက်ဝင်သွားပြီး တုန်ရင်ကာ အသံ ထွက်လာခဲ့သည်။

လေ့ကျင့်ရေးကွင်းမှ တပ်သားများသည် ပို၍ ဝမ်းသာအားရ အော်ဟစ်ခဲ့ကြသည်။

ကျိုးသ့ဝူ၏ နှလုံးသားသည် အံ့သြထိတ်လန့်သွားသည်။ မြို့တော်တွင် သခင်များစွာကို မြင်ဖူးသော်လည်း ထိုကဲ့သို့သော နတ်ဘုရားအလား ခွန်အားနှင့် မွေးဖွားလာသူတစ်ဦးကို မမြင်ဖူးပေ။ သူ့အတွင်းစိတ်ထဲတွင် အာစေးမိနေခဲ့သည်။

ဤအချိန်ခဏကို အခွင့်ကောင်းယူ၍ ရှေ့သို့ အလျင်အမြန်လှမ်းကာ စာရွက်ကို နီလျဲ့ထံ ပေးလိုက်သည်။ နီလျဲ့က ကြီးမားသောလေးကို သူ့ဆီ အလွယ်တကူ ပစ်ပေးလိုက်သည်။ အချိန်ခဏကြာဖတ်ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ စာကို သူ့ရင်ဘတ်ထဲထည့်ကာ သူ့ကိစ္စသူ အာရုံထားပြီး ဘာမှမပြောဘဲ ရှေ့ခြံဝင်းဆီသို့ လျှောက်သွားသည်။

ကျိုးသ့ဝူ မှတ်မိသလောက်ကတော့ ဤတောက်ပအေးစက်သော နဂါးလျှာ လေးသည် ရာထူးမှ နှုတ်ထွက်သွားပြီမှာ သိပ်မကြာသေးသော လင်နန်စီရင်စု အရင်တရားသူကြီးမှ ကွမ်အန်းဘုရင်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ မကြာမီတွင် ထိုလေးကို နီလျဲ့အား လက်ဆောင်အဖြစ် ပေးလိုက်သည်။ ၎င်းကို အနက်ရောင်သံထက်ပင် မာကြောသော အနီရောင် စန္ဒကူး နတ်သစ်ပင်မှ လုပ်ထားသည်ဟု ကြားဖူးသည်။

ကျိုးသ့ဝူသည် သူ့လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်တော့ တော်တော်လေးသည်။ ဝင်ပေါက်မှာ နီလျဲ့​၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူသည် ၎င်းကို စမ်းကြည့်ချင်စိတ်များ တရွရွပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ကိုင်းပြီး အားအနည်းငယ် စိုက်ထုတ်လိုက်သည်။

သို့သော် လေးကြိုးသည် အနည်းငယ်မျှပင် မရွေ့ပါ။ ကျိုးသ့ဝူသည် ထူးဆန်းတယ်ဆိုတာကို မယုံကြည်ပါ။ ဘယ်လိုဖြစ်ဖြစ် သူသည် လူငယ်တစ်ထောင်ကျော်ထဲမှ လီစစ်သူကြီးဟောင်း ရွေးချယ်ထားသည့် ပါရမီရှင်သုံးဦးထဲက တစ်ဦးဖြစ်သည်။ သူက ထိုလူထက် ဘယ်လိုလုပ် နိမ့်ကျနိုင်မှာလဲ? အံကြိတ်ကာ မျက်နှာရဲလာသည်အထိ အားကုန်သုံးလိုက်ပြီး သူ့သွေးပြန်ကြောများပင် ပေါ်လာပေမယ့် တစ်ဝက်သာလျှင် ဆွဲနိုင်ခဲ့သည်။

ခဏလောက် ထိန်းပြီးတာနဲ့ ချက်ချင်း အသက်ရှုမဝဖြစ်သွားသည်။ နွားတစ်ကောင်လို ချွေးများထွက်ကာ ဟောဟဲလိုက်နေခဲ့သည်။

နီလျဲ့၏ သက်သောင့်သက်သာအသွင်အပြင်ကို ပြန်သတိရကာ အကြောင်းရင်းကို သိရ၍ စိတ်ထိခိုက်လာပြန်သည်။ လူများကြားတွင် မွေးရာပါ ကွဲပြားမှုများ ရှိပါသည်။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ နူးညံ့သောအ၀တ်စကို သစ်သားဆီဖြင့် စိုစွတ်အောင် လုပ်လိုက်ပြီး နဂါးလျှာ လေးကို အသစ်နီးပါး တောက်ပြောင်အောင် သုတ်လိုက်ကာ နီလျဲ့​၏ နားနေခန်းထဲတွင် ချိတ်ထားလိုက်သည်။

ရှည်လျားသော စင်္ကြံလမ်းကို ကွေ့ပြီးနောက် နီလျဲ့သည် ခြံနောက်ဖေးသို့ ရောက်ရှိသွားသည်။ အရှင့်သားအခန်းထဲသို့ အလျင်စလို ဝင်သွားတော့မည့်အချိန်၌ သူ့ကိုယ်ပေါ်က ဖုန်မှုန့်နှင့် ချွေးများကို တွေးပြီး အနည်းငယ် စဉ်းစားကာ ဘေးခြံဝင်းဘက်သို့ ပြန်သွားလိုက်သည်။ အစေခံကောင်လေးအား ဆေးကြောရန် ရေယူလာခိုင်းလိုက်သည်။

ရေချိုးပြီးနောက် နီလျဲ့သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ၀တ်ဆင်ကာ ခြံနောက်ဖေးသို့ သွားခဲ့သည်။

ခြံဝင်းတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် လှုပ်ရှားရလွယ်သည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးသည် ပန်းကန်လွတ်တစ်လုံးနှင့် ထွက်လာသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးသည် အသက်၁၄-၁၅လောက်ရှိသည်။ သူမသည် နီလျဲ့နှင့် တော်တော်ဆင်ပြီး သူမ​၏ မျက်ခုံးများသည် သူရဲကောင်းဆန်သော်လည်း ငယ်ရွယ်သော မိန်းမပျို​၏ ချစ်စဖွယ် ဆွဲဆောင်မှုရှိသည်။ နီလျဲ့ဝင်လာသည်ကို သူမမြင်တော့ သူမမျက်လုံးများ တောက်ပသွားသည်။

“အစ်ကို!”

ဤမိန်းကလေးမှာ နီလျဲ့၏ညီမ နီယင်းဖြစ်သည်။

လွန်ခဲ့သည့်ခြောက်နှစ်က လီမောက်နှင့် အခြားစစ်သူကြီးများ​၏ သူမကို ကယ်ရန် အပင်ပန်းခံ ကြိုးပမ်းအားထုတ်မှုကြောင့် သူမသည် ကျောက်ဖန်းဌာနခွဲမှ ကံကောင်းစွာ လွတ်မြောက်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာ သူမသည် ငယ်စဉ်က ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံခဲ့ရပေ။ သူမသည် ကျောက်ဖန်းဌာနခွဲတွင် သန့်ရှင်းရေးနှင့် ဆေးကြောသန့်စင်ခြင်းများကိုသာ လုပ်ဆောင်ခဲ့ရသည်။ သို့သော် ကျောက်ဖန်းဌာနခွဲသည် ကလေးကို ပြုစုပျိုးထောင်ရာတွင် ဘယ်လိုလုပ် သဘောထားကြီးနိုင်မှာလဲ? သူမသည် နေ့စဉ်နှင့်အမျှ အခက်အခဲများကို ကြံ့ကြံ့ခံခဲ့ရသည်။ မိန်းကလေးငယ်သည် လင်နန်သို့ ရောက်ရှိလာသောအခါတွင် အလွန်ပိန်ပါးပြီး အရိုးလက်တစ်ဆုပ်စာမျှသာ ကျန်တော့သည်။

ကံကောင်းစွာနှင့် သူမသည် ကွမ်အန်းဘုရင်စံအိမ်တွင် နှစ်အနည်းငယ်ကြာ နေထိုင်ပြီး ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သည်။

သူ့ညီမငယ်က သူ့ဆီ အမြန်လျှောက်လာနေတာကို မြင်လိုက်ရတော့ နီလျဲ့​၏ အရေးမစိုက်ဟန် မျက်ခုံးများသည် သိသိသာသာပြေလျော့သွားသည်။ ပန်းကန်လုံးအောက်ခြေရှိ အညိုရောင်ဆေးအကျန်ကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင် ပေါ်လာခဲ့သည်။

“အရှင့်သား အခု ဘယ်လိုနေလဲ?”

နီယင်းက “ဆေးသောက်ပြီး အခု အနားယူနေတယ်။ အစ်ကို၊ နေ့ခင်းမှ ပြန်လာပါ့လား”

“ကိစ္စမရှိပါဘူး” နီလျဲ့က ဘာမှသိပ်မပြောခဲ့ပါ။ သူမအား စကားအနည်းငယ်သာ ရှင်းပြခဲ့ပြီး သခင့်ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

တံခါးကိုဖွင့်​ပြီး ဝင်​လိုက်​သည်​နှင့်​ တစ်ပြိုင်​နက်​ ချိုမြိန်​​သော ရနံ့​ပါးပါးသည်​ သူ့နှာ​ခေါင်းထဲသို့ တိုးဝင်​လာသည်​။

အစေခံမိန်းမသည် အပြင်ခန်းရှိရေစည်တွင် ရေလဲနေသည်။ အတွင်းခန်း၏ ကန့်လန့်ကာသည် ပေါ့ပါးစွာ ကျဆင်းသွားကာ အတွင်းဘက်မှ ကုတင်ကျဉ်းကျဉ်းကို ယောင်ဝါးဝါးမြင်နေရသည်။

အစေခံမိန်းမသည် ဝင်လာသောသူကို မြင်သည်နှင့် ချက်ချင်းထရပ်လိုက်သည်။ နီလျဲ့က တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ သူမအား ထွက်သွားရန် အမိန့်ပေးလိုက်သည်။

သူမသည် ခန္ဓာကိုယ်ကို အရိုအသေပေးဟန် ကိုင်းညွှတ်ပြီး တိတ်တဆိတ်ထွက်သွားသည်။

နီလျဲ့သည် ကန့်လန့်ကာကို မလိုက်ပြီး အတွင်းခန်းထဲသို့ ဝင်သွားသည်။

သူ့မျက်နှာဆီသို့ ဆေးဖက်ဝင်အပင်နံ့က တိုးတိုက်လာသည်။ အခန်းအတွင်းပိုင်းကို မည်သည့်အလင်းရောင်မှမဝင်အောင် ဖြတ်တောက်ထားသောကြောင့် အပြင်ဘက်ထက် ပို၍အေးမြသည်။ ပြင်ပမှ ပူလောင်မွန်းကျပ်သော အပူသည် ချက်ချင်းပျောက်ဆုံးသွားသည်။

ကုတင်ပေါ်ကလူသည် အိပ်ပျော်နေပြီဖြစ်သည်။ ကျီးကန်းအမွှေးနှင့်တူသော မျက်တောင်များသည် သူ့မျက်လုံးအောက်တွင် မီးခိုးရောင်ဖျော့ဖျော့အရိပ်တစ်ခု ထင်ဟပ်နေသည်။ သူ၏ ကျောက်စိမ်းရောင် နှင်းလို အသားအရည်သည် အမှောင်ထဲတွင် အလင်းရောင်ပျပျလေး ဖြစ်နေသည်။ သူ၏ အနက်ရောင်ဆံပင်များသည် ခေါင်းအုံးဘေးတွင် ပြန့်ကျဲနေပြီး သူ့မျက်နှာကို ထူးထူးခြားခြား လှပစေသည်။

နှစ်များစွာ သူ့ခန္ဓာကိုယ်ပေါ်သို့ လျှို့ဝှက်စွာ ပြောင်ပြောင်တင်းတင်း စိုက်ကြည့်သော အကြည့်များကို ပြန်သတိရမိတော့ နီလျဲ့​၏မျက်လုံးများသည် အနည်းငယ် နက်ရှိုင်းကာ နက်မှောင်လာခဲ့သည်။
ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကာ ကုတင်ဘေးမှာ ထိုင်လိုက်ပြီး ကုတင်ဘေးတွင် ကျနေသော လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

လင်နန်၏ နွေဦးနှောင်းပိုင်းတွင် ပြင်းထန်စွာ ပူပြင်းသော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် ချွေးအနည်းငယ်မျှမထွက်ဘဲ အေးစက်နေဆဲဖြစ်သည်။ နန်းတော်တွင်း နှစ်များစွာသည် သူ​၏ အခြေခံအုတ်မြစ်ကို ပျက်စီးသွားစေခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အလုပ် ပင်ပင်ပန်းပန်းလုပ်လိုက်ခြင်းသည်ပင် သူ့ကို နေမကောင်းဖြစ်စေခဲ့သည်။ နီလျဲ့သည် လေးလေးနက်နက် စိတ်ပူနေပြီး စိတ်ထဲတွင် နေလို့မကောင်းပေ။ သူသည် ကျောက်စိမ်းဖြူရောင် လက်ကောက်ဝတ်ကို စောင်ပါးပါးထဲသို့ မထည့်မီညင်သာစွာ အကြာကြီး ပွတ်သပ်နေခဲ့သည်။

သူသည် ငြီးငွေ့ခြင်းမရှိ နှစ်သက်စွာ သူ့ကို ထိုင်ကြည့်နေခဲ့သည်။ ဒီအတိုင်း ထိုင်နေသည်မှာ ၂နာရီနီးနီးပင် ရှိပြီ။

နေ့ခင်းဘက်တွင် အပြင်မှ ပုစဉ်းရင်ကွဲအသံများ ထွက်ပေါ်လာသောအခါ လီယွမ်မင်သည် စတင်လှုပ်ရှားလာသည်။ သူ့မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့ရှေ့မှလူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသော် မပြုံးဘဲ မနေနိုင်စွာ-

“အားလျဲ့…”

သူ့ခန္ဓာကိုယ်ကို အမှီပြုကာ ထိုင်လိုက်စဉ် နီလျဲ့က သူ့ကိုကူရန် လက်လှမ်းလိုက်သည်။ သူ၏ အနက်ရောင် ဆံပင်များနှင့် တိုက်မိသွားပြီး အေးစက်သော ရနံ့တစ်စွန်းတစ်စက သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။ နီလျဲ့​၏ လည်စလုတ်သည် ရွေ့လျားသွားပြီး မျက်နှာအမူအရာ ပြောင်းလဲဟန်မပြဘဲ ခေါင်းအုံးကို သူမှီရန် နေရာချလိုက်သည်။

“ဘယ်တုန်းက လာတာလဲ? မင်း ငါ့ကို ဘာလို့မနှိုးတာလဲ?”

“သိပ်မကြာသေးဘူး” နီလျဲ့က သူ့ကိုကြည့်ကာ “မသက်သာသေးဘူးလား?”

“အခုက ပိုကောင်းလာပြီ”

လီယွမ်မင်သည် သူ့ရှေ့မှ တိတ်ဆိတ်နေသော ကလေးအား ကြည့်လိုက်သည်။ သူ မသိလိုက်ခင်ပင် သူ့အသက်၁၇နှစ်ရှိနေပြီ ဖြစ်သည်။ သူ့ကို ကူညီခဲ့သည့်အချိန်ကို တွေးကြည့်တော့ သူသ​ည် အခြားသူများ​၏ မဆင်မခြင် အနိုင်ကျင့် အရှက်ခွဲခံရပြီး ဒုက္ခရောက်နေသော ကလေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ အခုဆို သူသည် အရပ်ရှည်ပြီး တောက်ပြောင်ချောမောသော လူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာပါပြီ။ သူ့ရှေ့မှာ ရပ်ကြည့်ပါက သူသည် နီလျဲ့​၏မေးစေ့လောက်သာ အရပ်ရှည်ပါသည်။ တကယ့်ကို အချိန်တွေက ကုန်တာမြန်လွန်းသည်။

လီယွမ်မင်သည် စိတ်သက်သာရာရသွားသည်။ သူသည် သူ့ကို တစ်ကိုယ်ကောင်းဆန်စွာ အလိုလိုက်သော်လည်း မျက်စိစုံမှိတ်ကာ မကာကွယ်ခဲ့ပါ။ နောက်ဆုံးတွင် သူသည် သူ့ကိုယ်ပိုင်အရည်အချင်းဖြင့် စံအိမ်​၏ တပ်မှူးချုပ်ရာထူးကို ရယူခဲ့သည်။ ဤကလေးသည် အသက်၂၀ မပြည့်သေးသော်လည်း ဝါရင့်များသာမက လူသစ်များကပါ မဆိုင်းမတွဘဲ သူ့ကို အကြွင်းမဲ့ လက်ခံနေကြဆဲဖြစ်သည်—ဤနှစ်များအတွင်း အဆုံးတွင် သူ့ကို ကျေးဇူးတင်ရမည်ဖြစ်သည်။

လင်နန်ကို ပထမဆုံးရောက်ခါစ တစ်ယောက်နှင့် တစ်ယောက် အမှီသဟဲပြုခဲ့ရသည့် ခါးသီးသော နေ့ရက်များကို တွေးကြည့်တော့ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပါ။

ဒီလိုကလေးမျိုးက ကြံရာမရဖြစ်၍သာ လမ်းကြောင်းလွဲသွားသည်ဟု လီယွမ်မင် တွေးမိခဲ့သည်။ သူသည် ယခင်ဘဝက မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်သော သွေးဆာနေသည့် မကောင်းဆိုးဝါး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ကံကောင်းထောက်မစွာပင် သူ့ကို ကယ်တင်နိုင်ခဲ့သည်။

သူ့နှလုံးသားက အနည်းငယ် နူးညံ့စွာဖြင့် “နေ့လယ်စာ စားပြီးပြီလား?”

“မစားရသေးဘူး” စိမ့်စမ်းရေလို ညင်သာသော မျက်လုံးများကို ကြည့်ရင်း နီလျဲ့၏ နှလုံးသားသည်လည်း ပူနွေးသောရေထဲတွင် လွင့်မျောနေသကဲ့သို့ သူ့မျက်နှာသည် လှိုင်းထန်ခြင်းမရှိဘဲ ငြိမ်သက်နေသည် “အရှင့်သား အခု ဗိုက်ဆာနေပြီလား?”

လီယွမ်မင်သည် အစာစားချင်စိတ်မရှိသော်လည်း ထိုနက်မှောင်သောမျက်လုံးများထဲက မျှော်လင့်ချက်အရိပ်အယောင်ကိုမြင်သောအခါတွင် သူက ပြုံးပြီး “အင်း၊ စားစရာတစ်ခုခု မှာပြီး ငါနဲ့အတူတူ စားလေ”

နီလျဲ့သည် ချက်ချင်းထကာ ညွှန်ကြားချက်များ ပေးလိုက်သည်။

နေ့လည်စာက အမြဲလို ရိုးရှင်းပါသည်။ ဆန်လုံးထမင်း၊ ရွှေရောင်သန်းနေအောင် ကြော်ထားသော ကြက်သားမွတစ်ပန်းကန်၊ ဝက်သားနှပ် တစ်ပန်းကန်၊ ဂေါ်ဖီကြော်တစ်ပန်းကန်၊ ဂျင်ဆင်း ကြက်မဲရိုးစွပ်ပြုတ်နှင့် အခြား မပါတော့ပါ။

နှစ်ယောက်သား အတူထိုင်ပြီး ထမင်းစားကြသည်။

မူလက နီလျဲ့သည် လက်အောက်ငယ်သားတစ်ဦးဖြစ်သောကြောင့် သူ့သခင်နှင့် အတူတူ တစ်စားပွဲတည်း ဘယ်လိုလုပ် စားရဲမှာလဲ? သို့သော် လီယွမ်မင်သည် သူ့ကို အမြဲတမ်း ဦးစားပေးသည်။ အပြင်မှာနေစဉ်က ကြိုတင်မှာကြားထားတာတချို့ရှိပေမယ့် သူ့ကို သီးသန့် ထိန်းချုပ်ထားတာမျိုး မရှိပါ။

နောက်ဆုံး စွပ်ပြုတ်တစ်ဇွန်းသောက်ပြီးနောက် လီယွမ်မင်၏မျက်နှာသည် အရောင်အနည်းငယ်ရှိလာခဲ့သည်။ ခံတွင်းရှင်းရန် ဘေးက မွှေးကြိုင်သော လက်ဖက်ရည်ကို ယူလိုက်ပြီး ပြောသည် ။

“မင်း ကျိုးသ့ဝူကို ယွမ်ရွှင်ထိုင်ကို လွှတ်ပြီးပြီလား?”

နီလျဲ့သည် ယုံကြည်မှုအချို့ ပေါ်လွင်သော မျက်နှာဖြင့် တူကိုချကာ သူ့ရင်ဘတ်ထဲက စာရွက်စာတမ်းကို လီယွမ်မင်အား ကမ်းပေးလိုက်သည်။

လီယွမ်မင်သည် ထိုစာကိုဖွင့်ပြီး ခဏကြည့်လိုက်သည်။ ဒေါသမထွက်ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး “ဒီယွမ်ချုံရှန်းက တကယ့်ကို အရှက်မရှိတာပဲ။ ကြီးမားတဲ့ ပိုင်နက်မြေကွက်နှစ်ခုကို ကောက်ပဲသီးနှံခင်းအဖြစ် တိတ်တဆိတ် ပြောင်းလိုက်တယ်”

ဧကရာဇ်မိသားစု၏ ဂုဏ်ကျက်သရေကိုပြသရန်အတွက် ပေ့အန်း၏ လက်အောက်ခံဘုရင်များအားလုံးသည် လယ်ကွင်းများ အမြဲချီးမြှင့်ခြင်းခံရသည်။ သို့သော် လင်နန်နယ်နိမိတ်တွင် ဒီလယ်ကွင်းများသည် ရွှင်ထိုင်စီရင်စု၏ ထိန်းချုပ်မှုအောက်တွင် အမြဲရှိနေခဲ့သည်။ လီယွမ်မင်သည် နောက်ခံသမိုင်းကြောင်းကို သိရှိရန် လူများကို လျှို့ဝှက်စေလွှတ်ခဲ့သည်။ ဒီလယ်များသည် တစ်ဧကမှာ ဝင်ငွေတစ်ခု၊နှစ်ခုရှိသည်။ မူလ ပြည်နယ်အုပ်ချုပ်ရေးမှူးက တော်တော် ကြင်နာပြီး ရိုးသားသည်။ ဒေသခံစစ်သည်များနှင့် မြင်းများ၏ လိုအပ်ချက်အရ ထောက်ပံ့မှုမှလွဲ၍ ကျန်သည်များကို ကွမ်အန်းဘုရင်စံအိမ်သို့ ခွဲဝေပေးခဲ့သည်။ သို့သော် အရာရှိအသစ် ယွမ်ချုံရှန်းသည် တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရဲရဲတင်းတင်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ သူ့ကို ခေါင်းကိုက်စေသည့် ပထမဆုံးသောအရာသည် ဒီနေရာသို့ ရောက်ရှိလာပြီဖြစ်သည်။ စကားတစ်ခွန်းပင် မပြောဘဲ အတော်များများကို ပိုင်းဖြတ်ယူထားကာ ကျန်သော ၁၀%ကိုသာ ကွမ်အန်းဘုရင်စံအိမ်အတွက် ချန်ထားပေးသည်။

မြို့တော်သို့ လွှဲအပ်ရမည့် တစ်နှစ်လစာ သုံးသောင်းနှစ်ရာကို မပြောနှင့် ပေ့အန်းဘုရင်​၏ စံအိမ်ကို ထောက်ပံ့ရန် အသုံးပြုသည့်ငွေပင် မလုံလောက်ပေ။

လီယွမ်မင်သည် အကြောင်းရင်းကို သိသည်။ ဒီယွမ်ချုံရှန်းသည် မြို့တော်မှ ပြောင်းရွှေ့လာသော အရာရှိဖြစ်ပြီး သူသည် လီယွမ်မင်​၏ ဘဝဇာတ်ကြောင်းကို ကြားဖူးသည်မှာ ကြာပြီဖြစ်ပြီး သူ့ကို အရေးမစိုက်ပေ။ မဟုတ်လျှင် တာဝန်ထမ်းဆောင်သည်မှာ တစ်လခွဲကျော်ကြာပြီဖြစ်သည့်အတွက် သူက ဘယ်လိုလုပ် တရားဝင် အလည်အပတ်မလာနိုင်တာဖြစ်ရမှာလဲ? ဤသည်မှာ သူသည် ရာထူးတာဝန်ယူပြီးပြီးချင်းပင် ကွမ်အန်းဘုရင်စံအိမ်အား သူ​၏ ခွန်အားကို ဗြောင်ကျကျ ပြသသည့် သဘောပင်ဖြစ်သည်။

နီလျဲ့၏ အေးစက်စက်အသံကို ထပ်ကြားလိုက်ရပြီး “နေ့လယ်မှာ စစ်သည်တစ်ဒါဇင်ကို သူ့ဆီ ခေါ်ဆောင်သွားပါ့မယ်။ သူ့အရိုးက တကယ်ပဲ ခိုင်ခံ့မာကျောလားဆိုတာ သွားကြည့်မလို့ပါ”

“ဒီကိစ္စက ပြန်လှည့်လို့မရတဲ့အထိ မရောက်သေးပါဘူး” လီယွမ်မင် က ပြုံးပြီး “အရင်စားပါ၊ မနက်ဖြန်မှ ဒီအကြောင်းကို ထပ်ပြောကြရအောင်”

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset