PCTG

အပိုင်း (၅)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၅

လီယွမ်မင်သည် သူ့ခြေလှမ်းအရှိန်ကို မြှင့်လိုက်သော်လည်း ထောင့်မှထွက်လာသော ပြတ်သားသည့်အသံကို သူကြားနေရဆဲဖြစ်သည်။ သူ့အသက်ရှူသံတွေ နှေးသွားပြီး ကျုံးချွေ့နန်းဆောင်​၏ အတွင်းအစေခံမှ သံကြိုးတစ်ချောင်းဆွဲလာသည်ကို အဝေးကနေ တွေ့လိုက်ရသည်။ သူ့နောက်မှာ အနီးကပ်လိုက်နေသော “လူ” တစ်ယောက်ပါသည်။

အတိအကျပြောရလျှင် သူ့လည်ပင်းကို သံကြိုးဖြင့် ချည်နှောင်ထားပြီး လေးဘက်ထောက်လျက် တိရစ္ဆာန်တစ်ကောင်လို ဆွဲခေါ်ခြင်းခံလာရသည်။ သူ၏တံတောင်ဆစ်နှင့် ဒူးများသည် မြေပြင်ကြောင့် ပွန်းသွားကာ တဖြည်းဖြည်း သွေးထွက်လာပုံပေါ်သည်။ သို့သော် သူက ဂရုစိုက်ပုံမပေါ်ပါ။ ဗလာမျက်လုံးများဖြင့်သာ ရှေ့သိို့ သွားနေခဲ့သည်။

လီယွမ်မင်သည် အသက်အောင့်လိုက်ကာ လက်သီးများကို ဆုပ်ထားလျက် သူတို့ဖြတ်သွားသည်ကို မျက်လုံးပင် စွေမကြည့်ခဲ့ပါ။

အတွင်းအစေခံက နိမိတ်မကောင်းသော လီယွမ်မင်ကို မြင်သော်လည်း မနှုတ်ဆက်ပါ။ သူ့ကို လျစ်လျူရှုပြီး ထုံးစံအတိုင်း ဖြတ်လျှောက်သွားခဲ့သည်။

ခဏအကြာတွင် အဝေးက နန်းတော်တံခါးဆီမှ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ သံလှောင်အိမ်ကြီးနှစ်လုံးကို တွန်းထုတ်လာပြီး သန်မာသောကျားသစ်နှစ်ကောင်သည် သံစည်းရိုးတစ်ဖက်ဆီကနေ အချင်းချင်း ဟိန်းဟောက်နေကြသည်။

ဒူးထောက်နေသော ကောင်လေးသည် ခေါင်းငုံ့ကာ မျက်လုံးများ ငိုက်စိုက်လျက် အတွင်းအစေခံမှ မြေပြင်ပေါ် သို့ ပစ်ချလိုက်သည့် ညစ်ပတ်သော မုန့်ကို ကောက်ယူရန် ပါးစပ်ကို အသုံးပြုလိုက်ပြီး သားရဲတစ်ကောင်လို ကိုက်စားနေသည်။

လီယွမ်မင်သည် စိတ်ရှုပ်ထွေးလျက် အနောက်နန်းဆောင်သို့ ပြန်သွားလေသည်။ သူသည် ထိုနေ့ညတွင် အိပ်မက်ဆိုးများ ထပ်မက်ခဲ့ပြီး ညသန်းခေါင်တွင် အဖျားကြီးလာသည်။ လီယွမ်မင်သည် သူ့ကိုယ်သူ မနှိုးနိုင်ဘဲ ထာဝရ အိပ်မက်ဆိုးကြီးထဲသို့ ရောက်သွားသလို ခံစားရသည်။ သူ့အိမ်မက်ထဲမှာ နီရဲနေသော သံလှောင်အိမ်တစ်လုံးက အမြဲတမ်း ပါသည်။

ချိုးချန် ညဘက် နိုးလာသောအခါတွင် လီယွမ်မင်သည် အဓိပ္ပါယ်မရှိတာတွေ ရေရွတ်နေသည်ကို တွေ့လိုက်ရသည်။

ချိုးချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည် မမြင်သလို ဟန်ဆောင်ကာ ပစ်ထားရန် စီစဉ်ပြီး သူမခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။ ရုတ်တရက် ကောင်းချီးတစ်ခုက စိတ်ဝိညာဉ်ထဲသို့ ရောက်လာခဲ့သည်။ သူမဘာသာတွေးပြီး အခန်းထဲသို့ ချက်ချင်း ပြန်သွားကာ သူမ အနှစ်သက်ဆုံး ငန်းဝါရောင် နန်းတွင်းဝတ်စုံကို ၀တ်ဆင်လျက် တော်ဝင်သမားတော်ဝင်းဆီသို့ အမြန်သွားခဲ့သည်။

“တော်ဝင်သမားတော်!” ချိုးချန်သည် တံခါးကို တွန်းကာ ညင်သာသောအသံဖြင့် အော်လိုက်သည် “တော်ဝင်သမားတော်! ကျေးဇူးပြုပြီး ကျွန်တော်မျိုးမရဲ့ သခင်ကို ကယ်ပါ!”

တာဝန်ကျသူသည် လူလတ်ပိုင်းအရွယ် တော်ဝင်သမားတော်ဖြစ်သည်။ နည်းနည်း ပင်ပန်းနေပေမယ့် မတ်တပ်ရပ်ပြီး ညင်သာစွာ မေးသည်-

“ဘယ်နန်းဆောင်သခင်လဲ?”

ချိုးချန်သည် တော်ဝင်သမားတော်ဟော်က ငယ်ရွယ်သောကြောင့် မကြာခဏ ညဘက် တာဝန် ထမ်းဆောင်ရမည်ဟု မူလက ထင်ခဲ့သည်။ သို့သော် သူမသည် အလွန်စိတ်ပျက်သွားပြီး သူမ၏နှလုံးသားသည် မှောင်မိုက်သွားပေမယ့် သူမခန္ဓာကိုယ်ကို ကွေးညွှတ်ကာ အရိုအသေပေးလိုက်ပြီး “ဒီအစေခံက အနောက်နန်းဆောင်မှ လာတာပါ။ ကျွန်တော်မျိုးမရဲ့ တတိယမြောက်တော်ဝင်မင်းသားက မူလက ကျန်းမာရေးကောင်းမွန်ပေမယ့် ရုတ်တရက် အဖျားတက်သွားတယ်။ ဘာဖြစ်သွားလဲ မသိပါဘူး”

သက်လတ်ပိုင်း တော်ဝင်သမားတော်သည် တုံ့ဆိုင်းနေပြီး ချိုးချန်က ဘာကြောင့်လဲဆိုတာ သိပါသည်။ ဤနန်းတော်တွင် အနောက်နန်းဆောင်မှ မကောင်းဆိုးဝါးနှင့် အဆက်အဆံလုပ်ရမှာ မကြောက်သည့်သူ မရှိပါ။ နန်းတွင်းတော်ဝင်မျိုးနွယ်များက သတင်းစကားမပါးလျှင် မည်သည့် တော်ဝင်သမားတော်က သွားလိုစိတ်ရှိမှာလဲ? သူမသည် အနောက်နန်းဆောင်​၏ အစေခံဘဝကို တိတ်တဆိတ် မုန်းတီးနေခဲ့သည်။ သူမသည် လိမ္မာပါးနပ်စွာသာလျှင် စောင့်ဆိုင်းပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်နေခဲ့သည်။ အတွင်းခန်း ကန့်လန့်ကာကို မလိုက်ပြီး လူတစ်ဦး ထွက်လာသည်။ သူ့မျက်နှာက ချောမောကာ သူ့ပုံစံက အရပ်ရှည်ပြီး ဖြောင့်သည်။ ချိုးချန်သည် ချက်ချင်းပင် ဝမ်းသာသွားသည်၊ ဒါက တော်ဝင်သမားတော်ဟော် မဟုတ်လား?

သူ့အမူအရာက တည်ငြိမ်ပြီး သူ့လှုပ်ရှားမှုတွေသည် အနည်းငယ် အလျင်စလိုဖြစ်နေသည်။ သူသည် ဝတ်ရုံကိုလွှားကာ ဆေးသေတ္တာကို ဆွဲလျက် သက်လတ်ပိုင်း တော်ဝင်သမားတော်ကို ဦးညွှတ်လိုက်သည်။

“အဖေ၊ ကျွန်တော့်ကို သွားခွင့်ပြုပါ”

သက်လတ်ပိုင်း တော်ဝင်သမားတော်သည် မျက်မှောင်ကြုတ်နေပေမယ့် သူ့ကို မတားပါ။

“ကောင်းပြီ၊ ကောင်းကောင်းလုပ်ပြီး မြန်မြန်ပြန်လာခဲ့ပါ”

“ဟုတ်ကဲ့”

ချိုးချန်၏နှလုံးသားသည် ရွှင်မြူးစွာခုန်နေပေမယ့် သူမ၏မျက်နှာသည် အလွန်ဝမ်းနည်းသော အမူအရာ ကို ဆောင်ထားဆဲဖြစ်ပြီး သူမ၏မျက်လုံးများ နီရဲလာကာ ပို၍ပို၍သနားစရာကောင်းလာသည်။

“တော်ဝင်သမားတော်ဟော်ကို နောက်တစ်ကြိမ် ဒုက္ခပေးမိပြန်ပြီ”

ဟော်ယွင်ယိ့က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ဒုက္ခမဖြစ်ပါဘူး”

စကားအဆုံးတွင် သူသည် ချိုးချန်နောက်မှ အမြန်ထွက်လာခဲ့သည်။

အနောက်နန်းဆောင်ထဲသို့ ခြေချတော့ အရမ်းအေးတာကို ခံစားလိုက်ရသည်။ ခန်းမအတွင်းရှိ ထင်းမီးသည် ပြာမှုန့်များသာ ကျန်ရှိတော့သဖြင့် နန်းဆောင်သည် အလွန်အေးခဲနေသည်။

“ဘာလို့ မီးမထွန်းတာလဲ?”

ချိုးချန်က အံ့အားသင့်သွားသည်။ သူမနှုတ်ခမ်းကို ကိုက်ကာ သနားစရာကောင်းစွာ ပြောလိုက်သည် “ကျွန်တော်မျိုးမတို့ရဲ့ တတိယတော်ဝင်မင်းသားက တစ်ခါမှ မျက်နှာသာပေးမခံရဖူးဘူး။ ရတဲ့ ထင်းအားလုံးက အခြားနန်းဆောင်က အကြွင်းအကျန်တွေ၊ ပြီးတော့ အားလုံးက ဒီလိုမျိုး သောင်းပြောင်းထွေလာတွေ၊ ဒီနန်းဆောင်ကိုရောက်ရင် ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်။ ဒီအစေခံက နေ့စဉ်ထင်းသုံးလို့ရအောင် တင်းကျပ်ထားရတယ်။ ဆောင်းရာသီရောက်တိုင်း ဒီအစေခံရဲ့လက်မှာ ရေနဲ့ထိမိတဲ့အခါ အရမ်းနာတဲ့ အရေပြားအနာတွေ ပေါ်လာတယ်…”

ချိုးချန် သည် ဟော်ယွင်ယိ့၏မျက်နှာကို သေချာစစ်ဆေးကြည့်ရာ သူ့မျက်နှာပေါ်တွင် သိသာထင်ရှားသော သနားကြင်နာခြင်းကို တွေ့လိုက်ရသည်။ သူမသည် အရမ်းပျော်သွားပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် ဟော်ယွင်ယိ့က အထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။

အိပ်ခန်းအတွင်းက ပို၍ပင် အေးပြီး အရိုးထိအောင် ချမ်းနေမယ်လို့ သူ မမျှော်လင့်ထားပါ။ အနောက်နန်းဆောင်သည် တစ်နှစ်ပတ်လုံး နေရောင်အနည်းငယ်သာရှိ၍ ညဉ့်နက်နေပြီဟု မဆိုလိုပါ။

ကုတင်ပေါ်ရှိလူသည် စောင်ခြုံထားပြီး မျက်နှာနီမြန်းကာ မျက်ခုံးများကြုတ်လျက် ပါးစပ်မှ မသိစိတ်ကရွတ်နေသလို တစ်စုံတစ်ရာကို ရေရွတ်နေသည်။

ဟော်ယွင်ယိ့သည် သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်ခံရသောအခါ ဆေးသေတ္တာကို ချရန် အသင့်ဖြစ်နေပြီဖြစ်သည်။ တစ်ဖက်လူက အံကြိတ်ကာ နာကျင်စွာ ရေရွတ်နေသည်ကိုသာ ကြားလိုက်ရသည်။

“သူ့ကို ကယ်ပါ…. သူ့ကို မြန်မြန်ကယ်ပါ….”

ဟော်ယွင်ယိ့သည် သူ့လက်ကို ဆွဲဖယ်ချင်ပေမယ့် တစ်ဖက်လူက အသေဆုပ်ကိုင်ထားတာကို တွေ့လိုက်ရသည်။ ရုန်းကန်မနေတော့ဘဲ ခဏတာ တုံ့ဆိုင်းနေပြီး လက်တစ်ဖက်တည်းနဲ့သာလျှင် ကုသပေးခဲ့သည်။

အပ်စိုက်ပြီးနောက်မှာတော့ သူ့ရှေ့ကလူသည် ငြိမ်သက်သွားခဲ့သည်။ မျက်မှောင်ကြုတ်နေသော မျက်ခုံးများ ပြေလျော့သွားသည်။ ဟော်ယွင်ယိ့သည် သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက်မှာ သူ့လက်ကောက်ဝတ်ပေါ်က လက်ကို ဆွဲယူပြီး စောင်အောက်မှာ ထားလိုက်သည်။ အိပ်ခန်းထဲက ထွက်လာပြီး ချိုးချန်ကို ခေါ်လိုက်သည်။

“မနက်ဖြန် တော်ဝင်သမားတော်ဝင်းမှာ ဒီဆေးကို လာယူဖို့ အဒေါ့်ကို ဒုက္ခပေးရတော့မယ်” ဟော်ယွင်ယိ့သည် အနောက်နန်းဆောင်၏ အခြေအနေကို သတိရကာ နူးညံ့စွာ ထပ်လောင်းပြောဆိုလိုက်သည် “စိတ်မပူပါနဲ့၊ ဘယ်သူမှ ပြဿနာမရှာအောင် ကျွန်တော်ကိုယ်တိုင် ရှင်းပြပါ့မယ်”

ချိုးချန်သည် သူမကို အသေးစိတ် ဂရုတစိုက်ဆက်ဆံတာကို တွေ့လိုက်ရပြီး သူမ​၏ အသားအရေသည် အနီရောင်သန်းလာခဲ့သည်။ သူမ၏နှလုံးသားသည် အပျော်တွေပြည့်နေပြီး “ကျေးဇူးအများကြီးတင်ပါတယ် တော်ဝင်သမားတော်”

ဟော်ယွင်ယိ့သည် ခဏလောက်စဉ်းစားပြီး သူ့ရင်ဘတ်ထဲက ကျောက်စိမ်းသေတ္တာငယ်လေးကို ထုတ်လိုက်ပြီး “ဒါက ကု့ပန်ဖေယွမ် လိမ်းဆေးအဆီပါ၊ နေ့တိုင်း အရှင့်သားကို လိမ်းပေးပါ”

သူက ထပ်ရှင်းပြဖို့ ပြင်နေတုန်းမှာပဲ ခန်းဆီးအတွင်းမှ “တော်ဝင်သမားတော်ဟော်”ဟု အသံဩဩဖြင့် ခေါ်သံကို ကြားလိုက်ရသည်။

ဟော်ယွင်ယိ့သည် ရပ်လိုက်ပြီး ချက်ခြင်းပင် လက်ထဲက ဆေးလုံးများကို ချကာ ခန်းဆီးကိုဖွင့်လျက် အထဲသို့ ဝင်သွားသည်။

သွယ်လျအေးစက်သော အဖြူရောင်လက်တစ်စုံက ကုတင်ကန့်လန့်ကာကို တွန်းဖယ်လိုက်သည်။ မျက်နှာက အရင်တစ်ခါကထက်ပင် ဖြူဖျော့နေပုံရပေမယ့် အဲဒီ့မျက်လုံးများက ဆောင်းဦးရေလို လှပပါသည်။ အဝေးက ရေကို ဖုံးလွှမ်းနေတဲ့ တိမ်အချို့နှင့် မြူခိုးတွေကြောင့် လူတွေက ရှင်းရှင်းလင်းလင်း မမြင်နိုင်အောင် ဖြစ်သွားသည်။

ဟော်ယွင်ယိ့သည် သူ့စိတ်ထဲက ခံစားချက်ကို မသိပေမယ့် အနည်းငယ် စိတ်မသက်မသာဖြစ်သောကြောင့် အနည်းငယ် ချောင်းဟန့်လိုက်သည် ။

“အရှင့်သား၊ ကျွန်တော်မျိုးကို ဘာကြောင့်ခေါ်တာပါလဲ?”

“မင်း… ဒဏ်ရာတွေ ကုသဖို့ ငါ့ကို ဆေးအချို့ ပေးလို့ရမလား?”

ဟော်ယွင်ယိ့ က ခေတ္တရပ်တန့်လိုက်ပြီး “အရှင့်သား၊ တစ်နေရာရာမှာ ဒဏ်ရာရနေတာပါလား?”

လီယွမ်မင်က ခေါင်းယမ်းလိုက်ပြီး မျက်လုံးများမှာ အနည်းငယ် လှုပ်ခတ်သွားသည် “ငါမဟုတ်ပါဘူး၊ ဒါပေမဲ့…”

သူက ခေတ္တရပ်လိုက်ပြီး “နေသာသလိုနေပါ၊ မသိတာက ပိုအဆင်ပြေပါလိမ့်မယ်”

သိပ်အရေးမကြီးပေမယ့် အနောက်နန်းဆောင်က လူတိုင်းကို ရှောင်ရမည်။ သူ့အဖေသာ ဒါကိုသိလျှင် အဖေ​၏ နားပူနားဆာကို အမှန်တကယ် ရှောင်လွှဲလို့ မရနိုင်ပါ။ သို့သော် ဟော်ယွင်ယိ့သည် တစ်စက္ကန့်မျှသာ တွေးတောကာ ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန်နေ့လယ်မှာ ကျွန်တော်မျိုး တာဝန်ကျမှာပါ။ အချိန်ကျရင် အားလုံးကို အရှင့်သားဆီ ပို့ပေးလိုက်ပါမယ်”

လီယွမ်မင်သည် သူ့အရင်ဘဝက အရင်းနှီးဆုံးသူငယ်ချင်းကို ကြည့်လိုက်သည်။ ယခုအချိန်တွင် အချင်းချင်း မသိကြဘဲ ခဏတာ ဆုံကြသော်လည်း တစ်ဖက်က တုံ့ဆိုင်းမှုမရှိ အကူအညီပေးသေးသည်။ သူ့အရင်ဘဝက ဝမ်းနည်းစရာကောင်းသည့် အဆုံးသတ်ကို တွေးရင်း လီယွမ်မင်သည် မကြည်မသာခံစားရပြီး လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ တော်ဝင်သမားတော်ဟော်”

ကျစ်ဟော်၊ ဒီဘဝမှာ မင်းကို စိတ်ဆင်းရဲစွာ မသေရအောင် ငါ အစွမ်းကုန် ကြိုးစားမယ်၊ မင်း ဒီဘဝမှာ အေးအေးချမ်းချမ်း နေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။

***

ဆောင်းဦးရာသီရွေးချယ်ပွဲ နီးကပ်လာပါပြီ။ မင်းသားအနည်းငယ်သည် ဖိတ်ကြားလွှာများ ပေးပို့ရန်၊ ဧကရာဇ်မင်းမြတ်၊ ထိပ်တန်းအရာရှိများနှင့်အတူ ပရိတ်သတ်များရရှိရန်နှင့် အတွင်းအပြင် အချင်းချင်း လည်သူစားစတမ်းလုပ်ဆောင်ရန် စတင်အလုပ်ရှုပ်နေကြသည်။ လူတိုင်းသည် သူတို့၏ အနာဂတ်အတွက် လမ်းခင်းရန် ကြိုးပမ်းနေခဲ့ကြသည်။

အထူးသဖြင့် ဝမ်ကွေ့ဖေးဖြစ်သည်။ သူမ၏ စတုတ္ထမြောက်မင်းသားသည် မင်းဆက်သုံးဆက်အတွက် လက်ဝဲအမတ်ချုပ်ဖြစ်ခဲ့သည့် ဦးရီးတော်တစ်ယောက်ရှိသော အကြီးဆုံးမင်းသားနှင့်မတူဘဲ ပို၍ပင် စေ့စပ်တိကျလာသည်။ သူမသည် ၁၀နှစ်ကျော် မျက်နှာသာပေးခံခဲ့ရပြီး သူမ၏မျက်စိနှင့်နားကို အင်ပါယာတရားရုံးကြား ဖြန့်ကျက်ထားခဲ့သည်။

ဆောင်းဦးရာသီရွေးချယ်ပွဲမတိုင်မီ နှစ်လသာကျန်တော့သည်။ အသက်ပြည့်ပြီဖြစ်သော မှူးမတ်သားသမီးများ၏ နေရာများသည် ရှင်းလင်းနေပြီဖြစ်ပြီး၊ ကျန်းပေဘုရင်၏ အမွေဆက်ခံသူဖြစ်သည့် စဉ်းမာယွိ့တစ်ဦးတည်း၏ သဘောထားသာလျှင် မပြတ်မသားဖြစ်နေသည်။ ဤအတောအတွင်း ကျန်းပေဘုရင်သည် နေမကောင်းဟု အကြောင်းပြကာ မည်သည့်ဧည့်သည်ကိုမျှ တွေ့ဆုံခြင်း မရှိခဲ့ပေ။

ဝမ်ကွေ့ဖေးက စိုးရိမ်နေမိသည်။ ဤပေ့အန်းပြည်နယ်၏ စစ်အာဏာတစ်ဝက်သည် ကျန်းပေဘုရင်လက်ထဲတွင် ရှိသည်။ သူမ​၏ သားဖြစ်သူသာ ပါဝင်နိုင်ခဲ့လျှင် ကြီးမားသော အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါသည်။ သို့သော် စတုတ္ထမင်းသားသည် ဖိတ်ကြားလွှာ ၇စောင်၊ ၈စောင် ပေးပို့ထားပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ၎င်းတို့အားလုံးကို တစ်ခုပြီးတစ်ခု ငြင်းပယ်ခဲ့သည်။ ဝမ်ကွေ့ဖေးသည် မစိုးရိမ်ဘဲ မနေနိုင်ပါ။ စိတ်ပူပင်စွာ မကူညီနိုင်ခဲ့ပါ။ အကြီးဆုံးမင်းသားသည်လည်း သူနှင့် အလားတူ ကံဆိုးမှုများ ကြုံဆုံခဲ့ရကြောင်းကို သူမ ကြားသိရသောကြောင့် သူမ၏ စိတ်ရှုပ်ထွေးမှုသည် အနည်းငယ်တော့ ငြိမ်သက်သွားခဲ့သည်။ သူမသည် အခွင့်အရေးကို ဖမ်းဆုပ်ရန် ကျန်းပေဘုရင်စံအိမ်၏ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ လူများကိုပင် စေလွှတ်ထားခဲ့သည်။

ဒုက္ခတွင်းထဲက အရသာ ရှိနေဆဲပင်ဖြစ်သည်။

အနောက်နန်းဆောင်တွင် လီယွမ်မင်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော သုံးယွဲ့အား လှောင်ပြုံးဖြင့် ကြည့်နေခဲ့သည်။ ဒီလို ထုံထုံထိုင်းထိုင်း မိုက်မဲသော နန်းတွင်းအစေခံသည် အမှန်တကယ်ပင် စဉ်းမာမိသားစုမှ သူ့အား ထောက်လှမ်းရန် စေလွှတ်ခံရသူဟု မည်သူမျှ မထင်မိခဲ့ပေ။ သူမလက်ထဲမှာ စာတစ်စောင်ရှိပြီး မဖွင့်ဘဲနှင့်ပင် လီယွမ်မင်သည် စာပါအကြောင်းအရာကို သိပြီးဖြစ်သည်။

သူ၏ယခင်ဘဝတွင် သူသည် ဤစာမှပေးဆောင်ခဲ့သော အကိုင်းအခက်ကို မှီခိုအားထားကာ သူနှင့် စဉ်းမာယွိ့ ကြားတွင် အကြောင်းမလှသောဆက်ဆံရေးကို ဖြစ်စေခဲ့သည်။

သို့သော်လည်း လက်ရှိတွင်မူ ယခင်ဘဝကကဲ့သို့ စဉ်းမာယွိ့ကို ချစ်မြတ်နိုးခြင်းတွေ ရှိရမည့်အစား အေးစက်ခြင်းတွေကလွဲလို့ ဘာမှမကျန်တော့ပါ။

သုံးယွဲ့က သူ့မျက်လုံးတွေ မည်းမှောင်နေတာကိုမြင်တော့ သူစိတ်ပူနေသည်ဟု တွေးကာ နူးညံ့စွာ နှစ်သိမ့်ပေးနေသည်-

“အရှင့်သား ဘာမှစိတ်ပူစရာ မလိုပါဘူး။ အခုဆို အရှင့်သားဘက်မှာ ဆက်ခံသူရှိနေပြီဆိုတော့ ဆောင်းဦးရာသီရွေးချယ်ပွဲကို တိတ်တဆိတ်စောင့်ဆိုင်းရုံပါပဲ”

လီယွမ်မင်ထံ စာကို ပေးလိုက်ပြီးနောက် သုံးယွဲ့၏ မျက်နှာအမူအရာသည် ညှိုးနွမ်းသွားသည်။ သူမ​၏ ယခင်က ထုံထုံထိုင်းထိုင်းနှင့် အသက်မဲ့နေသလို နန်းတွင်းအစေခံ ဖြစ်သွားပြီး ဦးညွှတ်ကာ အပြင်သို့ ဆုတ်ခွာသွားသည်။

“ဘဝက အနှောင့်ယှက်တွေနဲ့ ပြည့်နှက်နေပေမယ့် ကြင်နာမှုကို အားကိုးပြီး အသေးစိတ်ရှင်းပြဖို့ မလိုတဲ့ တချို့အရာတွေရှိတယ်”

သူ့ယခင်ဘဝ၏အနာဂတ်တွင် လီယွမ်မင်က ဤအရာအားလုံးအတွက် အကြောင်းပြချက်တောင်းခဲ့သော်လည်း အခြားတစ်ဖက်က နူးညံ့သိမ်မွေ့သောမျက်လုံးများဖြင့် ပေါ့ပေါ့တန်တန်သာလျှင် ပြန်ဖြေခဲ့သည်။

ငယ်စဉ်ကတည်းက သူ့ကို နိမိတ်မကောင်းသောလူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အပြင်လူများသာမကဘဲ နန်းတော်တွင်းရှိ အစေခံများကပါ သူနှင့် ဆက်စပ်မိမည်ကို ကြောက်သောကြောင့် ရှောင်သွားကြသည်။ အသက် ၁၃ နှစ်အထိ တစ်ယောက်တည်း ကြီးပြင်းလာခဲ့သည်။ ဆင်းရဲတွင်းနက်နေသော သူ့ဘဝသည် မှောင်မဲအေးခဲနေ၏။ ထို့ကြောင့် သူသည် မီးထဲသို့ တိုးဝင်နေသော ပိုးဖလံတစ်ကောင်ဖြစ်ကြောင်းကို သိတာတောင်မှ ထိုတောက်ပသော အလင်းရောင်ကို ရုတ်တရက် တွေ့ကြုံခွင့်ရလိုက်သော် နောက်ပြန်လှည့်ရန် မတတ်နိုင်တော့ပါ။

လီယွမ်မင်သည် လွတ်လွတ်လပ်လပ် ပြုံးလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

လီယွမ်မင်သည် စာကိုပင်မဖတ်ဘဲ ဖယောင်းတိုင်မီးပေါ်သို့ ပစ်ချကာ မီးရှို့ပစ်လိုက်သည်။ အေးမြသော နန်းဆောင်တွင်း၌ မီးခိုးငွေ့များ လွင့်ပျံလာသည်။

***

နှစ်ကုန်တွင် မြို့တော်၌ ပထမဆုံးနှင်းကျသည်။ အင်ပါယာနန်းတော်၏ နံရံများမှာ အဖြူရောင်အလွှာများ စွန်းထင်းနေပြီး မြောက်လေက အရိုးထိ အေးခဲသွားအောင် တိုက်နေသလိုပင်။ နန်းတွင်းအစေခံအားလုံးသည် အပြင်ဘက်တွင် နောက်ထပ်အခိုက်အတန့်ပင် နေလိုစိတ်မရှိဘဲ အထဲသို့ အလျင်စလိုဝင်သွားကြသည်။

အပြင်ဘက်က အေးခဲသောရာသီဥတုနဲ့ ခြားနားစွာ ကျုံးချွေ့နန်းဆောင်တွင်း ဇိမ်ကျကျ ရှုခင်းများရှိသည်။ နန်းဆောင်သည် တစ်နေ့တာလုံး နွေးထွေးနေပြီး ရွှေရောင်သားရဲမီးပြင်းဖိုမှ အဖြူရောင်မီးခိုမျှင်အချို့တန်းလာကာ နွေးထွေးပြီး မွှေးကြိုင်သော ရနံ့ကို ထုတ်လွှတ်နေသည်။

နန်းဆောင်အတွင်းတွင် အစေခံအချို့သည် မျက်ခုံးများကို ပင့်ကာ အသံတစ်သံပင် မထွက်ဝံ့ဘဲ အသက်ရှုအောင့်ထားကြသည်။

ဝမ်ကွေ့ဖေးက ညင်သာစွာ နောက်သို့မှီလိုက်သည်။ သူမသည် အသက်၃၀ပြည့်သည်မှာ သိပ်မကြာသေးပေ။ သူမ၏ ကောင်းစွာထိန်းသိမ်းထားသော မျက်နှာသည် တုနှိုင်းမရလောက်အောင် လှပပြီး လက်ရာမြောက်သော နန်းတော်ဝတ်စုံဖြင့် သူမ၏ တစ်ကိုယ်လုံးသည် ဖော်ပြ၍မရနိုင်လောက်အောင်ပင်။ သူမလက်ထဲတွင် ရွှေရောင်ဖောင်းကြွလက်အနွေးမီးဖိုကို ကိုင်ထားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော
လီယွမ်လန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

“အသုံးမကျဘူး!”

လက်အနွေးမီးဖိုကို ရေရွတ်သံနှင့်အတူ လွှင့်ပစ်လိုက်တော့ လီယွမ်လန်၏ခေါင်းပေါ်သို့ ပြုတ်ကျသွားသည်။

အားက မပျော့လှဘဲ လီယွမ်လန်သည် ရေနွေးပူပူဖြင့် ရုတ်တရက် ပက်ခံရသော်လည်း ရှောင်တိမ်းရန် မဝံ့ရဲပေ။ ခေါင်းကိုငုံ့ကာ-

“မယ်တော်၊ စိတ်အေးအေးထားပါ!”

“စိတ်အေးအေးထားရမယ်? ပန်ကုံးက ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်မှာလဲ? အခု ဒီနန်းဆောင်မှာ ပန်ကုံးနေရာတောင် မရှိလောက်တော့ဘူး။ ပန်ကုံးက မင်းကို နှစ်ပေါင်းများစွာ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့တယ်၊ နောက်ဆုံးတော့ မင်းက ခွေးလောက်တောင် အသုံးမဝင်ပါ့လား!”
(ပန်ကုံး = တော်ဝင်တွေက သူတို့ကိုယ်သူတို့ ရည်ညွှန်းသော အခေါ်အဝေါ်ပါ)

လီယွမ်လန်၏ မျက်လုံးများတွင် အောင့်အည်းထိန်းချုပ်ထားသော အရိပ်အယောင် ပေါ်လာသော်လည်း သူ့အမူအရာမှာ ပို၍ နှိမ့်ချလာသည်။

“ဒီသားတော်က အရည်အချင်းမပြည့်မီလို့ မယ်တော့်ကို စိတ်ပျက်စေပါတယ်။ ရိုက်နှက် အပြစ်ပေးခံရသင့်ပါတယ်။ မယ်တော့်စကားများကို အခြေတည်ပြီး ဒီသားတော်ကို သနားညှာတာထောက်ထားပေးဖို့ မျှော်လင့်ပါတယ်။ မယ်တော့်ခန္ဓာကိုယ်အတွက် မကောင်းတဲ့အတွက် စိတ်မဆိုးပါနဲ့။ ဒီသားတော်က သေဖို့ ဆန္ဒရှိပါတယ်”

ဤနည်းဖြင့် ညင်သာစွာချော့မော့ခြင်းသည် ဝမ်ကွေ့ဖေး၏ နှလုံးသားထဲက ဒေါသများစွာကို မထင်မှတ်ဘဲ ချောမွေ့သွားစေခဲ့သည်။ သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောသည်။

“ဆောင်းဦးရာသီရွေးချယ်ပွဲက နှစ်လတောင်မလိုတော့ဘူး။ လီယွမ်ချန်သာ ကျန်းပေဘုရင်ကို ရဖို့ အခွင့်အရေးရှိသွားရင် မင်း ပန်ကုံးကို မယ်တော်လို့ ခေါ်စရာမလိုတော့ဘူး”

“သားတော် စိတ်ထဲမှာ မှတ်ထားပါ့မယ်!”

လီယွမ်လန်က သူ့တံတွေးကို မျိုချလိုက်သည်။ သူ့နဖူးပေါ်က ရေတွေကို ဝတ်ရုံလက်နှင့် သုတ်လိုက်ပြီး “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းနန်ဘုရင်ခံရဲ့ အိမ်တော်မှာ ထိုင်းဖင် သွေးငှက်သိုက်အချို့ ဝယ်ခဲ့တယ်။ မယ်တော်က အားအင်ကုန်ခန်းနေတယ်လို့ သားတော်တွေးမိလို့ အားပြန်ဖြည့်ဖို့ မနေ့က တော်ဝင်အိမ်တော်ဌာနကို သွားပြီး မယ်တော်အတွက် အထူးသဖြင့် အကောင်းဆုံးအပိုင်းကို ချန်ထားဖို့ အကြံပေးခဲ့တယ်။ ခဏနေ ယွဲ့ရှန်းကို ယူခိုင်းလိုက်ပါ။ မယ်တော်အတွက် စမ်းသုံးကြည့်ဖို့ ကောင်းပါတယ်”

ဝမ်ကွေ့ဖေးက “မင်းမှာ အသိတရားအချို့ ကျန်သေးတော့ ထလို့ရပြီ”

လီယွမ်လန် သက်ပြင်းချလိုက်သည်။ လေးလေးစားစား မတ်တပ်ထရပ်ပြီး ဝမ်ကွေ့ဖေးနောက်သို့ လက်အစုံချလျက် လျှောက်သွားပြီးနောက် သူမ​၏နားထင်များကို နှိပ်နယ်ပေးသည်။ အခုလေးတင် ဘာမှမဖြစ်ခဲ့သလို ဟန်လုပ်သည်။

သူသည် ငယ်ငယ်လေးကတည်းက ဝမ်ချောင်လွမ် နှစ်သက်အောင်နေခဲ့ရသောကြောင့် သူမ အမြဲတမ်း ခေါင်းကိုက်နေမှန်း သူသိသည်။ ထို့ကြောင့် သူသည် အပ်စိုက်ကုထုံး အမှတ်များ၌ နှိပ်နယ်နည်းကို ဂရုတစိုက် သင်ယူခဲ့သည်။ နှစ်တွေကြာလာတာနဲ့အမျှ သူကျွမ်းကျင်လာသည်။ သေချာတာကတော့ အချိန်တိုအတွင်း နှိပ်နယ်ပြီးနောက် ဝမ်ကွေ့ဖေး​၏အနည်းငယ်မှိတ်ထားသော မျက်လုံးတစ်စုံသည် စင်းကျကာ သူမ​၏နှုတ်ခမ်းထောင့်သည် အတော်ပြေလျော့သွားပါသည်။
(ဝမ်ချောင်လွမ် = ဝမ်ကွေ့ဖေး)

“မင်းလို လိမ္မာပါးနပ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အလုပ်ကို သွက်လက်ကျွမ်းကျင်စွာ မကိုင်တွယ်တတ်ရင် ဘယ်လိုလုပ် ဒီလိုနေ့ ရောက်လာနိုင်မှာလဲ? အနောက်နန်းဆောင်ကို ကြည့်၊ ပန်ကုံးက မင်းကို ပေါ့ပေါ့တန်တန် ဆက်ဆံနေတာမဟုတ်ဘူးဆိုတာ သတိထားပါ”

လီယွမ်လန်က သူမနှင့်အတူ ရယ်မောလိုက်ပြီး အောက်ကျို့သော အသံဖြင့် “မယ်တော်က သားတော်ကို သားအရင်းလို ဆက်ဆံတော့ သားတော်ရဲ့ မွေးမိခင်ကတောင် မယှဉ်နိုင်မှာစိုးပါတယ်။ ဒါကြောင့် ကြီးမားလှတဲ့ ဒီဂရုဏာတရားကို သားတော်ရဲ့ နှလုံးသားထဲမှာ ရေးထွင်းထားပါတယ်”

ဝမ်ကွေ့ဖေး၏ ပါးစပ်ထောင့်မှာ လှုပ်ယမ်းသွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်ကာ “ဒီနေ့ ပန်ကုံး ဒေါသထွက်တာကို မင်း အပြစ်မတင်နဲ့။ မင်းရဲ့ စတုတ္ထညီတော်က သတိလက်လွတ်ဖြစ်ရင် ပန်ကုံးက တာဝန်ယူရမှာ။ အစ်ကိုတော်ဖြစ်တဲ့မင်းက ပိုတောင်တာဝန်ယူရအုန်းမယ်။ သူ့ကို နည်းနည်းလေးတောင် အကူအညီမပေးနိုင်ရင် ပန်ကုံးက ဒီနန်းဆောင်မှာအသုံးမဝင်တဲ့ လူတစ်ယောက်ကို ပျိုးထောင်ထားတယ်လို့ အဓိပ္ပာယ်မရဘူးလား?”

“သားတော် မှတ်သားထားပါ့မယ်”

နှိပ်နယ်နေသောအားက သာယာမှုကို ပိုပိုပြီး ပေးစွမ်းလာသည်။ ဝမ်ချောင်လွမ်သည် ကျေနပ်အားရသော အသံကို မထိန်းနိုင်ဘဲ “မင်းရဲ့ အရည်အချင်းက တကယ့်ကို တိုးတက်နေပြီ”

သူမမျက်လုံးများသည် ပန်းများနှင့် ငှက်ကလေးများ ခြယ်သထားသည့် ကြေးမှန်ဘောင်တွင် ကျရောက်နေသည်။ မှန်ထဲကပုံရိပ်သည် အသက်သုံးဆယ်ကျော်ပေမယ့် နှစ်ပေါင်းများစွာ ဖူးဖူးမှုတ်ထားခြင်းခံရသောကြောင့် သူမ​၏မျက်နှာတွင် အိုမင်းရင့်ရော်မှု အရိပ်အယောင်များ မတွေ့ရပါ။ သူမသည် “ကျန်းနန် နံပါတ်၁ အလှလေး”ဟူသော သရဖူကို ဆောင်းထားဆဲဖြစ်သည်။ ထိုအချိန်က ဝမ်ချောင်လွမ်သည်
ဟူကျိုးဒေသတရားသူကြီး၏ သမီးတစ်ဦးမျှသာဖြစ်ပြီး မြို့တော်တွင် မရေမတွက်နိုင်သော တော်ဝင်သမီးတော်များ ရှိခဲ့သည်။ သူမ​၏ မျက်နှာနှင့် လိမ္မာပါးနပ်မှုကြောင့်သာ မဟုတ်ရင် သူမသည် ဒီအထိ ဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ?

သူမသည် သူမ​၏ရုပ်ရည်သွင်ပြင်ကို ယုံကြည်မှုအပြည့်ရှိပြီး ရုပ်ရည်နဲ့ပတ်သက်လာရင် မည်သည့်ပြိုင်ဘက်ကိုမှ မတွေ့ဖူးပါ။ ဒါကိုတွေးရင်း ဝိုးတိုးဝါးတားမျက်နှာတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။ ဝမ်ချောင်လွမ်၏ မျက်လုံးများ အေးစက်သွားသည်။ သူမ၏ လက်ချောင်းထိပ်များသည် မထိန်းနိုင်ဘဲ လက်ဖဝါးထဲသို့ ထိုးစိုက်မိသွားသည်။

ခဏအကြာတွင် သူမ​၏ နှုတ်ခမ်းထောင့်က လှောင်ပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။

အကယ်၍ ပြိုင်ဘက်ရှိလျှင်ကော? နိမ့်ကျသော အမျိုးသမီး ဖျော်ဖြေရေးသမား​၏ ဘဝက စျေးပေါပါသည်။ ယခင်က ဧကရာဇ်၏ မျက်နှာသာပေးမှုကို ခံခဲ့ရသော်လည်း နောက်ဆုံးတွင် သူမသည် သွေးဆုံးရှုံးမှုဖြင့် သေဆုံးသွားပြီး ဧကရာဇ်မိသားစုကို ညစ်နွမ်းစေရန် ယောက်ျားမဟုတ်၊ မိန်းမမဟုတ်သည့် မကောင်းဆိုးဝါးတစ်ကောင်ကို ချန်ထားခဲ့သည်။ ယခုဆို ဘုရင်မင်းမြတ်သည် သူမအကြောင်းကို တွေးကြည့်ရုံမျှနှင့် ရွံရှာနေမည်ကို စိုးပါသည်။

စဉ်းမာရိ၊ ထိုခွေးမသည် သူမကို အသုံးချပြီးတောင် မျက်နှာသာရရန်ကြိုးပမ်းခဲ့သည်။ ဟာသပဲ! သူမက နာမည်ကြီး ကျန်းပေဘုရင် အိမ်တော်ကနေ မွေးဖွားလာတော့ကော ဘာအရေးလဲ? သူ့ကလေးသူတောင် မမွေးနိုင်ဘူး။ ယခုအချိန်တွင် စဉ်းမာမိသားစုသည် ရာထူးကြီးမြင့်သည့်တိုင် အကြီးဆုံးမင်းသားနှင့် သူမ၏စတုတ္ထမင်းသားကြားတွင် မှီခိုရန် သစ်ပင်တစ်ပင်ကို ရွေးချယ်ရသေးသည်။ သူမမိသားစု​၏ ကြီးပွားတိုးတက်ရေးအတွက်သာ မဟုတ်လျှင် ဒီစဉ်းမာမိသားစုကို ဘယ်လိုလုပ် မောင်းမထုတ်ဘဲ နေနိုင်မှာလဲ? ဧကရီဘုရင်မနေရာယူထားသော စဉ်းမာရိကို သူမ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ? ရုံဟွာနန်းဆောင်မှာ ဆင်မြန်းထားလေ့ရှိသော အတုအယောင် အပြုံးများကို တွေးမိတော့ ဝမ်ချောင်လွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်မိသည်။

လောလောဆယ်တော့ ထိုကိစ္စက အရေးမကြီးပါ။

မိန်းမစိုး ထုံချွမ် တိတ်တဆိတ်ဝင်လာသောအခါတွင် သူမက ခေါင်းအုံးကို ဖြည်းညှင်းစွာ မှီနေသည်။

“နျန်နျန်၊ တတိယမင်းသား လာရောက် ဂါရဝပြုပါတယ်”

“ဘယ်သူလဲ?” ဝမ်ချောင်လွမ်သည် ခဏတာ ကြောင်သွားသည်။

မိန်းမစိုးက “အနောက်နန်းဆောင်က တစ်ပါးပါ…”

ဝမ်ချောင်လွမ်က မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သည့်ငါးနှစ်လောက်က မောင်းမဆောင်​၏တံဆိပ်ကို သူမ တာဝန်ယူပြီးကတည်းက ဒီကံဆိုးကောင်ကို ဂါရဝလာပြုဖို့ တားမြစ်ထားသည်လေ၊ သူက ဘာကြောင့် ဒီနေ့ လာရတာလဲ?

ခဏလောက်ကြာတော့ သူမ​၏ လှပသောမျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုတွေ ပေါ်လာပြီးနောက် ဝမ်ချောင်လွမ်က ရုတ်တရက် အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ သူမသည် ခဏလောက်စဉ်းစားပြီးနောက် လက်ကို မြှောက်လိုက်သည်။

“ဝင်ခိုင်းလိုက်”

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset