ERST အခန်း ၃၁

အခန်း (၃၁)

“ငါ နင့်ရဲ့ထုတ်လွှင့်မှုတွေ ကြည့်ဖြစ်တယ်၊ ဒါပေမဲ့ တစ်ခါမှ ဆုမရခဲ့ဘူး၊ ငါ Weibo က မှတ်ချက်တွေ ကြည့်ပြီးတော့ ကြိုးစားကြည့်ချင်ခဲ့တာ၊ ဒါကြောင့် ဒီကိုလာဖို့ ဒီနေ့ ငါ့သူငယ်ချင်းနဲ့ ချိန်းလိုက်တာ ”

ရှန်းထင်ရွှမ်းက “ကျေးဇူးပါ ”

“ငါက ချင်ယွဲ့ကျီရဲ့ ပရိသတ်တစ်ယောက်ပါ၊ မနေ့က ငါ့အစ်ကိုအတွက် ပြောပေးခဲ့တာ ကျေဇူးတင်ပါတယ် ”

“ငါ အမှန်တိုင်းပဲ ပြောခဲ့တာပါ ”

သို့သော်လည်း ချင်ယွဲ့ကျီအတွက် ရှန်းထင်ရွှမ်း၏ ချစ်ခင်မှုကို တဆင့်တိုးသွားစေသည်။ ထိုbug ကို ကြည့်ရသည်မှာ သူမ၏တာဝန်ကို ပြီးမြောက်စေရုံသာမက သူ့ပရိသတ်များ ရောက်လာအောင်လည်း ကူညီနိုင်ပေသည်။

“ငါလည်း အစ်ကို့ရဲ့ ပရိသတ်ပါ၊ အစ်ကိုက မွေးနေ့ပွဲမှာ ကျွေးဖို့ ရှင့်ရဲ့ အသီးတွေကို ယူလာခဲ့တာ၊ အရမ်းကောင်းမွန်တယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ စူပါမောကနေ အသီးတချို့တောင် မလုနိုင်ခဲ့ဘူး၊ ဒါ့ကြောင့် ငါတို့ ဒီကို လာခဲ့တာ ”

အသီးများကို မူလက စူပါမောတွင် ရောင်းချပေသည်။ ပစ္စည်းများကို ဆွဲဆောင်ရန် ချင်ယွဲ့ကျီ၏ စွမ်းရည်က ပထမတန်းစားဖြစ်သကဲ့သို့ ချင်ယွဲ့ကျီ၏ အသီးများက စူပါမောမှ အသီးများနှင့် တူညီကြောင်း ပရိသတ်များက ကြားသောအခါ သူတို့က အသီးများကို ဝယ်ရန် စူပါမားကတ်သို့ သွားခဲ့ကြသည်။

ထို့ကြောင့် ရှန်းထင်ရွှမ်းက လုမင်ဟွေ့အား အသီးများ၏ ပမာဏကို နှစ်ဆလောက် တင်သွင်းလျှင်တောင် ၎င်းတို့ကို ရောင်းရန် မလုံလောက်နေဆဲ ဖြစ်သည်။

ရောက်လာသည့်လူများက အသီးများဝယ်ရန် ရှင်းယွမ်ရှန်သို့ လာရသည့် သူတို့၏ အကြောင်းပြချက်များကို ပြောနေကြသည်။ သူမက လူတိုင်းကို ကျေးဇူးတင်လိုက်ပြီးနောက် ပြောလိုက်သည်။

“ရှင်တို့ ဘယ်လောက်လိုတာလဲ၊ တကယ်လို့ မလုံလောက်ဘူးဆိုရင် ကျွန်မတောင်ပေါ်တက်ပြီး အသီးတွေပိုခူးပေးမယ် ”

ထို့နောက် ဤလူများက ရှန်းထင်ရွှမ်း တောင်ပေါ်သို့ ပြန်တက်သွားသည်ကို မြင်လိုက်ကြသည်။

“ဟေး ငါတို့ပြေးသွားမှာကို သူ မကြောက်ဘူးလား ”

“ဒါက ရွာလေ၊ လူတွေက ရိုးသားတယ်၊ လူတိုင်းက အသားကျနေပြီ ”

“ဟုတ်တယ်၊ မိန်းကလေးက အသားကျနေပုံပဲ၊ ကြည့်၊ ဒီမှာ QR code လည်း ရှိတယ် ”

လူတိုင်းက ဆွေးနွေးနေကြစဥ် ရွာမှ တချို့လူများက ရောက်လာကြပြီး ရှန်းထင်ရွှမ်း၏ စားပွဲဘေးတွင် ဝိုင်းနေကြသည့် လူများကို မြင်လိုက်ကြသည်။

အချိန်ခဏကြာ စောင့်ဆိုင်းပြီးနောက် သူတို့က မတ်တတ်ရပ်ပြီး စကားပြောနေဆဲဖြစ်သည်ကို မြင်ပြီး သူတို့က အသီးများရွေးရန် လာကြသည့်သူများ ဟုတ်ပုံမပေါ်ပေ။

ရွာသူရွာသားများက အသီးများကို ရိုးရှင်းစွာပင် ချိန်တွယ်လိုက်ကြပြီး ပါးယွဲ့ကွား ငါးလုံးကို ယူကာ QR နှင့် ငွေပေးချေလိုက်ပြီးနောက် ထွက်ခွာသွားကြသည်။

ရွာသားများ ထွက်ခွာသွားပြီးနောက် အဖွဲ့က ကြာကြာမစောင့်တော့ဘဲ အသီးများကို ရွေးရန် စတင်လိုက်သည်။

သို့သော် ဤအသီးများက ရွေးချယ်ရန် မလိုကြောင်း တွေ့ရှိသွားကြသည်။ အသီးအားလုံးက ကောင်းမွန်ပေသည်။

တခြားသူများက ရှင်းယွမ်ရှန်သို့ တစ်ယောက်ပြီး တစ်ယောက် အပြေးအလွှား လာခဲ့ကြသည်။ ရှေ့ရှိလူများက အသီးများကို ကိုယ်တိုင်ရွေးချယ်ပြီး QR ကို ဖတ်ကာ ငွေပေးချေကြသည်ကို နောက်ရှိလူများက မြင်ကြပြီး ထိုစည်းမျဥ်းအတိုင်း လိုက်နာကြပေသည်။

ဆီးသီးများ၊ မက်မွန်သီးများနှင့် ဖရဲသီးများကို စားပွဲရှေ့ရှိ မြေပြင်ပေါ်တွင် ချထားခဲ့သည်။ ပါးယွဲ့ကွားကဲ့သို့ အထိမခံသည့် အသီးများက စားပွဲပေါ်တွင် ရှိပေသည်။

ရှန်းထင်ရွှမ်းက အနည်းငယ်သော အသီးကတ်တီ ရာဂဏန်းခန့်ကို သယ်ဆောင်ရန် သူမ၏ ထော်လာဂျီကို အသုံးပြုလိုက်သည်။

“အဲဒါ ဘာတွေလဲ ” ရှင်းယွမ်ရှန်ကို ယခုပဲ ရောက်ရှိလာသည့် လူက စားပွဲပေါ်ရှိ အသီးများကို မြင်သောအခါ မေးလိုက်သည်။

နောက်ဘက်မှ တစ်ယောက်က ပြောလိုက်သည်။ “ပါးယွဲ့ကွားလေ၊ ငါ အဲဒီအသီးကို အားရွှမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ မြင်ဖူးတယ် ”

ဤလူက ခဏလောက် စဥ်းစားနေခဲ့ပြီး တစ်လုံးကို ယူလိုက်ကာ ငွေပေးချေလိုက်သည်။

လူအုပ်ထဲမှ ထွက်လာခဲ့ပြီး ပါးယွဲ့ကွားက ပြန်သယ်သွားရန် အဆင်မပြေပေ။ သူက ဤနေရာတွင် အသီးကို စားရန် ဆုံးဖြတ်လိုက်ပြီး တခြားအသီးများကို အိမ်ပြန်ယူသွားပေမည်။

တစ်ကိုက်ကိုက်လိုက်ရာ ၎င်းက အလွန်ချိုမြိန်ပြီး အရသာက ငှက်ပျောသီးနှင့် အနည်းငယ် တူပေသည်။ သို့သော် အတိအကျတော့ မတူပေ။ ၎င်းက အသားအများကြီး မရှိပေ။ သို့သော် မွှေးရနံ့က ပါးစပ်ထဲတွင် အကြာကြီး မွှေးပျံ့နေပေသည်။

ဒါက အရမ်း အရသာရှိတာပဲ။

သူက ပါးယွဲ့ကွားကို ထပ်ဝယ်ရန် ပြန်လှည့်လိုက်သည်။ သို့သော် တန်းစီနေသည့် အထဲမှ လူတစ်ယောက်က ပြောလိုက်သည်။ “မင်း တန်းစီနေတုန်းပဲလား ”

“ဟုတ်တယ်၊ မင်း ခုပဲ ပါးယွဲ့ကွား တစ်လုံး ဝယ်ခဲ့တာ၊ မင်းထပ်လိုချင်ရင် ထပ်ပြီး တန်းစီဖို့ လိုတယ်”

သူက နောက်ဘက်ရှိ တန်းစီနေသည့် လူတန်းရှည်ကြီးကို ကြည့်လိုက်ပြီး စားပွဲပေါ်တွင် ပါးယွဲ့ကွား အနည်းငယ်သာ ကျန်တော့သည်။ သူ့အလှည့်ရောက်ပါက ကျန်ဦးမလား သူမသိပေ။

သက်ပြင်းချလိုက်ပြီး မနက်ဖြန်မှ ပြန်လာရန် တွေးလိုက်သည်။

……

ယနေ့၏ ပို့ဆောင်ရေးကားက အရင်ကထက် ပိုကြီးပေသည်။ သို့သော် ရှန်းထင်ရွှမ်းတွင်လည်း ပို့ဆောင်ရန် အထုပ်အများအပြား ရှိပေသည်။ သူမက တောင်အောက်ရှိ အသီးများကို ဖြည့်ပြီးနောက် ပြန်လာခဲ့ပြီး လိပ်စာများကို ပရင့်ထုတ်လိုက်သည်။ ယင်းက ပြီးမြောက်ရန် အချိန်အတော်ကြာပေသည်။

နောက်ဆုံးတွင် လျှပ်စစ်ပစ္စည်းများကို တပ်ဆင်နေကြသည့် လူများက အလုပ်ရှုပ်နေကြဆဲဖြစ်သည်။ ရှန်းထင်ရွှမ်းက လိပ်စာများကို ပရင့်ထုတ်ပြီးသွားသည်။ သူမက ပစ္စည်းများကို လာယူရန် အဘိုးကြီးတုကို ခေါ်လိုက်သည်။

ရှန်းထင်ရွှမ်းက ဤအရာကို ဆက်လုပ်နေခဲ့လျှင် ၎င်းက ကူးယူပြီး ကူးထည့်ရုံသက်သက် ဖြစ်သော်လည်း လိပ်စာတစ်သောင်းကို ပရင့်ထုတ်ရန် အရမ်းကြာလွန်းသည်ဟု သူမက တွေးနေခဲ့သည်။

“မိန်းကလေးရှန်း ကျွန်တော်တို့ တပ်ဆင်တာ ပြီးပါပြီ၊ စမ်းကြည့်ဦးမလား ”

ရှန်းထင်ရွှမ်းက အခန်းအပြင်သို့ ထွက်လာခဲ့ပြီး “ကောင်းပြီ ”

သူတို့က ဤပစ္စည်းများ၏ အသုံးပြုပုံကို ရှန်းထင်ရွှမ်းအား ပြောပြလိုက်ပြီး ထွက်မသွားခင် ရှန်းထင်ရွှမ်း နားလည်အောင် သေချာပြောပြလိုက်သည်။ သူတို့ဘေးရှိ ရေနှင့် အသီးများကိုတော့ သူတို့က အနည်းငယ်တောင် မစားခဲ့ပေ။

ရှန်းထင်ရွှမ်းက သူတို့အတွက် အသီးများကို ထုပ်ပိုးပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ စားဖို့ ယူသွားလိုက်ပါ ”

ဤလူများက ယူသွားရန် ရှက်နေခဲ့ကြသည်။ “ကျွန်တော်တို့ ကုမ္ပဏီက စည်းကမ်းတစ်ခုရှိတယ်၊ ဝယ်သူတွေ တိုက်တဲ့ရေကို သောက်လို့မရဘူး ”

ရှန်းထင်ရွှမ်းက “ဒါက ရေမဟုတ်ဘူးလေ ” အသီးနှင့် ရေက မတူပေ။

သူတို့လေးယောက်က ပိုပြီး ရှက်လာခဲ့သည်။

သူတို့က တောင်ပေါ်မှ ဆင်းလာခဲ့ပြီးနောက် တောက်ခြေတွင် အသီးဝယ်နေကြသည့် လူအများကြီးကို မြင်လိုက်ကြသည်။

“ဒီမိန်းကလေးက တော်တော်အံ့ဩဖို့ကောင်းတာပဲ ”

အတိအကျပြောရလျှင် ဤကဲ့သို့ ‌တောင်ကြီးတစ်တောင်ကို လူတစ်ယောက်တည်းက စောင့်ရှောက်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့က အိမ်ရှိ ပစ္စည်းတချို့ကိုလည်း ပြင်ဆင်ရန် ရှန်းထင်ရွှမ်းကို ကူညီပေးခဲ့ကြသည်။

“ဟုတ်တယ်၊ သူ ရောင်းတဲ့အသီးတွေကို လူတွေအများကြီး ဝယ်ကြတာပဲ “

“ဒါပေမဲ့ ဒီအသီးတွေက တကယ်ပဲ ကောင်းတယ်၊ မက်မွန်သီးဆို အကြီးကြီးပဲ၊ နီရဲနေတာပဲ “ စကားပြောလိုက်သည့် လူက အိတ်ထဲရှိ အသီးကို ကြည့်လိုက်သည်။

သူတို့က ဝယ်သူများ၏ အိမ်သို့ သွားသည့် အချိန်တိုင်း ယဉ်ကျေးသည့် ဝယ်သူများက သူတို့ကို ရေတိုက်လေ့ရှိသည်။ သို့သော် သူတို့က ယခုအချိန်ကဲ့သို့ ငြင်းဆန်လေ့ရှိသည်။ ဝယ်သူတစ်ယောက်က အသီးများကို အိမ်ပြန်ယူသွားရန် ထုပ်ပိုးပေးခဲ့သည်က တကယ်ပဲ ပထမဆုံးအကြိမ် ဖြစ်သည်။

“ဒီမိန်းကလေးက တောင်ပေါ်မှာ တစ်ယောက်တည်း ဘယ်လိုနေနေလဲ မသိဘူး “

“ဟုတ်တယ်၊ ငါက လူကြီးတစ်ယောက် ဖြစ်နေပြီ၊ ဒါပေမဲ့ တောင်ပေါ်မှာ ညဘက်တစ်ယောက်တည်း နေရမယ်ဆိုရင် ငါ နည်းနည်းတော့ ကြောက်နေမိမှာပဲ “

ထိုအချိန်၌ ယောက်ျားကြီးလေးယောက်လုံးက တိတ်ဆိတ်သွားခဲ့သည်။

သူတို့ထဲမှ တစ်ယောက်က အိတ်ထဲမှ မက်မွန်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး “ငါ အရင်ဆုံး ဒီမက်မွန်သီးကို မြည်းကြည့်မယ် “

ပြောပြီးနောက် သူက တစ်ကိုက်ကိုက်လိုက်ပြီး အံ့ဩသွားခဲ့သည်။ “ဒီမက်မွန်သီးက အရသာရှိတယ်၊ လူတွေအများကြီး ဒါကို ဝယ်နေကြတာ အံ့ဩစရာမရှိတော့ဘူး “

သူက ဘာမှထပ်ပြောရန် မလိုတော့ပေ။ တခြားသုံးယောက်ကလည်း အသီး၏ မွှေးရနံ့များကို ရလိုက်ပြီး စားရန် စတင်လိုက်သည်။

လူတစ်ဦးကို မက်မွန်သီးတစ်လုံးသာ ရပေသည်။ ၎င်းက အရမ်းမနည်းပေ။ မက်မွန်သီးက ကြီးမားပြီး သူတို့ကို မက်မွန်သီးအိတ်ကြီးတစ်လုံးပေးလိုက်သော်လည်း အထဲတွင် အများကြီး မရှိပေ။

မက်မွန်သီးများအပြင် ရှန်းထင်ရွှမ်းက သူတို့ကို ဆီးသီးတချို့လည်း ပေးခဲ့သည်။ သို့သော် သူတို့လေးယောက်က ၎င်းတို့ကို စားပြီးနောက် အိတ်ထဲရှိအသီးများက စားဖို့ မလုံလောက်ဘူးဟု ခံစားခဲ့ရသည်။

“ငါတို့ပြန်သွားပြီး အသီးတချို့ဝယ်ကြမလား “

“ငါလည်း အဲ့လိုတွေးမိတယ် “

“ငါလည်း သဘောတူတယ် “

“ဒါဆို ငါတို့ ပြန်လှည့်ရအောင် “

ထို့ကြောင့် ဤအဖွဲ့က ရှင်းယွမ်ရှန်တောင်ခြေသို့ ချက်ချင်း ပြန်သွားလိုက်ပြီး အသီးဝယ်ရန် တန်းစီလိုက်ကြသည်။

ရှန်းထင်ရွှမ်းက ပို့ဆောင်ရန် မက်မွန်သီးများကို ထော်လာဂျီအပြည့်တင်ကာ မောင်းလာခဲ့သည်။ တောင်ခြေတွင် ရှည်လျားသည့် လူတန်းကြီးက ရှိနေဆဲဖြစ်သည်ကို မြင်လိုက်သည်။ ပါးယွဲ့ကွားများက ကုန်သွားပြီ ဖြစ်သည်။

“အစ်မ‌လေး ပါးယွဲ့ကွားတွေ ထပ်ရနိုင်ဦးမလား “

“ဟုတ်တယ်၊ ငါ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ကတည်းက စားချင်နေခဲ့တာ “

“ငါရောပဲ၊ ငါ ဒီနေ့ပဲ အချိန်ရတာ၊ ဘယ်အချိန်ကျမှ နောက်ထပ် ဒီကို လာနိုင်မလဲ မသိဘူး “

“ကောင်းပြီ၊ ဒါဆို ရှင်တို့ ခဏစောင့်ကြ “ ရှန်းထင်ရွှမ်းက မက်မွန်သီးများကို ချလိုက်ပြီး ပါးယွဲ့ကွားတချို့ ခူးယူရန် ထော်လာဂျီကို ပြန်မောင်းသွားလိုက်သည်။

အဘိုးကြီးတုက အဆင်သင့် ရောက်ရှိနေပြီး ရှန်းထင်ရွှမ်းက အဘိုးကြီးတုကို ၅၀၀ ကတ်တီထက်ပိုများသည့် မက်မွန်သီးများကို တင်ပေးလိုက်ပြီး လိပ်စာများကို သူ့အား ပေးလိုက်သည်။

သုံးရက်ဆက်တိုက်လုံးက များပြားသည့် အော်ဒါများ ဖြစ်ကြသည်။ ယနေ့ အော်ဒါ တစ်ထောင် ရှိပေသည်။ အဘိုးကြီးတု၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ “မင်း ပို့ရမဲ့လိပ်စာတွေကို ကိုယ်တိုင် ပရင့်မထုတ်နိုင်ဘူးဆိုရင် မင်းကို ငါ ကူထုတ်ပေးလို့ရတယ် “

“တကယ်လား “ ရှန်းထင်ရွှမ်းအတွက် ယခု ပို့ဆောင်ရမည့်လိပ်စာများကို ပရင့်ထုတ်ခြင်းက ကြီးမားသည့် ခေါင်းကိုက်မှုကြီး ဖြစ်သည်။ ရှောင်ဖုန်းက သူမကို တစ်စိတ်ပိုင်း ဖြေရှင်းရန် ကူညီခဲ့သော်လည်း ၎င်းက ကူးယူပြီး ကူးထည့်ရန် အချိန်အများကြီး ကြာပေသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့လျှင် ကံစမ်းမဲကိစ္စကို ကိုင်တွယ်ရန် ပိုလွယ်ကူသွားပေလိမ့်မည်။

“‌ကောင်းပြီ၊ မနက်ဖြန်ရော ပို့ဖို့ အော်ဒါတစ်ထောင် ရှိလား၊ ငါ မင်းကို အဲဒီအချိန်ကျရင် ပရင့်ထုတ်ပေးမယ် “ ဤကဲ့သို့ ဖောက်သည်အကြီးစားအတွက် သူတို့ရုံးခွဲ၏ တာဝန်ရှိသူတစ်ယောက်အနေဖြင့် ပရင့်များကို ကူထုတ်ပေးပြီး လူများစွာကို ပို့ဆောင်ပေးရန် ဆန္ဒရှိပေသည်။

ရှန်းထင်ရွှမ်းက ပြောလိုက်သည်။

“နောက်အော်ဒါတွေက တစ်သောင်းဝန်းကျင်‌လောက်တော့ ရှိမယ်“

အဘိုးကြီးတု၏ ခြေထောက်များက ပျော့ခွေသွားပြီး ဒူးထောက်ကျသွားခဲ့သည်။ ရှန်းထင်ရွှမ်းက သူ့ကို ကူညီရန် အဆင့်သင့် ရှိနေခဲ့သော်လည်း အဘိုးကြီးတုက လက်ကာပြလိုက်သည်။ သူက သူ့ဘေးရှိကားကို မှီလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

“မင်း ခုနက အော်ဒါ ဘယ်လောက်လို့ ပြောလိုက်တာလဲ “

“အဲဒါက အော်ဒါတစ်သောင်းလောက် ရှိနိုင်တယ် “

အဘိုးကြီးတုက တံတွေးမျိုချလိုက်သည်။ သူကြားတာ မှန်ပေသည်။ အော်ဒါတစ်သောင်းတောင်။ လက်စသတ်တော့ အော်ဒါ တစ်သောင်းကိုး။

“စိတ်မပူနဲ့၊ မနက်ဖြန်ကျ ငါတို့ လိပ်စာတွေကို ပရင့်ထုတ်ပေးမယ် “ ယခု ရုံးတစ်ခုလုံးက ကူညီရန် ရောက်လာလိမ့်မည်ဆိုတာ သူက သေချာပေသည်။

မက်မွန်သီးများကို အဘိုးကြီးတုက သယ်ဆောင်ပြီး ထွက်သွားသောအခါ တစ်ယောက်ယောက်က မေးလိုက်သည်။

“အဲဒီအသီးတွေက ကံစမ်းမဲပေါက်တဲ့သူတွေအတွက် ပို့လိုက်တာလား “ ၎င်းက အလွန်များပြားပြီး ၎င်းတို့အားလုံးက အလွန်လတ်ဆတ်သည့် မက်မွန်သီးများ ဖြစ်ကြသည်။ သူမက မဲပေါက်သူများကို အရမ်းမနာလိုဖြစ်နေခဲ့သည်။

“ဟုတ်တယ် “

တခြားတစ်ယောက်က မေးလိုက်သည်။ “မင်း မနက်ဖြန်ကျရင် အော်ဒါတစ်သောင်းပို့မယ်လို့ ပြောတာ ကြားလိုက်တယ်၊ အဲဒါတွေက မဲဖောက်ဖို့ အတွက်လား “

ရှန်းထင်ရွှမ်းက “ဒီည တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့ လူပမာဏပေါ်မူတည်တယ်၊ လူအများကြီးရှိတယ်ဆိုရင် ငါက လူတစ်သောင်းလောက် မဲဖောက်ပေးချင်တယ် “

လူတိုင်းက ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။

“‌ကောင်းတယ်၊ ငါ ဒီည ထုတ်လွှင့်မှုကို ကြည့်ရမယ် “

“ငါရောပဲ “

“လူတစ်သောင်းတောင်၊ ငါ အရမ်းကံဆိုးမယ်လို့တော့ မထင်ဘူး “

ရှန်းထင်ရွှမ်းက လူနှစ်ယောက်၏ ဆွေးနွေးချက်ကို ကြားလိုက်ရပြီး လျင်မြန်စွာ ရှင်းပြလိုက်သည်။

“ငါက လူတစ်သောင်း မဲဖောက်ပေးမှာ ဆိုတော့ လူတိုင်းက မက်မွန်သီးတစ်လုံးပဲ ရနိုင်တယ် “

မက်မွန်သီးတစ်လုံးကလည်း ကောင်းတာပဲ။

ယခုရှိနေသည့် တစ်ယောက်က Weibo တွင် ပို့စ်တင်လိုက်သည်။

[ငါ အခုပဲ @အပင်စိုက်တဲ့အားရွှမ်း ဆီက ကြားခဲ့တယ်၊ ဒီနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုအတွက် လူတစ်သောင်းကို မက်မွန်သီးတွေ မဲဖောက်ပေးမယ်လို့ ပြောတယ်၊ လူတိုင်းပဲ ဒီည လာခဲ့ကြ။]

တချို့သူငယ်ချင်းများက နောက်ပြောင်နေသည်ဟု တွေးနေကြသည်။

သို့သော် မကြာမီ တစ်ယောက်က Weibo တွင် ပို့စ်တင်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မဲဖောက်ခြင်းက ပုံမှန်ဖြစ်သော်လည်း မဲဖောက်ပေးရန် ထိုမျှများပြားသည့်အရေအတွက်က ပထမဆုံးအကြိမ်ဖြစ်သောကြောင့် များစွာသော အင်တာနက်အသုံးပြုသူများက ပို့စ်ကို ပြန်တင်ခဲ့ကြသည်။

ရှန်းထင်ရွှမ်းက သူတို့နှင့် အချိန်အကြာကြီး စကားမပြောခဲ့ပေ။ သူမက ရွာထဲသို့ လက်ဖက်ပျိုးပင်များ ရှာရန် သွားလိုက်သည်။

ရွာသို့ လဝက်လောက် မကြာခဏ လာရောက်ခဲ့ပြီးနောက် ရှန်းထင်ရွှမ်းက ဤနေရာရှိ တချို့ရွာသူရွာသားများနှင့် ရင်းနှီးလာခဲ့သည်။

ရှန်းထင်ရွှမ်းက ဟုန်မိန်၏ မိသားစုဆီသို့ တန်းတန်း သွားလိုက်သည်။ ဟုန်မိန်က လက်ဖက်ပင် ဧကဒါဇင်လောက် စိုက်ပျိုးထားသည်ဟု အရင်က ပြောခဲ့ဖူးသည်။

ရှန်းထင်ရွှမ်းက အသီးအိတ်ကြီးတစ်လုံးကို သယ်သွားခဲ့ပြီး ဟုန်မိန်ကို မြင်သောအခါ သူတို့ဆီသို့ တိုက်ရိုက် သွားလိုက်သည်။

ဟုန်မိန်က အသီးအိတ်ကို ယူလိုက်ပြီး သူမပါးစပ်ကို မစေ့နိုင်တော့ဘဲ အလွန်အမင်း ရယ်မောနေခဲ့သည်။ “မိန်းကလေး ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ “

ရှန်းထင်ရွှမ်းက သူမ၏ရည်ရွယ်ချက်ကို ပြောလိုက်သည်။ “ကျွန်မ ရှင့်ဆီက လက်ဖက်ပျိုးပင်တစ်ချို့ ဝယ်ချင်လို့ပါ “

ဟုန်မိန်က ၎င်းကို ကြားသောအခါ သူမက ချက်ချင်း ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး၊ လာ ငါ့ရဲ့ လက်ဖက်စိုက်ခင်းကို ခေါ်သွားမယ် “

သူမနှင့် ရှန်းထင်ရွှမ်းက ‌ရောက်သောအခါ သူမက ပြောလိုက်သည်။

“ဒါက အသေးဆုံးလက်ဖက်ပျိုးပင်တွေပဲ၊ ရောင်းစျေးကတော့ ၈၀ ဆင့်၊ နင် အပင်နည်းနည်းပဲ လိုချင်တယ်ဆိုရင် ငါ နင့်ကို အလကားပေးလိုက်မယ်၊ အပင်အများကြီး လိုချင်တယ်ဆိုရင်တော့ တစ်ပင်ကို ၅၀ဆင့်နဲ့ ရောင်းပေးမယ် “ ဟုန်မိန်က ချမ်းသာသည့်သူတစ်ယောက် မဟုတ်ပေ။ သူမက အများကြီး အလကားပေးလိုက်လျှင် ၎င်းက သေချာပေါက် အဆင်ပြေမည်မဟုတ်ပေ။

ရှန်းထင်ရွှမ်းက လက်ဖက်ပျိုးပင်ပေါက်လေးများကို ကြည့်လိုက်ရာ ၎င်းတို့က ၁၀ စင်တီမီတာအောက် ရှိပေသည်။ ဤလက်ဖက်ပျိုးပင်များကို စိုက်ပျိုးရန် ဝိညာဉ်စွမ်းအင် အများကြီး သုံးရပေလိမ့်မည်။ “ဒါက အကြီးဆုံးလား “

“ငါနဲ့ လိုက်ခဲ့ “ ဟုန်မိန်က ‌ရှေ့သို့ ရှန်းထင်ရွှမ်းကို ခေါ်လိုက်သည်။

“ဒီအပင်တွေကို ပုံမှန်တော့ ငါတို့က တစ်ပင်ကို သုံးယွမ်လောက် ရောင်းတာ၊ နင်ယူမယ်ဆို ၂ယွမ်နဲ့ ထားပေမယ် “

ဤပျိုးပင်များက အရင်တစ်ခုထက် အဆပေါင်းများစွာ ပိုကြီးသည်ကို ရှန်းထင်ရွှမ်းက မြင်လိုက်သည်။

“ကျွန်မကို အပင်တစ်ရာပေးပါ “

ဟုန်မိန်က ချက်ချင်းပင် ပေါက်ပြားကို ယူလိုက်ပြီး နှစ်ယောက်သား ပျိုးပင်များကို စတင် တူးယူလိုက်သည်။

မူလက ရှန်းထင်ရွှမ်းက လက်ဖက်ပျိုးပင်များကို အလွန်လျင်မြန်စွာ တူးယူနေသည်ကို မြင်သောအခါ လက်ဖက်ပျိုးပင်များ ပျက်စီးသွားမည်ကို သူမက ထိတ်လန့်နေခဲ့သည်။ နောက်ပိုင်းတွင် ရှန်းထင်ရွှမ်းက လက်ဖက်ပျိုးပင်အောက်ရှိ အမြစ်များကိုတောင် မပျက်စီးစေဘဲ လျင်မြန်နေကြောင်း တွေ့ရှိသွားသည်။

သူမက နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ သူမက သတိထားလျှင်တောင် လက်ဖက်ပျိုးပင်အမြစ်များကို တူးသည့်အချိန်တိုင်း အနည်းငယ်တော့ ပျက်စီးနေဆဲဖြစ်သည်။

မကြာမီ အပင်တစ်ရာကို တူးပြီးသွားပြီး ဟုန်မိန်က ရှန်းထင်ရွှမ်းကို ငွေပေးချေရန် ကူညီလိုက်သည်။

ရှန်းထင်ရွှမ်းက တဖန် မေးလိုက်သည်။ “စကားမစပ် ရှင်တို့အိမ်မှာ ဝက်လက်တွေရှိလား “

ဟုန်မိန်က သူမနဖူးရှိ ချွေးများကို သုတ်လိုက်ပြီး “အသားလား၊ ငါ့ဆီမှာ အချဉ်ဖောက်ထားတဲ့ ဝက်လက်တွေပဲ ရှိတယ်၊ နင်လိုချင်လား “

“လိုချင်တယ် “ ရှန်းထင်ရွှမ်းက ဝက်လက်များကို ယူလိုက်ပြီး ဟုန်မိန်

ကို ယွမ်လေးရာပေးကာ ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။

ဟုန်မိန်ကလည်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူမက ယွမ်လေးရာကို လွယ်လွယ်ကူကူ ရှာဖွေခဲ့ပြီး အသီးအိတ်အကြီးကြီးတစ်လုံးကိုတောင် ရရှိခဲ့သည်။ ဤအသီးအိတ်ကြီးက အနည်းဆုံး နှစ်ရက်လောက်တော့ စားနိုင်ပေသည်။

ERST
Author: ERST
ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

穿书后大佬都跪求我种地
Score 8.4
Status: Ongoing Type: Author: , , Artist: Released: 2020 Native Language: Chinese
မိတ်ဆက်ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းခြင်း ခံလိုက်ရရှာသည်။ မူလကိုယ်က အနုပညာနယ်ပယ်မှ ဗီလိန်မ တစ်ယောက် ဖြစ်သည်။မူလကိုယ်သည် သမီးအရင်း ဖြစ်သော်ငြား ဟန်ဆောင်ထားသောသမီးကြောင့် အိမ်မှ နှင်ထုတ်ခံခဲ့ရ၏။သူမ၏ပိုက်ဆံများ ပြတ်လပ်သွားသောကြောင့် သူမ၏အမေဘက်မှ အဘွားချန်ထားခဲ့သော တောင်ကို ရောင်းလိုက်ရသည်။ ထိုပိုက်ဆံများဖြင့် သူမက အင်တာနက်ဆယ်လီလမ်းကြောင်းပေါ်သို့ ရောက်သွားတော့သည်။နှစ်ဝက်မတိုင်ခင်မှာပဲ သူမ၏ပိုက်ဆံများ ကုန်သွားခဲ့သည်။ သူမက အမျိုးသားဇာတ်လိုက်နှင့် ငြိခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကို အန္တရာယ်ပေးခဲ့ကာ တက်လမ်းပိတ်သွားခဲ့ရသည်။ကူးပြောင်းခံလိုက်ရသော ရှန်းထင်ရွှမ်းခမျာ ဆင်းဆင်းရဲရဲနှင့် သေလုမျောပါးဖြစ်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏ဝိညာဉ်ကြောများကို ပြန်လည်စုဆောင်းရန် စနစ်မှ ခိုင်းသော ဆန်းကြယ်သည့်တာဝန်များကို ပြီးမြောက်ရန် လုပ်ရပေမည်။ဝိညာဉ်ကြောများအားလုံး ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စနစ်နှင့် တိုက်ခိုက်ရန် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် လူကြီးတစ်စုက တံခါးနားမှာ ဆောင့်ကြောင့်ထိုင်နေကြတာကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူတို့၏မျက်နှာများက ပြုံးရွှင်သွားကြသည်။ ဘော့စ် ကျွန်တော်တို့က ဘော့စ်ကို ကူတိုက်ပေးမယ်။ ဘော့စ်က ကျွန်တော်တို့ကို အသီးသေတ္တာတစ်လုံးလောက် ပိုပေးနိုင်မလား။ဒါက ဇာတ်ညွှန်းအတိုင်း သွားနေတာနဲ့ မတူတော့ဘူးမလား။ရှန်းထင်ရွှမ်းသည် မြေယာကိုသာ ကောင်းစွာ စိုက်ပျိုးချင်ခဲ့သည်။ သို့သော်ငြား လူတချို့က သူမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးများသည် ဟော်မုန်းများ ပါဝင်နေသည်ဟု တင်ပြခဲ့ကြသည်။ဘယ်သူဝယ်ချင်ချင် ကိစ္စမရှိဘူး။ သူမကလည်း ရောင်းမှာ မဟုတ်ဘူး။ဒီည ဘော့စ် ABC တို့သည် သူမ၏တောင်ခြေ၌ စိတ်အားထက်သန်စွာ အတူတကွ စုဝေးနေကြသည်။ဘော့စ် A: ဘော့စ် အခုဆိုရင် ဘော့စ် စိုက်ပျိုးတာက အကောင်းဆုံးဆိုတာ ကွန်ရက်တစ်ခုလုံးက သိနေကြပြီ။ဘော့စ် B: အဲ့ဒီလူတွေက သတင်းမှားတွေကို ကြာကြာမဖြန့်ရဲတော့ပါဘူး။ဘော့စ် C: ဒါ့ကြောင့် ဘော့စ်, ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်တွေ ဆက်ရောင်းပေးနိုင်မလား။...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset