အခန်း (၁၉)
ရှန်းထင်ရွှမ်းက အသီးအများအပြားကို စိုက်ပျိုးနိုင်သည်။ သို့သော် သူမ၏ ဝိညာဉ်သွေးကြော ပြန်လည်ရရှိမှုက လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သူမက အသီးခူးဆွတ်ဖို့ ကူညီရန် တစ်ယောက်ယောက်ကို ပြောပါက မကြာမီမှာပဲ သူမ၏ ဝိညာဉ်စွမ်းအင်ကို မြင်သာအောင် ပြရလိမ့်မည်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လုမင်ဟွေ့နှင့် အခြားသူများက အသီးများ ကူညီပြီး ခူးပေးရန် တောင်ပေါ်သို့ တက်လာနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက အသီးများကို တောင်ခြေသို့ သူမကိုယ်တိုင် ပို့ဆောင်ရန် စီစဉ်ထားသည်။ စူပါမောက ရောက်လာသည်ကို စောင့်ပြီး ထိုနေရာမှ တိုက်ရိုက် ယူဆောင်သွားနိုင်ပေမည်။
ရှန်းထင်ရွှမ်းက “အသီးဝယ်ယူတာကို ကန့်သတ်ထားသင့်လား ”
အားလုံးပြီးနောက် ယနေ့ သူမ၏ တာဝန်က အသီးများကို စားခိုင်းရန် လူ ၁၀၂၄ယောက် လိုအပ်ပေသည်။ တစ်နေ့လျှင် အသီးကတ်တီ ၂၀၀၀ ခန့် ကုန်ကျပေလိမ့်မည်။ ဝယ်သူတစ်ယောက်က တစ်ကတ်တီ ဝယ်လျှင် တာဝန် ပြီးမြောက်ရန် ကူညီနိုင်ရုံမျှသာ ဖြစ်သည်။
သို့သော် မနက်ဖြန်အတွက်မူ လူ ၄၀၉၆ ယောက်က သူမ၏အသီးများကို စားရန် လိုပေသည်။ တာဝန်က အလွန် ခက်ခဲပေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ဟင်းသီးဟင်းရွက်များနှင့် အသီးအသစ်များကိုလည်း စိုက်ထားခဲ့သည်။ ညဘက် အနားယူချိန်မှလွဲ၍ ထိုနေ့အတွင်း ဝိညာဉ်စွမ်းအင် ပြည့်ပြည့်ချင်း သူမက ရေလောင်းရန် သွားမည်ဖြစ်သည်။
ဖရဲသီးတချို့နှင့် တခြားအသီးများက ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်သီး စသည်တို့နှင့် မတူညီပေ။ ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်သီး စသည်တို့က ရေတစ်ကြိမ်လောင်းရုံဖြင့် အပြည့်အဝ ရင့်မှည့်နိုင်ပြီး ၎င်းတို့ကမူ အကြိမ်များစွာ ရေလောင်းရန် လိုအပ်ပေသည်။
“ဝယ်ယူတာကို ကန့်သတ်မှာလား ” လုမင်ဟွေ့က အနည်းငယ် ရှုပ်ထွေးသွားသည်။ စူပါမောနှင့် ပူးပေါင်းဆောင်ရွက်ပြီးနောက် ပုံမှန် အခြေအနေတွင် သူမက ထုတ်ကုန်ကို ဘယ်လိုတိုးမြှင့်မလဲ၊ ဘယ်လိုပိုပြီး ရောင်းရအောင်လုပ်မလဲ စသည်ဖြင့် စဥ်းစားနေသင့်မဟုတ်လား။
ရှန်းထင်ရွှမ်းက “ကောင်းပြီ၊ ဆီးသီးနဲ့ မက်မွန်သီးတွေကို ကန့်သတ်လိုက်မယ်၊ အဲအသီးတွေပဲ ရောင်းဖို့ အမြဲတမ်း ခူးနေမယ်ဆိုရင် မကြာခင်မှာပဲ ခူးလို့ ကုန်သွားလိမ့်မယ် ”
ယခုလက်ရှိ သူမ၏ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိမှုနှင့် ထိုအသီးများကို အကန့်သတ်မရှိ စိုက်ပျိုးရန် မဖြစ်နိုင်ပေ။
“လူတချို့ ငှားဖို့ရော မစဥ်းစားဘူးလား ” ရွာထဲ၌ စိုက်ပျိုးရေးအကြောင်း သိသည့် လူများစွာ ရှိနိုင်ပေသည်။ ရှန်းထင်ရွှမ်းက မေးလိုက်သည်နှင့် လူတချို့က လာရန် ဆန္ဒရှိနေမည်ဟု လုမင်ဟွေ့က ခံစားမိပေသည်။
ရှန်းထင်ရွှမ်းက “အခုတော့ အဲဒီအကြောင်း မစဥ်းစားရသေးဘူး ”
လုမင်ဟွေ့က ၎င်းကို နားလည်နိုင်ပေသည်။ ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့် အသီးများက အရသာရှိပေသည်။ ထို့ကြောင့် သူမတွင် သူမ၏ ကိုယ်ပိုင် နည်းစနစ်များ ရှိမည်ဖြစ်သည်။ သူမက တခြားသူများကို ငှားလျှင် အသီးများ၏အရသာက ကွဲပြားလာနိုင်ပြီး စီးပွားရေးကို အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိပြီး ဝယ်ယူမှုကို ကန့်သတ်သည့် နည်းလမ်းက ဖြစ်နိုင်ပေသည်။ လုမင်ဟွေ့က “ကောင်းပြီ၊ ဒါဆို အဖွဲ့က လူတွေကို အကြောင်းပြန်လိုက်မယ် ”
လုမင်ဟွေ့ ပြန်သွားပြီးနောက် ထိုအကြောင်း ကုမ္ပဏီမန်နေဂျာကို ပြောပြလိုက်သည်။ မန်နေဂျာက ဖေးဝမ်ရှုကို တင်ပြရန် တိုက်ရိုက် သွားလိုက်သည်။
ဖေးဝမ်ရှုက ရှန်းထင်ရွှမ်း ပြောသည်ကို ကြားသောအခါ ဆီးသီးနှင့် မက်မွန်သီးများ ကုန်သွားခဲ့လျှင် သူက မသက်မသာ ခံစားရပေလိမ့်မည်။ မကြာသေးခင်က ဖေးမိသားစု၏အသီးများက ထိုဆီးသီးများနှင့် မက်မွန်သီးများသာ ဖြစ်ပေသည်။
ထိုဆီးသီးများနှင့် မက်မွန်သီးများ စားပြီးနောက် တခြားအသီးများကို စားပါက အရသာ ကောင်းတော့မည် မဟုတ်ပေ။
သူက မူလက ဖေးအိမ်သို့ အများအပြား ယူလာခဲ့သည်။ သို့သော် ဖေးမိသားစုဝင်များကလည်း များစွာရှိပေသည်။ အထူးသဖြင့် သူ၏ အသုံးမကျသည့်သား ဖေးလွေ့က တစ်နေ့ သုံးနပ်စာအတွက် အသီးများကို စားရန် မစောင့်နိုင်တော့ပေ။
အသီးများက ကုန်လုနီးပါးဖြစ်နေသည်ဟူသည့် ရှန်းထင်ရွှမ်း၏ အကြံပြုချက်ကို ကြားပြီးနောက် ဝယ်ယူမှုကို ကန့်သတ်မည့် ရည်ရွယ်ချက်အား ဖေးဝမ်ရှုက ချက်ချင်း သဘောတူလိုက်သည်။
“ဝယ်ယူမှုကို ကန့်သတ်လိုက်၊ တစ်ဦးကို တစ်ကတ်တီပဲ ဝယ်ရမယ်လို့ ကန့်သတ်လိုက် ”
ထိုအကြောင်းတွေးပြီးနောက် ဖေးဝမ်ရှုက လူတစ်ယောက်ကို တစ်ကတ်တီက အရမ်းများနေသည်ဟု ခံစားလိုက်ရပြီး ပြောလိုက်သည်။ “လူတစ်ယောက်ကို တစ်လုံးပဲ ရမယ်လို့ ကန့်သတ်လိုက် ”
မန်နေဂျာ “? ? ?”
သူ တစ်ခုခုမှားနေတာများလား။ တစ်ယောက်ကို ဆီးသီးတစ်လုံးပဲ ဝယ်လို့ရမှာလား။
မန်နေဂျာက ထပ်ခါ ထပ်ခါ အတည်ပြုလိုက်ရပြီး နောက်ဆုံးတွင် ဖေးဝမ်ရှုက စိတ်ရှည်မှု ကုန်ဆုံးသွားသောအခါ မန်နေဂျာက ရုံးခန်းအပြင်သို့ ပြေးထွက်သွားတော့သည်။
မန်နေဂျာက လုမင်ဟွေ့ကို ရှာလိုက်ပြီး “ဒါရိုက်တာက ပြောတယ်၊ ဆီးသီးနဲ့ မက်မွန်သီးတွေကို ကန့်သတ်လိုက်တဲ့ ”
လုမင်ဟွေ့က ခေါင်းညိတ်လိုက်သည်။ ကန့်သတ်ခြင်းက မှန်ကန်ပေသည်။ တစ်နည်းအားဖြင့် အသီးကတ်တီ ၂၀၀၀ က သေချာပေါက် ရောင်းရန် မလုံလောက်ပေ။
မန်နေဂျာက လုမင်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး “ဥက္ကဋ္ဌ ဖေးက လူတစ်ဦးကို တစ်လုံးပဲ ဝယ်နိုင်တယ်လို့ ပြောသေးတယ် ”
လုမင်ဟွေ့က မှင်တက်သွားသည်။ မန်နေဂျာက လုမင်ဟွေ့၏ တုံ့ပြန်မှုကို မြင်သောအခါ အလွန် စိတ်ကျေနပ်သွားခဲ့သည်။
လုမင်ဟွေ့က ပြောလိုက်သည်။ “ဥက္ကဋ္ဌ ဖေးကို လေးစားပါတယ်၊ ဒီဆီးသီးတွေနဲ့ မက်မွန်သီးတွေက ဒီနှစ်ကုန်အထိ လုံလောက်ပါတယ် ”
ရှန်းထင်ရွှမ်းက ဆီးသီးများနှင့် မက်မွန်သီးများ ကုန်လုနီးပါးဖြစ်နေသည်ဟု ပြောလာသောအခါ သူက တောင်တစ်ခုလုံးရှိ လက်ကျန်ဆီးသီးများနှင့် မက်မွန်သီးများအားလုံးကို ဝယ်ရန် မစောင့်နိုင်တော့ပေ။ သို့သော် မဝယ်နိုင်တာ နှမြောစရာ ကောင်းလှပေသည်။
မန်နေဂျာက စတင် သံသယဝင်လာသည်။ လုမင်ဟွေ့က ဖေးတုန်ပြောသည်ကို အလွန် လျင်မြန်စွာ သဘောတူခဲ့သည်။ အဲဒီအသီးက တကယ်ပဲ အရသာရှိတာလား။
စူပါမောမှ မကြာသေးခင်က ထုတ်ထားသည့် အသီးသစ်များကို ကောင်းမွန်စွာ လက်ခံရရှိခဲ့မှန်း သူက သိခဲ့သည်။ သို့သော် ၎င်းက စူပါမောအတွက် သာမန်ပစ္စည်းများဖြစ်ပေသည်။ စူပါမောရှိ ထုတ်ကုန်များက မဆိုးပေ။
ထို့ကြောင့် မန်နေဂျာက ၎င်းကို ဘယ်တော့မှ မဝယ်ခဲ့ချေ။ သူက ဆီးသီးများနှင့် မက်မွန်သီးများ အပါအဝင် အရသာရှိသည့် မည်သည့်အသီးကိုမှ မမြည်းစမ်းခဲ့ပေ။ သို့သော် ဥက္ကဋ္ဌ ဖေး၏ တုံ့ပြန်မှုကို တွေးတောနေပေသည်။
မန်နေဂျာက စူပါမားကတ်၏ တာဝန်ရှိသူကို ဖုန်းခေါ်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ ပြီးနောက် ကုမ္ပဏီကို အသီးတချို့ပို့ပေးရန် ပြောလိုက်သည်။
ထိုတာဝန်ရှိသူက ပြောလိုက်သည်။
“မန်နေဂျာ ကျွန်တော် မပေးချင်တာ မဟုတ်ပါဘူး၊ တကယ်တော့ စူပါမားကတ်မှာ လုံလုံလောက်လောက် မရှိပါဘူး၊ အဲ့ဒီအသီးနှစ်မျိုးက တစ်နာရီမပြည့်ခင် ရောင်းကုန်သွားတာပါ ”
မန်နေဂျာ “? ? ? ”
…
ရှန်းထင်ရွှမ်းသည် မူလက ဝါးများကို လိုင်းပေါ်မှ ဝယ်ချင်ခဲ့သည်။ သို့သော် ရွာထဲတွင် စိုက်ထားသော ဝါးများကို ရှာတွေ့သွားခဲ့သည်။ ထို့ကြောင့် သူမက ရှောင်ဖုန်းအိမ်ကို ရှာလိုက်ပြီး ဝါးတချို့ဝယ်ကာ ပိုက်ဆံဖြုန်းရန် စီစဥ်လိုက်သည်။
ရှောင်ဖုန်း၏အမေက ရှန်းထင်ရွှမ်းက ၎င်းတို့ကို လိုချင်သည်ဟု ကြားသောအခါ သူမက ပိုက်ဆံမယူဘူးဟုသာ ပြောခဲ့သည်။
ရှန်းထင်ရွှမ်းက အတင်းအကျပ် ပေးနေသည်။
ရှောင်ဖုန်း၏အမေက ပြောလိုက်သည်။ “ပိုက်ဆံပေးဖို့ မလိုပါဘူး၊ မင်းစိုက်ထားတဲ့ အသီးတချို့ပေးတာက ပိုကောင်းတယ် ”
“ကောင်းပြီ၊ ကောင်းပြီ ” ရှန်းထင်ရွှမ်းက အသီးအိတ်ကြီးနှစ်လုံး ခူးသွားပြီး ဖရဲသီးမှည့်တစ်လုံး ယူသွားခဲ့သည်။
ရှန်းထင်ရွှမ်းက အများဆုံး ဆယ်ကတ်တီလောက်သာ ယူလာလိမ့်မည်ဟု ရှောင်ဖုန်း၏အမေက ထင်နေခဲ့သည်။ သို့သော် ကြီးမားသည့် ဖရဲသီးကြီးကို မြင်သောအခါ သူမ၏မျက်လုံးက ပြုံးသွားပြီး
“ငါ မင်းကို ကူသယ်ပေးမယ် ”
သူမက ဤဖရဲသီးကို မကိုင်နိုင်ခဲ့ပေ။ ထို့နောက် သူမဘေးရှိ ဆီးသီးများနှင့် မက်မွန်သီးများကို ကြည့်လိုက်ပြီး “ရွှမ်းရွှမ်း၊ သမီးလိုချင်သလောက် တူးသွားလို့ ရတယ်နော်၊ အန်တီတို့မှာ ဝါးတွေအများကြီး ရှိတယ်၊ သမီး လိုချင်သလောက် များများ ယူသွားလို့ရတယ် ”
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ”
ရှန်းထင်ရွှမ်းက ကြုံရာကျပမ်း မတူးခဲ့ပေ။ သို့သော် ချင်ယွဲ့ကျီ တိုက်သွားသည့်နေရာကို ဖြည့်လို့ရလျှင် လုံလောက်ပြီ ဖြစ်သည်။
…
ရှန်းထင်ရွှမ်းက အလုပ်ရှုပ်နေခဲ့ပြီး တောင်အောက်ရှိ စားပွဲပေါ်မှ အသီးများကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။
ယခု ရွာရှိလူများက စားပွဲပေါ်ရှိအသီးများကို ဝယ်ရန် ရှင်းယွမ်ရှန်သို့ လာခဲ့ကြသည်။ သူတို့ကိုယ်တိုင် ရွေးသည်။ ထို့နောက် အလေးချိန်ပြီး သူတို့ကိုယ်တိုင် ငွေပေးချေကြသည်။ ရှန်းထင်ရွှမ်း မရှိပင်လျှင် ငွေပေးချေမှုကို ပြီးမြောက်နိုင်သည်။
ရှန်းထင်ရွှမ်း အများဆုံး သတိရသည့်သူက ချင်ယွဲ့ကျီ ဖြစ်သည်။ သူ တစ်ကိုက်ကိုက်သည်က လူတစ်ရာနှင့် ညီမျှပေသည်။ ချင်ယွဲ့ကျီ ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက ဆက်သွယ်ရန် အချက်အလက်ကို မမေးခဲ့မိပေ။
ယခု သူမက သူ့ကို အသီးများပို့ချင်ပေသည်။ သို့သော် ဘယ်ကို ပို့ရမည်လဲ မသိပေ။
ရှန်ထင်ရွမ်းက နောက်ဆုံးဝါးကို ရွှေ့ပြောင်းစိုက်လိုက်ပြီး ကားတစ်စီး လာနေသည်ကို မြင်လိုက်သည်။ ထိုကားက အနက်ရောင် ဖြစ်သည်။ သူမက ချင်ယွဲ့ကျီ၏ ကားကို သတိရလိုက်သည်။ ၎င်းကလည်း အနက်ရောင် ဖြစ်သည်။
သူမက တောင်ခြေသို့ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။ ထိုကားက တကယ်ပဲ ရှန်းထင်ရွှမ်း ဘေး၌ ရပ်လိုက်သည်။ သို့သော် ၎င်းက ချင်ယွဲ့ကျီ လာခြင်း မဟုတ်ပေ။
—–
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
ဧည့်သည်က ဘယ်သူလဲ။
ရှန်းထင်ရွှမ်း။ ချင်ယွဲ့ကျီ နောက်ထပ် မလာဘူးဆိုရင် စာရေးသူ
ကျွန်မကို အမျိုးသားဇာတ်လိုက် ပြောင်းပေးနိုင်မလား။
အားချီ။ ငါလည်း အဲ့ဒါကို တွေးမိတယ်။ အိုခေ။
ချင်ယွဲ့ကျီ။ ဟမ်?
…